Green Way
2.01K subscribers
1.04K photos
1 video
1.07K links
စိုက်ပျိုးရေး မွေးမြူရေးဆိုင်ရာ နည်းပညာများ
Download Telegram
ဒီတစ်ပတ်အတွက် ဥာဏ်စမ်းလေးလာပါပြီရှင့်
စပါးခင်းထဲက ရေညှိတွေကြောင့် စိတ်ညစ်နေရတဲ့ မိတ်ဆွေတို့ရှိကြလား
ဘယ်လိုကြောင့် ရေညှိတွေက စပါးခင်းထဲ ပေါများနေရတာလဲ
အကြောင်းအရင်းကို အစိမ်းရောင်လမ်းက မိတ်ဆွေတို့သိကြလား
သိတယ်ဆိုရင် ဖြေပေးသွားကြပါဦးနော်
အဖြေမှန်လေးကိုတော့ သောကြာနေ့မှာ ဖော်ပြသွားပါ့မယ်ရှင့်..
နောက် ၃ ရက်အတွင်း ဖြစ်လာနိုင်သည့် ထူးခြားမိုးလေဝသအခြေအနေ
================

https://greenwaymyanmar.com/posts/weather_forecast_by_U_Win_Naing_jul_12_2024

နောက်လာမည့် ၃ ရက် - ဇူလိုင် ၁၂-၁၃-၁၄ ရက်နေ့များအတွင်း ဘင်္ဂလားပင်လယ်အော်နဲ့ တောင်တရုတ်ပင်လယ်အတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ပြီး၊ တောင်တရုတ်ပင်လယ်မှာ မုန်တိုင်းငယ်အဆင့်အထိရောက်နိုင်ကာ၊ ဘင်္ဂလားပင်လယ်အော်မှာတော့ အိန္ဒိယအရှေ့မြောက်ကမ်းခြေနဲ့ ထိစပ်နေတဲ့ပင်လယ်ပြင်အပေါ် "ကုန်းတဝက်ရေတဝက် အားမကောင်းသောလေဖိအားနည်းရပ်ဝန်း"လောက်သာ ဖြစ်နိုင်ကြောင်းတွေ့ရပါတယ်။

ဒီအခြေအနေကြောင့် နောက်လာမဲ့ ၃ ရက်(ဇူလိုင် ၁၂ ရက်မှ ၁၄ ရက်)အတွင်း -
💦 မြန်မာတနိုင်ငံလုံး နေရာအနှံအပြားမှာ မုတ်သုံမိုးများရွာနိုင်မဲ့ အခြေအနေတွေဖြစ်ပေါ်နိုင်ပါမယ်။
💦 💦 ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ ၃ ရက်အတွင်း မိုးရေချိန်စုစုပေါင်း ၆၀ မီလီမီတာအထက်ရွာသွန်းပြီး မိုးများနိုင်ပါတယ်။

🌦 ကျန်ပြည်နယ်တိုင်းဒေသတွေမှာတော့ ၃ ရက်အတွင်း မိုးရေချိန် စုစုပေါင်း ၆၀ မီလီမီတာအောက်သာရွာနိုင်ပြီး မိုးအသင့်အတင့်မှ မိုးနည်းနေနိုင်ပါမယ်။

🔸 မြန်မာပြည်အနှံ ပြည်နယ်တိုင်းမြိုများရဲ့ မိုးရွာသွန်းနိုင်တဲ့ အခြေအနေကို MMWeathr Website - Divisional Cities Weather page: https://www.mmweather.org/divisional-cities-weather မှာ ကြည့်ပါ။

ရေးသားသူ - ဦးဝင်းနိုင်
.
.
.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
#မိုး
#မိုးလေဝသ
#မန်တိုင်း
#မြစ်ရေ
ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့်တောင်တရုတ်ပင်လယ်တို့တွင် ဖြစ်ပေါ်နိုင်သည့်လေဖိအားနည်းရပ်ဝန်းများကြောင့် မိုးရွာသွန်းမည့်အခြေအနေUpdate
---

ဇူလိုင် ၁၃ ရက် နံနက် ၉ နာရီခွဲ update ECMWF, GEFS, GFS, ICON, ECMWF AIFS update အရ

သင်္ချာပုံစံပြုကြိုတင်ခန့်မှန်းရေးမော်ဒယ်များ၏ ခန့်မှန်းချက်များမှာ ဇူလိုင် ၁၄-၁၅ ရက်နေ့များတွင်တကြိမ်၊ ဇူလိုင် ၁၈-၁၉ ရက်နေ့များတွင်တကြိမ် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် တောင်တရုတ်ပင်လယ်ပြင်တွေမှာ လေဖိအားနည်းရပ်ဝန်းများဖြစ်ပေါ်နိုင်ကြောင်း တွေ့ရပါတယ်။

🔸 ဒီအခြေအနေများကြောင့် နောက်လာမဲ့ ၂၄ နာရီအတွင်း ချင်းတွင်းမြစ်နှင့်ဧရာဝတီမြစ်တို့ မြစ်ဖျားခံရာ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများ၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွေမှာ မိုးများနိုင်ပါတယ်။

🔸 နောက်လာမည့် ၃ ရက်(ဇူလိုင် ၁၃ ရက်မှ ၁၅ ရက်)အတွင်းမှတော့ အလယ်ပိုင်းဒေသများ(စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း)အပါအဝင် တနိုင်ငံလုံးမှာ မိုးရွာနိုင်ပြီး ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရခိုင်ပြည်နယ်၊ နေပြည်တော်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတွေမှာဒေသအလိုက်မိုးသည်းထန်နိုင်ပါတယ်။

🔸 နောက်လာမည့် ၅ ရက် ဇူလိုင် ၁၃ ရက်မှ ဇူလိုင် ၁၇ ရက်)အတွင်း တစ်နိုင်ငံလုံးမှာ မိုးရွာနိုင်ပြီး၊ ဒေသအလိုက် မိုးများနိုင်/မိုးသည်းထန်နိုင်တဲ့ အခြေအနေများဖြစ်ပေါ်နိုင်ပါတယ်။

🔸 ဧရာဝတီမြစ်တစ်လျှောက် အောက်အရပ်များအထိမြင့်တက်လာနေတဲ့ မြစ်ရေအခြေအနေနဲ့ ဇူလိုင် ၁၈-၁၉ ရက် ရေထရက် ပင်လယ်ဒီရေမြင့်တက်နိုင်သည့်ခြေအနေ၊ မိုးများလာနိုင်မည့်အခြေအနေများကြောင့် မြစ်ရေမြင့်တက်ပြီးဒေသများမှ ရေပြန်ကျချိန်နှောင့်နှေးနေနိုင်ပါတယ်။

🔸 ရေနဲ့ပတ်သက်သော သဘာဝဘေးများအတွက် မြစ်ကမ်းချောင်းကမ်းဘေး အနိမ့်ပိုင်းရပ်ကွက်များမှာနေထိုင်သူများအထူးသတိပြုနေထိုင်ကြရန်လိုအပ်ပါကြောင်း အသိပေးတင်ပြလိုက်ပါတယ်။

ပြည်နယ်တိုင်းမြို့များတွင် မိုးရွာနိုင်မည့်အခြေအနေကြည့်ရန်
https://www.mmweather.org/divisional-cities-weather
ရေးသားသူ - ဦးဝင်းနိုင်
.
.
.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
#မိုး
#မိုးလေဝသ
#မန်တိုင်း
#မြစ်ရေ
https://greenwaymyanmar.com/posts/weather_forecast_by_U_Win_Naing_Jul_13_2024
မြန်မာနိုင်ငံဘက်ကိုသက်ရောက်မှုရှိနိုင်မဲ့ မိုးလေဝသအခြေအနေများ🌧

ဇူလိုင် ၁၅ ရက် နံနက် ၁၀ နာရီ UPDATE အရ တောင်တရုတ်ပင်လယ်မှာ INVEST-99W အားကောင်းသောလေဖိအားနည်းရပ်ဝန်း TD-03W(THREE) ဖြစ်လာပြီး ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာလည်း လေဖိအားနည်းဆဲလ်(Low Pressure Cell - LPC)တစ်ခုဖြစ်ပေါ်နေပါတယ်။

TD-THREE ကတော့ ဗီယက်နမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနဲ့ ထိုင်းနိုင်ငံတွေကို ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအနေနဲ့ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံအနောက်ပိုင်း Ban Rai ခရိုင်အထိရောက်နိုင်ကြောင်း ECMWF မှ ခန့်မှန်းထားပါတယ်။
ဘင်္ဂလားပင်လယ်အော်မှ LPC ကတော့ အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး အိန္ဒိယနိုင်ငံအရှေ့ဘက်ကမ်းခြေကို ဖြတ်ကျော်သွားမှာပါ။

မြန်မာနိုင်ငံဘက်ကိုသက်ရောက်မှုရှိနိုင်မဲ့ မိုးလေဝသအခြေအနေများ
ယနေ့မှစ၍ နောက်လာမဲ့ ၄၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်များမှာ အနောက်တောင်မုတ်သုံလေအားအလွန်ကောင်းလာပြီး ကမ်းရိုးတန်းဒေသများနဲ့ အနောက်တောင်မုတ်သုံလေစီးဝင်ရာ လမ်းတလျှောက်ပါလာမဲ့ မိုးတိမ်များက မြန်မာနိုင်ငံနေရာအနှံ့ မိုးရွာနိုင်စေပါလိမ့်မယ်။ အချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးသည်းထန်တာနဲ့ လေပြင်းတိုက်ခတ်တာတွေလဲ ဖြစ်နိုင်ပါတယ်။

အထက်ဘက်ကမြစ်ရေများ ဆင်းလာတာ‌ကြောင့် ချင်းတွင်းနဲ့ ဧရာဝတီမြစ်တလျှောက် ရေကြီးတာတွေလည်း မြို့တော်တော်များများမှာရှိနေဆဲ ကာလအတွင်း ..

