တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးစနစ်သည် ပျိုးထောင်ကောက်စိုက်စနစ်ထက် ယေဘုယျအားဖြင့် အကျိုးအမြတ်ဝင်ငွေပိုမိုရရှိ နိုင်ပါသည်။
ကျွန်တော်တို မြန်မာနိုင်ငံမှာသာမက အရှေ့တောင်အာရှစပါးစိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံအသီးသီးမှာ စပါးစိုက်ပျိုးရာတွင် လုပ်အားခသက်သာရေးကို အထူးအလေးထား လုပ်ကိုင်လာကြသည်ကို တွေ့ရှိရသည်။
သိုဖြစ်၍ စပါးစိုက်ပျိုးရာမှာ ပျိုးထောင်ကောက်စိုက်စနစ်အစား တိုက်မျိုးစေ့ချစိုက်ပျိုးစနစ်ကို ပြောင်းလဲလာကြသည်ကို တွေ့မြင်နိုင်သည်။
အသက်လျင်သည့် အထွက်ကောင်းစပါးမျိုးများပေါ်ပေါက်လာခြင်းနှင့် ပေါင်းမြက်နှိမ်နင်းရာတွင် စိုက်ပျိုးရေးသုံးဓာတုဆေးများ အလွယ်တကူဝယ်ယူရရှိနိုင်ခြင်းတိုကြောင့်လည်း တိုက်ရိုက်မျိုးစေ့ချစနစ်ကို ပိုမိုအသုံးပြုလာခြင်း ဖြစ်နိုင်ပါသည်။
*စိုက်ပျိုး၊ မွေးမြူရေးနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းဆော့ဝဲမှာ မေးပါ။
🌾 တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးခြင်း
တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးရာတွင် ကြဲပက်စိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာအသုံးပြု စိုက်ပျိုးခြင်း၊ ကြိုးတန်းလက်ဖြူးချစိုက်ပျိုးခြင်းစသည့် နည်းလမ်းအမျိုးမျိုးကို အသုံးပြကြသည်။ နည်းလမ်းအပေါ်မူတည်ပြီး တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးစနစ်သည် ပျိုးထောင်ကောက်စိုက်စနစ်ထက် လုပ်သားလိုအပ်ချက်ကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်သည်ဟု သိရသည်။
ဤသို လုပ်သားလိုအပ်ချက်ကိုလျှော့ချနိုင်ပြီး ကုန်ကျစရိတ်သက်သာခြင်းကြောင့် တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးစနစ်သည် ပျိုးထောင်ကောက်စိုက်စနစ်ထက် ယေဘုယျအားဖြင့် အကျိုးအမြတ်ဝင်ငွေပိုမိုရရှိ နိုင်ပါသည်။
သိုသော် ပေါင်းမြက်ကို ကောင်းစွာနှိမ်နင်းနိုင်ခြင်းမရှိပါက တိုက်ရိုက် မျိုးစေ့ချစပါးသည် ပျိုးထောင်ကောက်စိုက်စပါးထက် တစ်ဧကအထွက်နှုန်းမှာ လျော့နည်းနိုင်သကဲ့သို အကျိုးအမြတ်ဝင်ငွေလည်း နည်းသွားနိုင်သည်ကိုလည်း သတိမူရန် လိုပါသည်။

🌾 🌾 လိုက်နာရန်အဓိကအချက်
တိုက်ရိုက်မျိုးစေ့ချစပါးတစ်ဧကအထွက်နှုန်းလျော့နည်းခြင်းမရှိစေရေးနှင့် အကျိုး အမြတ်ဝင်ငွေကောင်းစေရေးအတွက် လိုက်နာဆောင်ရွက်ရန်အချက်များစွာအနက် အောက်ပါအဓိကအချက်(၃)ချက်ကို လိုက်နာဆောင်ရွက်ရန် နှိးဆော်လိုပါသည်။
(၁) သင့်တော်သည့်စပါးမျိုးကိုစိုက်ပျိုးခြင်း
(၂) မျိုးစေ့နှုန်းလျှော့ချသုံးစွဲခြင်း
(၃) ပေါင်းသတ်ဆေးကို ထိရောက်စွာသုံးစွဲခြင်းတိုဖြစ်သည်။

တိုက်ရိုက်မျိုးစေ့ချစပါးစိုက်နည်းစနစ်အတွက် သင့်တော်သည့်စပါးမျိုးတွင် သီးခြား အရည်အချင်းများရှိရန် လိုအပ်ပါသည်။ ထိုလိုအပ်ချက်များမှာ -
o အစောပိုင်းကာလ အပင်သန်စွမ်းမှုကောင်းမွန်ခြင်း၊
o လေမဲ့(အောက်ဆီဂျင်နည်းသော)အခြေအနေကို ခံနိုင်ရည်ရှိခြင်း၊
o အပင်ယိုင်လဲမှုဒဏ်ခံနိုင်ရည်ရှိခြင်း၊
o မိုးခေါင်မှု(ရေအနည်းဒဏ်)ခံနိုင်ခြင်းနှင့်
o ပေါင်းပင်များကိုယှဉ်ပြိုင်နိုင်မှုကောင်းခြင်းတို ဖြစ်ပါသည်။
(၂) မျိုးစေ့နှုန်းလျှော့ချသုံးစွဲခြင်း
တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးရာတွင် အများစုမှာ ကြဲပက်စိုက်ပျိုးလေ့ရှိသည်။ ကြဲပက် စိုက်ပျိုးခြင်းဖြင့် မျိုးစေ့နှုန်းကို ပိုမိုသုံးစွဲရန်လိုအပ်သည်။ သိုဖြစ်၍ မျိုးစေ့ဖိုး ပိုမိုကုန်ကျပါသည်။
မျိုးစေ့ကုန်ကျမှုသက်သာစေရန် ကြဲပက်စိုက်ပျိုးမည့်အစား သင့်တော်သည့် မျိုးစေ့ချကိရိယာ(Drum Seeder)ကို အသုံးပြုမျိုးစေ့ချစိုက်ပျိုးခြင်းသည် ပိုမိုကောင်းမွန်ပါသည်။

(၃) ပေါင်းသတ်ဆေးကို ထိရောက်စွာသုံးစွဲခြင်း
ပေါင်းသတ်ဆေးအသုံးပြု၍ ပေါင်းမြက်ကာကွယ်နှိမ်နင်းနိုင်သည့် လုပ်သား လုပ်အားများစွာ လိုအပ်မှုမရှိဘဲ မှန်ကန်စွာအသုံးပြုလျှင် ကုန်ကျစရိတ်မှာ တွက်ချေကိုက် သည်။
လက်ပေါင်းလိုက်ခြင်းကဲ့သို ပေါင်းမြက်ပင်များ ကြီးထွားလာသည်ထိ စောင့်ဆိုင်းရန် မလိုပါ။ ပေါင်းမြက်ပင်ပေါက်ကာစကပင် နှိမ်နင်းနိုင်သည်။
သိုသော် ပေါင်းသတ်ဆေးအသုံးပြုရာတွင် ထိရောက်မှုရှိစေရေးအတွက် ပေါင်းမြက်အလိုက် ပေါင်းသတ်ဆေးအမျိုးအစားရွေးချယ်မှု၊ ဆေးဖျန်းချိန်နှင့် ဆေးနှုန်းထား မှန်ကန်ရန် အထူးလိုအပ်ပါသည်။
လုပ်သားလုပ်အားအခက်အခဲကြောင့် ပျိုးထောင်ကောက်စိုက်စနစ်အစား တိုက်ရိုက်မျိုးစေ့ချစနစ်ကို ပြောင်းလဲဆောင်ရွက်လျက်ရှိသော ယနေ့အခြေအနေတွင် ဖော်ပြပါအဓိကအချက်များကို လိုက်နာခြင်းဖြင့် တောင်သူလယ်သမားအများစု စိုးရိမ်နေရသည့် တိုက်ရိုက်မျိုးစေ့ချစနစ်နှင့် ပျိုးထောင်ကောက်စိုက်စနစ်တိုအကြား အထွက်နှုန်းကွာဟမှုနှင့် အကျိုးအမြတ်ဝင်ငွေခြားနားမှုကို လျှော့ချနိုင်မှာ ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ရေးသားသူ - ဆင်းသီဟ
.
.
.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
#စပါး
#တက်ရိုက်မျိုးစေ့ချခြင်း
#paddy
#စက်ပျိုးရေး
#မေးမြူရေး
#အစမ်းရောင်လမ်း
#Green_Way
https://greenwaymyanmar.com/posts/rice_direct_seedling

