ရွှေရဲတိုက်ကို ရှာဖွေခြင်း (၂၀၁၉)
IMDb - 6.3/10
Genre - Action, Adventure
အစမှာတော့ ဆင်းရဲတဲ့ သစ်ခုတ်သမား လေး အက်စ်ပန် တို့ ညီအကိုသုံးယောက်ဟာ မင်းသမီးလေး ခရစ်စ်တင် ရဲ့ မွေးနေ့ပွဲကို တက်ရောက်ဖို ဖိတ်ကြားခံခဲ့ရပါတယ်။ မထင်မှတ်ပဲ မွေးနေ့ပွဲမှာ ခရစ်စ်တင် ရဲ့ မိဘများက အဆိပ်ခတ်ခံခဲ့ရပါတော့တယ်။ မြေနိမ့်ရာလှံစိုက်ဆိုသလို အက်စ်ပန် ရဲ့ အကို၂ယောက်ကို လူသတ်သမားလို စွပ်စွဲခဲ့ကြပါတော့တယ်။ အက်စ်ပန် ဟာလည်း သူ့အကိုတွေ အပြစ်မရှိကြောင်း သက်သေပြနိုင်ဖိုအတွက် ဒဏ္ဍာရီလိုလို ပုံပြင်လိုလိုတွေဖြစ်ခဲ့တဲ့ ရွှေအိုရောင်နန်းတော်ကြီး ဆိုရီယာမိုရီယာ နဲ့ အသက်ဆက်ရေစင်ကို ရှာဖွေဖို ဇာတ်လမ်းလေးဖြစ်လာပါတော့တယ်။ မင်းသမီး ခရစ်စ်တင် ဟာလည်း သူမမိဘတွေအတွက် အသက်ဆက်ရေစင်ကို ရှာဖို့ အက်စ်ပန် နဲ့အတူ ခရီးထွက်လာပါတယ်။ အက်စ်ပန် နဲ့ ခရစ်စ်တင် တို့ရဲ့ ဆိုရီယာမိုရီယာ နန်းတော် ရှာပုံတော်ခရီးလေးကရော ဘယ်လိုဖြစ်လာမှာလဲ။ ခရစ်စ်တင် မိဘတွေကို သတ်ဖိုကြံစည်တာကရောဘယ်သူတွေဖြစ်မလဲ။ ခရစ်စ်တင် လိုချင်တဲ့ အသက်ဆက်ရေကိုရော ရသွားနိုင်မလားဆိုတာတော့
t.me/gwmmupl/4332

သင်းခွေချပ်လေး ကူလု ၏ ခရီးစဉ် (၂၀၂၅)
IMDB - 7.5/10
Genre - Documentary
ဒိုင်နိုဆောခေတ်ကတည်းက တည်ရှိခဲ့တဲ့ ရှားပါးသင်းခွေချပ်တွေမှာ သူတို့ရဲ့ကြေးခွံနဲ့ အသားက ဆေးဖက်ဝင်တာကြောင့် တရားမဝင်ရောင်းဝယ်မှုတွေမြင့်မားလာခဲ့ပြီး လက်ရှိမှာ မျိုးတုန်းတော့မယ့် ရှားပါးမျိုးစိတ်တွေဖြစ်နေပါတယ်။ ဇာတ်လမ်းလေးကတော့ တရားမဝင်ရောင်းဝယ်တဲ့ သူတွေလက်ထဲမှာရှိနေတဲ့ သင်းခွေချပ်ပေါက်လေးကို တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးအဖွဲ့က ကယ်တင်ခဲ့ပြီး တောရိုင်းထဲပြန်မလွှတ်ခင် စေတနာ့ဝန်ထမ်းလေး ဂဲရက်က သင်ခွေချပ်လေးကို ကျန်းမာသန်စွမ်းလာအောင် ဖခင်သကဲ့သို့ ကိုယ်နဲ့မကွာစောင့်ရှောက်ပေးခဲ့ပုံကို စိတ်ဝင်စားဖွယ် ရိုက်ပြထားတာပဲဖြစ်ပါတယ်။ တိရစ္ဆာန်လေးတွေမှာလည်း လူလိုပဲ ထိတ်လန့်လွန်ပြီး ထရာမာရသွားတဲ့ အခိုက်အတန့်လေးတွေ ရှိတတ်တာကြောင့် မှောင်ခိုသမားတွေလက်ထဲမှာ ထရာမာရသွားတဲ့ သင်းခွေချပ်လေးကို စိတ်ပိုင်းဆိုင်ရာပြန်လည်ကျန်းမာအောင် လုပ်ပေးခဲ့ပုံကလည်း ပညာယူစရာကောင်းလှပါတယ်။ တောင်အာဖရိကမှာ ရိုက်ကူးထားတာကြောင့် ရှုခင်းတွေလှပတာကိုလည်း ဝေဖန်ရေးသမားတွေက ချီးကျူးထားကြပါသေးတယ်။ ဇာတ်ကားက မှတ်တမ်းရုပ်ရှင်ဖြစ်တာကြောင့် ဒါတွေအားလုံးကတော့ ဖြစ်ရပ်မှန်တွေပဲဖြစ်ပါတယ်။ တောရိုင်းတိရစ္ဆာန်တွေရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေ၊ လူတွေကြောင့် တိရစ္ဆာန်လေးတွေ ကြုံတွေ့နေရတဲ့ ဒုက္ခတွေ၊ ဂဲရက်လို နှလုံးသားလှတဲ့စေတနာ့ဝန်ထမ်းလေးတွေကြောင့် ကိုယ်၊ စိတ်ဒဏ်ရာရနေတဲ့ တိရစ္ဆာန်လေးတွေ ပြန်လည်ကောင်းမွန်လာခဲ့ပုံနှင့် သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်ပေးဖို့ ဘာကြောင့်လိုအပ်နေလဲဆိုတာတွေကို ကျကျနနဖန်တီးရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်လေးကြည့်ရင်း လေ့လာလိုက်ကြရအောင်။
t.me/gwmmupl/4334

This media is not supported in your browser
VIEW IN TELEGRAM
ဇာတ်ကားနာမည်အမှန်တွေကို ပုံမှာထည့်ပေးထားတယ်နော်။ မမြင်ရရင် ပုံကို တစ်ချက်ထောက်ကြည့်ပေးပါခင်ဗျာ။
- အဆင်မပြေတာ
- ကြည့်ချင်တာမတွေ့ရင် Comment မှာ စိတ်ကြိုက်မေးလို့ရပါတယ်ဗျ