🔸 ရေကြီးနေတဲ့ဒေသတွေရော အခြားဒေသများမှာပါ မိုးများနိုင်တာ၊ မိုးသည်းထန်နိုင်တာနဲ့ လေပြင်းတိုက်ခတ်နိုင်တာတွေကိုပါ သတိထားကြရမဲ့ အခြေအနေဖြစ်ပါကြောင်း။
ရေးသားသူ - ဦးဝင်းနိုင်
.
.
.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
#မိုး
#မိုးလေဝသ
#မြစ်ရေ

https://www.greenwaymyanmar.com/posts/weather_forecast_jul_15_2024
🌾​ကောက်စိုက်ပြီး ၁၀ ရက် မှ ၃၅ ရက်အတွင်းကို အပင်ပွားချိန်ကာလ (သို့မဟုတ်) အပင်ပိုင်း ကြီးထွားမှုကာလလို့ သတ်မှတ်နိုင်ပါတယ်။
------------------------------------
------------------------------------
ဆရာခင်ဗျား..စပါးမှို့ကပ်ချိန်ကို သိနိုင်ဖို့ ရက်တွက်နည်း သိချင်ပါတယ်ဗျ၊
ပြီး​တော့..စပါးရွက် အ​ရေအတွက်ကြည့်ပြီး မှို့ကပ်ချိန်ကို သိနိုင်ပါသလား ဖြေကြား​ပေးပါဆိုပြီး..​စပါးစိုက်​တောင်သူတစ်ဦးက ​မေးလာပါတယ်။

ဒီလို​မေးခွန်းတွေက အမေးများတာကြောင့် ဖြေပြီးသားလည်းဖြစ်​အောင် စပါးပင်ကြီးထွားမှုသက်တမ်းရက်တွက်နည်းကို နားလည်ပြီးသားလည်းဖြစ်အောင် စပါးပင်ရဲ့ ကြီးထွားမှုအဆင့် (၃) ဆင့်အ​ကြောင်း အနည်းငယ်ရှင်းပြချင်ပါတယ်။

၁။ အပင်ပိုင်းကြီးထွားမှုအဆင့် (Vegetative phase)
စပါး​စေ့အ​ညှောက်စတင်​ပေါက်ချိန်မှ မှို့ကပ်ချိန်(အဆစ်တက်ချိန်)ထိကာလကို ပင်ပိုင်းကြီးထွားမှုအဆင့်လို့ ခေါ်ပါတယ်။
ကြာမြင့်ချိန် = ၃၅ ရက် - ၆၅ ရက်
(ရက် ၁၀၀ - ၁၄၅ စပါးမျိုးအ​ပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်)
၂။ အနှံသ​န္ဓေ ဖွံ့ဖြိုးမှုအဆင့် (Reproductive phase)
မှို့ကပ်ချိန်(အဆစ်တက်ချိန်)မှ၊ အနှံထွက်ချိန်(၅၀%ပန်းပွင့်ချိန်) ထိကာလကို အနှံသ​န္ဓေဖွံ့ဖြိုးမှုအဆင့်လို့ ခေါ်ပါတယ်။
ကြာမြင့်ချိန်= ၃၀ - ၃၅ ရက်
*စိုက်ပျိုး မွေးမြူရေးဆိုင်ရာ အစိမ်းရောင်လမ်းဖုန်းဆော့ဝဲမှာ မေးပါ*

၃။ ရင့်မှည့်မှုအဆင့် (Ripening phase)
အနှံစတင်ထွက်ချိန်ကနေ မောင်းညိုချိန်ထိကတော့ ရင့်မှည့်မှုအဆင့်ပါ။ (၅၀% ပန်းပွင့်ချိန် မှ ​မောင်းညိုချိန်အထိ)
ကြာမြင့်ချိန်= ၃၀-၃၅ ရက်
#အပင်ပွားချိန်ကာလကို ဘယ်လိုသတ်မှတ်ပါသလဲ?
​ကောက်စိုက်ပြီး ၁၀ ရက် မှ ၃၅ ရက်အတွင်းကို အပင်ပွားချိန်ကာလ (သို့မဟုတ်) အပင်ပိုင်း ကြီးထွားမှုကာလလို့ သတ်မှတ်နိုင်ပါတယ်။

ဒီ​နေရာမှာ စပါးပင်ပွားပုံအ​ကြောင်း အနည်းငယ်ရှင်းပြဖို့ လိုပါလိမ့်မယ်။
စပါးပင်အရွက် ၅ ရွက် ထွက်ချိန်မှာ ဒု-အရွက်ကြားမှ ပထမဆုံး ပင်ပွားစတင်ထွက်ပါတယ်။
​အစိုဓာတ်၊ အလင်း​ရောင်၊ အာဟာရ ​ရရှိမှုပေါ်မူတည်ပြီး ပျမ်းမျှ ၅ ရက်ကြာတိုင်း အရွက်သစ်တစ်ရွက်ထွက်ပါတယ်။
ဆိုတော့ ပင်ပွားထွက်ချိန်က ပျှမ်းမျှအားဖြင့် ၅ ရက် ၁ ကြိမ်ပါ။
ဒါ​ကြောင့် ပင်ပွားအများဆုံးကာလ (အပင်ပိုင်းကြီးထွားမှုအမြင့်ဆုံးကာလ) ၆၅ ရက်မှာ စပါးရွက် (၁၃ ရွက်) ရှိရမယ်လိူ့ ယူဆနိုင်ပါတယ်။
ဒီကာလ​နောက်ပိုင်း ထွက်တဲ့ပင်ပွား​တွေကတော့ အားနည်းသွားပါတယ်။

*စိုက်ပျိုး မွေးမြူရေးဆိုင်ရာ အစိမ်းရောင်လမ်းဖုန်းဆော့ဝဲမှာ မေးပါ*

တိုက်ရိုက်အ​စေ့ချစိုက်ခင်းမှာဆို
စစိုက်တဲ့အချိန်ကနေ - ၆၅ ရက်အတွင်း (မှတ်ချက်=စပါးမျိုးအလိုက် ရက် အနည်းအများ ကွားခြားနိုင်)ကို အပင်ပွားချိန်ကာလ(အပင်ကြီးထွားမှု အမြင့်ဆုံးကာလ)လို့သတ်မှတ်နိုင်ပါတယ်။

ဒီကာလဟာ နိုက်ထရိုဂျင် အများဆုံးလိုအပ်တဲ့ကာလလည်းဖြစ်ပါတယ်။
မကြာခင်မှာ အနှံသ​န္ဓေအဖြစ် အပင်​ခြေမှာ အဆစ်တက်လာ​တော့မှာမို့ အပင်ပိုင်းကြီးထွားမှု အားနည်းလာပြီး အနှံသ​န္ဓေအတွက် စွမ်းအင် သုံးစွဲ​တော့မှာဖြစ်လိူ့ပါ။
(ဒါ​ကြောင့် အချို့ပညာရှင်များက ပင်ပွားကာလပြီးမှသာ တူးဖိုးဒီ ​ပေါင်းသတ်​ဆေးကို အသုံးပြုဖို့ တိုက်တွန်းကြပါတယ်)

#မှို့ကပ်ချိန်(အဆစ်တက်ချိန်) အနှံသ​န္ဓေ စတည်ချိန်ကို ဘယ်လိုတွက်ချက်ရပါသလဲ?
မှို့ကပ်ချိန်ကာလ တွက်ချက်နိုင်ဖို့ အရင်ဦးဆုံး စပါးမျိုးရဲ့ သက်တမ်းကို သိဖို့လိုပါတယ်။
မည်သည့်စပါးမျိုးမဆို ကြီးထွားမှုအဆင့်-၂ အတွက်ကြာချိန် ၃၀ ရက်နဲ့ ကြီးထွားမှုအဆင့်-၃ အတွက်ကြာချိန် ၃၅ ရက် စုစု​ပေါင်း (၆၅)ရက် ကြာမြင့်ချိန် အတူတူပဲလို့ယူဆထားပါတယ်။

ဒါ​ကြောင့် ..
မှို့ကပ်ချိန်ကာလ= အသက်ရက် - (၆၅ရက်)
ဥပမာ။ ။ မ​နောသုခ -၁၃၅ ရက် ဆိုပါစို့....မှို့ကပ်ရက် သိချင်ရင် (၁၃၅-၆၅)= ၇၀ ရက် မျိုး​စေ့အ​ညှောက်ပေါက်သည်မှ ၇၀ ရက်ပြည့်နေ့သည် မ​နောသုခစပါးပင်ရဲ့ မှို့ကပ်ချိန်လို့ ယူဆနိုင်ပါတယ်။

ကဲ, ဒီ​လောက်ဆိုရင်..
- အပင်ပွားကာလ၊ အသက်ရက် ဘယ်​လောက်လဲ?
- မှို့ကပ်ရက်ကို ဘယ်လိုတွက်ရသလဲ?
- မှို့ကပ်ချိန်မှာ စပါးရွက် အ​ရေအတွက် ဘယ်​လောက်လဲ?..ဆိုတာ ..​ဖြေကြားမှုအ​ပေါ် ကျေနပ်နိုင်လိမ့်မယ်လို့ယူဆပါတယ်။

​စေတနာများစွာဖြင့်
ဒို့ဦး​လေး

ကိုးကား >>Rice growth and development pdf-chapter -2
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
#စိုက်ပျိုးရေး
#အစိမ်းရောင်လမ်း
#greenway
#စပါး
https://www.greenwaymyanmar.com/posts/rice_lifetime
🌊 မုန်တိုင်းငယ်ဖြစ်လာနိုင်တဲ့ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းရှိ လေဖိအားနည်းရပ်ဝန်းရဲ့ မြန်မာအပေါ်သက်ရောက်မှုများ
================

🔸 ဇူလိုင်လ ၁၆ ရက်နေ့ ထိုင်းမိုးလေဝသဋ္ဌာနကထုတ်ပြန်တဲ့ မြေပြင်မိုးလေဝသမြေပုံမှာ - ဗီယက်နမ်ကမ်းခြေကိုကျော်လာပြီး ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းမှာကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ်ဆက်လက်တည်ရှိနေဆဲ မုန်တိုင်းငယ်-THREE နဲ့ အိန္ဂိယနိုင်ငံအရှေ့ဘက် ဩရိဿပြည်နယ်ကုန်းတွင်းမှာဆက်လက်တည်ရှိနေတဲ့ လေဖိအားနည်းဆဲလ်များဆက်စပ်နေတဲ့ မုတ်သုံမြောင်တန်း(MONSOON TROUGH)က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေအပေါ်မှာ ဖြတ်သန်းနေတာတွေ့ရပါတယ်။

🔸 မုန်တိုင်းငယ်(THREE)အနောက်ဘက်ကိုဆက်လက်ရွေ့လျားပြီး ထိုင်းမြန်မာနယ်စပ်အနီးအထိရောက်လာနိုင်ကြောင်း ECMWF model ခန့်မှန်းချက်ရှိနေတဲ့ ဇူလိုင် ၁၈ ရက် နံနက်အစောပိုင်းမှာ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာလဲ သိသာထင်ရှားတဲ့ လေဖိအားနည်းရပ်ဝန်း(Well-Marked LPA)ဖြစ်လာနိုင်ကြောင်း တွေ့ရပါတယ်။ ဇူလိုင် ၁၈ ရက် နံနက်ပိုင်းမှာ LPA က အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ကြောင်း ခန့်မှန်းထားတာကြောင့် မုန်တိုင်းငယ်(DEEP-DEPRESSION)အဆင့်အထိရောက်လာနိုင်သော်လည်း မြန်မာနိုင်ငံဘက်ကိုတော့ ဦးတည်ရွေ့လျားနိုင်မှာမဟုတ်ကြောင်းတွေ့ရပါတယ်။
*စိုက်ပျိုး မွေးမြူရေးဆိုင်ရာ အစိမ်းရောင်လမ်းဖုန်းဆော့ဝဲမှာ မေးပါ*

🔸 မုန်တိုင်းငယ်နဲ့ ထိုင်းမြန်မာနယ်စပ်အနီးက ကုန်းတွင်းလေဖိအားနည်းရပ်ဝန်း 03W-THREE တို့ရဲ့သက်ရောက်မှုကြောင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ နေရာအနှံအပြားမိုးထစ်ချုန်းရွာနိုင်မဲ့ အခြေအနေများသည် နောက်လာမဲ့ ၇၂ နာရီ(၃ ရက်အတွင်း)ဖြစ်ပေါ်နိုင်ပါတယ်။