GreenWay Myanmar
တိုက်ရိုက်မျိုးစေ့ချခြင်းကြောင့် စပါးအထွက်နှုန်းမလျော့နည်းစေရန် လိုက်နာရမည့်အချက် (၃) ချက်
ပေါင်းမြက်ကို ကောင်းစွာနှိမ်နင်းနိုင်မရှိခြင်းပါက တိုက်ရိုက် မျိုးစေ့ချစပါးသည် ပျိုးထောင်ကောက်စိုက်စပါးထက် တစ်ဧကအထွက်နှုန်းမှာ လျော့နည်းနိုင်သကဲ့သို့ အကျိုးအမြတ်ဝင်ငွေလည်း နည်းသွားနိုင်သည်ကိုလည်း သတိမူရန် လိုပါသည်။
ရေးသားသူ - ဒေါက်တာအိဖြူဝင်း
.
.
.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
#စပါး
#ဆားငန်ရေ
#စိုက်ပျိုးရေး
#စပါးပင်နှင့်မြေချဉ်ငန်ကိန်း
#အစိမ်းရောင်းလမ်း
#Green_Way
https://greenwaymyanmar.com/posts/salanity_problems_in_rice

ဆားငန်ရေဝင်ခြင်းကြောင့် စပါးအဖျင်းများရတဲ့ ပြဿနာကို ဖြေရှင်းနည်း
ဂျစ်ပဆန်ကို သဘာဝမြေဆွေး၊ မြေသြဇာများနှင့် ပေါင်းစပ်အသုံးပြုလျှင် ဆားပေါက်မြေများကို ကုစားရာတွင် ပိုမိုထိရောက်ကြောင်းလေ့လာသိရှိရပါသည်။
🌾 ဖျက်ဆီးပုံလက္ခဏာများ
စပါးပိုးလောင်မီး/ကျောက်ဆူးပိုးဟာ အောက်ဖက်ကအရွက်အခွံကိုသာ ချန်ထားကာ စပါးရွက်ပြားများရဲ့ အပေါ်ဖက်မျက်နှာပြင်ကို ခြစ်ယူစားသောက်ပါတယ်။
၄င်းဟာ အရွက်တစ်ရှူးကတစ်ဆင့်လည်း လှိုဏ်ခေါင်းပြုလုပ်ပါတယ်။ ဖျက်ဆီးမှု ဆိုးဝါးလျှင် စပါးပင်တွေဟာ ကြံ့ခိုင်မှုနည်းသွားကြပါတယ်။
တစ်ဆင့်ခံလက်ခံပင်အဖြစ် စပါးခင်းထဲနှင့် စပါးခင်းအနီးက မြက်မျိုးနွယ်ဝင် ပေါင်းတွေရှိတာဟာ ဒီဖျက်ပိုးဖွံ့ဖြိုးမှုကို အားပေးပါတယ်။ မြေသြဇာအလွန်အကျွံသုံးတဲ့ စပါးခင်းတွေဟာလည်း ဒီဖျက်ပိုးဖျက်ဆီးမှုကို အားပေးပါတယ်။
မိုးဦးရာသီ ဒါမှမဟုတ် အစောဆုံးမုတ်သုန်ကာလတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး ပုံမမှန်တဲ့ မြူနှင်းကျဆင်းမှုနည်းတာ၊ နေ့ရက်ပေါင်းများစွာ အနိမ့်ဆုံးနေ့ညအပူချိန်ကွာခြားချက်နဲ့ စိုထိုင်းဆမြင့်မားတာဟာ ဒီဖျက်ပိုးပေါများမှုကို အခြေအနေပေးပါတယ်။
စပါးပိုးလောင်မီး/ကျောက်ဆူးပိုးဟာ မိုးရေသောက်နဲ့ ရေသွင်းလယ်တွေမှာ အတွေ့ရများပြီး မိုးရာသီမှာ ပိုပြီးပေါများစွာ တွေ့ရပါတယ်။
*စိုက်ပျိုး၊ မွေးမြူရေးနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းဆော့ဝဲမှာ မေးပါ။
အမျိုးအစားခွဲခြားခြင်း
အောက်ပါဖျက်ဆီးမှုများကို စစ်ဆေးပါ။
• အောက်ဖက်အပေါ်ယံအရွက်အခွံကို ရွက်လယ်ရိုးနှင့်အပြိုင် အဖြူရောင်စင်းကြောင်းများအဖြစ် ကျန်ရစ်ပြီး စပါးရွက်ရွက်ပြားရဲ့အပေါ်ဖက်မျက်နှာပြင်ကို ခြစ်စားခြင်း
• စပါးရွက်တစ်ရှူးကတစ်ဆင့် လောက်ကောင်တွေရဲ့ လှိုဏ်ခေါင်းပြုလုပ်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ရွက်ကြောနဲ့အပြိုင် ပုံသဏ္ဌာန်မမှန်တဲ့ အလင်းဖောက်နိုင်တဲ့ အကွက်များရှိခြင်း
• ဖျက်ဆီးခံထားရတဲ့ စပါးရွက်များ ညှိုးနွမ်းသွားခြင်း
• အဖြူရောင်သန်းပြီး အမျှင်များတဲ့ စပါးရွက်များဖြစ်လာခြင်း
ဆိုးဝါးစွာဖျက်ဆီးခံရပါက စပါးခင်းဟာ မီးလောင်သလိုဖြစ်သွားပါတယ်။
စပါးပိုးလောင်မီး/ကျောက်ဆူးပိုး စားသောက်ဖျက်ဆီးပုံဟာ လှေးကျိုင်းဖျက်ဆီးပုံနဲ့ သဏ္ဍာန်တူပါတယ်။ ဖျက်ဆီးပုံလက္ခဏာကို အတည်ပြုဖို့ အင်းဆက်ရှိမရှိနဲ့ စားသောက်ပုံဝိသေသလက္ခဏာတွေဖြစ်တဲ့ ရှည်မျောမျော ရှင်းလင်းတဲ့ စားသောက်ပုံလက္ခဏာနဲ့ ရွက်ကြောတွေနဲ့အပြိုင် အောက်ဖက်ရွက်ခွံအကြားက မစားရသေးတဲ့ အဖြူရောင်စင်းကြောင်းတွေကို စစ်ဆေးပါ။

