ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
638 photos
57 videos
505 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
Forwarded from Hlaing Info
ရွေးကောက်ပွဲကမ်ပိန်းမပူးပေါင်းလို့ဆိုကာ
စစ်အုပ်စုက ဖွေးဖွေးကိုဖမ်းဆီး

■အလင်း​ရောင် ပါအဖမ်းခံရဟုသတင်း​ထွက်​နေ

နိုဝင်ဘာလ ၆ ရက်

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဝါဒဖြန်ချီ​ရေးအ
တွက် မပူးပေါင်းလို့ဆိုပြိး သရုပ်ဆောင်ဖွေးဖွေးကို စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့ အနုပညာအသိုင်းအဝိုင်းကနေ သိရပါတယ်။

ပြင်ဦးလွင်မြို့မှာ ဇာတ်ကားရိုက်နေတဲ့ ဖွေးဖွေးကို စစ်ကောင်စီဘက်က လာရောက်ဖမ်းဆီးသွားတာလို့ အနုပညာလောကသားအချို့က People's Spring ကို အတည်ပြုပါတယ်။

"​ဖွေး​ဖွေးအဖမ်းခံရတာ​တော့​သေချာတယ်။အ
လင်း​ရောင်ကို​တော့အတည်မပြုနိုင်​သေးဘူး"လို့ အနုပညာ​လောကသားတဦးက​ပြောပါတယ်။

စစ်ကောင်စီအားပေးတဲ့ တယ်လီဂရန် ချန်နယ်တွေမှာလည်း "ရွေးကောက်ပွဲ လှူံ့ဆော်ရေးအတွက် ခေါ်နေတာ မလာတဲ့ အကယ်ဒမီများရှင်မင်းသမီးလေးပြင်ဦးလွင်မှာ အခေါ်ခံလိုက်ရပါပြီ” လို့ရေးသားပြီး နိုဝင်ဘာ ၆ ရက်ညမှာ ဝါဒဖြန့်ချီနေတာတွေ့ရပါတယ်။ ဒါအပြင်စစ်တပ်တယ်လီဂရန်ချန်နယ်တွေမှာတော့ စစ်ကောင်စီဘက်က ခေါ်ယူစစ်ဆေးပြီး ကမ်ပိန်းမှာပူးပေါင်းပါဝင်ပေးဖို့ စည်း
ရုံးနေတာလို့ဆိုပါတယ်။

စစ်အုပ်စုက အနုပညာရှင်တွေကို ရွေးကောက်ပွဲ ဝါဒဖြန့် ကန်ပိန်ယ​တွေမှာနိုဝင်ဘာ ၅ ရက်နောက်
ဆုံးထားပါဝင်ဖို့ ညွှန်ကြားထားပြီး လူသိများတဲ့ အနုပညာရှင်တွေထဲက အလင်းရောင် နဲ့ ဖွေးဖွေးက နိုဝင်ဘာ ၅ ရက် ညနေအထိ ဆက်သွယ်မရဘူးလို့ စစ်တပ်​အမာခံထောက်ခံတဲ့ကျော်မျိုးမင်းက လည်းပြောထားပါတယ်။

ကမ်ပိန်းမှာ မပါဝင်တဲ့ အနုပညာရှင်တွေကို အာ
ဏာသိမ်းကာလစတင်ချိန်ကပါဝင်ခဲ့တဲ့ အ
ကြောင်းပြချက်အပါအဝင် အခြားကိစ္စတွေနဲ့  စစ်အုပ်စုက အရေးယူမှာဖြစ်တယ်လို့ ကျော်မျိုးမင်းက ခြိမ်းခြောက်ပြောဆိုထားပါတယ်။

