Hana: Anime & Cartoons
41.3K subscribers
6.71K photos
31 videos
4.85K links
For Business Contact 👉 @heinoothwin
Download Telegram
တစ်ချိန်တစ်ခါက ကတိစကား (၂၀၀၄)

ငယ်ငယ်က အမှတ်မထင်ပေးခဲ့မိတဲ့ကတိတစ်ခု ကျွန်တော်တို့သူငယ်ချင်း နှစ်ယောက် နွေကျောင်းပိတ်တိုင်း စစ်တပ်ကန်ထရိုက်တစ်ခုမှာ အလုပ်ဝင်လုပ်ကြတယ်။ ရတဲ့ ဝင်ငွေလေးနဲ့ ကျွန်တော်တို့အိမ်မက် ကို အကောင်အထည်ဖော်ဖို့ကြိုးစားကြတယ်။ ဒါပေမဲ့ ဖြစ်နိုင်ပါ့မလား။ ဘာလို့လဲဆိုတော့ တခြားနယ်စပ်ဒေသရဲ့ ကျွန်းကြီးပေါ်မှာ ထိုးထွက်နေတဲ့ မျှော်စင်ကြီးဆီကို အရောက်ပျံသန်းနိုင်မယ့် လေယာဉ်ပျံတစ်ခုကို တည်ဆောက်နိုင်ဖို့က တစ်နေ့တော့ ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက် အတန်းထဲက ကောင်မလေး ကို ကျွန်တော်တို့ရဲအိမ်မက်အကြောင်း ပြောပြမိတယ်။ သူကလည်း အရမ်းတက်ကြွနေပြီး သူ လည်းလိုက်ချင်တယ်၊ ခေါ်သွားပေးပါလို့ ဆိုလာခဲ့တယ်။ အဲ့လိုနဲ့ ကျွန်တော်တို့သူငယ်ချင်းသုံးယောက် ကတိတစ်ခုပြုခဲ့ကြတယ်။ အဲ့မျှော်စင်ကြီးဆီကို သုံးယောက်အတူတူပျံသန်းသွားကြမယ်လို့ ။ ဒါပေမဲ့ နောက်သုံးနှစ်ကြာတော့။

t.me/cartoonmoviesmms/769
❤1
Crush လေးတွေအတွက်သီချင်းတောင်းဆိုလို့ရနိုင်ရန် Hana ရဲ့ Music channel လေးတွေကို join လိုက်ပါနော် 💕🎉

https://t.me/hanamusicplaylist
Please open Telegram to view this post
VIEW IN TELEGRAM
❤1
ဒိုရေမွန် - အန္တာတိက စွန့်စားခန်း (၂၀၁၇)

ဒိုရေမွန် နဲ့ နိုဘီတ ဟာ ဂျပန်နိုင်ငံနွေရာသီရဲ့ ပူပြင်းလွန်းတဲ့ရာသီဥတုကို မခံနိုင်တော့တာကြောင့် တောင်ပစိဖိတ်သမုဒ္ဒရာရဲ့ ဧရာမရေခဲတောင်ဆီကို လာခဲ့ကြပါတယ်။ ဒီကနေ ရွှေကွင်းကလေးတစ်ကွင်းကို ရှာတွေ့သွားပြီး သူ့ပိုင်ရှင်ကို လိုက်ရှာရာကနေ ပျောက်ဆုံးနေတဲ့ အတ္တလန်တစ်မြို့တော်နဲ့ ဆက်စပ်မိသွားခဲ့ပါတယ်။ ဒီလိုနဲ့ မှော်အိတ်လေးထဲကနေ လိုတာမှန်သမျှ ထုတ်လို့ရတဲ့ ဒိုရေမွန်နဲ့ သူ့ရဲ့ သူငယ်ချင်းတစ်စု၊ ပျောက်ဆုံးနေတဲ့ မြို့တော်ကို ရှာဖွေရင်း ဘယ်လိုအန္တရာယ်မျိုးစုံကို ဖြတ်ကျော်ရမလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမယ့် ကာတွန်းကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ထွက်သမျှ ဇာတ်ကားတိုင်းမှာ ပရိတ်သတ်တွေကို စိတ်မပျက်စေခဲ့တဲ့ ဒိုရေမွန်၊ ဒီတစ်ခေါက်မှာလည်း ချစ်စရာ Animation များနဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုခံစားပေးကြပါဦး။

t.me/cartoonmoviesmms/771
❤2
မပြောင်းလဲသောမြို့ကလေး (၂၀၂၃)

