Edu Hub
1.69K subscribers
199 photos
9 videos
122 links
Edu Hub aims to provide educational information, scholarship opportunities and job opportunities for young people, to create a modern and smart digital online learning environment, to effectively study languages ​​and to stay in touch with education.
Download Telegram
ထိုင်းနိုင်ငံရဲ့ဒီတက္ကသိုလ်တွေမှာ Accounting ဘာသာရပ်ကို လေ့လာကြမယ် 🇨🇷

💰 Accounting ဘာသာရပ်ကို ပြည်ပမှာ လေ့လာ ချင်သူတွေအတွက် Edu Hub ကနေ ထိုင်းနိုင်ငံရဲ့ တက္ကသိုလ် အချို့နဲ့ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

🇨🇷 Chulalongkorn University

Chula လိုအတိုကောက်ခေါ်ကြတဲ့ Chulalongkorn တက္ကသိုလ်လေးကတော့ အားလုံးလည်း ရင်းနှီးကြမယ်ထင်ပါတယ်။ 1917 ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး Bangkok, Pathum Wan မှာတည်ရှိပါတယ်။ ထိုင်းနိုင်ငံရဲ့ No.1 အကောင်းဆုံးတက္ကသိုလ် အဖြစ် ၁၄ နှစ်ဆက်တိုက် ရပ်တည်ခဲ့တဲ့အပြင် QS World Ranking အရ No.224 မှာ ရှိပါတယ်။ Chula မှာ Bachelor of Business Administration in Accounting Program ကို တက်ရောက်မယ်ဆိုရင် ၄ နှစ်သင်ယူရမှာ ဖြစ်ပြီး ၄နှစ်ပြီးတဲ့အခါ BBA Degree ကို ရရှိမှာပါ။ ဒီတက္ကသိုလ်လေးမှာ တက်ရောက် မယ်ဆိုရင် ပျမ်းမျှကုန်ကျစရိတ်အနေနဲ့ တစ်နှစ်ကို US$ 3700 ကျော်လောက် ကျသင့်မှာဖြစ်ပါတယ်။

🇨🇷 Thammasat University

1934 ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ပြည်သူ့ သုတေသနတက္ကသိုလ်တစ်ခုဖြစ်ပြီး 2022 ရဲ့ QS World University Ranking အရ ထိုင်းငံရဲ့တက္ကသိုလ်တွေထဲမှာ No.1 နေရာက ရပ်တည်နေပါတယ်။ World Rank ကတော့ 651-700 အတွင်းဖြစ်ပါတယ်။ ဒီတက္ကသိုလ်မှာ Bachelor of Accountancy ကိုပြီးမြောက်ပြီး B.Acc Degree ရဖို ၄နှစ်တာကြာမြင့်ပြီး ၁နှစ်ခန့်မှန်း ကုန်ကျစရိတ် US$ 7,100 ကျော် ကျသင့်မှာပါ။

🇨🇷 Mae Fah Luang University

1998 ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ဒီတက္ကသိုလ်လေးဟာ ဆယ်စုနှစ်နှစ်ခုကျော် ရပ်တည်ခဲ့ပြီးဖြစ်ပါတယ်။ 2022 ရဲ့ THE Young University Ranking အရ ထိုင်းနိုင်ငံရဲ့ နံပါတ် ၁ နေရာမှာရှိတဲ့ တက္ကသိုလ် ဖြစ်ပါတယ်။ B.Acc ရရှိဖို Bachelor of Accounting ကို ၄နှစ်သင်ယူရမှာ ဖြစ်ပြီး ၁နှစ်ပျမ်းမျှကုန်ကျစရိတ်က US$ 2,100 ကျော် ကုန်ကျမှာပါ။

🇨🇷 Assumption University

ထိုင်းနိုင်ငံရဲ့ ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်ပြီး 1969 ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တာပါ။ Edu Rank ရဲ့ Ranking အရ ထိုင်းငံတွင်းရှိ တက္ကသိုလ် ၁၂၅ ခုအနက် အမှတ်စဉ် ၁၅ နေရာမှာရပ်တည်ပြီး World Ranking အနေနဲ့တော့ 2455 မှာရှိပါတယ်။ Bachelor of Accounting Program ကို ၄နှစ်တာ သင်ယူ ပြီးတဲ့နောက် B.Acc ဘွဲကို ရရှိမှာဖြစ်ပြီး တစ်နှစ်ပျမ်းမျှကုန်ကျငွေ US$ 3,800 ကျော် ရှိပါတယ်။