စစ်အုပ်စုက သူတို့စိတ်တိုင်းကျလုပ်ဖို့ပြင်​နေတဲ့ရွေးကောက်ပွဲ အတွက အနုပညာလောက  က နာ
မည်ကြီးသရုပ်ဆောင်တွေကိုသုံးထားတဲ့  ဝါဒဖြန့်ဇာတ်ကား ကို အောက်တိုဘာ နောက်​ဆုံးပတ်မှာ ထုတ်လွှင့်ခဲ့ပေမယ့် ပြည်သူတွေဘက်က အနု
ပညာရှင်တွေကို ​​ဝေဖန်ပြစ်တင်မှုတွေနဲ့အတူသပိတ်​မှောက်တာ( Boycott)နဲ့ လူမှု​ရေးပြစ်ဒဏ်ခတ်တာ( Social Punishment )​တွေလုပ်လာကြပါတယ်။

ဒါကြောင့် ​စစ်တပ်လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ မှာ အနုပညာရှင်အားလုံးကို အရေးပေါ် အစည်း
အဝေးခေါ်ပြီး ရွေးကောက်ပွဲ ကမ်ပိန်းအတွက်မဖြစ်မ​နေပါဝင်ပေးဖို့ နဲ့ မပါဝင်ရင်အရေးယူမယ့်အကြောင်း ခြိမ်းခြောက်ခဲ့ပါတယ်။

စစ်ကောင်စိီက သူတို့ရဲ့ ဝါဒဖြန့်ဇာတ်ကားကို ဝေ
ဖန်လို့ ၊ ဝေဖန်တဲ့ အကြောင်းအရာတွေကို ထောက်
ခံလို့ဆိုတဲ့ အကြောင်းပြချက်နဲ့လည်းစစ်တပ်က ဒါရိုက်တာ သုံးဦးနဲ့ သရုပ်ဆောင်နှစ်ဦးကို မတရား
ဖမ်းဆီးထားပါသေးတယ်။

ဒီ​နေ့ည ၈ နာရီခွဲမှာ စစ်တပ်​ထောက်ခံတဲ့ သတင်းဌာနတစ်ခုမှာတော့ ဖွေးဖွေး ပြန်လွတ်ပြီး အလင်း
ရောင် ထပ်အဖမ်းခံရတယ်လို့ သတင်းဖော်ပြထားပါတယ် ။ဒါ​ပေမယ့် အဲဒီအချက်အလက်​တွေကို လူထုနွေဦးအနေနဲ့ သီးသန့် အတည်ပြုနိုင်ခြင်းမရှိ​သေးပါဘူး။

#LNO
#HlaingInfo
1
Deleted Account
Photo
ရေစကြိုမှာ တော်လှန်ရေးတပ်စခန်း ၂ခု စီးနင်းခံရပြီး ရဲဘော် ၃ဦး ကျဆုံး၊ ၃ဦးဖမ်းဆီးခံရ

မတ်လ ၁၄ ရက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ စခန်း ၂ခု စီးနင်းခံရပြီး ရဲဘော် ၃ဦး ကျဆုံးခဲ့ရကြောင်း ဒေသတွင်းရဲဘော်အချို့က ပြောပါတယ်။

မတ်လ ၁၂ရက် မနက်ပိုင်းမှာ စစ်တပ်က ရေစကြိုမြို့နယ်၊ အနောက်တောင်ဘက်မှာရှိတဲ့ စဥ့်ကိုင်ကျေးရွာအနီးက တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ရဲ့ စခန်းကို ဝင်ရောက်စီးနင်းပြီး ရဲဘော် ၃ ဦးကို သတ်ဖြတ်သွားကြောင်း ဒေသတွင်း ရဲဘော်အချို့က ပြောပါတယ်။

ယင်းနောက် ကံသစ်ကျေးရွာအနီးက ပခုက္ကူခရိုင် တပ်ရင်း (၃)စခန်းကိုလည်း ဝင်ရောက်စီးနင်းခဲ့ပြီး ရဲဘော် ၃ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရေစကြိုဒေသတွင်းရဲဘော်အချို့က ပြောပါတယ်။

