Creative Coder Myanmar
1.38K subscribers
548 photos
1 video
102 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
❝Beginner တို့အတွေးမမှားစေဖို့ ဒါတွေဆောင် ဒါတွေရှောင်

°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Web Development နယ်ပယ်ထဲကို စပြီးခြေချမယ်လို့စဉ်းစားနေတဲ့ Beginner လေးတို့အတွက်အတွေးမမှားရအောင် ဆောင်သင့်တာ‌ဆောင်ရှောင်သင့်တာရှောင်ဖို့ ဆက်ဖတ်လိုက်ရအောင် 👀

(၁) ရွေးချယ်မှုပြုလုပ်ပါ။

တစ်ခုခုကိုစလေ့လာဖို့ပြုလုပ်ပြီဆိုထဲက Selfstudy နဲ့သွားမှာလား သင်တန်းတက်ပြီးလေ့လာမှာလားဆိုတာရွေးချယ်ရမှာပါ။ ကိုယ်သွားမဲ့လမ်းကြောင်းကိုဖြောင့်ဖြောင့်တန်းတန်းသိပြီး ဘာဆက်လုပ်ရမယ် ဆိုတာကိုသိတဲ့သူတွေကတော့ သင်တန်းပဲတက်တက် selfstudy ပဲလုပ်လုပ်အဆင်ပြေမှာဖြစ်ပါတယ်။ ဒီလို သိဖို့လည်းမခဲယဉ်းတော့သလို ကိုယ်သိချင်တာတွေကို လျှပ်တစ်ပြတ်အတွင်း သိနိုင်တဲ့ခေတ်ကိုရောက်နေပါပြီ။
ဒီနေရာမှာအကြံပေးချင်တာက ကိုယ်ကအရမ်းကိုစိတ်အားထက်သန်နေတယ်ဆိုရင်တော့ သင်တန်းတစ်ခုခုကိုရွေးချယ်တက်ရောက်ပြီး အချိန်ကိုအကျိုးရှိစွာအသုံးချတာအကောင်းဆုံးပါ။ Selfstudy ကိုတော့ ကိုယ်က Web Development ကိုစိတ်၀င်စားတာမသေချာသေးဘူး စမ်းပြီးလုပ်ကြည့်ချင်တဲ့သူတွေအနေနဲ့ စလုပ်သင့်ပါတယ်။ Selfstudy လုပ်မဲ့ သူတွေကလည်းတိကျသေချာတဲ့ resource တွေ senior တွေကိုချဉ်းကပ်ပြီးသိသင့်တာတွေကိုမေးမြန်းပြီးပြုလုပ်လို့ရပါတယ်။

(၂) Goal တစ်ခုခုချမှတ်ပါ။

တစ်ယောက်နဲ့တစ်ယောက်နဲ့လေ့လာပုံပေါ်မူတည်ပြီး ကိုယ့်ကိုယ်ကိုယ်တစ်ပတ်ကိုဘယ်လောက်လေ့လာမယ် ဆိုပြီး goal ချမှတ်ထားပါ။ ဒီလိုသတ်သတ်မှတ်မှတ်လုပ်ထားခြင်းက ကိုယ်ဘာတွေလေ့လာထားပြီးပြီလဲဆိုတာကိုပြန်ကြည့်ရတာလည်းလွယ်ကူစေပါတယ်။

(၃) မသိတာရှိရင်ရှာဖွေမေးမြန်းပါ။

ရှာဖွေမေးမြန်းဆိုတဲ့နေရာမှာ မသိတာတစ်ခုခုရှိတာနဲ့ပထမဆုံး ကိုယ့်ဘာသာရှာဖွေတတ်တဲ့ အကျင့်ကိုလုပ်ထားပါ။ ပြီးရင်တော့ ကိုယ်နားလည်ထားတာက ဒီလိုမျိုးဟုတ်လား မှန်လားဆိုတာကို Senior တွေကိုမေးဖို့ မကြောက်ပါနဲ့ ။

(၄) လေ့ကျင့်ပါ။

Coding လုပ်တဲ့နေရာမှာ အဓိကကျတာက များများရေးဖို့ပါပဲ။ရေးတယ်ဆိုတဲ့နေရာမှာ ကိုယ်ကဒီနေ့ animation အပိုင်းလေ့လာခဲ့တယ်ဆိုရင် အဲ့တာကို ကိုယ်သိထားသလို
Project ထဲမှာထည့်သုံးပြီးရေးတာဖြစ်ပါတယ်။

(၅) ဆက်သွားပါ။

Beginner တော်တော်များများကတော့ အစပိုင်းမှာခက်တယ်ဆိုပြီး ညည်းကြတာပုံမှန်ပါပဲ။ အရေးကြီးတာက တကယ်သာဝါသနာပါတယ်ဆို နောက်ပြန်လှည့်မသွားဘဲ ပိုကြိုးစားနေဖို့ပဲဖြစ်ပါတယ်။

ကျွန်တော်တို့ Creative Coder Myanmar ကလည်း Beginner တွေသိလိုတာကိုဆွေးနွေးပြောပြပေးဖို့အဆင်သင့်ရှိနေသလို အခြေခံကိုတိကျပိုင်နိုင်စွာသင်ကြားပေးမဲ့ Web Development Foundation အတန်းတွေကိုလည်းဖွင့်လှစ်ထားလျက်ရှိပါတယ်။
ကဲ… Beginner တွေအနေနဲ့လေ့လာရမှာ အခက်အခဲဖြစ်နေတာတွေ၊ သိလိုတာတွေကို အခု Post အောက်မှာ‌မေးမြန်းသွားလို့ရပါတယ် ။
Senior တွေကလည်းကိုယ့်ရဲ့အတွေ့အကြုံတွေကိုပြန်လည်မျှဝေပေးသွားလို့ရတယ်နော် 👀

#creative_coder_myanmar
#beginner
#web_development
❝𝐄𝐚𝐫𝐥𝐲 𝐁𝐢𝐫𝐝 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 တွေနဲ့ 𝐋𝐚𝐫𝐚𝐯𝐞𝐥 𝐙𝐨𝐨𝐦 𝐂𝐥𝐚𝐬𝐬 𝐁𝐚𝐭𝐜𝐡 (𝟒) ပြန်လည်ရောက်ရှိလာပါပြီ❞
=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=

