Creative Coder Myanmar
1.38K subscribers
546 photos
1 video
102 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
❝Beginner တို့အတွေးမမှားစေဖို့ ဒါတွေဆောင် ဒါတွေရှောင်

°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Web Development နယ်ပယ်ထဲကို စပြီးခြေချမယ်လို့စဉ်းစားနေတဲ့ Beginner လေးတို့အတွက်အတွေးမမှားရအောင် ဆောင်သင့်တာ‌ဆောင်ရှောင်သင့်တာရှောင်ဖို့ ဆက်ဖတ်လိုက်ရအောင် 👀

(၁) ရွေးချယ်မှုပြုလုပ်ပါ။

တစ်ခုခုကိုစလေ့လာဖို့ပြုလုပ်ပြီဆိုထဲက Selfstudy နဲ့သွားမှာလား သင်တန်းတက်ပြီးလေ့လာမှာလားဆိုတာရွေးချယ်ရမှာပါ။ ကိုယ်သွားမဲ့လမ်းကြောင်းကိုဖြောင့်ဖြောင့်တန်းတန်းသိပြီး ဘာဆက်လုပ်ရမယ် ဆိုတာကိုသိတဲ့သူတွေကတော့ သင်တန်းပဲတက်တက် selfstudy ပဲလုပ်လုပ်အဆင်ပြေမှာဖြစ်ပါတယ်။ ဒီလို သိဖို့လည်းမခဲယဉ်းတော့သလို ကိုယ်သိချင်တာတွေကို လျှပ်တစ်ပြတ်အတွင်း သိနိုင်တဲ့ခေတ်ကိုရောက်နေပါပြီ။
ဒီနေရာမှာအကြံပေးချင်တာက ကိုယ်ကအရမ်းကိုစိတ်အားထက်သန်နေတယ်ဆိုရင်တော့ သင်တန်းတစ်ခုခုကိုရွေးချယ်တက်ရောက်ပြီး အချိန်ကိုအကျိုးရှိစွာအသုံးချတာအကောင်းဆုံးပါ။ Selfstudy ကိုတော့ ကိုယ်က Web Development ကိုစိတ်၀င်စားတာမသေချာသေးဘူး စမ်းပြီးလုပ်ကြည့်ချင်တဲ့သူတွေအနေနဲ့ စလုပ်သင့်ပါတယ်။ Selfstudy လုပ်မဲ့ သူတွေကလည်းတိကျသေချာတဲ့ resource တွေ senior တွေကိုချဉ်းကပ်ပြီးသိသင့်တာတွေကိုမေးမြန်းပြီးပြုလုပ်လို့ရပါတယ်။

(၂) Goal တစ်ခုခုချမှတ်ပါ။

တစ်ယောက်နဲ့တစ်ယောက်နဲ့လေ့လာပုံပေါ်မူတည်ပြီး ကိုယ့်ကိုယ်ကိုယ်တစ်ပတ်ကိုဘယ်လောက်လေ့လာမယ် ဆိုပြီး goal ချမှတ်ထားပါ။ ဒီလိုသတ်သတ်မှတ်မှတ်လုပ်ထားခြင်းက ကိုယ်ဘာတွေလေ့လာထားပြီးပြီလဲဆိုတာကိုပြန်ကြည့်ရတာလည်းလွယ်ကူစေပါတယ်။

(၃) မသိတာရှိရင်ရှာဖွေမေးမြန်းပါ။

ရှာဖွေမေးမြန်းဆိုတဲ့နေရာမှာ မသိတာတစ်ခုခုရှိတာနဲ့ပထမဆုံး ကိုယ့်ဘာသာရှာဖွေတတ်တဲ့ အကျင့်ကိုလုပ်ထားပါ။ ပြီးရင်တော့ ကိုယ်နားလည်ထားတာက ဒီလိုမျိုးဟုတ်လား မှန်လားဆိုတာကို Senior တွေကိုမေးဖို့ မကြောက်ပါနဲ့ ။

(၄) လေ့ကျင့်ပါ။

Coding လုပ်တဲ့နေရာမှာ အဓိကကျတာက များများရေးဖို့ပါပဲ။ရေးတယ်ဆိုတဲ့နေရာမှာ ကိုယ်ကဒီနေ့ animation အပိုင်းလေ့လာခဲ့တယ်ဆိုရင် အဲ့တာကို ကိုယ်သိထားသလို
Project ထဲမှာထည့်သုံးပြီးရေးတာဖြစ်ပါတယ်။