"ပါသွားတဲ့ရဲဘော်တွေက အရှင်ပါသွားတာလို့သိရတယ်။ စစ်ကြောင်းလာတာမသိပဲအိပ်ပျော်နေတာ။ စစ်ကြောင်းက ဖမ်းခေါ်သွားတာလို့သိရတယ်"လို့ ရဲဘော်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေမှာတော့ ရဲဘော် ၆ ဦးလုံး သတ်ဖြတ်ခံလိုက်ရတဲ့ပုံတွေနဲ့ ဖြန့်ဝေနေပြီး အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အဲဒီစစ်ကြောင်းနဲ့ ရေစကြိုပကဖအဖွဲ့တို့ မိနစ် ၂၀ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲဘော်တစ်ဦး ဒဏ်ရာတွေနဲ့ ပိတ်မိခဲ့လို့ ကယ်ထုတ်ခဲ့ရကြောင်း ရေစကြိုပကဖအဖွဲ့က ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

"ကျနော်တိုရဲဘော်တွေနဲ့တော့ထိတွေမှုမိနစ်၂၀လောက်ဖြစ်တယ်ဗျ။ ကျနော်တို့ ရဲဘော်တစ်ဦးက ဒဏ်ရာရပြီး ၃ နာရီလောက်ပိတ်မိနေတာ။"လို့ အထက်ပါ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ဒီကနေ့ညနေပိုင်းမှာ မြိုင်မြို့နယ်၊ ထနောင်းခလှကျေးရွာတောင်ဘက်ကိုရောက်ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ တပ်မ (၉၉)က စစ်ကြောင်းဖြစ်ပြီး ယခုနှစ် နှစ်စပိုင်းကတည်းက ရေစကြိုနယ်အတွင်း စစ်ကြောင်းထိုးနေကာ ကျေးရွာတွေကိုပါ မီးရှို့ဖျက်ဆီးနေတာကြောင့် ကျေးရွာတွေက ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

#LNO
6
ရေစကြိုမြို့မှာ သင်္ကြန်ရေကစားလာတဲ့လူငယ်ကို စစ်တပ်ပစ်သတ်လို့ သေဆုံး

ဧပြီလ ၁၅ ရက်

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ကို သင်္ကြန်ရေကစားလာတဲ့ လူငယ်တစ်ဦးကို စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်သတ်လို့ သေဆုံးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်တွေ အတင်းအဓမ္မပြုလုပ်နေပေမဲ့ ရေကစားတဲ့သူနည်းပါးပြီး ခြောက်ကပ်နေတဲ့ ရေစကြိုမြို့မှာ မြို့အဝင်ကင်းပုန်းဝတ်နေတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ပစ်သတ်မှုကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ဖြစ်စဉ်မှာ ဧပြီ ၁၃ ရက်(သင်္ကြန်အကြိုနေ့) နေ့လယ်ပိုင်းက ရေစကြိုမြို့နယ်၊ ရွာသစ်ကျေးရွာကနေ မြို့ပေါ်ကို ရေလာကစားတဲ့ (၁၈)နှစ်အရွယ် လူငယ်တစ်ဦးဟာ ရွာသစ်တောရိုးနဲ့ နှစ်ထောင်ပြည့်ရပ်ကွက်အနီးမှာ ပစ်သတ်ဖြတ်ခံရတာဖြစ်ကြောင်း ရေစကြိုသတင်းအချက်အလက် ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

"ဘာကြောင့်ရယ်လို့တော့ အသေအချာ မသိရဘူး။ ကင်းပုန်းတွေဝတ်နေပြီး မကြာခဏ ပစ်ခတ်သံတွေ ကြားနေရတယ်လို့ သိရတယ်"လို့ အထက်ပါကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

အသတ်ခံရတဲ့လူငယ်ရဲ့ အသေးစိတ်အချက်အလက်ကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