သင်တန်းမစခင်တည်းက ကြိုတင်အပ်နှံသူတွေနဲ့ပြည့်နေတဲ့
Creative Coder ရဲ့ Premium အတန်းတစ်ခုဖြစ်တဲ့ Laravel Zoom Class လေးက Batch 4 ကိုရောက်ရှိလာပြီဖြစ်ပါတယ်။
Code ရေးတဲ့အခါ လိုအပ်တဲ့အခြေခံတွေကနေစတင်ပြီးသင်ကြားပေးတဲ့အတန်းလေးဖြစ်ပါတယ်။

Backend ပိုင်းကို PHP အခြေခံကနေစတင်ပြီး Framwork ဖြစ်တဲ့ Laravel နဲ့ပါ project တွေလုပ်နိုင်အောင်အထိ စာတွေ့လက်တွေ့ပါ ပေါင်းစပ်သင်ကြားပေးသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် သင်တန်းမှာစာသေချာလိုက်လုပ်ပြီးထူးချွန်ပါကလည်း အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ချိတ်ဆက်ပေးပါသေးတယ်။

*Creative Coder မှာတစ်ခါသင်တန်းအပ်ပြီးတာနဲ့ မတတ်မချင်းနောက် batch တွေလည်းပြန်လည်တက်ရောက်နိုင်ပါတယ်။ ဒီအတွက်သင်တန်းကြေးလည်းထပ်ပြီးပေးစရာမလိုပါဘူး*

✔️ Frontend ပြီးလို့ Backend ကိုစတင်လေ့လာလိုသူတွေ
✔️ Full Stack Developer အဖြစ် ရပ်တည်လိုသူတွေ
✔️ Backend ပိုင်းကိုအခြေခံမှစတင်ကာ ပိုင်နိုင်အောင်လေ့လာလိုသူတွေ အတွက် အသင့်တော်ဆုံးပဲဖြစ်ပါတယ်။

📝သင်တန်းမှာဘာတွေသင်ကြားပေးသွားမှာလဲ
ဒီ Course မှာပါဝင်သွားမှာတွေကတော့ PHP /Laravel ရဲ့ Advanced ပိုင်း core concept တွေအထိပါထည့်သွင်းသင်ကြားပေးသွားမှာပါ။
Intro to php basic +mysql for learning Laravel (also Framework Thinking Class include)
intro to basic command line for beginners
intro to Laravel
Env Setup
Routing and Tricks
What iso cache
Filesystem
Collection & Tinker
Env File and
what is migrations
Eloquent Model
database seeding & model factories using
Core Relationships (belongsTo,hasMany,manyToMany)
what is controller
Model View Controllers(MVC) and why use MVC?
all blade syntax
validation input form
Advance Tricky Queries
Auth System and middlewares
Full Comment System
Blog Subscription
photo upload system
Api development In Laravel
upload laravel project to Digitalocean Linux VPS Server 🥳

ဒါတွေအကုန်လုံးကို Zoom Live Session နဲ့သင်ကြားရမဲ့အပြင် သင်ကြားနေစဉ်အတွင်းနားမလည်တာတွေ ဆွေးနွေးချင်တာတွေကိုပါ ဆရာနဲ့အတူတူ ဆွေးနွေးလို့ရဦးမှာဖြစ်ပါတယ်။

📝 သင်တန်းတစ်ချိန်မတက်မိရင် သင်ခန်းစာတွေကို Record ပြန်ပေးတာလား ?

စာမေးဖို့နဲ့ဆွေးနွေးဖို့အတွက် Messenger Gp ရှိမှာဖြစ်ပြီး သင်တန်းချိန်ပြီးတိုင်းမှာ သင်ပြီးတဲ့ သင်ခန်းစာတွေရဲ့ recording ကို FB gp ထဲမှာပြန်လည်တင်ပေးသွားမှာဖြစ်ပါတယ်။

📝Bonus Course

အခုသင်တန်းကိုအပ်နှံမဲ့ ကျောင်းသားတွေအနေနဲ့ Creative Coder ရဲ့ Deployment Course ကို အခမဲ့းတက်ရောက်ခွင့်ရမှာလည်းဖြစ်ပါတယ် 🎉
ဒီ Course ထဲမှာဘာတွေပါ၀င်သွားမလဲဆိုရင်
👉 Domain ၀ယ်တာတွေ
👉 Server အကြောင်းတွေ
👉 https setup လုပ်တာတွေ
👉 Database Setup လုပ်တာတွေ စတဲ့ Deployment လုပ်တာနဲ့ပတ်သက်ပြီး သိသင့်သိထိုက်တာတွေ အကုန်ထည့်သွင်းသင်ကြားပေးသွားမှာဖြစ်ပါတယ်။

📝သင်ကြားပေးမဲ့ ဆရာအကြောင်း

👨‍🏫 Course နှစ်ခုလုံးအတွက်သင်ကြားပေးမဲ့ဆရာကတော့ Creative Coder ရဲ့ Founder တစ်ဦးဖြစ်တဲ့ ဆရာ Hlaing Min Than ဖြစ်ပါတယ်။
Foreign Company တွေမှာလုပ်ကိုင်ဖူးတဲ့ အတွေ့အကြုံရှိသလို Laravel နဲ့လက်ရှိ Project တွေလုပ်နေတာလည်းဖြစ်ပါတယ်။

📝သင်တန်းကြေးနဲ့ Discount Price

ပုံမှန်သင်တန်းကြေးက 120000 MMK ဖြစ်ပေမဲ့ Discount ကာလဖြစ်တဲ့ တစ်ပတ်အတွင်းအပ်နှံမယ်ဆိုရင်တော့ Course တစ်ခုလုံးအပြီးအစီး + Deployment Course အပါအ၀င်ကိုမှ 100000 MMK သာကျသင့်မှာဖြစ်ပါတယ်။
Creative Coder ရဲ့ထုံးစံအတိုင်းသင်တန်းကြေးကိုလည်းနှစ်ခါခွဲသွင်းလို့ရပါသေးတယ် ။
ဒီတစ်ခေါက်မှာတော့ early bird Discount ကို 15 ‌ယောက်အထိပေးထားပါတယ်။ ဒါပေမဲ့ သင်တန်းမစခင်တည်းကကြိုအပ်ထားတဲ့သူတွေရှိတာကြောင့် Early Bird Discount လေးက ၇ ယောက်စာပဲကျန်ပါတော့တယ်။
သင်တန်းကြေးနှစ်ခါခွဲသွင်းမယ်ဆိုရင်တော့ Discount Price နဲ့ရတော့မှာမဟုတ်ပါဘူး။