(၅) ဆက်သွားပါ။

Beginner တော်တော်များများကတော့ အစပိုင်းမှာခက်တယ်ဆိုပြီး ညည်းကြတာပုံမှန်ပါပဲ။ အရေးကြီးတာက တကယ်သာဝါသနာပါတယ်ဆို နောက်ပြန်လှည့်မသွားဘဲ ပိုကြိုးစားနေဖို့ပဲဖြစ်ပါတယ်။

ကျွန်တော်တို့ Creative Coder Myanmar ကလည်း Beginner တွေသိလိုတာကိုဆွေးနွေးပြောပြပေးဖို့အဆင်သင့်ရှိနေသလို အခြေခံကိုတိကျပိုင်နိုင်စွာသင်ကြားပေးမဲ့ Web Development Foundation အတန်းတွေကိုလည်းဖွင့်လှစ်ထားလျက်ရှိပါတယ်။
ကဲ… Beginner တွေအနေနဲ့လေ့လာရမှာ အခက်အခဲဖြစ်နေတာတွေ၊ သိလိုတာတွေကို အခု Post အောက်မှာ‌မေးမြန်းသွားလို့ရပါတယ် ။
Senior တွေကလည်းကိုယ့်ရဲ့အတွေ့အကြုံတွေကိုပြန်လည်မျှဝေပေးသွားလို့ရတယ်နော် 👀

#creative_coder_myanmar
#beginner
#web_development
❝ဘယ်မှာမှ မရနိုင်သေးတဲ့ 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐂𝐨𝐝𝐞𝐫 ရဲ့ 𝐬𝐞𝐫𝐯𝐢𝐜𝐞 အချို့ ❞

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

📝 Creative Coder Myanmar မှာမကြာခင်တက်ရောက်မယ့်လို့စဉ်းစားထားတဲ့သူလား ?
📝 Creative Coder ရဲ့လက်ရှိကျောင်းသားတစ်ယောက်လား ?

ဒါဆိုရင်တော့ Creative Coder မှာလက်ရှိပေးဆောင်နေတဲ့ service တွေကိုသိထားသင့်ပါတယ်။

Creative Coder မှာတက်ရောက်ရင် ကျောင်းသားတွေအနေနဲ့ ဘယ်လိုမျိုး၀န်ဆောင်မှုတွေကို အကျိုးခံစားမှုရှိလဲဆိုတာကြည့်လိုက်ရအောင် 👀

📝 Creative Coder ရဲ့ Learning Platform အတန်းတွေမှာ တစ်ခါအပ်ပြီးတာနဲ့ တစ်သက်လုံးတက်ရောက်လို့ရမှာဖြစ်ပါတယ်။

📝 Zoom အတန်းတွေကတော့ တစ်ခါအပ်နှံပြီးတာနဲ့ နောက် batch တွေမှာအကြိမ်ကြိမ်ပြန်လည်တက်ရောက်လို့ရပါတယ်။ သင်တန်းကြေးထပ်ပေးစရာ လုံး၀ (လုံး၀) မလိုပါဘူး။

📝 Zoom Class နဲ့ Learning Platform အတန်းကကျောင်းသားတွေအတွက် service ကတော့ တစ်ခုခုမရတာရှိတာနဲ့ one on one meeting နဲ့ရှင်းပြပေးတာဖြစ်ပါတယ်။

📝 Creative Coder ရဲ့ ကျောင်းသားဟောင်းသီးသန့်ခေါ်တဲ့ Internship Program တွေမှာလည်း ပါ၀င်လို့ရမှာဖြစ်ပြီး ကိုယ့်ရဲ့ skill တွေကိုလက်တွေ့အသုံးချလို့ရမှာပါ။

ဒီလိုတစ်မူထူးခြားတဲ့ service တွေက ကျောင်းသားတွေလေ့လာရမှာ အဆင်ပြေစေဖို့ ပေးထားတာဖြစ်ပါတယ်။