🔸 လာမဲ့ ၃ ရက်အတွင်း အလယ်ပိုင်းဒေသများဖြစ်ကြတဲ့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ မန္တလေးတိုင်းများအတွင်းမှာတော့ ကျန်ပြည်နယ်ဒေသများနဲ့နှိုင်းယှဉ်ရင် မိုးရေချိန်(Precipitation)မများနိုင်သော်လည်း နေရာကွက်ပြီးမိုးများနိုင်တာ တောင်ကျချောင်းရေ ရုတ်တရက်ကျဆင်းနိုင်တာတွေ သတိပြုကြရပါမယ်။
*စိုက်ပျိုး မွေးမြူရေးဆိုင်ရာ အစိမ်းရောင်လမ်းဖုန်းဆော့ဝဲမှာ မေးပါ*

🔸 ဒီအခြေအနေအပြင် ဇူလိုင် ၁၉-၂၀-၂၁ ရက်များအတွင်း ပင်လယ်ဒီရေတက်ချိန်(HIGH TIDE TIME)နဲ့လဲ တိုက်ဆိုင်နေတာကြောင့် ဧရာဝတီတိုင်းအတွင်းမြစ်ရေမြင့်တက်မှုများက ပိုဆိုးလာနိုင်မှာကိုလဲတွေ့နေရပြီး မိုးများနိုင်တဲ့ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းအတွင်းမှ မြစ်ချောင်းကမ်းများအနီးနေထိုင်သူများ ရေနှင့်ပတ်သက်သောသဘာဝဘေးများအတွက် အထူးသတိပြုပြင်ဆင်ကြရန်လိုအပ်ပါမယ်။

ရေးသားသူ - ဦးဝင်းနိုင်
.
.
.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။
#မိုးလေဝသ
#မုန်တိုင်း
#မြစ်ရေ

https://greenwaymyanmar.com/posts/weather_forecast_by_U_Win_Naing_jul_16_2024
🦇လင်းနို့တွေဟာ တစ်နာရီကို အင်းဆက်ကောင်ရေ (၆၀၀) လောက်စားနိုင်ကြပြီးတော့ ခြင်တို့လိုမျိုး အင်းဆက်တွေကိုလည်း စားပေးပါတယ်။
--------------
--------------
လင်းနို့တွေက ကောင်းသလား မောင်တို့ ..
တစ်ကမ္ဘာလုံးမှာဆိုရင် မျိုးစိတ်ပေါင်း ၁၃၀၀ ကျော်ရှိတဲ့ လင်းနို့တွေက စိုက်ပျိုးရေးလုပ်ငန်းမှာ ဘယ်လိုတွေ ပါဝင်နေလဲဆိုတာကို လေ့လာကြည့်ကြရအောင်ပါ။

ငယ်ငယ်တုန်းကတော့ လင်းနို့တွေမြင်ရင် သွေးစုပ်ဖုတ်ကောင်တွေလို့ မြင်ခဲ့တာပဲ။ အခြားအမြင်တွေမှာဆိုရင်လည်း လင်းနို့တွေကကြောက်စရာကောင်းတဲ့ အသွင်အပြင်မျိုးတွေနဲ့ပဲ မြင်ခဲ့ကြတာပါပဲ။ တကယ်တမ်းဟုတ်လားဆိုတော့ မဟုတ်ပြန်ပါဘူး။

လင်းနို့ ကောင်ရေတွေထဲက (၁) ရာခိုင်နှုန်းအောက်ပဲရှိတဲ့ လင်းနို့တွေကသာ ခွေးရူးပြန်ရောဂါကို သယ်ဆောင်နိုင်ပါတယ်။ အဲ့ထက်နည်းတဲ့ ကောင်ရေတွေကပဲ လူနားကို ကပ်ရဲပါတယ်။ အန္တရာယ်မရှိတဲ့ အကောင်လေးတွေဖြစ်ပါတယ်။

ပြီးတော့ သူတို့စားတဲ့ အစားအစာတွေကလည်း ဝတ်မှုန် ဝတ်ဆံတွေနဲ့ အင်းဆက်ပိုးမွှားတွေဖြစ်ပါတယ်။
တစ်နာရီကို အင်းဆက်ကောင်ရေ (၆၀၀) လောက်စားနိုင်ကြပြီးတော့ ခြင်တို့လိုမျိုး အင်းဆက်တွေကိုလည်း စားပေးပါတယ်။
ညထွက်တဲ့ကောင်တွေဖြစ်တဲ့ လင်းနို့တွေဟာဆိုရင် ညဖက်မှာတင် အင်းဆက်ပိုးကောင်ရေကို တန်နဲ့ချီပြီးတော့တောင် စားနိုင်ကြတဲ့ အကောင်တွေပါ။ ဝတ်မှုန်တွေလည်း စားပြီးတော့ မျိုးစေ့တွေကို ပျံ့နှံ့စေနိုင်ပါသေးတယ်။

ညဖက် ထွက်တဲ့ ဒီ လင်းနို့တွေက ညဖက်မှာထွက်တဲ့ ခြင်၊ ကျိုင်းကောင်၊ ပိုးဟပ်၊ Chinch Bug (ချင့်ချ်ဘက်) တွေနဲ့ အခြားကောင်ရေ တော်တော်များများကို စားနိုင်ပါတယ်။
သူတို့စားတဲ့ အကောင်တွေထဲမှာ တစ်ချို့က သစ်တောကို နှောက်ယှက်ဖျက်ဆီးကြတဲ့ ကောင်တွေပါတယ်။ စိုက်ခင်းကို ဖျက်ဆီးနိုင်တဲ့ အကောင်တွေလည်းပါတယ်။ လူတွေဆီကို ရောဂါတွေ ပျံ့နှံ့စေနိုင်တဲ့ အင်းဆက်ပိုးမွှားတွေလည်း ပါဝင်ပါတယ်။

လင်းနို့တွေရှိခြင်းအားဖြင့် အင်းဆက်ပိုးမွှားနှိမ်နင်းရေးမှာ တစ်နှစ်ကို ဘီလီယံ နဲ့ချီပြီး ကုန်ကျစရိတ် သက်သာစေနိုင်ပါတယ်။
*စိုက်ပျိုး မွေးမြူရေးဆိုင်ရာ အစိမ်းရောင်လမ်းဖုန်းဆော့ဝဲမှာ မေးပါ*

လင်းနို့တွေက အင်းဆက်ပိုးမွှားနှိမ်နင်းရေးမှာတင်ပဲ ကူညီတာလားဆိုတော့ မဟုတ်ပြန်သေးဘူး။
ဝတ်မှုန်ကူးတဲ့နေရာမှာလည်း ဝင်ရောက် ကူညီပါသေးတယ်။
သိကြတဲ့အတိုင်း သူတို့က ညထွက်တဲ့ အကောင်တွေဖြစ်တာကြောင့်မို့
ညဖက်မှာပွင့်နေတဲ့ ပန်းဖြစ်ရင်
၁ လက်မကနေ ၃ လက်မခွဲလောက်အထိ အရွယ်အစားရှိရင်
အဖြူရောင် (သို့) အဖြူဖျော့ အရောင်ရှိကြရင်
အနံ အားကောင်းတဲ့ အပွင့် ဒါမှမဟုတ် အသီးနံ့ ရတဲ့ အပွင့်ဖြစ်ရင်
အပွင့်လေးတွေက ချိုတဲ့ ဝတ်မှုန်ရည်ကို ထုတ်ပေးနိုင်ရင် လင်းနို့လေးတွေ အကြိုက်တွေ့တဲ့ ပန်းကလေးတွေ ဖြစ်လာမှာပါ။

*စိုက်ပျိုး မွေးမြူရေးဆိုင်ရာ အစိမ်းရောင်လမ်းဖုန်းဆော့ဝဲမှာ မေးပါ*

ဒီပန်းလေးတွေမှာ လာကပ်တဲ့ အင်းဆက်ပိုးမွှားတွေကို လင်းနို့တွေက လာစားကြတယ်။ ပြီးတော့ လင်းနို့တွေကိုယ်တိုင်ကလည်း ပန်းပွင့်ရဲ့ ဝတ်မှုန်နဲ့အခြား အစိတ်အပိုင်းလေးတွေကို စားတာမျိုးရှိတယ်ဆိုတော့ အဲ့ကနေတစ်ဆင့် ဝတ်မှုန်တွေက ပျံ့နှံ့ပြီး ဝတ်မှုန်ကူးစေနိုင်ပါတယ်။

လင်းနို့တွေကို မှီခိုတယ်လို့ ပြောလို့ရတဲ့ လင်းနို့အားဖြင့်ဝတ်မှုန်ကူးနိုင်တဲ့ အပင်မျိုးစိတ်ပေါင်းက ၃၀၀ ကျော်လောက်ရှိပါတယ်။ ဘာတွေပါလဲဆိုတော့ ကိုယ်တွေလည်းကြိုက်တဲ့ နာမည်ကြီးသရက်ပင် (မျိုးစိတ်တွေ)၊ ငှက်ပျောမျိုးစိတ်တွေနဲ့ မာလကာပင်မျိုးစိတ်တော်တော်များများ ပါဝင်ပါတယ်နော်။ တစ်ချို့ကလည်း အရမ်းကြိုက်သလို တစ်ချို့လည်း အရမ်းမုန်းတဲ့ ဒူးရင်းသီးလည်း ပါပါသေးတယ်။

ကဲ့ ဒါဆိုရင် လင်းနို့တွေကလည်း စိုက်ရေးပျိုးရေးမှာ ဘယ်လိုကူညီနိုင်တယ်ဆိုတာကို နားလည်လောက်ပြီထင်ပါတယ်။ အရာရာတိုင်းမှာတော့ ကောင်းကျိုး ဆိုးကျိုးရှိတာမို့ တန်ဆေးလွန်ဘေးလည်းဖြစ်သလို မရှိရင်လည်းမဖြစ်တဲ့အရာတွေမို့ သတိနဲ့ ချင့်ချိန်နိုင်တဲ့ တောင်သူကြီးများဖြစ်ကြပြီး တိုးတက်အောင်မြင်ကြပါစေခင်ဗျာ။

