ထွေရာလေးပါး သတင်းစုံ
1.82K subscribers
45.7K photos
6.44K videos
5.72K links
Download Telegram
Forwarded from 𝐋𝐢𝐧𝐧 𝐍𝐚𝘆 (Snow🇲🇲)
-
ကျောက်ဆည်မြို့နယ်၊ ညောင်ရွှေကျေးရွာတွင် အသက် ၇၁ နှစ်ရှိသူ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ တစ်ဦး သတ်ဖြတ်ခံရ
**
မေ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ညောင်ဝန်းကျေးရွာနှင့် ညောင်ရွှေကျေးရွာကြားတွင် ယနေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်က သေနတ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ရာ ကျောက်ဆည်မြို့နယ်၊ ညောင်ရွှေကျေးရွာ၊ ဆယ်အိမ်မှူး ဦးမျိုးမြင့်၊ အသက် ၇၁ နှစ်၊ (ဘ)ဦးသာကြူး(ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ)အား ဌေးဌေးဆံပင်ညှပ်ဆိုင်အတွင်းတွင် ယာ-လည်ပင်း ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ယာ-နားထင် ကျည်ထိမှန်ဒဏ်ရာ ၁ ချက်တို့ဖြင့် လဲကျသေဆုံးနေကြောင်း သိရှိရသည်။

ဖြစ်စဥ်မှာ သေဆုံးသူသည် ညောင်ရွှေကျေးရွာရှိ ဌေးဌေးဆံပင်ညှပ်ဆိုင်တွင် ဆံပင်ညှပ်ရန်စောင့်ဆိုင်းနေစဉ် အမည်မသိအမျိုးသား.........

Website>>...
https://positiveanglenews.com/2024/05/12/ကျောက်ဆည်မြို့နယ်၊-ညောင/

VK Link>>...
https://vk.com/wall-220066330_6343

Telegram>>...
https://t.me/positiveanglenews/22514

#PAN
#SZ
Forwarded from 𝐋𝐢𝐧𝐧 𝐍𝐚𝘆 (Snow🇲🇲)
-
မံစီမြို့တွင်း တပ်မတော်စစ်ကြောင်းနှင့် အကြမ်းဖက်KIA /PDFအဖွဲ့ အပြန်အလှန်ပစ်ခတ်မှုပြင်းထန်၍ လူနေအိမ်အများအပြား ပျက်စီးဆုံးရှုံးမှုဖြစ်ပွား
**
မေ ၁၃

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မံစီမြို့တွင်း၌ ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် တပ်မတော်စစ်ကြောင်းနှင့် အကြမ်းဖက် KIA/PDF ပူးပေါင်အဖွဲ့တို့ထိပ်တိုက်တွေဆုံကာ အပြန်အလှန်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းကြောင်း သိရသည်။

ထို မြို့တွင်းထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် နှစ်ဘက်စလုံးမှအပြန်မလှန်ပစ်ခတ်သည့် လက်နက်ကြီးကျည်များကြောင့် မံစီမြို့ရှိသေခံနေအိမ်းများ မီးလောင်ပျက်စီးဆုံးရှုံးမှုကြီးမားခဲ့ကြောင်း သိရသည်။

မြို့တွင်းရှိ ပြည်သူများ၏နေအိမ်များအတွင်း ဝင်ရောက်ခိုအောင်းနေထိုင်သည့် KIA/KPDF အဖွဲ့တို့က တပ်မတော်စစ်ကြောင်ကို ချောင်းမြောင်းပစ်ခတ်ခဲ့ခြင်းကြောင့်........

Website>>...
https://positiveanglenews.com/2024/05/13/မံစီမြို့တွင်း-တပ်မတော်/

VK Link>>...
https://vk.com/wall-220066330_6348

Telegram»...
https://t.me/positiveanglenews/22525

#PAN
#KWN #SZ
Forwarded from 𝐋𝐢𝐧𝐧 𝐍𝐚𝘆 (Snow🇲🇲)
-
လပွတ္တာမြို့၊ အမှတ်(၄)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးအတွင်းအား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခံရသောကြောင့် လူ ၂ ဦးထိခိုက်ဒါဏ်ရာရရှိ
******
မေ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဧရာသီရိလမ်းရှိ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်းအား ယမန်နေ့ည ၈ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခံရသောကြောင့် လူ ၂ ဦးထိခိုက်ဒါဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဧရာသီရိလမ်းရှိ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ အမည်မသိလူ ၂ ဦးမှ ဆိုင်ကယ်မောင်းနှင်၍ရောက်ရှိလာပြီး ရုံးခန်းအတွင်းသို့ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်၍ မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

