Forwarded from မြေလတ်အသံ - Myaelatt Athan
ဥပုသ်သီလစောင့်တဲ့ သက်ကြီးရွယ်အိုတွေကို PDF ရဲဘော်တွေက ဆေးကုသိုလ်အဖြစ် ကုသပေး (ရုပ်/သံ)
မြိုင်၊ ဧပြီ ၁၈၊ ၂၀၂၄။
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်းရှိ ဘုန်တော်ကြီးကျောင်းတကျောင်းမှာ သက်ကြီးရွယ်အိုတွေကို ဧပြီ ၁၇ ရက်မှာ ဆေးဝါးကုသပေးခဲ့တယ်လို့ ပခုက္ကူခရိုင် တပ်ရင်း ၇၊ Myaing's Hero Generation တပ်ဖွဲ့ဆီက သိရပါတယ်။
နှစ်ဆန်းတရက်နေ့မှာ ဥပုသ်သီလစောင့်ဖို့ လာရောက်ကြတဲ့ သက်ကြီးရွယ်အိုတွေထဲက ကျန်းမာရေးမကောင်းသူ လူဦးရေ ၈၀ ကျော်ကို ဆေးကုသိုလ်ပြုတဲ့အနေဖြင့် ဆေးဝါးကုသပေးခဲ့တယ်လို့ ဆိုပါတယ်။
ဆေးကုသပေးရာမှာ အဓိကအားဖြင့်ဆီးချို၊ သွေးချို၊ သွေးတိုးရောဂါတွေ အဖြစ်များနေပြီး အားဆေး၊ထိုးဆေး၊ သောက်ဆေးပေးရင်း ကုသပေးခဲ့ရသလို ဒူးနာ၊ ခါးနာ၊ ကိုယ်လက်ကိုက်ခဲတာတွေလည်း ကုသိုလ်ပြု ဆေးကုသပေးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
ဆေးကုသရာမှာ အသုံးပြုတဲ့ ဆေးပစ္စည်းတွေမှာ ယခင်က ပြည်သူတွေ ဆေးဖိုးလှူဒါန်းထားတဲ့ငွေဖြင့် လိုအပ်တာတွေ ဝယ်ယူပြီး အဘိုး အဘွားတွေကို ဆေးမှူးနဲ့အဖွဲ့ဝင် ရဲဘော်ရဲမေ ၁၅ ဦးက ဆေးကုသပေးခဲ့တယ်လို့ ဆိုပါတယ်။
ပခုက္ကူခရိုင်အမှတ် ၇ တပ်ရင်းက ဆေးတပ်ဖွဲ့ဝင်များမှာ ကျောင်းနေအရွယ်ကလေးသူငယ်များအား ကျန်းမာရေး အသိပညာပေးဟောပြောတာ၊ သံကောင်ကာကွယ်ဆေး အားဆေးတိုက်ကျွေးတာ၊ စစ်ရှောင်နဲ့ မီးဘေးသင့်ပြည်သူတွေကိုလည်း အခါအားလျော်စွာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတယ်လို့ သိရပါတယ်။
သတင်း - စောကျော်ငြိမ်း၊ တည်းဖြတ် - HP
#မြေလတ်အသံ
#မကွေး #ပခုက္ကူ #မြိုင် #PDF #ရပ်ရွာနေပြည်သူများ #ဆေးကုသိုလ်ပြု
https://youtu.be/GJqpG_FVRnE

YouTube
ဥပုသ်သီလစောင့်တဲ့ သက်ကြီးရွယ်အိုတွေကို PDF ရဲဘော်တွေက ဆေးကုသိုလ်အဖြစ် ကုသပေး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်းရှိ ဘုန်တော်ကြီးကျောင်းတကျောင်းမှာ သက်ကြီးရွယ်အိုတွေကို ဧပြီ ၁၇ ရက်မှာ ဆေးဝါးကုသပေးခဲ့တယ်လို့ ပခုက္ကူခရိုင်…

Forwarded from လူထုခေတ်
ရေစကြိုမြို့နယ်၊မအူရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်စီးနင်းပြီး စခန်းကို မီးရှို့ဖျက်စီး(ရုပ်/သံ)
သြဂုတ်၊ ၂၄ ၊ ၂၀၂၄။
လူထုခေတ်
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မအူရွာရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရေစကြိုမြို့နယ်(ပကဖ)မှ ထုတ်ပြန်သည်။