ရေးသားသူ
ထွန်းဝင်းကျော်
..
.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
#လင်း
#အထွေထွေဗဟုသုတ
#အစိမ်းရောင်လမ်း
#Green_Way
https://greenwaymyanmar.com/posts/bats_in_agriculture
ဒီတစ်ပတ်အတွက် ဥာဏ်စမ်းလေးလာပါပြီရှင့်
မိုးရာသီရဲ့ စိုက်ပျိုးရာသီမှာ ပိုးကြောင့်တစ်မျိုး ပေါင်းကြောင့်တစ်မျိုးကြောင့်
ဓာတုဆေးတွေ ရောဖျန်းဖို့ စဉ်းစားမိနေကြပြီလား
ဒါဆိုရင်တော့ မရောဖျန်းသင့်တဲ့ ဆေးအတွဲတွေကိုလည်း သိထားဖို့လိုပါတယ်ရှင့်
ဆိုတော့ ဒီနေ့မေးခွန်းရဲ့ အဖြေမှန်ကိုရော သိကြလား
သိတယ်ဆိုရင် တခြားသူတွေပါ ဗဟုသုတရအောင် ဖြေပေးသွားကြပါဦးနော်
အဖြေမှန်လေးကိုတော့ အစိမ်းရောင်လမ်းက သောကြာနေ့မှာ ဖော်ပြသွားပါ့မယ်ရှင့်..
မြစ်ဘေး/ချောင်းဘေးက ပြည်သူများ ကြိုတင်ပြင်ဆင်ဖို့ လိုအပ်
ဇူလိုင် ၁၇ ရက်၊ ည ၉ နာရီခွဲချိန် HEFS, GEM-ENS, ECMWF-AIFS, ECMWF, GFS စ တဲ့ model များရဲ့ နောက်ဆုံးရထားတဲ့ updatတွေအရ ဇူလိုင် ၁၈ ရက် ညနေပိုင်းမှာ သိသာထင်ရှားတဲ့ လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်လာနိုင်ကြောင်းတွေ့ရပါတယ်။

*စိုက်ပျိုး မွေးမြူရေးဆိုင်ရာ အစိမ်းရောင်လမ်းဖုန်းဆော့ဝဲမှာ မေးပါ*

အခုဖော်ပြချက်တွေဟာဆိုရင် Numerical models တွေရဲ့ ကြိုတင်ခန့်မှန်းချက်ဖြစ်ပါတယ်။
မြန်မာပြည်ဘက်မှာ နေရာအနှံ့မိုးရွာနိုင်ပါမယ်။ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတွေကတော့ မိုးနည်းနေပြီး ဇူလိုင် ၂၁-၂၂ ရက်နဲ့ နောက်ပိုင်းရက်တွေကျမှ မိုးရွာနိုင်ချေများလာ၊ မိုးရွာရန်သေချာလာမှာဖြစ်ပါတယ်။
ကမ်းရိုးတန်းဒေသအားလုံး(ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီမြစ်ဝကျွန်ပေါ်ကမ်းရိုးတန်းနဲ့ မွန်-တနင်္သာရီကမ်းရိုးတန်းဒေတွေမှတော့ မိုးသက်လေပြင်းများကျပြီး လှိုင်းကြီးနိုင်ကြောင်ရှေ့ post တွေမှာ တင်ပြပေးခဲ့ပြီးပါပြီ။

အနောက်ဘက် ဘင်္ဂလားပင်လယ်အော်ဘက်က လေဖိအားနည်းရပ်ဝန်းအရှိန်နဲ့ ရွေ့လျားဝင်ရောက်လာတဲ့ မိုးတိမ်များရဲ့လမ်းကြောင်းနဲ့တိုက်ဆိုင်ရင်တော့ အလယ်ပိုင်းဒေသတွေလဲ နေရာကွက်ပြီးမိုးများနိုင်ပါမယ်။
အခုကြိုတင်ခန့်မှန်းချက်တွေကိုတင်ပြပေးနေတာက လေဖိအားနည်းရပ်ဝန်းကြောင့်မိုးများလာပြီး၊ ရေထရက်ကြောင့် ပင်လယ်ဒီရေတက်တဲ့အချိန် ရေပြန်မကျနိုင်ပဲ တောင့်နေမဲ့အချိန်တွေ ပိုကြာလာနိုင်တာကြောင့် မြစ်ရေကြီးပြီး အနိမ့်ပိုင်းဒေသတွေရေဝင်နေတဲ့ မြစ်ဘေး/ချောင်းဘေးက ပြည်သူများ ကြိုတင်ပြင်ဆင်နိုင်ကြအောင်ဖြစ်ပါတယ်။

မုန်တိုင်းဖြစ်လာရင်တောင် မြန်မာပြည်ဘက်ကို ဦးတည်ရွေ့လျားမှာ မဟုတ်ကြောင်း ကြိုတင်ခန့်မှန်းချက်များမှာတွေ့နေရတာကြောင့် မုန်တိုင်းဝင်တိုက်နိုင်မဲ့ အန္တရာယ်ကို စိုးရိမ်စရာမလို၊ အခုဖြစ်နေတဲ့ ပထမရေကြီးကာလအတွင်း မုန်တိုင်းအရှိန်သက်ရောက်ပြီး မိုးများနိုင်မဲ့ အခြေအနေကို ရင်ဆိုင်နိုင်ကြဖို့ လိုပါတယ်။
ရေးသားသူ - ဦးဝင်းနိုင်
.
.
.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။
#မိုးလေဝသ
#မုန်တိုင်း
#မြစ်ရေ
https://greenwaymyanmar.com/posts/weather_forecast_by_U_Win_Naing_july_18_2024
🦈ငါးပရိုတိန်း‌မြေဩဇာရည်တွင် အာဟာရဓာတ်အမျိုးစုံ များပြားစွာ ပါဝင်သည့်အတွက် အပင်ကြီးထွားသန်မာစေပြီး၊ ပန်းဖြိုင်ဖြိုင်ပွင့်စေသည့်အပြင် အထွက်နှုန်း သိသာစွာ တိုးတက်စေသည်။
_____ _______
_____ ___________
🌱အပင်တွေကို ကျန်းမာသန်စွမ်းစေတဲ့ ငါးပရိုတိန်းမြေသြဇာရည်ပြုလုပ်နည်း
လူသားများ ကောင်းစွာ အသက်ရှင် နေထိုင်နိုင်ရန် အာဟာရစုံ ပါဝင်သော သီးနှံပင်များ စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်သည်။ သီးနှံပင်များ စိုက်ပျိုးထုတ်လုပ်ရာတွင် သီးနှံအထွက်နှုန်း မြှင့်မားရေးနှင့် မျှော်မှန်းအထွက် ရရှိရေး၊ စိုက်ပျိုးထုတ်လုပ်ခြင်းမှ အကျိုးအမြတ်ရရှိရေးသည် အရေးကြီးသော အချက်ဖြစ်သည်။

စိုက်ပျိုးထုတ်လုပ် အောင်မြင်စေရန်အတွက် အပင်မှ စားသုံးနိုင်သော အာဟာရဓာတ်များ ပြည့်စုံသည့် မြေဆီလွှာကောင်း ဖြစ်စေရန် လိုအပ်သည်။ တောင်သူအများစုသည် သီးနှံအထွက်နှုန်း တိုးစေရန်အတွက် ဓာတ်မြေသြဇာကို မှီခိုပြီး အလေးထား သုံးစွဲလာကြသည်။ ဓာတ်မြေသြဇာများ စနစ်တကျသုံးစွဲခြင်းဖြင့် အထွက်နှုန်းကောင်းမွန်သော်လည်း ကုန်ကျစရိတ် မြင့်မား၍ အကျိုးအမြတ် ရရှိမှု နည်းပါးခြင်းများ ကြုံတွေ့နေရသည်။

လက်ရှိအခြေအနေတွင် ဂေဟစနစ်များ ပျက်စီးခြင်း၊ သီးနှံအရည်အသွေးနှင့် အထွက်နှုန်းများ ကျဆင်းခြင်း၊ ပိုးမွှားရောဂါများ အလွန်အကျွံ ကျရောက်ခြင်း၊ မြေဆီသြဇာကုန်ခမ်းခြင်းများ ဖြစ်ပေါ်နေသည်ကို သီးနှံပင်များ စိုက်ပျိုးထုတ်လုပ်ရာတွင် အဟန့်အတားများအဖြစ် တွေ့ရှိရသည်။
|
ရေရှည်တည်တံ့သော၊ အမှီအခိုကင်းသော၊ ကုန်ကျစရိတ်သက်သာသော၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်း ပျက်စီးမှု မဖြစ်စေဘဲ လိုက်လျောညီထွေမှုရှိသော သီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်း ဆောင်ရွက်နိုင်ရန်အတွက် မိမိဒေသတွင် သဘာဝအလျောက် ပေါက်ရောက်လျက်ရှိသော ဒေသပေါက်ပင်များ၊ ၎င်းတို့၏ပင်ကြွင်းပင်ကျန်များ၊ ခြံထွက်/စိုက်ခင်းများမှ ထွက်ရှိသော သီးနှံပင်ကြွင်း ပင်ကျန်များ၊ သဘာဝမှ ရရှိနိုင်သော ကုန်းနေ ရေနေသတ္တဝါများ၏ အစိတ်အပိုင်းများကို အသုံးပြု၍ သဘာဝ မြေသြဇာများ ပြုလုပ်သုံးစွဲနိုင်သည်။
*စိုက်ပျိုး မွေးမြူရေးဆိုင်ရာ အစိမ်းရောင်လမ်းဖုန်းဆော့ဝဲမှာ မေးပါ*

သဘာဝမြေသြဇာ ပြုလုပ်အသုံးပြုခြင်းကြောင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို များစွာအကျိုးကျေးဇူး ရရှိနိုင်သည်။ မြေသားဖွဲ့စည်းတည်ဆောက်မှုကောင်းစေခြင်း၊ မြေဆီသြဇာထက်သန်စေခြင်း၊ အော်ဂဲနစ်မက်တာပါဝင်မှုကောင်းစေခြင်း၊ ရေရှည် တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှု ဖြစ်စေခြင်း၊ အပင်အတွက် လိုအပ်သော အာဟာရဓာတ်မျိုးစုံ ရရှိနိုင်ခြင်း၊ မြေဆီလွှာအတွင်း အကျိုးပြုအဏုဇီဝ သက်ရှိများ လုံးဝမပျက်စီးစေဘဲ မြေဆီလွှာနှင့် အပင်များအတွက် အထောက်အကူ ဖြစ်စေခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု မဖြစ်စေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်သည်။

သဘာဝမြေသြဇာ ပြုလုပ်ခြင်းများပြားစွာရှိသည့်အနက် လျှင်မြန်ပြီး အကျိုးဖြစ်ထွန်းမှု မားစေသည့် ထုတ်လုပ်နည်းတစ်မျိုးမှာ ငါးပရိုတိန်းမြေသြဇာရည် (FPH - Fish Protein Hydrolysate) ဖြစ်သည်။

FPH ပြုလုပ်ရာတွင် အောက်ပါပစ္စည်းများ လိုအပ်သည်။
၁။ ငါး နှင့် စွန့်ပစ်ဘေးထွက်ငါးပစ္စည်းများ
၂။ တင်လဲရည်/ သကာရည်/ကြံသကာ/ သကြား/ထန်းလျက်
၃။ နို့ချဉ် ဘက်တီးရီးယားအချဉ်ရည် (LAB –Lactic Acid Bacteria)

