Hana: Anime & Cartoons
41.3K subscribers
6.71K photos
31 videos
4.85K links
For Business Contact 👉 @heinoothwin
Download Telegram
ရုပ်ဆိုးဆိုးဖိုက်တာ (၂၀၂၅)

Genres - Action, Adventure, Isekai


မှားယွင်းစွပ်စွဲခံရမှုကြောင့် အသက် ၃၄ နှစ်အရွယ် ရှီဂေရု ယိုရှီအိုကာ ဟာ အလုပ်လက်မဲ့ဘဝကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ တခြားကမ္ဘာကို သွားနိုင်တဲ့ နည်းတစ်ခုကို ကြုံရပါတော့တယ်။ အဲ့ဒါကတော့ သူ့ရဲ့ ကွန်ပြူတာပေါ်မှာ ထူးဆန်းတဲ့ မျက်နှာပြင်တစ်ခုပေါ်လာလို့ပါ၊ အဲ့ဟာက သူ့ရဲ့ရုပ်ရည်ကို စတေးလိုက်ရင် ခွန်အားနဲ့ ချမ်းသာမှုကို ပေးနိုင်တဲ့အရာပါ။ ဘာမှဆုံးရှုံးစရာမရှိတဲ့ ရှီဂေရု တစ်ယောက် ရုပ်ရည်ကို အနှုတ် 225 အထိ လျှော့ပြီး ခွန်အားနဲ့ ချမ်းသာမှုကို တိုးစေခဲ့ပါတယ်။ ရုပ်ဆိုးသွားပေမဲ့ မကုန်ခမ်းနိုင်တဲ့ ချမ်းသာမှုနဲ့ ရေလည်ကြမ်းတဲ့ အစွမ်းရှိတဲ့ ရှီဂေရု အခြားကမ္ဘာမှာ ဘယ်လိုဖြတ်သန်းမလဲ ဆိုတာကိုတော့ ကြည့်ရမှာပါ။

t.me/+88GCvVPzlukwNDM1
ကြံ့ကလေး ရီကီ (၂၀၂၀)

အင်ဒိုနီးရှားက သစ်တောတစ်ခုမှာ လူတွေက အမဲလိုက်ရုံတင်မကဘူး၊ သစ်တောတွေကို မီးရှို့ဖျက်ဆီးကြတယ်။ အဲ့လို မီးရှို့ကြတဲ့အတွက် ကြံ့မျိုးနွယ်ဟာ မျိုးတုန်းသွားတယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ကြံ့ကလေး ရီကီ က အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်တွေကြာလာတော့ ရီကီ ဟာ တစ်ကိုယ်တည်းနေထိုင်ရင်းနဲ့ တောရိုင်းတိရိစ္ဆာန်တွေကို စိတ်ရော ကိုယ်ပါ ကူညီပေးတယ်ပေါ့။ သူ့ရဲ့ခွန်အားတွေနဲ့ မွန်မြတ်တဲ့ စိတ်ထားတွေကြောင့် တောတစ်ခွင်မှာ နာမည်ကြီးလာတယ်။ ဒီလိုနဲ့ တစ်နေ့မှာ အမဲလိုက် မုဆိုးတစ်ယောက်ဟာ ရီကီ ကို ဖမ်းဖို့ ကြိုးစားတဲ့အခါ ရုန်းကန်တိုက်ခိုက်ရင်းနဲ့ နောက်ဆုံးမှာ ရီကီ လေး လွတ်လာပါတယ်။ လွတ်လာတယ်ဆိုပေမယ့် ရီကီ ရဲ့ ကြံ့ချိုဟာ မုဆိုးဆီမှာ ကျန်ရစ်ခဲ့ပြီး ချိုမရှိတဲ့အတွက် သူ့ကိုယ်သူ စိတ်ပျက်အားငယ်သွားနေခဲ့ရတာပေါ့။ နောက်မှာတော့ သူ့မိတ်ဆွေ ဘဲကလေး ဘန်နီ နဲ့ ချိုအသစ် ပြန်ပေါက်အောင်လုပ်ပေးနိုင်မယ့် မှော်ဆေးဆရာကို သစ်တောတစ်ခွင်မှာ လိုက်ရှာရင်းနဲ့ ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုပေးပါဦး။