သြဂုတ် ၂၄ ရက်နေ့ နံနက် နှစ်နာရီခွဲခန့်တွင် ရေစကြိုမြို့နယ်၊ မအူရွာရဲစခန်းကိုရေစကြို(ပကဖ)နှင့်အတူ ပခုက္ကူခရိုင် အမှတ်(၉)တပ်ရင်း တပ်ဖွဲ့တို့က ၂ နာရီကျော်ကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
“မအူစခန်းကိုတော့ သိမ်းဆည်းရမိပြီးပြီ။စခန်းကိုလည်း ဖျက်သိမ်းပြီးပြီ။ကျနော်တို့ စခန်းထဲဝင်ပြီး မီးရှို့လိုက်ပါပြီ”ဟု ရေစကြို(ပကဖ)မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုထန်ပြောင် ကပြောသည်။
ယင်းရဲစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ Jammer စက်ကြီး ၁ လုံး၊M79 ၁လက်၊၆၀(မမ)ဗုံးသီး ၆ လုံး၊အီနာဂါ ၄ လုံး၊G3ကျည် ၂၈၀ တောင့်၊၉(မမ)ကျည် ၅၀ တောင့်၊ရှေ့ထွက်မိုင်း ၄ လုံး၊မီးစက် ၁ လုံး၊ဘထ္ထရီ ၂ လုံးနှင့် အခြားဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့မှစတင်၍ မအူရဲစခန်းကို ရေစကြို(ပကဖ)၊Salingyi Special Task Force(SSTF)၊မြိုင်(ပကဖ)နှင့်နွေဦးစစ်သည်ရေလယ်ကျွန်းဒေသစစ်ကြောင်းတို့မှ ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
#ရေစကြို #ရဲစခန်း #စီးနင်း #ပကဖ #PDF
အောက်ပါလင့်ခ်တွင် ရုပ်/သံကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://youtu.be/Qk3lRbD1YTs

ရေစကြိုမြို့နယ်၊မအူရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်စီးနင်းပြီး စခန်းကို မီးရှို့ဖျက်စီး
ရေစကြိုမြို့နယ်၊မအူရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်စီးနင်းပြီး စခန်းကို မီးရှို့ဖျက်စီး(ရုပ်/သံ)
သြဂုတ်၊ ၂၄ ၊ ၂၀၂၄။
လူထုခေတ်
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မအူရွာရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း…
သြဂုတ်၊ ၂၄ ၊ ၂၀၂၄။
လူထုခေတ်
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မအူရွာရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း…
Forwarded from လူထုခေတ်
မြိုင်၊သရက်ပျူရွာကို တိုက်ခိုက်မည်ဟု ကြေညာပြီးနောက် ပျူစောထီး ၄၆ ဦးထိအလင်းဝင်လာ
စက်တင်ဘာ၊ ၂၇၊ ၂၀၂၄။
လူထုခေတ်
မကွေးတိုင်း၊မြိုင်မြို့နယ်၊သရက်ကန်ပျူစောထီးကျေးရွာမှ အလင်းဝင်ရောက်လာသည့် ပျူစောထီး ၄၆ ဦးထိရှိလာပြီဖြစ်ကာ လွတ်လပ်စွာနေထိုင်ခွင့်ပေးထားပြီး ခရီးသွားလာခွင့်ကိုသာ ခွင့်ပြုထားခြင်းမရှိကြောင်းသိရသည်။
စက်တင်ဘာလ ၂၃ရက်နှင့်၂၄ ရက်နေ့တို့တွင် မြိုင်မြို့နယ်၊သရက်ကန်ပျူစောထီးကျေးရွာမှ ပျူစောထီးမိသားစုဝင် ၁၄ ဦး အလင်းဝင်ရောက်လာခြင်းဖြစ်ပြီး အလင်းဝင်ရောက်လာသူ ၄၆ ဦးထိရှိပြီဖြစ်ကြောင်း အညာမြေတပ်ပေါင်းစုမှ ထုတ်ပြန်သည်။
