Basic Education Students & Youths Association - BESYA Central
1.86K subscribers
506 photos
17 videos
93 links
အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-ဗဟို)၏ Official Telegram Channel ဖြစ်ပါသည်။
Download Telegram
"(၁၀၃)နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြေပြင်သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့"

၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်၊ အကလ(မြေပြင်)

ယနေ့ ၁၃၈၅ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက် (၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ၇ရက်) တွင် ကျရောက်သည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် လူထုဒေါ်အမာ၏ အဆိုအမိန့်ဖြစ်သည့် "အာဏာရှင်ဆိုတာ ဘယ်တော့မှ အရှင်မထွက်ဘူး" ဟူသော စာသားပါ ဘန်နာကို အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-မြေပြင်) ရဲဘော်များက အာဏာလုစစ်ကောင်စီတပ်မှ လုံခြုံရေးတင်းကြပ်ထားသည့် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်တစ်နေရာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုံ့ဆော်မှုအနေဖြင့် ချိတ်ဆွဲခဲ့သည်။ ထိုမြေပြင်လှုပ်ရှားမှုကို Youth Scout for Democracy (YSD) မှလည်း ကင်းထောက်ပံ့ပိုးမှုဖြင့် ပါဝင်ကူညီအားဖြည့်ပေးခဲ့သည်။

#၁၀၃နှစ် #အမျိုးသားအောင်ပွဲနေ့ #လူထုဒေါ်အမာ #အာဏာရှင်ဆိုတာဘယ်တော့မှအရှင်မထွက်ဘူး #အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး #အကလ_မြေပြင် #BESYA #YouthScoutForDemocracy #YSD
ရန်ကုန်မြို့လယ်တစ်နေရာတွင် "မတရားစစ်မှုထမ်းဥပဒေ တော်လှန်ရေးနဲ့ဆန့်ကျင်ကြ" ဆိုသောစာသားပါဘန်နာအားချိတ်ဆွဲ

ရန်ကုန်၊ မတ်၂၅၊ အကလ(မြေပြင်)

အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-မြေပြင်) မှ အစစ်အဆေးထူထပ်နေသော ရန်ကုန်မြို့လယ်တစ်နေရာတွင်

"မတရားစစ်မှုထမ်းဥပဒေ တော်လှန်ရေးနဲ့ဆန့်ကျင်ကြ"

ဆိုသောစာသားပါ ဘန်နာအား စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနှင့် မတရားဥပဒေများအား သတိပြုတွန်းလှန်ရေးရည်ရွယ်ချက်များဖြင့် ချိတ်ဆွဲခဲ့ကြသည်။ အဆိုပါ ဘန်နာချိတ်လှုပ်ရှားမှုအား Youth Scout for Democracy (YSD) မှလည်း ကင်းထောက်ပံ့ပိုးမှုဖြင့် ကူညီအားဖြည့်ပေးခဲ့သည်။

#အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး_အကလ_မြေပြင်
#မတရားစစ်မှုထမ်းဥပဒေတော်လှန်ရေးနဲ့ဆန့်ကျင်ကြ
#YouthScoutForDemocracy