t.me/cartoonmoviesmms/558
🎲Sein City Gaming🎲

💎💎💎

ငွေကြေးပိုင်းအတွက်သာမက ကိုယ်တိုင်လုံခြုံစိတ်ချရမယ့် Gameတစ်ခုကို ဆော့ကစားချင်တယ်ဆိုရင်တော့ SeinCity မှာအခုပဲ အကောင့်ဖွင့်ပြီးကစားနိုင်ပါပြီ🎮💁❤️
ďťż
❤️Thai 2D
80ဆ
❤️Myanmar 2D 80ဆ
❤️3D အဆ700၊သွပ်ပတ်လည်ဆယ်ဆ
🎮လေးကောင်ဂျင်၊ခြောက်ကောင်ဂျင်
♠ဖဲဂိမ်း၊ရှမ်းကိုးမီး၊ပိုကာ
🐋ငါးပစ်ဂိမ်း
🎰စလော့ဂိမ်း
⚽️Bti Sport
စတဲ့ဂိမ်းပေါင်း(200)ကျော်💸

Seincity Download link👇
https://www.mmhotapp.com/seincity_download/

တိုက်ရိုက်ဆော့ကစားရန်Link🎮
https://www.seincity.com/

Viber☎09974586879,09974586919

Facebook Page📱https://bit.ly/4c85UrA

SeinCity telegram Link👇
https://t.me/seincitygaming

#SeinCityGaming
ကိုယ်ပျောက်ဝိဉာဉ်လေး ဖင်း (၂၀၂၀)

ဖင်း ဆိုတဲ့အကောင်လေးတွေဟာ အိမ်တိုင်းမှာရှိကြပြီး လူတွေကို ကူညီပေးနေတဲ့ကိုယ်ပျောက်ဝိဉာဉ်လေးတွေပေါ့။ သူတို့တာဝန်က သာယာပျော်ရွှင်တဲ့အိမ်ကလေးဖြစ်အောင်တာဝန်ယူရပြီး ဘယ် ဖင်း ကမှ ဒါကိုမဆန့်ကျင်ကြသလိုစိတ်ကူးထဲတောင် မရှိကြဘူး။ ဒါပေမယ့် ဇာတ်လမ်းထုံးစံအတိုင်း စုန်းပြူးလေးတစ်ကောင်ကတော့ မရှိမဖြစ်ပါလာမြဲပဲ။ ဖင်းနစ် ဆိုတဲ့ကောင်လေးက အထက်မှာပြောထားတဲ့အရာတွေနဲ့ ဆန့်ကျင်ဖက်ပဲ။ လူတွေကို သူ့အိမ်မှာ မနေနိုင်အောင်တစ်ခုပြီးတစ်ခုလုပ်တယ်။ အဲ့ဒါကြောင့် ဘက်ခ် မြို့မှာ ဖင်းနစ် နေတဲ့အိမ်ကို သရအိမ်လို့ ခေါ်ကြတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ရုပ်ရှင်ရိုက်မယ့်မိသားစုဟာ အလုပ်အတွက် ဘက်ခ် မြို့ကို ရောက်လာကြတယ်။ သူတို့ရဲ့သမီးလေး ခရစ်စတင်း ဟာ စုံထောက်ပညာကို စိတ်ဝင်စားသလို တကယ်လည်း ဉာဏ်ထက်ပါတယ်။ ဒါရိုက်တာက ခရစ်စတင်း တို့မိသားစုကို ခဏတဖြုတ်နေဖို့ ဖင်းနစ် ရဲ့အိမ်လေးကို ငှားပေးလိုက်တယ်။ လူတွေလာနေတာ မကြိုက်တဲ့ ဖင်းနစ် နဲ့ လက်တွေ့ကျကျ ဖြေရှင်းရမှ ကျေနပ်တဲ့ စုံထောက်လေး ခရစ်စတင်း တို့ ထိပ်တိုက်တွေ့တဲ့အခါမှာတော့။

t.me/cartoonmoviesmms/560
တိရစ္ဆာန်တို့၏ တိုက်ပွဲ (၂၀၁၈)