“ကျနော်တို့ဆီ လာချင်တယ်လို့ ဆက်သွယ်လို့ စစ်ကြောင်းထိုးနေတဲ့ကြားကမှ ၂ ရက်ဆက်တိုက် ၁၄ ဦးကို သွားခေါ်ထုတ်လာရတာပါ။လက်ရှိ သရက်ကန်မှာ အင်အား ၁၀၀ ဝန်းကျင်တော့ ကျန်ပါလိ့မ်အုံးမယ်”ဟု အညာမြေတပ်ပေါင်းစု မှ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင် က ပြောသည်။
အလင်းဝင်လာသည့် ပျူစောထီးမိသားစုဝင်များကို တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားရာ ကျေးရွာများတွင် ယာယီနေခိုင်းထားပြီ တော်လှန်ရေးတပ်ဖွဲ့ဝင်များက စောင့်ကြပ်ကြည့်ရှု့ထားကြောင်းသိရသည်။
“လက်တလောတော့ စားဝတ်နေရေးခက်ခဲတာမရှိပါဘူး။ရေရှည်မှာလည်း အဆင်ပြေသွားမယ်မျှာ်လင့်ပါတယ်။သူတို့တွေကိုတော့ အသေးစိတ် စစ်မေးတာမျိုးမလုပ်ရသေးပါဘူး။သူတို့ကို ပြည်သူတွေနဲ့အတူပဲထားပါတယ်။အခြားရွာမှာ သွားရောက်နေထိုင်မယ်ဆိုရင်တော့ ခွင့်ပြုပေးထားပါတယ်။ကျနော်တို့ဆီမှာ ခိုလှုံနေတဲ့ကာလမှာတော့ ခရီးသွားခွင့်တော့ ပြုမထားပါဘူး”ဟု ၎င်းကဆိုသည်။
စက်တင်ဘာလ ၇ ရက်နေ့တွင် မြိုင်မြို့နယ်တောင်ပိုင်းရှိ သရက်ကန်ပျူစောထီးရွာနှင့်ပျူစောထီးစခန်းမှ ပျူစောထီးများကို အချိန်မီအလင်းဝင်ရောက်ခြင်းမပြုပါက တိုက်ခိုက်သွားမည်ဟု တော်လှန်ရေးတပ်ဖွဲ့များမှ ကြေညာခဲ့ခြင်းဖြစ်သည်။
#မကွေး #မြိုင် #ပျူစောထီး #အလင်းဝင် #PDF

အုတ်ဖိုမြို့နယ်၊ဂမုန်းဆည်ကို စစ်ကြောင်းထိုးလာသည့် PDF တိုက်ခိုက်မှု၊ စစ်သား ၁၂ ဦးသေဆုံးကာ ၁၄ ဦးအပြင်းထန်ဒဏ်ရာရပြီး လက်နက်ခဲယမ်းများလည်းသိမ်းနိုင်ခဲ့
အောက်တိုဘာ ၊ ၃ ၊ ၂၀၂၄။
လူထုခေတ်
ပဲခူးတိုင်း၊အုတ်ဖိုမြို့နယ်၊ဂမုန်းဆည်သို့ စစ်ကြောင်းထိုးလာသည့် တပ်မ(၆၆)လက်အောက်ခံ၊ခမရ-၆ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၁၂ ဦးသေဆုံးပြီး ၁၄ ဦးပြင်းထန်ဒဏ်ရာရရှိကြောင်း တောင်ပိုင်းစစ်ဒေသ အမှတ်-၂ စစ်ဒေသခွဲကထုတ်ပြန်သည်။
ယနေ့(အောက်တိုဘာ၊၃)နံနက် ၉ နာရီဝန်းကျင်တွင် အုတ်ဖိုမြို့နယ်၊ဂမုန်းဆည်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို PDF တပ်ရင်း(၃၈၀၂)၊တပ်ခွဲ-၄ ရဲဘော်များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယင်းတိုက်ပွဲသည့် အပြန်အလှန်ပစ်ခတ်ချိန် ၁ နာရီဝန်းကျင်ခန့်ပြီး စစ်သား ၁၂ ဦးသေဆုံးကာ ၁၄ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ပြန်လည်ဆုတ်ခွာသွားကြောင်းသိရသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီစစ်ကြောင်းမှ G-3 ၂ လက်၊MA-1 လက်၊၆၀(မမ)BA 100စိန်ပြောင်း၊အီနာဂါ ၁ လုံး၊G-3ကျည် ၁၈၁ တောင့်၊MA-1 ကျည် ၁၃ တောင့်၊ကျည်ဘောက် ၄ ခု၊အီကွေ့မန့် ၁ ခု၊ကျောပိုးအိတ် ၅ လုံး၊စစ်ကောင်စီသံဦးထုပ် ၂ လုံး၊မိုးကာ ၁ ထည်၊ငွေသား ၇၄၀၀၊လက်ကိုင်ဖုန်း ၅ လုံး၊မှတ်ပုံတင်နှင့်သက်သေခံကဒ်များတို့ကို သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
