Hana : The Sweet Orophile
105K subscribers
3.41K photos
169 videos
3.44K links
Download Telegram
လော့စ်ဖရီကစ်စ် (၂၀၂၄)

IMDb - 6.8/10
Genre - Drama

 
၁၉၉၀ ကျူဘားနိုင်ငံမှာ ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ပါ။ HIV တော်တော် ဇောင်းကြွနေတဲ့ ကုသနည်းမရှိတဲ့ သူစပေါ်ခါစကာလမှာ ဇာတ်အိမ်တည်ထားတယ်။ နိုင်ငံရေးအခြေအနေကလည်း တော်တော်ကျပ်တည်းနေတဲ့ကာလပေါ့။ ဘာမဟုတ်တဲ့ ဘာအမှုနဲ့မဆို ထောင်ထဲကျသွားနိုင်ပြီး အလုပ်အကိုင်ရှားပါးတဲ့ခေတ်ပေါ့။ ဒီခေတ်မှာ လူငယ်တွေက ခေတ်ကြီးကခက်ခဲပေမဲ့ ဂီတကို ချစ်နေကြသေးတယ်။ ဒီရုပ်ရှင်ကတော့ အဲဒီထဲကမှ လူငယ် ပန့်ရော့ခ် ဘင် ထောင်ထားတဲ့ လူငယ်လေးတွေကို ပြထားတယ်။ ကျပ်တည်းလှတဲ့ခေတ်ကြီးကို ကျော်ဖြတ်ဖို့ HIV တမင်အကူးခံခဲ့တဲ့ လူငယ်တွေပေါ့။ သေလုဆဲဆဲကာလမှာတောင် သီချင်းတွေကို ဆက်ချစ်နေကြတုန်းပဲ။ သဘောထားလည်း သိပ်ကြီးကြတဲ့ ပန့် တွေပေါ့။ သေမင်းနဲ့ စစ်ခင်းရင်း ဂီတကို ဖက်တွယ်တာက ဒီရုပ်ရှင်ရဲ့ အဓိကအချက်တော့ မဟုတ်ပေမဲ့ အဲဒါကပဲ ဒီရုပ်ရှင်ကို ပိုလှစေခဲ့တယ်။ အေအိုင်ဒီအက်စ်ရဲ့ကာလကြီးအကြောင်းမှာ သီချင်းတွေ ဝေနေတာကို ဒီရုပ်ရှင်မှာ မြင်ကြရမှာပါ။

t.me/gwmmupl/4173
ကျောင်းတွင်းခေါင်းဆောင်လုပွဲ (၂၀၁၉)

IMDb - 6.2/10
Genre - Comedy, Action

 
ဒီတစ်ခါမှာတော့ ပုံမှန် ရိုမန့်တစ်ဆန်တဲ့ ကိုးရီးယား အထက်တန်းကျောင်း ဇာတ်ကားမဟုတ်ဘဲ ကိုးရီးယားမှာဆို ကျောင်းတိုင်းမှာ ရှိစမြဲဖြစ်တဲ့ ကျောင်း လူဆိုးတွေက အထက်တန်း ဒုတိယနှစ်ရဲ့ ခေါင်းဆောင်နေရာကို လုကြတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ အထက်တန်းကျောင်းသားတွေလို့တောင် မထင်ရစေတဲ့ အပြောအဆို ကြမ်းကြမ်းတွေ၊ အက်ရှင်ခန်းတွေနဲ့ စိတ်ဝင်စားစရာ ကြည့်ရှုရမှာပါ။ ဟန်ချော ဟာ ကျောင်းရဲ့ အကြမ်းဖက်ဆုံး လူဆိုးတစ်ယောက်ဖြစ်လဲ ဆန်းဂီ ကို အနိုင်ယူပြီးနောက် နောက်ထပ် အင်အားအကြီးဆုံး ပြိုင်ဘက်ဖြစ်တဲ့ ဂျန်းမန် ကို ရှောင်မရအောင် ရန်စပါတော့တယ်။ ဂျန်းမန် က ရန်မဖြစ်ချင်တဲ့သူဆိုပေမဲ့ ဟန်ချော က သူ့ကို ပစ်မှတ်ထားပြီး အနိုင်ရဖို့ ကောက်ကျစ်တဲ့ နည်းလမ်းတွေ သုံးလာတဲ့အခါ ကျောင်းထဲမှာ အကြီးစားပဋိပက္ခ ဖြစ်လာပါတော့တယ်။ ဒီဇာတ်ကားလေးက သာမန် အထက်တန်းကျောင်းသား ဘဝထက် ပိုမိုရက်စက်ပြီး စိတ်လှုပ်ရှားဖွယ်ရာတွေနဲ့ ပြည့်နှက်နေတာမလို့ ပရိသတ်တွေ ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။

t.me/gwmmupl/4175
Forwarded from Shwe BaLu
This media is not supported in your browser
VIEW IN TELEGRAM
🥏🥏🥏🥏 🥏🥏🥏🥏

📢သူဌေးလောင်းတို့ဆုံစည်းရာ 💙💵

ရွှေဘီးလူးတဲ့ဟေ့ လာကစားသမျှ အနိုင်ရစေအောင်ဆောင်မတော့မယ် ❤️
အလျော်အစားမှာ သစ္စာရှိမဲ့ Shwe Balu 💯

နိုင်သလောက် အကုန်လျော်မယ်ဟေ့ 💵
ချစ်သားတိုစိတ်ကြိုက်နိုင် Shwe Balu အကုန်လျော်မယ် 💰💰