ထိုပေါက်ကွဲမှုကြောင့် ရုံးခန်း အတွင်းထိုင်နေသော ရုံးအကူ၊ ဦးကျော်ရင်၊ အသက် ၇၄ နှစ်တွင် မေးစေ့ ဗုံးစထိမှန်ဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီး၊ ရုံးအကူ မောင်ဘာဘူ၊ အသက် ၁၇ နှစ်တွင် ဝဲလက်မောင်း ထိမှန်ဒဏ်ရာတို အသီးသီးရရှိခဲ့သဖြင့်....

Website>>...
https://positiveanglenews.com/2024/05/16/

VK Link>>...
https://vk.com/wall-220066330_6410

Telegram»...
https://t.me/positiveanglenews/22635?single

#PAN
#SZ
Forwarded from 𝐋𝐢𝐧𝐧 𝐍𝐚𝘆 (Snow🇲🇲)
-
လက်ပံကျင်း(တောင်)ကျေးရွာမှ အပြစ်မဲ့ပြည်သူ ၄ ဦးအား အကြမ်းဖက် PDF များက ရက်ရက်စက်စက်သတ်ဖြတ်
******
(ပြည်တွင်း)မေ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ လက်ပံကျင်းကျေးရွာအုပ်စု၊ လက်ပံကျင်း(တောင်)ကျေးရွာတွင်ယမန်နေ့ ညနေ၆နာရီခွဲအချိန်ခန့်က အကြမ်းဖက် PDFအဖွဲ့မှ အပြစ်မဲ့ ပြည်သူ ၄ ဦးအား ရက်ရက်စက်စက် သတ်ဖြတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ လက်ပံကျင်း(တောင်)ကျေးရွာနေ ဦးတင်ဝင်း၊၈၀နှစ်၊(ဘ)ဦးကံရီ (ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ)သည် နေအိမ်၌ရှိနေစဉ် ဆိုင်ကယ်များဖြင့် အကြမ်းဖက် PDF များ ရောက်ရှိလာပြီး ဦးတင်ဝင်းအား အိမ်ဝိုင်းအပြင်ဘက် လမ်းပေါ်သို့ ခေါ်ဆောင်သွားကာ လည်ပင်းအား ဓါးဖြင့် ပိုင်းဖြတ်သတ်ခဲ့ရာ ဦးတင်ဝင်းမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သည်။

၎င်းနောက် အကြမ်းဖက် PDF များသည် ရွာအနောက်ပိုင်းနေ ဦးသိန်းဝင်း၊ ၅၅ နှစ်၊(ဘ)ဦးတင်မောင်၊ဇနီးဖြစ်သူ ဒေါ်ဝင်းမေ၊ ၅၅ နှစ်၊(ဘ)ဦးညွန့်လှိုင်နှင့် သားဖြစ်သူ မောင်သူရိန်ထွန်း......

Website>>...


VK Link>>...


Telegram>>...


#PAN
#ZN #SZ
Forwarded from PAN
Media is too big
VIEW IN TELEGRAM
ရွာမှာတပ်စွဲပြီး ရွာသားတွေကို အနိုင်ကျင့်ဗိုလ်ကျနေတဲ့ အကြမ်းဖက် PDF အဖွဲကို ရွာသားတွေက ဝိုင်းဝန်းဖမ်းဆီးလိုက်တယ်ဆိုတဲ့ သတင်း . . .

ဒီပဲယင်းမှာ ဆွမ်းခံကြွနေတဲ့ ဆရာတော် ၁ ပါးကို အကြမ်းဖက် PDF အဖွဲက သေနတ်တွေနဲ့ လာရောက်ပစ်ခတ်သွားတယ်ဆိုတဲ့ သတင်း . . .

သင်္ဃန်းညီနောင်ဘက်ကို တပ်မတော်က လက်နက်ကြီးတွေ၊ လေကြောင်းပစ်ကူတွေနဲ့ ထိုးစစ်ဆင်နေလို အကြမ်းဖက်သမားတွေ ဗုံးခိုကျင်းထဲက အပြင်ကို မထွက်ရဲဘူးဆိုတဲ့ သတင်း . . .