အဲဒီမြို့ကလေးမှာ လူတွေဟာ ဘယ်တော့မှ ရုပ်ရော နာမ်ရောပြောင်းလဲမလာကြဘူး။ ဒီအဖြစ်တွေဟာ မြို့ကလေးရဲ့ကောင်းကင်မှာ အက်ကွဲကြောင်းတွေပေါ်လာပြီး ဒီမြို့ကလေးရဲ့ အချက်အချာ စတီးစက်ရုံကြီးကို နတ်ဘုရားတွေ ဝင်စီးရာက စတယ်။ ဒီစတီးစက်ရုံကြီးက တစ်မြို့လုံးက လူတွေအားလုံးကို အလုပ်ပေးထားတဲ့နေရာတစ်ခု။ ကောင်းကင်မှာ အက်ကွဲကြောင်းတွေပေါ်လာပြီး တစ်ခုသောမနက်မှာ စတီးစက်ရုံကြီးဟာ ဘယ်သူမှ ဝင်လည်ပတ်ပေးစရာမလိုဘဲ သူ့ဘာသာ လည်ပတ်နေတော့တယ်။ စက်ရုံက အဓိကထုတ်ပေးတာက ဝံပုလွေလို သဏ္ဍာန်ရှိတဲ့ မီးခိုးတွေပေါ့။ အဲဒီမီးခိုးတွေက အလုပ်၂ခုလုပ်တယ်။ တစ်ခုက ကောင်းကင်က အက်ကွဲကြောင်းကိုဖာတာ၊ တစ်ခုက လူတွေကို ပျောက်ကွယ်အောင်လုပ်တာ။ ဘယ်လိုလူတွေကိုပျောက်ကွယ်အောင် လုပ်သလဲဆိုရင်တော့ ခံစားချက်ရှိတဲ့လူတွေကို။ အဲဒီမြို့ကလေးက လူတွေဟာ ခံစားချက်ရှိနေလို့မရဘူး။ ခံစားချက်မရှိ

အညွှန်းဆက်ဖတ်ရန် နှိပ်ပါ

ဇာတ်ကားလင့် ➡️ t.me/cartoonmoviesmms/773
Please open Telegram to view this post
VIEW IN TELEGRAM
❤1
နတ်မင်းတွေရဲ့ ကလေးငယ် (၂၀၂၁)

အသက်အသက်ဆယ်နှစ်နှစ်အရွယ်ဖြစ်သူ ခါနာ က နတ်မင်းတွေရဲ့မျိုးဆက်တစ်ဦးပါ။ သူမရဲ့အမျိုးတွေဟာ မျိုးဆက်အလိုက် လက်ဆောင်ပဏ္ဏာပိုတဲ့ တာဝန်ကိုထမ်းဆောင်ရပါတယ်။ အီဇူမိုနတ်သဘင်ပွဲတော်ဆိုရင် ဂျပန်တစ်နိုင်ငံလုံးက နတ်မင်းတွေရဲ့လက်ဆောင်ကို အီဇူမိုနတ်ကွန်းထိ သယ်ဆောင်ပေးရတာပါ။ ခါနာ မေမေက ဒီတာဝန်ကိုထမ်းဆောင်ရမှာဆိုပေမယ့် သူမသေဆုံးသွားတဲ့အခါ ဒီတာဝန်က ခါနာ့ပခုံးပေါ်ရောက်လာခဲ့ပါတယ်။ ခါနာ ကလည်း နတ်သဘင်ပွဲပြုလုပ်တဲ့ ခရီးအဆုံးမှာ သူမအမေကိုတွေ့နိုင်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ ဒီခရီးကို တက်ကြွစွာသွားပါတော့တယ်။ ဒါပေမဲ့ မမျှော်လင့်တဲ့အဖြစ်အပျက်တွေ၊ မမျှော်လင့်ဘဲ ရခဲ့တဲ့သူငယ်ချင်းနှစ်ယောက်နဲ့ အမေဆုံးပြီးကတည်းမပြေးနိုင်ခဲ့တဲ့ ခါနာ တစ်ယောက် ပြန်ပြေးနိုင်ပါ့မလားဆိုတာကို ဆက်ကြည့်ပေးကြပါဦးနော်။

