ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
634 photos
57 videos
504 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
‎သွားနှင့်တော့မိငယ်ရေ သွားနှင့်တော့
ကိုယ်ဝန်‎တားဆေးလောက်မှ အဖြစ်မရှိပဲ
"စစ်ပွဲတွေရပ်''
‎နိုင်ငံရေးဆိုင်းဘုတ် တပ်စားနေသူတွေ
‎ကြီးမြင့်ရင်း ကြီးမြတ်ကုန်ပါပေါ့

‎သေနတ်ထမ်း လမ်းလျှောက်‎ အဝီစိဇောက်ထိုး
ဟိုပေါက်ကတုံးမျိုးတွေရှိနေသမျှလဲ
‎အင်းချပ်တစ်ထောင် အဆောင်တန်ခိုး ‎အမျိုးမျိုးနဲ့
‎ရဲဘော်မသေ သေသော်ငရဲမလိုးနိုင်ပေဘူး

‎ပေါ်တော်မူရေသောက်​ကြမှ
ကင်ဆာပျောက်ရတဲ့''ဗမာ''တွေ
‎မွတ်ဆလင်ခင်မိရုံနဲ့
သစ္စာဖောက်ဖြစ်တယ်ဆိုတဲ့''မဘသ''တွေ
‎သေနတ်မထောက်ရပဲ ဇာတ်ပျောက်မှာကြောက်လို့
‎အကယ်ဒမီရ ပြည်ဖုံးကားရိုက်ပေးသူတွေ
‎စစ်ဖိနပ်ထဲကလစာမက် ကျောင်းမပျက်ချင်သူတွေ

‎၇ရက်မျှ မလည်လိုက်ရပဲ
‎ဆယ်လီမယ်သတင်းတွေကြား‎သင်္ဂြိုလ်ခံလိုက်ရတဲ့ ရွာမီးရှို့ လူသတ်ပွဲ ‎ရဲဘော်ကျဆုံး
လူစျေးနှုန်းအကြောင်းတွေ

‎တစ်နပ်စားဉာဏ်မှ မရှိရင်
‎ကိုယ့်ဒူးကိုယ်မျှ မယုံနဲ့မိငယ်။ ။

‎ဘာ..........
‎''ပြည်ပြေးဘဝရယ်ပါ''တဲ့လား
‎သနားစရာ ကောင်းလိုက်တာ
‎မပြောနဲ့ မိငယ် မပြောနဲ့
‎ကျည်တစ်တောင့်ပစ်လိုက်တိုင်း
ဒီနိုင်ငံနဲ့ဝေး​သွားကြ​တယ်
‎မှိုင်းကွင်းထဲက ငါတို့ခြေထောက်တွေက
‎မလှုပ်မယှက် နယ်ရုပ်ကလေးတွေဖြစ်လို့

‎စိတ်မချလက်မချမရှိပါနဲ့ မိငယ်
လွတ်ရာကျွတ်ရာ သွားသာသွားပါ... မိငယ်။ ။

#သွားနှင့်တော့မိငယ် ပိုဒ်ရေ(၄)
သူပုန် ရှင်
မော်လိုက်ခရိုင် အမှတ်- ၁ တပ်ရင်း
#share #share #sharepost

စစ်ကြီးပြီးရင် #ပြန်ခဲ့တော့မိငယ်လို့ရေးချင်သေးတယ် ။
‎
4