ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
"မဲနှိုက်ပြီး စစ်မှုထမ်း ပါသွားရင်ရော PDF က သတ်မှာလား"

စစ်ရှုံးကောင်စီကနေ စစ်မှုထမ်း ဥပဒေ ပြဌာန်းပြီး နည်းမျိုးစုံနဲ့ စစ်မှုထမ်းခိုင်းဖို့ လူသစ်စုဆောင်းတာတွေ လုပ်ခဲ့ချိန်မှာ ပြည်သူတွေရဲ့ မေးခွန်းပေါင်း မြောက်မြားစွာ ထွက်ပေါ်လာခဲ့ပါတယ်။

အများဆုံး သိချင်ကြတဲ့ မေးခွန်းက-

စစ်မှုထမ်းဖို့ မတရား ဖမ်းဆီးခံရသူတွေ၊ မဲနှိုက်ပြီး ပါသွားသူတွေ၊ ကိုယ်တိုင် စစ်မှုမထမ်းလိုသော်လည်း အကြောင်းအမျိုးမျိုးကြောင့် စစ်တပ်ထဲကို ဝင်ခဲ့ရသူတွေကို ရှေ့တန်းရောက်ရင် PDF က သတ်မှာလား ဆိုတဲ့ မေးခွန်းပါ။

အကြမ်းဖက် စစ်တပ်ရဲ့ အဝန်းအဝိုင်းထဲကို ရောက်သွားပြီ ဆိုကတည်းက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက စစ်ခွေးအဖြစ် သတ်မှတ်မှာပါပဲ။ ခွေးဝတ်စုံ ဝတ်ထားတဲ့ စစ်ခွေးတစ်ကောင်ကို ဘာ့ကြောင့် စစ်တပ်ထဲကို ဝင်ရောက်လာတာလဲ ဆိုတဲ့ အတွေးမျိုး ဘယ် PDF ကမှ တွေးနေမှာ မဟုတ်ပါဘူး။ မျက်စိရှေ့ ရောက်လာတာနဲ့ ချက်ချင်း သတ်မှာပါ။

ဧပြီလ (၁၂) ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အရာတော် ဖြစ်စဉ်ကို ကြည့်ရင်-

မုံရွာ နမခ ကနေ အရာတော် စစ်သင်တန်းကျောင်းကို ပို့မယ့် စစ်သားသစ်တွေ ခေါ်ဆောင်လာတဲ့ စစ်ကား ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာမှာ တပ်သားသစ် ၂၀ သေဆုံးခဲ့ပြီး ၄၅ ဦး အရှင် အဖမ်းခံရတယ်။

ဒီကောင်တွေ သင်တန်းဆင်းပြီး ခွေးတပ်ထဲ ရောက်သွားလို့ ရှေ့တန်းထွက်ရရင် ပြည်သူကို မသတ်ဘူး၊ မြို့တွေ ရွာတွေကို မီးမရှို့ဘူးလို့ ဘယ်သူ အာမခံမလဲ?

အဲ့တော့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ အနေနဲ့ အခွင့်သာတာနဲ့ လက်ဦးမှု ရယူပြီး လုပ်သင့်တာကို လုပ်ကြမှာပါ။ ခွေးတပ်ထဲ ရောက်သွားပြီ ဆိုကတည်းက အချိန်မရွေး အသတ်ခံရနိုင်တယ် ဆိုတာကို အမှတ် (၁) စစ်ဒေသက ရှင်းလင်းတဲ့ မက်ဆေ့ချ် ပေးလိုက်တာပါပဲ။

အသတ် မခံရချင်ရင် မသေချင်ရင် စစ်ခွေးတပ်နဲ့ လွတ်ကင်းအောင် နေကြ၊ ဒါပဲ ရှိပါတယ်။

ဒါနဲ့ အခုလို အသတ်ခံရတဲ့ တပ်သားသစ်တွေ အတွက်ကိုရော စစ်တပ်က ဘယ်လို တာဝန်ယူမယ် ထင်ပါသလဲ? နစ်နာကြေးတွေ ဘာတွေ မိသားစုကို ပေးမယ် ထင်လား?

သေဆုံးကြောင်းကိုတောင် မိသားစုဆီ အကြောင်းကြားမှာ မဟုတ်တာမို့ ခွေးတပ်ထဲ ရောက်သွားပြီ ဆိုကတည်းက သေလူလို့ သတ်မှတ်ပြီး ရေစက်ချ စွန့်လွှတ်လိုက်တာ အကောင်းဆုံးပဲလို့ အကြံပေးချင်ပါတယ်။

စစ်အာဏာရှင် လူပါးဝသမျှ ခေါင်းငုံ့ခံပြီး ခွေးတပ်ထဲ ဝင်ချင်ကြသေးရင်လဲ သဘောပါပဲ.. 😈

#4C_TruthNews
ပြင်ဦးလွင် နောက်ဆုံးရ သတင်း
-----------------------------------

ဧပြီလ ၁၄ ရက်နေ့ ဒီကနေ့ ည ၉ နာရီ ၁၅ မိနစ် အချိန်ခန့်မှ စတင်ကာ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ စစ်ရှုံးကောင်စီရဲ့ စစ်တက္ကသိုလ် DSA ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခံခဲ့ရရာ ကျောင်းဝန်းထဲကို (၁၁) လုံးတိတိ ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။

လက်ရှိ အချိန်မှာ DSA ကျောင်းဝန်း တစ်ခုလုံးကို မီးတွေပိတ်ချကာ နှာခေါင်း ထယ်ထိုးပြီး ပုန်းအောင်းနေကြရကြောင်း၊ အဆောက်အအုံတွေ ထိမှန်မှု ရှိပေမယ့် ထိခိုက် သေဆုံးမှုကို သေချာ မသိရသေးကြောင်း သတင်းရင်းမြစ်က ပြောဆိုပါတယ်။

ပြင်ဦးလွင် မြို့ထဲမှာ စစ်ကားတွေနဲ့ လှည့်ပတ်နေပြီး စစ်ရှုံးကောင်စီတပ်က သံဘိုဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသန်း ပစ်ခတ်နေကြောင်း၊

ခွေးပု မင်းအောင်လှိုင်က ပြင်ဦးလွင်ကို မနေရဲတာကြောင့် ယောင်ပြပဲ အနေပြကာ ဒီကနေ့မှာပဲ နေပြည်တော်ကို ပြန်ပြေးသွားကြောင်း အတည်ပြု သိရှိရပါတယ်။

#4C_TruthNews
Forwarded from The Net
၂၀၂၄ ခုနှစ် ဧပြီ ‌၁၆ သင်္ကြန်အတက်နေ့ စစ်ရေးသတင်း ကောက်နုတ်သုံးသပ်ချက်

မန္တလေး 💪💪💪

မအလရဲ့ပြင်ဦးလွင် ဂယက်က "မရှိတဲ့ဂယက် ဟက် တက်ကွဲ"တယ်။နပတကို ထုတုန်းက တာချီလိတ်ကို ရောက်နေလို့ ကံကောင်းသလို ရှိပေမယ့် ညီငယ်လေး စ၀ ရတခ မော်လမြိုင်မှာ ခံလိုက်ရတယ်။မဟုတ်ရင် လက်ဘက်ခြောက် သင်္ကြန်တွင်း ငုတ်တုတ်ကြီး ထိုင်ပြလာမှာပေါ့။အောက်က အငယ်တွေတုန်းက နာရေးကို ကြိတ်ပြီးလုပ်ခိုင်းခဲ့တဲ့ ခေါင်းကြီးပိုင်းတွေ ၀ဋ်ဆိုတာ လည်တယ်နော်။ကြိတ်ငို ဟုတ်ပြီလား။အသံမထွက်စေနဲ့။ရာနှုန်းပြည့် သေချာပြီဆိုရင် ရှိတ်ကြ Dance ကြမယ်ဗျာ။အခု ဟုတ်ကိုဟုတ်နေပြီ။အကျ နေ့ညမှာ မာဃလုလင်နဲ့ ပါလာတဲ့ ၁၀၇ မမကြောင့် ဘယ်ကိုပြေးလို့ ပြေးရမှန်း မသိတတ်သေး။နောက် ဆုံး ဖြစ်ချင်ရာဖြစ် ဖားကောက်တဲ့ဘက် သွားတယ်လို့တော့ သိရတယ်။လပခဂွင်ထဲမှာ နေရာမသိလို့ ပူမနေကြနဲ့။ဘယ်ရောက်ရောက် ထပ်လုပ်ခံရမှာဘဲ။

ရှမ်းမြောက် 💪💪💪

စစ်ပြင်နေကြတဲ့ ရှမ်းမြောက်က မအလ ရှော့ဒုံးနဲ့ အကင်ခံရပြီးတဲ့နောက်နေ့မနက် လင်းအားကြီးချိန်မှာ နောင်ချိုမြို့အစပ် သရက်ကုန်းရွာမှာ တပ်စွဲထားတဲ့ စကစ စခန်းတစ်ခုကို စီးနင်းတိုက်ခိုက်လျက်ရှိပါတယ်။တစ်ခါကသိခဲ့တဲ့ သံဘိုနဲ့လွန်စွာ မဝေးလှတဲ့ နေရာမှာပေါ့ဗျာ။ညနေပိုင်းမှာပဲ ခဲယမ်း နည်းပါးလာပြီလို့တော့ အော်သံစကြားနေရပါပြီ။