LAB ကို အောက်ပါအတိုင်း ပြုလုပ်ပါ။
LAB ပြုလုပ်ရန်အတွက် ပစ္စည်း (၂) မျိုးသာ လိုအပ်သည်။ လိုအပ်သော ပစ္စည်းများမှာ နွားနို့နှင့် ဆန်ဆေးရည်သာ ဖြစ်သည်။ ဆန်ဆေးရည် ကို ဖန်ပုလင်း/ ပလတ်စတစ်ဘူးတွင် ထည့်၍ အပေါ်မှ ပိတ်ပါးစ ဖုံးပြီး အေး၍ မှောင်သော အခန်းတွင် (၅ - ၇ ) ရက်ခန့် ထားပါ။ ဖွင့်ကြည့်၍ အချဉ်နံ့ရပါက ဆန်ဆေးရည်ချဉ်ကို ပိတ်ပါးစနှင့် စစ်ပါ။ အချဉ်ဖောက်၍ ရလာသော ဆန်ဆေးရည်ချဉ် (၁) ပုလင်းကို လတ်ဆက်သော နွားနို့(၆)ပုလင်းနှင့် ရောစပ်ပါ။ ပိတ်ပါးစနှင့် ဖုံးအုပ်ကာ အမှောင်ခန်းတွင် ထားပါ။ (၃-၅) ရက်ကြာပါက အရည်နှင့်အဖတ် ကွဲသွားမည်။ ရရှိလာသော အရည်ကြည်စစ်စစ်သည်သာ LAB ဖြစ်သည်။
*စိုက်ပျိုး မွေးမြူရေးဆိုင်ရာ အစိမ်းရောင်လမ်းဖုန်းဆော့ဝဲမှာ မေးပါ*

FPH ပြုလုပ်ရာတွင် အကောင်ကြီးသော ငါးများ၏အရိုး၊ အရေခွံ၊ ခေါင်း၊ ဆူးတောင် အစရှိသော စွန့်ပစ်ပစ္စည်းများ နှင့် ငါးသေးငါးမွှားများကို စုဆောင်း၍ ချိန်တွယ်ပြီး ပုံးထဲသို့ထည့်ပါ။ ငါး (၁) ဆကို ရေ (၃) ဆ ထည့်ပါ။ တင်လဲရည်ကို ငါးပမာဏ၏ (၃) ပုံ(၁) ပုံထည့်ပါ။ LAB ကို ရေ (၁)လီတာလျှင် ထမင်းစားဇွန်း(၁)ဇွန်းနှုန်းထည့်ပါ။ အားလုံးထည့်ပြီးလျှင် နှံ့စပ်စွာမွေပါ။ ထို့နောက် အဖုံးလုံအောင်ဖုံးပါ။ နေ့စဉ် နံနက်(၁)ကြိမ်၊ ညနေ (၁)ကြိမ် ​ နှံ့စပ်စွာမွေပါ။ (၁၅) ရက်မှ (၁)လ အတွင်း အသုံးပြုနိုင်သည်။

FPH ကို သီးနှံမျိုးစုံတွင် ရွက်ဖျန်းမြေသြဇာအဖြစ်လည်းကောင်း၊ မြေဆီလွှာ အတွင်း ထည့်သွင်း၍လည်းကောင်း၊ အစက်ချ ရေသွင်းစနစ်တွင် ထည့်၍လည်းကောင်း နည်းမျိုးစုံ ထည့်သွင်း အသုံးပြုနိုင်သည်။ ရေ (၁) ဂါလံကို FPH အာဟာရဖျော်ရည် ထမင်းစားဇွန်း (၂)ဇွန်း/(၃၀)မီလီလီတာ ရော၍ ဖျော်စပ်သုံးစွဲပါ။
အပူချိန် မပြင်းသောနံနက်ခင်းနှင့် ညနေ နေအေးချိန်တွင် အသုံးပြုပါ။(၁) ပတ်လျင် (၁)ကြိမ်သာ သုံးစွဲပါ။ အပင်ငယ်စဉ်မှ စ၍ အပင်ကြီးထွားမှု သက်တမ်းတလျှောက်လုံး( ကြီးထွားချိန်၊ ပွင့်ဖူးဝင်ချိန်၊ အပွင့်ပွင့်ချိန်၊ သီးကင်းဝင်ချိန်၊ အစေ့အသီး ကြီးထွားနေစဉ်အချိန် ) သုံးစွဲနိုင်သည်။

FPH ကို ပြုလုပ်သုံးစွဲခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ
FPH တွင် အပင်အတွက် လိုအပ်သည့် အာဟာရဓာတ်များဖြစ်သည့် နိုက်ထရိုဂျင်၊ ဖော့စဖိုရပ်(စ်)၊ ပိုတက်စီယမ်၊ အမိုင်နိုအက်ဆစ် နှင့် အနည်းလိုအာဟာရဓာတ်များ ပါဝင်ပြီး အပင်မှ လျှင်မြန်စွာ အလွယ်တကူ စုပ်ယူစားသုံးနိုင်သည်။ အာဟာရဓာတ်အမျိုးစုံ များပြားစွာ ပါဝင်သည့်အတွက် အပင်ကြီးထွားသန်မာစေပြီး၊ ပန်းဖြိုင်ဖြိုင်ပွင့်စေသည့်အပြင် အထွက်နှုန်း သိသာစွာ တိုးတက်စေသည်။
*စိုက်ပျိုး မွေးမြူရေးဆိုင်ရာ အစိမ်းရောင်လမ်းဖုန်းဆော့ဝဲမှာ မေးပါ*

FPH တွင် ပါဝင်သည့် အမိုင်နိုအက်ဆစ်သည် အပင်အစာချက်လုပ်ခြင်းကို တိုးတက်ကောင်းမွန်စေပြီး အပင်ကို ကျန်းမာသန်စွမ်းစေသည်။ FPH ကို မြေဆီလွှာတွင် ထည့်သွင်းခြင်းဖြင့် မြေဆီလွှာဖွဲ့စည်းတည်ဆောက်မှု ၊ ရေထိန်းသိမ်းသိုလှောင်နိုင်မှု ကောင်းစေခြင်း၊ အဏုဇီဝ သက်ရှိများကောင်းစွာ ရှင်သန်ကြီးထွားစေခြင်း အကျိုးကျေးဇူးများ ရရှိနိုင်သည်။ ၎င်းအပြင် မြေဆီလွှာ ဆားပေါက်မှု မှ ကာကွယ်နိုင်ခြင်း၊ ရေငတ်ဒဏ်နှင် ရောဂါပိုးမွှားဒဏ် ခံနိုင်ရည်ရှိခြင်း နှင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းပျက်စီးမှု မရှိစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်သည်။

သီးနှံပင် - မြေဆီလွှာ - သဘာဝ ပတ်ဝန်းကျင် စသည့် အလုံးစုံသော ကဏ္ဍများတွင် အကျိုးထိရောက်မှု အကောင်းတကာ့ အကောင်းဆုံး နည်းစနစ် ( Best of the best method) ဖြစ်၍ ငါးပရိုတိန်းမြေသြဇာရည် ( FPH - Fish Protein Hydrolysate)ကို ပြုလုပ်သုံးစွဲသင့်သည်။
ရေးသားသူ - ‌‌ဒေါက်တာစန်းလှထွေး
.
.
.ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
#နွားချေး
#စိုက်ပျိုးရေး
#သဘာဝမြေဩဇာ
#အစိမ်းရောင်လမ်း
#Green_Way
https://greenwaymyanmar.com/posts/Fish_Protein_Hydrolysate_making
ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အစိမ်းရောင်လမ်းနှင့်တကွ တောင်သူများမှ လေးမြတ်စွာ ဂါရဝ ပြုအပ်ပါသည်။

၁၉ ဇူလိုင် မမေ့နိုင်..
မြေချဉ် (pH-5​ အောက်) ရင် ​မြေကြီးထဲမှာရှိနှင့်ပြီးသား ​မြေ​ဆောင်မှို​ရောဂါ(Soil borne diseases)​တွေကို ပိုမိုပွားများ​စေပါတယ်။
------
__________
🌱ပဲတီစိမ်းအပင်​ကွက်ကြား​သေ ဘာကြောင့်ဖြစ်၊ ဘယ်လိုရှင်း...
ပဲတီစိမ်းစိုက်​တောင်သူများ အထူးသဖြင့် မြန်မာနိုင်ငံ​အောက်ပိုင်း၊ ရန်ကုန်တိုင်း၊ ခရမ်း၊ သုံးခွ၊ သက္ကလ နယ်​မြေများ၊ ဧရာဝတီတိုင်း အချို့​ဒေသများ၊ ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ် ​ဒေသများမှာ ပဲပင်များ တဖြည်းဖြည်း ညှိုး​ခြောက်​ပြီး အကွက်လိုက်သေသွားတဲ့ ပြဿနာတွေ အများဆုံး​တွေ့ရပါတယ်။

သိသာထင်ရှား​စေတာက​တော့...
မျိုး​စေ့နှုန်း တစ်တင်းနှုန်းနဲ့အထက် သုံး​နေရခြင်းဟာ အပင်​ကွက်ကြားသေလို့ ကာမိ​အောင် မျိုးစေ့ ပိုကြဲ​နေရခြင်းပါ။

ကဝမြို့နယ်က ​​ခေတ်မီလယ်သမားတဦးဖြစ်တဲ့ ကိုခိုင်​ဇော်ကတော့...
"မျိုး​​စေ့နှုန်းက​ အရင်က ၈ ပြည် - ၁၀ ပြည်(၈ လုံးကိုက် -ပြည်) ကြဲရာကနေ ခုက အပင်​တွေ အ​သေများလာ​တော့ ဒီနှစ် ၁၆ ပြည်လောက်ကြဲ​နေရတယ်" လို့ ဆိုလာပါတယ်။

*စိုက်ပျိုး မွေးမြူရေးဆိုင်ရာ အစိမ်းရောင်လမ်းဖုန်းဆော့ဝဲမှာ မေးပါ*

အုန္နဲရွာက ​နောက်ထပ်တောင်သူကြီးတ​ယောက်ဖြစ်တဲ့ ဦးခင်ဝမ်းကလည်း...
စာ​ရေးသူ ကွင်းဆင်းရင်းနဲ့ သူ့တဲ အလည်​ရောက်ရင်း စကားစပ်မိတော့...
" ပဲပင်​လေး​တွေက စထွက်လာတုန်းတော့ စိမ်းစိုလှပနေပြီး ၁၅-၂၀ ရက်သား​ရောက်​ရင်တော့ အရွက်​လေး​တွေ ဝါ၊ အောက်ရွက်​တွေ​ခြောက်၊ တဖြည်းဖြည်း ​သေကုန်​ရော. ဆရာ​ရေ..အဲဒါဘာဖြစ်လို့ပါလဲဆရာ" တဲ့။
"မှိုသတ်​ဆေး ​တွေ​ရော မဖျန်းဘူးလား..ဦး​လေး..." ဆို​တော့..

