Hana : The Sweet Orophile
106K subscribers
3.39K photos
166 videos
3.42K links
Download Telegram
ပျော်ရွှင်မှု (၂၀၀၇)

IMDb - 7/10
Genre - Romance, Drama


ပြိုးပြိုးပြက်ပြက် မီးရောင်တွေအောက်က ကလပ်ပိုင်ရှင် ယောင်းဆူ။ ကလပ်ပိုင်ရှင်ပီပီ အရက်၊ ဆေးလိပ် အကုန်သောက်ရာကနေ အသည်းခြောက်ရောဂါကဖြစ်၊ စီးပွားရေးကလည်း တစ်စတစ်စ ဆုတ်ယုတ်လာပြီး နောက်ဆုံး နယ်မြို့လေးမှာရှိတဲ့ စောင့်ရှောက်ရေးဂေဟာမှာ နေဖို့ဖြစ်လာတော့တယ်။ယောင်းဆူ စောင့်ရှောက်ရေးဂေဟာကို ရောက်လာပြီးနောက်မှာပဲ အဲဒီမှာရှိနေတဲ့ နာတာရှည်အဆုတ်ရောဂါသည်လေး အွန်ဟီး နဲ့ လူငယ်ချင်း သဘောကျရာကနေ နှစ်ယောက်အတူ အပြင်ထွက်နေဖို့ လုပ်ပါတော့တယ်။ ရောဂါသည်နှစ်ယောက် တစ်အိုးတစ်အိမ် ထူထောင်တာ အဆင်ပြေပါ့မလား။မြို့ကြီးသား ယောင်းဆူ ကရော နယ်ဘက်မှာ သူနေခဲ့တဲ့ ဘဝနဲ့ လုံးဝ မတူတော့တဲ့ ဘဝတစ်ခုမှာ နေနိုင်မှာလား။ ယောင်းဆူ ရဲ့ ရည်းစားဟောင်း ဆူယွန်း ပေါ်လာတဲ့အခါမှာရော ဘယ်လိုတွေဆက်ဖြစ်မှာလဲ။

t.me/dramamv/760
ဟယ်ရီလို သူငယ်ချင်းမျိုး (၂၀၀၀)

IMDb - 7.3/10
Genre - Thriller, Crime


ဒီဇာတ်ကားကတော့ ပြင်သစ်ဇာတ်ကား ဖြစ်ပါတယ်။ လျို့ဝှက်သည်းဖို ဇာတ်လမ်းတွေ ကြိုက်တယ်ဆိုရင်တော့ အတော်ပါပဲ၊ ပြင်သစ်ရုပ်ရှင်တွေကလည်း လျှော့တွက်မရတဲ့အထဲပါပါတယ်။ တစ်ချို့ ဇာတ်ကားတွေဆို ကမ္ဘာကျော်တဲ့အပြင် အတွဲလိုက် လက်မလည်အောင် ရိုက်နေရတဲ့ကားတွေ လည်းတွေ့ဖူးပါတယ်။ ဇာတ်ကားရဲ့ ရသအချို့မှာ မိသားစုတွေမှာ အခက်အခဲတွေရှိတယ်၊ ကိုယ့်ရဲ့ တိုးတက်မှုတွေကို ပိတ်ပင်နေတယ် ထင်ရတောင် ပန်းကလေးတွေ ပွင့်လန်းလာတာကို ကြည်ကြည်နူးနူး ထိုင်ကြည့်ရသလိုပဲဆိုတာ ဒီဇာတ်ကားမှာ ပြထားပါတယ်။ မိဘနဲ့ သားသမီးကြားက သံယောဇဉ်နဲ့ စေတနာတွေ၊ ချွေးမ နဲ့ ယောက္ခထီး ယောက္ခမ ကြားက ဆက်ဆံရေးတွေ တွေ့ရပါမယ်။ သားသမီးတစ်ချို့ရဲ့ မိဘတွေ အပေါ် သဘောထားကလည်း ကြောက်စရာပါလား တွေးမိပါလိမ့်မယ်။ သည်းထိပ်ရင်ဖိုကားတစ်ခုထက် ပိုတဲ့ ဇာတ်ကားတစ်ကားလို့ ညွှန်းပါရစေ။

t.me/gwmmupl/4128
ဒဏ္ဏာရီတဲ့လား (၁၉၉၄)

IMDb - 7.5/10
Genre - Western, Romance

ဒဏ္ဏာရီဆန်တဲ့ လူသားတစ်‌ယောက်အကြောင်းပြောရင် ကျွန်တော်ကတော့ ထရစ္စတန်ကို မေ့နေလို့မရပါဘူး။ သူ့ဘဝရဲ့ ပုံပြင်ကတော့ လူတိုင်းကို မှင်သက်စေလိမ့်မယ်။ သားရဲတစ်ကောင်လို သန်မာတဲ့ လူရိုင်းလေးကစိတ်သဘောထားကြတော့ နုနယ်လွန်းလှတယ်။ ချစ်လှစွာသော သူ့ ညီအကို သုံးယောက်ကြား ဝင်ရောက်လာတဲ့ သိမ်မွေ့တဲ့ အမျိုးသမီးလေးရဲ့ နှလုံးသားကရော ဘယ်သူ့ဆီမှာပါလဲ။ အနေအေးပြီး ရိုးလွန်းတဲ့ အကိုကြီးရဲ့ ခံစားချက်ကလည်း စာဖတ်သူကို ဘယ်လို ခံစားချက်ဖြစ်စေမှာလည်း သိပါရစေ။ စည်းဘောင်တွေ အပြင်မှာ ပျော်ပျော် နေတတ်တဲ့ လူသားက သူ့ချစ်တဲ့သူ တွေကိုရော ကာကွယ်ပေးနိုင်ပါ့မလားဆိုတာကို ရင်သပ်ရှုမောဖွယ် ကြည့်ရူခံစား ကြည့်ပါဦး။ ဒီလူရိုးကြီးနဲ့ နှလုံးသားကို ဘယ်လို ထင်လဲ ပြောကြည့်ပါအုံး။

t.me/dramamv/762
Forwarded from Shwe BaLu
This media is not supported in your browser
VIEW IN TELEGRAM
❤️❤️❤️❤️ ❤️❤️❤️❤️