t.me/cartoonmoviesmms/775
❤1
🎲Sein City Gaming🎲

💎💎💎

ငွေကြေးပိုင်းအတွက်သာမက ကိုယ်တိုင်လုံခြုံစိတ်ချရမယ့် Gameတစ်ခုကို ဆော့ကစားချင်တယ်ဆိုရင်တော့ SeinCity မှာအခုပဲ အကောင့်ဖွင့်ပြီးကစားနိုင်ပါပြီ🎮💁❤️
ďťż
❤️Thai 2D
80ဆ
❤️Myanmar 2D 80ဆ
❤️3D အဆ700၊သွပ်ပတ်လည်ဆယ်ဆ
🎮လေးကောင်ဂျင်၊ခြောက်ကောင်ဂျင်
♠ဖဲဂိမ်း၊ရှမ်းကိုးမီး၊ပိုကာ
🐋ငါးပစ်ဂိမ်း
🎰စလော့ဂိမ်း
⚽️Bti Sport
စတဲ့ဂိမ်းပေါင်း(200)ကျော်💸

Seincity Download link👇
https://www.mmhotapp.com/seincity_download/

တိုက်ရိုက်ဆော့ကစားရန်Link🎮
https://www.seincity.com/

Viber☎09974586879,09974586919

Facebook Page📱https://bit.ly/4c85UrA

SeinCity telegram Link👇
https://t.me/seincitygaming

#SeinCityGaming
❤1
တစ်စက္ကန့်မှာ ၅ စင်တီမီတာ (၂၀၀၇)

ချယ်ရီပွင့်ဖတ်လေးတွေ အပင်ပေါ်ကနေ မြေပြင်အထိ ကြွေကျတဲ့အရှိန်က ၁ sec မှာ ၅ စင်တီမီတာနှုန်း ရှိတယ်တဲ့။ ဦးတည်ချက်ရှိတဲ့ လားရာတွေက ဘယ်လောက်အချိန်တွေကြာပါစေ တစ်ချိန်ချိန်မှာ လိုရာခရီးကို ရောက်နိုင်ဦးမှာပဲ မဟုတ်လား။ Massage တွေ ထောင်ချီအပြန်အလှန်ပို့နေခဲ့ပေမယ့် နှလုံးသားတွေ တစ်စင်တီမီတာလောက်တောင် နီးမလာတဲ့အခါ၊အချိန်တွေအကြာကြီး စောင့်ဆိုင်းခဲ့ရပေမယ့်မျှော်လင့်တဲ့သူ ပြန်မလာတဲ့အခါ၊ အများကြီး ကြိုးစားခဲ့ပေမယ့် ကြိုးစားမှုတွေ အရာမထင်ခဲ့တဲ့အခါတွေမှာရော ငါတို့ လားရာမရှိတဲ့မျှော်လင့်ချက်ယာဥ်တွေကို လွတ်တင်နေမိသလိုပဲ မဟုတ်ဘူးလား။ တစ်ခါတစ်လေကျရင် လူတွေက ကိုယ့်ရဲ့အဝေးကိုမျှော်နေရင်း ဘေးကကိုယ့်ကိုတန်ဖိုးထားတဲ့သူတွေ၊ အရာတွေကိုသတိမထားမိတတ်ကြဘူးလေ။ တစ်ဖက်က ပြန်တွေးကြည့်ရင်တော့ ချယ်ရီပွင့်ဖတ်လေးတွေကမြေပြင်ကိုပဲ ဦးတည်ပြီး သွားနေတာလား၊ ဒါမှမဟုတ် မိခင်အပင်အကိုင်းအခတ်တွေဆီကပဲ တစ်စက္ကန့်မှာ ၅ စင်တီမီတာနှုန်း ဝေးကွာခဲ့တာပဲလား။ ဘယ်သူသိနိုင်မလဲ

t.me/cartoonmoviesmms/777
❤1💘1
ဖိနပ်များ (၂၀၂၅)

ဇာတ်ကားလေးကတော့ စနီကာ ချစ်သူတွေဖြစ်ကြတဲ့ စနီကာဟဒ် တွေဆိုပိုလို့တောင်အကြိုက်တွေ့ဦးမယ့် Animation ကားလေးဖြစ်ပါတယ်။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/129
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Top One VIP Channel
🏅 🌼🌼🌼 🌼🌼🌼  🏅 မှာ
သိန်း
🟢🤩 ထုတ်သွားသော မန်ဘာလေး🤑🤑

အဖိုးကြီး
🧸 သမီးတော် 🧸 စလော့ဂိမ်းအစုံ 👋ငါးပစ်  🤩🤩  ရှမ်းကိုးမီး ဘူကြီး ☹️တို့ကို တစ်နေရာတည်းမှာ အကုန်ဆော့ကစားနိုင်ပါပြီရှင့်