🇨🇷 UTCC University

UTCC ရဲ့ အဓိပ္ပာယ်ကတော့ University of the Thai Chamber of Commerce ဖြစ်ပါတယ်။ ဘန်ကောက်မြိုမှာရှိပြီးတော့ ၁၉၄၀ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ Edu Rank ရဲ့ Ranking အရ ထိုင်းနိုင်ငံမှာ ဆိုရင် No.27 နေရာမှာရှိပြီး World Rank မှာတော့ 3938 ရှိပါတယ်။ B.Acc ဘွဲရရှိဖို ၄နှစ်အထိ Bachelor Program တက်ရောက် ရမှာဖြစ်ပြီး ၁နှစ်တာခန့်မှန်းကုန်ကျငွေကတော့ US$ 4,700 ကျော်ဖြစ်ပါတယ်။

🇨🇷 Stamford University

Stamford International University ဟာ ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်ပြီး 1995 ခုနှစ် မှာ စတင်တည်ထောင်ခဲ့ပါတယ်။ Country Ranking က No.58 ဖြစ်ပြီး World Ranking ကတော့ 6622 မှာရှိပါတယ်။ Bachelor Program ကို ၄နှစ်သင်ယူပြီးတဲ့နောက် B.Acc Degree ရရှိမှာဖြစ်ပြီး တစ်နှစ်ပျမ်းမျှ ကုန်ကျငွေက US$ 5,200 နဲ့အထက် ကျသင့်မှာပဲဖြစ်ပါတယ်။

🇨🇷 Asia-Pacific International University

ထိုင်းနိုင်ငံ Saraburi မှာရှိတဲ့ ခရစ်ယာန် ပုဂ္ဂလိကတက္ကသိုလ်တစ်ခုပါ။ 1947 ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး Edu Rank 2022 အရ ဒေသတွင်း Ranking 114 မှာရှိပြီးတော့ World Rank အနေနဲ့ 11,046 မှာရှိပါတယ်။ ဒီတက္ကသိုလ်ကနေ MBA In Accounting Program ကို ၂နှစ် သင်ယူပြီးရင် MBA Degree ကို ရရှိမှာဖြစ်ပါတယ်။ တစ်နှစ်ပျမ်းမျှကုန်ကျစရိတ်က US$ 1,800 ကျော် ကျသင့်မှာပဲဖြစ်ပါတယ်။

ပြောပြပေးသွားခဲ့တဲ့တက္ကသိုလ်တွေကိုလျှောက်ချင်တယ်ဆိုရင်တော့

Edu Hub မှာ

ထိုင်းနိုင်ငံမှာကျောင်းလျှောက်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် ကျောင်းလျှောက်ပေးခြင်း။
ဘယ် Program ကိုတက်ရမလဲရွေးရခက်နေတဲ့သူတွေအတွက် အကြံပေးဆွေးနွေးပေးခြင်း။
OEC နဲ့ပတ်သက်ပြီးသိလိုသမျှကိုမေးမြန်းဆွေးနွေးနိုင်ခြင်း။

စတဲ့ဝန်ဆောင်မှုတွေပေးစွမ်းနေပါတယ်။

💬 ဝန်ဆောင်မှုတွေနဲ့ပတ်သက်ပြီး အသေးစိတ်သိချင်တယ်ဆိုရင်တော့ Chat box ကနေလာရောက်မေးမြန်းနိုင်သလို အောက်ပါဖုန်းနံပါတ်တွေကိုလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Contact us:

☎️ 09796158900
☎️ 09449984352

#Edu_Hub
#Education
#University
#Thailand
👍1
ယခု ဖော်ပြသွားတဲ့ တက္ကသိုလ်များကို လျှောက်ထားဖို့အတွက် ဘယ်ကစရမှန်း မသိဘဲ စဉ်းစားရခက်နေရင်တော့ Edu Hub မှာ

ထိုင်းနိုင်ငံမှာကျောင်းလျှောက်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် ကျောင်းလျှောက်ပေးခြင်း။
ဘယ် Program ကို တက်ရမလဲ ရွေးရခက်နေတဲ့ သူတွေအတွက် အကြံပေးဆွေးနွေးပေးခြင်း။
OEC နဲ့ပတ်သက်ပြီးသိလိုသမျှကို မေးမြန်းဆွေးနွေးနိုင်ခြင်း။

စတဲ့ဝန်ဆောင်မှုများစွာကို ပေးနေပါတယ်။

Edu Hub ရဲ့ Mentoring Service အသေးစိတ်ကိုလည်း အောက်ပါ Link လေးမှာဝင်ရောက်ဖတ်ကြည့်လို့ရပါတယ်။
https://m.facebook.com/story.php?story_fbid=131901389612213&id=100083770579885