📢သူဌေးဖြစ်မယ့် အငြိတစ်ချက် 💙💵

ရွှေဘီးလူးတဲ့ဟေ့ လာကစားသမျှ အနိုင်ရစေအောင်ဆောင်မတော့မယ် ❤️
အလျော်အစားမှာ သစ္စာရှိမဲ့ Shwe Balu 💯

နိုင်သလောက် အကုန်လျော်မယ်ဟေ့ 💵
ချစ်သားတိုစိတ်ကြိုက်နိုင် Shwe Balu အကုန်လျော်မယ် 💰💰

ဘောလုံး ⚽️ ဖဲ 🫳 စလော့ 👋 ငါးပစ် 🐬 ဂျင်🕹အကုန် ယုံကြည်စွာသာဆော့

➡️ မန်ဘာသစ်ဖွင့် ❤️❤️🔣 အပိုယူ

➡️ နေ့စဥ်ပထမသွင်းငွေ❤️❤️🔣အပိုယူ

➡️ အရှံးပြန်ပေး အပတ်စဥ် ❤️🔣အပိုယူ

🔔အကောင့်ဖွင့်ဖို ဆက်သွယ်ရန်🔔

📱 Telegram : @Shwebalu

📱 Telegram Link : https://t.me/Shwebalu

📱 Telegram : 09-69 88 555 88

📱 Viber Link : https://msng.link/o?+959698855588=vi

📱 Viber No: 09-69 88 555 88

🌐 Website link - https://shwebalu.com/

✔️Channel Link
https://t.me/Shwe_Balu
Please open Telegram to view this post
VIEW IN TELEGRAM
ကိုယ့်ဆီပြန်လာပါ (၂၀၀၀)

IMDb - 7/10
Genre - Romance, Drama


ဘော့ဘ် သည် ဇနီးဖြစ်သူ အဲလိဇဘတ် ကို မတော်တဆမှုတစ်ခုကြောင့် ဆုံးရှုံးရပြီးနောက် စိတ်ဒဏ်ရာရနေချိန်တွင် ဂရေ့စ် နှင့် ချစ်ကျွမ်း၀င်သွားခဲ့ပြီး ဂရေ့စ် က အဲလိဇဘတ် ရဲ့ နှလုံးကို အစားထိုးကုသခံယူထားသူဖြစ်ကြောင်း နောက်ပိုင်းတွင် သိရှိလိုက်ရတဲ့အခါ သူတို့ရဲ့ ဆက်ဆံရေးက တဖြည်းဖြည်း ရှုပ်ထွေးလာပါတယ်။ ဒီဇာတ်လမ်းလေးက ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှုကို ဟန်ချက်ညီစွာပေါင်းစပ်ထားပြီး အစပိုင်းတွင် ကြည်နူးဖွယ်ဇနီးမောင်နှံ၏ ဘဝကို ပြသထားပါတယ်။နောက်ပိုင်းမှာတော့ ဇာတ်လမ်းရဲ့ သိမြင်မှုအသစ်များကို တဖြည်းဖြည်းချင်း ဖော်ပြထားပါတယ်။ ဒီကားလေးက စိတ်ကျေနပ်ဖွယ်ကောင်းသော ဇာတ်ကားလေးဖြစ်ပြီး၊ ဘ၀ရဲ့အရှုံးနှင့် အနိုင်ကို နက်နက်ရှိုင်းရှိုင်း ခံစားရစေပါတယ်။ ဇာတ်ကောင်များရဲ့ စစ်မှန်မှု၊ သဘာဝကျသော ဟာသများနဲ့ စိတ်လှုပ်ရှားဖွယ်ဇာတ်အိမ်တို့က ရုပ်ရှင်ကြည့်ပရိတ်သတ်ကို အကောင်းဆုံး ဆွဲဆောင်နိူင်မှာဖြစ်ပါတယ်။

t.me/gwmmupl/4130
စစ်မှန်သော သူငယ်ချင်း (၂၀၂၂)

IMDb - 7/10
Genre - Action, Drama

မိဘနှစ်ပါး သေဆုံးသွားတဲ့နောက်မှာ အဘိုးအဘွားရဲ့ အုပ်ထိန်းမှုနဲ့ ညီငယ်တွေကို စောင့်ရှောက်နေတဲ့ ဂန်း။ ကျောင်းမှာ ညီဖြစ်သူ ဂိုင်းကို အနိုင်ကျင့်တဲ့သူတွေနဲ့ အမြဲရန်ဖြစ်လေ့ရှိတဲ့ ဂန်း ခဏခဏရန်ဖြစ်တဲ့အဆုံးမှာ ကျောင်းထုတ်ခံရပြီး အစိုးရအထက်တန်းကျောင်းကို စာသင်နှစ်ဝက်မှာ ကျောင်းပြောင်းခဲ့ရတယ်။ ကျောင်းပြောင်းလာတဲ့ ပတ်ဝန်းကျင်အသစ်မှာလည်း ထုံးစံအတိုင်း သူ့မှာသူငယ်ချင်းမရှိပြန်ဘူး။ သူငယ်ချင်း မလိုအပ်ဘူးလို့ အမြဲပြောတတ်တဲ့ ထောင့်မကျိုးတဲ့ ဂန်း ကို အပေါင်းအသင်းလုပ်ချင်တဲ့သူ နည်းတယ်။ဒါပေမယ့် ပင့်ဆိုတဲ့ အတန်းခေါင်းဆောင်ကောင်မလေးက နောက်ဆုံးမှာ သူငယ်ချင်းဖြစ်လာခဲ့တယ်။ ဂန်း ကိုဆို အမြဲကြည့်မရဖြစ်နေတဲ့ အတန်းထဲက ဂါ နဲ့ သူ့သူငယ်ချင်းတွေကရောက်ရာအရပ်မှာ ရန်စတတ်တယ်။ ဒါပေမယ့် မထင်မှတ်ထားတဲ့အခြေအနေမှာ ဂန်း ကို ကြည့်မရတဲ့သူတွေက ဂန်း နဲ့ရင်းနှီးသွားကြတယ်။ ဂန်း တစ်ယောက် သူငယ်ချင်းတွေရလာတဲ့နောက် သူငယ်ချင်းတွေနဲ့အတူ ဘယ်လိုဆိုးမလဲ? ရန်သူများတဲ့ ဂန်း နဲ့ သူတို့သူငယ်ချင်းတစ်စု ဘယ်လိုတွေဆက်ဖြစ်မှာလဲ?

