ထွေရာလေးပါး သတင်းစုံ
1.89K subscribers
47K photos
6.84K videos
6.14K links
Download Telegram
Forwarded from The Fighters Media (TFM) (Алинкарсит)
ရှေ့တန်းပြန်ဝင်လာတဲ့အချိန်
အမေကိုထိုင်ပြီကန်တော့နေတဲ့သားစစ်သားကြီး အမေ သားကတိပေးခဲ့တယ်
အမေ့ဆီသားပြန်လာခဲ့မယ်လို့ကတိပေးခဲ့တယ်
အခုအမေ့ဆီသားပြန်လာပြီတဲ့
မျက်ရည်တွေနဲ့ဗျာ သားတို့တပ်က
တစ်ယောက်ပဲကျန်ခဲ့တယ်အမေရာ
အားလုံးဘေးကင်းစွာပြန်လာနိုင်ခဲ့ပြီ
ဘေးကကြည့်တဲ့သူတွေမျက်ရည်ကျခဲ့ရတယ်
ရှေတန်းမှာ၂နှစ်ကျော်ကြာခဲ့တဲ့
စစ်သာကြီးတွေရဲ့ရင်ထဲ
ခင်များတို့ဝင်ကြည့်ကြဗျာ
ကျုပ်တို့တာဝန်ကျေပါတယ်နော်

လေးစားပါတယ် ဆရာကြီး ဘုန်းမြင့်အောင်

#crd_Sitt Min
#ZN
#TFM
Forwarded from 𝐋𝐢𝐧𝐧 𝐍𝐚𝘆 (Snow🇲🇲)
-
လက်ပံကျင်း(တောင်)ကျေးရွာမှ အပြစ်မဲ့ပြည်သူ ၄ ဦးအား အကြမ်းဖက် PDF များက ရက်ရက်စက်စက်သတ်ဖြတ်
******
(ပြည်တွင်း)မေ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ လက်ပံကျင်းကျေးရွာအုပ်စု၊ လက်ပံကျင်း(တောင်)ကျေးရွာတွင်ယမန်နေ့ ညနေ၆နာရီခွဲအချိန်ခန့်က အကြမ်းဖက် PDFအဖွဲ့မှ အပြစ်မဲ့ ပြည်သူ ၄ ဦးအား ရက်ရက်စက်စက် သတ်ဖြတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ လက်ပံကျင်း(တောင်)ကျေးရွာနေ ဦးတင်ဝင်း၊၈၀နှစ်၊(ဘ)ဦးကံရီ (ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ)သည် နေအိမ်၌ရှိနေစဉ် ဆိုင်ကယ်များဖြင့် အကြမ်းဖက် PDF များ ရောက်ရှိလာပြီး ဦးတင်ဝင်းအား အိမ်ဝိုင်းအပြင်ဘက် လမ်းပေါ်သို့ ခေါ်ဆောင်သွားကာ လည်ပင်းအား ဓါးဖြင့် ပိုင်းဖြတ်သတ်ခဲ့ရာ ဦးတင်ဝင်းမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သည်။

၎င်းနောက် အကြမ်းဖက် PDF များသည် ရွာအနောက်ပိုင်းနေ ဦးသိန်းဝင်း၊ ၅၅ နှစ်၊(ဘ)ဦးတင်မောင်၊ဇနီးဖြစ်သူ ဒေါ်ဝင်းမေ၊ ၅၅ နှစ်၊(ဘ)ဦးညွန့်လှိုင်နှင့် သားဖြစ်သူ မောင်သူရိန်ထွန်း......

Website>>...


VK Link>>...


Telegram>>...