ရှမ်းတောင် 💪💪💪

ညောင်ရွှေမြို့နယ် ညောင်လေးပင်ရွာအနီး အ‌ခြေပြုထားတဲ့ ဒေသခံကာကွယ်ရေးစခန်းတစ်ခုကို စကစမှ သာလွန်အင်အားနဲ့ စီးနင်းတိုက်ခိုက်လာပါတယ်။အင်းလေး၊ ဖယ်ခုံ နဲ့ FBR က ကြယ်ပွင့်တွေ ကြွေလွင့်ခဲ့ရပါတယ်။

ကရင်နီ 💪💪💪

ဆီဆိုင် မြို့နယ်ထဲမှာ နယ်မြေရှင်းလင်းလာတဲ့ စကစ စစ်ကြောင်းကို တခွန်းခေါ် ကျေးရွာအနီးမှာ KNDF နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ စောင့်ကြိုတိုက်ခိုက်နိုင်ခဲ့ပါတယ်။နှစ်နေရာကနေ ကြားဖြတ် တိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက် စကစ မွင်းနား ၁၃ ပွဲ ဖြစ်သွားပါတယ်။ကိုယ့်ဘက်ကလည်း အဖိတ်အစင် အထိအရှ ရှိနိုင်ပါတယ်။

ကရင် 💪💪💪

မြ၀တီကတော့ အားလုံးသိပြီးတဲ့ အတိုင်းပါဘဲ။မြ၀ တီကိစ္စ ကျွန်တော် လက်ရှောင်တာ မဟုတ်ရပါ။စစ်ရေး ၊နိုင်ငံရေး အနေအထားဆိုတာ အချိန်နဲ့ အမျှ ပြောင်းလဲနေတတ်မြဲပါ။မြ၀တီကို အပြီးတိုင်သိမ်းနိုင်ဖို့ဆိုတာ စစ်ရေးအင်အားအရဆိုရင် လက်ခတ်တောင်ရပြီးတည်းက လုပ်ရင်ရတဲ့ အနေအထားလို့တောင် ဆိုချင်ပါတယ်။သို့သော် ဒါပေမယ့် ပေါ့ဗျာ။ မျှော်လင့်ချက် အရမ်းကြီးတော့ စိတ်ထင့်သွားကြရမှာပေါ့။

မြဝတီ မြို့အ၀င်ဆိုင်းဘုတ်နဲ့ ဓါတ်ပုံတွေတက်တော့ "ပခုက္ကူလေဆိပ်ရှေ့ ဓာတ်ပုံရိုက်ပြတာ အမှတ်ရမိတယ်"လို့ ကျွန်တော်ပြောတုန်းက သိပ်မကြိုက်ကြဘူးဆိုတာ သိလိုက်ရလို့ ထိန်းထိန်းသိမ်းသိမ်းဘဲ ချပြဖြစ်တော့တယ်။အခုက မြေပြင်မှာ လုပ်ကိုင်နေတဲ့သူတွေကို အပြစ်ပြောနေခြင်းမဟုတ် ရှေးမဆွတည်းက ဖြစ်နိုင်ချေနည်းတဲ့ အခင်းအကျင်းကို တွေ့နေရလို့ပါ။ပြောရရင် မောင်ချစ်သူက ပိုင်သက်ကျော်မှ မ ဟုတ်တာ ရေဘဝဲလို လက်တံတွေနဲ့ ဆိုတာ သိနေလို့ပါ။စစ်ကူယာဉ်တန်းက အခုထိ မြ၀တီကို ‌မရောက်သေးဘူးဆိုတာ သေချာသလောက်ဆိုတော့ ချော ချောမောမော လာလို့မရဘူးဆိုတာ သေချာတယ်။

စ၀ နောက်ဆုံးပုံဖော်တာဖြစ်တဲ့ ခြေလျင် တင့် ပူး ပေါင်းစစ်ဆင်ရေးဟာ ဖားစည်မြေမှာ ဘယ်လောက်အလုပ်ဖြစ် မဖြစ်ဆိုတာ သင်ခန်းစာဖော်ထုတ်ဖို့ စကစဘက်ကစောင့်နေကြတယ်။ကြာအင်းဆိပ်ကြီးမြို့ နယ် တောင်စွန်းစခန်းကို ဖထီးတို့ ပူးပေါင်းအဖွဲ့တွေ အင်အား ၃၀၀ လောက် လက်နက်ကြီး၊လက်နက်ငယ် ၊ Drop Bomb တွေနဲ့ မြိုင်မြိုင်ကြီး အ၀ကျွေးနေပါတယ်။ဖာပွန်လက်ကျန်တပ်ရင်းကိုလည်း ပူးပေါင်းအဖွဲ့တွေက Drone သုံးပြီး Drop Bomb အလုံး နှစ်ဆယ်နီးပါးသုံးပြီး သင်္ကြန်လက်ဆောင်ပေးထားပါသေးတယ်။

ရာမည 💪💪💪

ရတခ တိုင်းစစ်ဌာနချုပ်ရှိရာ မော်လမြိုင်မှာလည်း ပွဲအချို့ ရှိတဲ့ပုံပါ။မုန့်ဟင်းခါး ၁၉ ပွဲ နဲ့ ဒါန်းစီး ၅ ယောက်လို့တော့ သိရတယ်။ဘယ်မှာ ဖြစ်တယ်ဆိုတာ သိရရင် ပြောပေးပါ့မယ်။သင်္ကြန်ကာလအတွင်းဘဲ ဖြစ်မလား။သင်္ကြန်ပြီးမှလားတော့ မသိရသေးပါဘူး။စစ်ကိုင်းတိုင်းထဲက နေရာတစ်ချို့ နဲ့ မိုးကုတ်မြို့နယ် ၀န်းကျင်တွေကို လေကြောင်းတိုက်ခိုက်မှု လုပ်ရန်ရှိနေပါတယ်။

ပဲခူးတိုင်း 💪💪💪

ပေါင်းတည်မြို့နယ် ကိုင်းကွင်းကျေးရွာ အရှေ့တောင်ဘက်မှာ စကစရဲ့ စစ်ကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ လှည့်ကင်းတွေ့ဆုံထိတွေ့မှု အနည်းငယ်ရှိပါတယ်။အင်အားအရ ရေရှည်တိုက်ပွဲ ဆင်နွှဲရန်မဖြစ်တဲ့ အနေ အထားမို့ ကာကွယ်ရေးတပ်ဖွဲ့တွေဟာ အချိန်မီ ဟန့်စစ်ဆင် ဆုတ်ခွာနိုင်ခဲ့ပါတယ်။စာအုပ်ရောင်းသမားနှစ်ယောက် ဖြစ်အောင်တော့ စွမ်းဆောင်နိုင်လိုက်ပါသေးတယ်။

"နှောင်းလျင် တန်ခူး" လို့ ဆိုခဲ့ပါတယ်။တန်ခူးလလည်း ရက်သိပ်မကျန်တော့ပါဘူး။တော်လှန်ရေး အရွေ့အပြောင်း အောင်ပွဲတွေ အမြန်ဆုံးနဲ့ အများဆုံး ရယူထားရမယ့် အချိန်ပဲဖြစ်ပါတယ်။မိုးကျလာလျင် တိုက်ပွဲဖော်ဆောင်မှု ကန့်သတ်ချက်များ ရှိလာအုံးမှာ ဖြစ်ပါတယ်။

အညာမြေလတ် 💪💪💪
Forwarded from The Net
အညာနဲ့ မြေလတ်ဆိုရင် မီးရှို့ခံရတာ အညာက ပိုများသပေါ့ဗျာ။မြေလတ်ကျတော့ လူရှို့ခံရတယ်လို့ ဆိုချင်တယ်။မြေလတ်ဒေသတွေမှာ တော်လှန်ရေး စိတ်အပြည့်ရှိပေမယ့် အခြေအနေ မပေးပြန်ဘူး။ဒါပေမယ့် ကိုယ့်နယ်မြေတွင်း အဖွဲ့တွေကို တိုးတိုး တိတ်တိတ် ထောက်ပံ့ကူညီတယ်။အဲဒီမှာ စကစဘာလုပ်လဲဆိုတော့ နယ်ခံ အရာရှိဇနီးတွေကို သူတို့ဇာတိတွေ ပြန်လွှတ်ထားတယ်ပတ်၀န်းကျင်ကို အသံလွှင့်တော့လည်း သူ့ယွကျားက CDM မလုပ်လို့ ကွာထားတာလိုလို ဘာလိုလို ဇာတ်နာပြထားပြန်ရော။တကယ် တမ်းက ဆဲလ်ထည့်ထားတာ။ပြီးတော့ သူတို့တပ်က ဘယ်သွားတယ်။ဘယ်လာတယ်။ဘယ်သူကတော့ ကျသွားတယ်။ထွက်ပြေးတယ်။လျော်ရတယ်ဆိုတဲ့ အဖိုးမတန်တဲ့ သတင်းတွေပေးပြီး ၀င်လုံးတယ်။