ပိတ်ရက်မှာ ကိုယ်တွေလို စကြဝဠာကြီးထဲကနေ တိရစ္ဆာန်ဝဠာကြီးထဲ ခဏသွားလိုက်ကြရအောင်။ ဒီကားထဲမှာတော့ သူတို့အခေါ် တိရစ္ဆာန်ဝဠာကြီးပေါ့။ အဲဒီထဲက ကောင်းတဲ့အခြမ်းနဲ့ မကောင်းတဲ့အခြမ်းတို့ရဲ့ မပြီးဆုံးနိုင်တဲ့ စစ်ပွဲကြီး၊ သူတို့ နဂါးငွေ့တန်း မှာရှိတဲ့ အကုန်လုံးကို အမှုန့်ဖြစ်သွားအောင်လုပ်ပစ်နိုင်တဲ့ ဆော့စ် ဆိုတဲ့ စွမ်းအားကြီးကို မကောင်းတဲ့အခြမ်းက ခေါင်းဆောင်က ထိန်းချုပ်ပြီး ဒီစကြဝဠာတစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ ကြိုးစားနေတဲ့အချိန်။ အဲဒါကို တားဆီးနိုင်မယ့် ကောင်းတဲ့အခြမ်းရဲ့ တစ်ခုတည်းသောမျှော်လင့်ချက် ဖြစ်တဲ့ ရွေးချယ်ထားတဲ့သူ ဆိုတာကြီးကို ရှာပုံတော်ဖွင့်ရင်း ဘယ်လိုအတားအဆီးတွေကို ကျော်ဖြတ်ကြမလဲ။ စစ်ပွဲကြီးကရော ဘယ်က ဘယ်လို အစပြုလာလဲ။ နောက်ဆုံး သူတို့ရှာနေတဲ့သူကို ဘယ်မှာ ရှာတွေ့မလဲ၊ မကောင်းတဲ့အခြမ်းက ခေါင်းဆောင်ကိုဘယ်လိုတွေတိုက်မလဲ ဆိုတာကို တော်တော်ကို မထင်ထားတဲ့ လှည့်ကွက်လေးတွေနဲ့ ရယ်နေရမယ့် ကာတွန်းကားကောင်းလေး တစ်ကားပါ။

t.me/cartoonmoviesmms/562
မုန့်ဖုတ်သောမင်စာလေး (၂၀၁၉)

မြေအောက်မှာပဲ နှစ်ပေါင်းများစွာ နေလာတဲ့ မှင်စာလေး အဲလ်ဖီ ဟာ လူသားတွေ နေတဲ့အပေါ်ကမ္ဘာကို တက်လာပြီး ပညာရပ်တစ်ခုခုကို သင်ချင်နေပါတယ်။ တက်လာပြီးနောက် မုန့်ဖုတ်ဆရာ သီအို နဲ့တွေ့ခဲ့ပြီး၊ သူ့ရဲ့ မုန့်တိုက်ကို လိုချင်နေတဲ့ ညီဆီ ကနေ ကယ်တင်ဖို့ လိုနေတဲ့သူပေါ့။ မှင်စာလေး အဲလ်ဖီ ဟာ သူတက်ချင်တဲ့ ပညာကို တကယ်တက်သွားနိုင်မလား၊ လူသား သီအို ကရော သူ့မုန့်တိုက်ကို ကယ်တင်နိုင်မလား၊ ဘာအပြောင်းအလဲတွေ လုပ်နိုင်သွားမလဲဆိုတာ စိတ်ဝင်တစားဖြစ်စေပါတယ်

t.me/cartoonmoviesmms/566
ကြမ္မာအံတုရှင်သန်သူ လင်ထျန်း

ဓားသူတော်စင်တစ်ဦးဖြစ်သည့် လင်ထျန်း ဟာ ချစ်ရသူကို ကယ်တင်ဖို့အတွက် ကောင်းကင်လမ်းစဉ်ကို ဆန့်ကျင်ခဲ့တာကြောင့် ကောင်းကင်မှ ပြစ်ဒဏ်ပေး ဝါးမျိုခြင်းကို တန်ပြန်ခံစားရကာ သက်တမ်းလွှင့်ကြွေခဲ့ရပါတယ်။ အမြူတေပျက်စီး၊ ဓားအရိုးကြေမှ သွားပြီးနောက် နှစ်ပေါင်းသုံးရာအကြာမှာ မထင်မှတ်ဘဲ ပြန်လည်ရှင်သန်ထမြောက်လာပြီး လွန်ခဲ့တဲ့ နှစ်သုံးရာကို ပြန်သွားနိုင်ခဲ့တဲ့အခါ၊ ဒီတစ်သက်မှာတော့ ‌ကောင်းကင်လမ်းစဉ်ဆိုတဲ့ တံဆိပ်ပြားကို ဆုတ်ကိုင်ကာ အမုန်းတရား၊ အငြိုးတရား၊ အဃာတတွေနဲ့အတူ အရင်ဘဝက နှမြောတသဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကို သယ်ပိုးရင်း။