#PAN
#ZN #SZ
Forwarded from PAN
သင်ပျိုကျေးရွာပရဟိတဥက္ကဌနှင့် ဇနီးဖြစ်သူတို့အား အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
********************
(ပြည်တွင်း) ဇွန် ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ အနောက်ငယ်တိုးကျေးရွာအုပ်စု၊ အနောက်ငယ်တိုးကျေးရွာနှင့် ညောင်ဝန်းကျေးရွာသွားလမ်း​ပေါ်တွင် ယနေ့ မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်အချိန်ခန့်က ကျေးရွာပရဟိတအသင်း ဥက္ကဋ္ဌနှင့် ဇနီးဖြစ်သူတို့ ၂ ဦးအား အကြမ်းဖက်သမားများမှ သေနတ်ဖြင့် ပစ်ခတ် သွား ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ကျောက်ဆည်မြို့နယ်၊ သင်ပျိုကျေးရွာနေ ဦးသိန်းဆွေ(ခ)ဗူးလွယ်၊ အသက် ၅၅ နှစ်၊ ကျေးရွာပရဟိတအသင်း ဥက္ကဋ္ဌ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဟောင်း(ပြည်ခိုင်ဖြိုးပါတီဝင်)နှင့် ဇနီးဖြစ်သူ ဒေါ်သက်နွယ်၊ အသက် ၅၃ နှစ်၊ တို့သည် Wave-125 အနက်ရောင်ဆိုင်ကယ်ဖြင့် ကျောက်ဆည်မြို့မှ ဆေးခန်းပြပြီး သင်ပျိုကျေးရွာသို့ပြန်လာစဉ် ကျောက်ဆည်မြို့နယ်၊ ညောင်ဝန်းကျေးရွာနှင့် အနောက်ငယ်တိုးကျေးရွာကြား၊ ဇရပ်အနီး အရောက်တွင် အမည်မသိ အကြမ်းဖက်

Webpage >>...
https://positiveanglenews.com/2024/06/06/သင်ပျိုကျေးရွာပရဟိတဥက္/

VK Link>>...
https://vk.com/wall-220066330_6600

Telegram>>...
https://t.me/positiveanglenews

#PAN
#ZN #SZ
Forwarded from PAN
ကျောက်ပန်းတောင်မြို့နယ်တွင် အုပ်စု အုပ်ချုပ်ရေးမှူး နှစ်ဦးအား အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
*******************
(ပြည်တွင်း)ဇူလိုင် ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြင်သာတောင်ကျေးရွာအုပ်စု၊ ခါးပတ်ကျေးရွာနေ ဦးစိုးဝင်း(အုပ်စုအုပ်ချုပ်ရေးမှုး၊ အသက် ၆၉ နှစ်၊ (ဘ)ဦးသာရင်၊ တောင်သူလုပ်ငန်း လုပ်ကိုင်သူသည် ဇူလိုင် ၇ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်အချိန်ခန့်က နေအိမ်တွင်ရှိနေစဉ် အကြမ်းအဖွဲ့ဝင် ၅ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ဦးစိုးဝင်းအား တွေ့ချင်ကြောင်းပြောဆိုခဲ့ရာ ၎င်းမိမိဖြစ်ကြောင်းပြောဆိုစဥ် အကြမ်းဖက် သမားများမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် ဦးစိုးဝင်းတွင် ယာ-နားထင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ရင်ဘတ် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲ-ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် အခင်း​ဖြစ်နေရာတွင်သေဆုံးသွားကြောင်း သိရှိရသည်။

အလားတူ

Webpage >>...
https://positiveanglenews.com/2024/07/09/ကျောက်ပန်းတောင်မြို့နယ/

VK Link>>...
https://vk.com/wall-220066330_7059

Telegram>>...
https://t.me/positiveanglenews

#PAN
#ZN #SZ
Forwarded from PAN (Precious .)
တံတားဦးမြို့နယ်တွင် အကြမ်းဖက်သမားများက ကျေးရွာသား ၄ဦးအား သတ်ဖြတ်
********
(ပြည်တွင်း) သြဂုတ် ၃

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်၊သမန်းကျေးရွာ၌ အမျိုးသား ၁ဦးနှင့် အောက်တောကျေးရွာမှ အရပ်သား ၃ဦး၊စုစုပေါင်း ၄ဦးတို့အား ယနေ့နံနက်၇နာရီခွဲအချိန်ခန့်တွင် အကြမ်း ဖက်အဖွဲ့များက သေနတ်ဖြင့် ပစ်ခတ်သဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။