သင့်ရဲ့ Web Development ခရီးစဉ်အစအဆုံးကို Creative Coder မှတာ၀န်ယူပေးပါရစေ 💯

#creative_coder_myanmar
#web_development
❝𝐈𝐧 𝐂𝐥𝐚𝐬𝐬 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞 👉📝💯

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

ဒီနှစ်အတွင်းကနေစပြီး Creative Coder မှာ In Person အတန်းတွေဖွင့်လှစ်ထားရှိပေးထားပါတယ်။

လက်ရှိဖွင့်လှစ်ထားတဲ့ အတန်းတွေကတော့ 
💯 Web Development Foundation Class 
💯 PHP & Deep Dive Laravel အတန်းတွေပဲဖြစ်ပါတယ်။

In Person ကျောင်းသားတွေအနေနဲ့ရရှိနိုင်တဲ့ ၀န်ဆောင်မှုတွေကတော့ 

👉 အတန်းချိန်တစ်ချိန်အတွင်းမှာ Assistant Teacher နှစ်ယောက်၊သုံးယောက်ထားပေးထားပြီး မသိတာတွေ နားမလည်တာတွေကို တစ်ခါတည်း မေးလို့ရအောင်စီစဉ်ပေးထားပါတယ်။

👉 စာသင်ချိန်အတွင်းမှာ မီးပျက်ခဲ့ရင်လည်းမီးစက်နှိုးလို့ရအောင်စီစဉ်ထားပေးပါတယ်။

👉 Coffee Free Flow ထားရှိပေးပါတယ်။

👉 Laptop အခက်အခဲရှိရင်လည်းယူသုံးလို့ရအောင်စီစဉ်ထားရှိပေးပါတယ်။

In Person အတန်းတွေမှာ စာချည်းပဲသင်တဲ့ပုံစံမျိုးနဲ့သွားတာမဟုတ်ဘဲ ‌ဆွေးနွေးသင်ကြားတဲ့ပုံစံတဲ့သွားတာဖြစ်တဲ့အတွက် ရင်းနှီးနွေးထွေးတဲ့ environment မှာသင်ကြားနေရသလိုခံစားနေရမှာဖြစ်ပါတယ်။

မကြာမီ Web Development ကို အခြေခံမှစတင်လေ့လာလိုသူတွေအတွက် WDF Batch 3 ခေါ်တော့မှာဖြစ်ပြီး Batch 2 Feedback တွေကိုလည်းတင်ပေးသွားမှာဖြစ်ပါတယ်။

ကျောင်းသားတွေအပေါ် အမြဲတမ်းအကောင်းဆုံးတွေကိုပဲပေးဖို့ကြိုးစားနေတဲ့ Creative Coder ကနေနောက်ထပ်လည်းပိုကောင်းတဲ့ ၀န်ဆောင်မှုတွေပေးသွားဖို့ရှိသေးလို့ ဆက်လက်စောင့်ကြည့်ဖို့မမေ့နဲ့နော် 👀💕

#creative_coder_myanmar
#in_person
#web_development
❝𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐂𝐨𝐝𝐞𝐫 𝐌𝐲𝐚𝐧𝐦𝐚𝐫 ရဲ့ 𝐘𝐞𝐚𝐫 𝐄𝐧𝐝 𝐉𝐨𝐮𝐫𝐧𝐞𝐲 

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

2023 ကလည်းမကြာခင်ကုန်တော့မှာဆိုတော့ ဒီတစ်နှစ်အတွင်း Creative Coder မှာဘာတွေလုပ်ခဲ့သလဲဆိုတာ ကို မိတ်ဆွေတို့ကိုပြောပြပေးချင်ပါတယ်။

2020 ကစတင်ခဲ့တဲ့ Creative Coder အတွက် ဒီ 2023 ခုနှစ်ဟာ အပြောင်းအလဲတွေ အများကြီးဖြစ်ခဲ့တဲ့နှစ်လို့ဆိုရမှာပါ။

ကိုယ်ပိုင် team နဲ့ Creative Coder Myanmar Website ကို run နိုင်ခဲ့ပြီး အပြင်မှာ ရုံးခန်းနဲ့ကျောင်းကိုဖွင့်လှစ်နိုင်ခဲ့ပါတယ်။