"အတိတ်က လက်လွတ်လွဲချော်ခဲ့ရတာတွေကို ပြန်ဖာထေးပြင်ဆင်ရင်း ငါ့ကြမ္မာသမိုင်းကို ငါပြန်ပြင်ရေးမယ် "


t.me/hanatrailers/5492
Forwarded from Top One VIP Channel
ရှမ်းကိုးမီး 3000 ဝိုင်းမှာတင် 1️⃣0️⃣ သိန်းဘဏ်ပေါက်🐷💰

အဖိုးကြီး
🧸 သမီးတော် 🧸 စလော့ဂိမ်းအစုံ 👋ငါးပစ်  🤩🤩  ရှမ်းကိုးမီး ဘူကြီး ☹️တို့ကို တစ်နေရာတည်းမှာ အကုန်ဆော့ကစားနိုင်ပါပြီရှင့်

👑👑👑

🏅မန်ဘာသစ်ဘောနပ်စ် 1️⃣0️⃣0️⃣😶

🏅နေ့စဉ် ဘောနပ်စ်            5️⃣0️⃣😶

🏅သွင်းတိုင်းရ ဘောနပ်စ်   1️⃣0️⃣😶

ငွေကြေးပိုင်း 
💯  ယုံကြည်စိတ်ချရပြီး
⏰😀😀နာရီပတ်လုံး ဂိမ်းတွေကစားပြီး ငွေပွားမယ်ဆိုရင်တော့ 🌼🌼🌼 🌼🌼🌼 မှာ အခုပဲအကောင့်ဖွင့်လိုက်တော့နော်

🏅  အကောင့်ဖွင့်ရန်  🏅 

📱 Viber Phone        ➡️ 09898867303
📱  Viber Link           ➡️ https://tinyurl.com/bdh2z26u

📱 Telegram Phone ➡️ 09898867303
📱 Telegram  Link    ➡️ https://t.me/top17998

📱 ​Messenger          ➡️ https://tinyurl.com/top1me

🏅  Channel များ  🏅

📱 Viber        ➡️ https://tinyurl.com/4rbmr3h3

📱 Telegram ➡️ https://t.me/topone117

📱 Facebook ➡️ https://tinyurl.com/top1fb
Please open Telegram to view this post
VIEW IN TELEGRAM
❤1
မချောသုံးယောက် ကိုယ်တစ်ယောက် (၂၀၂၅)

Genres - Comedy, Romance

Yu Ayase
ဟာ အရမ်းနာမည်ကြီးတဲ့ မင်းသမီးရဲ့သားဆိုပေမဲ့ သာမန်ဆန်လွန်းတဲ့ကောင်လေးပါ။ မိခင်ဖြစ်သူဆုံးတဲ့နောက် Yu တစ်ယောက် သူ့အမေရဲ့သူငယ်ချင်းအိမ်မှာနေရဖို့ ဖြစ်လာပါတော့တယ် ၊ ဒါပေမဲ့ အဲ့အိမ်မှာက အရာရာမှာပြည့်စုံပြီး ရုပ်ရည်လည်း ချောမောလှပလွန်းတဲ့ ညီအမသုံးယောက်ရှိနေတာပါပဲ။ နောက်ပြီးတော့ အဲ့ညီအမသုံးယောက်က သူတက်မဲ့ကျောင်းအသစ်မှာ ခေါင်း​ဆောင်လို့ခေါ်နိုင်တဲ့သူတွေပေါ့။ Yu တစ်ယောက် ညီအမသုံးယောက်ရဲ့ အေးစက်စက်နှလုံးသားကို နူးညံ့နွေးထွေးအောင်လုပ်နိုင်ပါ့မလား ၊ သူ့အမေရဲ့နောက်ဆုံးဆန္ဒဖြစ်တဲ့ မိသားစုဘဝလေးရော တည်ထောင်နိုင်မလားဆိုတာကိုတော့

t.me/animeseriesmyanmar/1575
ဖလော်ရာ နှင့် ယူလစ်စီ (၂၀၂၁)