စီးပွားရေးအရအရေးကြီးပုံ
ဒီဖျက်ပိုးဟာ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြဿနာဖြစ်နေပါတယ်။ မှတ်တမ်းတွေအရ ၄င်းဟာ ဧရိယာအများကြီးကို ဖျက်ဆီးနိုင်ပြီး အထွက်နှုန်း ၂၀% အထိ ဆုံးရှုံးနိုင်ပါတယ်။
ကာကွယ်နှိမ်နင်းခြင်း
မြေသြဇာအလွန်အကျွံမသုံးပါနဲ့။ အပင်စိပ်စိပ်စိုက်ပါ။ စပါးရွက်ထိပ်ဖျားများကို ဖြတ်ပါ။ ရွက်ထိပ်ညွန့်များကို ရွှံ့နွံထဲ မြှုပ်ပါ။
နဂျီကောင်ငယ်များဟာ ဒီဖျက်ပိုးရဲ့ဥတွေနဲ့ လောက်ကောင်တွေကို စားပါတယ်။ ရယ်ဒူဗစ်ဒ် ကြမ်းပိုးဟာ အရွယ်ရောက်ကောင်တွေကို စားပါတယ်။ အရွယ်ရောက်ကောင်တွေကို တိုက်ခိုက်တဲ့ မှိုရောဂါ (၃) မျိုးလည်းရှိပါတယ်။
အောက်ပါ ပိုးသတ်ဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။
- အဆီဖိတ် (Acephate)
- ကာတက်ပ်ဟိုက်ဒြိုကလိုရိုဒ် (Cartap hydrochloride)
ဒေါက်တာကိုကို (စိုက်ပျိုးရေး)
.
.
.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံပါသည်။
#ကျောက်ဆူးပိုး
#လောင်မီးပိုး
#စပါး
#ပိုးမွှားရောဂါ
#စိုက်ပျိုးရေး
#မွေးမြူရေး
#အစိမ်းရောင်လမ်း
#Green_Way
https://greenwaymyanmar.com/posts/how_to_control_rice_hispa

စပါးပိုးလောင်မီး/ကျောက်ဆူးပိုးကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ
မိုးဦးရာသီ ဒါမှမဟုတ် အစောဆုံးမုတ်သုန်ကာလတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး ပုံမမှန်တဲ့ မြူနှင်းကျဆင်းမှုနည်းတာ၊ နေ့ရက်ပေါင်းများစွာ အနိမ့်ဆုံးနေ့ညအပူချိန်ကွာခြားချက်နဲ့ စိုထိုင်းဆမြင့်မားတာဟာ ဒီဖျက်ပိုးပေါများမှုကို အခြေအနေပေးပါတယ်။
"အရင်ကတော့ ဆန်စပါးကို စားစရာအဖြစ်ပဲ သဘောထားကြပါတယ်။ အခုလို လုပ်လိုက်ခြင်းအားဖြင့် ခရီးသွားလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းကို တစ်ပြိုင်နက်တည်း ဖွံ့ဖြိုးလာစေပါတယ်"
==================
ထိုင်းနိုင်ငံက စပါးခင်းတစ်ခုထဲမှာ ဆေးရောင်စုံစပါးပင်တွေကြား အထင်းသားပေါ်နေတဲ့ အိပ်ပျော်နေတဲ့ကြောင်တစ်ကောင် ငါးကို သိုင်းဖက်ထားပုံ ပန်းချီကားကို ကောင်းကင်ကနေ တွေ့မြင်နေရပါတယ်။
တောင်သူ Tanyapong Jaikham နဲ့ သူ့အလုပ်သမားအဖွဲ့တို့ဟာ မြောက်ပိုင်း Chiang Rai ပြည်နယ်အတွင်းရှိ စပါးခင်းပေါ်က နေရာများစွာမှာ စပါးပျိုးပင်တွေကို နေရာချ စိုက်ပျိုးကာ ကာတွန်းကြောင်ပုံတွေ ပေါ်လာအောင် ဖန်တီးခဲ့ကြပါတယ်။ ဒီပန်းချီကားနဲ့ နိုင်ငံတကာခရီးသွားတွေ၊ ကြောင်ချစ်သူတွေကို ဆွဲဆောင်နိုင်မယ်လို့ သူတို့ မျှော်လင့်ထားကြပါတယ်။
"ကျွန်တော်တို့အနေနဲ့ ဒီစပါးခင်းပေါ်က ပန်းချီကားကို လူထောင်ပေါင်းများစွာ လာရောက်ကြည့်ရှုခံစားမယ်လို့ မျှော်လင့်ထားပါတယ်" လို့ ၎င်းက ပြောပါတယ်။
*စိုက်ပျိုး၊ မွေးမြူရေးနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းဆော့ဝဲမှာ မေးပါ။
ဒီပန်းချီကားကို ဖန်တီးရာမှာ ကနဦး ရေဆွဲထားတဲ့ပန်းချီပုံကြမ်းအတိုင်း ပျိုးပင်တွေကို နေရာချစိုက်ပျိုးနိုင်ဖို့ GPS နည်းပညာကို အသုံးပြုခဲ့ကြောင်း ၎င်းက ပြောပါတယ်။ အပင်တွေဟာ ကြီးထွားလာတာနဲ့အမျှ အရောင်အသွေး ပြောင်းလဲကာ ပန်းချီကား ပုံပေါ်လာကြောင်း ၎င်းက ရှင်းပြပါတယ်။
|
"သူတို့ကို အတိအကျ နေရာချစိုက်ပျိုးဖို့ အလွန်အရေးကြီးပါတယ်။ စပါးပင်တွေဟာ အချိန်ကြာလာတာနဲ့အမျှ အရောင်အနုအရင့် တဖြည်းဖြည်း ပြောင်းလဲလာပါတယ်" လို့ ၎င်းက ပြောပါတယ်။ စပါးခင်းဟာ နောက်ဆုံးအဆင့် ရိတ်သိမ်းချိန် မရောက်မီမှာ ကနဦး ပုံဖော်ထားတဲ့ ကြောင်ပန်းချီကားအဖြစ် ရုပ်လုံးပေါ်သွားတယ်လို့ သိရပါတယ်။
စပါးခင်းပန်းချီကားကို ခရီးသွားဧည့်သည်တွေ ကြည့်ရှုနိုင်စေဖို့အတွက် စပါးခင်းပတ်လည်မှာ မျှော်စင်တွေလည်း တည်ဆောက်ပေးထားကြောင်း သိရပါတယ်။
|
ကမ္ဘာ့ဆန်တင်ပို့မှု ဒုတိယအများဆုံးအဖြစ် အိန္ဒိယနောက်မှာ ရပ်တည်နေတဲ့ ထိုင်းနိုင်ငံဟာ ၂၀၂၃ နှစ်အတွင်း ပြည်ပကို ဆန်တန်ချိန် ၈ ဒသမ ၅ သန်း တင်ပို့ဖို့ ရည်မှန်းထားပါတယ်။
အနုပညာဖန်တီးရာမှာ နည်းပညာကို ဘယ်လိုပေါင်းစပ်အသုံးချတယ်ဆိုတာ လေ့လာလိုသူ လူငယ်တွေအနေနဲ့ ဒီစိုက်ခင်းကို လာရောက်ကြည့်ရှုရင်း အကျိုးကျေးဇူး ရရှိနိုင်တယ်လို့ Tanyapong က ပြောပါတယ်။
"အရင်ကတော့ ဆန်စပါးကို စားစရာအဖြစ်ပဲ သဘောထားကြပါတယ်။ အခုလို လုပ်လိုက်ခြင်းအားဖြင့် ခရီးသွားလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းကို တစ်ပြိုင်နက်တည်း ဖွံ့ဖြိုးလာစေပါတယ်" လို့ ၎င်းက ပြောပါတယ်။
ရေးသားသူ - ဝေယံဟိန်း (B.Ag)
.
.
.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံပါသည်။
#ထိုင််းတောငသူ
#စပါး
#စိုက်ပျိုးရေး
#မွေးမြူရေး
#အစိမ်းရောင်လမ်း
#Green_Way
https://greenwaymyanmar.com/posts/thai_create_rice_picture

ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
"အရင်ကတော့ ဆန်စပါးကို စားစရာအဖြစ်ပဲ သဘောထားကြပါတယ်။ အခုလို လုပ်လိုက်ခြင်းအားဖြင့် ခရီးသွားလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းကို တစ်ပြိုင်နက်တည်း ဖွံ့ဖြိုးလာစေပါတယ်"
· အပင်ရွှေ့ပြောင်းစိုက်ပျိုးခြင်း
အပင်ရွှေပြောင်း စိုက်ပျိုးခြင်းဟာ အစေ့စိုက်ခြင်းထက် ခရုဒဏ်ပိုခံနိုင်ရည်ရှိပါတယ်။ တစ်ကျင်းလျှင် တစ်ပင်နူံးထက် တစ်ကျင်းလျှင် ၃၊ ၄ပင် စိုက်ခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။ ပျိုးရက်သား ၂၅-၃၀ ရက်သားရောက်မှ ရွှေပြောင်းခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။
🌾 ဓာတုနည်းဖြင့်နိုမ်နင်းခြင်း
အခြားနည်းဖြင့် နိုမ်နင်းလို့ မရတော့ပါက ဓာတုနည်းဖြင့် နှိမ်နင်းနိုင်ပါတယ်။
· နိုက်ထရိုဂျင်ဓာတ်မြေသြဇာကို ရေအနက် ၂စင်တီမီတာအောက် အနက်ရှိ လယ်ကွင်းများတွင် အသုံးပြုခြင်းဖြင့် ခရုများကို နှိမ်နင်းနိုင်ပါတယ်။
· Molluscicides (ခရုသတ်ဆေး) ကိုအပင်ရွှေပြောင်းပြီးချိန် သို့ အစေ့ချစိုက်ပျိုးပြီးချိန်တွင် အသုံးပြုခြင်းဖြင့်လည်း နိုမ်နင်းနိုင်ပါတယ်။
.
.
.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံပါသည်။
#ရွှေခရု
#golden_apple_snail
#စပါး
#စိုက်ပျိုးရေး
#မွေးမြူရေး
#အစိမ်းရောင်လမ်း
#Green_Way
https://greenwaymyanmar.com/posts/how-to-protect-snail

ခရုအန္တရာယ် ဘယ်လိုကာကွယ်မလဲ
ပုရွက်ဆိတ်အနီများဟာ ခရုဥများကို စားသောက်နိုင်ပါတယ်။ ဘဲများဟာ ခရုငယ်များ ကို စားသောက်နိုင်ပါတယ်။ အခြား ငှက်မျိုးများလည်း ခရုများကို စားသောက်နိုင်ကြပါတယ်။
🌾 သဘာဝမြေဩဇာဟာ သီးနှံပင်တွေအတွက် ဘေးရန်ကင်းတယ်လို့ အယူရှိတယ်ဆိုပေမယ့် သဘာဝမြေဩဇာတွေ မထည့်သင့်တဲ့ လယ်မြေတွေလည်းရှိပါတယ်။
=================
စပါးတစ်တင်းရိတ်လိုက်တိုင်း ကောက်ရိုး ၂၃ ပိဿာထဲမှာပါတဲ့ အာဟာရဓာတ်ပမာဏနဲ့ ညီမျှတဲ့မြေဩဇာဓာတ်တွေ မြေအတွင်းမှာ ကုန်ဆုံးပါတယ်။ စပါးတစ်တင်းရိတ်သိမ်းပြီးတိုင်း ကောက်ရိုး ၂၃ ပိဿာထည့်ပေးရင် မြေအတွင်းမှာ မူလရှိရင်းစွဲ အာဟာရဓာတ် ပမာဏအတိုင်းရှိနေပါမယ်။
ဒါ့ကြောင့် စပါး ၁၀တင်း ရိတ်သိမ်းလိုက်တယ်ဆိုရင် ကောက်ရိုး သို့မဟုတ် သဘာဝမြေဩဇာ ပိဿာ ၂၃၀၊ စပါးတင်း (၁၀၀) ဆိုရင် ပိဿာ ၂၃၀၀ ထည့်ပေးဖို့လိုအပ်ပါတယ်။
ယေဘုယျအားဖြင့် သဘာဝမြေဩဇာဟာ သီးနှံပင်တွေအတွက် ဘေးရန်ကင်းတယ်လို့ အယူရှိတယ်ဆိုပေမယ့် သဘာဝမြေဩဇာတွေ မထည့်သင့်တဲ့ လယ်မြေတွေလည်းရှိပါတယ်။
*စိုက်ပျိုး၊ မွေးမြူရေးနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းဆော့ဝဲမှာ မေးပါ။
အဲ့ဒါတွေကတော့
• ရေဝပ်တဲ့မြေ
• မြေအောက်ရေမျက်နှာပြင် မြင့်တဲ့မြေ
• အထက်အစိုဓာတ်နဲ့ အောက်အစိုဓာတ် ဆက်စပ်နေတဲ့မြေ
• လူ့ဒူးခေါင်း၊ ကျွဲနွားဗိုက်အထိ ကျွံတဲ့မြေ၊ မြေဆီလွှာအောက်မှာ မပုပ်မဆွေးတဲ့ ရိုးပြတ်၊ အပင်အကြွင်းအကျန်တွေရှိတဲ့မြေ
• စပါးနီတိုဖြစ်တဲ့မြေ
ဒုံပေါက်မြေ၊ စမ်းပေါက်မြေ၊ စမ်းစွဲမြေတွေမှာ သဘာဝမြေဩဇာထည့်ရင် စပါးနီတိုကို ပိုဖြစ်စေပါတယ်။
(FSWG မှထုတ်ဝေတဲ့ လယ်သမားကြီးများသိထားရမယ့် စပါးအထွက်တိုးစေတဲ့ အင်္ဂါရပ်များနဲ့သဘောတရားများ စာအုပ်မှကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါတယ်။)
ဒီစာအုပ်လေးကို အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို ဈေးတန်းကြီး fb page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်
.
.
.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
#စပါး
#သဘာဝမြေဩဇာမထည့်သင့်တဲ့လယ်မြအမျိုးအစားများ
#စိုက်ပျိုးရေး
#အစိမ်းရောင်လမ်း
#Green Way
https://greenwaymyanmar.com/posts/types_of_rice_field_shouldn%27t_use_organic_fertilizer