📝 သင်တန်းအချိန်စာရင်း

Live Class ဖြစ်တဲ့အတွက် လူ ၂၅ သာလက်ခံပေးသွားမှာဖြစ်ပါတယ်။
အပတ်စဉ် Tuesday, Wednesday & Thursday ည 8:30 ကနေ 10:00 အထိသင်ကြားပေးသွားမှာဖြစ်ပါတယ်။သင်တန်းက OCT 17 ရက်နေ့စမှာပဲဖြစ်ပြီး နှစ်လကြာမြင့်မှာပဲဖြစ်ပါတယ်။

📝သင်တန်းကိုဘယ်ကနေအပ်နှံရမလဲ ?

သင်တန်းကိုအပ်နှံချင်တဲ့သူတွေက page messenger ကိုလာရောက်ပြီးအတန်းအပ်နှံနိုင်ပါတယ်အချက်အလတ်တွေကိုစီစစ်ပြီးရင်တော့ ပြန်လည်ဆက်သွယ်ပေးမှာပဲဖြစ်ပါတယ်။

ဆရာနဲ့တိုက်ရိုက်သင်ကြားခွင့်ရမဲ့ အပြင် Discount Price တွေကိုလည်းထည့်ပေးထားတာကြောင့် လူမပြည့်ခင်အမြန်လေးသင်တန်းလာအပ်ထားမှစိတ်ချရပါလိမ့်မယ်‌နော်။
သင်တန်းနဲ့ပတ်သက်ပြီး မေးမြန်းချင်တာဖြစ်စေ ၊ သင်တန်းအပ်နှံချင်တာဖြစ်စေ page messenger ကနေဖြစ်ဖြစ် comment ကနေဖြစ်ဖြစ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

အားလုံးပဲ သာယာပျော်ရွှင်သောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေ ။

#creative_coder_myanmar
❝𝐖𝐡𝐚𝐭 𝐢𝐬 𝐆𝐢𝐭 𝐑𝐞𝐯𝐞𝐫𝐭 ? ❞

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Developer မိတ်ဆွေတို့ မဖြစ်မနေသိရမဲ့ အထဲမှာ Git Command တွေအကြောင်းကလည်းပါ၀င်ပါတယ်။

Git Revert ဆိုတာ Git repository တွေကို manage လုပ်တဲ့ command တွေဖြစ်ပါတယ်။

Git Revert ကိုဘယ်လိုနေရာတွေမှာ အသုံးပြုသလဲဆိုရင်
👉 previous commit ကိုပြန်ပြောင်းချင်တဲ့အခါ (undo) အဖြစ်သုံးပါတယ်။ ဒါကိုသုံးတာက commit history တစ်ခုလုံးကိုပြောင်းလဲမသွားစေပါဘူး။
👉 ကိုယ်က record တစ်ခုကိုပြောင်းလဲပြီး ပြောင်းလဲသွားတာကို အခြား Developer တွေကို share ချင်တဲ့အခါသုံးလို့ရပါတယ်။
👉 Git Revert ကိုသုံးခြင်းက commit တွေအများကြီးနဲ့ deal လုပ်ရတဲ့အခါ ပိုပြီးလွယ်ကူစေပြီး safe ဖြစ်ပါတယ်။

ဥပမာအနေနဲ့ ပိုပြီးနားလည်လွယ်အောင်ပြောရမယ်ဆိုရင်

Commit A နဲ့ Commit B ရှိတယ်ဆိုပါစို့

ကိုယ်က commit B မှာ ရေးနေပြီ ဒါပေမဲ့ commit B က ကုဒ်တွေကို အကြောင်းကြောင်းကြောင့် မတင်ချင်တော့ဘဲ commit A ကိုပဲ final ထားချင်တယ် ဆိုရင် git revert ကိုသုံးလို့ရပါတယ်

💯ထူးခြားချက်တွေက
Commit A ကို သွားတာမဟုတ်ဘဲ Commit A ထဲမှာ ရေးထားသမျှတွေကို commit အသစ်တစ်ခု create ပေးပြီး final version ထားပေးလိုက်တဲ့ပုံစံမျိုးပဲဖြစ်ပါတယ်။

ဒီလိုမျိုးလုပ်ခြင်းအားဖြင့် Commit History ကိုလည်းထိခိုက်စေမှာမဟုတ်ပါဘူး။

Example Git Command လေးကတော့
git revert <commit> ဆိုတဲ့ command လေးပဲဖြစ်ပါတယ်။

ဒါကြောင့် မိတ်ဆွေတို့က လုပ်ငန်းခွင်မှာသုံးမယ်ဆိုရင် Git Revert က commit အသစ်ကိုဖန်တီးပေးပြီး မူရင်း history ကိုမထိခိုက်စေတဲ့အတွက် efficient ဖြစ်ပြီး
ပိုပြီးလည်း safe ဖြစ်ပါတယ်။

Developer တို့လုပ်ငန်းခွင်၀င်တော့မယ်ဆိုရင် Team နဲ့အတူတူတွဲပြီးအလုပ်လုပ်ရတော့မှာဖြစ်တဲ့အတွက် Git Command တွေကိုမဖြစ်မနေသုံးလာရတော့မှာဖြစ်ပါတယ်။ ဒီအခါမှာ ဘယ်လို Command ကတော့အကျိုးသက်ရောက်မှု ဘယ်လိုရှိတယ်ဆိုတာ လေ့လာထားသင့်ပါတယ်။
နောက်နေ့တွေ့မှာရော ဘယ် command လေးတွေအကြောင်းမျှဝေပေးရမလဲဆိုတာ comment မှာရေးပေးသွားခဲ့ကြပါဦးနော် 👀