t.me/hanamovie20/4261
သူမဟာ ဒီလိုပဲ (၁၉၉၉)

IMDb - 6/10
Genre - Comedy, Romance


ဆယ်ကျော်သက်အချစ်ရုပ်ရှင်ကားတစ်ကားပေမဲ့ ပုံမှန်ဆယ်ကျော်သက်ကားတွေနဲ့ မတူညီတဲ့ ရှုထောင့်ကနေ ခံစားသက်ဝင်ပြီး ကြည့်ရှုရမယ့်ကားလေးပါ။ကျောင်းရဲ့ နာမည်ကျော် ဇက်ဆိုင်လာ က တေလာဗန် ဟာရဲ့ စွန့်ပစ်ခြင်းကို ခံလိုက်ရပြီး အသဲကွဲနေသောအခါ၊ သူ့သူငယ်ချင်းတွေက အသဲကွဲနေတဲ့သူ့ကို နှစ်သိမ့်ကြရင်း အလောင်းအစားတစ်ခုကို လောင်းကြဖို့ အခြေအနေတစ်ခုဖြစ်လာပါတယ်။ အဲ့အလောင်းအစားကတော့ ဒီကျောင်းက တစ်ယောက်ယောက်ကို ရွေးချယ်ပြီး ဇက်ဆိုင်လာ က အလှဘုရင်မ ဖြစ်အောင် ဖန်တီးပေးရမှာ ဖြစ်ပါတယ်။ သူတို့ဖန်တီးပေးရမယ့် သားကောင်က ကျောင်းက လူထူးဆန်းမလေး လန်နီ ဖြစ်နေတဲ့အခါ၊ သူ့ရဲ့အလောင်းအစားကို အနိုင်ရဖို့ ဇက်ဆိုင်လာ က လန်နီ ကို ချဉ်းကပ်ခဲ့ရင်း တစ်ယောက်နဲ့ တစ်ယောက်နီးစပ်သွားတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်ကြမလဲ၊ ဇက်ဆိုင်လာ က အလောင်းအစားမှာ အနိုင်ရနိုင်မလား၊ ဒါမှမဟုတ် လန်နီ ကို တကယ်ချစ်မိသွားမလားဆိုတာကို ရင်ခုန်ကြည်နူးဖွယ် ကြည့်ရှုရမယ့် ဆယ်ကျော်သက်အချစ်ကား တစ်ကားဖြစ်ပါတယ်။

t.me/dramamv/764
ငါ့နည်း ငါ့လမ်း (၂၀၂၄)

IMDb - 6.5/10
Genre - Drama


ဒီကားက စပိန်နိုင်ငံကနေ ကီလိုမီတာ 800 ရှည်တဲ့ ကာမီနိုဒီဆန်ဒေးရီဂို လို့ခေါ်တဲ့ ရှည်လွန်းတဲ့ လမ်းကို လျှောက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အမျိုးသားတစ်ဦးအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ခရစ်စ်ဟေးဝု အဖြစ် သရုပ်ဆောင်ထားတဲ့ အဲ့အမျိုးသားက သူ့အကြောင်းပိုလေ့လာချင်စိတ်နဲ့ ဘဝကို ကောင်းကောင်းနားလည်ချင်တယ်။ လမ်းတစ်လျှောက်မှာ သူက ရုပ်ရှင်ဒါရိုက်တာ ဘီလီဘန်းနက် နှင့် လွန်ခဲ့တဲ့ နှစ်တွေက အလားတူလမ်းကြောင်းအတိုင်း လျှောက်လှမ်းခဲ့တဲ့ တကယ့်ခရီးသည်တွေ အများအပြားနှင့် တွေ့ဆုံခဲ့တယ်။ ရုပ်ရှင်ကတော့ စိမ်းလန်းတဲ့ တောင်ကုန်းတွေ၊ ရွာဟောင်းတွေ နှင့် ရှည်လျားပြီး ကွေ့ကောက်တဲ့ လမ်းတွေကို ရိုက်ပြထားပြီး သူနှင့်အတူ လမ်းလျှောက်နေရသကဲ့သို့ ခံစားရစေမှာပါ။ တစ်ချို့အခိုက်အတန့်တွေက ရယ်စရာကောင်းတယ်၊ တချို့က ဝမ်းနည်းဖို့ကောင်းတယ်၊ တစ်ချို့က အတွေးတွေဝင်လာစေတယ်။ ခရီးက ခက်တယ်၊ တစ်ခါတလေ မောပန်းပြီး စိတ်ပျက်သလို ခံစားရပေမယ့် သူက ဆက်လျှောက်တယ်။ ရုပ်ရှင်ကြည့်သူအချို့က ငြိမ်းချမ်းတဲ့ ခံစားမှုကို နှစ်သက်ကြပြီး အချို့ကတော့ နှေးကွေးပြီး စိတ်လှုပ်ရှားစရာမဟုတ်တဲ့ကားလို့ ထင်မြင်ချက်ပေးကြပါတယ်။ ကြီးမားတဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေအစား၊ ဒီဇာတ်ကားက လူတစ်ယောက်ရဲ့ နှလုံးသားနဲ့ စိတ်ကို ဘယ်လိုပြောင်းလဲစေလဲဆိုတာကို အာရုံစိုက်ရိုက်ကူးထားပါတယ်။ သင်ယူခြင်း၊ တိုးတက်လာခြင်းနှင့် ငြိမ်းချမ်းမှုကို ရှာဖွေတာနဲ့ ဆိုင်တဲ့ ဇာတ်ကားပါ။ တိတ်ဆိတ်စွာနဲ့ ငြိမ်းချမ်းတဲ့ ဇာတ်ကားကို ကြိုက်တဲ့သူတွေအတွက်တော့ အကြိုက်တွေ့မှာပါ။