သဘာဝမြေဩဇာမထည့်သင့်တဲ့ လယ်မြေအမျိုးအစားများ
သဘာဝမြေဩဇာဟာ သီးနှံပင်တွေအတွက် ဘေးရန်ကင်းတယ်လို့ အယူရှိတယ်ဆိုပေမယ့် သဘာဝမြေဩဇာတွေ မထည့်သင့်တဲ့ လယ်မြေတွေလည်းရှိပါတယ်။
🌾 စပါးခင်းတွင် ပုလဲမြေဩဇာသုံးစွဲမှုများလျှင်လည်းကောင်း၊ မြေချဉ်လျှင်လည်းကောင်း ရေညှိများဖြစ်တတ်ပါသည်။
ထိုသိုဖြစ်လာလျှင် ...
ရေသွင်းရေထုတ်ပြုလုပ်ပေးပါ။
သဘာဝမြေဩဇာများ သုံးစွဲပေးပါ။
ထုံးဖြူးပေးပါ။
ကော့ပါး အောက်စီကလိုရိုက် Copper Oxichloride ကို ဆေးဖျန်းပုံးတစ်ပုံး လျှင် (၅၀) ဂရမ်ဖြင့် ဖျန်းပေးပါ။
တစ်ဧကကို ဒုတ္ထာ (၅)ပေါင်/(၁၀)ပေါင် (သို့) ကော့ပါးဟိုက်ဒြောဆိုက်ကို သုံးနိုင်ပါသည်။
ဆေးသုံးပြီးလျှင် ကန်သင်းလုံအောင်လုပ်ပေးပါ။ ရေလျှော့၍ရလျှင် ရေနည်းနည်းလျှော့ပြီးမှ ဆေးသုံးပါ။
မြေဩဇာသုံးလျှင်လည်း ကျောက်မှုန့်ထည့်သုံးပေးပါ။
Coptrol (CuSO4) အရည် (၁) လီတာလျှင် (၁) ဧကနှုန်းသုံးပါ။ ရေ ၄ လက်မလျှင် ၀.၈ လီတာ/ဧက၊ ရေ ၆လက်မလျှင် ၁.၂ လီတာ/ဧက၊ ရေ ၆ လက်မအထက် ၁.၆ လီတာ/ဧက
Ref; ဒေါ်ဝါဝါသိန်း (ဒု-ညွှန်ကြားရေးမှူး)၊ မြေအသုံးချရေးဌာနခွဲ။
.
.
.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
#ရေညှိ
#စပါး
#စိုက်ပျိုးရေး
#မွေးမြူရေး
#အစိမ်းရောင်လမ်း
#Green_Way
https://greenwaymyanmar.com/posts/if_there_is_algae_in_paddy_field

စပါးခင်းထဲ ရေညှိတွေရှိနေတယ်ဆိုလျှင်
စပါးခင်းတွင် ပုလဲမြေဩဇာသုံးစွဲမှုများလျှင်လည်းကောင်း၊ မြေချဉ်လျှင်လည်းကောင်းဖြစ်တတ်ပါသည်။
🌾 ရွှံ့ထဲဗွက်ထဲမှာ ကခုန်ပျော်ပါးရင်းဆင်နွှဲကြတဲ့ နီပေါလူမျိုးတွေရဲ့ စပါးစိုက်ပွဲတော်
==============
နီပေါနိုင်ငံမှာက နှစ်စဉ်မုတ်သုံရာသီအစတိုင်းမှာ စပါးစိုက်ပွဲဆိုပြီး ရွှံထဲဗွက်ထဲမှာ ပျော်ရွှင်စွာ ဆော့ကစားကြရင်း စပါးစိုက်ပွဲ ဆင်နွှဲကြတာပါ။
အခုနှစ်အတွက် စပါးစိုက်ပွဲတော်ကိုတော့ ယနေ့ ဇွန်လ ၂၉ ရက်မှာ ကျင်းပပြုလုပ်နေပါတယ်။
နီပေါနိုင်ငံတစ်ဝန်းက ထောင်ပေါင်းများစွာသော အမျိုးသား၊ အမျိုးသမီးတွေဟာ ဒီပွဲတော်မှာ တစ်ဦးနဲ့တစ်ဦး လယ်ကွင်းထဲကရွှံ့တွေဗွက်တွေထဲတွန်းလှဲ၊ ရွှံ့တွေနဲ့ ပစ်ပေါက်ကစားကြရင်း စပါးစိုက် ပျိုးမှုကို စတင်လုပ်ကိုင်ကြပါတယ်။ လယ်သမားတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေဟာ ရိုးရာသီချင်းတွေ သီဆိုကြရင်း၊ ကခုန်ကစားကြရင်းနဲ့ စပါးပျိုးပင်တွေကို စိုက်ကြတာဖြစ်ပါတယ်။
ဒီပွဲတော်နေ့ကို နီပေါလူမျိုးတွေက ‘ဒဟီချီအူရာ’ လို့လည်း ခေါ်ကြပါတယ်။ ဒဟီ ဆိုတာက ဒိန်ချဉ် ဖြစ်ပြီး ချီအူရာ ဆိုတာက မုန့်ဆမ်းပါ။ ဘာလို့လဲဆိုတော့ ဒီပွဲတော်အတွင်းမှာ အဓိကစားသုံး ဆင်နွှဲကြတာက မုန့်ဆမ်းနဲ့ ဒိန်ချဉ်ဖြစ်လို့ပါတဲ့။
လယ်ကွင်းထဲကိုမဆင်းဘဲ အိမ်မှာပဲနေသူတွေကလည်း ဒီလိုနေ့မျိုးမှာ ဆန်ပေါက်ပေါက်နဲ့ ဒိန်ချဉ်တွေ၊ သရက်သီးတွေ၊ ငှက်ပျောသီးတွေ တွဲဖက်စားသုံးရင်း ပွဲတော်ကို ပါဝင်ဆင်နွှဲကြပါတယ်။
*စိုက်ပျိုး၊ မွေးမြူရေးနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းဆော့ဝဲမှာ မေးပါ။
နီပေါနိုင်ငံမှာ ဆန်စပါးဟာ အဓိကနှံစားသီးနှံဖြစ်ပြီး နှစ်စဉ် ဇွန်လကုန် ဇူလိုင်လဆန်းပိုင်းမှာ စတင်စိုက် ပျိုးကြလေ့ရှိကာ နောက်ထပ် ၄ လခန့်အကြာမှာတော့ ရိတ်သိမ်းကြတာဖြစ်ပါတယ်။ နိုင်ငံရဲ့ စိုက်နိုင်ပျိုးနိုင်တဲ့ မြေဧရိယာစုစုပေါင်းရဲ့ ၄၇ ရာခိုင်နှုန်းက စပါးစိုက်ပျိုးတာပါ။ ဒါပေမဲ့ သန်းပေါင်း များစွာသော ပြည်သူတွေအတွက် ပြည်တွင်းစားသုံးမှု လုံလောက်ခြင်းတော့မရှိလို့ အိမ်နီးချင်းနိုင်ငံ တွေကနေ ဝယ်ယူစားသုံးရပါတယ်။ အထူးသဖြင့် အိန္ဒိယနိုင်ငံကနေ ဝယ်ယူစားသုံးရတာဖြစ်ပါတယ်။
နီပေါနိုင်ငံအစိုးရကတော့ ရောဂါဒဏ်ခံနိုင်တဲ့ စပါးမျိုးသစ်တွေထုတ်လုပ်ခြင်း၊ ရေသွင်းစိုက်ပျိုးနိုင်ရေး ပိုမိုထောက်ပံ့နိုင်ခြင်းတို့နဲ့ ပြည်တွင်းစားသုံးမှုလုံလောက်အောင် စိုက်ပျိုးနိုင်ဖို့ ကြိုးစားနေပါတယ်။
ဒါ့အပြင် စပါးစိုက်ပျိုးခြင်းကို အားပေးတဲ့အနေနဲ့ စပါးစိုက်ပွဲတော်နေ့ကို အများပြည်သူရုံးပိတ်ရက် အဖြစ်လည်း သတ်မှတ်ပေးထားပါသေးတယ်။
Photo - Crd
.
.
.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
#စပါးစိုက်ပွဲတော်
#နီပေါ
#စပါး
#စိုက်ပျိုးရေး
#မွေးမြူရေး
#အစိမ်းရောင်လမ်း
#Green_Way
https://greenwaymyanmar.com/posts/Nepal_rice_planting_festival