#creative_coder_myanmar
#git_commands
#revert
❝𝐖𝐡𝐚𝐭 𝐢𝐬 𝐆𝐢𝐭 𝐑𝐞𝐬𝐞𝐭?❞

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Git Reset. က Git Version Control System ထဲက command တစ်ခုဖြစ်ပါတယ်။
Git reset ကို Commit တစ်ခုကိုဖျက်ဖို့နဲ့
ကိုယ်သွားချင်တဲ့ commit ဆီပြန်သွားနိုင်ဖို့အတွက်အသုံးပြုကြပါတယ်။

ဥပမာ ကိုယ့်ရဲ့ working history ထဲမှာ commit
1-2-3-4 ရှိမယ် 2 ကိုပြန်သွားမယ်ဆိုရင်
git reset 2 လို့ရေးလိုက်ရုံပါပဲ။
ဒါပေမဲ့သူ့ရှေ့မှာ ရှိတဲ့ 3 နဲ့ 4 က တော့ ပျက်သွားမှာပဲဖြစ်ပါတယ်။

Git Reset မှာ mixed, soft နဲ့ hard ဆိုပြီးသုံးမျိုးရှိပါတယ်။

Mixed ( default ) - ကိုသုံးမယ်ဆိုရင် သူက ခုနက 3 နဲ့ 4 မှာရေးထားတဲ့ code တွေကို commit မလုပ်ခင် အခြေအနေ နဲ့ ပြန်ပေးတာပဲဖြစ်ပါတယ်။

Usage - git reset <commit>

Soft - သူက 3 နဲ့ 4 က ရေးပြီးသား Code
တွေကို လက်ရှိရောက်နေတဲ့ commit 2 မှာ commit လုပ်ပြီးသား အခြေအနေ နဲ့ပြန်ပေးပါတယ်။

Usage - git reset --soft <commit>

Hard - ကိုယ်သွားချင်တဲ့ commit 2 ကိုတော့ ရောက်သွားပါတယ်။ ဒါပေမဲ့ 3 နဲ့ 4 မှာ ရေးခဲ့သမျှ ဘာမှရှိတော့မှာမဟုတ်ဘူး။ အကုန်ပျက်သွားမှာဖြစ်ပါတယ်။

Usage - git reset --hard <commit>

သူရဲ့အကျိုးကျေးဇူးအနေနဲ့က ကိုယ်တကယ်ရှင်းချင်တဲ့ commit မှတ်တမ်းတွေရှိလာရင် ဒါလေးသုံးပြီး ရှင်းလို့ရမှာဖြစ်ပါတယ်။

ဒါပေမယ့် ဆိုးကျိုးအနေနဲ့ဆိုရင် hard ကိုသုံးတဲ့အခါ အထူးသတိပြုရမှာဖြစ်ပါတယ်။

ကိုယ်လိုအပ်တဲ့ code တစ်ခုခု ဒါမှမဟုတ် အခြား developer တွေက ဝင်ရေးထားတဲ့ code တွေ က ဖျက်ချင်တဲ့ commit မှာ ရှိနေမယ်ဆိုရင် hard ကိုသုံးတာတွေကိုရှောင်သင့်ပါတယ်။

ကဲ.. ဒီလောက်ဆိုရင် Git Reset အကြောင်းကိုသိသွားလောက်ပြီလို့ထင်ပါတယ်။

မိတ်ဆွေတို့ရော Git Reset ကိုအသုံးပြုဖူးလားဆိုတာ ပြန်ပြီးမျှဝေပေးခဲ့ပါဘူးနော် 👀

#creative_coder_myanmar
#git_reset
❝စုံစုံလင်လင် 𝐖𝐞𝐛 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐏𝐚𝐜𝐤𝐚𝐠𝐞 ကို တစ်သိန်းကျပ်တည်းနဲ့ အပ်နှံနိုင်ပါပြီ 📲🥳
=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

ကျွန်တော်တို့ Creative Coder ကနေကျောင်းသားတွေကို နှစ်မကုန်ခင် Promotion တွေပဲပေးဖို့စီစဉ်ထားပေးပါတယ်ဗျို့ 🥳

အခုတစ်ခေါက်မှာတော့ Web Development Package စုံစုံလင်လင်ပါ၀င်တဲ့ Course နှစ်ခုကို Discount နဲ့အပ်နှံနိုင်မှာဖြစ်ပါတယ်။

ပါ၀င်တဲ့အတန်းတွေကတော့
📝 Js + Vue + Firebase Combo Package
📝 PHP + Deep Dive Laravel တွေပဲဖြစ်ပါတယ်။

ဒါ့အပြင် Instructor ကနေလေ့လာဖို့အတွက် အဆင့်ဆင့် Guideline ချပေးသွားမှာဖြစ်ပြီး Free Course တွေကိုပါတစ်ခါတည်းလေ့လာရမှာပါ။ ကိုယ်က အခြေခံတွေပြီးသွားလို့ Framework တွေပါတွဲလေ့လာရင်းတစ်ခါတည်း လုပ်ငန်းခွင်၀င်ချင်တယ်ဆိုရင် ဒီ package လေးကအသင့်တော်ဆုံးပါပဲ။

Guideline ချပေးတဲ့အထဲမှာ
📝 Gut & GitHub Basic & Intermediate Course
📝 Vuex Course
📝 PHP Framework Thinking Course
📝 Laravel Folio Course တွေကိုအတူတကွ အဆင့်ဆင့်လေ့လာရမှာပါ။ Instructor ကလည်း ကိုယ့်ရဲ့ process ကိုအတူတူကြည့်ပေးပြီး mentor တစ်ယောက်လို ကိုယ်သိလိုသမျှပြောပြဆွေးနွေးပေးမှာဖြစ်ပါတယ်။

Web Development လမ်းကြောင်းကို စနစ်တကျ အစီအစဉ်နဲ့လေ့လာသူတွေအတွက် ဒီ package လေးကလက်လွှတ်မခံသင့်တဲ့အခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်။

Course တွေအကြောင်းအသေးစိတ်ကို အောက်က ပုံတစ်ပုံချင်းစီမှာသွားရောက်ကြည့်ရှုနိုင်ပါတယ် 👇

ဒီ နှစ်ခုလုံးကို အပ်နှံမှစုစုပေါင်း တစ်သိန်းကျပ်သာကျသင့်မှာဖြစ်ပြီး လူအရေအတွက်ကလည်း စုစုပေါင်း (၁၀) ယောက်သာကန့်သတ်ထားတာဖြစ်ပါတယ်။