ကျောင်းသားတွေရဲ့ Web Development ခရီးစဉ် အစအဆုံးကို တာ၀န်ယူနိုင်ဖို့အတွက် Creative Coder Myanmar ကနေ အခုလက်ရှိ အတန်းပုံစံ သုံးခုဖွင့်လှစ်ထားရှိပေးပါတယ်။

📝 Website ကနေလေ့လာလို့ရတဲ့ အတန်း
📝 Zoom မှတစ်ဆင့်သင်ယူလေ့လာနိုင်တဲ့အတန်း
📝 ဆရာနဲ့မျက်နှာချင်းဆို ကျောင်းကိုလာရောက်ပြီးသင်နိုင်တဲ့ In Class အတန်းတွေပဲဖြစ်ပါတယ်။

လက်ရှိမှာ Web Development Foundation Class Batch 3 အထိဖွင့်လှစ်နိုင်ခဲ့ပြီး Laravel Zoom Class Batch 5 အထိရောက်ခဲ့ပြီးဖြစ်ပါတယ်။

Website မှာ ပညာသင်ယူနေကြတဲ့လစဉ်ကျောင်းသား (၃၀၀) 
ကျော်ရှိပြီး စုစုပေါင်းကျောင်းသား (၃၃၉၅) ယောက် 
စုစုပေါင်း ရှိပြီလည်းဖြစ်ပါတယ်။

Creative Coder ရဲ့ခရီးစဉ်မှာပါ၀င်ပေးခဲ့ကြတဲ့ ကျောင်းသားတစ်ဦးချင်းစီတိုင်းကိုလည်း Creative Coder မှအထူးကျေးဇူးတင်ရှိပါတယ်။

2024 မှာလည်းပိုပြီးကောင်းမွန်၊အရည်အသွေးပြည့်၀တဲ့ သင်ခန်းစာတွေ၊ သင်တန်းတွေကိုဖွင့်လှစ်ပေးသွားမှာမို့စောင့်ကြည့်ဖို့မနေ့ကြနဲ့နော် 👀

ကျောင်းသားတွေကရော Creative Coder နဲ့ပတ်သက်ပြီးဘယ်လိုအမှတ်တရတွေရှိခဲ့လဲဆိုတာ ပြောပြပေးသွားကြပါဦးနော် 👀❤️🥳

#creative_coder_myanmar
#web_development
#2023
#2024
❝𝐈𝐧 𝐂𝐥𝐚𝐬𝐬 အတန်းတွေရဲ့ ၀န်ဆောင်မှုများ 👉📝💯

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

အခုလက်ရှိမှာ Creative Coder မှာ In Person အတန်းတွေဖွင့်လှစ်ထားရှိပေးထားပါတယ်။

လက်ရှိဖွင့်လှစ်ထားတဲ့ အတန်းတွေကတော့
💯 Web Development Foundation Class
💯 PHP & Deep Dive Laravel အတန်းတွေပဲဖြစ်ပါတယ်

ဒီအတန်းတွေဟာ ကျောင်းသားတွေရဲ့သင်ယူတတ်မြောက်မှုနဲ့ လက်တွေ့အသုံးချနိုင်မှုတွေကိုဦးစားပေးထားတဲ့အတန်းတွေဖြစ်ပါတယ်။
သင်ခန်းစာတစ်ခုပြီးတိုင်းမှာ သင်ယူလိုက်ရတဲ့အရာတွေကို project တွေထဲမှာ လက်တွေ့ထည့်သွင်းအသုံးချပြရမှာဖြစ်ပါတယ်။
ဒါကြောင့် အတန်းပြီးသွားတာနဲ့ လက်တွေ့အသုံးချတတ်သွားမှာဖြစ်ပြီး လုပ်ငန်းခွင်၀င်နိုင်အောင်နဲ့လေ့လာမှုကို တစ်ဆင့်မြှင့်တင်ပေးလိုက်မှာပဲဖြစ်ပါတယ်။

In Person ကျောင်းသားတွေအနေနဲ့ရရှိနိုင်တဲ့ ၀န်ဆောင်မှုတွေကတော့

👉 အတန်းချိန်တစ်ချိန်အတွင်းမှာ Assistant Teacher နှစ်ယောက်၊သုံးယောက်ထားပေးထားပြီး မသိတာတွေ နားမလည်တာတွေကို တစ်ခါတည်း မေးလို့ရအောင်စီစဉ်ပေးထားပါတယ်။