📌 ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို အချိန်နဲ့တစ်ပြေးညီသိရဖို့ Telegram Channel လေးကို join ထားလို့ရပါတယ်။

Our Telegram Channel
https://t.me/eduhubmm

💬 ဝန်ဆောင်မှုတွေနဲ့ပတ်သက်ပြီး အသေးစိတ်သိချင်တယ်ဆိုရင်တော့ Chat box ကနေလာရောက်မေးမြန်းနိုင်သလို အောက်ပါဖုန်းနံပါတ်တွေကိုလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Contact us:

☎️ 09796158900
☎️ 09449984352

#Edu_Hub
#Information_Technology
#University
#Thailand
🤗GED အောင်လက်မှတ်ရှိရုံနဲ့ ထိုင်းနိုင်ငံရဲ့ public university တစ်ခုဖြစ်တဲ့ Chiang Mai University မှာကျောင်းတက်ကြမယ်…...

🇹🇭ဒီနေ့မှာတော့ ထိုင်းနိုင်ငံရဲ့အကျော်ကြားဆုံး University တစ်ခုဖြစ်တဲ့ Chiang Mai University အကြောင်းပြောပြပေးသွားမှာ ပဲဖြစ်ပါတယ်။

Chaing Mai University သည် 1964 ခုနှစ်တွင် တည်ထောင်ခဲ့တဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းရှိ Public University တစ်ခုဖြစ်ပါတယ်။ World Ranking 942 နှင့် National Ranking 3 ရှိတဲ့Chiang Mai University ဟာ Engineering,Medicine and agriculture စတဲ့ Majorsတွေနဲ့ နာမည်ကြီးတဲ့ research university တစ်ခုလဲဖြစ်ပါတယ်။🏫

နိုင်ငံတကာကျောင်းသားတွေအတွက် Chiang Mai University မှာတက်ရောက်လို့ ရမည့် international programs တွေကတော့

✴️Bachelor of Arts in Humanities and ✴️Sustainability (HS)
✴️Bachelor of Arts in Social Science and Sustainable Development (SSSD)
✴️Bachelor of Arts in Thai as a Foreign ✴️Language (TFL)
✴️Bachelor of Economics (ECON)
✴️Bachelor of Engineering in Industrial Engineering and Logistics Management (IEL)
✴️Bachelor of Engineering in Information Systems and Network Engineering (ISNE)
✴️Bachelor of Engineering in Mechanical Engineering (ME)
✴️Bachelor of Nursing Science (NSC)
✴️Bachelor of Science in Digital Innovation (DIN)
✴️Bachelor of Science in Environmental Science (ES)
✴️Bachelor of Science in Food Science and Technology (FST)
✴️Bachelor of Science in Integrated Design in Emerging Architecture (IDEA)
✴️Bachelor of Science in Modern Management and Information Technology (MMIT)
✴️Bachelor of Science in Software Engineering (SE) စတာတွေပဲဖြစ်ပါတယ်။

Majors စုံစုံလင်လင်နဲ့ Scholarships တွေအမျိုးမျိုးပေးပြီး အရှေ့တောင်အာရှရဲ့ High ranking Public Universityတစ်ခုဖြစ်ပါတယ်။🥰

🏢Campus အနေနဲ့ကတော့ လေးခုရှိပြီး နိုင်ငံတကာကျောင်းသားများအတွက် facilities အပြည့်အစုံရှိနေတာကြောင့် ထိုင်းနိုင်ငံမှာ ပညာသင်ဖို့ဆိုရင် မဖြစ်မနေရွှေးချယ်သင့်တဲ့ university တစ်ခုလဲ ဖြစ်ပါတယ်။

🗓နိုင်ငံတကာကျောင်းသားတွေအတွက် ကျောင်းဝင် ခွင့် လက်ခံအချိန်များကတော့ Round 3ခု ကို Major အလိုက်ခွဲထားပါတယ်။
Round 1(Nov 1 to Jan 5)
Round 2(Feb 14 to Mar24)
Round 3(May 8-14) တို့ပဲဖြစ်ပါတယ်။

ကျောင်းလျှောက်ဖို့ ဘာတွေလိုအပ်မလဲ?🗒🗒🗒

High School Completed Certificates or equivalent or(grade 12 diploma)(Notary)
High School Transcripts(Notary)
Official certificate of English language proficiency (IELTS,TOEFL,DET,...)
An active email
Copy of passport
One 2x2 inch-photo
Additional documents required by the chosen program.