အသက် ဆယ်နှစ်အရွယ် ဖလော်ရာ ဆိုတဲ့ ကောင်မလေးက သူမအဖေ ရေးထားတဲ့ ကောမစ်စာအုပ်တွေဖတ်ရတာကြိုက်ပြီးစိတ်ကူးစိတ်သန်းအပြည့်ရှိတဲ့ ကလေးမလေးဖြစ်ပါတယ်။ တစ်နေ့မှာ ယူလစ်စီ ဆိုတဲ့ ရှဉ့်လေးတစ်ကောင်ကို မထင်မှတ်ဘဲ ကယ်တင်လိုက်တာကနေစတင်ပြီး ထူးဆန်းတဲ့အဖြစ်အပျက်တွေအဖြစ်၊ ရှဉ့်လေးဟာ စွမ်းအားထူးခြားတဲ့ တိရစ္ဆာန်တစ်ကောင်ဖြစ်လာပါတယ်။ နောက်တစ်နေ့မှာတော့ ယူလစ်စီ ကို တိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့က လိုက်လံဖမ်းဆီးဖို့ ကြိုးစားလာတဲ့အခါ ဖလော်ရာ တစ်ယောက် ရှဉ့်ကလေးနဲ့အတူ ထွက်ပြေးဖို့ အခြေအနေမျိုးရောက်လာပါတော့တယ်။ ဇာတ်လမ်းတစ်လျှောက် ယူလစ်စီ ရဲ့ စွမ်းအားတွေနဲ့အတူ စွန့်စားခန်းလေးတွေ၊ မျှော်လင့်ခြင်းနဲ့ မေတ္တာ၊ မိသားစုအပေါ်အချစ်၊ ကလေးလေးတွေရဲ့သဘာဝအမြင်တွေကို ရယ်စရာကောင်းကောင်း၊ သံယောဇဉ်တွေထိထိနဲ့ မြင်တွေ့ခံစားရမှာဖြစ်ပါတယ်။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/325
Please open Telegram to view this post
VIEW IN TELEGRAM
ကိုယ့်ရဲ့ ပိုနီလေး - မျိုးဆက်သစ် (၂၀၂၁)

ဟိုးရှေးရှေးတုန်းကပေါ့ ပိုနီ လို့ ခေါ်ကြတဲ့ မြင်းပုမျိုးနွယ်စုလေး သုံးခုရှိကြတယ်။ အာ့သ်ပိုနီ လို့ ခေါ်တဲ့ မြေလျှောက်မြင်းပုလေးတွေရယ်၊ ယူနီကွန်း လို့ ခေါ်တဲ့ မှော်စွမ်းအား သုံးနိုင်တဲ့ ဦးချိုတစ်ချောင်း မြင်းပုလေးတွေရယ်၊ ပဲဂစိုက် လို့ ခေါ်တဲ့ မြင်းပုပျံလေးတွေရယ်ပေါ့။ သူတို့ဟာ လက်ရှိကာလမှာတော့ မျိုးနွယ်စုတွေက တစ်ခုနဲ့တစ်ခု မတည့်ကြဘဲ အချင်းချင်း ကြောက်ရွံ့နေကြတယ်။ ဘာအကြောင်းကြောင့် စည်းလုံးမှု ပြိုကွဲပြီး အချင်းချင်း ကြောက်နေကြမှန်း မသိရပေမယ့် အတိတ်ကာလတုန်းက သိပ်စည်းလုံးပြီး မိတ်ဆွေကောင်းတွေဖြစ်ဆက်ဆံရေးခိုင်မာကြတယ်လို့ ယုံကြည်တဲ့ အာ့သ်ပိုနီ ကတော့ ရှိနေခဲ့တယ်။ သူ့ရဲ့ ယုံကြည်မှုကို သူ့သမီးဖြစ်တဲ့ ဆန်နီ လေးကို လက်ဆင့်ကမ်းရင်း ညအိပ်ယာဝင်ပုံပြင်တွေအဖြစ် ပြောပြခဲ့တယ်။ အဲဒီပုံပြင်တွေအပေါ် ယုံကြည်သက်ဝင်တဲ့ ဆန်နီ လေးတစ်ယောက် အခြားမျိုးနွယ်စုတွေကို လိုက်ရှာရင်း သူ့အဖေ ယုံကြည်ခဲ့တဲ့ ပြန်လည်ပေါင်းစည်းရေးအတွက် ကြိုးပမ်းရင်း ဒီစွန့်စားခန်းလေး ဖြစ်ပေါ်လာတော့တာပါပဲ။ ဒီကားလေးထဲက သီချင်းတွေ အရမ်းကောင်းတယ်။

t.me/cartoonmoviesmms/757
အိမ်မွေးတိလေးများ၏ လျှို့ဝှက်ချက်မှား (၂၀၁၆)