#ပဲခူး #အုတ်ဖို #စစ်ကောင်စီ #တိုက်ပွဲ #PDF

တပ်သားသစ် စုဆောင်းခံရသည့် စစ်ကောင်စီတပ်သား ၂ ဦး ပခုက္ကူတွင် တာဝန်ကျနေစဥ် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်
နိုဝင်ဘာ ၊ ၁ ၊ ၂၀၂၄။
လူထုခေတ်
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် တပ်သားသစ်စုဆောင်းခံရသည့် စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာသူများကို ၎င်းတို့ နေထိုင်လိုသော ဒေသအသီးသီးသို့ ပို့ဆောင်ပေးခဲ့ပြီဖြစ်ကြောင်း Southern YSO PDF မှ ထုတ်ပြန်သည်။
အောက်တိုဘာ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ပခုက္ကူစက်မှုဇုန်စစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသည့် ခလရ-၂၉၅ မှ တပ်သားပြည့်ဖြိုးအောင်နှင့် မြောက်လူးကန် အထိုင်စခန်းတွင် တာဝန်ကျနေသည့် စလင်းမြို့အခြေစိုက် ခလရ-၂၅၅ မှ တပ်သားကောင်းမင်းခန့်တို့သည် လက်နက်ခဲယမ်းများနှင့်အတူ Southern YSO PDF ထံ အလင်းဝင်လာခြင်းဖြစ်ကြောင်းသိရသည်။
“သူတို့ ၂ ယောက်က အတူတူ အလင်းဝင်လာတာတော့မဟုတ်ဘူး။တစ်ယောက်က မနက်ပိုင်း။တစ်ယောက်က ညနေပိုင်း အလင်းဝင်လာတာ။လက်နက်ခဲယမ်းတွေ ပါလာတာမို့ သိန်း ၄၀ ဆီချီးမြှင့်ပြီး သူတို့ က သူတို့သွားချင်တဲ့နေရာကိုပြောလို့ လိုက်ပို့ပေးခဲ့လိုက်ပါပြီ”ဟု Southern YSO PDF မှ တာဝန်ခံဗိုလ်အောင်မောင်းက ပြောသည်။
ယင်းစစ်ကောင်စီတပ်သား ၂ ဦးတို့သည် MA-1 ၂ လက်၊ကျည်ဘောက် ၆ ခုနှင့်ကျည် ၁၂၀ တောင့်တို့ကို ယူဆောင်လာသည့်အတွက် တစ်ဦးလျှင် သိန်း ၄၀ ဆီဂုဏ်ပြုငွေချီးမြှင့်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေကြသည့် ရဲဘော်ညီအစ်ကိုများအနေဖြင့် အာဏာရှင်မျိုးဆက်၊အာဏာရှင်ခိုင်းဖက် အဖြစ်မခံကြပဲ ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ Southern YSO PDF မှ တောင်းဆိုထားသည်။
#မကွေး #ပခုက္ကူ #စစ်မှုထမ်း #တပ်သားသစ် #အလင်းဝင် #PDF

မြိုင်မြို့ပေါ်တွင် စစ်ဗိုလ်နှင့်တပ်သားကို PDF ဝင်ပစ်၊ ၂ ဦးလုံးသေပြီး သေနတ်တစ်လက်ရ(ရုပ်/သံ)
နိုဝင်ဘာ ၊ ၇ ၊၂၀၂၄။
လူထုခေတ်
မကွေးတိုင်း၊မြိုင်မြို့ပေါ်တွင် ကင်းချိန်းသည့် စစ်သား ၂ ဦးကို ရှောင်တခင်ဝင်ရောက်ပစ်ခတ်ရာ စစ်ဗိုလ်ချစ်စမ်းမောင်နှင့်တပ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရမိကြောင်းး Joker ပြောက်ကျားတပ်ဖွဲ့မှ ထုတ်ပြန်သည်။
