ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
634 photos
57 videos
504 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
အညာဒေသ တော်လှန်ရေးနယ်မြေတွေမှာ ရှိတဲ့ လူငယ်လူရွယ်တွေအနေနဲ့
ညောင်သီးစားမယ်ဆိုရင်လည်း
လေးသံကိုတော့ နားစွင့်ကြဖို့ လိုပါမယ်

လူငယ်သဘာဝ သင်္ကြန်ပျော်တာလည်း
ပျော်ကြပေါ့
လေကြောင်းအန္တရာယ်ကိုတော့
အထူးဂရုစိုက်ကြဖို့ လိုပါတယ်။

7StarMyaing

ThreeStarMyaing

သတင်းပေးရန်>@Myaing3Star/
@myaing3starbot
သတင်းချန်နယ်ကြည့်ရှုရန်https://t.me/https7starmyaing
1💯1
💐 သင်္ကြန်ဆုတောင်း 💐

မာပါစေ၊ ​ကျန်းမာပါစေ၊
ပန်းလိုမွှေး၊ ရေလိုအေးကာ၊
ထာဝစဉ် ရွှင်လန်းကြပါစေ၊
အေး... အေး... အေးချမ်းဖို့လေ၊
ဘေးဘယာတွေ ဝေးကွာစေဖို့လေ...။



လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွန်ခဲ့တဲ့ ၂၀၂၀ခုနှစ် ​ဒီလိုနေ့မျိုးမှာ Facebook စာမျက်နှာပေါ်မှတဆင့် တစ်နိုင်ငံလုံးအတွက် သင်္ကြန်ဆုတောင်းစကားအဖြစ်ရေးသားခဲ့သော စာတိုလေးကို အမှတ်တရအဖြစ် ပြန်လည်ဖော်ပြအပ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နှင့် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများအားလုံး၊ နိုင်ငံအဝှမ်းရှိ တော်လှန်ရဲဘော်၊ တော်လှန်ပြည်သူများအားလုံး နှစ်သစ်ကူးသင်္ကြန်ကာလမှာ ဘေးကင်းကျန်းမာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေ........🙏
1💯1
" ခိုင်းနွားကြီး သင်္ကြန် "

မြန်မာပြည်က နွားလှည်းတွေ ဆိုတာ နွားနှစ်ကောင်နဲ့ ဆွဲကြတာ၊ အခုက ခိုင်းနွားကြီး တစ်ကောင်တည်းပဲ ဆွဲခိုင်းထားပြီး နွားကြီးရဲ့ မျက်နှာကိုလဲ မဲတဲတဲ လုပ်ထားလိုက်သေးတာ ဆိုတော့ကား....

သေချာတယ် ဒါ ကြံ့ဖုတ် ခင်ရီကို သက်သက် သရော်တာပဲ..

မင်းတို့တွေ ခိုင်းနွားကြီးကို အက်လို မလှောင်သင့်ပါပူးကွာ..

အ..ဟစ်..ဟစ်.. 🤣

#4C_TruthNews
2
ပုဂံရောက်ရင် ထုထည်အကြီးဆုံး၊ အုတ်စီအကျော်ကြားဆုံးဆိုပြီး ဓမ္မရံကြီးဘုရားကို ငေးမောခဲ့ကြဖူးမှာပါ။ ဒါပေမဲ့ ဒီဘုရားရဲ့ သမိုင်းကြောင်းကတော့ ထင်သလောက် မလှပခဲ့ဘူး။

သမိုင်းမှတ်တမ်းတွေအရ နရသူမင်းဟာ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ မင်းတစ်ပါးပါ။ ဖခင်ကိုသတ်၊ နောင်တော်ကိုသတ်ပြီး ထီးနန်းကို မတရားရယူခဲ့သလို၊
အိမ်သာတက်ပြီး လက်မဆေးလို့ အနားအကပ်မခံတဲ့ မင်းသမီးကိုလည်း သတ်ပြန်တယ်။ ⚔️

"အပ်ထိုးရာတောင် မရှိစေရဘူး" ဆိုတဲ့ စည်းကမ်းချက်တွေနဲ့ တည်ခဲ့တဲ့ ဒီဘုရားဟာ အာဏာနဲ့ ဖိနှိပ်မှုတွေ၊ ပြည်သူတွေရဲ့ ငွေကြေးနဲ့ ဒုက္ခမျက်ရည်တွေပေါ်မှာ တည်ဆောက်ခဲ့တာပါ။ 🥀