ရွှံ့ထဲဗွက်ထဲမှာ ကခုန်ပျော်ပါးရင်းဆင်နွှဲကြတဲ့ နီပေါလူမျိုးတွေရဲ့ စပါးစိုက်ပွဲတော်
လယ်ကွင်းထဲကရွှံ့တွေဗွက်တွေထဲတွန်းလှဲ၊ ရွှံ့တွေနဲ့ ပစ်ပေါက်ကစားကြရင်း စပါးစိုက် ပျိုးမှုကို စတင်လုပ်ကိုင်ကြပါတယ်။
နွေစပါးသီးနှံ
မြန်မာနိုင်ငံအလယ်ပိုင်းအချို့ဒေသများတွင် ဧပြီလဝန်းကျင်မှာမှ စပါးကိုစိုက်ကြသဖြင့် ဇူလိုင်မှာမှ အများစုက စပါးရိတ်ရသည်။ ရိတ်သိမ်းချွေလှေ့စက်ကြီးများနှင့် ရိတ်ချွေ နိုင်ရေး ကြိုးစားစေလိုသည်။ အလေအလွင့်လျော့နည်းပြီး မြန်မြန်ဆန်ဆန်ပြီးကာ မိုးစပါး နောက်မကျစေရေး ဖြစ်ပါသည်။
နွေစပါးများ အထွက်စွမ်းရည် အပြည့်အဝရရှိရေးအတွက် ပန်းပွင့်ပြီး (၂၅-၃၅) ရက် အကြာ (သို့) စပါးနှံများ၏ (၈၅%) ခန့်ရင့်မှည့်ချိန် (သို့) စပါးနှံ၏ အနည်းဆုံး ၃/၄ ပုံခန့် အဝါရောင်သို့ပြောင်းချိန်တွင် ရိတ်သိမ်းရန် ဖြစ်သည်။ ရိတ်သိမ်းပြီး ၂၄ နာရီအတွင်း အစိုဓာတ်ကျဆင်းစေရန် ခြောက်၍ သန့်ရှင်းသော မိုးကာစ၊ ပလပ်စတစ်ပေါ်တွင် စပါးကို အခြောက်ခံရန် ဖြစ်ပါသည်။
နွေစပါး စပါးမျိုးသန့်အဆင့်-၂ (Certified Seed) (ယခုအခေါ်အဝေါ်မှာ စီးပွားဖြစ်မျိုးသန့်) မျိုးစေ့ထုတ်စိုက်ခင်းများနှင့် လယ်သမားကိုယ်တိုင် မိမိအစီအစဉ်ဖြင့် မျိုးသန့် မျိုးကောင်း (Good Seed) ထုတ်စိုက်ခင်းများကို မျိုးရောနှောမှု မဖြစ်စေရန် စနစ်တကျ ရိတ်သိမ်းပြီး သီးသန့်ချွေလှေ့ နေလှမ်းကာ သိုလှောင်သိမ်းဆည်းရန် ဖြစ်ပါသည်။
ဇူလိုင်လသည် စိုက်ပျိုးထားသော ယာသီးနှံ၊ မိုးစပါးသီးနှံ စသည့် ပထမသီးနှံများ စိုက်ချိန်မှန်ရေး၊ အပင်ဖြစ်ထွန်းရေးတို့အတွက် အရေးပါသောလ ဖြစ်သည်။ နွေစပါးသီးနှံ များ အလေအလွင့်မရှိအောင် ရိတ်သိမ်းရမည့်လလည်း ဖြစ်သည်။ သို့ဖြစ်၍ စိုက်ပျိုးသီးနှံ အားလုံး ထုတ်လုပ်မှုမြင့်မားရေး ဆောင်ရွက်ကြရန် အသိပေးအပ်ပါသည်။
ရေးသားသူ - ဆင်းသီဟ
.
.
.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။
#စပါး
#မိုးစပါး
#စိုက်ပျိုးသုတ
#စိုက်ပျိုးရေး
#အစိမ်းရောင်လမ်း
#Green_Way
https://greenwaymyanmar.com/posts/agri_knowledge_july

စိုက်ပျိုးသုတ ဇူလိုင်လ
မြေသြဇာမကျွေးမီ စိုက်ခင်းအတွင်းရှိ ပေါင်းမြက်များကို ရှင်းလင်းပါ။
ပုလဲမြေသြဇာကျွေးတဲ့အခါ စနစ်တကျမရှိပါက အပင်မှ ရရှိတာနည်းပြီး လေလွင့်ဆုံးရှုံးမှုက ပိုများတာမို့ အထူးဂရုပြုသင့်ပါတယ်။
=================
သဘာဝ မြေသြဇာ 🌿
စပါးစိုက်ပျိုးရန် မြေပြုပြင်ချိန်တွင် သဘာဝမြေသြဇာများကို တတ်နိုင်သလောက် ထည့်ပေးသင့်ပါတယ်။ စိုက်ခင်းထဲတွင်ရှိသော ရိုးပြတ်၊ ပေါင်းမြက်များကိုလည်း မြေသားနှင့် သမအောင်မွှေပြီး သမန်းပုပ် သမန်းအေးလာသည်အထိ ထားရပါမယ်။ မြေပြုပြင်ချိန်တွင် သဘာဝမြေသြဇာများမှ ထွက်ရှိလာသော အာဟာရဓာတ်များ ဆုံးရှုံးမှု မဖြစ်စေရန် စိုက်ခင်းကို ရေမပြတ်သွင်းထားရမှာ ဖြစ်ပါတယ်။ သမန်းပုပ်၊ သမန်းအေး၊ သမန်းညက်ပါက စပါးပင်ဟာ ၎င်းအတွက် အဓိကလိုအပ်သော အာဟာရဓာတ်များသာမက အနည်းလို အာဟာရဓာတ်များကိုပါ သက်တမ်းတစ်လျှောက် ရယူစားသုံးနိုင်မှာ ဖြစ်ပါတယ်။
စပါးနီတို ဖြစ်လေ့ရှိသော စိုက်ခင်းများတွင် စက်ဖွဲပြာ တစ်မျိုးတည်းကိုသာ ၁ ဧကလျှင် (၄ - ၆) အိတ်အထိ ထည့်ပေးရမှာ ဖြစ်ပါတယ်။
*စိုက်ပျိုး၊ မွေးမြူရေးနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းဆော့ဝဲမှာ မေးပါ။
အဓိကလိုအပ်သော အာဟာရဓာတ်များ 🌿🌿
ပုလဲ ဓာတ်မြေသြဇာ (ယူရီးယား)
စပါးတွင် နိုက်ထရိုဂျင်ဓာတ် ချို့တဲ့ပါက ပင်ပွားထွက်ရှိမှုနည်းပြီး အပင်ကြီးထွားသန်စွမ်းမှုကို ထိခိုက်စေနိုင်ပါတယ်။ ထို့ကြောင့် နိုက်ထရိုဂျင်ဓာတ်ရရှိရန်အတွက် ပုလဲ(ယူရီးယား) မြေသြဇာကို အသုံးပြုနိုင်ပါတယ်။ စပါးခင်းတွင် ပုလဲမြေသြဇာကို အသုံးပြုပါက အမိုနီယမ် အိုင်းယွန်းပုံစံနှင့် နိုက်ထရိတ်အိုင်းယွန်းပုံ အဖြစ် စပါးပင်မှ စားသုံးပါတယ်။ ပုလဲမြေသြဇာကျွေးတဲ့အခါ စနစ်တကျမရှိပါက အပင်မှ ရရှိတာနည်းပြီး လေလွင့်ဆုံးရှုံးမှုက ပိုများတာမို့ အထူးဂရုပြုသင့်ပါတယ်။ ပုလဲမြေသြဇာ မကျွေးခင်မှာ ပုလဲမြေသြဇာ ၁ ဆ၊ နွားချေး၊မြေဆွေး ၃ ဆ အတူရောနှပ်ကာ လုံအောင်ဖုံးပြီး တစ်ညနှပ်ထားပေးပါ။ နောက်တစ်နေ့ မနက် (သို့မဟုတ်) ညနေ မှာကြဲပက်ပေးပါ။ ဒါဆိုရင် လေလွင့်ဆုံးရှုံးမှုနည်းပြီး အပင်အတွက် အာဟာရဓာတ်များ ပိုရရှိစေပါတယ်။
တိုက်ရိုက်မျိုးစေ့ချ အခင်းတွေမှာ အရွက် ၅ ရွက်ထွက်ချိန်၊ ပျိုးထောင်စိုက်ပျိုးသော အခင်းတွေမှာ ကောက်ပင်လှန်ချိန်မှာ ကျွေးပါက ပင်ပွားစောစောထွက်၍ ကြီးထွားသန်စွမ်းခြင်း၊ ပင်ပွားနိုင်မှု စွမ်းရည်ကောင်းခြင်း၊ လုံလောက်သော အနှံအရေအတွက် ရရှိခြင်း စသည်ဖြင့် ကောင်းကျိုးများရှိပါတယ်။ အလံရွက်စတင်ထွက်ချိန်တွင် ကျွေးပါက အနှံအစေ့မှာ ပုံမှန်အတိုင်းကြီးထွားမှုရှိပြီး လုံးပိန် လုံးညှပ် လျော့နည်းမည် ဖြစ်ပါတယ်။ အနှံမထွက်မီ ၅ ရက်အလိုတွင် ကျွေးပါက ကစီဓာတ် အလုံအလောက်ရရှိသောကြောင့် အစေ့အဆန်များ ပြည့်ဖြိုးမှာ ဖြစ်ပါတယ်။ ကျွေးရမယ့်နှုန်းထားမှာ ၁ ဧကလျှင် ပုလဲမြေသြဇာ ၁ အိတ်အား ၃ ပုံ ၁ ပုံအချိုးနှင့် ၃ ကြိမ်ကျွေးရမည် ဖြစ်ပါတယ်။ မိမိစိုက်ခင်း အခြေအနေပေါ်မူတည်ပြီး နှုန်းထားပြောင်းလဲနိုင်ပါတယ်။