ပြီးမှ ရသမျှ အချက်အလက်အကုန်ယူတယ်။တပ်ကနေတဆင့် လှရွှေတို့ကို လက်တို့ပြီး ဆွဲစိခိုင်းတယ်။အဲလိုပြောလို့ သူ့ကို အဖက်မလုပ်ရင်လည်း အနီဆိုပြီး ခေါင်းစဉ်တပ် ဆွဲစိခိုင်းတယ်။အဲလိုနဲ့ ဒလန်ထက်ဆိုးတဲ့ ဒလက်ဆိုတာ အဲဒါဘဲ။ရပ်ထဲ ရွာထဲဆိုတာ ကိုယ်တွေက လူများပါတယ်။ပါးပါးလေး ပုတ်ပေး လိုက်စမ်းပါဗျာ။အဲဒီ မြေလတ်ဘက်မှာ ဒီလို ဒလက်တွေ တော်တော်များများ နေရာယူထားပါတယ်။မနေ့က Comment တွေကို React .Reply မပြန်ဖြစ်တာ တောင်းပန်ပါတယ် ခင်ဗျာ။ဒီနေ့ အတက်နေ့ဆိုတော့ ဘယ်သူတွေ ကျွန်တော်နဲ့ အတူရှိမလဲဆိုတာလေးတော့ သိချင်ပါတယ်။ကဲ .... သင်္ကြန်ရက်မှာဘာတွေလုပ်ဖြစ်ကြလဲဆိုတာလေး မန့်မှာရေးသွားပေးကြပါ ခင်ဗျာ။

၂၀၂၄

#ZinYawCaptain
"မြ၀တီမြို့သို့ စစ်ကူလာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ သေဆုံးနှင့် ထိခိုက် ၁၀၀ နီးပါးရှိ"

KNLA ဦးဆောင်တဲ့ တော်လှန်ရေး မဟာမိတ်တပ်တွေက သိမ်းပိုက်ထားတဲ့ မြ၀တီမြို့သို့ စစ်ကူ တက်လာတဲ့ စစ်ရှုံးကောင်စီရဲ့ စစ်တပ်စစ်ကြောင်းကို ဧပြီလ ၁၂ ရက်နေ့တွင် ကြားဖြတ်ဟန့်တား တိုက်ခိုက်နိုင်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ သေဆုံးနှင့်ထိခိုက် ၁၀၀ နီးပါးရှိကြောင်း KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ရိုက်တာ သတင်းဌာနထံသို့ ပြောဆိုပါတယ်။

ဒီကိုလာဖို့က မလွယ်ဘူး။ သူတို့ အခက်အခဲတွေ အများကြီး ကြုံရမှာပါ။ ကျနော်တို့ တပ်တွေက စစ်တပ်ကို ကြားဖြတ် ပိတ်ဆို့တားဆီး နေပါတယ်" လို့ ပဒိုစောတောနီးက ဆိုပါတယ်။

ရိုက်တာလို ကမ္ဘာ့မီဒီယာကြီး တစ်ခုကို ပြောဆိုဖို့ ဆိုတာက အချက်အလက် မခိုင်မာပဲ ပြောဆိုလို့ မရပါဘူး။ သူတို့လို သတင်းဌာနကြီးတွေက လက်တံရှည်သလို သတင်းအချက်အလက်ကို ပြန်လည်ဖော်ပြရာမှာ အခြား source တွေကနေပါ အချက်အလက်တွေ ရယူကာ check and balance လုပ်ပြီး သေချာခိုင်မာမှ ဖော်ပြလေ့ရှိတာပါ။

ဒါ့အပြင် စစ်အာဏာရှင်ကို တော်လှန်ရေးအတွက် ကရင်တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့တွေအကြား ညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်း KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ပြောဆိုသွားပါတယ်။

#4C_TruthNews
Forwarded from Hlaing Info
“ဆရာဇော် ပြည်တွင်းပြန်ဝင်တာ ဂုဏ်ယူတယ်”

တော်လှန်ရေးရဲ့အသက်က ပြည်တွင်းမှာပဲရှိပါတယ် ခင်ဗျ။ ကျနော်တို့ပြည်ပအင်အားတွေက ကြီးမားတဲ့အထောက်အပံ့မျှ ဖြစ်ပါတယ်။ တော်လှန်ရေးခေါင်းဆောင်တွေ (မရှိမဖြစ် ပြည်ပထွက်ဖို့လိုသူတွေကလွဲလို့) ပြည်တွင်းရှိဖို့ မလွဲမသွေလိုအပ်ပါတယ်။ ကမ္ဘာပေါ်မှာ ဘယ်တော်လှန်ရေးမှလည်း ခေါင်းဆောင်တွေ နိုင်ငံခြားနေလို့ အောင်ပွဲရခဲ့တာမရှိပါဘူး။

ပြည်တွင်းအင်အားစုတွေကသာ တော်လှန်ရေးကို အဓိက အဆုံးအဖြတ်ပေးမှာဖြစ်တယ်။ ဒါကိုသိတဲ့ရန်သူက လူထုခေါင်းဆောင်တွေ ပြည်ပရောက်အောင် ခေတ်အဆက်ဆက် အစဉ်တစိုက် ကြိုးစားခဲ့တာ သမိုင်းထင်ရှားရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုလန်ဒန်ပြန်ဖို့အကျပ်ကိုင်ခဲ့ဖူးတာဟာ အထင်ရှားဆုံးသက်သေပါ။ ခေါင်းဆောင်တွေ ပြည်ပရောက်လေ သူတို့ကြိုက်လေဖြစ်ပါတယ်။

ဆရာ ဇော်ဝေစိုးနဲ့ ကျနော် စကားပြောခွင့်ရလိုက်ပါတယ်။ ကျနော်က သူတို့ ဆရာဦးရည်မွန်တို့အပါအဝင် ဒီမိုကရေစီတော်လှန်ရေးခေါင်းဆောင်အားလုံးရဲ့ လုံခြုံရေးကို အများသူငါလိုပဲ အထူးစိုးရိမ်ပါတယ်။ အထူးသဖြင့် စနိုက်ပါနဲ့ လေကြောင်းရန်။ NUG နဲ့ KNU ခေါင်းဆောင်တွေ လှို့ဝှက်တွေ့ဆုံပွဲကို ပေါင် ၅၀၀ ဗုံး လေးလုံးချခဲ့ဖူးပါတယ်။ GPS နဲ့အတိအကျလာချတာပါ။ ကံကောင်းလို့ လွတ်ခဲ့ကြတယ်။ KNU ဗိုလ်ချုပ်တယောက်တော့ ဒဏ်ရာရခဲ့တယ်။

ဆရာဇော် က ဒေါ်အောင်ဆန်းစုကြည်ကို ခွဲစိပ်ကုသပေးဖူးသလို ဗိုလ်ချုပ်ကြီးသန်းရွှေကိုလည်း ကုသပေးဖူးပါတယ်။ သူနေပြည်တော်ရောက်တိုင်း ဦးသန်းရွှေက BMW အနက်ရောင်တစီးပေးထားလေ့ရှိတယ်။ အဲဒီလို သူကောင်းပြုရက်က CDM ခေါင်းဆောင်ရသလားဆိုပြီး ကမ္ဘာမကြေဖြစ်ခဲ့တာပါ။

အခုလည်းသူ့လုံခြုံရေး စိုးရိမ်လို့ ကျနော်သတိပေးလိုက်ပါတယ်။ သူကပြန်ပြောတယ်။

“ကျနော်ပြည်တွင်းပြန်နေရမယ့်အချိန် ရောက်နေပြီဗျ။”

ဒါပါပဲဗျာ။ အားလုံးရဲ့ လွတ်လပ်စွာ ပြောဆိုရေးသားမှုတွေလေးစားပါတယ်။ ဆင်ခြင်ကြပါလို့ပဲ မေတ္တာရပ်တာပါ။ ။

Khin Maung Soe
#HlaingInfo
Forwarded from The Net
Breaking

- အမေစုကို တရုတ် သံအမတ်နှင့် တွေ့ဆုံခွင့်ပြုမည်

- သမ္မတကြီး ဦးဝင်းမြင့်နှင့် အမေစုကို အကျဉ်းထောင်မှ ပြန်လွှတ်ပြီး နေအိမ် အကျယ်ချုပ်ပြောင်းမည်

- အမေစုကို ခြံအမှတ် ၅၄ မှာ ပြန်ထားဖွယ်ရှိ

ထပ်ဆောင်းသေချာရင် တင်ပြပါဦးမယ်ဗျို့။
၃။ ယင်းသို့လုပ်ဆောင်နေသော လူပဂ္ဂိုလ် နှင့်အဖွဲ့အစည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ အခန်း (၁) ပုဒ်မ (၃) အပိုဒ်ခွဲငယ် (၁၃) (၁၅) (၁၆) (၁၈) တို့ကို ကျူးလွန်ခြင်းဖြစ်ကြောင်း ထင်ရှားစွာစိစစ်တွေ့ရှိရသည့်အတွက် အကြမ်းဖက် နှင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာပြီးဖြစ်သည်။

၄။ ထို့ကြောင့် ပြည်သူများအား အကြမ်းဖက်မှုတစုံတရာကျူးလွန်လျှင် တည်ဆဲပြစ်မှုဆိုင်ရာဥပဒေ (ရာဇသတ်ကြီး) အခန်း (၄) ကာကွယ်ခုခံပိုင်ခွင့်ဆိုင်ရာ ပြဌာန်းချက်များအရ ပြည်သူများအနေဖြင့် မိမိအတွက် သို့မဟုတ် အခြားသူအတွက် ဥပဒေနှင့်အညီ ကာကွယ်ခုခံပိုင်ခွင့် အပြည့်အဝရှိသည်ဖြစ်၍ မည်သူမဆို ဥပဒေနှင့်အညီ ကာကွယ်ခုခံပိုင်ခွင့်အရ တုန့်ပြန်ဆောင်ရွက်မှုမှန်သမျှသည် ပြစ်မှုမမြောက်ကြောင်း အသိပေးကြေညာပြီးလည်းဖြစ်သည်။