လက်တလော ရေစကြို မြို့ပေါ်က သင်္ကြန်မဏ္ဍပ်တွေမှာ စည်ကားမှုမရှိဘဲ စစ်ကောင်စီထောက်ခံသူတချို့သာ ရှိနေပြီး မြို့အဝင်၊အထွက်တွေမှာတော့ စစ်တပ်က ကင်းပုန်းဝပ်တာနဲ့ ပစ်ခတ်မှုတွေ ခပ်စိပ်စိပ်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းအပါအဝင် မြို့ကြီးတွေပေါ်မှာ သင်္ကြန်ပွဲကို စည်ကားအောင် ပြုလုပ်နေပြီး ကျေးရွာတွေကိုတော့ စစ်ကြောင်းထိုး မီးရှို့တာ၊ ပစ်ခတ်သတ်ဖြတ်တာတွေ ပြုလုပ်နေပါတယ်။

#LNO

7StarMyaing

ThreeStarMyaing

သတင်းပေးရန်>@Myaing3Star/
@myaing3starbot
သတင်းချန်နယ်ကြည့်ရှုရန်https://t.me/https7starmyaing
1
Forwarded from Aung Pwel Info
ဒေါ်အောင်ဆန်းစုကြည်ကို လျစ်လျူမရှုဘူးလို့ တရုတ်နိုင်ငံခြားရေးပြောရေးဆိုခွင့်ရှိသူဆို

ဧပြီလ ၃၀ ရက်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ရဲ့ မိတ်ဆွေဟောင်းဖြစ်ပြီး သူမရဲ့အခြေအနေကို လျစ်လျူရှုမထားဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန့်က ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ဒီနေ့ ဧပြီ ၃၀ရက် သတင်းစာရှင်းလင်းပွဲမှာ AFP သတင်းဌာနက နိုင်ငံခြားရေးဝန်ကြီးဝမ်ယိရဲ့ နေပြည်တော်ခရီးစဥ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်း
ဆီးထိန်းသိမ်းထားတဲ့အခြေအနေကို ထည့်သွင်းဆွေးနွေးခဲ့တယ်ဆိုရင် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ဘာများပြောနိုင်မလဲလို့ မေးမြန်းခဲ့မှုကို ပြောရေးဆိုခွင့်ရှိသူ လင်းကျန့်က အခုလို ဖြေကြားခဲ့တာပါ။

“နိုင်ငံခြားရေးဝန်ကြီးဝမ်ယိရဲ့ မြန်မာပြည်ခရီးစဥ်နဲ့စပ်ဆိုင်တဲ့ ထုတ်ပြန်ချက်တွေ ထုတ်ပြန်ပြီးပါပြီ။ ဒေါ်အောင်ဆန်းစုကြည်က တရုတ်ရဲ့ မိတ်ဆွေဟောင်းတစ်ဦးပါ။ သူမရဲ့အခြေအနေနဲ့ပတ်သက်လို့ အမြဲပဲ ကျွန်တော်တို့ စိတ်ထဲရှိပါတယ်။ တရုတ်နဲ့ မြန်မာက ရင်းနှီးတဲ့ အိမ်နီးချင်းတွေပါ”လို့ တ
ရုတ်နိုင်ငံခြားရေးပြောရေးဆိုခွင့်ရှိသူက​ပြောပါတယ်။