ဘုရားဖူးသွားရင်း "သမိုင်းကြောင်းတွေ ကြီးကျယ်လိုက်တာ" ဆိုပြီး ဖီးလ်တက်မလား... ဒါမှမဟုတ် မင်းဆိုးမင်းညစ်တစ်ပါးကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ ပုဂံပြည်သူတွေအတွက် စာနာစိတ်နဲ့ ကြည့်မလားဆိုတာကတော့ ကိုယ့်ရဲ့ နှလုံးသားနဲ့ ဉာဏ်ရည်အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။

ကျွန်တော်ကတော့ "ဓမ္မရံကြီး Fan" မဟုတ်ပါဘူး။

Credit : Nyi Lynn Seck
👍1
ရေစကြိုမြို့မှာ သင်္ကြန်ရေကစားလာတဲ့လူငယ်ကို စစ်တပ်ပစ်သတ်လို့ သေဆုံး

ဧပြီလ ၁၅ ရက်

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ကို သင်္ကြန်ရေကစားလာတဲ့ လူငယ်တစ်ဦးကို စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်သတ်လို့ သေဆုံးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်တွေ အတင်းအဓမ္မပြုလုပ်နေပေမဲ့ ရေကစားတဲ့သူနည်းပါးပြီး ခြောက်ကပ်နေတဲ့ ရေစကြိုမြို့မှာ မြို့အဝင်ကင်းပုန်းဝတ်နေတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ပစ်သတ်မှုကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ဖြစ်စဉ်မှာ ဧပြီ ၁၃ ရက်(သင်္ကြန်အကြိုနေ့) နေ့လယ်ပိုင်းက ရေစကြိုမြို့နယ်၊ ရွာသစ်ကျေးရွာကနေ မြို့ပေါ်ကို ရေလာကစားတဲ့ (၁၈)နှစ်အရွယ် လူငယ်တစ်ဦးဟာ ရွာသစ်တောရိုးနဲ့ နှစ်ထောင်ပြည့်ရပ်ကွက်အနီးမှာ ပစ်သတ်ဖြတ်ခံရတာဖြစ်ကြောင်း ရေစကြိုသတင်းအချက်အလက် ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

"ဘာကြောင့်ရယ်လို့တော့ အသေအချာ မသိရဘူး။ ကင်းပုန်းတွေဝတ်နေပြီး မကြာခဏ ပစ်ခတ်သံတွေ ကြားနေရတယ်လို့ သိရတယ်"လို့ အထက်ပါကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

အသတ်ခံရတဲ့လူငယ်ရဲ့ အသေးစိတ်အချက်အလက်ကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

လက်တလော ရေစကြို မြို့ပေါ်က သင်္ကြန်မဏ္ဍပ်တွေမှာ စည်ကားမှုမရှိဘဲ စစ်ကောင်စီထောက်ခံသူတချို့သာ ရှိနေပြီး မြို့အဝင်၊အထွက်တွေမှာတော့ စစ်တပ်က ကင်းပုန်းဝပ်တာနဲ့ ပစ်ခတ်မှုတွေ ခပ်စိပ်စိပ်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းအပါအဝင် မြို့ကြီးတွေပေါ်မှာ သင်္ကြန်ပွဲကို စည်ကားအောင် ပြုလုပ်နေပြီး ကျေးရွာတွေကိုတော့ စစ်ကြောင်းထိုး မီးရှို့တာ၊ ပစ်ခတ်သတ်ဖြတ်တာတွေ ပြုလုပ်နေပါတယ်။

#LNO

7StarMyaing

ThreeStarMyaing

သတင်းပေးရန်>@Myaing3Star/
@myaing3starbot
သတင်းချန်နယ်ကြည့်ရှုရန်https://t.me/https7starmyaing
1
စစ်ဖြစ်နေချိန် ရေနံတွေ သိုလှောင်ထားတဲ့ တရုတ်ဟာ အားကိုးလို့မရတဲ့ မိတ်ဖက်ဖြစ်တယ်လို့ အမေရိကန် ဝေဖန်

ဧရာဝတီတိုင်းမ်
ဧပြီ ၁၅ ရက်

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘစ်ဆင့်က အင်္ဂါနေ့မှာ တရုတ်နိုင်ငံကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး အရှေ့အလယ်ပိုင်းစစ်ပွဲမှာ တရုတ်ဟာ ရေနံတွေကို သိုလှောင်ထားပြီး တချို့ကုန်ပစ္စည်း တင် ပို့မှုတွေကို ကန့်သတ်ထားတာကြောင့် ကမ္ဘာ့အတွက် အားကိုးလို့မရတဲ့ မိတ်ဖက်ဖြစ်နေတယ်လို့ ဆိုပါ တယ်။