💯English language proficiency test score မပြနိုင်သူများအတွက်လဲ Chiang Mai University ရဲ့ english placement test ကိုဖြေဆိုလို့ရပါသေးတယ်။ ကျောင်းစရိတ်အနေနဲ့ကတော့ တစ်နှစ်ကို ပျှမ်းမျှ USD 1500 ကနေ 2000 အထိကုန်ကျနိုင်ပါတယ်။ မိမိ ရွှေးချယ်သော program နှင့် credit ပေါ်မူတည်ပါတယ်။ နေထိုင်မှုကုန်ကျစရိတ်အနေနဲ့ကတော့ တစ်လကို ပျှမ်းမျှ USD 500-800 အတွင်းကုန်ကျနိုင်ပါတယ်( မိမိရဲ့နေထိုင်မှု life style ပေါ်မှာလဲ မူတည်ပါသည်။

🎓Scholarship အနေနဲ့ကတော့ GED(General Education Development) ကိုလက်ခံတဲ့ Universityတစ်ခုဖြစ်တာကြောင့် SAT,IELTS စတဲ့ အချက်အလက်တွေပါအပြည့်အစုံ တင်ပေးရပါမယ်။ Half Scholar, Full Scholar စတဲ့ Scholar အမျိုးမျိုးကို ပေးအပ်နေတဲ့ကျောင်းလည်းဖြစ်ပါတယ်။ အဖွဲ့အစည်းကပေးသော Child’s Dream Scholarship နှင့် Prospect Burma အစရှိသော ပညာသင်ဆုအစီအစဉ်များလဲ ပေးအပ်နေသောကျောင်းတစ်ကျောင်းဖြစ်ပါသည်။

💯Chaing Mai University အကြောင်းလေးလဲပြောပြပေးသွားပြီ ဆိုတော့ EDU HUB မှာ Chiang Mai University အားကျောင်းလျှောက်ပေးခြင်း၊ကျောင်းလခ သွင်းပေးခြင်း၊ mentor နဲ့အတူ ထိုင်းနိုင်ငံမှာကျောင်းတက်ဖို့အတွက်ဆွေးနွေးတိုင်ပင်ခြင်းများကို ယုံယုကြည်ကြည်နဲ့ ဆောင်ရွက်ကူညီပေးနေပါသည်။💯

Edu Hub ရဲ့ Mentoring Service အသေးစိတ်ကိုလည်း အောက်ပါ Link လေးမှာဝင်ရောက်ဖတ်ကြည့်လို့ရပါတယ်။
https://m.facebook.com/story.php?story_fbid=131901389612213&id=100083770579885

📌 ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို အချိန်နဲ့တစ်ပြေးညီသိရဖို့ Telegram Channel လေးကို join ထားလို့ရပါတယ်။

Our Telegram Channel
https://t.me/eduhubmm

💬 ဝန်ဆောင်မှုတွေနဲ့ပတ်သက်ပြီး အသေးစိတ်သိချင်တယ်ဆိုရင်တော့ Chat box ကနေလာရောက်မေးမြန်းနိုင်သလို အောက်ပါဖုန်းနံပါတ်တွေကိုလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Contact us:
☎️ 09449984352

EDU HUB Office မှာလည်း မနက်၉နာရီမှ ၄လေးနာရီအထိ အခမဲ့ တိုက်ရိုက် လာရောက်မေးမြန်းစုံစမ်းလို့ ရပါတယ်။🥰

