ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
Forwarded from U U Aung Pwel ️
"ကောင်လေးက မဲပေါက်တာ သူ့အဖွားကိုပြောမပြဘူး။ နောက်နေ့မှာပဲ ကောင်လေးရဲ့ အဖွားက သူ့မြေးလေး မဲပေါက်တာ ကိုသိသိချင်း heart attack ဖြစ်ပြီး သေသွားတာ။ မြေးအဖွား နှစ်ယောက်ထဲရှိတာဆိုတော့ အားငယ်သွားတာ။ အားလုံးလဲစိတ်မကောင်းဖြစ်ကြရတယ်။ ရွာကလည်း သူတို့မြေးအဖွားကို တော်တော်ချစ်ကြတာ" ဟု တွံတေးမြို့နယ်ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်မှုထမ်းဆောင်ရန် မဲပေါက်သည့် ကိုမျိုးမင်းဇော်မှာ အသက် ၂၅  နှစ်ရှိပြီး အဖွားဖြစ်သူကို လုပ်ကိုင်ကျွေးမွေးနေသူဖြစ်ကာ အဖွားဖြစ်သူကို မတ်လ ၁၆ ရက်နေ့တွင် ကောင်းမွန်စွာသင်္ဂြိုဟ်ပေးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ထိုသို့ စစ်မှုထမ်းဆောင်ရန်အတွက် မဲနှိုက်ရန်  ဦးဆောင် စေခိုင်းခဲ့သူမှာ လက်ပံကုန်းကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကျော်ကြီးနှင့်အဖွဲ့ဖြစ်ကြောင်း ဒေသခံများကပြောဆိုချက်အရ သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်က စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များ တစ်နိုင်ငံလုံးအနှံ့ လိုက်လံ ဝေငှခဲ့ပြီး အဆိုပါ လက်ကမ်းစာစောင်တွင်  ပညာသင်ကြားနေသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ မိအိုဖအို လုပ်ကျွေးနေသူများ၊ ဆေးသူသမှုခံယူနေသူများကို ယာယီရွှေဆိုင်းခွင့်ပေးထားကြောင်း  ဖော်ပြထားသည်။

အလားတူ ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်းဆောင်ရန်မဲပေါက်သူအချို့ မိမိကိုယ်ကိုယ် အဆုံးစီရင်မှုများ ရှိကြောင်း လူမှုကွန်ရက်တွင် ထွက်ပေါ်လျှက်ရှိသော်လည်း ဧရာဝတီတိုင်းမ်သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းလျှက်ရှိသည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အတည်ပြု ထုတ်ပြန်ပြီးနောက် စစ်မှုမထမ်းလိုသည့် လူငယ်အချို့မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်များထံ ရောက်ရှိသွားကြသလို ပြည်ပထွက်ရန်အတွက် ပြင်ဆင်လာကြသူများနှင့် ထွက်ပြေးတိမ်းရှောင်သူများလည်း အများအပြား ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ တိုင်းနယ်၊ ပြည်နယ် အသီးသီးရှိ ရပ်ကွက်၊ မြို့ရွာများမှ ပြည်သူအများစုမှာလည်း စစ်မှုထမ်းရမည့်ဆိုသည့် ကိစ္စနှင့်ပတ်သက်၍ စိုးရိမ်စိတ်များ နေ့စဥ်မြင့်တက်လျက် ရှိနေကြောင်းသိရသည်။

ပုံစာ- စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို တွံတေးမြို့နယ်အတွင်း မတ်လ ၁၃နေ့က တွေ့ရစဉ်၊

ဖေဖော်ဝါရီနောက်ဆုံးပတ်က ရန်ကုန်မြို့ပေါ်တွင် စစ်ကောင်စီက ဝေငှခဲ့သည် လက်ကမ်းစာစောင်

