Hana: Anime & Cartoons
41.5K subscribers
6.73K photos
31 videos
4.75K links
For Business Contact 👉 @heinoothwin
Download Telegram
စူပါဝက်ဝံ (၂၀၁၉)

တောရိုင်းထဲမှာ နေထိုင်ကျက်စားနေတဲ့ ဝက်ဝံသားအဖလေးနှစ်ကောင်။ မိခင်ဖြစ်သူက ဆီဟငယ်ငယ်တုန်းက မှောင်ခိုသမားတွေလာဖမ်းသွားအတွက် မိခင်မဲ့ သားလေးကို အရမ်းချစ်ပါတယ်။ တစ်နေ့မှာ သူတို့သားအဖ နှစ်ယောက်အပေါ် ကံဆိုးမိုးမောင်ကျပြီး တောရိုင်းမှောင်ခိုသမားတွေ ဆီဟလေးကို ဖမ်းသွားပါတော့တယ်။ သားကို ဖမ်းသွားတဲ့ ကားနောက်ကို လိုက်ခဲ့ပေမယ့် မမှီခဲ့ပါ။ ဒီလိုနဲ့ လမ်းပေါ်မှာ တောရိုင်းတိရိစ္ဆာန်တွေကို တရားမဝင် မှောင်ခိုလုပ်နေတဲ့ အဖွဲ့ကို လိုက်လံဖော်ထုတ်နေတဲ့ အေးဂျင့် ဟွန်တို နဲ့ မထင်မှတ်ဘဲ တွေ့ဆုံမိပြီး သူ့သား ဆီဟ ကို ဘယ်လို ကယ်ဆယ်မလဲ ဆိုတာ ဆက်လက် ကြည့်ရှုပေးပါဦး။

t.me/hanacartoons/6307
❤2
ဆူဇူမဲ (၂၀၂၂)

IMDB - 7.8/10
Genre - Adventure


ဆူဇူမဲ ဟာ အဒေါ် နဲ့အတူ နေထိုင်တဲ့ မိဘမဲ့တစ်ယောက်ပါ။ သူငယ်စဉ်တုန်းက အမေသေချိန်မှာ အမေကို လိုက်ရှာရင်း လမ်းပျောက်သွားခဲ့ဖူးပြီး ဘာတွေဖြစ်ပျက်ခဲ့တာလဲဆိုတာကို မမှတ်မိတဲ့သူလည်း ဖြစ်ပါတယ်။ တနေ့မှာတော့ ကျောင်းကို သွားရင်း လမ်းမှာ လူငယ်တစ်ယောက်နဲ့ ဆုံခဲ့ပြီး လူမရှိတဲ့နေရာကို လိုက်ရှာနေကြောင်း၊ တံခါးတစ်ချပ်အကြောင်း မေးသွားခဲ့ပါတယ်။ နောက်တော့ ဆူဇူမဲ ဟာ သိလိုစိတ် ပြင်းလာပြီး အဆိုပါ လူငယ်သွားလောက်တဲ့ လူမရှိတဲ့နေရာဆီကို လိုက်သွားရင်း တံခါးတစ်ချပ်ကို တွေ့သွားခဲ့ပါတယ်။ အဆိုပါတံခါးကို ဆူဇူမဲ ဟာ ဖွင့်လိုက်တဲ့အခါမှာတော့။

t.me/cartoonmoviesmms/606
❤1
ခရစ်စမတ်ကို မုန်းတီးသူ (၂၀၁၈)

IMDB - 6.4/10
Genre - Family, Comedy


ဂရင့်ခ်ျ ကြီးက ခရစ်စမတ်ပွဲကို မုန်းတီးတဲ့သူတစ်ယောက်ပါ။ လူတွေ ခရစ်စမတ်ပွဲအတွက် ပြင်ဆင်နေကြတာကို ကြည့်မရတဲ့အတွက် နောက်တစ်ကြိမ် ပွဲကျင်းပလို့ မရအောင် ခရစ်စမတ်ပျောက်ဆုံးသွားအောင် ကြံတဲ့ဇာတ်လမ်းကို 3D Animation ရုပ်ရှင်အဖြစ် ပြန်လည် သရုပ်ဖော်ထားပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာကောင်းတဲ့ ဇာတ်ကားလေးဖြစ်တဲ့ကြောင့်မိသားစုနဲ့လည်း ကြည့်ဖို့ အထူးသင့်လျော်ပါတယ်။ ကဲ အများကြီး ပြောမနေတော့ပါဘူး၊ မြန်မြန်သာ ဒေါင်းလုပ်ကြပါစို့။