👉 စာသင်ချိန်အတွင်းမှာ မီးပျက်ခဲ့ရင်လည်းမီးစက်နှိုးလို့ရအောင်စီစဉ်ထားပေးပါတယ်။

👉 Coffee Free Flow ထားရှိပေးပါတယ်။

👉 Laptop အခက်အခဲရှိရင်လည်းယူသုံးလို့ရအောင်စီစဉ်ထားရှိပေးပါတယ်။

In Person အတန်းတွေမှာ စာချည်းပဲသင်တဲ့ပုံစံမျိုးနဲ့သွားတာမဟုတ်ဘဲ ‌ဆွေးနွေးသင်ကြားတဲ့ပုံစံတဲ့သွားတာဖြစ်တဲ့အတွက် ရင်းနှီးနွေးထွေးတဲ့ environment မှာသင်ကြားနေရသလိုခံစားနေရမှာဖြစ်ပါတယ်။

ဒီအတန်းတွေမှာ recording တွေကိုလည်း စီစဉ်ပေးထားပြီး နားမလည်တာတွေရှိရင် lifetime support ပေးထားတဲ့ recording တွေကိုပြန်ကြည့်လို့ရပါတယ်။

ကျောင်းသားတွေအပေါ် အမြဲတမ်းအကောင်းဆုံးတွေကိုပဲပေးဖို့ကြိုးစားနေတဲ့ Creative Coder ကနေနောက်ထပ်လည်းပိုကောင်းတဲ့ ၀န်ဆောင်မှုတွေပေးသွားဖို့ရှိသေးလို့ ဆက်လက်စောင့်ကြည့်ဖို့မမေ့နဲ့နော် 👀💕

#creative_coder_myanmar
#in_person
#web_development
❝𝐖𝐞𝐛 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အတန်းကဘယ်လိုအာမခံချက်တွေနဲ့ သင်ကြားပေးနေလဲ ???❞

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Creative Coder ရဲ့ Web Development Foundation အတန်းဟာ Web Development ကိုစိတ်၀င်စားပြီး ဘယ်ကနေစရမလဲမသိတဲ့လူငယ်တွေ ၊ လေ့လာလည်းလမ်းပျောက်နေသူတွေအတွက်ရည်ရွယ်ပါတယ်။
ဒီအတန်းကနေ အာမခံချက်ပေးနိုင်တာနှစ်ခုရှိပါတယ်။

အဲ့တာကတော့ အမှန်တကယ်အခြေခံကို တတ်မြောက်ကျွမ်းကျင်သွားဖို့နဲ့ ရှေ့ဆက်လေ့လာရမယ့် ပညာတွေအတွက် project တွေမှာ ကိုယ်တတ်ထားတာတွေကို အမှန်တကယ် ထည့်သုံးတတ်နိုင်ဖို့ပဲဖြစ်ပါတယ်။

ပညာရပ်တစ်ခုကိုစတင်လေ့လာမယ့် သူတိုင်းအတွက် အခြေခံအဆင့်ဟာအရေးကြီးဆုံးပဲဖြစ်ပါတယ်။ 
အခြေခံကိုကျွမ်းကျင်ပိုင်နိုင်မှသာ ဆက်လေ့လာဖို့လွယ်ကူမှာဖြစ်ပါတယ်။ Web Development Foundation Class ကိုလက်တွေ့မှာ လုပ်ငန်းခွင်၀င်နေတဲ့ Instructor တွေကိုယ်တိုင် Course Curriculum ရေးဆွဲထားတာဖြစ်ပြီး beginner တွေအတွက်လိုအပ်တဲ့အကြောင်းအရာတွေအကုန် သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ Creative Coder ကနေပေးနိုင်တဲ့ ပထမအာမခံချက်တစ်ခုဖြစ်တဲ့ အခြေခံခိုင်မာဖို့ပဲဖြစ်ပါတယ်။