တစ်ခုချင်းအပ်နှံလိုသူတွေအတွက်လည်း Discount ထပ်ပြီးချပေးထားပါသေးတယ်။ အတန်းတစ်ခုချင်းစီအပ်နှံလိုသူတွေက အောက်ပါဈေးနှုန်းလေးတွေနဲ့အပ်နံနိုင်မှာပါ 🎉

Vue only ( first 10 ) 50000 MMK
Laravel ( first 10 ) 50000 MMK

First Come ,First Serve မလို့ စိတ်၀င်စားတယ်ဆိုရင် အခုပဲ Page Messenger ကိုလာရောက်ပြီးအတန်းအပ်နှံနိုင်ပါပြီ ။


#creative_coder_myanmar
#vue
#laravel


📝PHP + Deep Dive Laravel Course

Backend ပိုင်းကိုရှယ်ပိုင်နိုင်ချင်တဲ့မိတ်ဆွေတို့အတွက် Creative Coder ရဲ့ Premium Course တစ်ခုဖြစ်တဲ့ PHP +Deep Dive Laravel Class မှာဆိုရင်
ဒီအတန်းလေးမှာဆိုရင် Backend ပိုင်းကို ဟိုးအစကနေ project တွေလုပ်နိုင်အောင်အထိ စာတွေ့လက်တွေ့ပါ ပေါင်းစပ်သင်ကြားပေးသွားမှာဖြစ်ပါတယ်။
PHP +Laravel ဆိုတဲ့အတိုင်းပဲ backend language တစ်ခုဖြစ်တဲ့ PHP နဲ့အတူ framework ဖြစ်တဲ့ Laravel ကိုပါပေါင်းစပ်သင်ကြားသွားမှာဖြစ်တဲ့အတွက်စာသေချာလုပ်ချင်သူတွေ၊ Portfolio မှာ project တစ်ခုထပ်ထည့်ချင်သူတွေအတွက် အတက်ရောက်သင့်ဆုံးအတန်းတစ်ခုပါပဲ။

Course Outline တွေနဲ့သင်တန်းအကြောင်းအသေးစိတ်ကို အောက်ပါ link မှာကြည့်ရှုနိုင်ပါတယ် 👇

https://creativecodermm.com/courses/php-and-deep-dive-laravel


📝 JS + Vue + Firebase Combo Course

Vue Class မှာဆိုရင် Javascript အခြေခံတွေ
ကိုပါထည့်ပြီးသင်ကြားပေးသွားမှာဖြစ်တဲ့အတွက်စာပြန်နွှေးလိုသူတွေအတွက်လည်းအဆင်ပြေမှာဖြစ်ပါတယ်။
Frontend ပိုင်းမှာ Javascript ကိုသေချာနားလည်အောင် သေချာသင်ကြားပေးပြီးတော့မှ Vue အပိုင်းကိုဆက်လက်သွားကြမှာဖြစ်ပါတယ်။ Javascript ကိုသိတော့သိထားပြီးဘယ်လို အသုံးချရမယ်ဆိုတာ မသိသေးတဲ့သူတွေအတွက်လည်း ဒီ Course လေးက အသုံးဝင်မှာဖြစ်ပါတယ်။ လုပ်ရမဲ့ project ကလည်းငါးခုတောင်ဖြစ်တဲ့အတွက် သင်ပြီးတဲ့ဟာတွေကိုပြန်လည်အသုံးချလို့မရမှာကိုစိတ်ပူစရာမလိုပါဘူး။ဒီ Course မှာဘာတွေထပ်ပါဝင်ဦးမလဲဆိုရင် combo ဖြစ်အောင် Firebase backend service ပါ။firebase ကိုသုံးပြီး authentication (login logout) တွေ ၊ nosql database အသုံးပြုပုံတွေ real time database တွေပါလေ့လာသွားကြရမှာပဲဖြစ်ပါတယ်။

Course Outline တွေနဲ့သင်တန်းအကြောင်းအသေးစိတ်ကို အောက်ပါ link မှာကြည့်ရှုနိုင်ပါတယ် 👇

https://creativecodermm.com/courses/js-vue-firebase-combo-package
❝𝐃𝐢𝐠𝐢𝐭𝐚𝐥𝐎𝐜𝐞𝐚𝐧 နဲ့ 𝐀𝐰𝐬 ဘယ်ကနေ 𝐬𝐞𝐫𝐯𝐞𝐫 ဝယ်သင့်လဲ ? ❞
=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Deployment Process မှာအရေးကြီးတဲ့အပိုင်းဖြစ်တဲ့ server တွေကိုဘယ်ကနေ၀ယ်တာက ပိုအသင့်တော်ဆုံးလဲဆိုတာက Developer တော်တော်များများလုပ်ငန်းခွင်၀င်တဲ့အထိမေးတတ်တဲ့ မေးခွန်းဖြစ်ပါတယ်။

ဒီနေရာမှာ ပိုပြီး recommend ပေးချင်တာက AWS နဲ့ Digital Ocean ပဲဖြစ်ပါတယ်။ ဒီနှစ်ခုထဲက ဘယ်သူတွေအတွက် ဘယ်ဟာက ပိုသင့်တော်မလဲဆိုတာဆက်ကြည့်လိုက်ရအောင် 👀

Digitalocean နဲ့ AWS နှစ်ခုလုံးက cloud computing service တွေ provide ပေးတာဖြစ်ပေမယ့် target audience အနေနဲ့ရော function အနေနဲ့ရော အတော်လေးကွာခြားပါတယ်။

📝Digital Ocean ဟာ Developer Focused ဖြစ်ပြီး droplet လေးတွေနဲ့သုံးရတာဖြစ်ပါတယ်။ Database တွေကို Digital Ocean မှာ control လုပ်ရတာပိုပြီးလွယ်ကူစေပါတယ်။

📝AWS( Amazon Web Services) ကတော့ pay as you go ပုံစံနဲ့ EC2 cloud model ကိုအသုံးပြုထားပြီး deployment stage အတွက်ပိုပြီးလွယ်ကူစေပါတယ်။