ARSA ခေါင်းဆောင်တစ်ဦးနဲ့ သူရဲ့လက်ထောက်တစ်ဦးကို ဘင်္ဂလားဒေ့ရှ်အထူးတပ်ဖွဲ ဖမ်းဆီးရမိတယ်ဆိုတဲ့ သတင်းတွေကို ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

PAN ကို ထောက်ပံ့လိုပါက Kpay - 09425318387နဲ့ wave pay နံပါတ်ဖြစ်တဲ့ 09425318387 ကနေ ထောက်ပံ့နိုင်ပါတယ်ခင်ဗျာ -

#PAN
Forwarded from PAN
ရထားလမ်းမိုင်းခွဲခံရမှုကိုသွားရောက်ရှင်းလင်းရာကနေ လက်လုပ်မိုင်း ၂ လုံးထပ်မံသိမ်းဆည်းရမိ
****************
(ပြည်တွင်း) မေ ၂၁

မွန်ပြည်နယ် သထုံမြို့နယ်၊ ကလိကျွန်းရွာ နှင့် ကျွန်းချောင်းရွာကြား ရထားလမ်းပိုင်းတွင် မေလ ၂၀ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်က ရထားသံလမ်းအား အကြမ်းဖက်သောင်းကျန်းသူများဖြစ်သည့် KNU/PDF များမှ မိုင်းထောင်ဖောက်ခွဲခဲ့ကြကြောင်း သိရသည်။

"ည ၈ နာရီဆိုတော့ ရွာမှာက အသံတွေကတိတ်ပြီလေ။ ရထားလမ်းဘက်က ​မိုင်းပေါက်ကွဲသံကြားရတယ်။ တော်တော်ကျယ်တယ်။ မိုင်းကွဲပြီးတော့ ရထားလာသံလည်းမကြားရတော့ဘူး" လို့ ဒေသခံတွေက ပြောပါတယ်။

အကြမ်းဖက်သောင်းကျန်းသူများက လိကျွန်းရွာနှင့်ကျွန်ကလေးရွာကြားတွင်ရှိသော တံတားအမှတ်(၇၈)ကို မိုင်းထောင်ဖေါက်ခွဲမူကြောင့် ရထားသံလမ်းဝဲ/ယာ တစ်ပေခွဲခန့်စီပြတ်ထွက် သွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက်သောင်းကျန်းသူများ၏...........

Website>>...
https://positiveanglenews.com/2024/05/21/ရထားလမ်းမိုင်းခွဲခံရမှ/

VK Link>>...
https://vk.com/wall-220066330_6490

Telegram»...
https://t.me/positiveanglenews

#PAN
#AMT #SZ
Forwarded from PAN
Media is too big
VIEW IN TELEGRAM
ရက္ခိုင့် တပ်တော် AA ပြုလုပ်နေတဲ့ ပလက်ဝမြို့က ချင်းလူမျိုးတွေအပေါ် လူမဆန်စွာရိုက်နပ်ညှင်းပန်းနှိပ်စက်တာတွေ သတ်ဖြတ်တာတွေ သက်ငယ်မုဒိမ့်မှုပေါင်းဆုံကျူးလွန်နေပြီး ဒေသတွင်းမှာလည်း မူးယစ်ဆေးဝါးရောင်းချမှုတွေနဲ့ အခွင့်အရေးချိုးဖောက်မှုတွေ ကနေ ချက်ချင်းရပ်တန့်ပေးဖို့ ကမ္ဘာလုံးဆိုင်ရာခူမီးအဖွဲ့အစည်းက တောင်းဆိုလိုက်ပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်က ချင်းလူမျိုးတွေရဲ့အရေးနဲ့ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း(GKO) က ဇွန် ၄ ရက်နေ့မှာ ရက္ခိုင့် တပ်တော် AA ကို ခုလိုတောင်းဆိုလိုက်တာဖြစ်ပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဟာ ချင်းမျိုးနွယ်စုတွေရဲ့ ဘိုးဘွားပိုင်၊ နယ်မြေဖြစ်ပြီး၊၂၀၂၀-ခုနှစ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရဲ့စာရင်းအရ ခူမီး(ချင်း)မျိုးနွယ်စုဝင် ၆၀%ရာခိုင်နှုန်းကျော်နဲ့ ချင်းမျိုးနွယ်စု ၈၀%ရာခိုင်နှုန်းကျော်နေထိုင်နေပြီး ရခိုင်လူမျိုးအပါအဝင်အခြားသောတိုင်းရင်းသား လူမျိုး ၂၀%သာ နေထိုင်နေတဲ့ ချင်းပြည်နယ်ရဲ့ အဓိကကျတဲ့ မြို့တစ်မြို့ဖြစ်တယ်လို့ ကမ္ဘာလုံးဆိုင်ရာခူမီးအဖွဲ့အစည်းက ပြောပါ တယ်။