ဘောလုံး ⚽️ ဖဲ 🫳 စလော့ 👋 ငါးပစ် 🐬 ဂျင်🕹အကုန် ယုံကြည်စွာသာဆော့

➡️ မန်ဘာသစ်ဖွင့် 🔢🔢🩷 အပိုယူ

➡️ နေ့စဥ်ပထမသွင်းငွေ🔢🔢🩷အပိုယူ

➡️ အရှံးပြန်ပေး အပတ်စဥ် 🔢🩷အပိုယူ

🔔အကောင့်ဖွင့်ဖို ဆက်သွယ်ရန်🔔

📱 Telegram : @Shwebalu

📱 Telegram Link : https://t.me/Shwebalu

📱 Telegram : 09-69 88 555 88

📱 Viber Link : https://msng.link/o?+959698855588=vi

📱 Viber No: 09-69 88 555 88

🌐 Website link - https://shwebalu.com/

✔️Channel Link
https://t.me/Shwe_Balu
Please open Telegram to view this post
VIEW IN TELEGRAM
[၁၈+] လုပ်ချင်သလိုသာလုပ်ပါရှင် (၂၀၂၄)

ကိုဂရေးရဲ့အကွက်ငါးဆယ် လိုမျိုးရိုမန့်တစ်နှင့်အပြာအသားအနည်းငယ်ဖော်ပြထားတဲ့ကားတစ်ကားပါ။ မင်းသမီးကတော့ ဒါကိုတာဂျွန်ဆန် လောက်မလှပေမဲ့ တော်တော်တော့ လှတယ်။ ပိုမိုက်တာက သူမရဲ့ သရမ်းဆီးဆန်ဆန် လူရှေ့သူရှေ့ လုပ်တာတွေ၊ ခိုးကြောင်ခိုးဝှက်လုပ်တာတွေ၊ ကြိုးချည်ပြီး လူစားလဲတာတွေအပါအဝင် ဂရေး ထက်တောင် ပိုကွက်ကွက်ကွင်းကွင်းပြထားတဲ့ အကွက်ပေါင်းစုံကို ရက်ရက်ရောရာ မဟုတ်ပဲ ရိုးရှင်းပြီးစနစ်တကျ တင်ဆက်ထားတာကို ကြည့်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းသွားလေးကလည်း အချစ်ကို ရှာတွေ့သွားတဲ့ ဇာတ်လမ်းမျိုးဖြစ်တာကြောင့် ရိုမန့်တစ်လည်းမဆန်တဆန်နည်းနဲ့ ဆန်ပါသေးတယ်။ ဇာတ်အိမ်ကတော့ ကုမ္ပဏီကြီးတစ်ခုရဲ့ လောလောလတ်လတ် အမွေဆက်ခံထားတဲ့ သူဌေးသားလေးနဲ့ အဲဒီကုမ္ပဏီက ဝန်ထမ်းမလေးတို့ တခြားဝန်ထမ်း ၂ ယောက်လုပ်နေတာကို ချောင်းရာကနေ စငြိသွားတဲ့ ဇာတ်လမ်းပါပဲ။ မချစ်တတ်တဲ့ သူဌေးသားလေးနဲ့ အချစ်ငတ်တဲ့ ကောင်မလေးတို့ရဲ့ အပြာရောင်မျက်ရည်တွေနဲ့ အပြာရောင်အချစ်ညတွေကို ဖြတ်သန်းခဲ့ကြပုံတွေကို ကြည့်ရမှာပါ။

t.me/gwmmupl/4179
This media is not supported in your browser
VIEW IN TELEGRAM
ထုတ်လွှင့်ခြင်း (၂၀၂၅)

IMDb - 7.9/10
Genre - Thriller

ကိုရီးယားမှာ ရေပန်းအစားဆုံးသော မှုခင်းရုပ်သံလိုင်းကို ထုတ်လွှင့်သူ ဝူးဆန် က ဝက်ဂ်ျ ဆိုတဲ့ ရုပ်သံလိုင်းမှာ မဖြေရှင်းရသေးတဲ့ အမှုတွေကို ခွဲခြမ်းစိတ်ဖြာတဲ့သူ တစ်ယောက်အနေနဲ့ ကျော်ကြားသလို အားပေးသူအများဆုံး နံပါတ် ၁ နေရာမှာရှိနေတဲ့သူဆိုလည်း မမှားပါဘူး။ တစ်နေ့မှာတော့ သူ့ ထုတ်လွှင့်မှုကြောင့် အငြင်းပွားမှုတွေ ဖြစ်ပေါ်လာခဲ့ပြီး သူ့ နာမည်လည်းတစ်ဟုန်ထိုး ကျသွားပါတော့တယ်။ ဝူးဆန် လည်း သူ့ရဲ့ မူလထိပ်တန်းနေရာကို ပြန်လည်ရောက်ရှိဖို့ရန်အတွက် နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ ကွင်းဆက် လူသတ်မှုတွေနဲ့ ပတ်သက်ပြီးတော့ တိုက်ရိုက်ထုတ်လွှင့်ပြီးစုံစမ်းစစ်ဆေးခြင်းကို စတင်ခဲ့တယ်။ ဒီလိုနဲ့ သဲလွန်စတွေကို တစ်စတစ်စ လိုက်ရှာရင်း လူသတ်သမားရဲ့ နာမည်ကို ဖော်ထုတ်နိုင်ဖို့တဖြည်းဖြည်း နီးစပ်လာခဲ့သလို လူသတ်သမားကလည်း သူ့ရဲ့ လှုပ်ရှားမှုတွေကိုစောင့်ကြည့်နေခဲ့ရာ ဘာတွေ ဆက်ဖြစ်လာဦးမလဲ

t.me/cartoonbynikko/580
အချစ်မှာကျရှုံးသူ (၂၀၀၁)

IMDb - 6/10
Genre - Romance, Drama


မင်းသားကြီး အန်တိုနီယိုဘန်ဒါရက်စ် နဲ့ မင်းသမီး အင်ဂျလီနာဂျိုလီ တို့အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းထဲက ဒိုင်ယာလော့တချို့နဲ့ပဲ ဇာတ်ကားကိုမိတ်ဆက်ပေးခဲ့ချင်ပါတယ်။