t.me/dramamv/766
အမြဲ ❤️Active now ❤️ နေတဲ့ M9 ရှမ်းကိုးမီး

☺️ အဖိုးကြီး နဲ့ သမီးတော်စလော့ ချိုချဥ်ဂိမ်း ဆ 1000 နဲ့ ရှယ်ထုတ်ဖို့ အခုပဲအကောင့်ဖွင့်လိုက်တော့နော်

အ​လျော်အစား မှန်နေ မြန်နေမှ ဆော့ကစားချင်တဲ့ ညီကိုတို့ အတွက် #HYPER M9 😍

မှာ ရှမ်း/ဘူကြီး/ငါးပစ်/စလော့/ live ကာစီနို/ကြက်တိုက်/လေးကောင်(ခြောက်ကောင်ဂျင်) နှင့် ဘောလုံးပွဲများကို နေ့စဉ် ‌24 နာရီပိတ်ရက်မရှိဆော့ကစားနိုင်ပါပြီရှင့်။

⚡️ မန်ဘာသစ် 3000 သွင်း 6000 ဖရီး ရတဲ့ အပြင်
⚡️ နေ့စဉ်ဘောနပ် 20%
⚡️ သူငယ်ချင်းမိတ်ဆက် 20%
⚡️ သွင်းတိုင်းရ 10% ရှိတဲ့အပြင်

🍀 ပရိုမိုးရှင်းကာလက အကန့်အသတ်ရှိတာမို့ ညီကိုတွေ မရလိုက်မှာဆိုးလို့

အခုပဲ အမြန်ဆုံး အ​​ကောင့်ဖွင့်ကစားဖို သတင်းကောင်းပါးလိုက်ပါတယ်ရှင့်။

🔽🔽ဂိမ်းအ​ကောင့်ဖွင့်ရန် 🔽🔽

📱 Viber - 09406502075

📱 Telegram မှ ဆက်သွယ်ရန် 😏 t.me/hyperm9skm

Bonus အ​ကြောင်းသိရဖို့ ချန်နယ်လင့် လေး joinပေးပါရှင့် 💸 - t.me/hypermnine

📱 Viber link 🔗- https://msng.link/o?959406502075=vi
Please open Telegram to view this post
VIEW IN TELEGRAM
ရဲလုပ်ကြစို့ (၂၀၁၄)

IMDb - 6.4/10
Genre - Comedy, Action


ဂျက်စတင် နဲ့ ရိုင်ယန် တို့ သူငယ်ချင်းနှစ်ဦးဟာ သူတို့ရဲ့ မွေးရပ်မြေကို ပြန်လာရင်း ဘားတစ်ခုမှာရှိနေတုန်း သူတို့နှစ်ဦးရဲ့ ကားကို ရုရှားတွေအဖွဲ့လိုက်ပါတဲ့ ကားက ဝင်တိုက်ခဲ့ပြီး သူဘာမှ ပြန်မလုပ်နိုင်အောင် ခြိမ်းခြောက်ခဲ့ပါတယ်။ အဲဒီနောက် ရိုင်ယန် က ဂျက်စတင် ကို ရဲယူနီဖောင်းနဲ့ ကောလိပ်ပါတီတက်စေခဲ့တာကနေ စပြီး အလွဲလေးတွေ ဖြစ်လာပါတော့တယ်။ သူတို့နှစ်ဦးက တကယ့်ရဲအစစ်တွေအတိုင်း ပြုမူပြောဆိုနေထိုင်ပြီး ဒီတစ်ညနဲ့တင်မက ရဲပုံစံလိမ်လည်မှုဇာတ်လမ်းတွေ စခဲ့ပါတော့တယ်။ ရဲကားအဟောင်းတစ်စီးကို ဝယ်ပြီး ရဲတွေရဲ့ လုပ်ငန်းလုပ်ဆောင်ပုံတွေကို သင်ယူလေ့လာပြီး ဂျက်စတင် နဲ့ ရိုင်ယန် တို့ အလိမ်ဇာတ်လမ်းကို လျှောက်ရင်း ပြဿနာပေါင်းစုံ ကြုံရပါတော့တယ်။ အဲဒီနောက် သူတို့ကားကို ဝင်တိုက်ခဲ့တဲ့ ရုရှားအဖွဲ့ကို လက်စားချေဖို့ လုပ်ခဲ့ပေမယ့် သူတို့တစ်တွေဟာ လူဆိုးဂိုဏ်းဝင်တွေဖြစ်ပြီး ဂျက်စတင့် ကောင်မလေး အလုပ်လုပ်နေတဲ့ Georgie’s ဆိုင်ရဲ့ ပိုင်ရှင်ကို ခြိမ်းခြောက်နေတဲ့သူတွေ ဖြစ်ပါတယ်။ ဂျက်စတင် နဲ့ ရိုင်ယန် တို့ဟာ အလိမ်အညာတွေကို ရပ်ပစ်ဖို့ လုပ်ခဲ့ပေမယ့် ဂျက်စတင့် ကောင်မလေး ဂျိုစီ က သူ့ကို လူတစ်ယောက် နှောင့်ယှက်နေတယ်လို့ အကူအညီ တောင်းတာကြောင့် ရဲအဖြစ်နဲ့ စုံစမ်းရင်း ရုရှားလူဆိုးဂိုဏ်းခေါင်းဆောင် ဆိုတာ သိခဲ့ပါတယ်။ လူဆိုးဂိုဏ်းပါ ပါဝင်ပတ်သက်လာတဲ့အခါ ဂျက်စတင် နဲ့ ရိုင်ယန် တို့ ဘယ်လို ရှေ့ဆက်ကြမလဲ၊ အလိမ်ပေါ်သွားခဲ့ရင် အရေးယူခံရမှာလား၊ ဂျက်စတင် နဲ့ သူ့ကောင်မလေးကရော ဇာတ်ပေါင်းခွင့်ရမှာလား။