၅။ ပြစ်မှုဆိုင်ရာဥပဒေ (ရာဇသတ်ကြီး) အခန်း (၄) ၊ ကင်းလွတ်ရမြဲအချက်များ တွင် ပုဒ်မ (၁၀၀) အရ လူ့ကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်သည် မည်သည့်အခါတွင် လူသေစေရန်ပြုနိုင်ခြင်း အဖြစ် ပြဌာန်းထားသဖြင့် အောက်ဖော်ပြပါ ပြစ်မှုတစ်ခုခုကို အန္တရာယ်ပြုသူမှ ကျူးလွန်ခဲ့လျှင်၊ ထိုအန္တရာယ်ပြုသူကို သေစေရန်သော်၎င်း၊ အခြားဘေးအန္တရာယ်တခုခုဖြစ်စေရန်သော်၎င်း၊ မည်သူမဆို၊ မိမိအလိုအလျောက်ပြု၍ လူ့ကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့် ရှိသည်။

(က) မကာကွယ်မခုခံလျှင် သေဘေးသို့ရောက်စေခြင်းအတွက် စိုးရိမ်ဖွယ်ရာဖြစ်လောက်အောင် အကြောင်းရှိသည့်လက်ရောက်မှု။

(ခ) လူကိုခိုးယူရန်အကြံနှင့်သော်၎င်း၊ သွေးဆောင်ခေါ်ငင်ရန်အကြံနှင့်သော်၎င်း၊ ကျူးလွန်သည့် လက်ရောက်မှု

(ဂ) လွတ်မြောက်ရေးအတွက် ပြည်သူ့ဝန်ထမ်းအာဏာပိုင်တို့ထံ တိုင်တန်းခွင့်မရနိုင်ဟု စိုးရိမ်ဘွယ်ရာဖြစ်လောက်အောင်အကြောင်းကို ဖြစ်စေပြီး၊ တဦးတယောက်သောသူအား မတရားချုပ်နှောင်ထားရန်အကြံနှင့် ကျူးလွန်သည့်လက်ရောက်မှု။

နိဂုံးချုပ်

ပြည်သူ့ရန်သူ၊ အကြမ်းဖက်၊ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ခံရပြီးသော စစ်ရှုံးကောင်စီ၏ စစ်မှုမထမ်းမနေရစီမံချက်တွင် ပူးပေါင်းပါဝင် အကောင်အထည်ဖော်နေသည့် လူပဂ္ဂိုလ်နှင့်အဖွဲ့အစည်းများသည် ပြည်သူများ၏အသက်အန္တရာယ်ကို လက်ရောက်ကျူးလွန်သူ အန္တရာယ်ပြုသူများဖြစ်သဖြင့် ပုဂ္ဂိုလ်တစ်ဦးချင်းဖြစ်စေ၊ ရပ်ကွက်ကျေးရွာ အစုအဖွဲ့အလိုက်ဖြစ်စေ၊ နေရာဒေသအလိုက် မြို့နယ်အလိုက်ဖြစ်စေ မည်သူမဆို ဥပဒေနှင့်အညီ ကာကွယ်ခုခံပိုင်ခွင့်အရ မိမိအတွက် သို့မဟုတ် အခြားသူအတွက် ထိုအန္တရာယ်ပြုသူကို သေစေရန်သော်၎င်း၊ အခြားဘေးအန္တရာယ်တခုခုဖြစ်စေရန်သော်၎င်း၊ တုန့်ပြန်ဆောင်ရွက်မှုမှန်သမျှသည် ပြစ်မှုမမြောက်ကြောင်း အသိပေးကြေညာအပ်ပါသည်။

လေးစားစွာဖြင့်
#လှိုင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
#လှိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

https://www.facebook.com/share/p/4ETMLJ6gRP5fS1Cj/?mibextid=oFDknk

#HlaingInfo
ဥပုသ်သီလစောင့်တဲ့ သက်ကြီးရွယ်အိုတွေကို PDF ရဲဘော်တွေက ဆေးကုသိုလ်အဖြစ် ကုသပေး (ရုပ်/သံ)

မြိုင်၊ ဧပြီ ၁၈၊ ၂၀၂၄။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်းရှိ ဘုန်တော်ကြီးကျောင်းတကျောင်းမှာ သက်ကြီးရွယ်အိုတွေကို ဧပြီ ၁၇ ရက်မှာ ဆေးဝါးကုသပေးခဲ့တယ်လို့ ပခုက္ကူခရိုင် တပ်ရင်း ၇၊ Myaing's Hero Generation တပ်ဖွဲ့ဆီက သိရပါတယ်။

နှစ်ဆန်းတရက်နေ့မှာ ဥပုသ်သီလစောင့်ဖို့ လာရောက်ကြတဲ့ သက်ကြီးရွယ်အိုတွေထဲက ကျန်းမာရေးမကောင်းသူ လူဦးရေ ၈၀ ကျော်ကို ဆေးကုသိုလ်ပြုတဲ့အနေဖြင့် ဆေးဝါးကုသပေးခဲ့တယ်လို့ ဆိုပါတယ်။

ဆေးကုသပေးရာမှာ အဓိကအားဖြင့်ဆီးချို၊ သွေးချို၊ သွေးတိုးရောဂါတွေ အဖြစ်များနေပြီး အားဆေး၊ထိုးဆေး၊ သောက်ဆေးပေးရင်း ကုသပေးခဲ့ရသလို ဒူးနာ၊ ခါးနာ၊ ကိုယ်လက်ကိုက်ခဲတာတွေလည်း ကုသိုလ်ပြု ဆေးကုသပေးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ဆေးကုသရာမှာ အသုံးပြုတဲ့ ဆေးပစ္စည်းတွေမှာ ယခင်က ပြည်သူတွေ ဆေးဖိုးလှူဒါန်းထားတဲ့ငွေဖြင့် လိုအပ်တာတွေ ဝယ်ယူပြီး အဘိုး အဘွားတွေကို ဆေးမှူးနဲ့အဖွဲ့ဝင် ရဲဘော်ရဲမေ ၁၅ ဦးက ဆေးကုသပေးခဲ့တယ်လို့ ဆိုပါတယ်။

ပခုက္ကူခရိုင်အမှတ် ၇ တပ်ရင်းက ဆေးတပ်ဖွဲ့ဝင်များမှာ ကျောင်းနေအရွယ်ကလေးသူငယ်များအား ကျန်းမာရေး အသိပညာပေးဟောပြောတာ၊ သံကောင်ကာကွယ်ဆေး အားဆေးတိုက်ကျွေးတာ၊ စစ်ရှောင်နဲ့ မီးဘေးသင့်ပြည်သူတွေကိုလည်း အခါအားလျော်စွာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတယ်လို့ သိရပါတယ်။

သတင်း - စောကျော်ငြိမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ
#မကွေး #ပခုက္ကူ #မြိုင် #PDF #ရပ်ရွာနေပြည်သူများ #ဆေးကုသိုလ်ပြု

https://youtu.be/GJqpG_FVRnE
Forwarded from U U Aung Pwel ️
စစ်မှုထမ်းဥပဒေအရ မဲနှိုက်ရာတွင်မဲပေါက်သူ အချို့မှာ ကိုယ်စားဝင်ရောက်သူများအားရှာဖွေကာ ငွေပေး၍ ဝယ်ယူနေကြပြီး လူစားထိုးဝင်ရောက်ခိုင်းသူများလည်း ရှိကြောင်း သိရသည်။

"ဒီဘက်မှာ​တော့ ပိုက်ဆံရှိတဲ့ သူတွေထဲက မဲပေါက်ရင် ကိုယ်စားပြု ဝင်နိုင်မဲ့သူကိုရှာတယ် ငွေပေးမယ်ပေါ့ အချို့ဆို သိန်း ၁၀၀ လောက်အထိ ကမ်းလှမ်းနေတာမျိုးတွေတောင်ရှိပါတယ် "ဟု ကျုံပျော်မြို့နယ်မှဒေသခံအမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီမှ တပ်အတွင်းဝင်ရောက်ပါက လစာရိက္ခာပေးမည် ၊ မိသာစုအတွက် ငွေကြေးထောက်ပံ့ပေးမည်ဟု ပြောဆိုထားသော်လည်း တပ်အတွင်းဝင်ရောက်သူများ၏ မိသာစုဝင်များမှာ ထောက်ပံ့မှုမရကြကြောင်း ဒေသခံများထံမှသိရသည်။

#AYAT
#HlaingInfo
တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူတွေကြားမှာပင်ဖြစ်စေ အသေးအဖွဲ့ကိစ္စကစလို့ ကြီးမားတဲ့ ပြဿနာမျိုးတွေ မဖြစ်ကြဖို့ အင်မတန် အရေးကြီးပါကြောင်း၊ မြို့နယ်အဆင့်မှာ တာဝန်ယူထားရတဲ့ သူတွေဆိုရင် ပြည်သူများနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံနေကြရတာမို့ အထူးသတိထားကြဖို့ လိုမှာ ဖြစ်ပါကြောင်း၊ ပြည်သူကို နိုင်ထက်စီးနင်း မဆက်ဆံမိဖို့၊ အာဏာပါဝါလက်ကိုင်ထားပြီး ဦးဆောင်မှုတွေ မမှားယွင်းကြဖို့ အင်မတန် အရေးကြီးပါကြောင်း၊ အခွန်ကောက်ခံမှုလုပ်ငန်းတွေဟာ ပြည်သူတွေအပေါ်မှာ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေး အထူးသတိပြုရန်လိုကြောင်း"ဝန်ကြီးချုပ်ကပြောပါတယ်။

ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်များမှ (၁၄/၂၀၂၄) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။

#RadioNUG
#HlaingInfo
တော်လှန်ရေးမှာ ဘယ်အလံအောက်က ဖြစ်စေ၊ ဘယ်အဖွဲ့အစည်းအောက်က ဖြစ်စေ၊ ဘယ်လို အတွေးအမြင် အယူအဆမျိုးနဲ့ဖြစ်ပါစေ၊

မြေပြင်ရဲဘော်တွေဖြစ်စေ၊ မြို့ပြUG တွေ ဖြစ်စေ၊ FRတွေဖြစ်စေ၊ ထောက်ပို့ပြည်သူတွေဖြစ်စေ၊ ပြည်တွင်းကဖြစ်စေ၊ နယ်စပ်ကဖြစ်စေ၊ လွတ်မြောက်နယ်မြေကဖြစ်စေ၊ ပြည်ပကဖြစ်စေ၊

အနုပညာနဲ့ဖြစ်စေ၊ ကလောင်နဲ့ဖြစ်စေ၊ စုစည်းအားနဲ့ဖြစ်စေ၊ ကလစ်အားနဲ့ဖြစ်စေ၊ နည်းပညာအားနဲ့ဖြစ်စေ၊

အာဏာရူးတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ တိုက်ထုတ်နေတယ်ဆိုရင် တော်လှန်ရေးသမားပဲ။

အချို့က တိုက်တော့တိုက်တယ်။
ဘယ်လိုတိုက်တာလဲဆိုတော့ ကန့်လန့်တိုက်တာ။

အဲ့လိုဟာတွေကျ ဘယ်လိုခေါ်သလဲ သိလား။

ဖျေလို့မသားတွေလို့ ခေါ်တယ်။
ကိုင်း
ဒီကနေ့ည ရန်ကုန် အခြေအနေ
----------------------------------

ဧပြီလ ၁၉ ရက်နေ့ ဒီကနေ့ ညပိုင်းမှာ ရန်ကုန်-လှိုင်သာယာ ကူးသန်းသွားလာတဲ့ ဘုရင့်နောင်တံတား၊ အောင်ဇေယျတံတားနဲ့ ရွှေပြည်သာတံတား ၃ စင်းလုံးကို စစ်ရှုံးကောင်စီက ပိတ်ချလိုက်ပြီး သံဆူးကြိုးတွေပါ ချထားကြောင်း ဒေသခံတွေက သတင်းပေးပို့လာပါတယ်။

စစ်ရှုံးကောင်စီက ဒီကနေ့ ည ၈ နာရီခန့်မှာ မင်္ဂလာဒုံ လေဆိပ်ကိုလဲ ခရီးသည်တွေကို အပြင်ထွက်ခိုင်းကာ ပိတ်ချခဲ့ပြီး ည ၉ နာရီခန့်မှာ ပြန်လည် ဖွင့်ပေးခဲ့ကြောင်း သိရှိရပါတယ်။

#4C_TruthNews
Forwarded from Magway Regional Scout Network (Domino)
20 Apr 2024  6:30 am

ယမန်နေ့ညက ညောင်ဂျစ်ပင်ပျူရွာရောက်တဲ့   အကြမ်းဖက် စခ ပခ များ ဆားကျင်းကုန်း လမ်းဆုံလဲကင်းရှိနေပြီး  မြိုင်လမ်းဘက်ကိုထွက်လာနေတာ  မန်ကျည်းတန်းအနီး ရောက်နေပြီလို့ သိရပါတယ် ။

⚠️⚠️ ပြည်သူများ သတိထားသွားလာကြပါရန်။

#SanayThar
#MRSN

📬သတင်းပို့ရန် @MagwayScoutNetworkBot
"ကိုယ့်ကိုယ်ကိုယ်ပင် မနည်း ကာကွယ်နေရတဲ့ စစ်ရှုံးခေါင်းဆောင်ကြီး မင်းအောင်လှိုင်"

စစ်ရှုံးကောင်စီရဲ့ ထိတ်ထိတ်ကြဲ ခေါင်းဆောင်ကြီး မင်းအောင်လှိုင်ရဲ့ အခြေအနေဟာ တိုင်းပြည်ကို ကာကွယ်ဖို့နဲ့ လက်ပါးစေ ကျွန်သပေါက်တွေရဲ့ အသက်တွေကို ကာကွယ်ပေးဖို့ အသာထား၊ လက်ရှိမှာ ကိုယ့်အသက်ကို ကာကွယ်ဖို့ အတွက်ကိုပင် မနည်း ကြိုးစားနေရပြီ ဖြစ်ပါတယ်။

စစ်ရှုံးခေါင်းဆောင်ကြီးဟာ ၎င်းရဲ့ ရုံးတက်ရုံးဆင်း၊ ပြည်တွင်းခရီးစဉ်တွေနဲ့ လှုပ်ရှားသွားလာမှုတွေ အားလုံးကို ၎င်းရဲ့ ကိုယ်ရံတော်တပ်မှလွဲ၍ ပြည်ထဲရေး၊ ကာကွယ်ရေး၊ အရပ်ဘက်ဝန်ကြီးဌာနတွေနဲ့ နေပြည်တော် စစ်ရုံးချုပ်ကိုပင် ကြိုတင် အသိပေးခြင်း မပြုလုပ်တော့ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုပါတယ်။

ဧပြီလ ၁၄ ရက်နေ့ ညပိုင်းက ပြင်ဦးလွင်သို့ စစ်ရှုံးခေါင်းဆောင်ကြီး ရောက်ရှိနေချိန် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရခြင်း၊ ဧပြီလ ၄ ရက်နေ့ မနက်ပိုင်းက နေပြည်တော်ရှိ စစ်ရှုံးခေါင်းဆောင်ကြီးရဲ့ နေအိမ်ကို အသေခံ ဒရုန်း ၄ စီး၊ စစ်ရုံးချုပ်ကို ၁၂ စီးနဲ့ အေလာလေဆိပ်ကို ၁၂ စီး၊ အသီးသီး တိုက်ခိုက်ခံရပြီးနောက်-

စစ်ရှုံးခေါင်းဆောင်ကြီးဟာ ၎င်းနဲ့ မိသားစုရဲ့ လုံခြုံရေးအတွက် လှုပ်ရှားသွားလာမှုတွေကို ဝန်ကြီးဌာနတွေနဲ့ စစ်ရုံးချုပ်ကိုပင် အသိမပေးတော့ပဲ ခိုးကြောင်ခိုးဝှက် သွားလာနေကြောင်း သိရပါတယ်။

"အရင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ စစ်ရုံးချုုပ်ကတော့ တပ်ချုပ် ခရီးစဉ်နဲ့ပတ်သက်ပြီး ကြိုတင် လုံခြုံရေးယူတာ။ မိုင်းရှင်းတာ လုပ်ဖို့ အနည်းဆုံး ၅ ရက် ကြိုတင် အသိပေးတယ်။ အခုတော့ ကပ်ပြီးတော့ပဲ ပြောတော့တယ်။ ကြိုတင် လုံခြုံရေးယူ ရှင်းလင်းတာကိုလည်း ကိုယ်ရံတော်တပ်ကပဲ လုပ်တော့တယ်။ ကိုယ်ရံတော်တပ်ကိုလည်း အတွင်းစည်း၊ အပြင်စည်း ထပ်တိုးချဲ့တယ်လို့ သိရတယ်။ အဓိက ပြင်ဦးလွင် တိုက်ခိုက်မှုအပြီးနဲ့ နေပြည်တော်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်တဲ့ ဖြစ်စဉ်တွေကြောင့် အပြောင်းအလဲဖြစ်ကုန်တာ" လို့ နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ဆိုပါတယ်။

ဒါ့ပြင် လုံခြုံရေးဆိုင်ရာ လျှို့ဝှက် ညွှန်ကြားချက်နဲ့ အမိန့်တွေကို ဖြစ်နိုင်သမျှ စာရွက်စာတမ်း လုံးဝ မသုံးတော့ဘဲ စကားဝှက်တွေ ကုတ်တွေ အသုံးပြုကာ စကားပြောစက်နဲ့ ညွှန်ကြား အမိန့်ပေးတဲ့ စနစ်ကို ပြောင်းလဲ အသုံးပြုနေကြောင်း၊ စာရွက်စာတမ်းများ မကြာခဏ ပေါက်ကြားမှုကို ကာကွယ်တဲ့သဘောဖြစ်ကြောင်း သိရပါတယ်။