t.me/cartoonmoviesmms/608
👍1
🎲Sein City Gaming🎲

💎💎💎

ငွေကြေးပိုင်းအတွက်သာမက ကိုယ်တိုင်လုံခြုံစိတ်ချရမယ့် Gameတစ်ခုကို ဆော့ကစားချင်တယ်ဆိုရင်တော့ SeinCity မှာအခုပဲ အကောင့်ဖွင့်ပြီးကစားနိုင်ပါပြီ🎮💁❤️
ďťż
❤️Thai 2D
80ဆ
❤️Myanmar 2D 80ဆ
❤️3D အဆ700၊သွပ်ပတ်လည်ဆယ်ဆ
🎮လေးကောင်ဂျင်၊ခြောက်ကောင်ဂျင်
♠ဖဲဂိမ်း၊ရှမ်းကိုးမီး၊ပိုကာ
🐋ငါးပစ်ဂိမ်း
🎰စလော့ဂိမ်း
⚽️Bti Sport
စတဲ့ဂိမ်းပေါင်း(200)ကျော်💸

Seincity Download link👇
https://www.mmhotapp.com/seincity_download/

တိုက်ရိုက်ဆော့ကစားရန်Link🎮
https://www.seincity.com/

Viber☎09974586879,09974586919

Facebook Page📱https://bit.ly/4c85UrA

SeinCity telegram Link👇
https://t.me/seincitygaming

#SeinCityGaming
ကောင်ဆိုးလေးများ (၂၀၂၂)

IMDB - 6.8/10
Genre - Comedy, Adventure


ဒီနှစ်ရဲ့ အကောင်းဆုံး အနီမေးရှင်းရုပ်ရှင်တွေထဲက တစ်ခုဖြစ်တဲ့ လူဆိုးကြီးများအဖွဲ့ လာပါပြီ။ ဇာတ်လမ်းကတော့ သူငယ်ချင်းစိတ်ဓာတ်၊ အကောင်းနဲ့အဆိုး စိတ်လွန်ဆွဲပွဲကို ဇာတ်လမ်းကောင်းကောင်းနဲ့ ဟာသတွေ ရောယှက်ပြီး ဖန်တီးထားတာပါပဲ။ လူတွေအများစု ကြောက်လန့်ကြတဲ့ သတ္တဝါမျိုးစိတ်တွေကို လူဆိုးတွေအဖြစ် ပုံဖော်ပြထားပြီး၊ အဲဒီလူဆိုးအဖွဲ့ကို လူကောင်းပြန်ဖြစ်လာအောင် ကူညီနေတဲ့ ပူးကလေးရယ်ပါပဲ။ လှည့်ကွက်တွေများများ ကြည့်ရအောင်ဇာတ်လမ်းတော့ ပြောမပြတော့ပါဘူး။ နောက်ခံသီချင်းတွေကလည်း အတော်ကောင်းပြီး လှုပ်ရှားမှုတွေရော အသံသရုပ်ဆောင်တွေရော ကောင်းတာမို့ ကိုယ်တိုင် ခံစားကြည့်လိုက်ပါဦး။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/255
Please open Telegram to view this post
VIEW IN TELEGRAM
❤2
လိပ်နင်ဂျာ - သန္ဓေပြောင်းစစ်တပ် (၂၀၂၃)