ဒီနှစ်ခုတည်းကဘယ်ဟာကို ပိုအသုံးပြုသင့်လဲဆိုရင်တော့ တကယ်လိ့ ကိုယ်က beginner ဆို beginner friendly ဖြစ်တဲ့ digital Ocean ကိုစပြီးအသုံးပြုသင့်ပါတယ်။ ကိုယ်က Deployment တွေ server တွေနဲ့ပတ်သက်တဲ့ အခြေခံလည်းနည်းနည်းပါးပါးသိပြီဆိုရင်တော့ AWS ကိုစပြီးသုံးကြည့်တာအကောင်းဆုံးပါပဲ။

ကျွန်တော်တို့ Creative Coder မှာ Deployment နဲ့ပတ်သက်ပြီး အသေးစိတ်သင်ပေးထားတဲ့ Course လေးရှိတာကြောင့် စိတ်၀င်စားတယ်ဆို "အခုအပ် အခုတက်ပြီး တစ်သက်လုံးလေ့လာ" လို့ရပါပြီ။

https://creativecodermm.com/courses/web-deployment-from-scratch

#creative_coder_myanmar
#deployment
#server
❝𝐏𝐇𝐏 𝐁𝐚𝐬𝐢𝐜 ကစပြီး 𝐋𝐚𝐫𝐚𝐯𝐞𝐥 𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 အထိ 𝐂𝐥𝐚𝐬𝐬 ကို အသက်သာဆုံးနှုန်းထားနဲ့ အပ်နှံနိုင်မယ့် 𝐋𝐚𝐫𝐚𝐯𝐞𝐥 𝐙𝐨𝐨𝐦 𝐂𝐥𝐚𝐬𝐬 𝐁𝐚𝐭𝐜𝐡 𝟓❞

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

📝 backend ပိုင်းကိုကျွမ်းကျင်စွာတတ်မြောက်လိုသူတွေ
📝 PHP အခြေခံမှစတင်ပြီးသင်ကြားလိုသူတွေ
📝 Real world project တွေနဲ့အတူတကွ လေ့ကျင့်ချင်သူတွေ
📝 Instructor နဲ့အတူဆွေးနွေးရင်းသင်ကြားချင်သူတွေအတွက်

လက်လွှတ်မခံသင့်တဲ့ အတန်းလေးဖြစ်တဲ့ Laravel Zoom Class လေးက Discount လေးနဲ့ပြန်လည်ရောက်ရှိလာပါပြီ

ဒီ Laravel Zoom Class လေးရဲ့ထူးခြားချက်သုံးခုကတော့

💯 တစ်ခါအပ်နှံပြီးတာနဲ့ ကိုယ်ကစာနားမလည်သေးရင်ဖြစ်စေ / အကြောင်းတစ်ခုခုကြောင့်မတက်ဖြစ်ရင်ဖြစ်စေ နောက် သင်တန်းတွေကို အခမဲ့ ဘယ်နှစ်ကြိမ်ဖြစ်စေ ပြန်လည်တက်ခွင့်ရှိပါတယ်။

💯 နောက်တစ်ခုကတော့ online ကနေ face to face သင်တာဖြစ်ပေမယ့်လည်း ကျောင်းသားတွေဆီမှာ issue တွေ error တွေပေါ်လာခဲ့လို့ရှိရင် ချက်ချင်းကျွန်တော်တို့ဘက်ကနေ meeting နဲ့ထိုင်ရှင်းပေးပါတယ်။

💯 Assistant Teacher ကိုလည်း သုံးယောက်ထက်မနည်းထားပေးထားတာဖြစ်တဲ့အတွက် ကျောင်းသားတွေအနေနဲ့စာသင်နေတုန်းဖြစ်စေ စာသင်ပြီးနားမလည်တာတွေ ပြန်ကြည့်တဲ့အခါ မသိတာရှိရင်အချိန်မရွေးမေးမြန်းနိုင်ပါတယ်။

Zoom Platform ကနေ Face To Face သင်ကြားပေးမှာဖြစ်ပြီး ဒီအတန်းမှာအဓိကသင်ကြားပေးမှာက code ရေးဖို့စဉ်းစားပုံ တွေးခေါ်ပုံတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

ကျောင်းသားတွေအနေနဲ့ PHP basic ကနေစပြီး Laravel ကို project တွေနဲ့အတူ ပြုလုပ်ရမှာဖြစ်ပါတယ်။

📝သင်တန်းမှာဘာတွေသင်ကြားပေးသွားမှာလဲ

ဒီ Course မှာပါဝင်သွားမှာတွေကတော့ PHP /Laravel ရဲ့ Advanced ပိုင်း core concept တွေအထိပါထည့်သွင်းသင်ကြားပေးသွားမှာပါ။
Intro to php basic +mysql for learning Laravel (also Framework Thinking Class include)
intro to basic command line for beginners
intro to Laravel
Env Setup
Routing and Tricks
What iso cache
Filesystem
Collection & Tinker
Env File and
what is migrations
Eloquent Model
database seeding & model factories using
Core Relationships (belongsTo,hasMany,manyToMany)
what is controller
Model View Controllers(MVC) and why use MVC?
all blade syntax
validation input form
Advance Tricky Queries
Auth System and middlewares
Full Comment System
Blog Subscription
photo upload system
Api development In Laravel
upload laravel project to Digitalocean Linux VPS Server 🥳

ဒါတွေအကုန်လုံးကို Zoom Live Session နဲ့သင်ကြားရမဲ့အပြင် သင်ကြားနေစဉ်အတွင်းနားမလည်တာတွေ ဆွေးနွေးချင်တာတွေကိုပါ ဆရာနဲ့အတူတူ ဆွေးနွေးလို့ရဦးမှာဖြစ်ပါတယ်။

📝 သင်တန်းတစ်ချိန်မတက်မိရင် သင်ခန်းစာတွေကို Record ပြန်ပေးတာလား ?