PAN ကိုသတင်းရေးသားပေးပို့လိုရင်တော့ Viber နံပါတ်ဖြစ်တဲ့ 09772979725 ကိုဆက်သွယ်ပေးပို့နိုင်ပါတယ်။

PAN ကို ထောက်ပံ့လိုပါက Kpay - 09425318387နဲ့ wave pay နံပါတ်ဖြစ်တဲ့  09425318387 ကနေ ထောက်ပံ့နိုင်ပါတယ် -

#pan_broadcasting
Forwarded from PAN
စဥ့်ကိုင်မြို့နယ်၊ ပလိပ်ကျေးရွာ၊ စျေးကွက်သစ်ရပ်နေ ရာအိမ်မှုးအား အကြမ်းဖက်သမားများက သတ်ဖြတ်
*****
(ပြည်တွင်း)ဇွန် ၆

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်ကျေးရွာအုပ်စု၊ ဈေးကွက်သစ်ရပ်၌ ယမန်နေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်အချိန်ခန့်က ရာအိမ်မှုး ၁ ဦး အသတ်ခံရကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်သတ်ဖြတ်မှု့ကြောင့် ဦးအောင်ထွန်း(ခ)ထွန်းထွန်း၊ အသက် ၄၂ နှစ်၊ ရာအိမ်မှုး၊ ဈေးကွက်သစ်ရပ်ကွက်၊ ပလိပ်ကျေးရွာနေသူအား ဦးခေါင်းဝဲဘက် ပြတ်ရှဒဏ်ရာ၊ ဝဲ-ပါး ကျည်ဖောက်ဝင်ဒဏ်ရာ၊ ကျောပြင် ပြတ်ရှဒဏ်ရာ ၅ ချက်၊ ယာ-လက်ဖမိုး ပြတ်ရှဒဏ်ရာ၊ ဝဲဘက်နဖူး ပြတ်ရှဒဏ်ရာ၊ ဝဲဘက်နားထင် ပြတ်ရှဒဏ်ရာများဖြင့် လဲကျသေဆုံးနေကြောင်း သိရသည်။

ဖြစ်စဥ်မှာ သေဆုံးသူ ဦးအောင်ထွန်းမှာ ဆိုင်ကယ်ဝပ်ရှော့ပြင် ဆရာတစ်ဦးဖြစ်ပြီး ဟုန်ပန်းကွက်သစ်ရပ်ကွက်ရှိ ၎င်း၏ ဆိုင်ကယ်ဝပ်ရှော့မှ ပြင်ထားသည့် ဆိုင်ကယ်အား စက်စမ်းမောင်းရန် မောင်းနှင်လာစဉ် ဈေးကွက်သစ်ရပ်ကွက်၊ ဧက္ကရာဇ်တည်းခိုခန်းထောင့်.....

Webpage >>... /
https://positiveanglenews.com/2024/06/06/စဥ့်ကိုင်မြို့နယ်၊-ပလိပ/

VK Link>>...
https://vk.com/wall-220066330_6597

Telegram>>...
https://t.me/positiveanglenews

#PAN
#SZ
Forwarded from PAN
ထိုင်းက ဘတ်သန်း ၄၀၀ လျောခိုင်းသည့်အတွက် SCG ဘိလပ်မြေစက်ရုံဖျက်သည့် အယ်လ်စေးဝါး ပတ်​ပြေးနေ

(ပြည်တွင်း) ဇွန် ၁၉

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင်ရှိသည့် MCL(Mawlamyine Cement Limited) ဘိလပ်မြေစက်ရုံကို KNU လက်အောက်ခံ KNLA-PDF အဖွဲ့မှ အယ်စေးဝါးကဖျက်ဆီးခဲ့သည့်အတွက် လျော်ကြေးပေးရန် ထိုင်းတာဝန်ရှိသူ​များမှ KNU ထံတောင်းထားကြောင်း သိရသည်။