တီစူပါ ဓာတ်မြေသြဇာ
တီစူပါမြေသြဇာသည် အမြစ်ကြီးထွားသန်စွမ်းမှုကို အားပေးပြီး အစေ့အဆန်များကို အောင်စေပါတယ်။ တီစူပါမြေသြဇာမှာ လေလွင့်ဆုံးရှုံးမှုမရှိသောကြောင့် နွားချေး၊ မြေဆွေးတို့နှင့် ရောစပ်ရန် မလိုအပ်ပါ။ တီစူပါ မြေသြဇာကျွေးရန် အသင့်တော်ဆုံး အချိန်မှာ နောက်ဆုံးသမန်းပြင်ချိန်၌ ၁ ဧကလျှင် အိတ်ဝက်နှုန်းဖြင့် ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ တီစူပါ မြေသြဇာကို နောက်ဆုံးသမန်းပြင်ချိန်နှင့် အပင်ငယ်စဥ်တွင်သာ ထည့်သွင်းသင့်ပါတယ်။ အပင်သက်တမ်းရင့်ပါက တီစူပါ မြေသြဇာအား အပင်မှ ရယူစားသုံးနိုင်ခြင်း မရှိဘဲ မြေကြီးထဲတွင်သာ ထိန်းချုပ်ခံရခြင်း ကြောင့်ဖြစ်ပါတယ်။
ပိုတက် ဓာတ်မြေသြဇာ
ပိုတက် မြေသြဇာသည် အပင်အား ကြံ့ခိုင်မာကြောမှု ရှိစေပြီး ပိုးမွှားရောဂါဒဏ်ကိုလည်း ခံနိုင်ရည်ရှိစေပါတယ်။ ပင်ပွားများစေပြီး အနှံနှင့် အစေ့အဆန်များ ပျက်စီးမှုမှလည်း ကာကွယ်နိုင်ပါတယ်။ ပိုတက်မြေသြဇာကျွေးရန် အသင့်တော်ဆုံး အချိန်မှာ ၁ ဧကလျှင် အိတ်ကြီး ၁ အိတ်၏ ၄ ပုံ ၁ ပုံအား နောက်ဆုံးသမန်းပြင်ချိန်တွင် တစ်ကြိမ်၊ အနှံလောင်း စတင်ဖြစ်ပေါ်ချိန်တွင် တစ်ကြိမ် စသည်ဖြင့် ၂ ကြိမ် ကျွေးရမည် ဖြစ်ပါတယ်။

စိုက်ပျိုးရေးဆိုသည်မှာ မည်သည့် အရာကိုမှ တစ်သတ်မှတ်တည်း သတ်မှတ်လို့တော့ မရနိုင်တာ တောင်သူကြီးတွေ အားလုံးအသိဖြစ်မှာပါ။ မိမိ နေထိုင်တဲ့ နေရာ၊ ဒေသ၊ စိုက်ခင်း အခြေအနေတွေပေါ်မူတည်ပြီး လိုက်လျောညီထွေဖြစ်အောင် လိုအပ်သလို နည်းလမ်းတွေ၊ နှုန်းထားတွေ ပြင်ဆင် အသုံးပြဖို့လိုအပ်ပါကြောင်း ...
ဇင်ထူးနိုင်
.
.
.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
#စပါး
#စပါးအထွက်တိုးစေနည်း
#သဘာဝမြေဩဇာ
#စိုက်ပျိုးရေး
#အစိမ်းရောင်လမ်း
#Green_Way
https://greenwaymyanmar.com/posts/Proper_fertilization_of_paddy