အလန် – “ဗားဂတ် နောက်ဆုံးတော့ အဲဒါက အချစ်လား၊ တဏှာ သက်သက်လား”
ဗားဂတ် – “ကွဲပြားမှုရှိလို့လား၊ အလန်
အလန် – “ရှိတာပေါ့၊ ချစ်တယ်ဆိုတာ ပေးပြီးရင်းပေးချင်ဖြစ်နေတာလေ”
ဗားဂတ် - “တဏှာကရော၊ တဏှာဆိုတာ ဘာလဲ၊ အလန်
အလန် - “တဏှာဆိုတာ ယူပြီးရင်းယူချင်နေတာ၊ အရသာခံစားမယ်၊ သုံးစွဲမယ်၊ ယုတ္တိတို့ အကြောင်းပြချက်တို့မရှိဘူး။ ဒီတော့မင်းက ယူတာလား၊ ပေးတာလား”
ဗားဂတ် - “နှစ်ခုစလုံးပဲ။ ကျွန်တော် သူ့ကို အရာရာပေးချင်တယ်၊ သူ့ဆီကလဲ အရာအားလုံးကိုရချင်တယ်”
အလန် – “အိုး…မင်းကအရှုံးသမားပဲ။”

ယောင်္ကျားလေးတွေ အချစ်မှာကျရှုံးမိရင် ဘယ်လောက်ထိသနားစရာကောင်းတယ်ဆိုတာ အတော်ထင်ရှားစွာတွေ့ရမှာဖြစ်ပြီး ချစ်ခြင်းမှာရှုံးနိမ့်ခြင်းတွေကို ခံစားထိတွေ့ရမယ့်ဇာတ်ကားပါ။ ဒရမ်မာဇာတ်ကားဖြစ်ပေမယ့် အင်ဂျလီနာဂျိုလီရဲ့ ဝတ်လစ်စလစ်အခန်း တချို့ကြောင့် မိသားစုနဲ့ကြည့်လို့မရတဲ့ကား ဖြစ်ပါတယ်။

t.me/dramamv/772
ဂျိန်း (၂၀၂၃)

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပညာပေးရေးအပြင် ဟာသနဲ့ မိသားစုဒရာမာတွေကိုပါ ထည့်သွင်းတင်ဆက်ထားပါတယ်။ဂျိန်း ဂါစီယာ ဆိုတဲ့ ဆယ်နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ သူ့သူငယ်ချင်းတွေရဲ့ စိတ်ကူးယဥ် စွန့်စားခန်းဇာတ်လမ်းတွေ၊ မြေကမ္ဘာရဲ့ အံ့ဖွယ်အကြောင်းအရာတွေ၊ သက်ရှိသတ္တဝါတွေအကြောင်း စူးစမ်းလေ့လာကြတာတွေကို အပိုင်းတစ်ခုချင်းစီအလိုက် မတူညီတဲ့ အကြောင်းအရာတွေနဲ့အတူ တင်ဆက်ထားတာပါ။အထူးသဖြင့် မျိုးတုံးပျောက်ကွယ်ဖို့ အန္တရာယ်များနေတဲ့ မျိုးစိတ်တွေကို အပိုင်းတစ်ခုချင်းစီ အသားပေးတင်ပြထားတာကို တွေ့နိုင်မှာပါ။ကလေးသူငယ်တွေကို သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ပညာပေးဖို့ ဦးတည်ထားတယ်ဆိုပေမဲ့ လက်တွေ့အပြင်လောကမှာ အရေးတကြီးလိုအပ်နေတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံတန်ဖိုးတွေ၊ အသိအမြင်နိုးကြားမှုတွေ၊ အချက်အလက်တွေကိုပါ ထည့်သွင်းပေးထားတဲ့အတွက် အသိပညာလိုလားသူ လူကြီးလူငယ်တွေပါ ကြည့်ရှုဖို့ အဆင်ပြေပါလိမ့်မယ်။ပညာပေးသက်သက် မဟုတ်ဘဲ ဒရမ်မာ တွေလည်း ပါဝင်တဲ့ ဖျော်ဖြေရေးရှိုး လို့လည်း ဆိုနိုင်ပါတယ်။စိတ်ကူးယဥ် ဖန်တက်စီ၊ မိသားစု၊ ပညာရေး၊ သိပ္ပံပညာ စသဖြင့် မတူညီတဲ့ ဇာတ်လမ်းအမျိုးအစားတွေကို အချိူးညီညီ ပေါင်းစပ်ထားတဲ့ တီဗွီရှိုးလေးတစ်ခုဖြစ်ပါတယ်။

t.me/clzsr/8084
အမြဲ ❤️Active now ❤️ နေတဲ့ M9 ရှမ်းကိုးမီး

☺️ အဖိုးကြီး နဲ့ သမီးတော်စလော့ ချိုချဥ်ဂိမ်း ဆ 1000 နဲ့ ရှယ်ထုတ်ဖို့ အခုပဲအကောင့်ဖွင့်လိုက်တော့နော်

အ​လျော်အစား မှန်နေ မြန်နေမှ ဆော့ကစားချင်တဲ့ ညီကိုတို့ အတွက် #HYPER M9 😍

မှာ ရှမ်း/ဘူကြီး/ငါးပစ်/စလော့/ live ကာစီနို/ကြက်တိုက်/လေးကောင်(ခြောက်ကောင်ဂျင်) နှင့် ဘောလုံးပွဲများကို နေ့စဉ် ‌24 နာရီပိတ်ရက်မရှိဆော့ကစားနိုင်ပါပြီရှင့်။