👑👑👑

🏅မန်ဘာသစ်ဘောနပ်စ် 1️⃣0️⃣0️⃣😶

🏅နေ့စဉ် ဘောနပ်စ်            5️⃣0️⃣😶

🏅သွင်းတိုင်းရ ဘောနပ်စ်   1️⃣0️⃣😶

ငွေကြေးပိုင်း 
💯  ယုံကြည်စိတ်ချရပြီး
⏰😀😀နာရီပတ်လုံး ဂိမ်းတွေကစားပြီး ငွေပွားမယ်ဆိုရင်တော့ 🌼🌼🌼 🌼🌼🌼 မှာ အခုပဲအကောင့်ဖွင့်လိုက်တော့နော်

🏅  အကောင့်ဖွင့်ရန်  🏅 

📱 Viber Phone        ➡️ 09898867303
📱  Viber Link           ➡️ https://tinyurl.com/bdh2z26u

📱 Telegram Phone ➡️ 09898867303
📱 Telegram  Link    ➡️ https://t.me/top17998

📱 ​Messenger          ➡️ https://tinyurl.com/top1me

🏅  Channel များ  🏅

📱 Viber        ➡️ https://tinyurl.com/4rbmr3h3

📱 Telegram ➡️ https://t.me/topone117

📱 Facebook ➡️ https://tinyurl.com/top1fb
Please open Telegram to view this post
VIEW IN TELEGRAM
ကောင်းကင် နတ်ဆိုးဒဏ္ဍာရီ

နတ်ဆိုးဆိုတိုင်း ဆိုးယုတ်သူတဲ့လား။ နတ်ဆိုတိုင်း သူတော်ကောင်းတဲ့လား။ အရာအားလုံးက ကံကြမ္မာအလိုကျတဲ့လား

လူဆိုးလူမိုက်တွေကြားမှာ ကြီးပြင်းလာခဲ့တဲ့ ကြမ္မာဆိုးလူငယ်လေးဟာ နတ်ကျင့်ကြံရေးလောကထဲကို ၀င်ရောက်လာတဲ့အခါ

နတ်နဲ့ နတ်ဆိုးအတွေးတွေရောယှက်နေတဲ့ သူ့ဦးနှောက်ထဲမှာ သေခြင်း ရှင်ခြင်းဆိုတာမရှိ ၊နတ်ဆိုးနဲ့ နတ်ဆိုသည်မှာမရှိ ၊ကံကြမ္မာကို မယုံကြည်တဲ့ လူငယ်လေး

လောကနိယာမကို ပြောင်းပြန်လှန်ပြီး သမိုင်းမှာ လူတိုင်းရဲ့အံ့ဖွယ်ဒဏ္ဍာရီတစ်ပုဒ်ဖြစ်လာစေမဲ့ လူငယ်လေး

t.me/animeseriesmyanmar/1327
❤2
စကားလုံးဥယျာဉ် (၂၀၁၃)

အာကီဇုကီ တာကာအို ဆိုတာက ဖိနပ်လုပ်သမားဖြစ်ချင်တဲ့ ၁၅ နှစ်အရွယ်ကောင်လေး။ သူ့စိတ်ထဲ ဖိနပ်တွေဖန်တီးဖို့ပဲ ရှိတယ်။ ဘယ်လိုဖန်တီးရမလဲဆိုတာပဲ စိတ်ကူးနေ တွေးနေတတ်တဲ့သူ။ မိုးရွာတဲ့နေ့တွေဆို ကျောင်းပြေးပြီး သူထိုင်နေကြနေရာမှာ ဖိနပ်ဒီဇိုင်းတွေ ထိုင်ဆွဲနေကြ။ တစ်နေ့ အဲ့ဒီနေရာမှာပဲ မမ တစ်ယောက်နဲ့ စတွေ့လေရဲ့။ မမနာမည်က ယူကီနို ယူကာရီ တဲ့၊ ၂၇ နှစ်အရွယ် အစ်မကြီးပေါ့။ စတွေ့တုန်းကတော့ မသိလိုက်မသိဘာသာနေပေမဲ့ တွေ့ပါများတော့ ရင်းနှီးသွားကြတယ်။ နှစ်ယောက်စလုံးက ကိုယ့်အပူနဲ့ ကိုယ်ရှိနေကြတဲ့သူတွေ။ ရင်းနှီးလာတာနဲ့အမျှ တစ်ယောက်ကိုတစ်ယောက် ဖေးမဖို့ ကူညီပေးဖို့ စူးစမ်းဖို့ လုပ်လာကြတယ်။ ဒီနေရာမှာ သူတို့ရဲ့ကဗျာတွေ စကားလုံးတွေက အဖြေတွေရှာဖို့ ဖြစ်လာခဲ့တယ်။ ပြန်ခါနီး နှုတ်ဆက်တဲ့အခါ ကဗျာတစ်ပုဒ်လောက်ကို ချန်ထားပြီး အဖြေရှာစေခဲ့တယ်။ သူတို့နှစ်ယောက်ကြားက ပတ်သက်မှုက စကားလုံးတွေအများကြီးပေါက်ဖွားလာခဲ့ကြတယ်။ ဒါပေမဲ့ လောကကြီးက ဘယ်အရာမှ ကိုယ်ဖြစ်စေချင်သလိုဖြစ်နိုင်တာမဟုတ်ဘူးလေ။ ဒါကို ဒီလူသားနှစ်ဦးလည်း ကြုံတွေ့လာခဲ့ရတဲ့အခါမှာတော့ ထိရှပြင်းထန်တဲ့ စကားလုံးတွေ ပွင့်အန်လာကြပြီး။