#Edu_Hub
#University
#Thailand
#chaingmai_uni
4👍2
Taiwan နိုင်ငံမှာ GED ဖြင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်မယ့် အခွင့်အရေး 🇹🇼 🤩
ထိုင်ဝမ်နိုင်ငံဟာ ဘေးကင်းလုံခြုံပြီး ပညာရေးအဆင့်အတန်းလည်း မြင့်မားလှပါတယ်။
ဒါ့အပြင် ထိုင်ဝမ်နိုငိငံမှာ ပညာရေးကုန်ကျစရိတ်လည်း သင့်တင့်တာကြောင့် မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူများအတွက် ရွေးချယ်စရာတခုဖြစ်လာပါတယ်။
လက်ရှိမှာ GED အောင်လက်မှတ်ဖြင့် ထိုင်ဝမ်နိုင်ငံရှိ တက္ကသိုလ်များကို လျှောက်ထားနိုင်ပါပြီပဲဖြစ်ပါတယ်။🥰
GED စာမေးပွဲမှာ ဘာသာရပ်လေးမျိုး ဖြေဆိုရမှာဖြစ်ပြီး ဘာသာတိုင်းအတွက် အမှတ် ၂၀၀ စီပေးထားတာကြောင့် စုစုပေါင်း ရမှတ် ၈၀၀ ရရှိမှာဖြစ်ပါတယ်။ ထိုင်ဝမ်နိုင်ငံမှာရှိတဲ့ တက္ကသိုလ်အများစုက GED အမှတ်ပေါင်း 580 (or) 600 အထက်ကို လက်ခံကြပါတယ်။ ဒါပေမယ့် လျှောက်ထားတဲ့ တက္ကသိုလ်များပေါ် မူတည်ပြီး ဝင်ခွင့်လက်ခံတဲ့ GED scores တွေ ကွဲပြားနိုင်ပါတယ်။
ထိုင်ဝမ်နိုင်ငံမှာ GED ကိုလက်ခံတဲ့ တက္ကသိုလ်များကတော့~
🔸 Feng Chia University
🔸 Taipei Medical University
🔸 National Chengchi University
🔸 National Central University (Zhongli)
🔸 National Taiwan University
🔸 China Medical University တို့ဖြစ်ပါတယ်။
✴️ GED လက်ခံတဲ့ အခြားသောတက္ကသိုလ်/ကောလိပ်တွေကို....
https://ged.com/en/university-acceptance/
မှာ နိုင်ငံ ရိုက်ထည့်ပြီး အသေးစိတ် ရှာဖွေနိုင်ပါတယ်။
ထိုင်ဝမ်နိုင်ငံမှ တက္ကသိုလ်များကို လျှောက်ထားနိုင်ရန် အခြေခံလိုအပ်ချက်များမှာ ~
🔸 completed application form
🔸 proof of paying the application fee (if applicable)
🔸 high school diploma (to apply for a Bachelor’s)
🔸 Bachelor’s diploma (to apply for a Master’s)
🔸 transcript of records
🔸 passport-sized photo(s)
🔸 copy of valid passport and/or personal ID
🔸 recommendation letter တို့ကိုလိုအပ်ပါတယ်။
✴️ လိုအပ်သော စာရွက်စာတမ်းများကို အင်္ဂလိပ်ဘာသာ (သို့မဟုတ်) တရုတ်ဘာသာသို့ ပြန်ဆိုပေးဖို့လိုအပ်ပါတယ်။
✴️ ထိုင်ဝမ်နိုင်ငံရှိ တက္ကသိုလ်အများစုရဲ့ Tution Fee မှာ
တနှစ်ကို 1,100–7,500 EUR ကြား ပျမ်းမျှရှိပါတယ်။
✴️ နေထိုင်မှုကုန်ကျစရိတ်မှာ တလကို 680-880 EUR နီးပါးရှိနိုင်ပါတယ်။
✴️ ထိုင်ဝမ်နိုင်ငံမှာ တက္ကသိုလ်တက်ရောက်မယ်ဆိုရင်
တရုတ်ဘာသာစကားအခြေခံတတ်ကျွမ်းဖို့ လိုအပ်ပါမယ်။
✴️ ထိုင်ဝမ်နိုင်ငံမှာ ကျောင်းတက်နေရင်း အချိန်ပိုင်းအလုပ်တွေလည်း လုပ်ကိုင်နိုင်တဲ့အပြင် Scholarships များစွာကိုလည်း ပေးအပ်နေတာပါ။
✴️ ဒါ့အပြင် နေထိုင်စရိတ်နှင့် ကျောင်းစရိတ်တို့ဟာလည်း တခြားသောနိုင်ငံများနဲ့ယှဉ်ရင် သက်သာပါတယ်။
ထိုင်ဝမ်နိုင်ငံရှိ တက္ကသိုလ်များကို လျှောက်ထားနိုင်ရန်
မြင့်မားတဲ့ GED scores များရရှိဖို့လိုအပ်ပါတယ်။
GED exam ဖြေဆိုဖို့အတွက် ၄လမှ၆လအထိ အချိန်ယူပြင်ဆင်သင့်ပါတယ်။
Self study လည်းလုပ်နိုင်ပေမယ့် သင်တန်းတက်ပြီးစနစ်တကျလေ့ကျင့်မည်ဆိုပါက
အချိန်တိုတွင်းမှာ အမှတ်ကောင်းကောင်းရရှိအောင်ဖြေဆိုနိုင်မှာပါ။
နေချင့်စဖွယ် ထိုင်ဝမ်နိုင်ငံသို့ ပညာရေးအိပ်မက်တွေခြေဆန့်နိုင်ရန် လိုအပ်သော GED scores များရရှိစေဖို့ ကျွန်မတို့ Edu Hub မှ မကြာမီဖွင့်လှစ်မယ့်GED Preparation Class မှာ အမြန်ဆုံးစာရင်းပေးသွင်းအပ်နှံလိုက်ပါ။🥳
နေချင့်စဖွယ် ထိုင်ဝမ်နိုင်ငံသို့ ပညာရေးအိပ်မက်တွေခြေဆန့်နိုင်ရန် လိုအပ်သောGED scores များရရှိစေဖို့ အကောင်းဆုံးလေ့ကျင့်သင်ကြားပေးမယ့် Pre GED , GED preparation class တို့ကို
Edu Corner ကနေဖွင့်လှစ်တော့မှာမို့
page လေးကို စဉ်ဆက်မပြတ်စောင့်ကြည့်ပေးကြပါဦးရှင်။ 🥰
https://www.facebook.com/profile.php?id=100088851251870...
ဒါ့အပြင် ကျောင်းလျှောက်ထားကြမယ့်လူငယ်များအတွက်
Notary ပြန်ပေးဖို့ လိုအပ်ခဲ့ရင် Edu Hub မှ အမြန်ဆုံးဆောင်ရွက်ပေးနေပါပြီ။ 🥰
ဒါ့အပြင် Student of Purpose , Essay တို့အတွက် mentoring လုပ်ပေးတဲ့ ဝန်ဆောင်မှုလည်း ရှိပါတယ်။ 🥰
Edu Hub မှ တခြားသောဝန်ဆောင်မှုများအကြောင်း သိလိုပါကchat box မှတဆင့် လာရောက်မေးမြန်းနိုင်သလို
အောက်ပါ ဖုန်းနံပတ်ကိုလည်း ဆက်သွယ်နိုင်ပါတယ် ☎️
Contact us:
09796158900 ☎️
📌 နိုင်ငံခြားပညာရေးအခွင့်အလမ်းများက်ို
အချိန်နဲ့တစ်ပြေးညီသိနိုင်ဖို့ Telegram Channel လေးကို
join ထားနိုင်ပါတယ်။
Our Telegram Channel
https://t.me/eduhubmm
#Edu_Corner
#Edu_Hub
#Taiwan
#GED
#University
ဒီနေ့မှာတော့ EDU HUB ကနေ
သားသားမီးမီးတို့ရဲ့အနာဂတ်ပညာရေးမြင့်တင်လိုပြီး အခြားသော ပညာရေးအခွင့်အလမ်းများကို Englishစာအခက်အခဲကြောင့်နှောက်နှေးမှုမဖြစ်စေဖို့ YLE Cambridge English Assessment အကြောင်းအနည်းငယ်ပြောပြပေးသွားမှာဖြစ်ပါတယ်🎓