Forwarded from Shwe BaLu
This media is not supported in your browser
VIEW IN TELEGRAM
ရွှေဘီးလူးတဲ့ဟေ့ လာကစားသမျှ အနိုင်ရစေအောင်ဆောင်မတော့မယ်
အလျော်အစားမှာ သစ္စာရှိမဲ့ Shwe Balu
နိုင်သလောက် အကုန်လျော်မယ်ဟေ့
ချစ်သားတိုစိတ်ကြိုက်နိုင် Shwe Balu အကုန်လျော်မယ်
ဘောလုံး
https://t.me/Shwe_Balu
Please open Telegram to view this post
VIEW IN TELEGRAM
မျှော်လင့်ခြင်းလေး (၂၀၁၂)
IMDb - 6.6/10
Genre - Sci-fi, Drama
စိတ်ကူးယဉ်စရာကောင်းလှတဲ့ နာဂါရှီမာစီရင်စုရှိ ရွာငယ်လေးတစ်ခုမှာ အိုနိုတို့ ဇနီးမောင်နှံ နဲ့ သားဖြစ်သူ ယိုအိချီနဲ့ သူ့ဇနီး အီဇူမီတို့ဟာ လယ်ယာနဲ့ နွားမွေးမြူရေး လုပ်ကိုင်ရင်း အေးချမ်းစွာ နေထိုင်ခဲ့ကြပါတယ်။ တစ်နေ့ ဂျပန်နိုင်ငံမှာ ငလျင်လှုပ်ခတ်ပြီး ကမ်းရိုးတန်းဒေသတွေမှာလည်း ဆူနာမီဒဏ်ကို ခံစားလိုက်ကြရပါတယ်။ ငလျင်ကြောင့် နာဂါရှီမာက နျူကလီးယား ဓာတ်အားပေးစက်ရုံ ပေါက်ကွဲသွားခဲ့ပါတယ်။ စက်ရုံရဲ့ အချင်းဝက် ၂၀ ကီလိုမီတာကို လုံခြုံရေးနယ်မြေ သတ်မှတ်ပြီး စည်းတားကာ အဲဒီနယ်နိမိတ်အတွင်း နေထိုင်သူများကို အတင်းပြောင်းရွှေ့ခိုင်းခဲ့ပါတယ်။ လယ်သမားကြီး အိုနိုတို့အိမ်ဟာ စည်းအပြင်မှာ ရောက်ရှိနေတာကြောင့် မပြောင်းရွှေ့ဘဲ ဆက်လက်နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ အိုနိုဟာ သားဖြစ်သူနှင့် ချွေးမကိုတော့ တခြားကို ပြောင်းဖို့ ဖိအားပေးခဲ့ပါတယ်။ အာဏာပိုင်များ၏ ညွှန်ကြားချက်များကို လျစ်လျူရှုကာ သူတို့အိမ်ကို ခိုင်မာစွာ ဆုပ်ကိုင်ထားကြတဲ့ အိုနိုတို့ ဇနီးမောင်နှံ သူတို့ဆန္ဒအတိုင်း အိမ်မှာပဲ ဆက်ပြီးနေခွင့်ရကြပါ့မလား။ ဆူနာမီနဲ့ နျူကလီးယားစက်ရုံပေါက်ကွဲမှုကြောင့် တခြားကို ပြောင်းနေကြတဲ့ သားနဲ့ ချွေးမ၊ ရွာသူရွာသားတွေရော ဇာတိမြေကို ပြန်လည်ခြေချခွင့်ရကြပါ့မလားဆိုတာ။
t.me/gwmmupl/4340

ဂန်းစတား (၂ဝ၁၅)
IMDB - 6.6/10
Genre - Crime, Thriller
ဂန်းစတား ဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်သူ မင်းသားတွေကို ပြပါဆိုရင် တွမ်ဟာဒီ ကိုလည်း ချန်ထားခဲ့လို့ မရဘူးရယ်။ ဒီဇာတ်ကားမှာတော့ ၅၀ ပြည့်နှစ်၊ ၆၀ ပြည့်နှစ်တွေမှာ လန်ဒန်မြို့ရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ဂန်းစတား တွေဖြစ်တဲ့ ခရေး အမြွှာညီနောင်ရဲ့ နေရာကနေ နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ရော်နယ် ခရေး နဲ့ ရတ်ဂျီနယ် ခရေး ဆိုတဲ့ အမြွှာညီအစ်ကိုနှစ်ယောက်အကြား ရွန် လို့ခေါ်တဲ့ ရော်နယ် ကတော့ စိတ်ကစဉ့်ကလျားရောဂါကို ခံစားနေရသူပေါ့။ ဒီတော့ သွေးဆာတတ်တယ်၊ အကြမ်းဖက်တတ်တယ်၊ ထင်တိုင်းကြဲတတ်တယ်။ ရတ်ဂျီ ကတော့ ပိုက်ဆံကြိုက်တယ်၊ ကလပ်ပိုင်ရှင်၊ ကာစီနိုပိုင်ရှင်ဖြစ်တဲ့အတွက် အဲ့ဂုဏ်ပုဒ်နဲ့ ထိုက်တန်တဲ့ လေးစားမှုကို ရချင်ပါတယ်တဲ့။ အကျဉ်းချုပ်လိုက်ရင်တော့ နှစ်ယောက်လုံးက ဂန်းစတားတွေပါ။ ဒီရုပ်ရှင်ကို ရတ်ဂျီ ရဲ့ ချစ်ရသူ၊ သူ့ထက် ၁၀ နှစ်ငယ်တဲ့ ဖရန်စစ်ရှေယာ က ဇာတ်ကြောင်းကို ပြောပြနေဟန် ရိုက်ကူးထားတယ်။ “ကျွန်မရဲ့ ခန့်ညားလှတဲ့ ရတ်ဂျီ/ ကျွန်မရဲ့ ရတ်ဂျီ/ ကျွန်မရဲ့ခင်ပွန်း” ဒီလိုလေးတွေ သုံးနှုန်းပြီးတော့ ခရေး ညီနောင် နာမည်ကျော်ကြားလာပုံကစလို့ သူတို့ရဲ့ အဆုံးသတ်အထိ ဇာတ်ကြောင်းကို ပြောပြသွားတယ်။
t.me/cartoonbynikko/612

နေရောင်အောက်က မိန်းမပျို (၂၀၁၃)
IMDB - 6.7/10