t.me/cartoonmoviesmms/779
❤2
ပိုကီမွန် (၁၉၉၉)

ဒဏ္ဍာရီလာ ပိုကီမွန် များဖြစ်သော မော့ထရိစ်, ဇပ်ဒေါ့ နဲ့ အာ့တစ်နို တို့ရဲ့ မီး၊ ရေခဲ၊ မိုးကြိုးဟန်ချက်ပျက်ယွင်းသွားသောအခါ ကမ္ဘာကြီးကို ကယ်တင်ဖို့ အက်ရှ် နဲ့ သူ့သူငယ်ချင်းတွေကြိုးစားကြတဲ့အကြောင်းလေးပါ။ ဇာတ်လမ်းအစမှာ လောရင့်စ် သည် ဒဏ္ဍာရီလာ ပိုကီမွန် များကို စုဆောင်းကာ လူဂျီယာ ကို ဖမ်းဆီးရန်ကြိုးပမ်းနေခဲ့တယ်။ လောရင့်စ် က မော့ထရိစ် ကို အလွယ်တကူ ဖမ်းဆီးနိုင်ခဲ့ပြီး ဇပ်ဒေါ့ ဖမ်းဆီးရန် ကြိုးစားနေစဉ် အက်ရှ် တို့သူငယ်ချင်းအုပ်စုမှာ မုန်တိုင်းမိပြီး ကျွန်းသို့ ရောက်သွားကြသည်။ အဲကျွန်းမှာတွင် နှစ်စဉ်ကျင်းပသော ပွဲတော်၌ အက်ရှ် ကို “ရွေးချယ်ခံရသူ” အဖြစ် သတ်မှတ်ခံရပြီး ဒဏ္ဍာရီလာ ပိုကီမွန် သုံးကောင်၏ ကျွန်းများမှ ပစ္စည်းသုံးမျိုးကို စုဆောင်းရန် တာဝန်ပေးအပ်ခဲ့တယ်။ အဲတာဝန်ကို ကူညီဖို့ မယ်လိုဒီ ဆိုတဲ့ဒေသခံက ကူညီပေးမှာဖြစ်တယ်။ အက်ရှ် နဲ့ သူငယ်ချင်းတစ်သိုက် ပစ္စည်း ၃ မျိုးကို ဘယ်လိုအခက်အခဲတွေကြားကနေ စုဆောင်းရမလဲ။ မျှချေ မတည်မငြိမ်ဖြစ်နေတဲ့ ကမ္ဘာကြီးကိုကော ကယ်တင်သွားနိုင်မလား။

t.me/cartoonmoviesmms/781
အမေရိကန်ပုံပြင် (၁၉၉၁)