IMDb - 7.2/10
Genre - Action, Comedy


တိရစ္ဆာန်တွေကို စမ်းသပ်ပြီး သန္ဓေပြောင်း စစ်တပ်တစ်ခု ဖန်တီးချင်တဲ့ အဖွဲ့တစ်ဖွဲ့ကနေ သိပ္ပံပညာရှင် တစ်ယောက်ဟာ ဆေးရည်တွေကို ခိုးယူပြီး သူ့ရဲ့ သန္ဓေပြောင်းကောင်လေးတွေနဲ့အတူ ထွက်ပြေးခဲ့ပါတယ်။ အဲဒီနောက်ကို လိုက်ဖမ်းရင်း တိုက်ပွဲတွေ ဖြစ်ပြီး ဆေးရည်တွေ မြောင်းထဲ ကျသွားရာကနေ ဆရာကြွက်တို့ လိပ်နင်ဂျာလေးဖော်တို့ ဖြစ်လာပါတယ်။ လိပ်နင်ဂျာလေးတွေ ဆယ်ကျော်သက် ဖြစ်လာချိန်မှာ မြောင်းထဲမှာပဲ ပုန်းမနေချင်တော့ဘဲ လူတွေကြားမှာ ဝင်ဆန့်ချင်လာပါတယ်။ သူတို့ကို လူတွေလက်ခံအောင် သူရဲကောင်း ဖြစ်ဖို့ ကြိုးစားရာကနေ စူပါဖလိုင်းဆိုတဲ့ သန္ဓေပြောင်းယင်ကောင် ဗီလိန်ကြီးနဲ့ ရင်ဆိုင်ရပါတော့တယ်။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/27
Please open Telegram to view this post
VIEW IN TELEGRAM
❤1
ဘဲလေးကချေသည်တစ်ဦး (၂၀၁၆)

ဆံပင်အနီရောင်နဲ့ ကလေးမလေးဟာ ဘရစ်တနီက သူတို့ရဲ့ မိဘမဲ့ဂေဟာကနေ သူ့အချစ်ဆုံးသူငယ်ချင်းနဲ့ ထွက်ပြေးသွားခဲ့ပါတယ်။ သူမရဲ့ အိမ်မက်ဖြစ်တဲ့ ဘဲလေးကချေသည်တစ်ဦး ဖြစ်လာဖို့ ရည်ရွယ်ချက်တွေနဲ့ပေါ့။ ကောင်လေးကတော့ နာမည်ကျော်ဂတ်စတာ အိဖဲလ် ရဲ့ အလုပ်သင် တပည့်တစ်ယောက်ဖြစ်လာခဲ့ပြီး ကောင်မလေးကတော့ လူချမ်းသာမိန်းကလေးတစ်ယောက်ရဲ့နာမည်ကို ယူပြီး ကဇတ်ရုံမှာ ဘဲလေးကချေသည်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ အကပညာသင်ယူခွင့်ရဖို့ဆိုတာ ငွေကြေး ပြည့်စုဖို့သာမကပဲ ကြိုးစားအားထုတ်မှုနဲ့မှ ရောက်ရှိနိုင်တဲ့နေရာပါ။ ဖဲလစ်စီ ရဲ့ ချစ်စဖွယ်အကျင့်လေးကပဲ သူမကိုအောင်မြင်တဲ့ဘဝဆီကို ရောက်ရှိအောင် ကူညီပေးခဲ့တယ်ဆိုရပါမယ်။ ရယ်စရာလေးတွေလဲ ဟိုနားဒီနားပါပါသေးတယ်။ ဒါပေမယ့် ဒီနေရာမှာကတော့ မှော်ဆန်တဲ့ အိမ်မက်နဲ့ ကကွက်တွေ ထက်ပိုပါတယ်။ ကကွက်ဖန်တီးရာမှာ ခံစားချက်ကိုပါ ထည့်သွင်းပြီးမှပဲ ပဲရစ်စ့် ကဇတ်ရုံက ဘဲလေးကချေသည်တစ်ဦးရဲ့ အကကို ပိုမိုပြောင်မြောက်လာစေတာပါ။ သူတို့ရဲ့ ရည်မှန်းချက်တွေအကောင်အထည်ပေါ်လာဖို့ ဘာတွေကို ရင်ဆိုင်ရမှာလဲ၊ အခက်အခဲတွေကို ဘယ်လို ဖြတ်ကျော်ကြမှာလဲဆိုတာကို ကြည်နူးဆွတ်ပျံဖွယ် ခံစားကြည့်ရှုကြရမှာပါ။

t.me/cartoonmoviesmms/610
ဂူအောင်းလူသားများ (၂၀ ၁၃)