Genre - Romance, Drama
မာအို နဲ့ ခိုဆုခဲ တို့နှစ်ယောက်က ဆယ်ကျော်သက် အထက်တန်းကျောင်းသားအရွယ်က ငယ်ချစ်ဦးတွေပေါ့။ ဒါပေမဲ့ အချစ်ဦးဆိုတာ အဆင်မပြေကြဘူးဆိုတဲ့အတိုင်းပဲ ခိုဆုခဲ တစ်ယောက် ကျောင်းပြောင်းသွားချိန်မှာတော့ သူတို့နှစ်ယောက် လမ်းခွဲရင်း အချစ်ဇာတ်လမ်းလေးလည်း တစ်ခန်းရပ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဆယ်နှစ်အကြာမှာ အလုပ်မှာ မာအို နဲ့ ပြန်ဆုံချိန်မှာတော့… တစ်ချိန်က ကျောင်းရဲ့ အပယ်ခံ မာအို ဟာ အခုချိန်မှာတော့ သိပ်ကိုလှတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်နေခဲ့ပါပြီ။ အချစ်ဦးဆိုတာ နှစ်ပေါင်း 100 ထိ မမေ့နိုင်ဆိုတဲ့အတိုင်းပဲ ခံစားချက်တွေလည်း လတ်ဆတ်နေဆဲမို့လို့ ဆယ်စုနှစ်အကြာမှာ အချစ်တွေကို ပြန်လည်အသက်သွင်းရင်း လက်ထပ်ကြဖို့ ပြင်ဆင်ချိန်မှာ မာအို ရဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုကို ခိုဆုခဲ တစ်ယောက် သိလိုက်ရချိန်မှာတော့
t.me/dramaworld001/5851

Forwarded from Hyper M9 Skm
အမြဲ ❤️ Active now ❤️ နေတဲ့ M9 ရှမ်းကိုးမီး
☺️ အဖိုးကြီး နဲ့ သမီးတော်စလော့ ချိုချဥ်ဂိမ်း ဆ 1000 နဲ့ ရှယ်ထုတ်ဖို့ အခုပဲအကောင့်ဖွင့်လိုက်တော့နော်
အလျော်အစား မှန်နေ မြန်နေမှ ဆော့ကစားချင်တဲ့ ညီကိုတို့ အတွက် #HYPER M9😍
မှာ ရှမ်း/ဘူကြီး/ငါးပစ်/စလော့/ live ကာစီနို/ကြက်တိုက်/လေးကောင်(ခြောက်ကောင်ဂျင်) နှင့် ဘောလုံးပွဲများကို နေ့စဉ် 24 နာရီပိတ်ရက်မရှိဆော့ကစားနိုင်ပါပြီရှင့်။
⚡️ မန်ဘာသစ် 3000 သွင်း 6000 ဖရီး ရတဲ့ အပြင်
⚡️ နေ့စဉ်ဘောနပ် 20%
⚡️ သူငယ်ချင်းမိတ်ဆက် 20%
⚡️ သွင်းတိုင်းရ 10% ရှိတဲ့အပြင်
🍀 ပရိုမိုးရှင်းကာလက အကန့်အသတ်ရှိတာမို့ ညီကိုတွေ မရလိုက်မှာဆိုးလို့
အခုပဲ အမြန်ဆုံး အကောင့်ဖွင့်ကစားဖို သတင်းကောင်းပါးလိုက်ပါတယ်ရှင့်။
🔽 🔽 ဂိမ်းအကောင့်ဖွင့်ရန် 🔽 🔽
📱 Viber - 09406502075
📱 Telegram မှ ဆက်သွယ်ရန် 😏 t.me/hyperm9skm
Hyper m9 SKM ချန်နယ် အလျော်ကြမ်းနေသောဂိမ်းတင်ပေးသောနေရာ💸 ✅ - t.me/hypermnine
📱 Viber link 🔗 - https://msng.link/o?959406502075=vi☎️

အလျော်အစား မှန်နေ မြန်နေမှ ဆော့ကစားချင်တဲ့ ညီကိုတို့ အတွက် #HYPER M9

Hyper m9 SKM ချန်နယ် အလျော်ကြမ်းနေသောဂိမ်းတင်ပေးသောနေရာ
Please open Telegram to view this post
VIEW IN TELEGRAM
မျိုသိပ်ထားသော မကျေနပ်ခြင်းများ (၂၀၂၂)
IMDB - 6.7/10
Genre - Romance, Drama
ယူဂျီရို တာမူရာ နဲ့ ဟီယောရိ တို့က အိမ်ထောင်သက် ၄ နှစ်ရှိတဲ့ လင်မယားတွေဖြစ်ပြီး လူအများအမြင်မှာ အေးချမ်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားလို့ အများက အားကျတာကို ခံနေရတဲ့ အိမ်ထောင်သည်တွေဆိုရင်လည်း မမှားပါဘူး။ ဒါပေမဲ့ အိမ်ထောင်သက်နှစ်တွေ ရှည်လာတာနဲ့အမျှ တစ်ယောက်အပေါ်တစ်ယောက် အဆိုးမြင်တာတွေ၊ တစ်ဖက်လူရဲ့အမြင်ကို လျစ်လျူရှုမိတာတွေကနေတဆင့် အစိုင်အခဲတွေ ဖြစ်လာပြီး တဖြည်းဖြည်း စစ်အေးတိုက်ပွဲပမာ ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဟီယောရိ ရဲ့ သူငယ်ချင်းက ပြောပြခဲ့တဲ့ “ခင်ပွန်းသည် သေမင်းမှတ်စု” ဆိုတဲ့ website မှာ ချာလီ ဆိုတဲ့ နာမည်နဲ့ သူ့ရဲ့ ယောက်ျားအပေါ် မကျေနပ်ချက်တွေကို ပေါက်ကွဲပါတော့တယ်။ ယူဂျီရို ကလည်း အလုပ်က မိတ်ဆွေတစ်ယောက်ပြလို့ “ခင်ပွန်းသည် သေမင်းမှတ်စု” အကြောင်း သိသွားပြီး လူကြိုက်များနေတဲ့ ချာလီ ဆိုတဲ့ စာရေးသူရဲ့စာတွေကို သိသွားပြီးတဲ့နောက် သတိထားမိလာရာကနေ သူတို့အိမ်ထောင်ရေးက တဖြည်းဖြည်း ယိုယွင်းသထက် ယိုယွင်းလာခဲ့ပါတယ်။ ဒီလို ယိုယွင်းနေတဲ့ အိမ်ထောင်ရေးကို သူတို့နှစ်ယောက်သား ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားကြမလဲဆိုတာ ကြည့်ရှုအားပေးကြပါဦးနော်။