⚡️  မန်ဘာသစ် 3000 သွင်း 6000 ဖရီး ရတဲ့ အပြင်
⚡️ နေ့စဉ်ဘောနပ် 20%
⚡️ သူငယ်ချင်းမိတ်ဆက် 20%
⚡️ သွင်းတိုင်းရ 10% ရှိတဲ့အပြင်

🍀 ပရိုမိုးရှင်းကာလက အကန့်အသတ်ရှိတာမို့ ညီကိုတွေ မရလိုက်မှာဆိုးလို့

အခုပဲ အမြန်ဆုံး အ​​ကောင့်ဖွင့်ကစားဖို သတင်းကောင်းပါးလိုက်ပါတယ်ရှင့်။

🔽🔽ဂိမ်းအ​ကောင့်ဖွင့်ရန် 🔽🔽

📱 Viber - 09406502075

📱 Telegram မှ ဆက်သွယ်ရန်  😏 t.me/hyperm9skm

Hyper m9 SKM ချန်နယ် အလျော်ကြမ်းနေသောဂိမ်းတင်ပေးသောနေရာ 💸 - t.me/hypermnine

📱 Viber link 🔗- https://msng.link/o?959406502075=vi☎️
Please open Telegram to view this post
VIEW IN TELEGRAM
ရှေးအစဉ်လာကို ကျော်လွန်၍ (၂၀၂၅)

IMDb - 7.1/10
Genre - Drama


အမျိုးသမီးတွေရဲ့ပညာသင်ကြားခွင့်ကိုဖိနှိပ်ထားတဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ ထက်မြက်တဲ့ ရိုယာ ဆိုတဲ့မိန်းကလေးဟာပညာရေးမှာထူးချွန်ရုံတင်မကဘဲ မိန်းကလေးတွေကိုင်ခွင့်မရှိတဲ့ကွန်ပျူတာကိုမှကိုင်ပြီး အာဖဂန်နစ္စတန်နိုင်ငံရဲ့ပထမဆုံးအမျိုးသမီးဆော့ဖ်ဝဲလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ရိုယာ ဟာ အာဖဂန်အမျိုးသမီးတွေရဲ့ပညာရေးကိုမြေတောင်မြှောက်ပေးချင်တာကြောင့် တစ်ရက်မှာတော့ပထမဆုံးသောအာဖဂန်အမျိုးသမီးစက်ရုပ်အသင်းကိုဖန်တီးဖို့စိတ်ကူးရခဲ့ပါတယ်။ အမျိုးသမီးတွေရဲ့ပညာရေးကိုအားမပေးတဲ့အပြင် အရွယ်ရောက်လာတာနဲ့ မိသားစုဝင်တွေက အိမ်ထောင်ချပေးချင်ကြတဲ့ရှေးရိုးစွဲအသိုင်းအဝိုင်းကြီးထဲမှာ အမျိုးသမီးကျောင်းသူလေးယောက်ကို ခဲရာခဲဆစ်ရှာဖွေသိမ်းသွင်းနိုင်ခဲ့ပေမယ့် ရိုယာ နဲ့အသင်းဟာ နိုင်ငံတကာပြိုင်ပွဲတွေမှာသွားရောက်ယှဉ်ပြိုင်ဖို့ တာလီဘန်တွေရဲ့ခြိမ်းခြောက်မှု၊ ငွေကြေးအခက်အခဲအစရှိသဖြင့် အတားအဆီးတွေအများကြီးကိုကျော်ဖြတ်ကြရပုံကိုရိုက်ကူးတင်ပြထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါတယ်။

t.me/dramamv/774
သုံးပွင့်ဆိုင်တိုက်ပွဲ (၂၀၂၅)

IMDB - 6/10
Genre - Action, Thriller


မင်းသား တွမ်ဟာဒီ ရဲ့ ရဲအက်ရှင်ကားသစ် ထွက်လာပါပြီ။ အက်ရှင်မှ အက်ရှင်အစစ်ပါ။ တရုတ် ရာဇဝတ်ဂိုဏ်းနဲ့ အမေရိကန်ဂိုဏ်း နှစ်ခုကြားမှာ ရဲတွေနဲ့ သုံးပွင့်ဆိုင် ကျုံးကြတဲ့ ဇာတ်ကားမျိုးပါ။
 
ဝေါ်ကာ ဆိုတဲ့ ရဲက လာဘ်စားပြီးတော့ အမတ်လောင်း တစ်ယောက်ရဲ့ တရားမဝင်အလုပ်တွေကို လုပ်ပေးနေတဲ့သူပါ။ တစ်နေ့မှာ အမတ်လောင်းရဲ့ သားက တရုတ် ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ရဲ့ သားကို သတ်မိသွားတယ် ဆိုပြီး တရုတ်ဂိုဏ်းတစ်ခုလုံးက လိုက်လာပါတယ်။ အဲဒီ ဂိုဏ်းနှစ်ခုကြားမှာ အမတ်လောင်းရဲ့သားကို ကယ်ဖို့ ကြိုးစားနေရတဲ့ ဝေါ်ကာနဲ့ သူ့ထက်အကျင့်ပျက်နေတဲ့ ရဲတွေကလည်း ထပ်ပြီး ထိပ်တိုက်တွေ့ကြပါတော့တယ်။ ဒီတော့ ပတ်လည်တွေ ကျုံးကုန်ကြပြီး ဘာဆက်ဖြစ်မလဲ ကြည့်ရမှာပါ။

t.me/gwmmupl/4193
"ဒုတိယ အခန်း (၇) မှ အံ့ဖွယ်" (၂၀၂၄)