"ဘယ်​နေမလဲ..ဆရာ...
မှိုသတ်​ဆေး​တွေ စုံ​နေ​အောင်ဖျန်းတာ၊ အ​သေမရပ်ဘူးဆရာ​ရေ..."တဲ့။
စာ​ရေးသူလည်း... သာမန် ခါးရိ/ညှိုး​သေ​ လို့မှတ်ပြီး... မှိုသတ်​ဆေး​တွေ ညွှန်​တော့မလို့...
​တောင်သူ့အသံ ကြားလိုက်​တော့မှ..ဒီပြဿနာဟာ.. မြေဆီလွှာရဲ့ ပြဿနာ ဖြစ်နိုင်တယ်..လို့ ​တွေးမိသွားတယ်။

ဆိုတော့ကာ... ကဲ..ဦးခင်ဝမ်း​ရေ..
ကျ​နော်ထင်တာမမှားဘူးဆိုရင်..ဦး​လေး ​မြေကြီး​တွေ
ပျက်​နေပြီ။ လာ..ကျ​နော်ပြမယ်..ဆိုပြီး
စာ​ရေးသူပါလာတဲ့ pH မီတာ​လေးနဲ့ အစိုဓာတ်များတဲ့​နေရာ​ ၅ ​နေရာ တိုင်းကြည့်ပါတယ်။
ပျမ်းမျှ.... ၃.၈ ပဲရှိတယ်။ ​တွေ့လား ဦး​ခင်ဝမ်း... မြေကြီးက အက်ဆစ်ဆန်​နေပြီ။
*စိုက်ပျိုး မွေးမြူရေးဆိုင်ရာ အစိမ်းရောင်လမ်းဖုန်းဆော့ဝဲမှာ မေးပါ*

မြေချဉ်ခြင်းနှင့် ပဲ​ပင်သေ ပြဿနာ...
တောင်သူ ။ ။ ​မြေ​တွေချဉ်တာနဲ့ ပဲပင်​သေတာ ဘယ်လို သက်ဆိုင်တာလဲဆရာ..
ဒို့ဦး​လေး။ ။ ဒါ..​မေးသင့်တဲ့​မေးခွန်းပါပဲ...
အရင်ဦးဆုံး ​မြေချဉ်/ငန် pHအ​ကြောင်း နည်းနည်းရှင်းပြမှဖြစ်မယ်။
pH မှာကိန်းဂဏန်းအရ ၀-၁၄ အထိ ရှိတယ်။ pH-7 ဆိုရင် သမမျှတမှု သင်္ကေတ(Neutral point)..ဖြစ်ပြီး pH -7 ထက် များရင်တော့ ​မြေငန်၊ pH-7 ထက် နည်းရင်တော့ ​မြေချဉ်တယ်လို့ မှတ်ပါ။

အနည်းဆုံး pH 6 နဲ့ 8 အကြားမှာ ရှိ​နေမှ ​မြေမှန်တယ်လို့ ယူဆနိုင်ပါတယ်။
ဆို​တော့ကား..
အခုနက ​မေးခွန်းပြန်​ကောက်ရရင်..
​မြေချဉ် (pH-5​ အောက်) ရင် ​မြေကြီးထဲမှာရှိနှင့်ပြီးသား ​မြေ​ဆောင်မှို​ရောဂါ(Soil borne diseases)​တွေကို ပိုမိုပွားများ​စေပါတယ်။
​နောက်တခုက ​မြေချဉ်ရင် ​မြေကြီးထဲ ​ဖော့စ်ဖရပ်၊ ပိုတက်စီယံ၊ ကယ်လ်စီယံ စ​တဲ့ ဓာတ်ဖိုအိုင်းယွန်း​တွေကို အပင်က မစားနိုင်​အောင် ထိန်းချုပ်ခံရခြင်းပါ။|

​တောင်သူ။ ။ ​သြော်..ဒါ​ကြောင့် ပဲပင်​တွေက အာဟာရချို့တဲ့သလို စဖြစ်လာတာကိုးဆရာရဲ့။
"ဒါ​ပေမဲ့..မှိုသတ်​ဆေးဖျန်းရက်နဲ့ ဘာလို့ ဆက်​သေရတာလဲ ဆရာ၊ အဲဒါလည်း ရှင်း​ပေးပါဦး"
ဒို့ဦး​လေး။ ။ ​မြေ​ဆောင်မှို​ရောဂါ​တွေမှာ မှိုသတ်​ဆေးနဲ့ နှိမ်နင်းရခက်တဲ့ ​ရောဂါ​တွေရှိတယ် ဦးခင်ဝမ်းရဲ့။

ဥပမာ.. ဖျူ​ဆေရီယံ ခါးရိ​ရောဂါနဲ့ Rhyzoptonia လို့ ​ခေါ်တဲ့ အမြစ်​ခြောက်​ဆွေး ​ရောဂါတွေဟာ ကြိုတင်ကာကွယ်နည်းနဲ့သာ အဆင်​ပြေပြီး၊ ကုသဖို့ခဲယဉ်းတဲ့မှိုအမျိုးအစား​တွေ ဖြစ်ပါတယ်။

​တောင်သူ။ ။ မှိုသတ်​ဆေး​တွေက မစွမ်းဘူးလားဆရာ...။
ဒို့ဦး​လေး ။ ။ မှို​ဆေး​တွေက မစွမ်းလို့​တော့မဟုတ်ပါဘူး၊ မှို​ရောဂါ​တွေက ​ရေ​သောက်မြစ်က​နေတဆင့် ​ရေ​ကြောစည်းထဲ ဝင်တိုက်ခိုက်တာရယ်၊ မှိုသတ်​ဆေးက ​ရောဂါရှိတဲ့ဆီကို မ​ရောက်နိုင်တာလည်းပါလို့ မထိ​ရောက်တာပါ။

ကိုခိုင်​ဇော်။ ။ ဒါဆိုရင် ဒီပြဿနာရဲ့ ​သော့ချက်က မြေကြီးပြင်ဖို့အဓိက​ပေါ့ဆရာ.​..နော။
ဒို့ဦး​လေး ။ သိပ်မှန်တာ​ပေါ့ ကိုခိုင်​ဇော်ရေ။ ကျ​နော်အဓိကပြောချင်တာ အဲဒါပဲ။
​တောင်သူအများစုက ​#မြေကိုမပြင်ဘဲ #အပင်ကိုပြင်​နေသမျှ လိုရာပန်းတိုင်နဲ့ ​ဝေး​နေဦးမှာပဲဗျ။

ပဲပင်​ကွက်​သေ​တွေကို ဘယ်လို​ကျော်လွှားရမလဲ
​တောင်သူ။ ။ ကျ​နော့ကို ရှင်း​အောင်​ပြောပြခဲ့ပါဆရာ။ လာမယ့်နှစ် ဒီလိုမဖြစ်​အောင် ဘယ်လို ကာကွယ်လုပ်​ဆောင်ရမလဲ..ဆိုတာ..
ဒို့ဦး​လေး ။ ။ သတ္တဝါတိုင်းမှာ အ​မေ တွေရှိကြသလို၊ ပြဿနာတိုင်းမှာလဲ..အ​ဖြေ​တွေရှိပါတယ် ဦးခင်ဝမ်းရယ်။
လိုက်နာဆောင်ရွက်ဖို့ပဲ လိုပါတယ်။
​တောင်သူ။ ။ မလုပ်လို့မရ​တော့ဘူးဆရာ.. အနာတခြား၊ ​ဆေးတခြားဖြစ်ပြီး ကြာရင် လယ် သမား​တွေ ဆေးဖိုးနဲ့ မွဲလိမ့်မယ်။
ဒို့ဦး​လေး။ ။အ​ကြောင်းမ​ကောင်းခဲ့လို့ အကျိုးမ​ကောင်းတာဆို​တော့ ဖြစ်ရခြင်းအ​ကြောင်းရင်း​တွေကို ​ဖြေရှင်းလိုက်ရုံပါပဲ။ ဆိုတော့...

သဘာဝ​မြေ​ဆွေးများများ(ချနိုင်သ​လောက်များများ)ထည့်ပါ။
၁ ဧက အတွက် မ​ဖောက်ထုံး ၅၀ ကီလို ၁၀ အိတ်နှုန်း ၃ နှစ်ဆက်တိုက်ထည့်ပါ။
ထယ်​ရေး၊ ထွန်​ရေး နက်နက်ညက်ညက် ပြုပြင်ပါ။
မျိုး​ကောင်းမျိုးသန့် အသုံးပြုပါ
မစိုက်မီ မျိုး​စေ့ကို ​ဆေးလူးစိုက်ပါ။
*စိုက်ပျိုး မွေးမြူရေးဆိုင်ရာ အစိမ်းရောင်လမ်းဖုန်းဆော့ဝဲမှာ မေးပါ*

#အင်​ဒေါင်း(မက်တလက်ဇီး+​အေမီဒါ)
(မက်တလက်ဇီးသည်၊အမြစ်ပုပ်​ရောဂါအတွက်အ​ကောင်းဆုံး လူးနယ်​ဆေးဖြစ်ပြီး မြေကြီးအတွင်း ကြာရှည်စွာ​နေနိုင်ပါသည်။)
သို့မဟုတ်
ထရိုင်ကိုဒါးမား/ ရိုင်ဇိုဘီယံ လူးနယ်စိုက်ပါ။
ပေါင်းသတ်​ဆေး ဓာတ်ကြွင်းများက၊ ​မြေကြီးကို ပိုချဉ်​စေ/ပိုပျက်​စေပါတယ်။
မြေကြီး အတွင်း၊ ဓာတ်ကြွင်းများ​လျော့ပါး​စေရန် အီးအမ် ဘိုကာရှီကဲ့သို့ ​မြေတွင်းအကျိုးပြု မိုက်ခရုပ်များ ​မွေးမြူပါ။

ကဲ..ဘယ်နှယ့်လဲ... ဦးခင်ဝမ်း..လုပ်နိုင်ပါ့မလား။
တောင်သူ။ ။ ဖြစ်​အောင်လုပ်ရမှာ​ပေါ့ ဆရာရယ်။
အခုလို စိတ်ရှည်လက်ရှည် ရှင်းပြ​ပေးတာကိုပဲ​ကျေးဇူးတင်ပါတယ်..ဆရာ..
ဒီ​ဆောင်းပါး​ရေးဖြစ်​အောင် အစစ ကူညီ​ပေးခဲ့တဲ့ ကဝမြို့နယ်၊ အုန္နဲရွာမှ ကိုခိုင်​ဇော်နဲ့ ဦးခင်ဝမ်းကိုကျေးဇူးတင်ပါ​ကြောင်းနဲ့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါ​စေ​ကြောင်း ဆု​တောင်း​မေတ္တာ ပို့သလိုက်ပါတယ်။

စေတနာများစွာဖြင့်
ဒို့ဦး​လေး
.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
#စိုက်ပျိုးရေး
#အစိမ်းရောင်လမ်း
#greenway
#ပဲတီစိမ်း
#အပင်သေခြင်း
https://greenwaymyanmar.com/posts/Greengram_Wilting_Problem
📢 ဉာဏ်စမ်းအတွက် အဖြေမှန်လေးတိုက်လို့ရပါပြီရှင့် ♥️
👩‍🌾 အဖြေမှန်ကတော့ မှိုသတ်ဆေး+ရွက်ဖြန်းအားဆေးနဲ့ ပေါင်းသတ်ဆေး+ ပိုး/အားဆေးတို့ပဲ ဖြစ်ပါတယ်ရှင့်
ကဲဘယ်သူတွေမှန်ကြလဲနော်
ပြောပြပေးသွားကြပါဦး
စိုက်ပျိုး‌ရေးမှာ အသုံးချနေတဲ့ ဓာတုဆေးတွေအကြောင်းနဲ့ အာနိသင်ထိရောက်မှု အကောင်းဆုံးဖြစ်အောင် အသုံးချပုံနည်းပညာတွေကိုတော့ အစိမ်းရောင်လမ်းဆော့ဝဲထဲမှာ ဝင်ရောက်လေ့လာလို့ရပါတယ်ရှင့်
အခုလိုဗဟုသုတကို မင်မင်ဘယ်က သိလဲဆို အစိမ်းရောင်လမ်းက ဆောင်းပါးတွေ ဖတ်ကြည့်ရင်းနဲ့ သိတာပါ
ဗဟုသုတရဖွယ်ဆောင်းပါးတွေ ဖတ်ရှုဖို့ ဘာမှမလိုပါဘူး အစိမ်းရောင်လမ်းဆော့ဝဲလေးပါ လိုတာပါနော်.. 👉📲
🐛ငမြှောင်တောင် လောက်ကောင်အဆင့်လိုက် သုံးသင့်သည့် ပိုးသတ်ဆေးများ