t.me/dramaworld001/5852

ဂျင်မ်ရဲ့ ပုံပြင် (၂၀၂၄)
IMDb - 6.8/10
Genre - Comedy, Drama
ဒီဇာတ်လမ်းလေးက “ဂျင်မ်ရဲ့ပုံပြင်” လိုအမည်ရတဲ့ ပြင်သစ်ဒရမ်မာကားလေးပါ။ ဇာတ်လမ်းအကျဥ်းလေးကတော့ ။ အမ်မရစ် ဟာ ဘဝမှာ သူတစ်ပါးအတွက်သာ ဖြစ်တည်ခဲ့တဲ့လူတစ်ယောက်ဖြစ်ပြီး သူအိမ်ထောင်ကျတော့လည်း ဇနီးဖြစ်သူဘက်မှာ ဂျင်မ် ဆိုတဲ့သားလေးတစ်ယောက် ပါလာတယ်။ ဒီသားလေးအတွက် သူ့မှာ ဝမ်းနဲ့မလွယ်ရုံတမယ် ဖခင်ရင်းထက်မလျော့တဲ့အချစ်တွေနဲ့အချစ်ပိုခဲ့ရပါတယ်။ သို့ပေမဲ့ တစ်နေ့မှာတော့ ဂျင်မ် လေးရဲ့ ဖခင်ရင်းဖြစ်သူပေါ်လာတဲ့အခါမှာတော့ အမ်မရစ် တစ်ယောက် သားဖြစ်သူ ဂျင်မ် လေးဘဝအဆင်ပြေစေဖို့ ဘယ်လိုတွေအနစ်နာခံချစ်ပြသွားမလဲ ။ သွေးသားရင်း မဟုတ်သော်ညားလည်း သားတစ်ယောက်နဲ့ ဖခင်ကြားက ချစ်မေတ္တာကို နက်နက်ရှင်းရှင်းဖော်ပြထားတဲ့ ကားလေးပါပဲ။
t.me/gwmmupl/4358

ရစ်ငှက်တစ်ကောင် ဖြစ်လာခြင်း (၂၀၂၄)
IMDb - 7/10
Genre - Comedy, Drama
ဇာတ်ကားအစမှာတော့ ရှုလာ က သူငယ်ချင်းရဲ့ ဝတ်စုံပါတီကနေ ရစ်ငှက်အဝတ်အစားဝတ်ထားရင်း ကားမောင်းပြီး အိမ်ပြန်လာခဲ့ပါတယ်။ ဒါပေမယ့် ကားလမ်းမပေါ်မှာ သူ့ အန်ကယ် ဖြစ်တဲ့ ဖရတ်ဒ် ရဲ့အလောင်းကိုတွေ့ရတဲ့အပြင် အမူးသမားဖြစ်နေတဲ့ ဝမ်းကွဲဖြစ်တဲ့ ဆန်ဆာ နဲ့လည်း တွေ့ခဲ့ရပါတယ်။ ဒီလိုနဲ့ အန်ကယ် ဖြစ်သူရဲ့အသုဘအတွက် အဒေါ် ဖြစ်သူတစ်စုက ခေါ်လို့ မိသားစုအိမ်မှာ သွားကူရင်း ဝမ်းကွဲတွေ ပြန်ဆုံတွေ့တဲ့အခါ သူတို့ရဲ့ ရင်ဖွင့်စကားတွေကနေ အချိန်အကြာကြီး လျှို့ဝှက်ထားခဲ့တဲ့ မိသားစုရဲ့ ဆိုးရွားတဲ့အတိတ်ဟောင်းတွေ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတဲ့အခါ ။ ရှုလာ မှာရော လျှို့ဝှက်ထားတဲ့ အတိတ်ဆိုးရှိနေမလား ။ သူတို့မိသားစုရဲ့ ထုံးတမ်းစဉ်လာတွေနဲ့ အန်ကယ် ရဲ့ မုဆိုးမဇနီးဖြစ်သူရဲ့ မိသားစုနဲ့ သူတို့မိသားစုကြားက ပဋိပက္ခတွေ ၊ အဒေါ် တွေရဲ့ ဖိနှိပ်မှုတွေကို ဇမ်ဘီယာမိသားစုတစ်ခုရဲ့ အိမ်တွင်းဇာတ်လမ်းအဖြစ် ကြည့်ရှုခံစားရမှာပါ။ နောက်ဆုံးမှာ ရှုလာ ကရော မုဆိုးလာရင် သားကောင်ကို အသံနဲ့အချက်ပေးတတ်တဲ့ ရစ်ငှက်ကြီးတစ်ကောင် ဖြစ်လာနိုင်မလား ။
t.me/gwmmupl/4360

မောင်လေးအတွက် ကြိုးပမ်းချက် (၂၀၂၃)
IMDb - 6/10
Genre - Crime , Drama
မီအို ဟာ ဂိဖုမြို့က ကလပ်တစ်ခုက ဧည့်ဝတ်ကျေပွန်တဲ့ ဝန်ထမ်းဖြစ်ပြီး အမေ နဲ့အတူတူနေထိုင်သူဖြစ်ပါတယ်။ သူမဟာ စိတ်မြန်လက်မြန်ရှိပြီး တရားမျှတမှုအပြည့်နဲ့ရှိသူလည်းဖြစ်ပါတယ်။ ကင်ကာတက္ကသိုလ်မှာ ဟိုက်ဒရိုဂျင်အကြောင်းပို့ချနေတဲ့ ပါမောက္ခ အဇဲချီ ဂဲနိချီရို အတန်းချိန်ကိုလည်း အလုပ်အားချိန်မှာလေ့လာနေသူပါ ။ သူ့မောင်လေး ဒါအိခီ ကတော့ နာဂိုယာမှာ အချိန်ပိုင်းအလုပ်တွေနဲ့ ကြုံသလိုနေသူဖြစ်ပါတယ်။ တစ်နေ့ ပန်းခြံမှာ မိန်းကလေးတစ်ယောက်အသတ်ခံရမှုနဲ့ပတ်သက်ပြီး ဒါအိခီ ကိုရဲဖမ်းသွားမှန်းသိသွားခဲ့ပါတယ်။ ရဲတွေကလည်း ဒါအိခီ ရဲ့ဖုန်းထဲက ယာမာမိုတို နာမည်နဲ့မှတ်ထားတဲ့ ဖုန်းနံပါတ်က နစ်နာသူတွေရဲ့ဖုန်းမှာမှတ်ထားတာနဲ့ တိုက်တိုက်ဆိုင်ဆိုင် တူညီနေတော့ သံသယဝင်ကြတာလည်း မမှားပါဘူး။ မီအို ဟာ သူ့ရဲ့ တစ်ဦးတည်းသောမောင်လေး အပြစ်ကင်းကြောင်း သက်သေပြနိုင်ဖို့ ကြိုးစားရပါတော့တယ်။ ဒါအိခီ အပေါ် သံသယကင်းရှင်းဖို့နဲ့ တရားခံအစစ် ဖော်ထုတ်နိုင်ဖို့ မီအို၊ ဒါအိခီ နဲ့ စုံထောက်တွေ ဘယ်လိုပူးပေါင်းဆောင်ရွက်သွားကြမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။