IMDB - 7.7/10
Genre - Drama, Family


"အခန်း (၇) မှ အံ့ဖွယ်" ဟာ မူရင်းကတော့ ကိုရီးယားရုပ်ရှင်ဖြစ်ပြီး တော်တော်လေးအောင်မြင်မှုကြီးခဲ့တယ်။ မူရင်းကတော့ ကိုရီးယားက လူတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတာဖြစ်ပြီး တူရကီကား အိန္ဒိယကား အင်ဒိုကား ဖိလစ်ပိုင်ကားစသဖြင့် မျိုးစုံရိုက်ခဲ့တယ်။ မူရင်းကနေ နည်းနည်းစီတော့ ကွဲထွက်ကြပါတယ်။ တူရကီကားမှာတော့ ဇာတ်သိမ်းကောင်းအောင်ပြောင်းပေးထားခဲ့ပြီး အခု အင်ဒိုကားကတော့ ၂၀၁၉ တုန်းကတော့ မူရင်းကားနဲ့ခပ်ဆင်ဆင်အတိုင်းပဲ ထုတ်ခဲ့ပြီး ၂၀၂၄မှာတော့ အစွပ်စွဲခံရပြီး သေဒဏ်ပေးခံလိုက်ရတဲ့ ကျပ်မပြည့်တဲ့ ကလေးမလေးရဲ့အဖေသေသွားပြီးတဲ့နောက် ကလေးမလေးဘဝက ဆက်ဖြစ်သွားတဲ့ အဖြစ်အပျက်တွေရယ်။ ထောင်သားတွေနဲ့ အဲဒီကလေးမလေးရဲ့ ရှေ့ဆက်ဆံရေးတွေရယ်။ နောက် ကလေးမလေးအဖေနဲ့ အမေရဲ့ အတိတ်အကြောင်းရယ်ကို ပြထားတယ်။ မူရင်းကိုရီးယားကားမှာတော့ ထောင်မှူးက မွေးစားခဲ့ပြီး နောက်ဆုံးမှာ ရှေ့နေဖြစ်လာတာကို တစ်ဖြတ်ပြသွားပေမဲ့ ကြားထဲက အဖြစ်အပျက်တွေကိုတော့ မပြခဲ့ဘူးဆိုတော့ အင်ဒိုဗားရှင်းက မူရင်း ကိုရီးယားကားရဲ့အဆုံးသတ်အတိုင်းဖြစ်မလာခင် ကြားက အခြေအနေတွေကို ရိုက်ပြထားတယ်ပြောလို့ရတယ်။ နာမည်ကြီးပြီးသားကားရဲ့ နောက်ဆက်တွဲအဖြစ်အပျက်တွေကိုမူရင်းကားကို သစ္စာမဖောက်ဘဲ ရိုက်ထားတာဆိုတော့ "ဒုတိယ အခန်း (၇) မှ အံ့ဖွယ်" ဟာ ပထမ "အခန်း (၇) မှ အံ့ဖွယ်" လို အားလုံးကို မျက်ရည်ထပ်ခြူဦးမယ့်ရုပ်ရှင်ပါပဲ။ အားလုံးကြိုက်ကြမယ့် ရုပ်ရှင်ပါပဲ။

t.me/dramamv/777
ကိုယ်ဟာမင်းရဲ့လူ (၂၀၂၁)

IMDB - 7.1/10
Genre - Romance, Sci-fi


အယ်မာဖာဆာ ဆိုတဲ့ ဂျာမန်သမိုင်းသုတေသနပညာရှင်ဟာသူ့ရဲ့သုတေသန ပရောဂျက်တွေမှာ ရံပုံငွေရဖို့အတွက်လူသားပုံစံဖန်တီးထားတဲ့ တွန် ဆိုတဲ့ စက်ရုပ်ကိုစစ်ဆေးအကဲဖြတ်ပေးဖို့ ပရိုဂရမ်တစ်ခုမှာ ပါဝင်လိုက်ရပါတယ်။ ရည်ရွယ်ချက်ကတော့ ဒီစက်ရုပ်ဟာ ဘဝလက်တွဲဖော်တစ်ယောက်အဖြစ်
ဖန်တီးထားတာဖြစ်ပြီး အပျိုကြီး အယ်မာ ကို ပျော်ရွှင်အောင် လုပ်ဖို့ပါ။ အယ်မာ ကလည်း အရမ်းကို ဆက်ဆံရခက်တဲ့လူတစ်ယောက်ဖြစ်ပြီးအထီးကျန်ဆန်နေသူတစ်ယောက်ဖြစ်ပါတယ်။ အယ်မာ ဟာ တွန် နဲ့ ၃ ပတ်တာအတူနေရမှာဖြစ်ပြီးကောင်းမွန်တဲ့ ဘဝလက်တွဲဖော်ဟုတ်မဟုတ်အကဲဖြတ်စစ်ဆေးရမှာဖြစ်ပါတယ်။ တွန် ဟာလည်း သူထင်ထားတာထက်အများကြီးထူးကဲတဲ့ လူသားအသိဉာဏ်နဲ့ စိတ်ခံစားမှုရှိတဲ့စက်ရုပ်တစ်ရုပ်ဖြစ်နေခဲ့ပါတယ်။ လူသားနဲ့စက်ရုပ်ကြားက ဘဝအဓိပ္ပာယ်နဲ့ ပျော်ရွှင်မှုကို ပုံဖော်သွားမယ့်ဒရမ်မာဇာတ်ကားကောင်းလေးဖြစ်လို့ ကိုယ်တိုင်ပဲကြည့်ရှုခံစားဖို့ တိုက်တွန်းချင်ပါတယ်

t.me/dramamv/779
Forwarded from Shwe BaLu
This media is not supported in your browser
VIEW IN TELEGRAM
🥏🥏🥏🥏 🥏🥏🥏🥏

📢သူဌေးလောင်းတို့ဆုံစည်းရာ 💙💵

ရွှေဘီးလူးတဲ့ဟေ့ လာကစားသမျှ အနိုင်ရစေအောင်ဆောင်မတော့မယ် ❤️
အလျော်အစားမှာ သစ္စာရှိမဲ့ Shwe Balu 💯