စာမေးဖို့နဲ့ဆွေးနွေးဖို့အတွက် Messenger Gp ရှိမှာဖြစ်ပြီး သင်တန်းချိန်ပြီးတိုင်းမှာ သင်ပြီးတဲ့ သင်ခန်းစာတွေရဲ့ recording ကို FB gp ထဲမှာပြန်လည်တင်ပေးသွားမှာဖြစ်ပါတယ်။

📝သင်ကြားပေးမဲ့ ဆရာအကြောင်း

👨‍🏫 Course နှစ်ခုလုံးအတွက်သင်ကြားပေးမဲ့ဆရာကတော့ Creative Coder ရဲ့ Founder တစ်ဦးဖြစ်တဲ့ ဆရာ Hlaing Min Than ဖြစ်ပါတယ်။
Foreign Company တွေမှာလုပ်ကိုင်ဖူးတဲ့ အတွေ့အကြုံရှိသလို Laravel နဲ့လက်ရှိ Project တွေလုပ်နေတာလည်းဖြစ်ပါတယ်။

📝သင်တန်းကြေးနဲ့ Discount Price

ပုံမှန်သင်တန်းကြေးက 120000 MMK ဖြစ်ပေမဲ့ Discount ကာလဖြစ်တဲ့ တစ်ပတ်အတွင်းအပ်နှံမယ်ဆိုရင်တော့ Course တစ်ခုလုံးအပြီးအစီးကိုမှ 100000 MMK သာကျသင့်မှာဖြစ်ပါတယ်။
Creative Coder ရဲ့ထုံးစံအတိုင်းသင်တန်းကြေးကိုလည်းနှစ်ခါခွဲသွင်းလို့ရပါသေးတယ် ။
သင်တန်းကြေးနှစ်ခါခွဲသွင်းမယ်ဆိုရင်တော့ Discount Price နဲ့ရတော့မှာမဟုတ်ပါဘူး။

📝 သင်တန်းအချိန်စာရင်း

Live Class ဖြစ်တဲ့အတွက် လူ ၂၅ သာလက်ခံပေးသွားမှာဖြစ်ပါတယ်။
အပတ်စဉ် Tuesday, Wednesday & Thursday ည 8:30 ကနေ 10:00 အထိသင်ကြားပေးသွားမှာဖြစ်ပါတယ်

📝သင်တန်းကိုဘယ်ကနေအပ်နှံရမလဲ ?

သင်တန်းကိုအပ်နှံချင်တဲ့သူတွေက page messenger ကိုလာရောက်ပြီးအတန်းအပ်နှံနိုင်ပါတယ်။

သင်တန်းနဲ့ပတ်သက်ပြီး မေးမြန်းချင်တာဖြစ်စေ ၊ သင်တန်းအပ်နှံချင်တာဖြစ်စေ page messenger ကနေဖြစ်ဖြစ် comment ကနေဖြစ်ဖြစ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

ကဲ… နှစ်ကုန်ခါနီးမှ Laravel နဲ့အပီဖြုတ်ဖို့ ready ပဲလား Developer ကြီးတို့ရေ 🥳

#creative_coder_myanmar
#laravel
#zoom
❝ကြိုက်နှစ်သက်ရာရွေးချယ်တက်ရောက်နိုင်မယ့် 𝐋𝐚𝐫𝐚𝐯𝐞𝐥 𝐂𝐥𝐚𝐬𝐬 များ❞
=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Creative Coder ကိုဘယ်ကနေစသိလဲလို့မေးလိုက်ရင် Laravel အတန်းတွေ Vue အတန်းတွေကစသိတယ်လို့‌ကျောင်းသားတော်တော်များများကဖြေကြပါတယ်။

Laravel အတန်းတွေကိုလွန်ခဲ့တဲ့သုံးနှစ်ကျော်တည်းကဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒီအတန်းတွေကနေ ထူးချွန်တဲ့ကျောင်းသားတွေ လက်ရှိမှာလုပ်ငန်းခွင်၀င်နေတဲ့သူတွေကိုမွေးထုတ်ပေးခဲ့တာဖြစ်ပါတယ်။

ဘယ်မှာမှမရနိုင်တဲ့ service တွေနဲ့ Laravel အတန်းပုံစံတွေက Creative Coder မှာပဲရှိပါတယ်။

📝 Online ကနေ Face to face တက်ရောက်သင်ကြားချင်သူတွေအတွက် Laravel Zoom Class

📝 Creative Coder မှာ On Campus တက်ရောက်နိုင်မယ့် In Class အတန်းတွေ

📝 Self-paced learning ကိုဦးစားပေးထားတဲ့ website ကနေအချိန်မရွေး တစ်သက်တာ သင်ယူလေ့လာနိုင်မယ့် အတန်းတွေပဲဖြစ်ပါတယ်။

Review တွေကိုတော့ အောက်ပါ link မှာကြည့်ရှုနိုင်ပါတယ်။

https://m.facebook.com/story.php?story_fbid=pfbid02gtDQPqxqTeouvDrz5EnpkmFjbFTwSvf1jQGeJW4R2xMsDKmyXRiwau3TT5tmJV4kl&id=100064708297617&mibextid=Nif5oz

ဒီအတန်းသုံးတန်းစလုံးကို ကြိုတင်အပ်နှံလို့ရပြီးတက်ရောက်နိုင်တာမလို့ အခုပဲ Discount တွေနဲ့အပ်နှံပြီးတက်ရောက်ဖို့ဖိတ်ခေါ်ပါရစေ။

#creative_coder_myanmar
#laravel
#zoom
#inclass
#website
❝ဒီနှစ်အတွက် နောက်ဆုံး 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 တွေနဲ့တက်ရောက်နိုင်မယ့် 𝐖𝐞𝐛 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐁𝐚𝐭𝐜𝐡 𝟑❞

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Web Development Foundation Zoom Class Batch 3 ကို မူလသင်တန်းကြေးအပြင် discount တွေနဲ့တက်ရောက်နိုင်ဖို့ ဒီအခွင့်အရေးကို သေချာပေါက်အရယူလိုက်ပါ 🥳🎉

𝐃𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫 အဖြစ်ခြေလှမ်းစတင်မဲ့လူတွေအတွက်အသင့်တော်ဆုံး 𝐖𝐞𝐛 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အတန်းလေးဖြစ်ပြီး ဒီနှစ်အတွက် နောက်ဆုံးဖွင့်လှစ်တဲ့အတန်းလေးဖြစ်ပါတယ်။

ဒါကြောင့်နှစ်ကုန်မှာ Developer Career ကို ခြေလှမ်းစချင်တဲ့ကျောင်းသားတွေအတွက် ရည်ရွယ်ထားပြီး အခြေခံနဲ့ပတ်သက်တာတွေ အစကနေစပြီး အကုန်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