t.me/gwmmupl/4362
IMDb - 6/10
Genre - Crime , Drama
မီအို ဟာ ဂိဖုမြို့က ကလပ်တစ်ခုက ဧည့်ဝတ်ကျေပွန်တဲ့ ဝန်ထမ်းဖြစ်ပြီး အမေ နဲ့အတူတူနေထိုင်သူဖြစ်ပါတယ်။ သူမဟာ စိတ်မြန်လက်မြန်ရှိပြီး တရားမျှတမှုအပြည့်နဲ့ရှိသူလည်းဖြစ်ပါတယ်။ ကင်ကာတက္ကသိုလ်မှာ ဟိုက်ဒရိုဂျင်အကြောင်းပို့ချနေတဲ့ ပါမောက္ခ အဇဲချီ ဂဲနိချီရို အတန်းချိန်ကိုလည်း အလုပ်အားချိန်မှာလေ့လာနေသူပါ ။ သူ့မောင်လေး ဒါအိခီ ကတော့ နာဂိုယာမှာ အချိန်ပိုင်းအလုပ်တွေနဲ့ ကြုံသလိုနေသူဖြစ်ပါတယ်။ တစ်နေ့ ပန်းခြံမှာ မိန်းကလေးတစ်ယောက်အသတ်ခံရမှုနဲ့ပတ်သက်ပြီး ဒါအိခီ ကိုရဲဖမ်းသွားမှန်းသိသွားခဲ့ပါတယ်။ ရဲတွေကလည်း ဒါအိခီ ရဲ့ဖုန်းထဲက ယာမာမိုတို နာမည်နဲ့မှတ်ထားတဲ့ ဖုန်းနံပါတ်က နစ်နာသူတွေရဲ့ဖုန်းမှာမှတ်ထားတာနဲ့ တိုက်တိုက်ဆိုင်ဆိုင် တူညီနေတော့ သံသယဝင်ကြတာလည်း မမှားပါဘူး။ မီအို ဟာ သူ့ရဲ့ တစ်ဦးတည်းသောမောင်လေး အပြစ်ကင်းကြောင်း သက်သေပြနိုင်ဖို့ ကြိုးစားရပါတော့တယ်။ ဒါအိခီ အပေါ် သံသယကင်းရှင်းဖို့နဲ့ တရားခံအစစ် ဖော်ထုတ်နိုင်ဖို့ မီအို၊ ဒါအိခီ နဲ့ စုံထောက်တွေ ဘယ်လိုပူးပေါင်းဆောင်ရွက်သွားကြမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။
t.me/gwmmupl/4362
Forwarded from Hyper M9 Skm
အမြဲ ❤️ Active now ❤️ နေတဲ့ M9 ရှမ်းကိုးမီး
☺️ အဖိုးကြီး နဲ့ သမီးတော်စလော့ ချိုချဥ်ဂိမ်း ဆ 1000 နဲ့ ရှယ်ထုတ်ဖို့ အခုပဲအကောင့်ဖွင့်လိုက်တော့နော်
အလျော်အစား မှန်နေ မြန်နေမှ ဆော့ကစားချင်တဲ့ ညီကိုတို့ အတွက် #HYPER M9😍
မှာ ရှမ်း/ဘူကြီး/ငါးပစ်/စလော့/ live ကာစီနို/ကြက်တိုက်/လေးကောင်(ခြောက်ကောင်ဂျင်) နှင့် ဘောလုံးပွဲများကို နေ့စဉ် 24 နာရီပိတ်ရက်မရှိဆော့ကစားနိုင်ပါပြီရှင့်။
⚡️ မန်ဘာသစ် 3000 သွင်း 6000 ဖရီး ရတဲ့ အပြင်
⚡️ နေ့စဉ်ဘောနပ် 20%
⚡️ သူငယ်ချင်းမိတ်ဆက် 20%
⚡️ သွင်းတိုင်းရ 10% ရှိတဲ့အပြင်
🍀 ပရိုမိုးရှင်းကာလက အကန့်အသတ်ရှိတာမို့ ညီကိုတွေ မရလိုက်မှာဆိုးလို့
အခုပဲ အမြန်ဆုံး အကောင့်ဖွင့်ကစားဖို သတင်းကောင်းပါးလိုက်ပါတယ်ရှင့်။
🔽 🔽 ဂိမ်းအကောင့်ဖွင့်ရန် 🔽 🔽
📱 Viber - 09406502075
📱 Telegram မှ ဆက်သွယ်ရန် 😏 t.me/hyperm9skm
Hyper m9 SKM ချန်နယ် အလျော်ကြမ်းနေသောဂိမ်းတင်ပေးသောနေရာ💸 ✅ - t.me/hypermnine
📱 Viber link 🔗 - https://msng.link/o?959406502075=vi☎️
☺️ အဖိုးကြီး နဲ့ သမီးတော်စလော့ ချိုချဥ်ဂိမ်း ဆ 1000 နဲ့ ရှယ်ထုတ်ဖို့ အခုပဲအကောင့်ဖွင့်လိုက်တော့နော်
အလျော်အစား မှန်နေ မြန်နေမှ ဆော့ကစားချင်တဲ့ ညီကိုတို့ အတွက် #HYPER M9
မှာ ရှမ်း/ဘူကြီး/ငါးပစ်/စလော့/ live ကာစီနို/ကြက်တိုက်/လေးကောင်(ခြောက်ကောင်ဂျင်) နှင့် ဘောလုံးပွဲများကို နေ့စဉ် 24 နာရီပိတ်ရက်မရှိဆော့ကစားနိုင်ပါပြီရှင့်။
အခုပဲ အမြန်ဆုံး အကောင့်ဖွင့်ကစားဖို သတင်းကောင်းပါးလိုက်ပါတယ်ရှင့်။
Hyper m9 SKM ချန်နယ် အလျော်ကြမ်းနေသောဂိမ်းတင်ပေးသောနေရာ