ဒါ​ပေမယ့် ပြည်သူ​တွေစိုးရိမ်​နေတဲ့ ​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ကျန်းမာ​ရေး ၊သက်ရှိထင်ရှားရှိ၊မရှိ
၊​တွေ့ခွင့်ရခဲ့ခြင်း ​တွေ့ခွင့်​တောင်းခဲ့ခြင်းရှိ၊မရှိ စတဲ့ အ​ခြေအ​နေ​တွေကို တိတိကျကျ​​ပြောကြားခဲ့တာ
မရှိပါဘူး။ စစ်တပ်လွှတ်​တော်​က​နေ အာဏာသိမ်း​ခေါင်း​ဆောင်ကို သမ္မတအဖြစ်​ကြေညာပြီး​​နောက်ပိုင်း ထိုင်းနဲ့ တရုတ်နိုင်ငံခြား​ရေးဝန်ကြီး ၂​ဦးလာခဲ့တာမှာ ခရီးစဥ်အပြီးသတင်းဌာန​တွေရဲ့​မေးမြန်းမှုကို​ဖြေကြားတဲ့အခါ​ဒေါ်​အောင်ဆန်းစုကြည်အ​ကြောင်းထည့်သွင်း​ပြောကြားခဲ့ကြ​ပေ
မယ့် တိတိကျကျ မ​ပြောကြတာ​တွေ့ရပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က
အာဆီယံနိုင်ငံတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ စိုးရိမ်နေကြတဲ့အကြောင်း  အာဏာသိမ်းစစ်ခေါင်းဆောင် ကို ပြောတဲ့အခါ အာဏာသိမ်းစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာ ကြည့်ရှုစောင့်ရှောက်ထားကြောင်းနဲ့ ကောင်းမွန်တဲ့အခြေအနေတစ်ခုဖြစ်လာဖို့ ချင့်ချိန်စဥ်းစားနေကြောင်း မင်းအောင်လှိုင်ကပြောဆိုခဲ့တယ်လို့ ဆိုခဲ့တာပါ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ဧပြီ ၂၅-၂၆ နှစ်ရက်ကြာခရီးစဥ်အဖြစ် နေပြည်တော်ကို လာရောက်ခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့
ဆုံခဲ့ပါတယ်။ အဲဒီခရီးစဥ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ ဆွေးနွေးခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ကရော၊ တရုတ်ဘက်ကပါ သတင်းထုတ်ပြန်ခြင်းမရှိပါဘူး။ ဒါပေမဲ့ ခရီးစဥ်အပြီး ၅ ရက်အကြာမှာ တရုတ်နိုင်ငံခြားရေးဝန်
ကြီးဌာနက ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ အထက်ပါအတိုင်း ဖြေကြားလာတာ ဖြစ်ပါတယ်။

ဝမ်ယိခရီးစဥ်မတိုင်ခင်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ကို တစ်ညအိပ်သွားရောက်ခဲ့ပြီး အဲဒီတုန်းက အာဆီယံနိုင်ငံတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ကျန်းမာရေးအခြေအနေကို စိုးရိမ်နေတဲ့အကြောင်း ထည့်သွင်းမေးမြန်းဆွေး
နွေးခဲ့တယ်လို့ ဆိုပါတယ်။အာဏာသိမ်းစစ်ခေါင်း
ဆောင်က ဒေါ်အောင်ဆန်းစုကြည်ကို ကောင်း
ကောင်းမွန်မွန်ထားရှိကြောင်းနဲ့ ကောင်းတဲ့အရာတွေ ဖြစ်လာဖို့ ချင့်ချိန်စဥ်းစားနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ပြောကြားခဲ့ကြောင်း သိရပါတယ်။

ဒါပေမဲ့ အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတော်အ
တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်မှာထားရှိသလဲဆိုတာ ဘယ်သူ့ကိုမှ အသိမပေးသလို သူမရဲ့ ရှေ့နေအဖွဲ့၊ NLD ထိပ်ပိုင်းခေါင်း
ဆောင်တွေအပါအဝင် သူမရဲ့ သားဖြစ်သူနဲ့လည်း ပေးတွေ့တာ မရှိပါဘူး။ ကုလသမဂ္ဂအထူးကိုယ်
စားလှယ်၊ အာဆီယံအထူးကိုယ်စားလှယ်တို့အပါ
အဝင် မကြာသေးမီက လာရောက်ခဲ့ကြတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့နဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ကို ပေးမတွေ့ခဲ့ပါဘူး။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်က သူရဲ့မိခင် သက်
ရှိထင်ရှားရှိသေးကြောင်း သက်သေပြဖို့ Proof of Life ကမ်ပိန်းကို လုပ်ဆောင်နေပြီး ပြည်တွင်း၊ ပြည်ပက မြန်မာတွေလည်း အဲဒီကမ်ပိန်းမှာ ပါဝင်ဆင်နွှဲနေကြပါတယ်။