နိုင်သလောက် အကုန်လျော်မယ်ဟေ့ 💵
ချစ်သားတိုစိတ်ကြိုက်နိုင် Shwe Balu အကုန်လျော်မယ် 💰💰

ဘောလုံး ⚽️ ဖဲ 🫳 စလော့ 👋 ငါးပစ် 🐬 ဂျင်🕹အကုန် ယုံကြည်စွာသာဆော့

➡️ မန်ဘာသစ်ဖွင့် 🔢🔢🩷 အပိုယူ

➡️ နေ့စဥ်ပထမသွင်းငွေ🔢🔢🩷အပိုယူ

➡️ အရှံးပြန်ပေး အပတ်စဥ် 🔢🩷အပိုယူ

🔔အကောင့်ဖွင့်ဖို ဆက်သွယ်ရန်🔔

📱 Telegram : @Shwebalu

📱 Telegram Link : https://t.me/Shwebalu

📱 Telegram : 09-69 88 555 88

📱 Viber Link : https://msng.link/o?+959698855588=vi

📱 Viber No: 09-69 88 555 88

🌐 Website link - https://shwebalu.com/

✔️Channel Link
https://t.me/Shwe_Balu
Please open Telegram to view this post
VIEW IN TELEGRAM
ဘတ်မန်း - ဂျော်ကာပြန်လာပြီ (၂၀၀၀)

IMDB - 7.7/10
Genre - Action, Sci-fi


2000ခုနှစ်က ထွက်ခဲ့ပြီး IMDb Rating 7.7/10ထိ ရရှိထားတဲ့ ဘတ်မန်း ကားလေးပါ။ အန်နီမေးရှင်း အမျိုးအစားဖြစ်ပြီး ဒီစီ ပရိသတ်များ ကြိုက်နှစ်သက်ခဲ့တဲ့ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။

ချန်နယ်အရင်ဝင်ပါ 🔽

t.me/+QUXFQyaf4CA2MGRl

⬇️ ဇာတ်ကားလင့် ⬇️

t.me/c/2267833735/22
Please open Telegram to view this post
VIEW IN TELEGRAM
ငါ့ကိုသုံးကြိမ်သတ်ပါ (၂၀၁၄)

IMDb - 5.8/10
Genre - Thriller, Comedy


နာမည်ဆန်းဆန်းနဲ့ ဒီဇာတ်ကားက ဒါ့ကော်မဒီ အမျိုးအစားရုပ်ရှင်တစ်ခုဖြစ်ပြီး နာမည်ကြီး ဟာသ သရုပ်ဆောင် ဆိုင်မွန်ပက် က ကြေးစားလူသတ်သမား ချာလီအနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကိုတော့ ကြေးစားလူသတ်သမား ချာလီတစ်ယောက် လဲကျနေရာကနေ အစပြုထားပါတယ်။ နောက်ပြီးတော့ တစ်စုံတစ်ခုကို ကြံစည်နေတဲ့ သွားဆေးခန်းက နေသန် နဲ့ လူစီ တို့ လင်မယား သွားဆေးခန်းနဲ့ ချိန်းဆိုမှုလုပ်ထားတဲ့ အဲလစ် ဆိုတဲ့ ကောင်မလေးတစ်ယောက်၊ မိန်းမဖြစ်သူအပေါ် အချစ်ကြီးပြီး ခြုပ်ခြယ်လွန်း အားကြီးတဲ့ ဟိုတယ်ပိုင်ရှင် ဂျက်၊ စတိုးဆိုင်ဖွင့်ထားတဲ့ ဒေလန် ဆိုတဲ့ကောင်လေး၊ အဲ့‌ဒီဇာတ်ကောင်တွေရဲ့ ဇာတ်လမ်းတစ်ပုဒ်ချင်းစီကို ပြသထားတယ်။ အဲ့ဒီ ဇာတ်လမ်းတွေ တစ်ခုနဲ့တစ်ခုကြား ဘယ်လိုချိတ်ဆက်မှုရှိမလဲဆိုတာ ခပ်ဆန်းဆန်းတင်ဆက်ထားတာကြောင့် ပရိတ်သတ်တွေကဒါကို စိတ်ဝင်တစား ကြည့်ရှူရမှာဖြစ်ပါတယ်

t.me/gwmmupl/4206
လမ်းမထက်က ဘဝ (၂၀၁၅)