ဒီလုပ်ရပ်ဟာ ကိုဗစ်ကပ်ရောဂါတုန်းက ဆေးဝါးပစ္စည်းတွေကို ကန့်သတ်ခဲ့တာနဲ့ အတူတူပဲလို့ လည်း ၎င်းက ခိုင်းနှိုင်းပြောဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ်အရာရှိတွေနဲ့ ဆွေးနွေးထားတယ်လို့လည်း ၎င်းက သတင်းထောက် တွေကို ပြောပေမဲ့ အခုလို အငြင်းပွားစရာတွေကြောင့် မေလလယ်မှာသွားမယ့် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပေကျင်းခရီးစဉ် ပျက်သွားနိုင်မလားဆိုတဲ့ မေးခွန်းကိုတော့ သူက တိုက်ရိုက်မဖြေခဲ့ပါဘူး။

သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ကြားမှာတော့ လုပ်ငန်းခွင်ဆိုင်ရာ ဆက်ဆံ ရေး အလွန်ကောင်းမွန်ပါတယ်လို့ပဲ သူက မှတ်ချက်ပေးပါတယ်။

အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်းမှာ တရုတ်ရဲ့ လုပ်ရပ်တွေအပေါ် ဘစ်ဆင့်က ပြင်းပြင်းထန်ထန် ပြစ်တင်ခဲ့ပြီး ရေနံစျေးတွေဟာ ၅၀ ရာခိုင်နှုန်းလောက်အထိ ထိုးတက်သွား သလို ကုန်စည်စီးဆင်းမှု ကွင်းဆက်တွေမှာလည်း အနှောင့်အယှက်တွေ ဖြစ်ကုန်တာပါ။

“ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ တရုတ်ဟာ ကမ္ဘာ့အတွက် အားကိုးလို့မရတဲ့ မိတ်ဖက်ဖြစ်ကြောင်း သုံး ကြိမ်တိုင်တိုင် သက်သေပြခဲ့ပြီးပြီ။ ပထမတစ်ကြိမ် ကိုဗစ်ကာလတုန်းက ကျန်းမာရေးသုံး ပစ္စည်းတွေကို သိုလှောင်ခဲ့တာ၊ ဒုတိယတစ်ကြိမ်ကတော့ မြေရှားသတ္တုကိစ္စပဲ” လို့ ဘစ်ဆင့်က ပြောပါတယ်။

တရုတ်နိုင်ငံမှာ နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) အဖွဲ့ဝင် ၃၂ နိုင်ငံပေါင်းထားတဲ့ ပမာဏ လောက်ရှိတဲ့ ရေနံအရန် ရှိနေပြီးသားဖြစ်ပေမဲ့ ရေနံတွေကို ဆက်ပြီး ဝယ်ယူနေတယ်လို့ ဘစ်ဆင့်က ဆိုပါ တယ်။

ဒီအပေါ်မှာ ဝါရှင်တန်ရှိ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူ လျူပန်ယုက “ကမ္ဘာ့စွမ်းအင်စျေးကွက် မှာ ပစ္စည်းပြတ်လပ်တာတွေ ဖြစ်နေရတာဟာ အရှေ့အလယ်ပိုင်းက တင်းမာတဲ့ အခြေအနေတွေကြောင့် သာ ဖြစ်တယ်လို့ တုံ့ပြန်လိုက်ပြီး စစ်ရေးလှုပ်ရှားမှုတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုခဲ့ပါတယ်။

“အရေးကြီးဆုံးက စစ်ဆင်ရေးတွေကို ချက်ချင်းရပ်ဖို့နဲ့ အရှေ့အလယ်ပိုင်းက မငြိမ်မသက်မှုတွေ ကြောင့် ကမ္ဘာ့စီးပွားရေးအပေါ် နောက်ထပ် ထိခိုက်မှုတွေ မရှိအောင် တားဆီးဖို့ပါပဲ” လို့ သူက ပြောပါ တယ်။

တရုတ်နိုင်ငံအနေနဲ့ ပဋိပက္ခတွေ အဆုံးသတ်ဖို့ တက်ကြွစွာ လုပ်ဆောင်နေသလို  အပြုသဘော ဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်ပြီး ပါဝင်သွားမယ်လို့လည်း ၎င်းက ဆိုပါတယ်။

ပိတ်ဆို့မှုကြောင့် တရုတ်သင်္ဘောတွေရော တခြားဘယ်နိုင်ငံက သင်္ဘောတွေပဲဖြစ်ဖြစ် ရေလက် ကြားကို ဖြတ်သန်းခွင့် ရတော့မှာ မဟုတ်ဘူးလို့ ဘစ်ဆင့်က သတင်းထောက်တွေကို အစောပိုင်းမှာ ပြော ကြားခဲ့ပါတယ်။

ကိုးကား - Reuters
Ref; US Treasury's Bessent says China has been unreliable partner by hoarding oil during war