...
သတင်း အ ပြည့်​အစုံဖတ်ရန် link 👇👇👇
Webpage>>...
https://positiveanglenews.com/2024/08/03/တံတားဦးမြို့နယ်တွင်-အကြ/
#PAN
#ZN
Forwarded from PAN (Precious .)
ကျောက်ဆည်မြို့တွင် မြဝတီဘဏ်လုံခြုံရေးဝန်ထမ်း အား အကြမ်းဖက်သမား ၂ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
****
(
ပြည်တွင်း) သြဂုတ် ၃
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်မြိုနယ်၊ပုထိုးကျေးတိုင်ရွာအနောက်ဘက်၊ပွတ် တိုင်​ကျေးရွာသွားလမ်းမပေါ်တွင် ယနေ့မွန်းလွဲ၁နာရီ၄၅မိနစ်အချိန်ခန့်က မြဝတီဘဏ်၊လုံခြုံရေးဝန်ထမ်းတစ်ဦးအား အကြမ်းဖက်PDFနှစ်ဦးမှ သေနတ်ပစ်ခတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

...
သတင်း အ ပြည့်​အစုံဖတ်ရန် link 👇👇👇
Webpage>>...
https://positiveanglenews.com/2024/08/03/ကျောက်ဆည်မြို့တွင်-မြဝတ/
#PAN
#ZN
Forwarded from PAN (Swe Zin)
သမန်းကန်ကျေးရွာရှိ အရပ်သားပြည်သူ ၃ ဦးအား အကြမ်းဖက် PDF အဖွဲ့မှ လူမဆန်စွာ ပစ်ဖြတ်သတ်သွား
********************************
(ပြည်တွင်း) သြဂုတ် ၄

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာအုပ်စု၊ သမန်းကန်ကျေးရွာရှိ အရပ်သားပြည်သူ ၃ ဦးအား အကြမ်းဖက် PDF အဖွဲ့မှ လူမဆန်စွာ ရက်ရက်စက်စက်သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်ခန့်က ဒေါ်ဝေဝေမော်(ခ)မော်ကြီး ၊ အသက် ၃၆ နှစ်၊ ဦးအောင်မင်း၊ အသက် ၆၆ နှစ်၊ ဒေါ်မြင့်ခင်၊အသက် ၅၄ နှစ်တို့ ၃ ဦးသည် သမန်းကန်ကျေးရွာနေ ဒေါ်ဝေဝေမော်၏ နေအိမ်၌ရှိနေစဉ် အကြမ်းဖက် PDF သောင်းကျန်းသူ ၅၀ ဦးခန့်သည် မော်တော်ယာဉ် ၅ စီး၊ ဆိုင်ကယ် ၇ စီးဖြင့် သေနတ်များ ကိုင်ဆောင်ကာရောက်ရှိလာပြီး ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက်အရ ....

Webpage »...
https://positiveanglenews.com/2024/08/04/သမန်းကန်ကျေးရွာရှိ-အရပ်/

VK Link>>...
https://vk.com/wall-220066330_7424

Telegram»...
https://t.me/positiveanglenews

#PAN
#ZN #SZ
Forwarded from PAN (Swe Zin)
ကုန်တင်ယာဥ်များနှင့် ယာဥ်မောင်းများအား အကြမ်းဖက်PDFများက ဖမ်းဆီး
******************
(ပြည်တွင်း) သြဂုတ် ၆