အာဆီယံနဲ့ ကုလသမဂ္ဂကလည်းဒီမိုကရေစီနည်း
ကျ မြန်မာပြည်သူလူထု ရွေးချယ်တင်မြှောက်ထားတဲ့ နိုင်ငံရေးခေါင်းဆောင်ဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါ
အဝင် နိုင်ငံရေးအကျဥ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ အာဏာသိမ်းစစ်အုပ်စုကို တောင်းဆိုထားကြပါတယ်။

(တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်
ရှိသူ လင်းကျန့်။ဓါတ်ပုံ-MOFAPC)
#LNO
#Aungpwel
3
🥷"Dae" (အငယ်ကောင်)🚩⚔️
Photo
ဆောမြို့နယ်မှာ တပ်မ(၉၉)စစ်ကြောင်းထံက လက်နက်ခဲယမ်းတွေ ထပ်မံသိမ်းရ

ဩဂုတ်လ ၁ ရက်

မကွေးတိုင်း၊ဆောမြို့နယ်မှာ စစ်တပ်ရဲ့ တပ်မ(၉၉)စစ်ကြောင်းထံက လက်နက်ခဲယမ်းတွေ ထပ်မံသိမ်းရတယ်လို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

တပ်မ(၉၉)စစ်ကြောင်းတွေဟာ ဆောမြို့နယ်၊ လောင်းရှည်မြို့ကတဆင့် ဆောနဲ့ဆိပ်ဖြူလမ်းပိုင်းပေါ် တက်နိုင်ဖို့ ကြိုးစားနေပေမယ့် တော်လှန်ရေးတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် အထိနာနေဆဲလို့ ဆိုပါတယ်။

" လက်နက်ခဲယမ်းတွေ ထပ်ရထားတာ ရှိတယ်။ ပထမ ထုတ်ပြန်ချက်မှာပါတဲ့ လက်နက်တွေဆိုရင်လည်း တပြိုင်တည်းတခါတည်းရတာမဟုတ်ဘူး။ တရက်တခါရလိုက် နှစ်ခါသုံးခါ ရတဲ့ဟာကို စုပြီး တော့မှ ထုတ်ပြန်တာမျိုးလေ။အခုနောက်ပိုင်းရက်တွေမှာလည်း လက်နက်၊ခဲယမ်း တွေ ထပ်ရတာတွေလည်းရှိတယ် ကြားတယ်"လို့ လောင်းရှည်‌မြို့က တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူက ပြောပါတယ်။

ဇူလိုင် ၁၆ ရက်ကစပြီး လောင်ရှည်မြို့ကနေ ဆောမြို့ကို အင်အား ၃၀၀ခန့်နဲ့ တပ်မ (၉၉)က စစ်ကြောင်းထိုးခဲ့တာဖြစ်ပေမယ့် ပြည့်သူ့ကာကွယ်ရေးတပ်မတော်(PDF) ခရိုင်စစ်ဌာနနဲ့ တပ်ရင်း၊တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ဆုတ်ခွာခဲ့ရပါတယ်။

ဒါ့အပြင် ဇူလိုင် ၂၅ ရက်ကလည်း အင်အား ၁၈၀ ခန့် ပါတဲ့ စစ်တပ်စစ်ကြောင်းက လေကြောင်းပစ်ကူယူပြီး မြေပြင်၊ဝေဟင် ထိုးစစ်နဲ့ ဒုတိယအကြိမ် ထိုးစစ်ဆင်ခဲ့ပေမယ့် မကွေးတိုင်းစစ်ဌာန တပ်ရင်းတပ်ဖွဲ့တွေ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့တာကြောင့် အထိနာပြီး ထပ်မံဆုတ်ခွာသွားခဲ့တယ်လို့ မကွေးတိုင်းစစ်ဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဇူလိုင် ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီဆုတ်ခွာသွားတဲ့ စစ်ကြောင်းတွေကို လိုက်လံတိုက်ခိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးမှာ လက်နက်ခဲယမ်းတွေ၊ ရိက္ခာတင်ကား (၃) စီး၊ ရိက္ခာတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အသိပေးပါတယ်။