#AYAT
#HlaingInfo
Forwarded from U U Aung Pwel ️
ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက် ဆက်ဆံရေး ကောင်းမွန်တဲ့ကာလ အဆုံးသတ်ခဲ့ပြီး ပေကျင်းရဲ့ မဟာဗျူဟာမြောက် စီးပွားရေးစီမံချက်တွေ ကဖျက်ယဖျက်ဖြစ်ခဲ့ရတဲ့ စစ်အာဏာသိမ်းမှုကို တရုတ်နိုင်ငံက သဘောမတွေ့ခဲ့ဘူးလို့ အစီရင်ခံစာက ပြောပါတယ်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုနောက်ပိုင်း စိုးရိမ်ပူပန်မှုကြောင့် စစ်ကောင်စီနဲ့ အ ဆင့်မြင့် တာဝန်ရှိသူတွေအဆင့်မှာ ထိတွေ့ဆက်ဆံမှု တိုးချဲ့ခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံဟာ အာဏာသိမ်းစစ်ကောင်စီနဲ့ ဆက်ဆံရေး ပုံမှန်ပြုလုပ်တာ သို့မဟုတ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နိုင်ငံအကြီးအကဲအဖြစ် အသိအမှတ်ပြုတာကို ရှောင်ကြဉ်ခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

တရုတ်-မြန်မာဆက်ဆံရေးဟာ အပြန်အလှန် မယုံကြည်မှုတွေ ရှိနေပြီး စစ်ကောင်စီဟာ တ ရုတ်နိုင်ငံရဲ့ ရည်ရွယ်ချက်တွေနဲ့ပတ်သက်လို့ စိုးရိမ်နေသလို တရုတ်နိုင်ငံကလည်း မြန်မာကို မယုံကြည် ရသော မိတ်ဖက်တစ်ခုအဖြစ် ရှုမြင်တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

တရုတ်နိုင်ငံဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဉီး ကျော်မိုးထွန်းကို မကန့်ကွက်ခဲ့သလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ပထမဆုံးသော ဆုံး ဖြတ်ချက်ကို ဗီတိုအာဏာသုံးပြီး မပယ်ချခဲ့ဘဲ ကြားနေမဲပေးခဲ့ပါတယ်။

တရုတ်နိုင်ငံက မင်းအောင်လှိုင်ကို နိုင်ငံ့အကြီးအကဲအဖြစ် အသိအမှတ်ပြုဖို့သာမက တရုတ်နိုင် ငံသို့ ဖိတ်ကြားဖို့လည်း ငြင်းဆန်ခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ကိုးကား - Nikkei Asia Review
Ref; 'Trust deficit' betTretwChina and Myanmar's military, report says

#AYAT
#HlaingInfo
Forwarded from U U Aung Pwel ️
အဆိုပါ စစ်မှုထမ်းဆောင်ရန် မဲစာရင်းနံပတ်များ ထည့်သွင်းကြိုတင်စီစဥ်ထားကြသူများမှာ မရွေးကုန်းအုပ်စုရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုး ဦးသိန်းဝင်းနှင့် ၎င်း၏ နောက်လိုက်ဖြစ်သည့် ဦးကိုလင်းနှင့် ဦးခင်လှိုင်တို့ဖြစ်ကြောင်း သိရသည်။

"ဆေးရုံလုပ်အားပေးဆိုပြီးတစ်အိမ်တစ်ယောက်ခေါ်တယ်။ မလိုက်တဲ့အိမ်ကို ပိုက်ဆံတစ်သောင်းလိုက်ကောက်တာတွေလုပ်တယ်။ မဲပေါက်တဲ့ တစ်ယောက်ကတော့မဲပေါက်ရဲ့သားနဲ့ မလိုက်သွားရဘူး။ အုပ်ကြီးကို ပိုက်ဆံပေးလိုက်တာ ကျန်ခဲ့ရတယ်။ သူ့တို့မိသားစုနဲ့ သားသမီးတွေကိုတော့ အသက်မှီရက်သားနဲ့ စစ်မှုထမ်းဖို့ မထည့်ဘူး" ဟု ဒေသခံတစ်ဦးက ပြောသည်။