ယနေ့(နိုဝင်ဘာ၊၇)နံနက် ၆ နာရီ ၂၅ မိနစ်ဝန်းကျင်တွင် မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာ အထက်တန်းကျောင်းနှင့်မီးသတ်ရုံကြားတွင် ဆိုင်ကယ် ၁ စီးဖြင့် စီးနင်းလာသည့် စစ်ကောင်စီတပ်သား ၂ ဦးကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“သူတို့က ကျနော်တို့ရှေ့ရောက်လာတာကတော့ ဆိုင်ကယ် တစ်စီးနဲ့ခွေး(စစ်သား)၂ကောင် MA-3 တစ်လက်ပါတာပဲရှိတယ်။ကျန်တာတွေကတော့ မီးသတ် က စစ်သားတွေ ပစ်ကူပေးတာမျိုးရှိတယ်။အထက-၁ ကစစ်သားတွေကတော့ သေနတ်ဖောက်တာလောက်ပဲရှိတယ်။သူတို့လည်းစွတ်တက်မလာရဲပါဘူးဗျ။ကျနော်တို့လည်း မြို့တွင်းဆိုတော့ ချက်ခြင်းပစ်၊ချက်ခြင်းကောက် ပြန်ဆုတ်လာခဲ့တာပါ။ကျနော်တို့ရဲဘော်တွေ ထိခိုက်မှုမရှိပါဘူး”ဟု Joker ပြောက်ကျားတပ်ဖွဲ့ မှ ခေါင်းဆောင် ကိုဘလိတ်က လူထုခေတ်ကို ပြောသည်။
ယင်းပစ်ခတ်မှုအတွင်း အထက်တန်းကျောင်းနှင့်မီးသတ်ရုံးတို့မှ စစ်သားများက ပစ်ကူပေးခဲ့ကြောင်းသိရသည်။
“သူတို့ ဘယ်ကထွက်လာတာလည်းဆိုတာတော့မသိဘူး။မြို့ထဲကပဲ သူတို့တပ်စွဲတဲ့ဂိတ်ကနေ ကူးတဲ့သဘော။စျေးဝယ်ထွက်တာလည်းဖြစ်ချင်ဖြစ်မယ်။ကျနော်တို့ သတင်းရတာတော့ ကြာနေပါပြီ”ဟု၎င်းကဆိသည်။
အဆိုပါပစ်ခတ်မှုကို မြိုင်(ပကဖ)တပ်ရင်း၁၊တပ်ခွဲ-၃ နှင့်Jokerပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
#မကွေး #မြိုင် #စစ်ကောင်စီ #ပစ်ခတ် #PDF
အောက်ပါလင့်ခ်တွင် ရုပ်/သံကို ဝင်ရောက်ကြည့်ရှုနိုင်သည်။
https://youtu.be/8KA3D1TPVCg

မကွေးတိုင်း၊မြိုင်မြို့ပေါ်တွင် ကင်းချိန်းသည့် စစ်သား ၂ ဦးကို ရှောင်တခင်ဝင်ရောက်ပစ်ခတ်ရာ စစ်ဗိုလ်ချစ်စမ်းမောင်နှင့်တပ်သား ၁ ဦးသေဆုံးပြီး…
နိုဝင်ဘာ ၊ ၇ ၊၂၀၂၄။
လူထုခေတ်
မကွေးတိုင်း၊မြိုင်မြို့ပေါ်တွင် ကင်းချိန်းသည့် စစ်သား ၂ ဦးကို ရှောင်တခင်ဝင်ရောက်ပစ်ခတ်ရာ စစ်ဗိုလ်ချစ်စမ်းမောင်နှင့်တပ်သား ၁ ဦးသေဆုံးပြီး…
Forwarded from လူထုခေတ်
ပခုက္ကူမြို့ လေဆိပ်တွင် တပ်စွဲထားသော စစ်တပ်များကို လက်နက်ကြီးများဖြင့် PDF ပစ်ခတ်
နိုဝင်ဘာ၊ ၁၉ ၊၂၀၂၃။
လူထုခေတ်
မကွေးတိုင်း၊ ပခုက္ကူမြို့ လေဆိပ်တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့-YSO မှထုတ်ပြန်သည်။
နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ပခုက္ကူလေဆိပ်၌ အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ၅၀၀ မမ လက်နက်ကြီး ၃ လုံး၊ Rocket ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း စစ်ကောင်စီတပ်သားများ အထိုင်ချရာ နေရာအနီးကို ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ရေစကြိုတပ်ပေါင်းစု၊ ဒေါင်းသွေးနီ၊ မြိုင် လက်နက်ကြီး မဟာမိတ်အဖွဲ့များနှင့် Shwe Nyar Myae PDFတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