t.me/cartoonbynikko/576
ပါကာ (၂၀၁၃)

IMDb - 6.3/10
Genre - Action, Crime


ဒီဇာတ်ကားမှာ ခေါင်းဆောင်မင်းသား စတက်ဟမ် ဟာ သူ့စတန့်အားလုံးကို လူစားမထိုးဘဲ ကိုယ်တိုင်သရုပ်ဆောင်ကြောင်း သိရပါတယ်။ လူဆိုးက သေနတ်နဲ့ပစ်စဉ် အရှိန်ပြင်းစွာ မောင်းနှင်နေတဲ့ ကားပြတင်းပေါက်ကနေ ဒိုင်ဗင်ထိုးထွက်တဲ့အခန်းဟာ အသက်အန္တရာယ်ရှိပေမဲ့ ဒါရိုက်တာ စိတ်တိုင်းကျ မဖြစ်မချင်း ဂျေဆွန် က ငါးခါခြောက်ခါ သရုပ်ဆောင်ပေးခဲ့ပါတယ်။ ဒါရိုက်တာကြီး ဟက်ဖော့ ဟာ ပါကာ ကို သူ့ရဲ့ပထမဆုံး film-noir ဇာတ်ကားဖြစ်အောင် ရိုက်ကူးရလို့ ရင်ခုန်ကြောင်းဖွင့်ပြောပါတယ်။ (film-noir ဆိုတာက ၁၉၆၀ ပြည့်နှစ်တွေက ခေတ်စားတဲ့ ပြင်သစ်အဖြူ-အမည်းစုံထောက်ဇာတ်ကားတွေဖြစ်ပါတယ်။) ပါကာ ဟာ ထူးဆန်းတဲ့ဇာတ်ကောင်ဖြစ်ပြီး လူ့ခွစာဆန်သူဖြစ်လို့ ၎င်းကို မိမိစိတ်ဝင်စားတာပါလို့ ဟက်ဖော့ က ပြောပါတယ်။ ပါကာ ကို ဝေဖန်ရေးဆရာ တချို့က ချီးမွမ်းပြီး တချို့က ရှုတ်ချခဲ့ပါတယ်။ စတက်ဟမ် ဟာ ပါကာ ဇာတ်ရုပ်နဲ့ အံကိုက်ဖြစ်ကြောင်း၊ ဂျေလို ရဲ့ ဇာတ်ကောင် လက်စ်စလီ ကတော့ ပရိသတ်ကို ရယ်မောစေကြောင်း တချို့က ပြောပါတယ်။

t.me/gwmmupl/4160
ကိုရီးယားဂျက်မ (၂၀၁၇)

IMDb - 6.6/10
Genre - Action, Thriller


တရုတ်ပြည်နယ်ဘက်မှာ ငယ်စဉ်ကတည်းက လုပ်ကြံသတ်ဖြတ်ရေးပညာရပ်တွေကို သင်ကြားခဲ့ရတဲ့ ဆိုဟီး လို့အမည်ရတဲ့ မိန်းကလေးတစ်ယောက်ဟာ ပညာတွေပြည့်စုံလာချိန်မှာတော့ တောင်ကိုရီယားနိုင်ငံထဲက အေဂျင်စီတစ်ခုမှာ အပေးအယူတစ်ခုနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူမရဲ့ပကတိဆန္နက သာမန်လူတွေလိုပဲ ဘဝကို ဖြတ်သန်းချင်တာဖြစ်တဲ့အတွက် ဆယ်နှစ်တိတိ တာဝန်ယူထမ်းဆောင်ပြီး အနားယူခွင့်ပေးရမယ်ဆိုတဲ့ ကတိပဲဖြစ်ပါတယ်။ ဒါပေမယ့် သူမအပေါ်ကို ပညာသင်ကြားပေးခဲ့တဲ့ ဆရာ နဲ့ အခြားသောသူစိမ်းတစ်ယောက်နဲ့ ပြန်လည်ပတ်သက်မိချိန်မှာတော့ သူမလိုချင်တဲ့ အေးချမ်းတဲ့ဘဝကို ရရှိဖို့ မသေချာတော့ပါဘူး။ အဲဒီနောက်မှာ သူမဘဝအစိတ်အပိုင်းတွေ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဒီကားက ဟိုးအရင်က ဂျက်မ တို့လို အမျိုးသမီးအက်ရှင်ကားတွေကို ပြန်သတိရသွားစေတယ်။ ရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ ချီးကျုးသံတွေကိုလဲ အများကြီး ရထားတဲ့ ကားလေးပါ။

t.me/gwmmupl/4163
သူသတ်သမား (၂၀၂၂)