ငမြောင်တောင်ပိုးသည် လိပ်ပြာဖလံ အုပ်စုဝင်ပိုးဖြစ်ပါသည်။ ဘဝစက်ဝန်းအရ လောက်ကောင် (ဘောက်ဖတ်) အဆင့်တွင်သာ သီးနှံပင်များကို ဒုက္ခပေးသည်။ ဥ၊ ပိုးရုပ်ဖုံး၊ ဖလံ အကောင်ကြီး အဆင့်များသည် သီးနှံပင်အတွက် ဒုက္ခမရောက်နိုင်ပါ။

အပင်ကိုထိခိုက်သော လောက်ကောင် အဆင့်ဆင့်(instar) ကို အရောင်အနုအရင့်၊ အရွယ်အစား အကြီးအသေးပေါ်မူတည်ပြီး ခွဲခြားသည်။

လောက်ကောင် အရွယ်အစားကြီးပြီး အရောင်အရင့်များသည် ပိုးသတ်ဆေးဒဏ်ကို ပို၍ ခံနိုင်ရည် ရှိပါသည်။

ပုံအရ အစိမ်းရောင် (ကွင်းခတ်ထားသောအဆင့်) အရွယ်သေးသောအဆင့်များတွင် ပျော့သော ဆေးများကိုသာ သုံးပေးပါ။

အနီကွင်းခတ်ထားသည်ကို ဆေးအပြင်းများ သုံးရမည်။ ဆေးအပြင်းအပျော့ မခွဲတတ်ပါက အကြမ်းဖျင်းအားဖြင့်ဆေး ၂၅၀ စီစီ တစ်ဘူးလျှင် ၂၅၀၀၀ ကျပ်ကျော်သည်ဟုပြောလျှင် ပြင်းသည်ဟုသာ ယူဆလိုက်ပါ။

ဘယ် အေအိုင် အသေးစိတ်ဘာညာပြောရမည်ဆိုရင် မြန်မာပြည်အနေဖြင့် ဆေးအမျိုးအစားပေါင်းထောင်ချီရှိသဖြင့် ဖော်ပြရန်အဆင်မပြေ၍ ဖြစ်သည်။

ပိုးသတ်ဆေးများဖျန်းရာတွင် သူ၏ အာနိသင်ပိုထိရောက်ရန်အတွက် ကြိုက်သည့် ကော်ရည်တစ်ခုခု ထည့်ဖျန်းခြင်းဖြင့် ဆေးအစွမ်းပိုထက်နိုင်ပါသည်။

*စိုက်ပျိုး မွေးမြူရေးဆိုင်ရာ အစိမ်းရောင်လမ်းဖုန်းဆော့ဝဲမှာ မေးပါ*

ငမြှောင်တောင်အတွက် ဆေးဖျန်းချိန်ဆိုပါက ညနေ (၅) နာရီ နောက်ပိုင်းဖျန်းရမည်။ လ မပြည့်မီ ၁ - ၂ ရက်အလိုနှင့် လပြည့်နေ့၊ လပြည့်ကျော် ၁ -၂ ရက်နေ့များတွင် ဖလံများ မိတ်လိုက်တတ်သည့် သဘောရှိသည့်အတွက် ဥသေဆေး အာနိသင်ရှိ profenofos, indoxacarb, thiodicarb ပါသောဆေးတစ်မျိုးမျိုးကို တစ်ကြိမ် လောက်ဝင်ဖျန်းပြီးမှ အေအိုင်အပျော့များ လိုက်ရပါမည်။

ဆေးအပြင်းဖြစ်သည့် ဈေးကြီးသောအေအိုင်များ ဥပမာ Profenofos, Indoxacarb, Chlorantraniliprole, Cytranniliprole, Tetraniliprole, Flubendiamide) တို့ ကို အစောပိုင်းအဆင့် ပိုးကျနည်းသောအချိန်များတွင် ခဏခဏဖျန်းရန် အလွယ်မပေးစေလိုပါ။
ဆေးအပျော့ (Lamda, Emamectin, Cypermethrin သီးသန့်)များဖြင့်သာ ညှပ်သုံးပေးရမည်။

ထိုသို့လုပ်ခြင်းအားဖြင့် ကုန်ကျစားရိတ်သက်သာ၍ ဆေးယဉ်ပါးမှုကို လျှော့ချနိုင်စေပါသည်။ ကျွန်တော်တို့သည် အမြန်သေစေသည့် ဆေးအပြင်းများကို တစ်ခါတည်းအသုံးပြုလိုက်ပါက ပိုးမှာနောက်ရာသီများတွင် ဆေးကို ပိုမိုခံနိုင်ရည်ရှိလာမည် ဖြစ်ပါသည်။

ကျေးဇူးရှင်တောင်သူဦးကြီးများအားလုံး ပိုးဒဏ်ကင်းဝေးပါစေကြောင်း ဆုမွန်ကောင်းပြုလျက်

ဖုန်းမာန်တိုး (ရေဆင်းရနံ့)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
#စိုက်ပျိုးရေး
#အစိမ်းရောင်လမ်း
#greenway
#ငမြောင်တောင်

https://greenwaymyanmar.com/posts/armyworm_each_stages_pesticide
လာမည့် ၃ ရက်အတွင်း မိုးများ၊ မိုးနည်းနိုင်သည့် ဒေသများ
============
ဇူလိုင် ၂၁ ရက် ညနေ ၄ နာရီ အချိန်ရရှိသည့်ဒေတာများအရ
🔸 တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းတိုင်ဖွန်းမုန်တိုင်း PRAPIROON(04W) နဲ့ ဖိလစ်ပိုင်ပင်လယ်မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းတိုင်ဖွန်းမုန်တိုင်း GAEMI)05W) တို့သည်တရုတ်ပြည်မကြီးဘက်ကိုပဲ ဦးတည်ရွေ့လျားနေပါတယ်။

🔸 တောင်တရုတ်ပင်လယ်က တိုင်ဖွန်း PRAPIROON(04W)က မနက်ဖန် ဇူလိုင် ၂၂ ရက်နေ့ ညနေပိုင်း/ညပိုင်းမှာ "တရုတ်ပြည်မ-ဟိုင်နန်ကျွန်း"ကိုဝင်ရောက်တိုက်ခတ်နိုင်ပြီး၊ ဖိလစ်ပိုင်ပင်လယ်က တိုင်ဖွန်း GAEMI(05W) က ဇူလိုင် ၂၅ ရက်နေ့မှာ "ထိုင်ဝမ်(တိုင်ပေ)ကျွန်း" အ‌ရှေ့ဘက်မှကပ်၍ဖြတ်ကျော်ကာ - ဇူလိုင် ၂၆ ရက်မှာ "တရုတ်ပြည်မ အရှေ့တောင်ဘက်ကမ်းခြေ"ကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။

*စိုက်ပျိုး မွေးမြူရေးဆိုင်ရာ အစိမ်းရောင်လမ်းဖုန်းဆော့ဝဲမှာ မေးပါ*

ဒီမုန်တိုင်းတွေရဲ့အရှိန်သက်ရောက်မှုကို မြန်မာပြည်က တိုက်ရိုက်ခံစားရမှာမဟုတ်သော်လည်း အားပိုကောင်းလာမဲ့ အနောက်တောင်မုတ်သုံလေနဲ့ အရှေ့လေပွေလှိုင်းတွေဝင်ရောက်လာနိုင်မှာကြောင့် နောက်လာမဲ့ ၇၂ နာရီအတွင်း -
"အလယ်ပိုင်းဒေသအချို့၊ တနင်္သာရီတိုင်းတောင်ပိုင်းစွန်ဒေသအချို့နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအချို့မှအပ" ကျန်ပြည်နယ်တိုင်းဒေသတွေမှာ မိုးကြီးနိုင်ပါတယ်။

🔸 မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ နေပြည်တော်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းစတဲ့ ပြည်န်တိုင်းဒေသတွေမှာ လာမည့် ၃ ရက်အတွင်း စုစုပေါင်းမိုးရေချိန် ၁၀၀မီလီမီတာအထက် မိုးရွာနိုင်ပြီး မိုးများနိုင်ပါတယ်။

🔸 အလယ်ပိုင်းမိုးနည်းရေရှားဒေသ စစ်ကိုင်းတိုင်းတောင်ပိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းဒေသတွေမှာတော့ နေရာကွက်မိုးကြီးနိုင်ပြီး အများအားဖြင့် မိုးအသင့်အတင့်သာရွာနိုင်/မိုးနည်းနေနိုင်ပါတယ်။

🔸 ဇူလိုင် ၂၂-၂၃ ရက်ပြီးမှ ရေထရက်ကျော်ပြီး မြစ်ရေများပင်လယ်ကို ကောင်းကောင်းစီးဆင်းနိုင်မှာမို့ ရေထရက်မကျော်ခင် မိုးလည်းများနေမယ်ဆိုရင် မြစ်ရေအကျနှေးကွေးနေဦးမှာဖြစ်ပါကြောင်း အသိပေးတင်ပြလိုက်ပါတယ်။

ရေးသားသူ - ဦးဝင်းနိုင်
.
.
.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။
#မိုးလေဝသ
#ရာသီဥတု
#မုန်တိုင်း
#မြစ်https://greenwaymyanmar.com/posts/weather_forecast_by_U_Win_Naing_july_22_2024024
ဒီတစ်ပတ်အတွက် ဥာဏ်စမ်းလေးလာပါပြီရှင့်

စပါးစိုက်တဲ့ ဦးကြီးတို့ စိုက်ခင်းထဲမှာ ဒီလိုရောဂါလက္ခဏာမျိုးမြင်ဖူးကြလား


ဒီရောဂါက ဆိုးသွားရင် စိုက်ခင်းထဲမှာ မီးလောင်ထားသလားလို့တောင် ထင်ရလောက်အောင် အကွက်လိုက်ခြောက်သွားတာပုံစံမျိုးပါနော်

ဆိုတော့ ဒီနေ့မေးခွန်းက ဒီရောဂါကိုဖြစ်စေတာ မှိုကလား..ပိုးကလား... အာဟာရမလုံလောက်လို့လားပဲဖြစ်ပါတယ်