YLEဆိုတာဘာလဲ
**************
🔷YLEဆိုတာကတော့ Young learnerတွေအတွက် Cambridge ကစစ်ဆေးတဲ့English စာအရည်အသွေးသတ်မှတ်ချက်ပါ။ YLEအကြောင်းမပြောခင် Cambridge Englishရဲ့ အဆင့်သတ်မှတ်ချက်ဖြစ်တဲ့ CEFRအကြောင်းကိုအနည်းငယ်ပြောပြချင်ပါတယ်။ Cambridge English မှာ Pre A1 Starters(YLE Starters), A1 Movers (YLE Movers), A2 Flyers (YLE Flyers) , A2 Key for schools (KET), B1 Preliminary for schools (PET), B2 first for schools (FCE) ,A2 Key(KET), B1 Preliminary (PET) ,B2 first(FCE) ,C1 advanced (CAE) ,C2 proficiency (CPE) ,B1 business preliminary (BRC Preliminary) ,B2 Business Vantage (BEC Vantage) ,C1 Business Higher (BEC Higher) လို့ရှိပြီး CEFRသတ်မှတ်ချက်အနေဖြင့် A1,A2ကို basic userအဖြစ်သတ်မှတ်ထားပါတယ်။ B1နဲ့ B2ကိုတော့ independent userအဖြစ်သတ်မှတ်ထားပြီး C1နဲ့C2ကိုတော့ Proficient userအဖြစ်သတ်မှတ်ထားပါတယ်။YLEမှာအသက် 7နှစ်ကနေ 14နှစ်ကြားရှိတဲ့ Young learnerတွေအတွက် Starter, Moverနဲ့ Flyer ဆိုပြီး ရှိပါတယ်။ တစ်ဆင့်ချင်းစီမှာ Reading, listening, writing နဲ့ listening (4) skillလုံးကိုသင်ယူရပါတယ်။ YLE အဆင့်ဆင့်ဖြေဆိုပြီးတဲ့ ဆယ်ကျော်သက်များအနေ​​​​ဖြင့်လည်း KET, PET,FEC,.....စတဲ့အတန်းတွေကိုဆက်လက်သင်ကြားနိုင်ပါတယ်။