IMDb - 7.2/10
Genre - Adventure


ဂရုစ် ဆိုတဲ့ ဂူအောင်းလူသားကြီးက သူ့မိသားစု ၆ ယောက်ကို ဘေးရန်တွေကကာကွယ်ပေးပြီး စောင့်ရှောက်လာတာ နှစ်တွေကြာခဲ့ပြီး သမီးလေး အိဗ် တောင် အရွယ်ရောက်ခဲ့ပြီပေါ့။ ဒီအချိန်မှာပဲ ဂိုင်း ဆိုတဲ့ ကျောက်ခေတ်လူသားကောင်လေး တစ်ယောက် ပေါက်ချလာပြီး ကမ္ဘာကြီး ပျက်မယ့် အကြောင်းတွေ ပြောပြပြီး မီးကို စတင်ဖန်တီးပြတော့တာပဲ။ ဂိုင်း က သူတို့နဲ့ မတူတဲ့ အချက်ရှိတယ်၊ သူက မကြောက်တက်သလို တီထွင်ဖန်တီးတတ်တယ်။ ဂရုစ် တို့ အုပ်စုကြတစ်ခုခုဆို ဂူထဲပဲ ပြေးအောင်းတက်ကြတာ၊ ဒီမှာပဲ ဂရုစ် သဘောမကျပေမဲ့ သူ့မိသားစုက ဂိုင်း ရဲ့ လမ်းပြမှုနဲ့ ကမ္ဘာပျက်ဘေးက လွတ်မယ့်နေရာကို စတင်ထွက်ကြတော့တာပဲ။ ဒီဇာတ်လမ်းမှာ ဘာတွေ တွေ့ရလဲဆိုတော့ မိသားစု စိတ်ဓါတ်ရယ်၊ အဖေတစ်ယောက်ရဲ့ စိုးရိမ်မှုတွေ၊ ပူပန်မှုတွေ အပြင် အသက်ရှင်နေထိုင်ဖို့ ဘာက အရေးကြီးလဲ ဆိုတဲ့ သော့ချက်ကို ပြသွားတာ အကြိုက်ဆုံးပါပဲ။

t.me/cartoonmoviesmms/613
Forwarded from Top One VIP Channel
🏅 🌼🌼🌼 🌼🌼🌼  🏅
နတ်သမီးအစွမ်းနဲ့ လန်းချက်
🤩 🟡🟡 သိန်းပွင့်ပြီ 💰

အဖိုးကြီး
🧸 သမီးတော် 🧸 စလော့ဂိမ်းအစုံ 👋ငါးပစ်  🤩🤩  ရှမ်းကိုးမီး ဘူကြီး ☹️တို့ကို တစ်နေရာတည်းမှာ အကုန်ဆော့ကစားနိုင်ပါပြီရှင့်

🏅မန်ဘာသစ်ဘောနပ်စ် 1️⃣0️⃣0️⃣😶

🏅နေ့စဉ် ဘောနပ်စ်            5️⃣0️⃣😶

🏅သွင်းတိုင်းရ ဘောနပ်စ်   1️⃣0️⃣😶

ငွေကြေးပိုင်း 
💯  ယုံကြည်စိတ်ချရပြီး
⏰😀😀နာရီပတ်လုံး ဂိမ်းတွေကစားပြီး ငွေပွားမယ်ဆိုရင်တော့ 🌼🌼🌼 🌼🌼🌼 မှာ အခုပဲအကောင့်ဖွင့်လိုက်တော့နော်

🏅  အကောင့်ဖွင့်ရန်  🏅 

📱 Viber Phone        ➡️ 09898867303
📱  Viber Link           ➡️ https://tinyurl.com/bdh2z26u