မရွေးကုန်းအုပ်စုတွင် စစ်မှုထမ်းဆော​င်ရန်း စာရင်းထည့်ပေးနေသည့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့် ၎င်း၏တပည့်မှာ (ဂျင်သမား) (ဖဲသမား)ဖြစ်သည့်အပြင် တရားမဝင်လောင်းကစားများ
အားလုံး လုပ်ဆောင်လျှက်ရှိသည်ဟု စုံစမ်းသိရှိရသည်။

ထို့ပြင် ဧရာဝတီတိုင်းအတွင်း ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်၊ လပွတ္တာခရိုင်များတွင် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ၏ သားသမီးများက်ို စစ်မှုထမ်းဆောင်ရန်ချန်လှပ်ထားပြီး ၎င်းတို့နှင့် အဆင်မပြေသူများကိုသာ အများစု စစ်မှုထမ်းဆောင်ရန် စာရင်းများထည့်ပေးနေခြင်း ဖြစ်သည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အတည်ပြု ထုတ်ပြန်ပြီးနောက် စစ်မှုမထမ်းလိုသည့် လူငယ်အချို့သည် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံ ရောက်ရှိနေကြသလို  ပြည်ပထွက်ရန်အတွက် ပြင်ဆင်လာသူများနှင့် ထွက်ပြေးတိမ်းရှောင်သူ အများအပြားရှိနေကြောင်း သိရသည်။


ဓာတ်ပုံ- မရွေးကုန်းကျေးရွာအုပ်စု စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး သိန်းဝင်း

#AYAT
#HlaingInfo
Forwarded from U U Aung Pwel ️
စစ်မှုထမ်းဥပဒေအရ မဲနှိုက်ရာတွင်မဲပေါက်သူ အချို့မှာ ကိုယ်စားဝင်ရောက်သူများအားရှာဖွေကာ ငွေပေး၍ ဝယ်ယူနေကြပြီး လူစားထိုးဝင်ရောက်ခိုင်းသူများလည်း ရှိကြောင်း သိရသည်။

"ဒီဘက်မှာ​တော့ ပိုက်ဆံရှိတဲ့ သူတွေထဲက မဲပေါက်ရင် ကိုယ်စားပြု ဝင်နိုင်မဲ့သူကိုရှာတယ် ငွေပေးမယ်ပေါ့ အချို့ဆို သိန်း ၁၀၀ လောက်အထိ ကမ်းလှမ်းနေတာမျိုးတွေတောင်ရှိပါတယ် "ဟု ကျုံပျော်မြို့နယ်မှဒေသခံအမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီမှ တပ်အတွင်းဝင်ရောက်ပါက လစာရိက္ခာပေးမည် ၊ မိသာစုအတွက် ငွေကြေးထောက်ပံ့ပေးမည်ဟု ပြောဆိုထားသော်လည်း တပ်အတွင်းဝင်ရောက်သူများ၏ မိသာစုဝင်များမှာ ထောက်ပံ့မှုမရကြကြောင်း ဒေသခံများထံမှသိရသည်။

#AYAT
#HlaingInfo
နိုင်ငံတကာအကူအညီ ဘီလီယံနှင့်ချီ ရယူထားသည့် စစ်ခေါင်းဆောင်က ငလျင်ဘေးသင့်သူများကို ဆောက်လုပ်ရေးပစ္စည်း ရောင်းမည်ဟုဆို

ဧပြီလ ၂၀ ရက်

အင်အားပြင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက် အဆောက်အဦ၊ နေအိမ်များပြိုကျပျက်စီးကာ ပြည်သူများ အိုးမဲ့အိမ်မဲ့ဖြစ် နေထိုင်စားသောက်ရေးခက်ခဲနေချိန်တွင် စစ်ကောင်စီက အိမ်ဆောက်ပစ္စည်းများ ရောင်းချပေးသွားမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