🔷ဒါဆိုရင်တော့ Cambridge English YLEကိုဘာကြောင့်ရွေးချယ်တတ်ရောက်သင့်သလဲဆိုတာအနည်းငယ်ပြောပြချင်ပါတယ်။ ယနေ့ခေတ်မှာ English စာလိုအပ်ချက်ဟာ ပိုမိုအရေးပါလာပါပြီ။ ဒါကြောင့် သားသားမီးမီးတို့ရဲ့အနာဂတ်ပညာရေးမှာ ငယ်စဥ်ကတည်းက အခြေခံကျကျသင်ယူထားဖို့ဆိုရင် Cambridge Englisg YLE ဟာလေ့လာသင်ယူသင့်ပါတယ်။ YLEမှာ 4 Skillလုံးကိုလေ့လာသင်ယူရတဲ့အတွက် "Listening နဲ့ Speaking ပိုင်းအားနည်းတာ" စတဲ့ပြဿနာတွေကိုလည်း ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ Cambridge English စာမေးပွဲများဟာ အဆင့်မြင့်ပညာရေးဖြစ်သည့်အပြင် ကမ္ဘာတစ်ဝှမ်းရှိ တက္ကသိုလ်ပေါင်း 25000ကျော် အလုပ်ရှင်များနှင့် အစိုးရအများစုက အသိအမှတ်ပြုထားသောကြောင့် ပညာရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းများကိုတိုးတတ်စေနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင်Cambridge Englishမှသက်ဆိုင်ရာlevelအလိုက်ဖြေဆိုအောင်​မြင်ပြီးတဲ့ ကျောင်းသားကျောင်းသူများအနေဖြင့်လည်း University of Cambridge(UK)မှပေးအပ်သော certificateကိုရရှိမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့
YLE Cambridge English Assessment အကြောင်းလေးကို ပြည့်ပြည့်စုံစုံသိရှိသွားမယ်လို့မျှော်လင့်ပါတယ်ရှင်။

🔎Cambridge English YLE အကြောင်းအသေးစိတ်သိရှိလိုပါကအောက်ပါlinkမှတစ်ဆင့်လည်းအသေးစိတ်ကြည့်ရှုနိုင်ပါတယ်။
https://www.cambridgeenglish.org/


အတန်းများနှင့်ပတ်သက်ပြီး အသေးစိတ်ကိုထပ်မံသိရှိလိုပါက chat box မှတဆင့် လာရောက်မေးမြန်းနိုင်သလို အောက်ပါဖုန်းနံပတ်များကိုလည်း
ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Contact us:
09796158900 ☎️

Office Addres🏠
Room.212 , Level 2, Tower B , Myaing Hay Wun Condo (Junction8, Kyaik Wine Pagoda Rd, Mayangone , Yangon)

📌 ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းများကို
အချိန်နဲ့တစ်ပြေးညီသိရဖို့ Telegram Channel လေးကို
join ထားနိုင်ပါတယ်။

Our Telegram Channel 👇🏻
https://t.me/eduhubmm

#Edu_Hub
#Edu_Corner
#University of Cambridge
#Cambridge English for YLE
👍31
🏫 Salem State University
🏫 Fitchburg State University
🏫 Worcester State University
🏫 Framingham State University
🏫 Westfield State University
🏫 Bay Path University
🏫 College of Our Lady of the Elms
🏫 Merrimack College
🏫 Wentworth Institute of Technology
🏫 Assumption College
🏫 Suffolk University
🏫 Springfield College
🏫 Endicott College
🏫 Bentley University
🏫 Emerson College
🏫 Emmanuel College
🏫 Hampshire College
🏫 College of the Holy Cross
🏫 Mount Holyoke College
🏫 Smith College
🏫 Amherst College
🏫 Wellesley College
🏫 Lesley University
🏫 Williams College
🏫 University of Massachusetts - Boston
🏫 Western New England University
🏫 University of Massachusetts - Lowell
🏫 Simmons University
🏫 Worcester Polytechnic Institute
🏫 Clark University
🏫 University of Massachusetts - Amherst
🏫 Northeastern University
🏫 Brandeis University
🏫 Boston University
🏫 American InterContinental University
🏫 Rockford University
🏫 Judson University
🏫 Trinity International University
🏫 Lewis-Clark State College
🏫 Northwestern University
🏫 Northwest Nazarene University
🏫 Brigham Young University--Idaho
🏫 College of Idaho
🏫 Idaho State University
🏫 Boise State University
🏫 University of Idaho
🏫 Briar Cliff University
🏫 Dordt University
🏫 Northwestern College
🏫 Waldorf University
🏫 Upper Iowa University
🏫 Morningside College
🏫 University of Dubuque
🏫 Buena Vista University
🏫 Mount Mercy University
🏫 University of Northern Iowa
🏫 Wartburg College
🏫 Luther College
🏫 Clarke University
🏫 Iowa State University
🏫 University of Alaska--Southeastတို့ဘဲဖြစ်ပါတယ်။