IMDB - 6.6/10
Genre - Action, Crime


အက်ရှင်ကားငတ်နေတဲ့သူတွေအဖို့တော့ နင်းကန်လန်းပါတယ်။ မင်းသားက အရေးအကြောင်းဆိုရင် မိန်းကလေးဖြစ်နေလည်း မျက်နှာတွေဖြတ်ရိုက်သလို ကျောင်းသားအရွယ်ဖြစ်နေလည်း သူ့ရန်ရှာရင် ခြေထောက်တွေ လက်တွေ မျက်တောင်တစ်ချက်မခတ်ဘဲ ရုက်ချိုးပစ်ပါတယ်။ တကယ့်လူမိုက်တွေဆိုရင်တော့ပြောမနေနဲ့တော့။ ဘန်ဝီဂန် ဆိုတဲ့ ဘဲတစ်ပွေဟာ သူ့ကောင်မလေး အပျော်ခရီးမထွက်ခင် ကလေးမလေးတစ်ယောက်ကို သွားတဲ့ကာလအတွင်း စောင့်ရှောက်ပေးဖို့ မှာသွားခဲ့တယ်။ သူကလည်း မကောင်းတတ်လို့သာ လက်ခံလိုက်ရတယ်။ ၁၇ နှစ်အရွယ်ကလေးမလေးဆိုတော့ အရာရာစူးစမ်းချင်စိတ်တွေပြည့်နေတဲ့အရွယ်လေး။ ဒါ့ကြောင့် အိမ်မလိုက်ချင်ဘူး သူငယ်ချင်းအိမ်မှာပဲနေမယ်ဆိုတော့ သူက ပိုက်ဆံတောင် သုံးဖို့စွဲဖို့ ထည့်ပေးလိုက်သေးတယ်။ အဲ့ဒီနောက်မှာတော့ ပြဿနာမျိုးစုံတက်တော့တာပါပဲ။ ဘာတွေလဲဆိုတာကိုတော့

t.me/gwmmupl/4148
အမြဲ ❤️Active now ❤️ နေတဲ့ M9 ရှမ်းကိုးမီး

☺️ အဖိုးကြီး နဲ့ သမီးတော်စလော့ ချိုချဥ်ဂိမ်း ဆ 1000 နဲ့ ရှယ်ထုတ်ဖို့ အခုပဲအကောင့်ဖွင့်လိုက်တော့နော်

အ​လျော်အစား မှန်နေ မြန်နေမှ ဆော့ကစားချင်တဲ့ ညီကိုတို့ အတွက် #HYPER M9 😍

မှာ ရှမ်း/ဘူကြီး/ငါးပစ်/စလော့/ live ကာစီနို/ကြက်တိုက်/လေးကောင်(ခြောက်ကောင်ဂျင်) နှင့် ဘောလုံးပွဲများကို နေ့စဉ် ‌24 နာရီပိတ်ရက်မရှိဆော့ကစားနိုင်ပါပြီရှင့်။

⚡️  မန်ဘာသစ် 3000 သွင်း 6000 ဖရီး ရတဲ့ အပြင်
⚡️ နေ့စဉ်ဘောနပ် 20%
⚡️ သူငယ်ချင်းမိတ်ဆက် 20%
⚡️ သွင်းတိုင်းရ 10% ရှိတဲ့အပြင်

🍀 ပရိုမိုးရှင်းကာလက အကန့်အသတ်ရှိတာမို့ ညီကိုတွေ မရလိုက်မှာဆိုးလို့

အခုပဲ အမြန်ဆုံး အ​​ကောင့်ဖွင့်ကစားဖို သတင်းကောင်းပါးလိုက်ပါတယ်ရှင့်။

🔽🔽ဂိမ်းအ​ကောင့်ဖွင့်ရန် 🔽🔽

📱 Viber - 09406502075

📱 Telegram မှ ဆက်သွယ်ရန်  😏 t.me/hyperm9skm

Hyper m9 SKM ချန်နယ် အလျော်ကြမ်းနေသောဂိမ်းတင်ပေးသောနေရာ 💸 - t.me/hypermnine

📱 Viber link 🔗- https://msng.link/o?959406502075=vi☎️
Please open Telegram to view this post
VIEW IN TELEGRAM
“အညတရလူတစ်ယောက်အတွက်”

တေလဂူးစကားပြော တရားခွင် ရုံကားအသစ်ဖြစ်ပြီး ၆၆.၇၅ ကုဋေအထိ ရုံတင်ငွေ ရရှိထားတဲ့ဇာတ်လမ်းလေးကို တင်ဆက်လိုက်ပါတယ်။ တေဂျာ ဟာ ရှေ့နေပေါက်စတစ်ယောက်ဖြစ်ပြီး သူတို့ရှေ့နေရုံးခန်းက ဆရာကြီးနဲ့တကွ စီနီယာရှေ့နေတွေကျေးဇူးကြောင့် အလုပ်သက်တမ်း ၃ နှစ်အတွင်း အမှုတစ်ခုမှကိုယ်တိုင်မကိုင်ဖူးသေးဘဲ စိတ်ပျက်လျက်ရှိပါတယ်။ ကံအကြောင်းဖန်လာတော့ လေးရက်နေရင် စီရင်ချက်ချတော့မယ့်အားလုံးကလက်လျှော့ထားတဲ့ ၁၉ နှစ်အရွယ်တရားခံကောင်လေးနဲ့ပတ်သက်သူတွေက အကူအညီတောင်းလာတဲ့အခါတရားလိုက ၁၇ နှစ်အရွယ်မိန်းကလေးရဲ့ အကောင်ကြီးကြီး အသိုင်းအဝိုင်းဖြစ်နေတာကြောင့် ရယ် အချိန်လည်းမရှိတော့တဲ့ဒီကောင်လေးအတွက် တေဂျာတစ်ယောက်ကယ်တင်ရှင်ဖြစ်လာနိုင်မလား ခံစားကြည့်ရှုပေးပါဦး။

t.me/hanaindian/7366
၁၀ နှစ်တာ (၂၀၁၁)