အယ်စေးဝါးဦးဆောင်သည့် KNLA-PDF အဖွဲ့များမှာ ဘိလပ်မြေလုပ်ငန်းသုံးပစ္စည်းများကို ပုံစံမျိုးစုံဖြင့် ခိုးယူသယ်ဆောင်ခြင်း၊ ရောင်းချပစ်ခြင်းအပါအဝင် အလွဲသုံးစားလုပ်ရပ်များ ချောင်းနှစ်ခွဒေသ တိုက်ပွဲများအတွင်း ကျုးလွန်ခဲ့သည့်အတွက် ထိုင်းက လျော်ပေးရန်တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

MCL(Mawlamyine Cement Limited) လုပ်ငန်းစုတွင် ထိုင်းဘုရင်မိသားစုမှ လုပ်ငန်းအစုရှယ်ယာအများစုပိုင်ဆိုင်ထားကြောင်း သိရသည်။

အဆိုပါကုမ္ပဏီမှ ထိုင်းအာဏာပိုင်များထံ တိုင်ကြားခဲ့ခြင်းဖြစ်ပြီး ထိုင်းအာဏာပိုင်များကလည်း အယ်စေးဝါးကို အရေးယူပေးနိုင်ရေးနှင့် လျော်ကြေးပြန်လည်ရရှိရေးအတွက် KNU ထံကို တရားဝင်စာပို့ -

သတင်းအပြည့်အစုံဖတ်ရန် -

https://positiveanglenews.com/2024/06/19/ထိုင်းက-ဘတ်သန်း-၄၀၀-လျော/

#PAN
Forwarded from PAN
သင်ပျိုကျေးရွာပရဟိတဥက္ကဌနှင့် ဇနီးဖြစ်သူတို့အား အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
********************
(ပြည်တွင်း) ဇွန် ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ အနောက်ငယ်တိုးကျေးရွာအုပ်စု၊ အနောက်ငယ်တိုးကျေးရွာနှင့် ညောင်ဝန်းကျေးရွာသွားလမ်း​ပေါ်တွင် ယနေ့ မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်အချိန်ခန့်က ကျေးရွာပရဟိတအသင်း ဥက္ကဋ္ဌနှင့် ဇနီးဖြစ်သူတို့ ၂ ဦးအား အကြမ်းဖက်သမားများမှ သေနတ်ဖြင့် ပစ်ခတ် သွား ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ကျောက်ဆည်မြို့နယ်၊ သင်ပျိုကျေးရွာနေ ဦးသိန်းဆွေ(ခ)ဗူးလွယ်၊ အသက် ၅၅ နှစ်၊ ကျေးရွာပရဟိတအသင်း ဥက္ကဋ္ဌ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဟောင်း(ပြည်ခိုင်ဖြိုးပါတီဝင်)နှင့် ဇနီးဖြစ်သူ ဒေါ်သက်နွယ်၊ အသက် ၅၃ နှစ်၊ တို့သည် Wave-125 အနက်ရောင်ဆိုင်ကယ်ဖြင့် ကျောက်ဆည်မြို့မှ ဆေးခန်းပြပြီး သင်ပျိုကျေးရွာသို့ပြန်လာစဉ် ကျောက်ဆည်မြို့နယ်၊ ညောင်ဝန်းကျေးရွာနှင့် အနောက်ငယ်တိုးကျေးရွာကြား၊ ဇရပ်အနီး အရောက်တွင် အမည်မသိ အကြမ်းဖက်

Webpage >>...
https://positiveanglenews.com/2024/06/06/သင်ပျိုကျေးရွာပရဟိတဥက္/

VK Link>>...
https://vk.com/wall-220066330_6600

Telegram>>...
https://t.me/positiveanglenews

#PAN
#ZN #SZ
Forwarded from PAN
တောင်စွန်းလျှပ်စစ်ရုံး လုံခြုံရေးတာဝန်ကျ ရဲတပ်ကြပ်ကြီး ၁ ဦး နေ့အိမ်သို့ ထမင်းပြန်စားစဉ် ပစ်ခတ်ခံရ
**********************
(မှုခင်း) ဇွန် ၆