လက်ရှိမှာ Canadaနိုင်ငံရဲ့တက္ကသိုလ်/ကောလိပ်တစ်ချို့မှာ GED ဖြေဆိုအောင်မြင်ပြီးတဲ့သူတွေအနေနဲ့ ကျောင်းဝင်ခွင့်လျှောက်ထားနိုင်ပြီ ဖြစ်ပါတယ်။GEDမှာ ဘာသာရပ်လေးမျိုးကိုဖြေဆိုရမှာဖြစ်ပြီး တစ်ဘာသာချင်းစီအတွက် ရမှတ် 200စီပေးထားတာကြောင့် စုစုပေါင်းရမှတ် 800ရရှိနိုင်မှာဖြစ်ပါတယ်။Canadaနိုင်ငံမှာရှိတဲ့ တက္ကသိုလ်/ကောလိပ် အချို့ကတော့ GEDရမှတ် 450 အထက်ကိုလက်ခံကြပါတယ်။ဒါပေမယ့် လျှောက်ထားတဲ့ တက္ကသိုလ်၊ကောလိပ် များပေါ် မူတည်ပြီး ကျောင်းဝင်ခွင့်လက်ခံတဲ့ GED scores တွေ ကွဲပြားနိုင်ပါတယ်📌

📝Canadaနိုင်ငံမှ တက္ကသိုလ်၊ကောလိပ်များကို လျှောက်ထားနိုင်ရန်အ​ခြေခံလိုအပ်ချက်များမှာ-
Graduation certificate/diploma.
Filled-in application form.
Resume or CV.
A letter of intent.
Evidence that you can support yourself financially during your studies in Canadaစသည်တို့ကို လိုအပ်ပါမယ်ရှင်။

Canadaနိုင်ငံရှိ တက္ကသိုလ်အများစုရဲ့Tuition fees မှာ ပညာသင်နှစ်တစ်နှစ်အတွက် $20000မှ $30000ကြား ကုန်ကြနိုင်ပါတယ်။💵

Canadaနိုင်ငံမှာ တက္ကသိုလ်တက်ရောက်မယ့် သူများအနေနဲ့ အင်္ဂလိပ်ဘာသာစကားတို့ကို အခြေခံ တတ်ကျွမ်းဖို့တော့ လိုအပ်ပါတယ်။ထို့အပြင် အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်များကို လျှောက်ထားနိုင်ရန် မြင့်မားတဲ့ GED scores များရရှိဖို့လိုအပ်ပါတယ်။GED exam ဖြေဆိုဖို့အတွက် ၄လမှ၆လအထိ အချိန်ယူပြင်ဆင်သင့်ပါတယ်။Self-study လည်းလုပ်နိုင်ပေမယ့် သင်တန်းတက် ပြီးစနစ်တကျလေ့ကျင့်မည် ဆိုပါကအချိန်တိုတွင်းမှာ အမှတ်ကောင်းကောင်းရရှိအောင် ဖြေဆိုနိုင်မှာပါ။ 🥰

ကျွန်မတို့ EDU HUBမှာ ဆိုရင်လည်းGED scores များများရရှိစေဖို့ အကောင်းဆုံး လေ့ကျင့်သင်ကြားပေးမယ့် Pre GED , GED preparation class တို့ကို ဖွင့်လှစ်တော့မှာ ဖြစ်တဲ့အတွက် ကြိုတင်စာရင်းပေးသွင်း ပြင်ဆင်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်။🌠

Edu Hub မှ တခြားသောဝန်ဆောင်မှုများအကြောင်း အသေးစိတ် သိရှိလိုပါက chat box မှတဆင့် လာရောက်မေးမြန်းနိုင်သလိုအောက်ပါ ဖုန်းနံပတ်ကိုလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Contact us:
09794617720☎️
09794611720 ☎️
📌Our community Group

https://m.facebook.com/groups/774811617203925/?ref=share&mibextid=S66gvF
📌To get GED Self study resources

https://t.me/gedselfstudy

📌 နိုင်ငံခြားပညာရေးအခွင့်အလမ်းများက်ိုအချိန်နဲ့တစ်ပြေးညီသိနိုင်ဖို့ Telegram Channel လေးကို
join ထားနိုင်ပါတယ်။

Our Telegram Channel 👇🏻
https://t.me/eduhubmm

#Edu_Hub
#GED Class
#university in Canada
4👍1