နောက်တစ်ခုကတော့သင်ယူထားသမျှကိုလက်တွေ့မှာ ထည့်သွင်းအသုံးချတတ်ဖို့ဖြစ်ပါတယ်။ 
Web Development နယ်ပယ်ဟာ သင်ယူထားတာတွေကို လက်တွေ့မှာတကယ်အသုံးချနိုင်မှသာသေချာတတ်မြောက်ပြီလို့ပြောလို့ရတာဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်တို့စီစဉ်ပေးထားတာတွေကတော့ သင်ခန်းစာတစ်ခုပြီးတိုင်း လက်တွေ့ project တွေပြုလုပ်စေတာဖြစ်ပါတယ်။ သင်တန်းတစ်ခုလုံးမှာ mini Project တွေနဲ့ final project တွေကိုထည့်သွင်းထားပြီး အကုန်ပြီးမြောက်ပြီး တတ်မြောက်ကျွမ်းကျင်မှသာ Creative Coder ရဲ့အသိအမှတ်ပြုလက်မှတ်ကိုရှိမှာဖြစ်ပါတယ်။ 
ဒါကတော့ကျွန်တော်တို့နောက်ထပ်အာမခံချက် ပေးနိုင်တဲ့စာတွေ့လက်တွေ့ ရောနှောသင်ကြားပေးမှုပဲဖြစ်ပါတယ်။

ဒီအတန်းကပြီးသွားတဲ့ကျောင်းသားတွေဟာ အခြေခံကျွမ်းကျင်ပိုင်နိုင်စွာတတ်မြောက်သွားပြီး ကိုယ်သွားချင်တဲ့လမ်းကိုဆက်လက် လေ့လာဖို့လွယ်ကူသွားမှာလည်းဖြစ်ပါတယ်။

သင့်ရဲ့ Web Development ခရီးစ‌ဉ်ကိုအခုလိုအာမခံချက်တွေပေးထားတဲ့ Creative Coder မှာစတင်ချင်တယ်ဆိုရင်တော့ အခုပဲ page messenger ကနေတစ်ဆင့်ဆက်သွယ်လိုက်ပါ ☎️


#creative_coder_myanmar
#web_development_foundation 
❝𝐉𝐚𝐯𝐚𝐒𝐜𝐫𝐢𝐩𝐭 ပိုင်နိုင်အောင် သင်ကြားပေးမယ့် 𝐖𝐃𝐅 𝐈𝐧 𝐂𝐥𝐚𝐬𝐬 အတန်းများ 😱💯

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

မကြာခင်ဖွင့်လှစ်သွားတော့မယ့် Web Development In Class အတန်းမှာ Website တစ်ခုဆောက်လုပ်ရာမှာ အခြေခံဖြစ်တဲ့ HTML, CSS တို့အပြင် JavaScript Basic to Advanced ပါထည့်သွင်း‌သင်ကြားပေးသွားတော့မှာဖြစ်ပါတယ်။

ဒီအတန်းလေးဟာ Web Development ကိုလေ့လာချင်ပေမယ့် ဘာမှမသိသေးတဲ့ beginner လေးတွေအတွက် ရည်ရွယ်တဲ့အတန်းလေးဖြစ်ပါတယ်။

အခြေခံသိသင့်သိထိုက်တာတွေ အကုန်လုံးကို လက်တွေ့ Project တွေနဲ့ သင်ကြားပေးသွားမှာလည်းဖြစ်ပါတယ်။
အပြင်တန်းလေးဖြစ်တာနဲ့အညီ Instructor နဲ့အမေးအဖြေတွေလုပ် ၊ သူငယ်ချင်းတွေနဲ့အတူတူ Project တွေလုပ်ရင်း Web Development ကိုပျော်ပျော်ပါးပါးလေ့လာကြရမှာလည်းဖြစ်ပါတယ်။

သင်တန်းအကြောင်းအသေးစိတ်ကြည့်ရှုရန် >>>> 

https://m.facebook.com/story.php?story_fbid=pfbid0UACpCNRKRQd69MxSgUGX9xuXK4mqAn8oWWNoV7FpFSUr8wHZXTMyoWrijxPU5Bfol&id=100064708297617&mibextid=Nif5oz

JavaScript language ကို beginner level ကနေစပြီး Advanced level အထိ စာတွေ့လက်တွေ့ပေါင်းစပ်သင်ကြားပေးသွားမှာလည်းဖြစ်ပါတယ်။