အနောက်ပိုင်းမှာ ဟိုးတုန်းက သောင်းကျန်းသူတွေကို ထိန်းချုပ်ခဲ့တဲ့ ဝိုင်လီဘာ့ ဆိုတဲ့ ခွေးအရာရှိကြီးတစ်ယောက် ရှိပါတယ်။ အများက အားထားရတဲ့သူလည်း ဖြစ်တာကြောင့် ကြွက်ကလေး ဖိုက်ဗဲလ် မောက်စ်ကီဝစ် ဟာလည်း သိပ်ကိုအားကျပါသတဲ့။ နယူးရော့ခ်လမ်းကြိုလမ်းကြားမှာနေတဲ့ သူတို့ကြွက်မိသားစုတွေကို တစ်နေ့မှာတော့ ကြောင် ဘော့စ်ကတ် ဦးဆောင်တဲ့ ကြောင်အုပ်စုက လာရောက်ဖျက်ဆီးပါတော့တယ်။ ကြောင်ဆိုး ကတ် အကြံကတော့ ကြွက်တွေကို ဒီလမ်းကြိုလမ်းကြားကနေ ရှင်းထုတ်ကာ အနောက်ပိုင်းကို သွားအောင်လုပ်ဖို့ပဲ ဖြစ်ပါတယ်။ ကြောင်ကြီး ကတ် ရဲ့အကြံကကော ဘာများဖြစ်နေမလဲ။ ဝိုင်လီဘာ့ကို စံထားတဲ့ ကြွက်ကလေး ဖိုက်ဗဲလ် နဲ့ သူ့သူငယ်ချင်း ကြောင်လေး တိုက်ဂါးတို့ကကော ကြွက်တွေကို ကြောင်ဆိုးကြီးရဲ့ အကြံကနေ ကယ်တင်နိုင်ကြမလား

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/327
Please open Telegram to view this post
VIEW IN TELEGRAM
🎲Sein City Gaming🎲

💎💎💎

ငွေကြေးပိုင်းအတွက်သာမက ကိုယ်တိုင်လုံခြုံစိတ်ချရမယ့် Gameတစ်ခုကို ဆော့ကစားချင်တယ်ဆိုရင်တော့ SeinCity မှာအခုပဲ အကောင့်ဖွင့်ပြီးကစားနိုင်ပါပြီ🎮💁❤️
ďťż
❤️Thai 2D
80ဆ
❤️Myanmar 2D 80ဆ
❤️3D အဆ700၊သွပ်ပတ်လည်ဆယ်ဆ
🎮လေးကောင်ဂျင်၊ခြောက်ကောင်ဂျင်
♠ဖဲဂိမ်း၊ရှမ်းကိုးမီး၊ပိုကာ
🐋ငါးပစ်ဂိမ်း
🎰စလော့ဂိမ်း
⚽️Bti Sport
စတဲ့ဂိမ်းပေါင်း(200)ကျော်💸

Seincity Download link👇
https://www.mmhotapp.com/seincity_download/

တိုက်ရိုက်ဆော့ကစားရန်Link🎮
https://www.seincity.com/

Viber☎09974586879,09974586919

Facebook Page📱https://bit.ly/4c85UrA

SeinCity telegram Link👇
https://t.me/seincitygaming

#SeinCityGaming
လရှစ်ဆင်းရဲ့ ဒဏ္ဍာရီ (၂၀၂၃)

ဒဏ္ဍာရီတွေအရ နှစ်ပေါင်း ၅၀၀ ကြာတိုင်းမှာ နတ်ဆိုးဝိဥာဉ်တွေကို ဆက်သွယ်ထိန်းချုပ်နိုင်တဲ့ “စတိ”နတ်စွမ်းအားဟာ မိန်းမပျိုတစ်ဦးရဲ့အသွင်နဲ့ နိုးထလာလိမ့်မယ်လို့ အဆိုရှိခဲ့တယ်။ အဲဒီစွမ်းအားဟာ အရာအားလုံးကို ဖန်တီးနိုင်သလို ဖျက်လည်းဖျက်ဆီးလိုက်နိုင်တာမို့ စကြဝဠာတစ်ခုလုံးရဲ့ ကပ်ဆိုးကြီး တစ်ခုလည်း ဖြစ်လာနိုင်ခဲ့တယ်။ ဝမ်နရာဂြိုဟ်ရဲ့ လမင်းရှစ်စင်း တစ်တန်းတည်းကျပြီး သေဆုံးခြင်းပင်လယ်နဲ့ အပြိုင်ဖြစ်သွားချိန်မှာ “စတိ”စွမ်းအား အမှားဘက်မရောက်အောင် ထိန်းသိမ်းပေးမယ့် မှော်ဝင် စစ်သည်တော်တွေ မွေးဖွားလာလိမ့်မယ်ဆိုတဲ့ ဒဏ္ဍာရီလည်း ရှိနေခဲ့တယ်။ ဒီဒဏ္ဍာရီတွေကို ယုံကြည်ခဲ့တဲ့ စစ်သူကြီး ဆူခရစ်ပ် က မှော်ဝင်စစ်သည်တော်တွေ ဖြစ်လာနိုင်တဲ့ ဝါယု၊ဝေလာ၊ဘူစဘာ ဆိုတဲ့ တပည့်သုံးယောက်ကို စောင့်ရှောက်သင်ကြားပေးခဲ့ပြီး ဝမ်နရာဂြိုဟ်ရဲ့ဘုရင် ဖာလီလက်အောက်ကို ဝေလာ နဲ့ ဘူစဘာ ကို သူလျှိုအဖြစ် စေလွှတ်ခဲ့တယ်။ ဝမ်နရာကို အုပ်ချုပ်သူ အယိုဒယားပြည့်ရှင်ရဲ့ သားတော် ရမ် ရဲ့ မိဖုရားဆီတာ ဟာ နတ်ဆိုးဝိဥာဉ်တွေနဲ့ ဆက်သွယ်နိုင်လာခဲ့တာမို့ “စတိ” စွမ်းအား နိုးထလာတော့မယ်ဆိုတဲ့ ဒဏ္ဍာရီ စတင်လာပါတော့တယ်။