ဘယ်သူတွေသိကြလဲနော်

သိတယ်ဆိုရင် တခြားသူတွေပါ ဗဟုသုတရအောင် ဖြေပေးသွားကြပါဦးရှင့်

အဖြေမှန်လေးကိုတော့ အစိမ်းရောင်လမ်းက သောကြာနေ့မှာ ဖော်ပြသွားပါ့မယ်..
🐞ရေသောက်မြစ်ကို အဓိကထား၍ ကိုက်ဖြတ်စားသောက်လေ့ရှိသောကြောင့် အပင်ပုခြင်း၊ ဝါခြင်း၊ ညှိုးခြင်း၊ အပင်သေခြင်းတို့ကို ဖြစ်စေသည်။
--------------------____
_____ _______
🥜မြေပဲတွင်ကျရောက်ဖျက်ဆီးသော ဖိုးလမင်း
မြေပဲပင်သည် သဘာဝအားဖြင့် ပိုးမွှားဒဏ်ကို အတိုင်းအတာတစ်ခုအထိ ခံနိုင်စွမ်းရှိ သည်။ ပိုးမွှားကြောင့် မြေပဲအထွက်နှုန်း များစွာလျော့နည်းသည်ဆိုတာ ရှားသည်။ အကြောင်းမှာ မြေပဲအရွက်နှင့် အတောင့်တို့တွင် ပိုးမွှားမကြိုက်နှစ်သက်သော ဓာတုပစ္စည်းများရှိနေခြင်းကြောင့် ဖြစ်သည်။ မြေပဲရွက်မျက်နှာပြင်ပေါ်တွင် အမွှေးများရှိသောကြောင့်လည်း ပိုးမွှားကျရောက်မှု နည်းခြင်းဖြစ်သည်။ သို့သော် မြေပဲမျိုးအလိုက် ခံနိုင်စွမ်းရည်ကွာခြားသဖြင့် ပိုးမွှားအန္တရာယ်ကို ကြိုတင်ကာကွယ်ဖို့တော့ လိုပါသည်။

မြေပဲပင်မှာ ကျရောက်ဖျက်ဆီးတာက ဖိုးလမင်းကျိုင်း၊ ခြ၊ မြေပဲရွက်ထွင်းပိုး (မြေပဲရွက်ကပ်ပိုး)နှင့် မြေပဲပျပိုး စသည်တို့လို့ သိရသည်။ အဆိုပါပိုးမွှားများအနက် ဖိုးလမင်းအကြောင်း ပြောလိုသည်။ ဖိုးလမင်းဆိုတာ ကောင်းကင်က ‘လ’ မဟုတ်ပါ။ လူ၏လက်မအရွယ်ခန့်ရှိသည့် ဖိုးလမင်းပိုးတုံးလုံးကို ပြောလိုခြင်းဖြစ်သည်။ မြေပဲစိုက်ခင်းတွင် ကျရောက်ဖျက်ဆီးတတ်သော ပိုးမွှားတစ်မျိုးဖြစ်ပါသည်။
*စိုက်ပျိုး မွေးမြူရေးဆိုင်ရာ အစိမ်းရောင်လမ်းဖုန်းဆော့ဝဲမှာ မေးပါ*

မြေပဲစိုက်ခင်းတစ်ခုသို့ရောက်စဉ် ယာသမားကြီးတစ်ဦးက ဖိုးလမင်းအကြောင်း စတင်စူးစမ်းသဖြင့် အပြန်အလှန် အမေးအဖြေတွေ ပြုလုပ်မိပါသည်။
“မြေပဲပင်သက်တမ်းတစ်လျှောက်လုံး အပင်ကြီးထွားမှုအဆင့်တိုင်းမှာ ဖျက်ဆီးလေ့ရှိပါတယ်”

“မြေပဲခင်းမှာ အကွက်လိုက် အပင်တွေသေနေတယ်။ မသေဘဲကျန်တဲ့အပင်တွေက ပုတိုပြီး ညှိုးနွမ်းနေတယ်။ မြေကြီးထဲ တူးဖေါ်ကြည့်တော့ ဖိုးလမင်းကောင်တွေကို တွေ့ရတယ်။ အမြစ်တွေကို ဖြတ်တောက်စားထားတယ်။ မြေပဲအတောင့်တွေကိုလည်း ကိုက်ဖြတ်ဖျက်ဆီးထားတယ်”

ရေသောက်မြစ်ကို အဓိကထား၍ ကိုက်ဖြတ်စားသောက်လေ့ရှိသောကြောင့် အပင်ပုခြင်း၊ ဝါခြင်း၊ ညှိုးခြင်း၊ အပင်သေခြင်းတို့ကို ဖြစ်စေသည်။ ယာသမားကြီးက မေးလာသည်။
“အဲဒီ ဖိုးလမင်းပိုးတုံးလုံး ဘယ်ကလာတာလဲ”
“ကျိုင်းကောင်က လာတာဖြစ်ပါတယ်။ ကျိုင်းကောင်ဆိုတာ ဖိုးလမင်းရဲ့ အကောင်ကြီးဘဝပါ။ နှမ်းပင်မှာကျတဲ့ နှမ်းကျိုင်းနက်နှင့် အတူတူဖြစ်တယ်လို့ သိရပါတယ်။ ကျိုင်းကောင်ရဲ့ လက်ခံပင်တွေကတော့ နှမ်း၊ မြေပဲ၊ ချဉ်ပေါင်၊ မြက်ပင်၊ ဟင်းသီးဟင်းရွက်တွေပဲ ဖြစ်ပါတယ်”

နှမ်းပင်အရွက်များကို ကျိုင်းကောင်တွေက ကိုက်ဖြတ်ဖျက်ဆီးသည်။ ဆိုးရွားစွာကျရောက်ပါက အရွက်ရိုးတန်သာကျန်သည်အထိ ဖျက်ဆီးတတ်သည်။ ပထမဦးဆုံး မိုးဖွဲဖွဲ ရွာပြီးကာစတွင် များပြားစွာ အစုလိုက် ကျရောက်ဖျက်ဆီးလေ့ရှိသည်။ များသောအားဖြင့် ညနေပိုင်းတွင် စားသောက်ဖျက်ဆီးတတ်သည်။ ပိုးတုံးလုံးများသည် အမြစ်များကို ကိုက်ဖြတ်စားတတ်သဖြင့် ဆိုးရွားစွာကျရောက်ပါက အပင်များသေကြေနိုင်ကြောင်း သိရပါသည်။

“ကျိုင်းကောင်ပိုးမဟာ မြေထဲတိုးဝင်ပြီး ဥတွေကို အစုအပြုံအလိုက်အုတယ်။ အဖြူရောင်ပိုးလောက်ကောင်ငယ်လေးတွေ ပေါက်လာတယ်။ တဖြည်းဖြည်းအရွယ်ရောက်လာတော့ ဖိုးလမင်းပိုးတုံးလုံးဖြစ်လာတာပါ”
*စိုက်ပျိုး မွေးမြူရေးဆိုင်ရာ အစိမ်းရောင်လမ်းဖုန်းဆော့ဝဲမှာ မေးပါ*

ဖိုးလမင်းပိုးသည် တစ်နှစ်ဖျက်ဆီးခံရလျှင် နောင်နှစ်တွေမှာလည်း ဆက်လက်ကျရောက်တတ်သည်။ မြေပဲခင်းအနီးရှိ တမာပင်၊ ထနောင်းပင် စသည့်အပင်တို့မှ အရွက်များကို စားသောက်နေထိုင်သောကြောင့် ဖြစ်သည်။ ဘဝစက်ဝန်း မပြတ်ပါ။ ပိုးတုံးလုံးနှင့် အကောင်ကြီးဘဝ ဆက်ခါဆက်ခါဖြစ်နေပါသည်။

သို့ဖြစ်၍ ယာသမားကြီးကို ဖိုးလမင်းကာကွယ်နှိမ်နင်းရေး ဤသို့အကြံပြု ပြောကြားလိုက်ပါသည်။
၁။ မြေပဲနှုတ်သိမ်းပြီးသည်နှင့် စိုက်ခင်းကို ထယ်ရေးနက်နက်ထိုးပါ။ ထယ်ရေးနက်နက်ထိုးခြင်းဖြင့် မြေပေါ်သို့ပေါ်လာသော ဖိုးလမင်းများကို ငှက်များ စားသောက်စေရန်နှင့် ပိုးရုပ်ဖုံးများကိုလည်း ပျက်စီးစေရန် ဖြစ်ပါသည်။
၂။ ဖိုးလမင်းဘဝမဖြစ်မီ ကျိုးကောင်ဘဝတွင် ကျရောက်ဖျက်ဆီးတတ်သော တမာပင်၊ ထနောင်းပင်များကို သင့်တော်သည့် ပိုးသတ်ဆေးဖြင့် ပက်ဖျန်းပါ။

၃။ မြေပဲမျိုးစေ့ကို သင့်တော်ရာပိုးသတ်ဆေးရည်တွင် ရောမွှေခြင်း၊ စိုက်မြောင်းထဲသို့ သင့်တော်ရာပိုးသတ်ဆေး ထည့်ပေးခြင်းတို့ ပြုလုပ်ပါ။
၄။ မြေပဲစိုက်ခင်းပတ်လည်တွင် အမြစ်ဖွာရှိသော နှံစားပြောင်း၊ ဆတ်တို့ကဲ့သို့ အပင်များစိုက်ထားပါ။ အကြောင်းမှာ ထိုအပင်တို့၏အမြစ်များကို ဖိုးလမင်း မကိုက်ဖြတ်နိုင်ပါ။ ထိုအမြစ်များအကြားတွင် ဖိုးလမင်းများ ခိုအောင်းနေသဖြင့် မြေပဲပင်များတွင် ကျရောက်မှုသက်သာစေရန် ဖြစ်ပါသည်။

ဆင်းသီဟ
.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
#စိုက်ပျိုးရေး
#အစိမ်းရောင်လမ်း
#greenway
#မြေပဲ
https://greenwaymyanmar.com/posts/about_peanut_beetle
📢 ဉာဏ်စမ်းအတွက် အဖြေမှန်လေးတိုက်လို့ရပါပြီရှင့် ♥️
👩‍🌾 အဖြေမှန်ကတော့ မှိုကြောင့်ပဲဖြစ်ပါတယ်ရှင့်
Rhizoctonia solani လို့ဆိုတဲ့ သက်ရှိမှိုကြောင့်ဖြစ်တဲ့ စပါးရွက်ဖုံးခြောက်ရောဂါဟာစပါးစေ့များ အဆန်မတည်ဘဲ ဖျင်းကုန်တာမျိုးအထိပါ ဖြစ်တတ်ပါတယ်နော်
ဘယ်သူတွေမှန်ကြလဲနော် ပြောပြပေးသွားကြပါဦး
အခုလိုဗဟုသုတကို မင်မင်ဘယ်က သိလဲဆို အစိမ်းရောင်လမ်းက ဆောင်းပါးတွေ ဖတ်ကြည့်ရင်းနဲ့ သိတာပါ
ဗဟုသုတရဖွယ်ဆောင်းပါးတွေ ဖတ်ရှုဖို့ ဘာမှမလိုပါဘူး အစိမ်းရောင်လမ်းဆော့ဝဲလေးပါ လိုတာပါနော်.. 👉📲