#မကွေး #ပခုက္ကူ #လေဆိပ် #စစ်ကောင်စီ #လက်နက်ကြီး #PDF

ပြည်သူတွေဆီက စိုက်ပျိုးမြေငှားပြီး စိုက်ထားတဲ့ PDF တွေရဲ့လယ်က စပါးတင်း ၅၀ ထွက်ရှိ (ရုပ်/သံ)
ပခုက္ကူ၊ ဒီဇင်ဘာ ၁၁၊ ၂၀၂၄။
မကွေးတိုင်းအတွင်း အခြေစိုက်ထားတဲ့ Phoenix Guerilla Force တပ်ဖွဲ့ဟာ ပြည်သူတွေဆီက အထောက်အပံ့တွေ သက်သာဖို့ ရဲဘော်တွေက ရိက္ခာအတွက်စိုက်ပျိုးထားတဲ့ စပါးခင်းကို ဒီဇင်ဘာ ၁၀ ရက်မှာ ရိတ်သိမ်းခြွေလှေ့တာ ပြီးစီးခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့ဆီက သိရပါတယ်။
စိုက်ခင်းအကျယ် ၁ ဧကကျော်မှာ ဧရာပဒေသာစပါးမျိုးကို သြဂုတ်လလယ်ပိုင်းမှာ စတင်ပျိုးထောင်ကာ စိုက်ပျိုးခဲ့ပြီး ဒီဇင်ဘာ ၈ ရက်မှာ စတင်ရိတ်သိမ်းခဲ့ရာ စပါးတင်း ၅၀ ထွက်ရှိခဲ့တယ်လို့ Phoenix Guerilla Force သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ အမျိုးသမီးရဲဘော် မြူ က ပြောပါတယ်။
စပါး စတင်စိုက်ပျိုးချိန်မှာ ထွန်စက်အတွက် ဒီဇယ်ဖိုးသာပေးချေခဲ့ရပြီး စိုက်ပျိုးမြေကိုတော့ တောင်သူ ၁ ဦးဆီက ငှားရမ်းကာ ၁ ရာသီစိုက်ပျိုးခအဖြစ် စပါး ၁၀ တင်းပေးချေရတယ်လို့ ဆိုပါတယ်။
စပါးမျိုးဝယ်တာ ပျိုးထောင်၊ စိုက်ပျိုး၊ ရိတ်သိမ်း၊ ခြွေလှေ့၊ ပေါင်းနှုတ်၊ ရေတင်၊ မြေသြဇာကြဲပက်တဲ့ လုပ်ငန်းတွေကိုတော့ Phoenix Guerilla Force တပ်ဖွဲ့ဝင် ရဲဘော်တွေနဲ့အတူ ဒေသခံပြည်သူတွေက ကူညီလုပ်ကိုင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
အခုလို စပါးစိုက်ပျိုးခဲ့တာကလည်း ပြည်သူတွေရဲ့ ကူညီထောက်ပံ့တာတွေ နည်းနိုင်သမျှနည်းအောင်၊ ဒါ့အပြင် အဲဒီဒေသမှာ တိုက်ပွဲတွေကြုံလာရင်၊ ပြည်သူတွေစားစရာ ဒုက္ခရောက်လာရင် ပြန်လည်ကူညီနိုင်အောင်လို့ တနိုင်တပိုင် စိုက်ပျိုးခဲ့ကြတာဖြစ်ပြီး လာမယ့် ၂၀၂၅ ခုနှစ်မှာလည်း စပါးစိုက်ခင်းကို ပိုပြီးတိုးချဲ့လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။
Phoenix Guerilla Force တပ်ဖွဲ့က စပါးစိုက်ပျိုးတာအပြင် ရာသီချိန်အလိုက် မြေပဲ၊ ကြက်သွန် စတဲ့သီးနှံတွေကိုလည်း ရိက္ခာဖူလုံဖို့အတွက် စိုက်ပျိုးကြတယ်လို့ သိရပါတယ်။
သတင်း - စောကျော်ငြိမ်း၊ တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#ပခုက္ကူ #တပ်ဖွဲ့ရိက္ခာ #စပါးရိတ် #PDF
https://youtu.be/C_4K166hN28

ပြည်သူတွေဆီက စိုက်ပျိုးမြေငှားပြီး စိုက်ထားတဲ့ PDF တွေရဲ့လယ်က စပါးတင်း ၅၀ ထွက်ရှိ

မကွေးတိုင်းအတွင်း အခြေစိုက်ထားတဲ့ Phoenix Guerilla Force တပ်ဖွဲ့ဟာ ပြည်သူတွေဆီက အထောက်အပံ့တွေ သက်သာဖို့ ရဲဘော်တွေက ရိက္ခာအတွက်စိုက်ပျိုးထားတဲ့ စပါးခင်းကို…