t.me/cartoonmoviesmms/783
လူပုလေး ၇ ယောက် (၂၀၁၄)

လူပုလေး ၇ ယောက်လို့ ပြောလိုက်ရင် ပန်းသီးလေးကိုက်တဲ့ စနှိုးဝှိုက် ဇာတ်လမ်းလေးကို လူတိုင်းမြင်မိကြမှာပါ။ ဒီဇာတ်လမ်းလေးကတော့ ခေတ်သစ် လူပုလေးဇာတ်လမ်းလို့ ပြောရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ မင်းသမီးလေး ရိုစ် အသက် ၁၈ နှစ် မပြည့်ခင် လက်ကို ဆူးစူးခံရရင် မင်းသမီးလေးနဲ့အတူနန်းတော်က လူတွေအားလုံး အိပ်မောကျသွားပြီး မင်းသမီးလေးကို အမှန်တကယ်ချစ်မြတ်နိုးသူကသာ မင်းသမီးလေးကို နမ်းမှ ကျိန်စာပျယ်မယ်လို့ စုန်းမကြီးက ကျိန်ဆိုခဲ့ပါတယ်။ ဒါကြောင့် မင်းသမီးလေးကို သူမရဲ့ဖခမည်းတော်ဘုရင်ကြီးကဆူးထိမခံရအောင် သံချပ်ကာတွေအထပ်ထပ်နဲ့ အသက် ၁၈ နှစ်အထိ ဝတ်ဆင်စေခဲ့ပါတယ်။ သူမရဲ့မွေးနေ့မှာ စုန်းမကြီးရဲ့ ဆူးကို ထိမိပြီး အိပ်မွေ့ကျသွားခဲ့ရာမှ လူပုလေး ၇ ယောက်က သူမရဲ့ ချစ်သူကောင်လေးကို စုန်းမကြီးလက်ထဲကနေကယ်တင်ကာ မင်းသမီးလေးဆီ ပြန်လည်ပို့ဆောင်ပေးခဲ့ပုံတွေကို ရှုစားရမယ့်ဇာတ်လမ်းမျိုး ဖြစ်ပါတယ်။ ယခင် လူပုလေးဇာတ်လမ်းမျိုးနှင့် မတူဘဲ တစ်မူအသွင်ထူးခြားတဲ့ စွန့်စားခန်းများ ဇာတ်လမ်း ဇာတ်ကွက်များကို ခံစားရမှာဖြစ်လို့ အချိန်ပေးကြည့်ရှုဖို့ ထိုက်တန်တဲ့ အန်နီမေးရှင်း ကားကောင်းလေး တစ်ကား ဖြစ်ပါတယ်။

t.me/cartoonmoviesmms/548
❤1
လိပ်နင်ဂျာ (၂၀၀၇)