ဒီအတန်းပြီးတာနဲ့ ကိုယ်သွားချင်တဲ့ frontend/backend လမ်းကြောင်းကိုဆက်သွားလို့ရတဲ့အထိ အခြေခံခိုင်မာအောင်လေ့ကျင့်သင်ကြားပေးသွားမှာလည်းဖြစ်ပါတယ်။

လူပြည့်ဖို့လည်းသိပ်မလိုတော့တာမို့ Web Development ကိုလေ့လာဖို့ စိတ်အားထက်သန်တဲ့ ကျောင်းသားတို့အတွက်အတန်းလေးလာအပ်ထားကြဖို့ တိုက်တွန်းပါရစေခင်ဗျာ 💯

မိတ်ဆွေတို့ရဲ့ Web Development Journey ကို Creative Coder ကနေစတင်လိုက်ပါ 🎉

#creative_coder_myanmar
#basic
#web_development
အခုအပ်၊ အခုတက်၊ တသက်လုံးလေ့လာ လို့ရမယ့် Learning Platform အတန်းတွေကို အချိန်‌မရွေးအပ်နှံနိုင်ပါပြီ 💯👀

Learning Platform ကအတန်းတွေကို အချိန်မရွေးလေ့လာနိုငိတာ သိပြီးကြပြီလား??

Learning Platform မှာ Premium Course တွေ Free Course တွေစုံလင်စွာရှိပြီး Certificate ထုတ်ယူနိုင်အောင်ပြုလုပ်ပေးထားပါတယ်။ "အခုအပ် အခုတက် တစ်သက်လုံးလေ့လာ" လို့ရအောင်ပြုလုပ်ပေးထားတာကြောင့် လူကြိုက်အများဆုံး အတန်းပုံစံတစ်မျိုးလည်းဖြစ်ပါတယ်။

တက်ရောက်နိုင်တဲ့အတန်းတွေကတော့
📌 Js +Vue + Firebase Course
📌 PHP + Deep Dive Laravel Course
📌 Web Deployment From Scratch Course
📌 MERN Stack
📌 React + Firebase Combo Course
📌 Programming Basic With JavaScript Course
📌 Python From Scratch
📌Git & GitHub Basic Course
📌 Git & Github Intermediate Course
📌 Python From Scratch
📌 Vuex Course
📌 PHP Framework Thinking Course
📌 Websocket 101
📌 Laravel Folio Course တွေပဲဖြစ်ပါတယ်။

အတန်းတွေအကြောင်းကို အသေးစိတ်သိရဖို့အောက်ပါ link ကနေ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://creativecodermm.com/courses

#creative_coder_myanmar
#website
#web_development
အထူး Special Service တွေနဲ့အတူ Learning Platform ကအတန်းတွေလေ့လာကြမယ် 📝

Learning Platform ကအတန်းတွေကို အချိန်မရွေးလေ့လာနိုငိတာ သိပြီးကြပြီလား??

Learning Platform မှာ Premium Course တွေ Free Course တွေစုံလင်စွာရှိပြီး Certificate ထုတ်ယူနိုင်အောင်ပြုလုပ်ပေးထားပါတယ်။ "အခုအပ် အခုတက် တစ်သက်လုံးလေ့လာ" လို့ရအောင်ပြုလုပ်ပေးထားတာကြောင့် လူကြိုက်အများဆုံး အတန်းပုံစံတစ်မျိုးလည်းဖြစ်ပါတယ်။

ဒါ့အပြင် မသိနားမလည်တဲ့စာတွေကို Live Chat ကနေမေးမြန်းနိုင်ပြီး error တွေဖြေရှင်းဖို့လိုပါကလည်း one on one meeting နဲ့ဖြေရှင်းပေးပါတယ်။

ဒီလို အထူး service တွေပါ၀င်ပြီး စာသင်ယူရတာ flexible ဖြစ်တဲ့အတန်းတွေကို page messenger ကနေအချိန်မရွေးအပ်နှံလို့ရနေမှာဖြစ်ပါတယ်။

