Edu Hub
1.69K subscribers
199 photos
9 videos
122 links
Edu Hub aims to provide educational information, scholarship opportunities and job opportunities for young people, to create a modern and smart digital online learning environment, to effectively study languages ​​and to stay in touch with education.
Download Telegram
ဒီနေ့မှာတော့ EDU HUB ကနေ
သားသားမီးမီးတို့ရဲ့အနာဂတ်ပညာရေးမြင့်တင်လိုပြီး အခြားသော ပညာရေးအခွင့်အလမ်းများကို Englishစာအခက်အခဲကြောင့်နှောက်နှေးမှုမဖြစ်စေဖို့ YLE Cambridge English Assessment အကြောင်းအနည်းငယ်ပြောပြပေးသွားမှာဖြစ်ပါတယ်🎓

YLEဆိုတာဘာလဲ
**************
🔷YLEဆိုတာကတော့ Young learnerတွေအတွက် Cambridge ကစစ်ဆေးတဲ့English စာအရည်အသွေးသတ်မှတ်ချက်ပါ။ YLEအကြောင်းမပြောခင် Cambridge Englishရဲ့ အဆင့်သတ်မှတ်ချက်ဖြစ်တဲ့ CEFRအကြောင်းကိုအနည်းငယ်ပြောပြချင်ပါတယ်။ Cambridge English မှာ Pre A1 Starters(YLE Starters), A1 Movers (YLE Movers), A2 Flyers (YLE Flyers) , A2 Key for schools (KET), B1 Preliminary for schools (PET), B2 first for schools (FCE) ,A2 Key(KET), B1 Preliminary (PET) ,B2 first(FCE) ,C1 advanced (CAE) ,C2 proficiency (CPE) ,B1 business preliminary (BRC Preliminary) ,B2 Business Vantage (BEC Vantage) ,C1 Business Higher (BEC Higher) လို့ရှိပြီး CEFRသတ်မှတ်ချက်အနေဖြင့် A1,A2ကို basic userအဖြစ်သတ်မှတ်ထားပါတယ်။ B1နဲ့ B2ကိုတော့ independent userအဖြစ်သတ်မှတ်ထားပြီး C1နဲ့C2ကိုတော့ Proficient userအဖြစ်သတ်မှတ်ထားပါတယ်။YLEမှာအသက် 7နှစ်ကနေ 14နှစ်ကြားရှိတဲ့ Young learnerတွေအတွက် Starter, Moverနဲ့ Flyer ဆိုပြီး ရှိပါတယ်။ တစ်ဆင့်ချင်းစီမှာ Reading, listening, writing နဲ့ listening (4) skillလုံးကိုသင်ယူရပါတယ်။ YLE အဆင့်ဆင့်ဖြေဆိုပြီးတဲ့ ဆယ်ကျော်သက်များအနေ​​​​ဖြင့်လည်း KET, PET,FEC,.....စတဲ့အတန်းတွေကိုဆက်လက်သင်ကြားနိုင်ပါတယ်။

🔷ဒါဆိုရင်တော့ Cambridge English YLEကိုဘာကြောင့်ရွေးချယ်တတ်ရောက်သင့်သလဲဆိုတာအနည်းငယ်ပြောပြချင်ပါတယ်။ ယနေ့ခေတ်မှာ English စာလိုအပ်ချက်ဟာ ပိုမိုအရေးပါလာပါပြီ။ ဒါကြောင့် သားသားမီးမီးတို့ရဲ့အနာဂတ်ပညာရေးမှာ ငယ်စဥ်ကတည်းက အခြေခံကျကျသင်ယူထားဖို့ဆိုရင် Cambridge Englisg YLE ဟာလေ့လာသင်ယူသင့်ပါတယ်။ YLEမှာ 4 Skillလုံးကိုလေ့လာသင်ယူရတဲ့အတွက် "Listening နဲ့ Speaking ပိုင်းအားနည်းတာ" စတဲ့ပြဿနာတွေကိုလည်း ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ Cambridge English စာမေးပွဲများဟာ အဆင့်မြင့်ပညာရေးဖြစ်သည့်အပြင် ကမ္ဘာတစ်ဝှမ်းရှိ တက္ကသိုလ်ပေါင်း 25000ကျော် အလုပ်ရှင်များနှင့် အစိုးရအများစုက အသိအမှတ်ပြုထားသောကြောင့် ပညာရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းများကိုတိုးတတ်စေနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင်Cambridge Englishမှသက်ဆိုင်ရာlevelအလိုက်ဖြေဆိုအောင်​မြင်ပြီးတဲ့ ကျောင်းသားကျောင်းသူများအနေဖြင့်လည်း University of Cambridge(UK)မှပေးအပ်သော certificateကိုရရှိမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့
YLE Cambridge English Assessment အကြောင်းလေးကို ပြည့်ပြည့်စုံစုံသိရှိသွားမယ်လို့မျှော်လင့်ပါတယ်ရှင်။

🔎Cambridge English YLE အကြောင်းအသေးစိတ်သိရှိလိုပါကအောက်ပါlinkမှတစ်ဆင့်လည်းအသေးစိတ်ကြည့်ရှုနိုင်ပါတယ်။
https://www.cambridgeenglish.org/


အတန်းများနှင့်ပတ်သက်ပြီး အသေးစိတ်ကိုထပ်မံသိရှိလိုပါက chat box မှတဆင့် လာရောက်မေးမြန်းနိုင်သလို အောက်ပါဖုန်းနံပတ်များကိုလည်း
ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Contact us:
09796158900 ☎️

Office Addres🏠
Room.212 , Level 2, Tower B , Myaing Hay Wun Condo (Junction8, Kyaik Wine Pagoda Rd, Mayangone , Yangon)

📌 ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းများကို
အချိန်နဲ့တစ်ပြေးညီသိရဖို့ Telegram Channel လေးကို
join ထားနိုင်ပါတယ်။

Our Telegram Channel 👇🏻
https://t.me/eduhubmm

#Edu_Hub
#Edu_Corner
#University of Cambridge
#Cambridge English for YLE
👍31