📱 Telegram Phone ➡️ 09898867303
📱 Telegram  Link    ➡️ https://t.me/top17998

📱 ​Messenger          ➡️ https://tinyurl.com/top1me

🏅  Channel များ  🏅

📱 Viber        ➡️ https://tinyurl.com/4rbmr3h3

📱 Telegram ➡️ https://t.me/topone117

📱 Facebook ➡️ https://tinyurl.com/top1fb
Please open Telegram to view this post
VIEW IN TELEGRAM
❤1🍓1
ဂူအောင်းလူသားများ ၂ (၂၀၂၀)

IMDb - 6.9/10
Genre - Adventure


ဂိုင်း ဆိုတဲ့ တစ်ကောင် ကြွက်လေးတစ်ယောက် မိဘတွေကွယ်လွန်ခါနီးမှာမနက်ဖြန် ဆိုတဲ့နေရာလေးကို ရှာဖွေရင်း တစ်နေ့မှာ ဂူတွင်း နေထိုင်ကျက်စားကြတဲ့ ခရုစ်မိသားစုနဲ့ တွေ့ပြီး ရင်းနှီးသွားခဲ့ပြီး ခရုစ်မိသားစုရဲ့ သမီးပျိုလေး အိ နဲ့လည်း ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ခရုစ်မိသားစုဟာ ဒီဂူတွေထက်ပိုကောင်းပြီး အစာရေစာပေါများတဲ့ မနက်ဖြန် ဆိုတဲ့နေရာလေးကို ဂိုင်း နဲ့ တူတူ ရှာပုံတော်ထွက်ခဲ့ကြပါတယ်။ ခရီးဆက်ရင်း နတ်ပြည်ကြီးလို လှပပြီး အစာရေစာလည်း ပေါများတဲ့ နေရာလေးတစ်ခုကို ရောက်သွားတဲ့အခါမှာ အဲဒီနေရာဟာ ဂိုင်း မိဘတွေရဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေဖြစ်တဲ့ ဘတ်တားမန်း မိသားစုရဲ့ အိမ်ကြီးဖြစ်နေခဲ့ပါတယ်။ ထို့အပြင် ဘတ်တားမန်း မိသားစုရဲ့ သမီးပျိုလေး ဒေါန် ကလည်း ဂိုင်း ရဲ့ အခင်ဆုံးငယ်သူငယ်ချင်းဖြစ်နေပြီး မိသားစုနှစ်စုရဲ့ မတူညီတဲ့ ယဉ်ကျေးမှုတွေကြောင့် ဘယ်လိုပဋိပက္ခလေးတွေ ဖြစ်လာမလဲ၊ တောရိုင်းတိရစ္ဆာန်တွေကြောင့် ဖြစ်ပေါ်နိုင်တဲ့ အန္တရာယ်တွေကနေ ဘယ်လိုလွတ်မြောက်အောင် ကြံစည်ကြမှာလဲဆိုတာကို မိဘမေတ္တာ၊ သူငယ်ချင်းသံယောဇဥ်လေးတွေနဲ့အတူ ထည့်သွင်း ပုံဖော်ထားပါတယ်။

t.me/cartoonmoviesmms/615
❤2🍓1
စွန့်စွန့်စားစား ခရီးသွား (၂၀၂၀)

ကောင်မလေးတစ်ယောက်ရယ်၊ သူ့ရဲ့ BFF တွေရယ်အပါအဝင် ခွေးကလေးတစ်ကောင်ရယ်ဇာတ်ကောင်အဖြစ်ပါဝင်ထားပါတယ်။ လောဘကြီးတဲ့ လူတစ်စုကြောင့် ဖြိုချဖျက်စီးခံရဖို့အန္တရယ်နဲ့ ရင်ဆိုင်နေရတဲ့ တောင်ကြီးတစ်လုံးကို ကယ်တင်ဖို့ ခရီးလမ်းစွန့်စားရပုံကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ❤️

t.me/cartoonmoviesmms/617
ချစ်စရာ တိရစ္ဆာန်လေးများ (၂၀၂၁)