ယနေ့ ညနေ ၆ နာရီအချိန်ခန့်တွင် ဘီးလင်းမြို့နယ်၊ ယွန်းဒလင်းကုန်းကျေးရွာအုပ်စု၊ ယွန်းဒလင်းကုန်းကျေးရွာ လမ်းဆုံအနီးတွင် ရဲတပ်ကြပ်ကြီး ၁ ဦးပစ်ခတ်ခံရကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်ခံရသော ရဲတပ်ကြပ်ကြီး ဦးတင်လှသည် တောင်စွန်းလျှပ်စစ်ရုံးလုံခြုံရေးတာဝန် ထမ်းဆောင်နေသူဖြစ်ပြီး ၎င်းတာဝန်ကျသည့်နေရာမှ နေအိမ်သို့ ထမင်းစားပြန်ရန် ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ယွန်းဒလင်းကုန်းကျေးရွာ လမ်းဆုံအနီးအရောက်တွင် အကြမ်းဖက်သောင်းကြမ်းသူ PDF(စိစစ်ဆဲ)အဖွဲ့မှ လက်နက်ငယ်ဖြင့် ပစ်ခတ်သွားကြောင်းသိရပြီး အခင်းဖြစ်နေရာသို့ လုံခြုံးရေးအဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးလျှက်ရှိနေကြောင်း....

Webpage >>...
https://positiveanglenews.com/2024/06/06/တောင်စွန်းလျှပ်စစ်ရုံး/

VK Link>>...
https://vk.com/wall-220066330_6601

Telegram>>...
https://t.me/positiveanglenews

#PAN
#GE #SZ
Forwarded from PAN
ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၏ ရုပ်ကလပ်တော်အား ပဲခူးမြို့သို့ ပြန်လည်ပင့်ဆောင်လာသည့်မြင်ကွင်း

#PAN
Forwarded from PAN
PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ မဟန(ငြိမ်း) ပျံလွန်တော်မူခဲ့ရပြီး ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ မဟန(ငြိမ်း)နှင့် ယာဉ်မောင်းတို့၌ ထိခိုက်ဒဏ်ရာရရှိခဲ့
**********************
(အကြမ်းဖက်မှု) ဇွန် - ၁၉

Webpage >>...
https://positiveanglenews.com/2024/06/19/pdf-အမည်ခံအကြမ်းဖက်သမားမျ-8/

VK Link>>...
https://vk.com/wall-220066330_6779

Telegram>>...
https://t.me/positiveanglenews

#PAN
Forwarded from PAN
Media is too big
VIEW IN TELEGRAM
ကရင်အမျိုးသားအစည်းအရုံး KNU ထိပ်ပိုင်းခေါင်းဆောင်တွေပိုင်ဆိုင်ထားတဲ့ ထိုင်းနိုင်ငံက ဘဏ်စာရင်းတွေနဲ့ အဲ့ဒီနိုင်ငံအတွင်းကသူတို့ရဲ့ပိုင်ဆိုင်မှုတွေဟာ ထိုင်းအာဏာပိုင်တွေရဲ့ သိမ်းဆည်းမှုကို ခံရမယ့်အခြေအနေမှာရှိနေပြီလို့ ထိုင်းနိုင်ငံကိုတရားဝင်ရောက်ရှိနေတဲ့ နိုင်ငံသားလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။


PAN ကို ထောက်ပံ့လိုပါက Kpay  - 09425318387နဲ့ wave pay နံပါတ်ဖြစ်တဲ့  09425318387 ကနေ ထောက်ပံ့နိုင်ပါတယ်

#pan_broadcasting
Forwarded from PAN
မြဝတီဘက်ကို မြေအောက်က တရားမဝင်ဆက်သွယ်ထားတဲ့ အင်တာနက် ကေဘယ်ကြိုးတွေကို ထိုင်းအာဏာပိုင်းတွေဖြတ်တောက်

(စီးပွားရေး) ဇွန် ၂၈

မြန်မာ - ထိုင်းနယ်စပ် ထိုင်းနိုင်ငံ၊ တာ့က်ခရိုင်အတွင်းက မဲဆောက်မြို့နယ်၊ ဖိုးဖမြို့နယ်နဲ့ မယ်လမတ်မြို့နယ်တွေကနေ မြဝတီဘက်ကို တရားမဝင်မြေအောက်လမ်းကနေဆက်သွယ်ထားတဲ့ အင်တာနက်‌ ကေဘယ်ကြိုးတွေကို ထိုင်းအာဏာပိုင်တွေက ဖြတ်တောက်လိုက်ပါတယ်။