#Ayeyarwaddy_Times
#HPC

7StarMyaing

ThreeStarMyaing

သတင်းပေးရန်>@Myaing3Star/
@myaing3starbot
သတင်းချန်နယ်ကြည့်ရှုရန်https://t.me/https7starmyaing
🌹သင်္ကြန်ဆုတောင်း 💐

မာပါစေ၊ ​ကျန်းမာပါစေ၊
ပန်းလိုမွှေး၊ ရေလိုအေးကာ၊
ထာဝစဉ် ရွှင်လန်းကြပါစေ၊
အေး... အေး... အေးချမ်းဖို့လေ၊
ဘေးဘယာတွေ ဝေးကွာစေဖို့လေ...။

လူထုခေါင်းဆောင် အမေ ဒေါ်အောင်ဆန်းစုကြည်
ကျန်းမာပါစေ" 🙏
အမေနှင့်တကွ ပြည်သူ့သမ္မတကြီးဦးဝင်းမြင့်နှင့်၊
နိုင်ငံရေးအကျဉ်းသားများ အားလုံး အမြန်ဆုံး လွတ်မြောက်ကြပါစေ".... 🌹

#ပြည်သူ့ခေါင်းဆောင်
#ချက်ချင်းလွှတ်
#SSN
#TTN

7StarMyaing

ThreeStarMyaing

သတင်းပေးရန်>@Myaing3Star/
@myaing3starbot
သတင်းချန်နယ်ကြည့်ရှုရန်https://t.me/https7starmyaing
5
🔴ယင်းမာပင်

ယင်းမာပင်နယ် တမာပင်ဂွရွာသို့ရောက်ရှိနေသော ခွေးစစ်ကြောင်းသည် တမာပင်ဂွရွာရှိပြည်သူပိုင်နေအိမ်များအား မီးရှို့ဖျက်စီးနေကြောင်းသိရ။

#MR
16.4.2026/8:30AM

7StarMyaing

ThreeStarMyaing

သတင်းပေးရန်>@Myaing3Star/@myaing3starbot

သတင်းချန်နယ်ကြည့်ရန်>https://t.me/https7starmyaing

သတင်းစကားဝိုင်း>https://t.me/+lG1a27nrqP0xYTA1
👍1
⚠️ ယင်းမာပင်မြို့နယ် သတင်း

ယင်းမာပင်နယ်တောင်ခြမ်းတမာပင်ခွကျေးရွာတွင် ညအိပ်တပ်စွဲခဲ့သော အကြမ်းဖက်မအလ၏ မယားပါသားများသည်လည်း *တမာပင်ခွကျေးရွာမှ တဆင့် အနောက်အရပ်သို့ စတင်ထွက်ခွါနေကြကြောင်း  သတင်းပေးပို့မှု ရရှိ။

Apr-16./ 9:05AM

7StarMyaing

ThreeStarMyaing

သတင်းပေးရန်>@Myaing3Star/@myaing3starbot

သတင်းချန်နယ်ကြည့်ရန်>https://t.me/https7starmyaing
👍1
ရေစကြို⚠️

ရေစကြိုနယ် အလယ်ကြောဖြတ်၍ တံတားဦးလေတပ်မှ ၂စီးမြောက် ဂျက်ဖိုက်တာ ၁ စီး အနောက်အရပ်သို့ ပျံသန်း။

#SAS
Apr 16, 10:03 AM
📬သတင်းပို့ရန် @SpringAeroScout_Bot
ရေစကြို⚠️

ရေစကြိုနယ် အနောက်ခြမ်းဖြတ်၍ တံတားဦးလေတပ်မှ ၂စီးမြောက် ဂျက်ဖိုက်တာ ၁ စီး အနောက်အရပ်သို့ ပျံသန်း။

#SAS
Apr 16, 10:05 AM
📬သတင်းပို့ရန် @SpringAeroScout_Bot
မြောင်⚠️

မြောင်နယ် အရှေ့တောင်ခြမ်းဖြတ်၍ တံတားဦးလေတပ်မှ ၃စီးမြောက် ဂျက်ဖိုက်တာ ၁ စီး အနောက်အရပ်သို့ ပျံသန်း။

#SAS
Apr 16, 10:05 AM
📬သတင်းပို့ရန် @SpringAeroScout_Bot
မြိုင်⚠️

မြိုင်နယ် အရှေ့ခြမ်းဖြတ်၍ တံတားဦးလေတပ်မှ ၂စီးမြောက် ဂျက်ဖိုက်တာ ၁ စီး အနောက်အရပ်သို့ ပျံသန်း။

#SAS
Apr 16, 10:06 AM
📬သတင်းပို့ရန် @SpringAeroScout_Bot