စစ်ရှုံးခေါင်းဆောင်ကြီးရဲ့ ခရီးစဉ်နဲ့ လှုပ်ရှားသွားလာမှုတွေကို နေပြည်တော် စစ်ရုံးချုပ်ကိုပင် အသိမပေးတော့ခြင်းမှာ အချင်းအချင်း မယုံကြည်တော့တဲ့ သဘောသက်ရောက်နေကြောင်း၊ ပြည်နယ်/တိုင်း စစ်ရှုံးကောင်စီတွေကို လျှို့ဝှက် ညွှန်ကြားစာတွေ ပေးပို့ရာမှာလဲ စာရွက်စာတမ်းနဲ့ ပေးပို့မှုတွေ လျှော့ချပြီး လေနဲ့သာ အလုပ်လုပ်ကြရန် စစ်ရှုံးခေါင်းဆောင်ကြီးက အထပ်ထပ်အခါခါ ပြောဆို ညွှန်ကြားလေ့ရှိကြောင်း သိရှိရပါတယ်။

ဒါကတော့ ဘောမတို့ရဲ့ တစ်ခုတည်းသော အားကိုးရာ စစ်ရှုံးခေါင်းဆောင်ကြီးရဲ့ ခိုးကြောင်ခိုးဝှက် ခွေးပုန်းဝက်ပုန်း သွားလာလှုပ်ရှားနေရတဲ့ လက်ရှိ အခြေအနေ အမှန်ပါ.. 🤓

#4C_TruthNews
Forwarded from The Net
၂၀၂‌၄ ခုနှစ် ဧပြီ ၂၀ စစ်ရေးသတင်းကောက်နုတ် သုံးသပ်ချက်

မြို့တပ်ရင်း ဌာနချုပ်အဆင့်တွေ Sold Out ဆို ပြီး မပြောရတာတောင် ကြာနေပြီကော။အခု ကျွန်တော့် အသွေးအသားထဲကနေ Sold Out ပြောချင်နေပြီ။မကြာလောက်တော့ဘူးလို့ ဆိုချင်ပါတယ်။

ကချင် 💪💪💪

မမတို့လက်ရာတွေ တဖြည်းဖြည်း ပိုစိပ်လာပါတယ်။အေလာ ၊မင်္ဂလာဒုံ ၊တံတားဦး ဟော .. အခု နလခလို့ခေါ်တဲ့ မော်ဖောင်း (အလယ်မော်ဖောင်း)က မြစ်ကြီးနား လေတပ်စခန်းဌာနချုပ် အလှည့်ရောက်လို့လာပါပြီ။ ၂၀၂၄ ခုနှစ်အတွင်းမှာ ဒုတိယအကြိမ် တိုက်ခိုက်ခံရတာဖြစ်ပြီး ဆယ်လုံးတိတိ ပစ်ခတ်ခဲ့တယ်လို့ပြောပါတယ်။ရောက်ခဲ့ဖူးတဲ့ လေတပ်တွေထဲမှာ တစ်ခုအပါ အဝင်ဖြစ်ပါတယ်။အပျက်အစီး စာရင်းသိရရင် ထပ်ပြောပေးပါ့မယ်။နန့်ယား နဲ့ ဂရစ်ကွက် ၅ ကွက်လောက်သာဝေးတဲ့ စင်ကြိုင်မှော်ဘက်မှာ ကီယာတို့ ထိတွေ့မှုစယူနေပါတယ်။အခု မနက်အစော ၄ နာရီမထိုးခင် ဖားကန့်နဲ့ ညောင်ပင်ကြားမှာ စကစစစ် ကြောင်းကို ကီယာတို့ သုံးနေရာလောက်ကနေ စောင့်ပြီးကြိုဆိုပေးပါတယ်။စကစစစ်ကြောင်း ရုတ်ချည်း ရပ်တန့်သွားပါတယ်။ပစ်ကူချက်ချင်းပေးလို့သာ စစ်ကြောင်း သတ်ကွင်းထဲကနေ နောက်ကိုဆုတ်နိုင်တာပါ။မွင်းနား ၁၃ ပွဲ ၊ဒါန်းစီး ‌၄ ပွေ နဲ့ အရှည်တွေ ရပါတယ်။စကစစစ်ကြောင်း ညောင်ပင်ရွာတောင်ဘက်မှာ ပြန်အခြေပြူထားဆဲ ဖြစ်ပါတယ်။

အထူး ဒေသ ၁ ထဲမှာပါတဲ့ ချီဖွေမြို့ Sold Out ဖို့ နီးလာပါပြီ။ဦးစခုန်တိန့်ယန်း ရဲ့ ခစတ သုံးရင်း ကာရံထားတဲ့ လဘော်လချိတ်တို့ ရှိရာမြေ။ဂန့်ဂွန်အခြေ စိုက် ခစတ ၁၀၀၁ ကွပ်ကဲမှုနယ်မြေထဲက မျော်ဂျောင် ၊မျောဇန်ကူး၊ ငါးမောဇွပ် စခန်းတွေ ကို သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။အဲဒီ တပ်ရင်း သုံးရင်းမှာ ခင်ခဲ့ရတဲ့ မိတ် ဆွေတစ်ချို့ရှိဖူးပါတယ်။သူတို့တွေရဲ့ ရင်ထဲက ခံစားချက်ကို သိတာမို့ အမြန်ဘက်ပြောင်းနိုင်ကြပါစေလို့ ဆုတောင်းပါတယ်။ကချင်သတင်းအနှစ် ချုပ်လေး နည်းနည်းပြောပြမယ်။ဖားကန့်ရော တနိုင်းလမ်းကြောင်းကိုပါ ကီယာတို့ ဖြတ်တောက်ထားပါတယ်။ဗန်းမော် ၊လွယ်ဂျယ် လမ်းပိုင်း ထိန်းချုပ်ထားနိုင်ပြီးဖြစ်တယ်။လွယ်ဂျယ်က ကုန်ကားတွေ ကီယာခွင့်ပြုချက်နဲ့ ဖြတ်သန်းလို့ရတယ်။အလျင်လောက်တော့ မမြန် ဆန်သေးပါ။မြန်ဆန်ဖို့အတွက် ဗန်းမော်ကို တိုက်ဖို့ သိမ်းနိုင်ဖို့ လိုနေသေးတယ်။တနိုင်း၊ ပ ယင်းမှော် နဲ့ ရွှေဖောင် ကတော့ အားလုံးနီးပါးရဖို့ဆိုရင် နည်း‌နည်းတော့ ထပ်ကြိုးစားရအုံးမယ်။

အာရက္ခ 💪💪💪

ရေရှည်မျှော်တွေး တတ်ပါပေတယ်။စကစရဲ့ လူသစ်စုတပ်အင်အားဖြည့်တင်းမှုနဲ့ ဘင်္ဂါလီအရေးကိုတွေ့လို့ "အာရကန် မှန်သမျှ သုံးနှစ် စစ်မှုထမ်းရမယ်"လို့ ဆိုလိုချင်တဲ့ သဘောပါ။တစ်ကယ်က အင်အားလိုတဲ့နေရာနဲ့ လက်နက်လိုတဲ့နေရာ ပေါင်းစည်းနိုင်ရင် လွယ်လွယ်လေးဘဲဗျ။စကစ အင်အားဘယ်လောက်ရှိလဲ။လူညီရင် ပြိုင်တူ ဝင်လုံးပစ်လို့တောင်ရတယ်။

ရာမည 💪💪💪

မွန်တွေလည်း အကွက်စိပ်နေဆဲပါ။ကျိုက်မရော နယ် ခံတပ် ခမရ ‌၂၀၈ နဲ့ သံကလောင်ရွာဘက်မှာ NMSP (AD) နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပါတယ်။သံချပ်ကာကားနဲ့ အင်အားဖြည့်တင်းနေလာတဲ့ စကစ စစ်ကြောင်းနဲ့ အ ပြင်းအထန် တိုက်ခိုက်နေခြင်းဖြစ်ပါတယ်။တရာနာ နဲ့ သံကလောင်ဘက်ကိုတော့ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေပါတယ်။မော်လမြိုင်ကနေ မွန် နဲ့ ကရင်ကို စစ်အင်အားတွေ ရ‌သလောက် ဖြည့်တင်းနေခြင်းဖြစ်ပါတယ်။

ကရင် 💪💪💪

မြ၀တီ အာရှလမ်းမကြီး ပြန်ဖွင့်တယ်လို့တော့ မြို့ခံတွေက ပြောပါတယ်။ကျုံဒိုးတစ်ဝိုက်မှာတော့ ပွဲကြီးပွဲသေး စုံနေပါတယ်။တပ်မဟာ ၆ နဲ့ ၇ ပူးပေါင်းပြီး သိက္ခာဆယ် တိုက်ပွဲ၀င်နေပါတယ်။မြို့နေလူထုအား လုံးရှောင်သွားကြပြီလို့ သိရပါတယ်။စကစဟာ အခုလူသစ်စုဥပဒေ အရ ခေါ်ယူထားတဲ့ တပ်သားသစ်တွေကို လုံး၀ ထုတ်သုံးတာမတွေ့ရသေးပါဘူး။လေ့ ကျင့်နေဆဲ ကာလသာဖြစ်ပါတယ်။တစ်ခုပြောလိုတာက စစ်ရည်မ၀သေးတဲ့ တပ်သားသစ်တွေကို ခိုင်းရတာ အရမ်းကောင်းပါတယ်။ဂရုစိုက်ရမှာဖြစ်ပါတယ်။ပြောင်းပြန်ကြီး ပြောသွားတာကို တွေ့လိုက်ရလို့ပါ။