Online နေသင်ကြားပေးမယ့် Zoom Class လေးဖြစ်ပါတယ်။

Web Development ကိုဘာမှမသိသေးတဲ့သူတွေ ၊ အခုမှစပြီးလေ့လာမဲ့သူတွေအတွက် ဖွင့်လှစ်ပေးလိုက်တဲ့ Web Development Foundation Class လေးက

👤 Website တစ်ခုကိုပိုင်ပိုင်နိုင်နိုင်ရေးတတ်ချင်သူတွေ
👤 Web Development Basic ပိုင်းကိုကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်လိုသူတွေ
👤 အခြား framework တွေ library တွေကိုဆက်လက်လေ့လာဖို့ အခြေခံကောင်းကောင်းတစ်ခုရလိုသူတွေ
👤 အရင်ကလေ့လာခဲ့ဖူးပေမဲ့ မေ့သွားလို့စာပြန်နွှေးချင်သူတွေ
👤 Web Development ကိုစိတ်ပါ၀င်စားလေ့လာလိုသူတွေအတွက်အသင့်တော်ဆုံးအတန်းလေးလည်းဖြစ်ပါတယ်။

ဒီအတန်းလေးမှာ အဓိကထားသင်ပေးသွားမှာကတော့ တကယ်ကိုအခြေခံကျတဲ့အပိုင်းတွေဖြစ်ပြီး Web Development ကိုဘာမှမသိသေးတဲ့သူတွေကစပြီးတက်ရောက်နိုင်မှာလည်းဖြစ်ပါတယ်။ သေချာကျွမ်းကျင်တတ်မြောက်အောင် project တွေပါ သင်ခန်းစာတိုင်းမှာ တွဲထည့်ပြီးသင်ကြားပေးသွားမှာဖြစ်ပါတယ်။ သင်တန်းပြီးဆုံးတဲ့အခါမှာ တတ်‌မြောက်ကြောင်း certificate လည်းထုတ်ပေးသွားဦးမှာပါ။

📝 WDF Course Type

👉 WDF Zoom Weekend Class

📝 Start Date & TimeTable

👉 WDF Zoom Weekend Class (Dec 23, 2023)
Duration - 2 to 2.5 months
Time - 1 to 4 pm
Days - Sat & Sun

သင်တန်းကြာချိန်လေးကတော့ (၂) လ ခွဲပဲဖြစ်ပါတယ်။
ဒီ class လေးကို Early Bird နဲ့ကြိုတင်အပ်နှံထားသူတွေက ၁၅ ယောက်ရှိနေပြီဖြစ်ပါတယ်။

နောက်ကျလို့ လူပြည့်သွားတာမျိုးမဖြစ်ရလေအောင် အခုပဲမြန်မြန်လေးသင်တန်းလာအပ်ဖို့တိုက်တွန်းချင်ပါတယ်။

📝 ဒီအတန်းမှာဘာတွေသင်ပေးသွားမှာလဲ ?

အဓိကသင်ပေးသွားမှာတွေကတော့
💻 HTML
💻 CSS
💻 Bootstrap
💻 Tailwind CSS

တို့ဖြစ်ပါတယ်။
သင်တန်းမှာသင်ကြားပေးသွားမဲ့ သင်ခန်းစာတွေနဲ့ Course Outline တွေကိုဒီမှာ ကြည့်ရှုနိုင်ပါတယ် 👇

👉 Introduction to HTML
👉 CSS Fundamentals
👉 Introduction to Bootstrap
👉 Advanced CSS with Tailwind CSS
👉 Projects Time (12 projects)

HTML Section 1

-Chapter 1 -> Introduction
-Chapter 2 -> Deep Dive into HTML tags
-Chapter 3 -> Advanced tags (form,table)
-Chapter 4 -> Revision and Example Project

CSS

Section 1

-Chapter 1 -> Introduction to CSS (css integrating ways)
-Chapter 2 -> Element Selector and its usages and what is cascading?
-Chapter 3 -> CSS basic properties related to text
-Chapter 4 -> Box model and related project
-Chapter 5 -> Width and Height usages and -> (Project)
-Chapter 6 -> UL, LI styling
-Chapter 7 -> Form input styling and Inline , block usages -> (SM Project)
-Chapter 8 -> Position properties , float

-Chapter 9 -> Display flex and Flex items
-Chapter 10 -> Project Day 01
-Chapter 11 -> Project Day 02
-Chapter 12 -> Display grid
-Chapter 13 -> Grid small project
-Chapter 14 -> Introduction to CSS animation
-Chapter 15 -> Project with CSS animation
-Chapter 16 -> Final Project

Bootstrap 5

Section 2

-Chapter 1 -> Introduction to Bootstrap 5
-Chapter 2 -> Bootstrap (Small Project)
-Chapter 3 -> Bootstrap (Final Project)

Tailwind Css

Section 3

-Chapter 1 -> Introduction to Tailwaind Css
-Chapter 2 - > Tailwind Deep Dive
-Chapter 3 -> Usages
-Chapte 4 -> Tailwind (Small Project)
-Chapter 5 -> Tailwind (Final Project) part 01
-Chapter 6 -> Tailwind (Final Project ) part 02

📝𝐄𝐚𝐫𝐥𝐲 𝐁𝐢𝐫𝐝 ‌တွေအတွက် 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 အစီအစဉ်

Discount အစီအစဉ်လေးကတော့ ပထမဆုံး လာရောက်အပ်နှံတဲ့ early bird ကျောင်းသားဆယ်ယောက်က သင်တန်းကြေး ငါးသောင်းကျပ်လျှော့ပေးပြီး 200000 MMK နဲ့တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။
ပုံမှန်သင်တန်းကြေးကတော့ 250000 MMK ဖြစ်ပါတယ်။
Creative Coder ရဲ့ထုံးစံအတိုင်း သင်တန်းကြေးကို နှစ်ခါခွဲသွင်းလို့လည်းရပါသေးတယ်။ ဒါ့အပြင် Cash နဲ့လည်းပေးသွင်းလို့ရပါသေးတယ်။

📝 သင်တန်းမှာဘာတွေစီစဉ်ပေးထားလဲ ?