တိရိစ္ဆာန်လေးတွေအားလုံးက ချစ်ဖို့ကောင်းပါတယ်၊ ဒါပေမယ့် လူတွေက အဆိပ်ပြင်းတဲ့ တိရိစ္ဆာန်တွေဆို မကောင်းဆိုးဝါးတွေလိုတူးတူးခါးခါး မုန်းကြတယ်၊ ကြောက်ကြတယ်။ ဒါပေမယ့် သူတို့ဆီမှာလည်း ကြင်နာတတ်တဲ့ နှလုံးသား၊ရိုင်းပင်းကူညီတတ်တဲ့ စိတ်ဓာတ်ကလေးတွေရှိကြပါတယ်။ ဒါကို ဘက်ခ်တုသ်ဒီအောက်ဘက်ခ် ဆိုတဲ့ ကာတွန်းကားလေးမှာကွက်ကွက်ကွင်းကွင်း မြင်နိုင်မှာပါ။ အဆိပ်ပြင်းတဲ့ မြွေ၊ ပင့်ကူ၊ ကင်းမြီးကောက်၊ ပုတ်သင် အစရှိတဲ့ တိရိစ္ဆာန်လေးတွေဟာ တိရိစ္ဆာန်ရုံထဲမှာမကောင်းဆိုးဝါးတွေအဖြစ် ပြစားခံရပါတယ်။ ဒီထဲမှာမှ ကိုအာလာ လို ချစ်ဖို့ကောင်းတဲ့ကောင်တွေတော့ မပါဘူးပေါ့လေ။ ဒီကားလေးမှာ ဒီတိရိစ္ဆာန်လေးတွေဟာ လှောင်အိမ်ထဲက ရုန်းထွက်ပြီး ဘေးလွတ်ရာကို အသက်စွန့်ပြေးရတဲ့ စွန့်စားခန်းတွေအပြင် သူတို့ဆီမှာ ကန့်လန့်ကန့်လန့်ပါလာတဲ့ ကိုအာလာကိုလည်း ကြည့်ရမှာပါ။ သူကတော့ ထွက်ပြေးချင်တာ မဟုတ်ဘဲ တိရိစ္ဆာန်ရုံထဲမှာပဲ ကျော့ကျော့မော့မော့ နေချင်တဲ့ ငနဲ ဆိုတော့ ဒီထွက်ပြေးမှုမှာ သူက အတိုက်အခံပဲ။ ဒါကြောင့် အဆိပ်ရှိတဲ့ တိရိစ္ဆာန်လေးတွေဟာ လူတွေလက်ထဲက ရုန်းထွက်သွားပြီး သူတို့တွေနဲ့ ထိုက်တန်တဲ့ နေရပ်တစ်ခုမှာ ပျော်ရွှင်စွာ အခြေချသွားနိုင်မလား။

t.me/cartoonmoviesmms/619
❤2
ဗီဗို (၂၀၂၁)

တေးဂီတကို ချစ်မြတ်နိုးတဲ့ ဗီဗို လေးဟာ တစ်နေ့တစ်နေ့ သူ့သခင်နဲ့အတူ လမ်းပေါ်မှာဖျော်ဖြေရင်းနဲ့ နေ့စဉ်အချိန်တွေကို ကုန်မှန်းမသိကုန်ဆုံးခဲ့ကြတယ်။ ဗီဗို လေးအတွက်ပျော်ရတယ်ဆိုပေမဲ့ သူ့သခင်မှာတော့ နာကျင်ကြေကွဲစရာအတိတ်လေးရှိခဲ့ရှာတယ်။ သိပ်ချစ်တဲ့ ကောင်မလေးတစ်ယောက်ကို အကြောင်းကြောင်းကြောင့် ချစ်ခွင့်မပန်ခဲ့ရလို့ ဝေးကွာနေတာပေါ့။ သခင်ဖြစ်သူမှာ ဒီ ကောင်မလေးကို ဘယ်လောက်ချစ်ကြောင်းရေးဖွဲ့ထားတဲ့ သီချင်းလေးရှိမှန်းလည်း သိရော ဆရာတပည့်(၂)ယောက် မိုင်ယာမီ မှာရှိတဲ့ ကောင်မလေး ဆီကို သွားဆိုပြဖို့ ခရီးထွက်ဖို့ စိုင်းပြင်ကြပါတော့တယ်။ အဲ့ဒီနောက်မှာတော့ မမျှော်လင့်ထားတဲ့ကိစ္စတွေ ဆက်တိုက်ဖြစ်လာပါတော့တယ်။