နိုင်ငံတကာမှ ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းသည့် ငွေကြေး ဒေါ်လာ ဘီလီယံနှင့်ချီရှိနိုင်ပြီး အဆိုပါငွေများကို မည်သည့်နေရာတွင် သုံးစွဲမည်ဖြစ်သည်ကို သိရှိရခြင်းမရှိသေးသော်လည်း ငလျင်ဘေးသင့်သူများကို ‌အိမ်ဆောက်ပစ္စည်းများ ရောင်းချပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းနှင့် မန္တလေးရှိ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ယမန်နေ့ ဧပြီ ၁၉ ရက်ကတွေ့ဆုံစဉ် စစ်ခေါင်းဆောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

မန္တလေးမြို့နှင့် စစ်ကိုင်းမြို့အတွင်းရှိ ပျက်စီးသွားသည့် အဆောက်အဦများ ရှင်းလင်းရေးနှင့် ပြန်လည် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ပြီး နိုင်ငံတော်မှလည်း ကူညီဆောင်ရွက်သွားမည်ဖြစ်ကာ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လို အပ်သည့် ဘိလပ်မြေ၊ သံနှင့် သွပ်များကိုလည်း နိုင်ငံတော်မှသင့်လျော်သည့် ဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။

ငလျင်ဘေးသင့်ဒေသများကို ပြန်လည်ထူထောင်ရေးများလုပ်ဆောင်ရာတွင် ယခင်ကထက် ပိုမိုတိုးတက်အောင်ဆောင်ရွက်သွားမည်ဖြစ်သလို Green City၊ Clean City၊ Smart City ဖြစ်အောင် ကြိုးပမ်းဆောင် ရွက်သွားမည်ဟု စစ်ခေါင်းဆောင်က ထည့်သွင်းပြော ဆိုသွားသည်။

မြို့ပြန်လည်ထူထောင်ရေးလုပ်ဆောင်ရာတွင်လည်း မြို့နေရာချထားမှု ‌Town Plan များစနစ်တကျပြန် လည်ရေးဆွဲပြီး ဆောင်ရွက်သွားရန်နှင့် ရစ်ခ်ျချက်တာစကေး ၈ အဆင့်ထိခံနိုင်သည့် အဆောက်အဦ၊ လမ်း၊ တံတားများဖြစ်ရန် တည်ဆောက်သွားကြရန် လိုအပ်သည်ဟုလည်း ၎င်းကဆိုသည်။

ထို့အပြင် စစ်ကိုင်းတိုင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် ငွေကျပ် ၅၀ ဘီဘီယံ၊ မန္တလေးတိုင်း ပြန်လည်‌ထူထောင်ရေးလုပ်ငန်းများအတွက် ငွေကျပ် ၆၀ ဘီလီယံတို့ကိုလည်း ပေးအပ်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

အင်အားပြင်းငလျင်ကြီးကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်နှင့် ရှမ်းတောင်တို့တွင် အဓိက ထိခိုက်ပျက်စီးမှုများခဲ့ကာ လူဦးရေ ၄၀၀၀ ကျော်သေဆုံးကာ ၆၀၀၀ ကျော်ဒဏ်ရာရရှိခဲ့ပြီး ပျောက်ဆုံးနေသူ ရာချီရှိနေသေးကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ငလျင်ဘေးအတွက်  ယွမ်ငွေ ၁ ဘီလီယံ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးအကူအညီများပေးအပ်ထားပြီး အမေရိကန်၊ ဥရောပသမဂ္ဂ၊ အာဆီယံနှင့် အခြားသောနိုင်ငံများဖြစ်သည့်  အိန္ဒိယ၊ ရုရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ နယူးဇီလန်နှင့်  အခြားနိုင်ငံများမှလည်း အကူအညီများ ပေးအပ်ထား သည်။

ဓာတ်ပုံ-စစ်ကောင်စီ
#AYAT
#Aungpwel
Forwarded from Aung Pwel Info
ကျောက်ဖြူတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီ ကာကင်းစခန်းများ အသိမ်းခံရကာ တပ်ပျက်ထွက်‌ပြေးရမှုများရှိနေ

မေလ ၈ ရက်

စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်၏ ကာကင်းအချို့သိမ်းဆည်းခံထားရကြောင်း သိရသည်။