ရတတမခ ၅၅ ရဲ့ ချီစစ်ကတော့ ကော့ကရိတ် ၅ တိုင်နားအထိ ရောက်လာနေပြီထင်ပါတယ်။ခလရ ၂၇၅ ဖားချောင်းကနေ သင်္ဃန်းညီ နောင်ကြော ပူးပေါင်းတပ်တွေ ထပ်ဖြန့်ထားပြီးဆိုတော့ ခြေလျင်တင့်ပူး ပေါင်းစစ်ကြောင်းဟာ ပခုက္ကူက ထွက်လာတဲ့ ယာဉ်တန်းလို ဖြစ်ကောင်းဖြစ်သွားနိုင်ပါသေးတယ်။မြဝတီမှာ တော့ အမှတ် ‌၂ တံတားက ငတိတွေ ကို ‌Drone နဲ့ တိုက်ခိုက်ထားပါတယ်။ဒရုန်း နဲ့ တိုက်မယ့် အစား RPG လေကွဲတစ်လုံးလောက်သာ ပစ်ထည့်ပေးလိုက်ရင်တောင် မျိုးကန်းပါတယ်။ပြောလို့တောင်မဆုံးသေး။အခုမနက် ၆နာရီက ပစ်သံခတ်သံကြားနေရပြီတဲ့ဗျာ။

ကရင်နီ 💪💪💪

လွိုင်ကော်၊ မိုးဗြဲ၊ ဆီဆိုင်ကို စကစ စစ်ကြောင်းတွေ အင်အား သုံးပြီး ၀င်လာနိုင်ပါတယ်။မိုးဗြဲ တပ် ခမရ ၄၂၂ ကိုတော့ အပြီးသတ် ထိုးစစ်ဆင်နေပြီဖြစ်ပါတယ်။အပြီးသတ်နိုင်ခြင်းတော့ မရှိသေးပါ။စကစတပ်ဟာ အနာခံပြီးတိုက်နေတာမို့ အဖိုးတန် ကြယ်အချို့လည်း ကြွေလွင့်ခဲ့ရပါတယ်။

ရန်ကုန် 💪💪💪
Forwarded from The Net
ဖြစ်လိုက်ရင် အသဲအသန်ကြီးဘဲဆိုတော့ စကစ ဘာမှ လုပ်မတတ်ဖြစ်တာပေါ့။ရွှေပြည်သာ၊ ဘုရင့်နောင် အောင်ဇေယျ တံတား ၃ စင်းလုံး လုံး၀ ခဏပိတ်ချလိုက်ရတယ်။မင်္ဂလာဒုံလေဆိပ်ကနေ အရေးကြီး ပစ္စည်းသယ်ဖို့ ပိတ်တာဆိုဘဲ။အရေးကြီး ပစ္စည်းဆိုတိုင်းလည်း အထင်မကြီးနဲ့။စကစ ဗိုလ်ချုပ်များဟာ သူတို့ အလိုရှိသမျှ အကုန်အရေးကြီး လုပ်ပစ်တာ။ပူတာအိုလို နေရာမျိုးက တမာရွက်ကို အညာကနေလင်ပျံနဲ့ သယ်ပြီး ထိပ်တန်းလျှို့ဝှက် လုပ်ချင်လုပ်သေးတာ။တစ်လက်စတည်း ဧရာ၀တီတိုင်း ပုသိမ်ခရိုင် ရေကြည်မြို့နယ်ထဲက ငါးသိုင်းချောင်းတံတားကိုလည်း ည ၉နာရီ လောက်မှာ အရေးပေါ် ပိတ်လိုက်ရပါသေးတယ်။အားလုံး ဆက်စပ်ရင်တော့ စကစ Wanted တစ်ခု ရှိနေပုံရတယ်။ သတိထားကြပါ။

မန္တလေး 💪💪💪

ပြင်ဦးလွင်ကို ဗဟိုပြု၍ စကစတပ်တွေ လွန်းထိုးနေပါတယ်။သကြန်တွင်း ရှော့ဒုံးစားပြီးတည်းက ဂဏှာမငြိမ်ဖြစ်နေပါတယ်။မိုးကုတ်မြို့နယ်ထဲက ကျတ်ပြင်ရွာဘက်မှာလည်း တိုက်ပွဲဖြစ်ပါသေးတယ်။ဒီမ နက်အစောဘဲ ဖြစ်ပါတယ်။ဒီပွဲမှာတော့ စကစ ဘက်က သတင်းလက်ဦးပုံရပါတယ်။ပူးပေါင်းအဖွဲ့တွေ မိုင်းလုံဘက်ကို လေကြောင်းပစ်ကူကြောင့် ဆုတ်ထားရပါတယ်။ဒါတောင် မွင်းနား ၁၈ ပွဲ ရလိုက်ပါတယ်။ပျူသူ့စစ်တွေများတဲ့ စစ်ကြောင်းပါ။အညာမြေလတ်လည်း ငြိမ်မနေပါဘူး။သတင်းကောင်းမှ ထည့်ပြီး ပြောပေးပါ့မယ်။သတင်းမကောင်းလို့ မ ဟုတ်ပါ။ဟိုဘက်ဒီဘက် ပြင်နေဆဲမို့ပါ။

ခစတ။ ။နယ်ခြားစောင့်တပ်ရင်း ( ကချင် နှင့် ကရင် မတူညီပါ။ကကနယ် ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးရုံး လက်အောက်တွင်ရှိပါ သည်။ကချင်နယ်ခြားစောင့်တပ်များတွင် စကစဘက်မှ ဗိုလ်မှူးတစ်ဦးခေါင်းဆောင်၍ အရာရှိ ၄ ဦး၊ စစ်သည် ၅‌၆ ဦး တွဲဖက်၍ စစ်ဘက်ဆိုင်ရာလုပ်ထုံး လုပ်နည်းများ ဆောင်ရွက်ပါသည်။ကျန်အင်အားမှာ တိုင်းရင်းသားများဖြစ်ပါသည်။လစာရိက္ခာ၊ အုပ်ချုပ်ထောက်ပံ့မှု ခြေလျင်ခြေမြန်တပ်ရင်းအတိုင်းဖြစ်ပါ သည်။သို့သော် တပ်ရင်းမှူးရာထူးမှာ ဗိုလ်မှူးသာ ပေးထားပါသည် )

၂၀၂၄ ဧပြီ
ဇင်ယော်
#ZinYawCaptain
ဆော

ကပစ-၂၅သို့ ​ဆိပ်ဖြူ ကပစ-၂၂ တက် MI-17 Military Helicopter (1)စီး၊ Mi-35P Attack Helicopter (1)စီး အရှေ့မြောက်အရပ်မှ ဆင်းသက်။

#NAS
#WaiHin
Apr 20,4:09PM
📫သတင်းပို့ရန် @WaiHinScoutBot
သက်ဆိုင်ရာ ပြည်နယ်တွေမှာ ရှိတဲ့ EROs တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ပွဲဝင်တဲ့အတွက် ဘာတွေ ဘယ်လောက် အကျိုးဖြစ်ထွန်းခဲ့လဲ။

သက်ဆိုင်ရာ ပြည်နယ်တွေက EROs တွေနဲ့ လက်တွဲ တိုက်ပွဲဝင်နေတဲ့အတွက် နံပါတ် (၁) အတွေ့အကြုံရတယ်။ နံပါတ် (၂) လက်နက်ရပါတယ်။ စစ်ရေးမှာ အတွေ့အကြုံရှိမှု မရှိမှုက စကား အများကြီးပြောပါတယ်။ အထူးသဖြင့် ထုအင်အားနဲ့တိုက်တဲ့ မဟာဗျုဟာမြောက်ထိုးစစ်တွေမှာ ပါဝင်ခွင့်ရတာက PDF ရဲဘော်တွေအတွက် တန်ဖိုးမဖြတ်နိုင်ပါဘူး။ ဒီအတွေ့အကြုံကလည်း အောင်ပွဲအလီလီရတဲ့ အတွေ့အကြုံဖြစ်တဲ့အတွက် အရေးကြီးပါတယ်။ လက်နက်ရတယ်ဆိုတာမှာ လက်နက်ငယ်သာမက PDF အဓိက လိုအပ်နေတဲ့ လက်နက်ကြီးပါ ပါဝင်ပါတယ်။ PDF တပ်မတော်ဆင်နွှဲရမယ့် မဟာဗျုဟာ ထိုးစစ်တွေအတွက် အထောက်အပံ့ကောင်း ဖြစ်တယ်လို့ ယုံကြည်ပါတယ်။

EROs တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့NUG အကြား ဆက်ဆံရေး ဘယ်လိုရှိလဲ။

ဒီနှစ် ဇန်နဝါရီ (၃၁) ရက်က ထုတ်ပြန်ခဲ့တဲ့ K3C-NUG ဘုံသဘောထားရပ်တည်ချက်က အထူး အရေးကြီး ပါတယ်။ တော်လှန်ရေးကာလသာမက တော်လှန်ရေးအလွန်ကာလမှာပါ ထားရှိရမယ့် အခြေခံမူတွေ၊ လုပ်ငန်းစဥ်တွေကို ညှိနှိုင်းသဘောတူခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ပေါ် ဘယ်လိုသဘောထားကြမလဲ၊ နိုင်ငံတကာတိုက်တွန်းနေတဲ့ Dialogue ဆိုတဲ့ ကိစ္စပေါ် ဘယ်လို သဘောထားကြမလဲ၊ ပြည်နယ်တွေ သတ်မှတ်ဖွဲ့စည်းရေး၊ ပြည်နယ်တခုချင်းရဲ့ နယ်မြေ၊ နယ်နမိတ်များ ပိုင်းခြားသတ်မှတ်ရေး ကိစ္စတွေကို ဘယ်အချိန်မှာ ဘယ်လိုနည်းနဲ့ကိုင်တွယ်ဖြေရှင်း ကြမလဲ စတဲ့ အရေးကြီးတဲ့အချက်တွေ ပါဝင်ပါတယ်။ K3C နဲ့ NUG အကြား ရှေ့ဆက်လုပ်ငန်းစဥ် တွေအတွက် ပုံမှန်ဆွေးနွေးညှိနှိုင်းမှုတွေလည်း ဆက်ရှိနေတာ ဖြစ်ပါတယ်။