IMDb - 6.2/10
Genre - Action, Fantasy


လိပ်နင်ဂျာ တို့ရဲ့ ရန်သူတော်ကြီး ရှရက်ဒါ ကို အနိုင်ယူပြီး အချိန်ကို ရိုက်ကူးထားတာပါ။ ရှရက်ဒါ ကို အနိုင်ယူပြီး လီယိုနာဒို က လေ့ကျင့်ရေးလုပ်ဖို့ တောထဲထွက်သွားခဲ့ပါတယ်။ တစ်ဖက်မှာ ကျန်ခဲ့တဲ့ ညီအစ်ကိုသုံးကောင်ကလည်း သူ့နည်း သူ့ဟန်နဲ့ ရှင်သန်ရုန်းကန်နေကြတာပေါ့။ ဒီတစ်ခါ သူတို့ ရင်ဆိုင်ရမဲ့ ရန်သူတော်ကြီးက လွန်ခဲ့တဲ့ နှစ်သောင်းထောင်ကတည်းက အသက်ရှင်နေတဲ့ သူရဲကောင်းဘုရင်ကြီး ရုတ် ပဲဖြစ်ပါတယ်။ သူဟာ ကီကန်ကြယ် ရဲ့ အလန်းတန်းကို အသုံးပြုပြီးဝင်ပေါက်တစ်ခု ဖန်တီးရာကနေ မသေမျိုး ဖြစ်လာခဲ့တာပါ။ တန်ကြေးအနေနဲ့ သူ့ညီအစ်ကိုဗိုလ်ချုပ်လေးယောက်ဟာ ကျောက်ရုပ်တွေ ဖြစ်သွားခဲ့ပါတယ်။ သူဟာ နှစ်သုံးထောင်ကြာ အောင် တစ်ယောက်ထဲ နောင်တတွေနဲ့ ရှင်သန်ပြီး သူ့ညီအစ်ကိုတွေကို အသက်ပြန်သွင်းဖို့ စောင့်နေပါတယ်။ ဝင်ပေါက်ကနေ လွတ်နောက် ထပ်မံဘေးထွက်ဆိုးကျိုးအနေနဲ့ သတ္တဝါကြီး ၁၃ ကောင်ဟာ ကမ္ဘာမြေပေါ်ကို လွတ်ထွက်လာခဲ့ပါတယ်။ သတ္တဝါကြီး ၁၃ ကောင်ကို ပြန်ဖမ်းရင်း သူ့ညီအစ်ကို စစ်ဗိုလ်တွေကို အသက်ပြန်သွင်းမဲ့ ရုတ် ရဲ့ အကြံအစည်ကို လိပ်နင်ဂျာ တွေက တားဆီးမှာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ တိုက်ခိုက်ခန်း ကောင်းကောင်းလေးတွေ ပါတာမို့ ကားကောင်းလေးပဲ ဖြစ်ပါတယ်။

t.me/cartoonmoviesmms/550
❤1👍1
မီရိုင် (၂၀၁၈)

“ကွန်” ဆိုတဲ့ ၄ နှစ်သားအရွယ်ကလေးလေးတစ်ယောက်၊ မိဘမေတ္တာတွေကို ပုံပြီးရနေတဲ့အချိန်မျိုးမှာမှ သူ့ဘဝထဲကို “မိရိုင်” ဆိုတဲ့ညီမလေးတစ်ယောက် ဝင်ရောက်လာတဲ့အခါ အဖေနဲ့အမေဆီကရနေကြ အာရုံစိုက်မှု အလိုလိုက်မှု စတဲ့ဂရုစိုက်ခံရမှုအားလုံးကလည်း ညီမလေးဖြစ်သူ “မိရိုင်” ဆီ အလိုလိုရောက်ရှိသွားပါတယ်။ ၄ နှစ်သားအရွယ်ကလေးတစ်ယောက်ရဲ့ မနာလိုမှု ဝမ်းနည်းကြေကွဲမှုတွေက ညီမလေး “မိရိုင်” ဆီ ဒေါသအဖြစ် ရောက်သွားပါတယ်။ ဒီလိုမျိုးတစ်ယောက်တည်းအထီးကျန်နေတဲ့ “ကွန်” ဆီကို ညီမဖြစ်သူ “မိရိုင်” ကအနာဂတ်ကနေ လူငယ်အသွင် ရောက်ရှိလာတဲ့အခါ “ကွန်” တစ်ယောက် ဘယ်လိုထူးဆန်းမှုတွေရဲ့ကြုံလာရမလဲ၊ “မိရိုင်” က ဘာလို့ အနာဂတ်ကနေ ရောက်လာရတာလဲ၊ တစ်အိမ်လုံးရဲ့ ဖူးဖူးမှုတ်ခံထားရတဲ့အချိန် ရုတ်တရက် လျစ်လျူရှုခြင်းခံလိုက်ရတဲ့ ကလေးတစ်ယောက်က အနာဂတ်မှာ ဘယ်လိုတွေဖြစ်လာမလဲ။

t.me/hanacartoons/6162
❤4