Please open Telegram to view this post
VIEW IN TELEGRAM
ကျမဘဝ (၂၀၂၃)
IMDB - 6.7/10
Genre - Drama
2023 က ထွက်ရှိခဲ့ပေမဲ့ 2025 မှာပါ ရုံတင်ပြသခဲ့တဲ့ ဒီဂျပန်ဇာတ်ကားလေးဟာ မိန်းကလေးတစ်ယောက်ရဲ့ ငယ်စဉ်ဘဝအစ အရွယ်ရောက်သည်အထိ တစ်ဆင့်ပြီးတစ်ဆင့် လူအမျိုးမျိုး အတွေ့အကြုံအမျိုးမျိုး ကျော်ဖြတ်ခဲ့ပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ငယ်စဉ်တုန်းက ဖေဖေမေမေလုပ်တမ်းကစားခဲ့တဲ့ ရှိဂုဆာ ဆိုတဲ့ကောင်မလေးက ဆယ်ကျော်သက်အရွယ်မှာ ပတ်ဝန်းကျင်က မှားနေတဲ့အရာတွေကို နားယောင်ပြီး “ကောင်လေးထားရင် ပိုလှလာတယ်” ဆိုတဲ့စကားကို အမှန်ထင်ကာ ကောင်လေးရဖို့ ကြိုးစားခဲ့ပါတယ်။ တစ်ချိန်တည်းမှာ ကျူရှင်ဆရာဆီကနေ အနှောင့်အယှက်မလွတ်တဲ့ စကားတွေကို အပြောခံနေရပေမယ့် အမှားအမှန် မဝေခွဲနိုင်သေးတဲ့ ဆယ်ကျော်သက်အရွယ်မှာ ဒီလိုအရာတွေကို ပုံမှန်လို့ သဘောထားလိုက်ပါတယ်။ ကောလိပ်ရောက်ပြန်တော့လည်း ကိုယ့်ဘက်က အစစအရာရာကောင်းပေးပေမယ့် သူ့ရဲ့ပညာရေးကို နှောင့်နှေးစေတယ်ဆိုတဲ့အကြောင်းအရင်းနဲ့ ပညာဂုဏ်မမက်တဲ့ကောင်လေးအိမ်ကနေ နှင်ချခံလိုက်ရပြန်ပါတယ်။ အလုပ်မှာလည်း အိမ်ထောင်ရှိမန်နေဂျာဆီက လိင်ပိုင်းဆိုင်ရာအရ မလွတ်တဲ့စကားတွေနဲ့ နှောင့်ယှက်ခံရပြီး ဒါတွေဟာ အလုပ်မှာ ပုံမှန်ဖြစ်တဲ့အကြောင်းအရာတွေပါလို့ ဦးနှောက်ဆေးခံခဲ့ရပါသေးတယ်။ အမျိုးမျိုးသော ယောက်ျားတွေနဲ့ တွေ့ဆုံခဲ့ရပြီးနောက် ရှိဂုဆာ ရဲ့ဘဝဟာ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာ ဇာတ်ကားလေးထဲမှာ ကြည့်ရှုပေးကြပါဦးနော်။
t.me/gwmmupl/4366

လူတိုင်းချစ်တဲ့ တူဒါ (၂၀၂၄)
IMDb - 6.5/10
Genre - Drama
မော်ရိုကိုမြေပြန့်ဒေသက "ရှီးခတ်" လို့ကျော်ကြားကြတဲ့ ရိုးရာတေးဆိုကြတဲ့ အဆိုတော်လူမျိုးတွေကနေဆင်းသက်လာတဲ့ တူဒါ ဆိုတဲ့အမျိုးသမီး။ အသက်မွေးကြောင်းအရ ဘားတွေမှာ တင်လှုပ်ရင်လှုပ်၊ ထိကပါးရိကပါးခံပြီး သီချင်းဆိုဖျော်ဖြေရပေမဲ့ သူ့ရဲ့အိပ်မက်က သူတို့ရိုးရာ "အိုက်တာ" သီချင်းနဲ့ကျော်ကြားတဲ့စတားတစ်ယောက်ဖြစ်လာဖို့ ။ သူ့ဘဝကို ဘားအဆိုမယ်အဖြစ်နဲ့ မပျော်ပိုက်တဲ့ မာနခဲပေါ့။ ရိုးရာတေးတွေကို နေရာမပေးကြတော့တဲ့ခေတ်မှာ အရည်အချင်းရှိပေမဲ့ အသိအမှတ်မပြုခံရတော့ သူဟာ မြို့ကြီးကိုတက်ပြီး နေရာရဖို့ ကြိုးစားပါတော့တယ်။ သူကိုယ်တိုင်စာမတတ်တော့ သူ့ရဲ့ဆွံ့အနားမကြားသားလေးကို စာတတ်အောင်သင်ရမယ်ဆိုတဲ့စိတ်နဲ့ ခေါင်းမာပြီး ရည်မှန်းချက်ကြီးတဲ့အမျိုးသမီးပေါ့။ ဒီဇာတ်ကားက သူမရဲ့ဘဝကြမ်းတမ်းပုံတွေ၊ ရုန်းကန်ရပုံတွေကို ရိုးရိုးလေးနဲ့ရိုက်ပြထားပြီး သရုပ်ဆောင်မင်းသမီးရဲ့ကာရိုက်တာကို ပုံဖော်တဲ့နေရာမှာ အမူအရာကအစ အတော်ကို သဘာဝကျကျ သရုပ်ဆောင်ထားတာကို မြင်ရမှာပါ။ ခံစားတတ်တဲ့သူတွေအတွက် ကြည့်ရတာတန်မဲ့ကားကောင်းလေးတစ်ကားပါပဲ။
t.me/dramamv/816

ကမ္ဘာပျက်မည့်နေ့ (၂၀၀၄)
IMDb - 6.5/10
Genre - Sci-fi, Action