ဇူလိုင် ၂၈ ရက်ထိ စစ်ဆင်ရေးတွေမှာ စစ်တပ်ရဲ့ စစ်သုံ့ပန်း ၉ ဦး ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

"စစ်မှုထမ်းအင်အား အများအပြားရှိနေတဲ့ စစ်ကောင်စီကသူ့တပ်သားတွေ ထက် လက်နက်ကို ပိုတန်ဖိုးထားနေတာလေ။အခု သူတို့ ဘယ်လောက်သေလဲ ဆိုတာထက် လက်နက်တွေ ထပ်ရတာနဲ့ သိနိုင်တယ်"လို့ ဆောမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဇူလိုင် တတိယပတ်ကနေ ဇူလိုင် စတုတ္ထပတ်အထိ တပ်မ(၉၉)စစ်ကြောင်းထံက MA-1 သေနတ် လေး လက်၊ MA-3 သေနတ် သုံး လက်၊ ရှော့ဂန်းသေနတ် နှစ်လက်၊ RPG ပြောင်းနှစ်လက်၊ ၄၀ မမ ၅၁ လုံး၊ ၆၀ မမ ၁၄၄ လုံး၊ ၈၁ မမ အသီး ၁၉ လုံး၊ ၁၂၀ မမ အသီး၂၂ လုံး၊ ရှော့ဂန်း ကျည်၂၅ တောင့်၊ ၅.၅၆ ကျည် ၅၆၁၅ တောင့်၊ ၇.၆၂ သုံးမျိုးသုံးကျည် ၃၇၉ တောင့်၊ MG 42 ကျည် ၁၄၁၅ တောင့်၊ လက်ပစ်ဗုံး၅ လုံး၊ အီနာဂါ-၆ ခု၊ RPG အဖူး-၁၄ ဖူး၊ RPG ပို့ကျည်- ၁၅ တောင့်၊ MG 42 ပြောင်းပို- ၂ ခု၊ MG 42 ကျည်ခါးပတ်- ၄ ခု၊ နင်းမိုင်း- ၉ လုံး၊ တိုက်မိုင်း- ၁ လုံး၊ ရှေ့ထွက်မိုင်း- ၁၁ လုံး၊ ဒရုန်းဗုံးသီး- ၂၂ လုံး၊ ကျည်ကာဦးထုပ်- ၁၄ လုံး၊ equipment- ၂ စုံ၊ ကျည်ကာ ဦးထုပ်- ၁၄ လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဓား ၁၀ ချောင်း၊ GBP-128 မိုင်းရှင်းစက်ပုံး- ၃ ပုံး၊ ကား- ၃ စီး၊ Drone Jumper-၁ ခု၊ Drone Controller-၁ ခု၊ ဒရုန်းပစ္စည်းထည့် ပုံးကြီး- ၁ ပုံး၊ ဖုန်းအထိုင်ခွက်- ၂ ခု၊မီးစက်-၂ လုံး၊ မီးကြိုးခွေ- ၂ ခု၊ Battery Charger- ၅ ခု၊ Solor Conductor - ၁ ခု၊ RPG ချိန်ဆိုဒ်- ၂ ခု၊ဆေးပစ္စည်း- ၂အိတ်၊ ဆန်အိတ်- ၅၅ အိတ်၊ ကြက်သွန်ဖြူ- ၁၅ အိတ်၊ ရွှေဖီဦးအထုပ်ကြီး-၁၄ အိတ်နဲ့ Starlink-၁ လုံး ကို သိမ်းနိုင်ခဲ့တာတွေ့ရပါတယ်။

အာဏာသိမ်းစစ်တပ်ကို စစ်မျက်နှာအသီးသီးမှာ တိုက်ပွဲဝင်နေတာကြောင့် တက်စွမ်းသ၍ ကူညီကြဖို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က မေတ္တာရပ်ခံထားပါတယ်။

(ဆောမြို့နယ်တိုက်ပွဲတွေအတွင်း တပ်မ(၉၉)ထံက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - PDF)
#LNO
#HlaingInfo
#7starmyaing
👍31