AA သည် ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာရှိ စစ်ကောင်စီ၏ ကာကင်းစခန်းကို ပြီးခဲ့သည့် မေ ၁ရက်နေ့ကတည်းက သိမ်းယူခဲ့ပြီးနောက် မင်းတပ်တောင်မှ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးထွက်လာသည့်အတွက် ထပ်မံ ပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီ စစ်ကြောင်းလိုက် တပ်ဆုတ်ပြေးရကြောင်း စစ်သတင်းရင်းမြစ်ထံမှ သိရသည်။

"ကျောက်ဖြူ၊ ရမ်းဗြဲကားလမ်းပေါ်က မင်းတပ်တောင်အထိုင်စခန်းမှာ တိုက်ပွဲပြင်းထန်နေတယ်။ ၆ရက်နေ့မှာ စစ်တပ်က ဒရုန်းဗုံးကြဲလို့ အချွန်းနဲ့ သပြုတောင် မီးလောင်တာတွေရှိတယ်" ဟု ကျောက်ဖြူ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ ရဲတပ်ရင်း ၃၂ အနီးဝန်းကျင်ကိုလည်း AAက ပိတ်ဆို့စောင့်ကြည့်မှုများပြုလုပ်ထားပြီး စစ်ကောင်စီသည် ဂုံးချွိန်တိုက်နယ်အတွင်းသို့ မကြာခဏ စစ်ကြောင်းထိုးနေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီ၏ ရေတပ်မှနေ၍ ရဲတပ်ရင်းအနီးနှင့် လိပ်ခမော်၊ မင်းတပ်တောင်ဝန်းကျင်ကို လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်နေပြီး ဒရုန်းဗုံးများဖြင့်ပါ ကြဲချတိုက်ခိုက်လျက်ရှိသည်။

စစ်ကောင်စီသည် စစ်ခေါင်းဆောင်ပြည်ပခရီးစဉ်မတိုင်ခင် အပစ်အခတ်ရပ်စဲရေး ဟန်ပြသက်တမ်းတိုးသွားသော်လည်း လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုတို့ကို စစ်ရေးတင်းမာသည့်နယ်မြေများတွင် ဆက်တိုက်ပြုလုပ်နေဆဲဖြစ်သည်။

ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)
#AYAT
#Aungpwel
Forwarded from Hlaing Info
လေထုမငြိမ်သက်မှုကြောင့် ယခုတစ်ပတ်အတွင်း မိုးကြီးမည်

ဩဂုတ်လ ၁၁ ရက်

မုတ်သုံလေအားကောင်းမှုနှင့်အတူ လေထုမငြိမ်သက်မှုများကြောင့် ယခုတစ်ပတ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးကြီးနေမည်ဖြစ်ကြောင်း စစ်ကော်မရှင်လက်အောက်ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ထုတ်ပြန်သည်။

ယနေ့ ဩဂုတ် ၁၁ မှ ၁၆ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးမည်ဖြစ်သည်။

ထို့ပြင် မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊  ကရင်နီ (ကယား)ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲမိုးကြီးနိုင်မည်ဖြစ်ကြောင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းပြင်  မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းတို့ဖြစ်ပေါ်နိုင်သည့်အတွက် ပြည်သူများသတိပြုကြရန် နှိုးဆော်မှုများလည်း ရှိနေသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးနိုင်ကာ  ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ကိုးပေမှ ၁၁ ပေခန့်ရှိနိုင်ကြောင်း

လက်ရှိတွင် စစ်‌တောင်းမြစ်ရေသည် မဒေါက်မြို့နှင့် သံလွင်မြစ်ရေသည် ဘားအံ့မြို့တို့တွင် လာမည့်တစ်ရက်အတွင်း  နှစ်လက်မ ရေကျနိုင်သော်လည်း စိုးရိမ်ရေမှတ်ဆက်လက်တည်ရှိနိုင်ပြီး ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် နန်းယင်းမြစ်ရေသည် လာမည့်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်ထိမြင့်တက်နိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- လူမှုကွန်ရက်
#AYAT
#HlaingInfo