အာတိတ်ဒေသမှာ သုတေသနလုပ်နေတဲ့ ပါမောက္ခ ဂျက်(ခ်) ဟော(လ်) နဲ့အဖွဲ့ဟာ ရာသီဥတုဖောက်ပြန်ပျက်စီးမှုတစ်ခုကို အမှတ်မထင် ကြုံတွေ့ခဲ့ရတယ်။ ဒါကို နယူးဒေလီမှာ ပြုလုပ်တဲ့ ကမ္ဘာကြီးပူနွေးလာမှုနဲ့ပတ်သက်တဲ့ နှီးနှောဖလှယ်ပွဲတစ်ခုမှာ ဂျက်(ခ်) ကိုယ်တိုင်ပြောပြခဲ့ပေမဲ့ ဘယ်သူကမှ အလေးမထားခဲ့ကြပါဘူး။ နောက်ပိုင်းမှာ ရေကြောင်းပြ ဗော်ရာ တွေမှာ အပူချိန်ကျဆင်းလာတာကြောင့် ပါမောက္ခ ရပ်ဆန် လည်း သတိထားမိခဲ့ပြီး ဂျက်(ခ်) နဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။ ရာသီဥတုဖောက်ပြန်ပျက်စီးမှုက တစတစပိုမိုဆိုးရွားလာခဲ့ပေမဲ့ ဂျက်(ခ်) ရဲ့သတိပေးမှုတွေကို တာဝန်ရှိသူတွေက လျစ်လျူရှုခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ မြောက်ကမ္ဘာခြမ်းတစ်ခုလုံးကို ရေခဲအတိဖုံးလွှမ်းသွားစေခဲ့တဲ့ တစ်ခါမှ မကြုံခဲ့ဖူးတဲ့ ကုန်းတွင်းပိုင်းဟာရီကိန်းမုန်တိုင်းဒဏ်ကို ပြည်သူတွေအလူးအလဲခံစားခဲ့ပါတယ်။ အခက်အခဲအမျိုးမျိုးရှိနေတဲ့ကြားထဲမှ ဂျက်(ခ်) တစ်ယောက် နယူးယောက်(ခ်)မှာရှိနေတဲ့ သူ့ရဲ့သားကို ကယ်တင်ဖို့ ကြိုးစားခဲ့ပုံ၊ သူတတ်စွမ်းသမျှ ပြည်သူတွေကို ကယ်တင်ပေးခဲ့ပုံတွေကိုရှုစားကြရမှာဖြစ်ပါတယ်။
t.me/cartoonbynikko/615

ဝက်ဝံလေး ဘွန်နီ - ကမ္ဘာမြေသို့ အပြန် (၂၀၂၂)
IMDB - 5.8/10
Genre - Family, Comedy
ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ တရှုံ နဲ့ အော့ရှုံ ကာတွန်းဇာတ်လမ်းတွဲလေးရဲ့ အင်္ဂလိပ်စကားပြောကာတွန်းကားလေး ထွက်ရှိလာပါပြီဗျာ။ တရှုံ၊ အော့ရှုံ တို့ရဲ့ထုံးစံအတိုင်း အလွဲလေးတွေ၊ ဟာသလေးတွေ၊ ပညာပေးလေးတွေရော သမမွှေထားတာမို့ ကြည့်ကောင်းတဲ့ကာတွန်းလေးဖြစ်နေဦးမှာပါပဲနော်။ ဘိုဆန်ဆန် ဘရမ်ဘဲလ် နဲ့ ဘရိုင်ရာ ဆိုပြီး နာမည်ပြောင်းပေးထားတဲ့ ချစ်စရာဝက်ဝံတို့ရဲ့ တောအုပ်ထဲကို ကောင်းကင်ပေါ်ကနေ သတ္တုကုဗတုံးလေးတစ်တုံး ကျရောက်လာခဲ့ပါတယ်။ အဲ့ဒီကုဗတုံးလေးရဲ့ပင်မစွမ်းအားက စိတ်ထားအရမ်းကောင်းပြီး နူးညံ့တဲ့ ဘရမ်ဘဲလ် ရဲ့ဦးနှောက်နဲ့ ပေါင်းစည်းသွားပါတော့တယ်။ ကုဗတုံးလေးက ရွိုင်တန် လို့ခေါ်တဲ့ ကြောင်မျိုးနွယ်စုစီးလာတဲ့ အာကာသယာဉ်ကို ရှာပေးနိုင်တဲ့ အဓိကသော့ချက်ဖြစ်နေလေတော့… အစားစားဖို့ပဲ ဆန္ဒရှိနေတဲ့ ဘရမ်ဘဲလ် တစ်ယောက် အာကာသယာဉ်အုပ်စုတွေရော၊ ဂြိုလ်သားတွေရောနဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ်လိုတွေ တိုင်ပတ်ဦးမလဲဆိုတာကို ဆက်ကြည့်လိုက်ပါတော့နော်။
t.me/ctmvc/15083
IMDB - 5.8/10
Genre - Family, Comedy
ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ တရှုံ နဲ့ အော့ရှုံ ကာတွန်းဇာတ်လမ်းတွဲလေးရဲ့ အင်္ဂလိပ်စကားပြောကာတွန်းကားလေး ထွက်ရှိလာပါပြီဗျာ။ တရှုံ၊ အော့ရှုံ တို့ရဲ့ထုံးစံအတိုင်း အလွဲလေးတွေ၊ ဟာသလေးတွေ၊ ပညာပေးလေးတွေရော သမမွှေထားတာမို့ ကြည့်ကောင်းတဲ့ကာတွန်းလေးဖြစ်နေဦးမှာပါပဲနော်။ ဘိုဆန်ဆန် ဘရမ်ဘဲလ် နဲ့ ဘရိုင်ရာ ဆိုပြီး နာမည်ပြောင်းပေးထားတဲ့ ချစ်စရာဝက်ဝံတို့ရဲ့ တောအုပ်ထဲကို ကောင်းကင်ပေါ်ကနေ သတ္တုကုဗတုံးလေးတစ်တုံး ကျရောက်လာခဲ့ပါတယ်။ အဲ့ဒီကုဗတုံးလေးရဲ့ပင်မစွမ်းအားက စိတ်ထားအရမ်းကောင်းပြီး နူးညံ့တဲ့ ဘရမ်ဘဲလ် ရဲ့ဦးနှောက်နဲ့ ပေါင်းစည်းသွားပါတော့တယ်။ ကုဗတုံးလေးက ရွိုင်တန် လို့ခေါ်တဲ့ ကြောင်မျိုးနွယ်စုစီးလာတဲ့ အာကာသယာဉ်ကို ရှာပေးနိုင်တဲ့ အဓိကသော့ချက်ဖြစ်နေလေတော့… အစားစားဖို့ပဲ ဆန္ဒရှိနေတဲ့ ဘရမ်ဘဲလ် တစ်ယောက် အာကာသယာဉ်အုပ်စုတွေရော၊ ဂြိုလ်သားတွေရောနဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ်လိုတွေ တိုင်ပတ်ဦးမလဲဆိုတာကို ဆက်ကြည့်လိုက်ပါတော့နော်။
t.me/ctmvc/15083
Forwarded from Shwe BaLu
This media is not supported in your browser
VIEW IN TELEGRAM
ရွှေဘီးလူးတဲ့ဟေ့ လာကစားသမျှ အနိုင်ရစေအောင်ဆောင်မတော့မယ်