တက်ရောက်နိုင်တဲ့အတန်းတွေကတော့
📌 Js +Vue + Firebase Course
📌 PHP + Deep Dive Laravel Course
📌 Web Deployment From Scratch Course
📌 MERN Stack
📌 React + Firebase Combo Course
📌 Programming Basic With JavaScript Course
📌 Python From Scratch
📌Git & GitHub Basic Course
📌 Git & Github Intermediate Course
📌 Python From Scratch
📌 Vuex Course
📌 PHP Framework Thinking Course
📌 Websocket 101
📌 Laravel Folio Course တွေပဲဖြစ်ပါတယ်။

အတန်းတွေအကြောင်းကို အသေးစိတ်သိရဖို့အောက်ပါ link ကနေ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://creativecodermm.com/courses

#creative_coder_myanmar
#website
#web_development
ဘယ်ကစရမှန်းမသိရင် ဒီကစပါ 👇🏻

Web Development ကိုလေ့လာချင်တယ်
ဒါပေမယ့် ဘယ်ကစရမလဲမသိဘူးဆိုရင် အခြေခံကနေစပြီး လက်တွေ့ project တွေနဲ့အတူ တတ်မြောက်အောင်သင်ကြားပေးမယ့် Web Development Foundation အတန်းလေးရှိနေပါတယ်။

November လကုန်ရင်စမှာဖြစ်လို့ အတန်းအပ်နှံချင်ပါက page messenger ကနေလူမပြည့်ခင် လာရောက်အပ်နှံလို့ရပါတယ်။

အရင်အတန်းက သင်တန်းသား၊သင်တန်းသူတွေရဲ့ feedback တွေကိုပါတင်ပေးလိုက်ပါတယ်။

#Web_development
# foundation
ရလဒ်ကောင်းတွေမြင်လာရတဲ့ Machine Learning နဲ့ Web Development တို့ရဲ့ပေါင်းစပ်မှု 🚀


=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Web developer တစ်ဦးအနေနဲ့ ကျွန်တော်တို့ဟာ AI နဲ့ machine learning ရဲ့ ကိုသုံးပြီး ပိုမို‌ကောင်းမွန်
တဲ့ web application တွေကိုဖန်တီးလို့ရပါတယ်။

ဥပမာတစ်ခု ပြောပြရမယ်ဆိုရင်၊ user experience ကိုပိုကောင်းစေဖို့ recommendation system တွေကို machine learning algorithm တွေနဲ့တည်ဆောင်လို့ရပါတယ်။
Netflix သို့မဟုတ် Spotify လို website တွေမှာ user တစ်ဦးချင်းစီရဲ့ စိတ်ဝင်စားမှု၊ browsing pattern တွေကို analyze လုပ်ပြီး personalized recommendation တွေပေးနိုင်ပါတယ်။

web developer တစ်ဦးအနေနဲ့ machine learning model တွေကို web application မှာ integrate လုပ်တဲ့အခါ TensorFlow.js, scikit-learn, PyTorch တို့လိုမျိုး library တွေကိုသုံးလို့ရပါတယ်။

browser ထဲမှာပဲ machine learning model တွေကို train လုပ်လည်းရ၊ prediction လည်းလုပ်လို့ရပါတယ်။

chatbot တွေ၊ image recognition system တွေ၊ predictive analytics တွေကို web platform မှာတည်ဆောင်လို့ရပါတယ်။

ဥပမာ - customer support chatbot တစ်ခုဟာ user ရဲ့ query တွေကို natural language processing နဲ့ analyze လုပ်ပြီး automated response တွေပေးနိုင်ပါတယ်။

သတိထားရမယ့်အချက်က machine learning ဟာ complex နည်းပညာဖြစ်တဲ့အတွက် continuous learning နဲ့ practice လုပ်ဖို့လိုအပ်ပါတယ်။ API တွေ၊ pre-trained model တွေကို utilize လုပ်ပြီး စတင်နိုင်ပါတယ်။ coding skills နဲ့ mathematics understanding တွေကလည်း အရေးကြီးပါတယ်။

web development မှာ machine learning ရဲ့ ပါ၀င်နိုင်မှုဟာ အလွန်ကျယ်ပြန့်ပါတယ်။ user experience ကို customize လုပ်ခြင်း၊ data-driven decision making၊ automation တွေကို implement လုပ်ခြင်းတို့မှာ machine learning ကတကယ်ကိုအရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။

#web_development
# machine_learning