တာ့က်ခရိုင်ရဲတပ်ဖွဲ့ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ ထိုင်း-မြန်မာ နယ်စပ်၊ တာ့က်ခရိုင်အတွင်းကနေ မြန်မာနိုင်ငံ၊ မြဝတီခရိုင်ဘက်ကို တရားမဝင် မြေအောက် လမ်းကနေ အင်တာနက် ကေဘယ်ကြိုးတွေ ဆက်သွယ်ထားတယ်လို့ ယူဆရတဲ့နေရာ (၅) ခုကို ဒီကနေ့ ဇွန်လ ၂၈ ရက် မနက်ပိုင်းက သွားရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။


နေရာ (၅) ခုအနက်က (၃) နေရာမှာ မြေအောက်ကနေ မြဝတီခရိုင်ဘက်ကို ဆက်သွယ်ထားတဲ့ အင်တာနက် ကေဘယ်ကြိုးတွေနဲ့အတူဆက်စပ်ပစ္စည်းတွေကို ထိုင်းအာဏာပိုင်တွေက တွေ့ရှိခဲ့တာကြောင့် ဆက်သွယ်ထားတဲ့ ကေဘယ်ကြိုးတွေဖြတ်တောက်ကာ ဆက်စပ်ပစ္စည်းတွေကို ရဲ တပ်ဖွဲ့က သိမ်းဆည်းခဲ့ကြောင်း

အပြည့်အစုံဖတ်ရန် -

Website Link -https://positiveanglenews.com/2024/06/28/ထိုင်းကနေ-မြဝတီဘက်ကို-မြ/

#PAN
Forwarded from PAN
ကော့ကရိတ်မြို့အတွင်းသို့ သောင်းကျန်းသူအဖွဲ့များပစ်ခတ်ခဲ့သည့် လျှော့တိုက်ဒုံးကျရောက်ပေါက်ကွဲ အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရ

(အကြမ်းဖက်မှု) ဇူလိုင် ၂

မြို့ကိုမီးရှို့ဖျက်ဆီးပြီး မြို့တွင်းမှာဝင်ရောက်အခြေချထားသည့် KNU လက်အောက်ခံ KNLA တပ်မဟာ ၆ နဲ့ PDF ပူးပေါင်းအဖွဲ့တွေကို တပ်မတော်စစ်ကြောင်းက ထိုးစစ်ဆင်မောင်းထုတ်ခဲ့ပြီးနောက် စစ်ရှောင်သွားကြသည့်ဒေသခံများ ပြန်လည်ဝင်ရောက်နေထိုင်နေကြပြီ ဖြစ်သည်။

ထိုကဲ့သို့ ဒေသခံများပြနိလည်ဝင်ရောက်နေထိုင်နေကြပြီဖြစ်သည့် ကော့ကရိတ်မြို့အတွင်းသို့ အကြမ်းဖက်သောင်းကျန်းသူများမှ ယနေ့ ဇူလိုင်လ ၂ ရက်နေ့ ည ၉နာရီ အချိန်ခန့်တွင် ရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်သောင်းကျန်းသူများ ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံးမှာ ကော့ကရိတ်မြို့တွင်းကိုကျ​ေ

အပြည့်အစုံံဖတ်ရန် -
https://positiveanglenews.com/2024/07/02/ကော့ကရိတ်မြို့အတွင်းသိ/

#PAN
Forwarded from PAN
ကျောက်ပန်းတောင်မြို့နယ်တွင် အုပ်စု အုပ်ချုပ်ရေးမှူး နှစ်ဦးအား အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
*******************
(ပြည်တွင်း)ဇူလိုင် ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြင်သာတောင်ကျေးရွာအုပ်စု၊ ခါးပတ်ကျေးရွာနေ ဦးစိုးဝင်း(အုပ်စုအုပ်ချုပ်ရေးမှုး၊ အသက် ၆၉ နှစ်၊ (ဘ)ဦးသာရင်၊ တောင်သူလုပ်ငန်း လုပ်ကိုင်သူသည် ဇူလိုင် ၇ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်အချိန်ခန့်က နေအိမ်တွင်ရှိနေစဉ် အကြမ်းအဖွဲ့ဝင် ၅ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ဦးစိုးဝင်းအား တွေ့ချင်ကြောင်းပြောဆိုခဲ့ရာ ၎င်းမိမိဖြစ်ကြောင်းပြောဆိုစဥ် အကြမ်းဖက် သမားများမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် ဦးစိုးဝင်းတွင် ယာ-နားထင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ရင်ဘတ် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲ-ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် အခင်း​ဖြစ်နေရာတွင်သေဆုံးသွားကြောင်း သိရှိရသည်။