အလျော်အစားမှာ သစ္စာရှိမဲ့ Shwe Balu
နိုင်သလောက် အကုန်လျော်မယ်ဟေ့
ချစ်သားတိုစိတ်ကြိုက်နိုင် Shwe Balu အကုန်လျော်မယ်
ဘောလုံး
https://t.me/Shwe_Balu
Please open Telegram to view this post
VIEW IN TELEGRAM
[18+] ဟန်နာ (၂၀၁၄)
IMDb - 5.5/10
Genre - Horror, Drama
မီဇူကီ ဆိုတဲ့ကောင်မလေးဟာ ကျောင်းမှာပြဿနာတက်ပြီး တခြားကျောင်းတစ်ခုဆီ ပြောင်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကျောင်းမှာ အနိုင်ကျင့်တဲ့သူတွေပဲကြီးစိုးနေတာကြောင့် အဆင်မပြေခဲ့ပါဘူး။ ကျောင်းမှာရှိတဲ့ဆရာတွေကလည်း ကျောင်းသားအချင်းချင်းအနိုင်ကျင့်နေတာကို သိနေပေမဲ့ မသိချင်ယောင်ဆောင်ထားတဲ့အပြင် သူတို့ကိုယ်တိုင်ကပါ ကျောင်းသူကျောင်းသားတွေကို အနိုင်ကျင့်ပြီး လိင်အမြတ်ထုတ်နေကြပါတယ်။ အရင်ကကျောင်းမှာလည်း ပြဿနာတွေတက်ခဲ့ရလို့ ကျောင်းအသစ်ပြောင်းလာတဲ့ မီဇူကီ တစ်ယောက် ကျောင်းအသစ်မှာ ကျောင်းသားချင်းအနိုင်ကျင့်တာတွေအပြင် ဆရာတွေကပါ အမြတ်ထုတ်စော်ကားတာကို ကြုံလိုက်ရတဲ့အခါမှာ ဘယ်လိုမျိုးတုန့်ပြန်သွားမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
‼️ သွေးထွက်သံယိုနှင့် 18+ ဇာတ်ဝင်ခန်းတချို့ပါတာကြောင့် မိသားစုနဲ့အတူကြည့်ဖို့ မသင့်တော်ပါဘူးခင်ဗျာ။ ‼️
t.me/horrormm1/2015
IMDb - 5.5/10
Genre - Horror, Drama
မီဇူကီ ဆိုတဲ့ကောင်မလေးဟာ ကျောင်းမှာပြဿနာတက်ပြီး တခြားကျောင်းတစ်ခုဆီ ပြောင်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကျောင်းမှာ အနိုင်ကျင့်တဲ့သူတွေပဲကြီးစိုးနေတာကြောင့် အဆင်မပြေခဲ့ပါဘူး။ ကျောင်းမှာရှိတဲ့ဆရာတွေကလည်း ကျောင်းသားအချင်းချင်းအနိုင်ကျင့်နေတာကို သိနေပေမဲ့ မသိချင်ယောင်ဆောင်ထားတဲ့အပြင် သူတို့ကိုယ်တိုင်ကပါ ကျောင်းသူကျောင်းသားတွေကို အနိုင်ကျင့်ပြီး လိင်အမြတ်ထုတ်နေကြပါတယ်။ အရင်ကကျောင်းမှာလည်း ပြဿနာတွေတက်ခဲ့ရလို့ ကျောင်းအသစ်ပြောင်းလာတဲ့ မီဇူကီ တစ်ယောက် ကျောင်းအသစ်မှာ ကျောင်းသားချင်းအနိုင်ကျင့်တာတွေအပြင် ဆရာတွေကပါ အမြတ်ထုတ်စော်ကားတာကို ကြုံလိုက်ရတဲ့အခါမှာ ဘယ်လိုမျိုးတုန့်ပြန်သွားမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
t.me/horrormm1/2015
Please open Telegram to view this post
VIEW IN TELEGRAM
လက်ထပ်ပွဲ မတိုင်မီ (၂၀၁၃)
IMDB - 6.1/10
Genre - Comedy, Drama
လူတိုင်းရဲ့ဘဝမှာ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် အလှည့်အပြောင်းတွေကြုံရတဲ့အခါ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြုံရလေ့ရှိပါတယ်။ ဒါကြောင့် ကလေးမွေးပြီးနောက်ပိုင်းခံစားရတဲ့ စိတ်ကျရောဂါကိုတော့ ဘေဘီဘလူး လို့ခေါ်ပြီး လက်မထပ်ခင်ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုတော့ မဲရေ့ဘလူး လို့ခေါ်ပါသတဲ့။ဒီရုပ်ရှင်ထဲမှာတော့ လက်ထပ်ပြီး ဘဝတစ်ခုတည်ထောင်ကြမယ့်စုံတွဲလေးတွဲရဲ့ ပြဿနာတွေ၊ ကြည်နူးစရာတွေကိုကြည့်ရှုရမှာဖြစ်ပြီး ပရိတ်သတ်တွေအသဲစွဲ သရုပ်ဆောင်တွေမြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ရုပ်ရှင်ဖြစ်ပေမယ့် ဘယ်အချိန်ကြည့်ကြည့် လက်တွေ့ဘဝက စုံတွဲတွေရဲ့ အချစ်ရေးပြဿနာတွေကို ပေါ့ပေါ့ပါးပါးမီးမောင်းထိုးပြထားသလို ဇာတ်လမ်းဇာတ်အိမ်လေးမို့ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားပါ
t.me/hanamovie20/4303