ဂျက် ရက်ဆယ် တဲရီယာ အမျိုးအစား ခွေးလေး မက်စ် ဟာ သူ့သခင်မလေး ကေတီ နဲ့အတူ မန်ဟက်တန်မြို့မှာ ပျော်ရွှင်စွာ နေထိုင်နေရင်း တစ်နေ့မှာ ကေတီ ဟာ ပိုင်ရှင်မဲ့ခွေးလေး ဒျူးခ် ကို အိမ်ကိုခေါ်လာတဲ့အခါ၊ မက်စ် နဲ့ ဒျူးခ် တို့နှစ်ကောင် ရန်ဖြစ်ရာကနေ လူတွေရဲ့ စွန့်ပစ်ခံ မြေအောက်အိမ်မွေးတိရစ္ဆာန်ဂိုဏ်းကြီးနဲ့ သူတို့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ စနိုးဘော နဲ့ တွေ့ဆုံရင်း ပြဿနာတွေ အကြီးအကျယ် တက်လာပါတော့တယ်။ အဲ့အချိန်မှာပဲ မက်စ် ကို ချစ်နေတဲ့ အဖြူရောင် ပိုမီရေးနီယန် ခွေးမလေး ဂျစ်ဒ် ကလည်း မက်စ် ကိုကယ်ဖို့ သူ့ရဲ့ မိတ်ဆွေတိရစ္ဆာန်တွေနဲ့အတူ စွန့်စားခန်းတစ်ခုဖြစ်အောင် ချီတက်လာတဲ့အခါမှာတော့ ပျော်စရာ၊ရယ်စရာနဲ့ ချစ်စရာအပြည့်ရှိတဲ့ အိမ်မွေးတိရစ္ဆာန်လောကကြီးကို ရင်ခုန်သွားစေမှာပါ။

t.me/cartoonmoviesmms/759
🎲Sein City Gaming🎲

💎💎💎

ငွေကြေးပိုင်းအတွက်သာမက ကိုယ်တိုင်လုံခြုံစိတ်ချရမယ့် Gameတစ်ခုကို ဆော့ကစားချင်တယ်ဆိုရင်တော့ SeinCity မှာအခုပဲ အကောင့်ဖွင့်ပြီးကစားနိုင်ပါပြီ🎮💁❤️
ďťż
❤️Thai 2D
80ဆ
❤️Myanmar 2D 80ဆ
❤️3D အဆ700၊သွပ်ပတ်လည်ဆယ်ဆ
🎮လေးကောင်ဂျင်၊ခြောက်ကောင်ဂျင်
♠ဖဲဂိမ်း၊ရှမ်းကိုးမီး၊ပိုကာ
🐋ငါးပစ်ဂိမ်း
🎰စလော့ဂိမ်း
⚽️Bti Sport
စတဲ့ဂိမ်းပေါင်း(200)ကျော်💸

Seincity Download link👇
https://www.mmhotapp.com/seincity_download/

တိုက်ရိုက်ဆော့ကစားရန်Link🎮
https://www.seincity.com/

Viber☎09974586879,09974586919

Facebook Page📱https://bit.ly/4c85UrA

SeinCity telegram Link👇
https://t.me/seincitygaming

#SeinCityGaming
အိမ်မွေးတိလေးများ၏ လျှို့ဝှက်ချက်မှား ၂ (၂၀၁၉)