စပါးတွင် မြေသြဇာ စနစ်တကျကျွေးခြင်း
စပါးတွင် နိုက်ထရိုဂျင်ဓာတ် ချို့တဲ့ပါက ပင်ပွားထွက်ရှိမှုနည်းပြီး အပင်ကြီးထွားသန်စွမ်းမှုကို ထိခိုက်စေနိုင်ပါတယ်။
🌾ကောက်စိုက်ပြီး ၁၀ ရက် မှ ၃၅ ရက်အတွင်းကို အပင်ပွားချိန်ကာလ (သို့မဟုတ်) အပင်ပိုင်း ကြီးထွားမှုကာလလို့ သတ်မှတ်နိုင်ပါတယ်။
------------------------------------
------------------------------------
ဆရာခင်ဗျား..စပါးမှို့ကပ်ချိန်ကို သိနိုင်ဖို့ ရက်တွက်နည်း သိချင်ပါတယ်ဗျ၊
ပြီးတော့..စပါးရွက် အရေအတွက်ကြည့်ပြီး မှို့ကပ်ချိန်ကို သိနိုင်ပါသလား ဖြေကြားပေးပါဆိုပြီး..စပါးစိုက်တောင်သူတစ်ဦးက မေးလာပါတယ်။
ဒီလိုမေးခွန်းတွေက အမေးများတာကြောင့် ဖြေပြီးသားလည်းဖြစ်အောင် စပါးပင်ကြီးထွားမှုသက်တမ်းရက်တွက်နည်းကို နားလည်ပြီးသားလည်းဖြစ်အောင် စပါးပင်ရဲ့ ကြီးထွားမှုအဆင့် (၃) ဆင့်အကြောင်း အနည်းငယ်ရှင်းပြချင်ပါတယ်။
၁။ အပင်ပိုင်းကြီးထွားမှုအဆင့် (Vegetative phase)
စပါးစေ့အညှောက်စတင်ပေါက်ချိန်မှ မှို့ကပ်ချိန်(အဆစ်တက်ချိန်)ထိကာလကို ပင်ပိုင်းကြီးထွားမှုအဆင့်လို့ ခေါ်ပါတယ်။
ကြာမြင့်ချိန် = ၃၅ ရက် - ၆၅ ရက်
(ရက် ၁၀၀ - ၁၄၅ စပါးမျိုးအပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်)
၂။ အနှံသန္ဓေ ဖွံ့ဖြိုးမှုအဆင့် (Reproductive phase)
မှို့ကပ်ချိန်(အဆစ်တက်ချိန်)မှ၊ အနှံထွက်ချိန်(၅၀%ပန်းပွင့်ချိန်) ထိကာလကို အနှံသန္ဓေဖွံ့ဖြိုးမှုအဆင့်လို့ ခေါ်ပါတယ်။
ကြာမြင့်ချိန်= ၃၀ - ၃၅ ရက်
*စိုက်ပျိုး မွေးမြူရေးဆိုင်ရာ အစိမ်းရောင်လမ်းဖုန်းဆော့ဝဲမှာ မေးပါ*
၃။ ရင့်မှည့်မှုအဆင့် (Ripening phase)
အနှံစတင်ထွက်ချိန်ကနေ မောင်းညိုချိန်ထိကတော့ ရင့်မှည့်မှုအဆင့်ပါ။ (၅၀% ပန်းပွင့်ချိန် မှ မောင်းညိုချိန်အထိ)
ကြာမြင့်ချိန်= ၃၀-၃၅ ရက်
#အပင်ပွားချိန်ကာလကို ဘယ်လိုသတ်မှတ်ပါသလဲ?
ကောက်စိုက်ပြီး ၁၀ ရက် မှ ၃၅ ရက်အတွင်းကို အပင်ပွားချိန်ကာလ (သို့မဟုတ်) အပင်ပိုင်း ကြီးထွားမှုကာလလို့ သတ်မှတ်နိုင်ပါတယ်။
ဒီနေရာမှာ စပါးပင်ပွားပုံအကြောင်း အနည်းငယ်ရှင်းပြဖို့ လိုပါလိမ့်မယ်။
စပါးပင်အရွက် ၅ ရွက် ထွက်ချိန်မှာ ဒု-အရွက်ကြားမှ ပထမဆုံး ပင်ပွားစတင်ထွက်ပါတယ်။
အစိုဓာတ်၊ အလင်းရောင်၊ အာဟာရ ရရှိမှုပေါ်မူတည်ပြီး ပျမ်းမျှ ၅ ရက်ကြာတိုင်း အရွက်သစ်တစ်ရွက်ထွက်ပါတယ်။
ဆိုတော့ ပင်ပွားထွက်ချိန်က ပျှမ်းမျှအားဖြင့် ၅ ရက် ၁ ကြိမ်ပါ။
ဒါကြောင့် ပင်ပွားအများဆုံးကာလ (အပင်ပိုင်းကြီးထွားမှုအမြင့်ဆုံးကာလ) ၆၅ ရက်မှာ စပါးရွက် (၁၃ ရွက်) ရှိရမယ်လိူ့ ယူဆနိုင်ပါတယ်။
ဒီကာလနောက်ပိုင်း ထွက်တဲ့ပင်ပွားတွေကတော့ အားနည်းသွားပါတယ်။

တိုက်ရိုက်အစေ့ချစိုက်ခင်းမှာဆို
စစိုက်တဲ့အချိန်ကနေ - ၆၅ ရက်အတွင်း (မှတ်ချက်=စပါးမျိုးအလိုက် ရက် အနည်းအများ ကွားခြားနိုင်)ကို အပင်ပွားချိန်ကာလ(အပင်ကြီးထွားမှု အမြင့်ဆုံးကာလ)လို့သတ်မှတ်နိုင်ပါတယ်။
ဒီကာလဟာ နိုက်ထရိုဂျင် အများဆုံးလိုအပ်တဲ့ကာလလည်းဖြစ်ပါတယ်။
မကြာခင်မှာ အနှံသန္ဓေအဖြစ် အပင်ခြေမှာ အဆစ်တက်လာတော့မှာမို့ အပင်ပိုင်းကြီးထွားမှု အားနည်းလာပြီး အနှံသန္ဓေအတွက် စွမ်းအင် သုံးစွဲတော့မှာဖြစ်လိူ့ပါ။
(ဒါကြောင့် အချို့ပညာရှင်များက ပင်ပွားကာလပြီးမှသာ တူးဖိုးဒီ ပေါင်းသတ်ဆေးကို အသုံးပြုဖို့ တိုက်တွန်းကြပါတယ်)
#မှို့ကပ်ချိန်(အဆစ်တက်ချိန်) အနှံသန္ဓေ စတည်ချိန်ကို ဘယ်လိုတွက်ချက်ရပါသလဲ?
မှို့ကပ်ချိန်ကာလ တွက်ချက်နိုင်ဖို့ အရင်ဦးဆုံး စပါးမျိုးရဲ့ သက်တမ်းကို သိဖို့လိုပါတယ်။
မည်သည့်စပါးမျိုးမဆို ကြီးထွားမှုအဆင့်-၂ အတွက်ကြာချိန် ၃၀ ရက်နဲ့ ကြီးထွားမှုအဆင့်-၃ အတွက်ကြာချိန် ၃၅ ရက် စုစုပေါင်း (၆၅)ရက် ကြာမြင့်ချိန် အတူတူပဲလို့ယူဆထားပါတယ်။
ဒါကြောင့် ..
မှို့ကပ်ချိန်ကာလ= အသက်ရက် - (၆၅ရက်)
ဥပမာ။ ။ မနောသုခ -၁၃၅ ရက် ဆိုပါစို့....မှို့ကပ်ရက် သိချင်ရင် (၁၃၅-၆၅)= ၇၀ ရက် မျိုးစေ့အညှောက်ပေါက်သည်မှ ၇၀ ရက်ပြည့်နေ့သည် မနောသုခစပါးပင်ရဲ့ မှို့ကပ်ချိန်လို့ ယူဆနိုင်ပါတယ်။
ကဲ, ဒီလောက်ဆိုရင်..
- အပင်ပွားကာလ၊ အသက်ရက် ဘယ်လောက်လဲ?
- မှို့ကပ်ရက်ကို ဘယ်လိုတွက်ရသလဲ?
- မှို့ကပ်ချိန်မှာ စပါးရွက် အရေအတွက် ဘယ်လောက်လဲ?..ဆိုတာ ..ဖြေကြားမှုအပေါ် ကျေနပ်နိုင်လိမ့်မယ်လို့ယူဆပါတယ်။
စေတနာများစွာဖြင့်
ဒို့ဦးလေး
ကိုးကား >>Rice growth and development pdf-chapter -2
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
#စိုက်ပျိုးရေး
#အစိမ်းရောင်လမ်း
#greenway
#စပါး
https://www.greenwaymyanmar.com/posts/rice_lifetime

စပါးပင်ကြီးထွားမှုအလိုက် ရက် ဘယ်လိုတွက်မလဲ..?