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကံသစ်ရွာနှင့်ကြီးကန်ရွာအကြားတွင် သြဂုတ်လ ပထမပတ်အတွင်းက ရန်ကုန်သို့ကုန်ပစ္စည်းပို့ဆောင်သည့်(၁၂)ဘီးကား (၁)စီးနှင့် ရန်ကုန်မှ ဆန်၊ ဆီ၊ ဆား၊ ကုန်ပစ္စည်းအစုံ တင်ဆောင်လာသော (၁၂)ဘီးကား(၄)စီးနှင့် ယာဥ်မောင်းများအား အကြမ်းဖက် PDF အဖွဲ့များမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ရေစကြိုမြို့နယ်၊ ကုန်းပိုင်းအခြမ်းရှိ အကြမ်းဖက် PDF အဖွဲ့များသည် အဆိုပါကျေးရွာ ၂ ခုအကြားသို့ မကြာခဏလာရောက်ပြီး တပ်မတော်ထောက်ခံသူများ၊ ဝန်ထမ်းများနှင့် ကုန်ပစ္စည်းကားများအား စစ်ဆေးခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများ လုပ်ဆောင်နေကြကြောင်း ပခုက္ကူ-ရေစကြို-ချောင်းဦး လမ်းမကြီး​​​ပေါ်ထိ အကြမ်းဖက်မှုများပြုလုပ်လျက်ရှိကြောင်း ဒေသခံများ၏ သတင်းပို့ချက်အရ သိရသည်။

ထိုကဲ့သို့ အကြမ်းဖက်သမားများမှ ကုန်စည်စီးဆင်းမှု ခရီးသွား ....

Webpage »...
https://positiveanglenews.com/2024/08/06/ကုန်တင်ယာဥ်များနှင့်-ယာ/

VK Link>>...
https://vk.com/wall-220066330_7452

Telegram»...
https://t.me/positiveanglenews

#PAN
#ZN #SZ
Forwarded from PAN (Swe Zin)
ကျေးရွာမီးလင်းရေးကော်မတီဥက္ကဌနှင့် သားဖြစ်သူတို့အား PDF မှ သတ်ဖြတ်
*****
(ပြည်တွင်း)ဩဂုတ် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ညောင်ဝန်းကျေးရွာကျေးရွာ၌ ယနေ့ည ၇ နာရီ ၄၅ မိနစ်အချိန်ခန့်က ကျေးရွာမီးလင်းရေး ကော်မတီဥက္ကဌနှင့် သား ဖြစ်သူတို့အား အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်၊ ဓားဖြင့် ခုတ်၍ သတ်ဖြတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ညောင်ဝန်းကျေးရွာ၊ ကျောက်ဆည်မြို့နယ်နေသူ ဦးတင်လှိုင်၊ အသက် ၇၅ နှစ်၊ (ဘ)ဦးလှဒင်၊ ဗေဒင်ဆရာ (ကျေးရွာမီးလင်းရေး ကော်မတီဥက္ကဌ)နှင့် သားဖြစ်သူ ဦးမြင့်ဇော်၊ အသက် ၄၄ နှစ်တို့ ၂ ဦးသည့် နေအိမ်ခြံဝင်းအတွင်း ထိုင်ခုံပေါ်တွင် ထိုင်နေစဉ် အမည်မသိ အမျိုးသား ၅ ဦး၊ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ၎င်းတို့တွင်အသင့်ပါလာသော သေနတ်ဖြင့်ပစ်ခတ်၊ ဓါး​ဖြင့်ခုတ်သွားကြောင်း ဒေသခံများ၏ပြောကြားချက်အရ ...

Webpage »...
https://positiveanglenews.com/2024/08/14/ကျေးရွာမီးလင်းရေးကော်မ-2/

VK Link>>...
https://vk.com/wall-220066330_7629

Telegram»...
https://t.me/positiveanglenews

#PAN
#ZN #SZ
Forwarded from PAN (Swe Zin)
ငါ့သ ရောက်နယ်မြေ ပုဂ္ဂလိက ဆေးခန်းပိုင်ရှင်ဆရာဝန်အမျိုးသမီးတစ်ဦးအား အကြမ်းဖက်PDFအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်
******************
(ပြည်တွင်း)ဩဂုတ် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်နယ်မြေ၊ဆည်ကျေးရွာမှ ပုဂ္ဂလိက ဆေးခန်းပိုင်ရှင်ဆရာဝန်အမျိုးသမီးတစ်ဦးအား အကြမ်းဖက် PDF အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ဆောင်သွားကြောင်း သိရသည်။