IMDb - 6.5/10
Genre - Action, War


ဒီဇာတ်ကားထဲမှာဆိုရင်အမေရိကန်ဦးဆောင်တဲ့ အာဖဂန်စစ်ပွဲထဲက ကနေဒါစစ်ဆင်‌ရေးတပ်ဖွဲ့တွေအကြောင်း စိတ်လှုပ်ရှားဖွယ်မြင်တွေ့ရမှာဖြစ်ပြီးခေတ်သစ်စစ်ပွဲတွေရဲ့ မရိုးရှင်းလှတဲ့ ဗျူဟာမြောက်လုပ်ငန်း‌စဉ်တွေအကြောင်းကိုလည်း ကြိုးစားတင်ပြထားတာ တွေ့ရမှာပဲဖြစ်ပါတယ်။ တောခွေးလမ်းမဟာ အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒဟာ‌ဒေသမှာစစ်ဆင်ရေး‌ ဖော်ဆောင်ရတဲ့ ကနေဒါတပ်ဖွဲ့များ ဖောက်လုပ်ခဲ့တဲ့ဗျူဟာမြောက်ထောက်ပို့လမ်းကြောင်း တခုဖြစ်ပါတယ်။ ကန်ဒဟာဒေသဟာ တာလီဘန်တို့လှုပ်ရှားကြီးစိုးရာ ဒေသဖြစ်တဲ့အပြင် တောင်စွယ်၊ တောင်ကုန်း၊ လျှို ချောက်များဖြင့် ကြမ်းတမ်းတဲ့‌မြေမျက်နှာသွင်ပြင်ရှိရာ ဒေသဖြစ်လို့ တောခွေးလမ်းမကြီးကို၂၀၀၆ ကနေ ၂၀၁၁ အထိ ၅ နှစ်ကြာအချိန်ယူတည်‌ဆောက်ခဲ့ရပါတယ်။ ဒီရုပ်ရှင်မှာတော့ စနိုက်ပါသမားဖြစ်တဲ့ ရန်ဆန်ဒါး နဲ့ သူ့အဖွဲ့ဟာတောခွေးလမ်းမ ဆောက်လုပ်ရေးလုပ်ငန်းကို တာလီဘန်တို့နှောင့်ယှက်ခြင်းဘေးကနေ ကာကွယ်စောင့်ကြပ်ပေးရတဲ့အဖွဲ့ဖြစ်ကြပါတယ်။ တဖက်မှာလည်း စစ်ဘက်ဆိုင်ရာထောက်လှမ်းရေးအရာရှိ ပိမစ်ချယ် ဟာ တောခွေးလမ်းမ ပြီးစီးအောင်ဖောက်လုပ်နိုင်ဖို့ထောက်လှမ်းရေးနည်းအတိုင်း ဒေသခံများနှင့် ရင်းနှီးမှုယူကာဗျူဟာဖော်ဆောင်နေခဲ့ပါတယ်။ လမ်းမကိုစောင့်ကြပ်နေရင်း တနေ့မှာတော့ ရန်ဆန်ဒါး တို့အဖွဲ့ဟာ တာလီဘန်တို့ရဲ့ ချုံခိုတိုက်ခိုက်မှုကို ခံရပါတော့တယ်အင်အားမမျှတဲ့ စနိုက်ပါသမားအုပ်စုဟာတာလီဘန်တွေကို ခံပစ်ထားနိုင်ဖို့ အနီးအနားက ဟာဂျီဘာဘာရွာထဲ ဝင်ပြေးရပြီး ရွာတစ်နေရာအရောက်မှာတော့ ထူးထူးဆန်းဆန်းမျက်လုံးတွေနဲ့ အဘိုးအိုတစ်ယောက်က ၎င်းတို့စနိုက်ပါအဖွဲ့ကို တာလီဘန်တို့လက်မှလွတ်အောင်ဝှက်ပေးခဲ့ပါတယ်။ ဒီအကြောင်းကို ထောက်လှမ်းရေးအရာရှိ ပိမစ်ချယ် တစ်ယောက်သိရှိသွားရာမှာတော့ဒီရုပ်ရှင်ကားလေးဟာ ခေတ်သစ်စစ်ပွဲတွေရဲ့ စစ်ဘက်အရပ်ဘက်ဆိုင်ရာဗျူဟာတွေအကြောင်းနဲ့ စစ်ပွဲရဲ့ ပကတိဂုဏ်ယူစရာမရှိပုံတွေမြေစာပင်ဖြစ်ရတဲ့အရပ်သားတွေရဲ့ အကျပ်အတည်းနဲ့ဆင်းရဲဒုက္ခတွေကို အရင်းအတိုင်းတင်ပြထားလို့ စစ်ဆန့်ကျင့်ရေးရုပ်ရှင်ကားတကားအနေနဲ့လည်း ကြည့်ရှုခံစားနိုင်မယ့် ဇာတ်ကားကောင်းလေး‌ဖြစ်တာ‌ကြောင့် ရုပ်ရှင်ချစ်ပရိသတ်များ လက်မလွတ်ရလေအောင်ညွှန်းဆိုပေးလိုက်ရပါတယ်ခင်ဗျာ။

t.me/gwmmupl/4208
ဆူကျိုးမြစ် (၂၀၀၀)

IMDb - 7.4/10
Genre -Romance, Noir


ဆူကျိုးမြစ် ရုပ်ရှင်ဟာ တရုတ်ပြည်မရုပ်ရှင်ရဲ့ ခြောက်ဆက်မြောက်မျိုးဆက် ဒါရိုက်တာတွေထဲက နာမည်ကျော်တစ်ယောက်ဖြစ်တဲ့ လုရီ ရဲ့ နာမည်အကျော်ဆုံး ရုပ်ရှင်ပါပဲ။ သူဟာ ဆင်ဆာကြမ်းတဲ့ တရုတ်အစိုးရရဲ့ ဘန်းတာကို ပထမကားနဲ့တင်ခံခဲ့ရတဲ့သူဖြစ်ပြီး ဒီဒုတိယရုပ်ရှင်ကိုလည်း တရုတ်အစိုးရ ခွင့်ပြုချက်မရှိဘဲ ရုပ်ရှင်ပွဲတော်တစ်ခုမှာပြခဲ့လို့ ၂နှစ်အဘန်းခံခဲ့ရပါတယ်။ တန်ပါတယ်၊ ဆုတော့ရခဲ့ပါတယ်။ သူ့တင်ပြပုံနဲ့ အပေါက်အလမ်းမတည့်တဲ့ တရုတ်အစိုးရ ဘန်းတာကို ခဏခဏခံခဲ့ရပေမဲ့ လုရီ ဟာ နိုင်ငံတကာအသိအမှတ်ပြုခံရတဲ့ ဒါရိုက်တာတစ်ယောက်တော့ဖြစ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ကို မြစ်ကမ်းဘေးက ဂိုဒေါင်တွေ ဘာတွေလို အဟောင်းအနွမ်းနေရာတွေမှာပဲရိုက်ထားပြီး တိုးတက်နေတဲ့ အသစ်အသစ်သောပုံရိပ်တွေကို မသုံးထားခဲ့ပါဘူး။ ထူးတာကတော့ အဓိကဇာတ်ကောင်လို့လည်း ပြောလို့ရတဲ့ နောက်ခံစကားပြောသူကို လူလည်းမပြထားသလို ခရက်ဒစ် လည်းမပေးထားဘဲ ကိုယ်က အဲဒီလူလို ဝင်ခံစားလို့ရအောင် သူမြင်ရတဲ့ပုံစံကနေ ပြသွားတာကလည်း ဒီရုပ်ရှင်ကို ကျွန်တော်တို့နဲ့ ပိုနီးစပ်သွားစေတဲ့ တစ်ချက်ပဲလို့ထင်ပါတယ်