t.me/cartoonmoviesmms/621
🎲Sein City Gaming🎲

💎💎💎

ငွေကြေးပိုင်းအတွက်သာမက ကိုယ်တိုင်လုံခြုံစိတ်ချရမယ့် Gameတစ်ခုကို ဆော့ကစားချင်တယ်ဆိုရင်တော့ SeinCity မှာအခုပဲ အကောင့်ဖွင့်ပြီးကစားနိုင်ပါပြီ🎮💁❤️
ďťż
❤️Thai 2D
80ဆ
❤️Myanmar 2D 80ဆ
❤️3D အဆ700၊သွပ်ပတ်လည်ဆယ်ဆ
🎮လေးကောင်ဂျင်၊ခြောက်ကောင်ဂျင်
♠ဖဲဂိမ်း၊ရှမ်းကိုးမီး၊ပိုကာ
🐋ငါးပစ်ဂိမ်း
🎰စလော့ဂိမ်း
⚽️Bti Sport
စတဲ့ဂိမ်းပေါင်း(200)ကျော်💸

Seincity Download link👇
https://www.mmhotapp.com/seincity_download/

တိုက်ရိုက်ဆော့ကစားရန်Link🎮
https://www.seincity.com/

Viber☎09974586879,09974586919

Facebook Page📱https://bit.ly/4c85UrA

SeinCity telegram Link👇
https://t.me/seincitygaming

#SeinCityGaming
နီမိုလေး၏စွန့်စားခန်း (၁၉၈၉)

ကလေးတိုင်းမှာ စိတ်ကူးအိမ်မက် ကိုယ်စီရှိကြပါတယ်။ ယခုဇာတ်လမ်းလေးထဲမှာတော့ ကောင်လေးတစ်ယောက်ရဲ့ ဆန္ဒတွေ ပြည့်ဝသွားခဲ့‌ေပမယ့် ကိုယ်ဖြစ်ချင်သလို ဖြစ်လာတိုင်း အကောင်းချည်းပဲ ခံစားစံစားနိုင်မှာ မဟုတ်ကြောင်း ပညာပေးထားပါတယ်။ သူစိတ်ကူးယဥ်ထားတဲ့ ကမ္ဘာလေးကို ပထမဆုံး စရောက်စဉ်က အတော်လေး ဝမ်းမြောက်ပျော်ရွှင်ခဲ့ပေမယ့် သူ လာခဲ့တဲ့ ကမ္ဘာအစစ်အတွက် အန္တရာယ်ကျရောက်လာချိန်မှာတော့ ဘယ်လိုကမ္ဘာမျိုးမှာ သူရှင်သန်မှာလဲ၊ ဘယ်လိုကမ္ဘာမျိုးကို သူ ရွေးချယ်သွားမှာလဲ? စိတ်ကူးယဥ်ကမ္ဘာလား၊ လက်တွေ့ကျတဲ့ကမ္ဘာလား။ စိတ်ကူးအိမ်မက်ဆိုတာ ထားရှိသင့်တဲ့အရာဆိုပေမယ့် မဖြစ်နိုင်တာတွေကို မတောင့်တသင့်ကြောင်း၊ အလွယ်တကူ ရယူဖို့ မဖြစ်နိုင်ကြောင်းတွေကို သင်ခန်းစာပေးထားတဲ့ဇာတ်လမ်းမို့လို့ ကြည့်ရှုကြဖို့ တောင်းဆိုပါတယ်။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/259
Please open Telegram to view this post
VIEW IN TELEGRAM
ဂါဖီးလ်ဒ် (၂၀၀၄)