ဒီဇာတ်လမ်းမှာတော့ မက်စ် ရဲ့ သခင် ကေတီ ဟာ ချပ်ခ် နဲ့ အိမ်ထောင်ရေးတစ်ဖက်တစ်လမ်းတင်ပြီး လီယန် ဆိုတဲ့ သားလေးတစ်ယောက်ကို မွေးခဲ့ပါတယ်။ ကလေးမချစ်တတ်တဲ့ မက်စ် တစ်ယောက် လီယန် နဲ့ တွေ့တဲ့အခါ မက်စ် တစ်ယောက် လီယန် ကို ချစ်သွားပါတော့တယ်။ ဒီဇာတ်လမ်းမှာ မက်စ် ဟာအစိုးရိမ်ကြီးလွန်းတဲ့ စိတ်ရောဂါဝင်လာပြီးတော့ အရာရာကို ကြောက်နေတတ်ပါတယ်။ သူချစ်တဲ့ လီယန် လေးကိုလည်း အရမ်းတွေ စိုးရိမ်ပါတယ်။ ကေတီ ဟာ မက်စ် ကို တိရစ္ဆာန်ဆရာဝန်နဲ့ ပြသပြီးတဲ့အခါမှာတော့ မက်စ် တို့ဟာ နယ်ဘက်ကို ခရီးထွက်ဖြစ်ခဲ့ပါတယ်။ မက်စ် ရဲ့ အစိုးရိမ်လွန်၊ အကြောက်လွန်တဲ့ ရောဂါဟာ ပျောက်နိုင်ပါ့မလား။ တစ်ချိန်ထဲမှာပဲ ယုန်ဆိုးလေး စနိုးဘော ဟာ ကပ္ပတိန် စနိုးဘော အနေနဲ့ ပါဝင်လာဦးမှာပါ။ ကြောင်မလေး ဒေစီ ရဲ့ အကူအညီတောင်းချက်အရ ကျားဖြူကြီး ဟူ ကို ဆပ်ကပ်ဆရာကြီး လက်ကနေ ကယ်တင်ဖို့ ကြိုးစားပါတော့တယ်။ နယ်ကို ရောက်နေတဲ့ မက်စ် တို့ အိမ်ပြန်လာတဲ့အခါမှာ စနိုးဘော တို့ရဲ့ စစ်ဆင်ရေးကြိးကို ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုတာကို ဒီဇာတ်လမ်းထဲမှာ တွေ့ရမှာပါ။

t.me/cartoonmoviesmms/761
❤1
ဉာဏ်ကြီးရှင် (၂၀၁၀)

“သူရဲကောင်းဆိုတာ မွေးဖွားလာတာလား၊ ပြောင်းလဲဖြစ်လာတာလား” ဆိုတဲ့ မေးခွန်းကို ရိုးရှင်းသလောက် အတွေးရစေတဲ့အနေနဲ့ ထုတ်ဖော်ပြသနိုင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်လို့ မကြည့်ရသေးသူများအတွက် တကယ်သင့်လျော်ပါတယ်။

t.me/cartoonmoviesmms/763
❤1
အိမ်ပျောက်သူများ (၂၀၂၁)

ဒီရုပ်ရှင်ရဲ့အမျိုးအစားက Animated Documentary ပါ။ ဒီလိုအမျိုးအစားရုပ်ရှင်တွေက မရှားပေမဲ့ မပေါလှပါဘူး။ သူ့ပုံစံကတော့ ဖြစ်ရပ်မှန်တွေကို Animation နဲ့ ပြသပြီး Documentary ရိုက်ထားတဲ့ အခန်းလေးတွေပါ ကြားညှပ်ပြသွားတဲ့ ပုံစံပါပဲ။ ဖလီး မှာတော့ အခြေအနေ အကြောင်းကြောင်းကြောင့် Animation ဘက် ပိုအားသာပါတယ်။ ပြောရရင် ဆယ်စက္ကန့်လောက် ဆယ်ခန်းစာဝန်းကျင်ကလွဲရင် လုံးဝ Animation သက်သက်ပါပဲ။ Documentary ဆိုပေမဲ့ ဒါရိုက်တာရဲ့ တင်ဆက်ပြသပုံကောင်းတော့ Animation ကောင်းကောင်း တစ်ကားကြည့်နေရသလိုပါပဲ။ ပျင်းစရာတစ်ကွက်မှ မရှိတဲ့အပြင် ဖြစ်ရပ်မှန်တွေဖြစ်တဲ့အတွက် ဗဟုသုတလည်း ရစေမှာပါ။ “အိမ်” ဆိုတာ ကြောက်ရွံ့မှုကင်းစေတဲ့နေရာ ။ သေချာတာတော့ “အိမ်” ဆိုတာ ယာယီခိုလှုံရတဲ့နေရာမဟုတ်တဲ့ အမြဲတစေနွေးထွေးနေတဲ့နေရာပေါ့ ။ ဒီဇာတ်လမ်းကတော့ အဲဒီအိမ်ကို ပျောက်ရှခဲ့ရတဲ့ သူတွေရဲ့ အကြောင်းပါပဲ။

