သွားနှင့်တော့မိငယ်ရေ သွားနှင့်တော့
ကိုယ်ဝန်တားဆေးလောက်မှ အဖြစ်မရှိပဲ
"စစ်ပွဲတွေရပ်''
နိုင်ငံရေးဆိုင်းဘုတ် တပ်စားနေသူတွေ
ကြီးမြင့်ရင်း ကြီးမြတ်ကုန်ပါပေါ့
သေနတ်ထမ်း လမ်းလျှောက် အဝီစိဇောက်ထိုး
ဟိုပေါက်ကတုံးမျိုးတွေရှိနေသမျှလဲ
အင်းချပ်တစ်ထောင် အဆောင်တန်ခိုး အမျိုးမျိုးနဲ့
ရဲဘော်မသေ သေသော်ငရဲမလိုးနိုင်ပေဘူး
ပေါ်တော်မူရေသောက်ကြမှ
ကင်ဆာပျောက်ရတဲ့''ဗမာ''တွေ
မွတ်ဆလင်ခင်မိရုံနဲ့
သစ္စာဖောက်ဖြစ်တယ်ဆိုတဲ့''မဘသ''တွေ
သေနတ်မထောက်ရပဲ ဇာတ်ပျောက်မှာကြောက်လို့
အကယ်ဒမီရ ပြည်ဖုံးကားရိုက်ပေးသူတွေ
စစ်ဖိနပ်ထဲကလစာမက် ကျောင်းမပျက်ချင်သူတွေ
၇ရက်မျှ မလည်လိုက်ရပဲ
ဆယ်လီမယ်သတင်းတွေကြားသင်္ဂြိုလ်ခံလိုက်ရတဲ့ ရွာမီးရှို့ လူသတ်ပွဲ ရဲဘော်ကျဆုံး
လူစျေးနှုန်းအကြောင်းတွေ
တစ်နပ်စားဉာဏ်မှ မရှိရင်
ကိုယ့်ဒူးကိုယ်မျှ မယုံနဲ့မိငယ်။ ။
ဘာ..........
''ပြည်ပြေးဘဝရယ်ပါ''တဲ့လား
သနားစရာ ကောင်းလိုက်တာ
မပြောနဲ့ မိငယ် မပြောနဲ့
ကျည်တစ်တောင့်ပစ်လိုက်တိုင်း
ဒီနိုင်ငံနဲ့ဝေးသွားကြတယ်
မှိုင်းကွင်းထဲက ငါတို့ခြေထောက်တွေက
မလှုပ်မယှက် နယ်ရုပ်ကလေးတွေဖြစ်လို့
စိတ်မချလက်မချမရှိပါနဲ့ မိငယ်
လွတ်ရာကျွတ်ရာ သွားသာသွားပါ... မိငယ်။ ။
#သွားနှင့်တော့မိငယ် ပိုဒ်ရေ(၄)
သူပုန် ရှင်
မော်လိုက်ခရိုင် အမှတ်- ၁ တပ်ရင်း
#share #share #sharepost
စစ်ကြီးပြီးရင် #ပြန်ခဲ့တော့မိငယ်လို့ရေးချင်သေးတယ် ။

ကိုယ်ဝန်တားဆေးလောက်မှ အဖြစ်မရှိပဲ
"စစ်ပွဲတွေရပ်''
နိုင်ငံရေးဆိုင်းဘုတ် တပ်စားနေသူတွေ
ကြီးမြင့်ရင်း ကြီးမြတ်ကုန်ပါပေါ့
သေနတ်ထမ်း လမ်းလျှောက် အဝီစိဇောက်ထိုး
ဟိုပေါက်ကတုံးမျိုးတွေရှိနေသမျှလဲ
အင်းချပ်တစ်ထောင် အဆောင်တန်ခိုး အမျိုးမျိုးနဲ့
ရဲဘော်မသေ သေသော်ငရဲမလိုးနိုင်ပေဘူး
ပေါ်တော်မူရေသောက်ကြမှ
ကင်ဆာပျောက်ရတဲ့''ဗမာ''တွေ
မွတ်ဆလင်ခင်မိရုံနဲ့
သစ္စာဖောက်ဖြစ်တယ်ဆိုတဲ့''မဘသ''တွေ
သေနတ်မထောက်ရပဲ ဇာတ်ပျောက်မှာကြောက်လို့
အကယ်ဒမီရ ပြည်ဖုံးကားရိုက်ပေးသူတွေ
စစ်ဖိနပ်ထဲကလစာမက် ကျောင်းမပျက်ချင်သူတွေ
၇ရက်မျှ မလည်လိုက်ရပဲ
ဆယ်လီမယ်သတင်းတွေကြားသင်္ဂြိုလ်ခံလိုက်ရတဲ့ ရွာမီးရှို့ လူသတ်ပွဲ ရဲဘော်ကျဆုံး
လူစျေးနှုန်းအကြောင်းတွေ
တစ်နပ်စားဉာဏ်မှ မရှိရင်
ကိုယ့်ဒူးကိုယ်မျှ မယုံနဲ့မိငယ်။ ။
ဘာ..........
''ပြည်ပြေးဘဝရယ်ပါ''တဲ့လား
သနားစရာ ကောင်းလိုက်တာ
မပြောနဲ့ မိငယ် မပြောနဲ့
ကျည်တစ်တောင့်ပစ်လိုက်တိုင်း
ဒီနိုင်ငံနဲ့ဝေးသွားကြတယ်
မှိုင်းကွင်းထဲက ငါတို့ခြေထောက်တွေက
မလှုပ်မယှက် နယ်ရုပ်ကလေးတွေဖြစ်လို့
စိတ်မချလက်မချမရှိပါနဲ့ မိငယ်
လွတ်ရာကျွတ်ရာ သွားသာသွားပါ... မိငယ်။ ။
#သွားနှင့်တော့မိငယ် ပိုဒ်ရေ(၄)
သူပုန် ရှင်
မော်လိုက်ခရိုင် အမှတ်- ၁ တပ်ရင်း
#share #share #sharepost
စစ်ကြီးပြီးရင် #ပြန်ခဲ့တော့မိငယ်လို့ရေးချင်သေးတယ် ။

❤4