IMDb - 6.1/10
Genre - Romance, Comedy


ဇာတ်ကားတစ်ကားလုံးကို ၁၀ နှစ်ကြာ ဝေးကွာသွားတဲ့ ကျောင်းနေဖက် သူငယ်ချင်းတွေ ပြန်တွေ့ကြတဲ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲအခိုက်အတန့်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတယ်။ ဇာတ်လမ်းထဲမှာ ဂျိတ် က သူ့ရဲ့ရည်းစားနဲ့အတူ မွေးရပ်မြေက ကျောင်းသားဟောင်းတွေ့ဆုံပွဲကို ပြန်လာခဲ့တယ်။ ကျန်တဲ့ သူငယ်ချင်းတွေဖြစ်တဲ့ ကာလီ နဲ့ ဆမ် တို့လင်မယား၊ တက်သစ်စအဆိုတော် ရီးဗ်မာတီ နဲ့ အေဂျေ တို့နဲ့အတူ တခြား သရုပ်ဆောင်များစွာ ပါဝင်ပါတယ်။ ကျောင်းသားဟောင်း ပါတီပွဲကို သွားကြရင်း ငယ်ဘဝနေ့ရက် ယတွေအတိုင်း ပျော်ကြတာ ကဲကြတာတွေနဲ့ ကျောင်းတုန်းက တွဲခဲ့တဲ့ ex နဲ့ ပြန်တွေ့တဲ့သူက တွေ့၊ ကို မမေ့နိုင်တဲ့သူက မမေ့နိုင်၊ သရုပ်ဆောင် တစ်ယောက်ချင်းစီရဲ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲ အချိန်တွေမှာ မတူညီတဲ့ ဘဝအတွေ့အကြုံတွေ၊ အချိန်နဲ့အမျှ ပြောင်းလဲသွားတဲ့ အခြေအနေတွေ၊ ခံစားချက်တွေ အပြင် ဘယ်လောက် အချိန်တွေကြာကြာ မပြောင်းလဲတဲ့ အရာတွေကိုပါ သရုပ်ဆောင် တစ်ယောက်ချင်းစီရဲ့ ရှုထောင့်ကနေ ကြည့်ရှုရမှာပါ။

t.me/msubmovie0/2739
ခရီးသွား (၂၀၁၀)

IMDb - 6/10
Genre - Action, Thriller


အလက်ဇန္ဒား ပီးရက် လို့ခေါ်တဲ့ ရုရှား မာဖီယားဂိုဏ်းတစ်ခုက ငွေထိန်း လူယုံ တစ်ယောက်။ သူ့သူဌေး ဂိုဏ်းခေါင်းဆောင်ဆီက ဒေါ်လာ သန်း ၂၀၀ ကျော် ဘုံးသွားတယ်။ ဒါ့အပြင် အင်္ဂလန် နာမည်ကျော် စကော့တလန်ယာဒ့် စုံထောက်အဖွဲ့ကြီးဆီကနေလဲ ပေါင် ၇၃၃ သန်း ဘုံးသွားပါသေးတယ်။ သူ့ကို ၂ နှစ်လုံးလုံး လိုက်ရှာကြတယ်။ အစအနတောင် မတွေ့ရခဲ့ပါဘူး။ စကော့တလန်ယာဒ့် အဖွဲ့က အလက်ဇန္ဒား ပီးရက် ကို မိဖို့အတွက် ပေါင် ၈ သန်းကျော် အသုံးပြုခဲ့တယ်။ တစ်နေ့တော့ အထူးစုံထောက် အာချက်ဆင် ခေါင်းဆောင်တဲ့ စုံထောက်အဖွဲ့တွေက အလက်ဇန္ဒား ပီးရက် ရဲ့ ဇနီးသည်နောက်ကို ထပ်ခြပ်မကွာ လိုက်လံစုံစမ်းနေတဲ့ကြားက သူတို့နှစ်ဦး ဆက်သွယ်မိသွားကြတယ်။ အလက်ဇန္ဒား ဟာ သူ့ဇနီးသည်ကို အချစ်မြို့တော်လို့ခေါ်တဲ့ အီတလီနိုင်ငံ ဗင်းနစ် မြို့မှာ တွေ့ဆုံဖို့ ခေါ်ယူလိုက်တယ်။ ဇနီးသည် အဲလစ် ဟာ ပဲရစ် ကနေ ဗင်းနစ် သို့ လာရင်း ရထားပေါ်မှာ ကမ္ဘာလှည့်ခရီးသည်တစ်ယောက်နဲ့ ဆုံမိပါတော့တယ်။ ပြသနာအရပ်ရပ်က အဲဒီအချိန်ကစတော့တာပါပဲ။

t.me/msubmovie0/2741
Forwarded from Shwe BaLu
This media is not supported in your browser
VIEW IN TELEGRAM
❤️❤️❤️❤️ ❤️❤️❤️❤️

📢ကိုကို့့စိတ်ကြိုက် အပေးကြမ်းကြမ်း ရှယ်အမ်းတဲ့ရွှေဘီလူး💙💵

ရွှေဘီးလူးတဲ့ဟေ့ လာကစားသမျှ အနိုင်ရစေအောင်ဆောင်မတော့မယ် ❤️
အလျော်အစားမှာ သစ္စာရှိမဲ့ Shwe Balu 💯

နိုင်သလောက် အကုန်လျော်မယ်ဟေ့ 💵
ချစ်သားတိုစိတ်ကြိုက်နိုင် Shwe Balu အကုန်လျော်မယ် 💰💰