အညွှန်းအပြည့်အစုံဖတ်ရန်နှိပ်ပါ

ဇာတ်ကားလင့် ➡️ t.me/cartoonmoviesmms/765
Please open Telegram to view this post
VIEW IN TELEGRAM
ဇီးကွက်လေးနှစ်ကောင် (၂၀၁၀)

ဆောရန် နဲ့ ကလတ် ဆိုသူတွေက အသိုက်တစ်ခုမှာမွေးဖွားလာတဲ့ ဇီးကွက်ပေါက်လေးနှစ်ကောင်ဖြစ်ပြီး၊ တစ်ယောက်ကတော့ စိတ်ထားနူးညံ့ပြီး ချစ်စရာကောင်းသူဖြစ်သလို၊ အခြားတစ်ယောက်ကတော့ စိတ်ထားကြမ်းတမ်းပြီး ပြင်းပြမှုရှိသူပါ။ စိတ်ဓါတ်နဲ့အမူအရာ မတူညီကြတဲ့ ညီအကိုနှစ်ယောက်ဟာ တစ်နေ့ အသိုက်ကနေ ထွက်ကျပြီး အိမ်ကနေခွဲခွာခဲ့ရပြီး၊ မပျံနိုင်သေးတဲ့ ဇီးကွက်ပေါက်လေးတွေကို စုဆောင်းကာ သူတို့ကို ကျွန်အဖြစ်ခိုင်းစားနေတဲ့ သန့်စင်သူများဆိုတဲ့ ဇီးကွက်တိုင်းပြည်ကို ရောက်ရှိလာကြပါတယ်။ ဆောရန်နဲ့ ကလတ် နှစ်ယောက် ဘယ်လို ဆက်ဖြစ်ကြမလဲ၊ ဘယ်လို ပြဿနာတွေကို ရင်ဆိုင်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပြီး၊ စိတ်ဓါတ်ခွန်အားအများကြီးပေးစွမ်းနိုင်တဲ့ ဒီဇာတ်ကားလေးကို တင်ဆက်ပေးလိုက်တာပါ။

t.me/cartoonmoviesmms/767
Forwarded from Top One VIP Channel
🏅 🌼🌼🌼 🌼🌼🌼  🏅
အလျော်ကြမ်းတဲ့ သမီးတော်အခန်း👸💸

အဖိုးကြီး
🧸 သမီးတော် 🧸 စလော့ဂိမ်းအစုံ 👋ငါးပစ်  🤩🤩  ရှမ်းကိုးမီး ဘူကြီး ☹️တို့ကို တစ်နေရာတည်းမှာ အကုန်ဆော့ကစားနိုင်ပါပြီရှင့်

👑👑👑

🏅မန်ဘာသစ်ဘောနပ်စ် 1️⃣0️⃣0️⃣😶

🏅နေ့စဉ် ဘောနပ်စ်            5️⃣0️⃣😶

🏅သွင်းတိုင်းရ ဘောနပ်စ်   1️⃣0️⃣😶

ငွေကြေးပိုင်း 
💯  ယုံကြည်စိတ်ချရပြီး
⏰😀😀နာရီပတ်လုံး ဂိမ်းတွေကစားပြီး ငွေပွားမယ်ဆိုရင်တော့ 🌼🌼🌼 🌼🌼🌼 မှာ အခုပဲအကောင့်ဖွင့်လိုက်တော့နော်

🏅  အကောင့်ဖွင့်ရန်  🏅 

📱 Viber Phone        ➡️ 09898867303
📱  Viber Link           ➡️ https://tinyurl.com/bdh2z26u

📱 Telegram Phone ➡️ 09898867303
📱 Telegram  Link    ➡️ https://t.me/top17998

📱 ​Messenger          ➡️ https://tinyurl.com/top1me

🏅  Channel များ  🏅

📱 Viber        ➡️ https://tinyurl.com/4rbmr3h3

📱 Telegram ➡️ https://t.me/topone117

📱 Facebook ➡️ https://tinyurl.com/top1fb
Please open Telegram to view this post
VIEW IN TELEGRAM
❤1