အာဏာရှင်စနစ်အောက်ကနေ ဘယ်ပြည်နယ်၊ ဘယ်ဒေသတွေ အရင်ဆုံး လွတ်မြောက်လာမလဲ။

စစ်ရေးရော နိုင်ငံရေးပါ အားကောင်းတဲ့ ပြည်နယ်တွေ ဒေသတွေကတော့ အရင်ဆုံး လွတ်မြောက် ကြမှာပါပဲ။ အခုကို ပြည်နယ် (၇) ခုလုံးရဲ့ အဓိကအစိတ်အပိုင်းတွေဟာ လွတ်မြောက်နေပြီလို့ ပြောနိုင်တဲ့ အနေအထားပါ။ အလားတူ ပြည်မမှာလည်း ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ကိုယ်ပိုင် လွတ်လပ်မှုနဲ့ နေထိုင် နေကြတဲ့ မြို့ရွာတွေ အမြောက်အမြား ရှိနေပါပြီ။

ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ အကြောင်း ပြောပြပေးပါဦး။

စစ်ရေးက ပြည်သူ့စစ်မဟာဗျုဟာကို အားပြုရတာ ဖြစ်တဲ့အတွက် တဖက်မှာ PDF တပ်မတော်ကို ထူထောင်သလို တဖက်မှာလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တွေကို ရပ်ကျေးအဆင့်ထိ ဖွဲ့စည်းတည်ထောင်ခဲ့ရတာ ဖြစ်ပါတယ်။
စစ်ရေးနဲ့အုပ်ချုပ်ရေးဆိုတာ တော်လှန်ရေးမှာ ဘယ်လက်နဲ့ညာလက်လိုပါပဲ။ လက်နှစ်ဖက်လုံး အားကောင်းဖို့ လိုပါတယ်။ စစ်ရေးအရ နယ်မြေစိုးမိုးနိုင်ပြီဆိုတာတဲ့ ဒီနယ်မြေတွေမှာ အုပ်ချုပ်ရေး လေဟာနယ်မဖြစ်စေဖို့၊ မင်းမဲ့ဒေသမဖြစ်စေဖို့၊ အုပ်ချုပ်ရေး ထူထောင်တာ ပအဖဖွဲ့စည်းတာ ကိုလည်း တပြိုင်တည်း ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ပလဖဆိုတာတော့ ရဲလုပ်ငန်း ဆောင်ရွက်တဲ့ အဖွဲ့ပါ။

မကြာခင် မဟာဗျုဟာမြောက် ထိုးစစ်တွေ ပေါ်ပေါက်လာတော့မလား။

PDF တပ်မတော်အနေနဲ့ဆိုရင် ထုအင်အားတည်ဆောက်ပြီး မဟာဗျုဟာထိုးစစ်ဆင်ဖို့ ပြင်ဆင် နေတဲ့ ကာလလို့ ပြောနိုင်ပါတယ်။ ထိုးစစ်က ခံစစ်ထက် ပိုပြီး အချိန်ယူရပါတယ်။ ပိုပြီး အရင်းအနှီး စိုက်ထုတ်ရပါတယ်။ ရှေ့မှာ ပြောခဲ့သလို ရန်သူကို အနိုင်ယူနိုင်မယ့် နည်းလမ်း ကျွန်တော်တို့ ရဲဘော်တွေမှာ ရှိနေပါပြီ။ ပွဲမြန်မြန်ဖြတ်နိုင်ဖို့ ကျွန်တော်တို့ အားလုံး အစွမ်းကုန် ကြိုးစားနေတယ် ဆိုတာ အသိပေးလိုပါတယ်။

#MOD
#HlaingInfo
ထို့အပြင် ကေအဲန်ယူနှင့်သက်ဆိုင်သော သတင်းအချက်အလက်၊ ဓါတ်ပုံများနှင့် ရုပ်သံများကို အကြောင်း အရာ နှင့်မသက်ဆိုင်သော (သို့မဟုတ်) ပြည်သူလူထုကို ထင်ယောင်ထင်မှား ဖြစ်စေသော သတင်းများတွင် ဖော်ပြခြင်း မပြုရန်နှင့် ဗဟို၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာအဆင့်ဆင့်တို့မှ လုံခြုံရေးအရ သတ်မှတ်ထားသော နေရာများဖြစ်စေ၊ ရိုက်ကူးခွင့်ပိတ်ပင်ထားသော နေရာများဖြစ်စေ၊ ခွင့်ပြုချက်တောင်းခံထားမှုတွင် မပါ၀င်သော အကြောင်းအရာ များတို့ကို ရိုက်ကူးခွင့်မပြုကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ-IPCM ၏ အတွင်းရေးမှူး ဦးတိုးဇော်လတ်က “မီဒီယာတွေနဲ့ သတင်းမီဒီယာဆို့စ်တွေနဲ့ အထူးသဖြင့် တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ အသစ်ပေါ်လာတဲ့အဖွဲ့တွေကြားထဲမှာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် အဆင်ပြေချော မွေ့ရေးဆောင်ရွက်တာကြိုဆိုပါတယ်။ ဒါပေမဲ့ မလိုလားအပ်ဘဲနဲ့ self-censorship ကိုအားပေးတဲ့ဟာမျိုးကိုတော့ အားမပေးဘူး မကြိုက်ဘူးပေါ့ဗျာ။” ဟု မှတ်ချက်ပြုသည်။

IPCM အနေဖြင့်လည်း သတင်းမီဒီယာကျင့်ဝတ်များနှင့်လျော်ညီစွာ သတင်းရယူရန်နှင့် သတင်းရ ယူပိုင်ခွင့်ကန့် သတ်ခံရခြင်းတို့အပေါ် အဆင်ပြေချောမွေ့စေရန် နှစ်ဖက် ညှိနှိုင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဦးတိုးဇော် လတ်က ဖြည့်စွက်ပြောသည်။

ဆက်လက်၍ KNU ၏ သတင်းနှင့်ပြန်ကြားရေးမူဝါဒနှင့်စည်းကမ်းချက်များတွင် အဖွဲ့အစည်း၏ လုံခြုံရေး၊ ဂုဏ်သိ က္ခာနှင့် ပုံရိပ်ကို ထိခိုက်နစ်နာပျက်စီးဆုံးရှုံးစေမည့် ပြုမူလုပ်ဆောင်ချက်များကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း၊ လိုအပ်ပါက ရိုက်ကူးထားသည့် ရုပ်သံများဖြစ်စေ၊ ဓါတ်ပုံများဖြစ်စေတာ၀န်ရှိသူများမှ စစ်ဆေးရန်တောင်းခံ လာပါက ရိုက်ယူထားသည်များကို ပြသပေးရမည်ဖြစ်ကြောင်းနှင့် KNU က ထုတ်ပြန်ထားသည့် ရုပ်သံများကို ပြန်လည်သုံးစွဲမည်ဆိုပါက ခွင့်ပြုချက်တောင်းခံ၍ credit ဖော်ပြပေးရမည်ဟုလည်း ပြောဆိုထားသည်။

အထက်ဖော်ပြပါ စည်းကမ်းများကို မလိုက်နာသည့် သတင်းထောက်နှင့်သတင်းမီဒီယာများ KNU ၏ Black list (အမည်ပျက်စာရင်း)သွင်းခြင်းအပြင် သတင်းမီဒီယာကောင်စီသို့လည်း တိုင်ကြား ခံရမည်ဖြစ်ပြီး သတင်းမှား များဖော်ပြပါက တောင်းပန်ရန်နှင့်အမှားပြင်ဆင်ချက်ဖော်ပြရန်လည်း ထုတ်ပြန် ချက်တွင် ဖော်ပြပါရှိသည်။

အလားတူ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး‌ကောင်စီ-IEC ကလည်း ကရင်နီပြည်အတွင်း သတင်းယူရန် ရောက်ရှိလာသည့် ပြည်တွင်းပြည်ပမီဒီယာသမားများ IEC သို့ ခွင့်ပြုချက်တောင်းခံရန်၊ ကရင်နီ၏စစ်ဆင်ရေး၊ အုပ်ချုပ်ရေးကို ထိခိုက်စေသည်တို့ကိုရှောင်ရှားရန်နှင့် ကျင့်ဝတ်ထက်ကျော်လွန်လုပ်ဆောင်သော မီဒီယာများ သတင်းရယူခွင့်ပိတ်ပင်ခံရမည်ဖြစ်ကြောင်း ဧပြီလ(၁၆)ရက်နေ့က ထုတ်ပြန်သတိပေးခဲ့သည်။

Photo crd: The Guardian

#KIC
#HlaingInfo