ဘောလုံး ⚽️ ဖဲ 🫳 စလော့ 👋 ငါးပစ် 🐬 ဂျင်🕹အကုန် ယုံကြည်စွာသာဆော့

➡️ မန်ဘာသစ်ဖွင့် ❤️❤️🔣 အပိုယူ

➡️ နေ့စဥ်ပထမသွင်းငွေ❤️❤️🔣အပိုယူ

➡️ အရှံးပြန်ပေး အပတ်စဥ် ❤️🔣အပိုယူ

🔔အကောင့်ဖွင့်ဖို ဆက်သွယ်ရန်🔔

📱 Telegram : @Shwebalu

📱 Telegram Link : https://t.me/Shwebalu

📱 Telegram : 09-69 88 555 88

📱 Viber Link : https://msng.link/o?+959698855588=vi

📱 Viber No: 09-69 88 555 88

🌐 Website link - https://shwebalu.com/

✔️Channel Link
https://t.me/Shwe_Balu
Please open Telegram to view this post
VIEW IN TELEGRAM
ဘိုဟီးမီးယမ်း ရာ့ပ်ဆိုဒီ (၂၀၁၈)

IMDb - 7.9/10
Genre - Musical, Drama


၂၀၁၈ ခုနှစ်အတွင်း အကြိုက်မိဆုံး ရုပ်ရှင်တစ်ကားပါ။ လက်ရှိမှာတော့ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ရုပ်ရှင်ဆုနဲ့ အမျိုးသားသရုပ်ဆောင်ဆု ဆွတ်ခူးပြီးသွားပါပြီ။ ဘာကြောင့်ဆုတွေရလဲဆိုတာတော့ ကြည့်လိုက်ရုံနဲ့ သိပါလိမ့်မယ်။ ဇာတ်ညွှန်း၊ သရုပ်ဆောင်၊ အသံ၊ ရိုက်ကွင်းတွေ အားလုံး ကောင်းနေပါတယ်။ ကွင်း တီးဝိုင်းအဖွဲ့ရဲ့ ပင်တိုင်အဆိုတော် ဖရက်ဒီ မာကျူရီ ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ကွင်းအဖွဲ့ရဲ့ ကမ္ဘာကျော်သီချင်းတွေ ဖြစ်လာပုံနဲ့ သီချင်းတွေကို အကောင်းဆုံး ပြထားတဲ့ ရုပ်ရှင်ပါ။ ကွင်းအဖွဲ့ရဲ့ ဂန္ဓဝင် ရှိုးပွဲကြီးရဲ့ ဖျော်ဖြေမှုကို ပြန်တင်ဆက်ထားတာနဲ့တင် အတော်တန်ပြီပြောရမှာပါ။ ဖရက်ဒီ မာကျူရီ ရဲ့ ဂီတအမျိုးအစားပေါင်းစုံ ရောစပ်ထားတဲ့ ဘိုဟီးမီးယမ်း ရာ့ပ်ဆိုဒီ သီချင်းဟာ မာစတာပိစ်အဖြစ် သတ်မှတ်ခံခဲ့ရပြီး ကမ္ဘာ့အကောင်းဆုံး သီချင်းတွေထဲက တစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။ သမိုင်းတစ်လျှောက် ဖျော်ဖြေခဲ့တဲ့ အနုပညာရှင်တွေထဲမှာလည်း ဖရက်ဒီ ဟာ ပရိသတ်ကို တစ်သားထဲဖြစ်အောင် ဆွဲဆောင်နိုင်ဆုံး အဆိုတော်အဖြစ် သတ်မှတ်ခံထားရပါတယ်။

t.me/msubmovie0/2744
ခရစ်ပတို ပညာရှင် (၂၀၂၅)

IMDb - 9.1/10
Genre - Thriller


ဉာဏ်ကြီးရှင် အဖြစ် အများက သတ်မှတ်ထားတဲ့ ဒိုဟျွန်း ဟာ ချီးကျူးခံရတဲ့ စံနှုန်းတွေနဲ့ ကိုက်ညီဖို့ရာအတွက် ဘယ်နည်းနဲ့မဆို အောင်မြင်အောင် ကြိုးစားနေထိုင်ပါတယ်။ အောင်မြင်မှု သရဖူဆောင်းရမယ်ဆိုတဲ့ ရည်မှန်းချက်ကြီးမားတဲ့ ဒိုဟျွန်း တစ်ယောက် တစ်နေ့မှာတော့ စွန့်ဦးတီထွင် လူငယ်တွေအတွက် နိုင်ငံတော်ကနေ ထောက်ပံ့ကြေး ရရှိခဲ့ပြီး အဲဒီထောက်ပံ့ကြေးဟာ လုပ်ငန်းတည်ထောင်လိုသူတွေနဲ့ လုပ်ငန်းဒေဝါလီခံသွားရတဲ့ သူတွေအတွက် ရည်ရွယ်တဲ့ ထောက်ပံ့ကြေးဆိုတာကို သိသွားတဲ့နောက်မှာတော့ ဒိုဟျွန်း က သူ့လုပ်ငန်းကို တမင်တကာ ထပ်ခါတလဲလဲ အရှုံးပေါ်အောင် လုပ်ပါတော့တယ်။ အဲဒီနောက်မှာတော့ ရင်းနှီးမြှုပ်နှံသူ ကယ်ဗင် ရဲ့ အကူအညီနဲ့ မာမီကွိုင် ဆိုတဲ့ ဒီဂျစ်တယ် ငွေကြေးစနစ်ကိုပါ တီထွင်သွားနိုင်ပါတော့တယ်။ အချီကြီး အောင်မြင်သွားပေမဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းရဲ့ စောင့်ကြည့်ခြင်းကို ခံနေရတဲ့ ဒိုဟျွန်း တစ်ယောက် အဆုံးထိ အောင်မြင်နိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက် ရှုစားပေးကြပါဦး။

t.me/gwmmupl/4171