အလားတူ

Webpage >>...
https://positiveanglenews.com/2024/07/09/ကျောက်ပန်းတောင်မြို့နယ/

VK Link>>...
https://vk.com/wall-220066330_7059

Telegram>>...
https://t.me/positiveanglenews

#PAN
#ZN #SZ
Forwarded from PAN
မင်းလှ PDF က အများသုံးလမ်းတွေအပေါ် သွားရင် ကားမှန်ချမောင်းဖို့နဲ့ လခရ တပ်ဖွဲ့ဝင်ရှိတဲ့နေရာတွေကို ရှောင်ဖို့ ခြိမ်းခြောက်စာထုတ်
*********************
(မှုခင်း) ဇူလိုင် ၁၁

မကွေးတိုင်းသကြီး မင်းလှမြို့နယ်(အထက်မင်းလှ) က အများသုံးလမ်းတွေအပေါ် သွားလာတဲ့ ခရီးသွား ကားတွေ မှန်ချမောင်းဖို့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်ရှိတဲ့နေရာတွေကို ရှောင်သွားကြဖို့ ခြိမ်းခြောက်စာထုတ်ပြန်ထားပါတယ်။

အကြမ်းဖက် PDF တွေထုတ်ပြန်တဲ့ ခြိမ်းခြောက်စာအရ အထက်မင်းလှမြို့နယ်အတွင်းက လမ်းပိုင်းတွေဖြစ်တဲ့ ပုသိမ်-မုံရွာလမ်း၊ သရက်-မင်းလှလမ်း၊ မင်းလှ-မလွန် သက်ရာကောက်လမ်း၊မင်းလှ-မင်းဘူး-မကွေးလမ်း၊မင်းလှ-စစ္စနို့ -ကန်တုတ်လမ်း တွေပါဝင်နေပါတယ်။

ဒေသခံတွေရဲ့ပြောဆိုချက်အရ မကွေးတိုင်းမင်းလှမြို့နယ်အတွင်းမှာ မင်းလှ PDF ၊ Magway PDF နဲ့ ရခိုင်သောင်းကျန်းသူ AA ပူးပေါင်းအဖွဲ့တွေက စစ်ရေးလှုပ်ရှားဖို့ပြင်ဆင်မှုတွေရှိနေတယ်လို့ သိရပါတယ်။

ထုတ်ပြန်ချက်တွေကိုမလိုက်နာရင်...

Webpage >>...
https://positiveanglenews.com/2024/07/11/မင်းလှ-pdf-က-အများသုံးလမ်းတ/

VK Link>>...
https://vk.com/wall-220066330_7081

Telegram>>...
https://t.me/positiveanglenews

#PAN
#AMT #SZ
Forwarded from PAN
Media is too big
VIEW IN TELEGRAM
တန့်ယန်းမြို့ကို အင်အားအမြောက်အမြားနဲ့ရောက်ရှိနေတဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ရဲ့ တပ်ဖွဲ့ဝင်တွေဟာ တန့်ယန်းမြို့မှာပဲ ရှိနေသေးပြီး မြို့ခံတွေကတော့ အခြေအနေကို စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေကြပါတယ်။ #pan_broadcasting
Forwarded from PAN
Media is too big
VIEW IN TELEGRAM
မြောက်ပိုင်းအကြမ်းဖက်အဖွဲ့ကို ဥပဒေကြောင်းအရ အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာပြီး နိုင်ငံတကာရဲတပ်ဖွဲ့ (INTERPOL)နဲ့ အာဆီယံရဲတပ်ဖွဲ့ (ASEANAPOL) ကိုတင်ပြပြီး အရှိန်မြှင့်ဆောင်ရွက်သွားရမှာဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။

#pan_broadcasting