t.me/dramaworld001/5836
အမြဲ ❤️Active now ❤️ နေတဲ့ M9 ရှမ်းကိုးမီး

☺️ အဖိုးကြီး နဲ့ သမီးတော်စလော့ ချိုချဥ်ဂိမ်း ဆ 1000 နဲ့ ရှယ်ထုတ်ဖို့ အခုပဲအကောင့်ဖွင့်လိုက်တော့နော်

အ​လျော်အစား မှန်နေ မြန်နေမှ ဆော့ကစားချင်တဲ့ ညီကိုတို့ အတွက် #HYPER M9 😍

မှာ ရှမ်း/ဘူကြီး/ငါးပစ်/စလော့/ live ကာစီနို/ကြက်တိုက်/လေးကောင်(ခြောက်ကောင်ဂျင်) နှင့် ဘောလုံးပွဲများကို နေ့စဉ် ‌24 နာရီပိတ်ရက်မရှိဆော့ကစားနိုင်ပါပြီရှင့်။

⚡️  မန်ဘာသစ် 3000 သွင်း 6000 ဖရီး ရတဲ့ အပြင်
⚡️ နေ့စဉ်ဘောနပ် 20%
⚡️ သူငယ်ချင်းမိတ်ဆက် 20%
⚡️ သွင်းတိုင်းရ 10% ရှိတဲ့အပြင်

🍀 ပရိုမိုးရှင်းကာလက အကန့်အသတ်ရှိတာမို့ ညီကိုတွေ မရလိုက်မှာဆိုးလို့

အခုပဲ အမြန်ဆုံး အ​​ကောင့်ဖွင့်ကစားဖို သတင်းကောင်းပါးလိုက်ပါတယ်ရှင့်။

🔽🔽ဂိမ်းအ​ကောင့်ဖွင့်ရန် 🔽🔽

📱 Viber - 09406502075

📱 Telegram မှ ဆက်သွယ်ရန်  😏 t.me/hyperm9skm

Hyper m9 SKM ချန်နယ် အလျော်ကြမ်းနေသောဂိမ်းတင်ပေးသောနေရာ 💸 - t.me/hypermnine

📱 Viber link 🔗- https://msng.link/o?959406502075=vi☎️
Please open Telegram to view this post
VIEW IN TELEGRAM
ပုံပြင်တစ်ပုဒ် (၂၀၁၇)

IMDb - 8.3/10
Genre - Drama


သိပ္ပံစိတ်ကူးယဉ် ဆိုက်ကို ဒရာမာ စီးရီးတွေထဲမှာ အကောင်းတကာ့အကောင်းဆုံးထဲက တစ်ခုကို တင်ပေးထားပါတယ်။ ဇာတ်ကိုတော့ မျိုးပွားနိုင်နှုန်းအကြီးအကျယ်ကျဆင်းလာတဲ့ အနာဂတ်ကာလတစ်ခုမှာတည်ထားတယ်။ ဒီကာလမှာ အမေရိကန်ကပြည်တွင်းစစ်ကြောင့် ပျက်စီးသွားပြီး နိုင်ငံအသစ်အနေနဲ့ဖြစ်နေပြီ။ ဒီကာလမှာ စစ်အုပ်ချုပ်ရေးနဲ့လည်း အုပ်ချုပ်နေသလို အာဏာဆာလောင်နေတဲ့ ခေါင်းဆောင်တွေလည်း များနေတယ်။ လူတန်းစားအချို့က အမျိုးသမီးတွေကို နှိမ့်ချဆက်ဆံတာတွေလည်း အထွဋ်အထိပ်ရောက်နေတယ်။ ဆိုခဲ့သလို မျိုးမအောင်တဲ့လူတွေများနေတော့ မျိုးအောင်တဲ့ အိမ်စေအမျိုးသမီးတွေကို သူတို့အရှင် ကွန်မန်ဒါတွေနဲ့ မျိုးပွားလို့ရရုံလုပ်ခိုင်းပြီး သားဖောက်စေတယ်။ အဲဒီအမျိုးသမီးတွေရဲ့ အတိတ်တွေကိုလည်း ဖျက်ပစ်ပြီး သူတို့ကိုယ်တိုင်လည်း အဲဒီအတိတ်ကို ပြန်မတွေးနိုင်အောင် အနိုင်ကျင့်ခဲ့ကြတယ်။ ဒါကိုတာဝန်တစ်ရပ်လိုမျိုးယုံကြည်ကြတဲ့ ဒီဝါဒကိုယုံကြည်သူ အန်တီလို့ခေါ်တဲ့အမျိုးသမီးတွေက မျိုးအောင်နိုင်တဲ့အမျိုးသမီးတွေကို ပုံစံချပုံသွင်းပေးနေသလို အဘက်ဘက်ကလည်း သူတို့ကို ဖိနှိပ်နေခဲ့တယ်။ ဒီလိုအခြေအနေတွေကနေ လွတ်မြောက်အောင်ကြိုးစားကြမယ့် အမျိုးသမီးတွေအကြောင်းကို ဒီစီးရီးမှာ ကြည့်ရမှာပါ။ အပိုင်းကတော့ စုစုပေါင်း၆၀ရှိမှာပါ။

t.me/hanatrailers/5267