Creative Coder Myanmar
1.38K subscribers
548 photos
1 video
102 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
❝𝐃𝐢𝐠𝐢𝐭𝐚𝐥𝐎𝐜𝐞𝐚𝐧 နဲ့ 𝐀𝐰𝐬 ဘယ်ကနေ 𝐬𝐞𝐫𝐯𝐞𝐫 ဝယ်သင့်လဲ ? ❞
=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Deployment Process မှာအရေးကြီးတဲ့အပိုင်းဖြစ်တဲ့ server တွေကိုဘယ်ကနေ၀ယ်တာက ပိုအသင့်တော်ဆုံးလဲဆိုတာက Developer တော်တော်များများလုပ်ငန်းခွင်၀င်တဲ့အထိမေးတတ်တဲ့ မေးခွန်းဖြစ်ပါတယ်။

ဒီနေရာမှာ ပိုပြီး recommend ပေးချင်တာက AWS နဲ့ Digital Ocean ပဲဖြစ်ပါတယ်။ ဒီနှစ်ခုထဲက ဘယ်သူတွေအတွက် ဘယ်ဟာက ပိုသင့်တော်မလဲဆိုတာဆက်ကြည့်လိုက်ရအောင် 👀

Digitalocean နဲ့ AWS နှစ်ခုလုံးက cloud computing service တွေ provide ပေးတာဖြစ်ပေမယ့် target audience အနေနဲ့ရော function အနေနဲ့ရော အတော်လေးကွာခြားပါတယ်။

📝Digital Ocean ဟာ Developer Focused ဖြစ်ပြီး droplet လေးတွေနဲ့သုံးရတာဖြစ်ပါတယ်။ Database တွေကို Digital Ocean မှာ control လုပ်ရတာပိုပြီးလွယ်ကူစေပါတယ်။

📝AWS( Amazon Web Services) ကတော့ pay as you go ပုံစံနဲ့ EC2 cloud model ကိုအသုံးပြုထားပြီး deployment stage အတွက်ပိုပြီးလွယ်ကူစေပါတယ်။

ဒီနှစ်ခုတည်းကဘယ်ဟာကို ပိုအသုံးပြုသင့်လဲဆိုရင်တော့ တကယ်လိ့ ကိုယ်က beginner ဆို beginner friendly ဖြစ်တဲ့ digital Ocean ကိုစပြီးအသုံးပြုသင့်ပါတယ်။ ကိုယ်က Deployment တွေ server တွေနဲ့ပတ်သက်တဲ့ အခြေခံလည်းနည်းနည်းပါးပါးသိပြီဆိုရင်တော့ AWS ကိုစပြီးသုံးကြည့်တာအကောင်းဆုံးပါပဲ။

ကျွန်တော်တို့ Creative Coder မှာ Deployment နဲ့ပတ်သက်ပြီး အသေးစိတ်သင်ပေးထားတဲ့ Course လေးရှိတာကြောင့် စိတ်၀င်စားတယ်ဆို "အခုအပ် အခုတက်ပြီး တစ်သက်လုံးလေ့လာ" လို့ရပါပြီ။

https://creativecodermm.com/courses/web-deployment-from-scratch

#creative_coder_myanmar
#deployment
#server
❝𝐏𝐫𝐨𝐝𝐮𝐜𝐭𝐢𝐨𝐧 & 𝐒𝐭𝐚𝐠𝐢𝐧𝐠 & 𝐓𝐞𝐬𝐭𝐢𝐧𝐠 𝐒𝐞𝐫𝐯𝐞𝐫 တွေဘာလို့ခွဲသင့်လဲ ?❞
=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Developer ကြီးတို့အနေနဲ့ လုပ်ငန်းခွင်၀င်တဲ့အခါမှာ အခြား Developer တွေနဲ့စုပေါင်းလုပ်ရပြီး လုပ်ငန်းခွင်အတွက်သီးခြားခွဲထားတဲ့ tool တွေကိုလည်းသိထားရမှာဖြစ်ပါတယ်။ 

လုပ်ငန်းခွင်ရောက်တဲ့အခါ code ချက်ချင်းတန်းရေးပြီးတာနဲ့ server ပေါ်တင်တာမျိုးမဟုတ်ဘဲ ကြားထဲမှာ Testing Server တွေ Staging Server တွေဆိုပြီး ခွဲထားတာမျိုးတွေရှိပါသေးတယ်။

ဒါမှသာ testing အဆင့်အဆင့်ကိုကျော်ဖြတ်ပြီး Production Server ပေါ်ရောက်တဲ့အခါ အကုန်အဆင်သင့်ဖြစ်ပြီး user တွေအနေနဲ့လည်းသုံးရအဆင်ပြေမှာဖြစ်ပါတယ်။

👾 Testing Server မှာတော့ ကိုယ်လုပ်လိုက်တဲ့ ticket တစ်ခုကအဆင်ပြေလား performance ကောင်းလားဆိုတာကိုအဓိကကြည့်ပြီးပြေပါတယ် ။ တကယ်လို့ဒီအဆင့်မှာအဆင်မပြေခဲ့ရင်တော့ ရေးထားတဲ့ code ကိုပြန်ပြင်ရမှာဖြစ်ပြီး အဆင်ပြေပြီဆိုရင်တော့ Staging ကိုသွားလို့ရပါပြီ။

👾 Staging Server ဆိုတာ လုပ်ငန်းရဲ့ website နဲ့အနီးစပ်ဆုံးတူတဲ့ server တစ်ခုဖြစ်ပြီး လုပ်ငန်းမှာတကယ်အသုံးပြုနေတဲ့ website တော့မဟုတ်ဘဲ clone ပုံစံမျိုးဖြစ်ပါတယ်။ feature , function အသစ်တွေစမ်းချင်တာမျိုးဆိုရင် staging ပေါ်အရင်ဆုံးတင်ပါတယ်။ 

👾 Production Server ကတော့ လုပ်ငန်းရဲ့ အဓိက user တွေအသုံးပြုနေတဲ့ server ကြီးဖြစ်ပြီး အပေါ်ကအဆင့်နှစ်ဆင့်မှာ ကိုယ်ရေးထားတဲ့ code ကကောင်းကောင်းအလုပ်လုပ်တယ်ဆိုရင် Production ပေါ်တင်လို့ရပြီပဲဖြစ်ပါတယ်။

ဒီလိုမျိုး server တွေခွဲထားခြင်းအားဖြင့်
👉 Testing & Debugging အတွက်အဆင်ပြေစေတယ်။
👉 Security ပိုင်းမှာလည်းသေချာယုံကြည်စိတ်ချနိုင်တယ်။
👉 Step တစ်ခုချင်းစီကို သေချာ track လုပ်လို့ရတာဖြစ်တဲ့အတွက် error ရှာတဲ့နေရာမှာလည်းအချိန်ကုန်သက်သာစေမှာပါ။

ဒါကတော့ ကျွန်တော်တို့ Creative Coder ရဲ့လုပ်ငန်းအတွေ့အကြုံပေါ်မူတည်ပြီး server တွေအကြောင်းပြောပြသွားတာပဲဖြစ်ပါတယ်။

Developer ကြီးတို့ကရော server တွေခွဲထားတဲ့အကြောင်းဘယ်လိုထင်ပါသလဲ အတွေးအမြင်လေးတွေမျှဝေပေးခဲ့ကြပါဦးနော် 👀

#creative_coder_myanmar
#server