ဇာတ်လမ်းတစ်လျှောက်လုံး ရယ်မောဖွယ်ရာဟာသတွေနဲ့ ဂါဖီးလ်ဒ် လို့ခေါ်တဲ့ အသိဉာဏ်အရမ်းကြွယ်ဝတဲ့ ကြောင်လေး တစ်ကောင်ရဲ့ သရုပ်ဆောင်မှုတွေဟာ အရမ်းကို ပြည့်စုံလွန်းတယ်ထင်ရပါတယ်။ သူ့သခင်နဲ့ သူ့ရဲ့ စကားပြောဆိုဆက်ဆံမှုဟာ ကြောင်နဲ့မတူဘဲ လူတစ်ယောက်ရဲ့ အသိဉာဏ်မျိုးနဲ့ ပြောဆိုမှုတွေဖြစ်တာက ဒီဇာတ်ကား နာမည်ကြီးတဲ့ အဓိကအကြောင်းရင်းထဲက တစ်ချက်ပါပဲ။

t.me/cartoonmoviesmms/623
❤1
ဂါဖီးလ်ဒ် ၂ (၂၀၀၆)

ဂါဖီလ်ဒ် ဆိုတာနဲ့ လိမ္မော်ရောင် ကြောင်ဖက်တီးကို ပြေးမြင်ကြမှာပဲဖြစ်ပါတယ်။ သူ့ရဲ့စကားပြောဟန်တွေနဲ့ ဝနေတဲ့ သူ့ကိုယ်လုံးကြီးက ပရိတ်သတ်တွေကြားမှာ လွန်စွာကို ချစ်စရာကောင်းနေခဲ့ပါတယ်။ ဂါဖီလ်ဒ် ၁ မှာတုန်းက သူဟာ သူ့ရဲ့ သူငယ်ချင်းအသစ်ဖြစ်တဲ့ ခွေးလေး အိုဒီ နဲ့ တွေ့ဆုံခဲ့ပြီးတော့ သူငယ်ချင်းတွေ ဖြစ်လာခဲ့ပါတယ်။ အဲ့နောက်မှာ ခွေးလေး အိုဒီ ကို မကောင်းတဲ့လူတွေလက်ကနေ ပြန်လည်ကယ်တင်ရင်းကနေ သူ့ရဲ့ စွန့်စားခန်းတွေကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ အခုတင်ဆက်ပေးမယ့်အပိုင်းသစ် ဂါဖီလ်ဒ် ၂ မှာတော့ ခွေးလေး အိုဒီ အပြင် သူ့နဲ့ ရုပ်ချင်း လုံးဝတူနေတဲ့ ကြောင်ဘုရင် ဂါဖီလ်ဒ် ပရင့်စ် နဲ့ ထပ်မံတွေ့ဆုံရမှာပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက် ဘယ်လိုတွေ့ဆုံပြီးတော့ ဘယ်လိုတွေ စွန့်စားမှုတွေ လုပ်ကြမလဲ၊ ဘယ်လို ဟာသတွေ ထည့်သွင်းရိုက်ကူးထားလဲ ဆိုတာကတော့ အားလုံး စိတ်ဝင်တစားနဲ့ ကြည့်ရမှာပဲဖြစ်ပါတယ်။

t.me/cartoonmoviesmms/625
❤1
ကြောင်သူခိုး (၂၀၂၂)

ကြောင် နဲ့ ကြွက် တို့အော်ဂီတိုလိုမျိုး စကားပြောနည်းနည်းနဲ့ ရီစရာကာတွန်းကားလေးတစ်ကားပါ။ ပြတိုက်ကို ဖောက်ထွင်းရေး လုပ်မယ့်ကြောင်လေး နေရာကနေ ကြည့်ရှုသူက ဝင်ရောက်ဆော့ကစားသလိုမျိုးလေး တင်ဆက်ပေးထားမလို့ ထူးထူးခြားခြားလဲ ခံစားရမှာပါ။ အဖြစ်အပျက်တစ်ခုတည်းကိုပဲ ဖြစ်နိုင်ခြေတွေအများကြီး ကွဲပြားသွားနိုင်တယ် ဆိုတဲ့ သီအိုရီတွေကိုလည်းထည့်သွင်းတင်ဆက်ထားတာမလို၊ ကြည့်ရင်းဟာသအလွဲတွေနဲ့အတူ ခေါင်းမူးသွားနိုင်လို့ သံပုရာရည်လေး သောက်ပြီးကြည့်ဖို့ အကြံပြုချင်ပါတယ်။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/261
Please open Telegram to view this post
VIEW IN TELEGRAM