ယနေ့မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်ခန့်က ဆည်ကျေးရွာ၊ ငါ့သရောက်နယ်မြေမှ ပုဂ္ဂလိကဆေးခန်းပိုင်ရှင် ဒေါက်တာအေးအေးမိုး၊ အသက် ၄၈ နှစ်၊ (ဘ)ဦးစိန်တိတ်နှင့် ဆေးခန်းအကူ မပန်းအိဖြူ၊ အသက် ၃၇ နှစ်၊ (ဘ)ဦးအေးကျော်တို့ ၂ ဦး ဆေးခန်းအတွင်းရှိနေစဥ် အကြမ်းဖက် PDF ၅ ဦး၊ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာကာ သေနတ်အတို/အရှည်များ ကိုင်ဆောင်လျက် ဆေးခန်းအတွင်း ဝင်ရောက်လာပြီး ဒေါက်တာအေးအေးမိုးအား လိုက်ခဲ့ရန်ပြောဆို၍ ဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွားကြောင်း၊ ဆေးခန်းအကူ မပန်းအိဖြူအား အခန်းထဲတွင် တံခါးပိတ်ထားခဲ့ပြီး ...

Webpage »...
https://positiveanglenews.com/2024/08/14/ငါ့သ-ရောက်နယ်မြေ-ပုဂ္ဂလိ/

VK Link>>...
https://vk.com/wall-220066330_7625

Telegram»...
https://t.me/positiveanglenews

#PAN
#ZN #SZ
Forwarded from PAN (Aye Min Tun)
အမှတ် ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးအား အကြမ်းဖက်သမားများမှ သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်

(ပြည်တွင်း)ဩဂုတ် ၁၆

ရန်ကုန်တိုင်းဒေသကြီး​၊လှိုင်သာယာ(န)ပိုင်းမြို့နယ်| ၂၀ ရပ်ကွက်| ဗိုလ်တေဇပတ်လမ်းနှင့် ငွေလမင်းလမ်းထောင့်တွင် ယနေ့မွန်းတည့်၁၂နာရီခွဲအချိန်ခန့်က အမှတ် ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးအား အရပ်ဝတ်ဖြင့် လူ ၅ ဦးခန့်မှ သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အမှတ် ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်သည် ၎င်းဇနီးဖြစ်သူနှင့်အတူ နေအိမ်ရှေ့ ခုံတွင်ထိုင်နေကြစဥ် အရပ်ဝတ်ဖြင့် လူ ၅ ဦးခန့်ရောက်ရှိလာပြီး ရှေ့ဆုံးမှ အသက် ၅၀ ခန့်အမျိုးသားတစ်ဦးမှ သေနတ်ဖြင့် အိမ်အတွင်းသို့ အရင်ဝင်ရောက်လာကာ ဦးသန့်ဇင်အား "မလှုပ်နဲ့" ဟုပြောပြီး သေနတ်ဖြင့် ထိုးချိန်ခဲ့ကြောင်း.သိရသည်။


အကြမ်းဖက်သမားများမှ သေနတ်ဖြင့် ပစ်ခတ်ရန် ထိုးချိန်ခဲ့သည့်အတွက် ဦးသန့်ဇင်မှ စားပွဲခုံအားလဲချကာ ခေါင်းအုန်းအောက်ရှိ သေနတ်အားယူပြီး စတင်ပစ်ခတ်ခဲ့သည့်အတွက် သေနတ်ဖြင့် ဝင်လာသူမှလည်း ပြန်ပစ်ခဲ့သည့်အတွက် ဦးသန့်ဇင်၏ ဝဲဘတ်လက်မောင်းသို့ သေနတ်ဒဏ်ရာရရှိ..

သတင်းအပြည့်အစုံဖတ်ရန် - https://positiveanglenews.com/2024/08/16/အမှတ်-၂၀-ရပ်ကွက်-အုပ်ချု/

#ZN #PAN