Basic Education Students & Youths Association - BESYA Central
1.88K subscribers
502 photos
17 videos
93 links
အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-ဗဟို)၏ Official Telegram Channel ဖြစ်ပါသည်။
Download Telegram
Basic Education Students & Youths Association - BESYA Central
Video
ရန်ကုန်မြို့တွင် "အာဏာရှင်အလိုကျ ကြိုးဆွဲရာကမင်းတို့ဘဝ" ဟူသောစာသားဖြင့် သရုပ်ပြသပိတ်လှုပ်ရှားမှုပြုလုပ်

၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်၊ အကလ(မြေပြင်)

ရန်ကုန်တွင် "အာဏာရှင်အလိုကျ ကြိုးဆွဲရာက မင်းတို့ဘဝ" ဟူသောစာသားပါ ဘန်နာအား ဖြန့်ခင်းလျက် သရုပ်ပြသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့သည်။

ယင်းသရုပ်ပြ၊ သပိတ်လှုပ်ရှားမှုတွင် လူထုကြား၌ ဘီလူးခေါင်းဆောင်းထားသော သွေးစွန်းနေသည့်ဝတ်စုံဝတ်ထားသည့် Non-CDM ကျောင်းဆရာမှ ဆုတံဆိပ်ကိုင်ထားသော Non-CDM ကျောင်းသားအား ရုပ်သေးရုပ်ကဲ့သို့ ကြိုးများဖြင့် ထိန်းချုပ်နေသကဲ့သို့ ပုံရိပ်ဖြင့် ကြွေးကြော်သံအော်ပြီး သရုပ်ပြလှုပ်ရှားခဲ့ကြခြင်းဖြစ်သည်။ ယင်းလှုပ်ရှားမှုသည် အာဏာရှင်လက်အောက်မှ ထိန်းချုပ်ခံနေသည့် အဖြစ်ကို စစ်ကောင်စီဘက်တော်သားများနှင့် Non-CDM ကျောင်းသားများအား ကျွန်အဖြစ်မှ ရုန်းထွက်ကြရန်ဆိုလိုပြီး ရက်စက်သောအာဏာရှင်၏ သရုပ်မှန်ကိုဖော်ပြထားခြင်းဖြစ်သည်။

ယင်းလှုပ်ရှားမှုကို အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-မြေပြင်)မှ ဦးဆောင်ထားပြီး ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)၊ Owl Community တို့၏ ညီညွတ်သောမဟာမိတ်လှုပ်ရှားမှုဖြင့် ပြုလုပ်ခဲ့ကြပြီး Youth Scout for Democracy မှ ကင်းထောက်ပံ့ပို့ပေးခဲ့ခြင်းဖြစ်သည်။

ထိုသပိတ်လှုပ်ရှားမှုပြုလုပ်ရာတွင် အကြမ်းဖက်စစ်တပ်၏ အရပ်သားဟန်‌ဆောင်ထားသော စစ်ကျွန်များမှ လိုက်လံဖမ်းဆီးခြင်းရှိပြီး မြေပြင်သပိတ်ရဲဘော်များအနေဖြင့် ဘေးကင်းလွတ်မြောက်ခဲ့ပါသည်။

#အာဏာရှင်အလိုကျ_ကြိုးဆွဲရာက_မင်းတို့ဘဝ #BESYA #အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး #အကလ_မြေပြင် #OCTOPUS #ရေဘဝဲ #OwlCommunity
"Owl Community ဖွဲ့စည်းတည်ထောင်ခြင်း (၂)နှစ်ပြည့် အထိမ်းအမှတ် သဝဏ်လွှာ"

အကလ (ဗဟို) ၊ ရုံးဌာန၊ ရန်ကုန်မြို့
သဝဏ်လွှာအမှတ် - ၀၂/သဝဏ်လွှာ-အကလ/၂၀၂၄
၁၃၈၅ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ရက်
(၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက်)

#OwlCommunity #၂နှစ်ပြည့် #သဝဏ်လွှာ #BESYA
Basic Education Students & Youths Association - BESYA Central
Photo
(English Version Below)

အကလ (ဗဟို) ၊ ရုံးဌာန၊ ရန်ကုန်မြို့
၁၃၈၅ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ရက်
(၂၀၂၄ခုနှစ်၊ ဖေ‌ဖော်ဝါရီလ ၁ရက်)

သို့ - ဗမာပြည်သူလူထုကြီးခင်ဗျာ ....
၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့သည် အကြမ်းဖက်စစ်အာဏာရှင်တစု၏ မတရားလုယူအာဏာသိမ်းခြင်း သုံးနှစ်တင်းတင်းပြည့်မြောက်သည့်နေ့ပင်ဖြစ်ပါသည်။ အာဏာသိမ်း သုံးနှစ်အတွင်းတွင် လူသားခြင်းစာနာထောက်ထားမှုကိုဆန့်ကျင်သော ပြစ်မှုများ ( လက်နက်မဲ့ပြည်သူများအားသတ်ဖြတ်ခြင်း ၊ အပြစ်မဲ့ကလေးငယ်များအား နှိပ်စက်သတ်ဖြတ်ခြင်း ၊ လက်နက်မဲ့သပိတ်များအား လူမဆန်စွာဖြိုခွင်းခြင်း ) အစရှိသည့် လုပ်ရပ်များလုပ်ခဲ့သည်ကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ကြရပြီဖြစ်ပါသည်။ ထိုကဲ့သို့ ပြစ်မှုများကိုကျူးလွန်ထားသည့် အကြမ်းဖက်စစ်ကောင်စီကို မိမိတို့ မြန်မာပြည်သူလူထု သည်လုံး၀လက်သင့်ခံမည်မဟုတ်သလို အမြစ်ပြတ်သည်အထိ ချေမှုန်းပစ်ကြရမည်ဖြစ်ပေသည်။
နွေဦးတော်လှန်ရေးကြီးသည်လည်း စစ်ကောင်စီပြုတ်ကျရေးတင်မကပဲ မိမိတို့မြန်မာပြည်၌ အရိုးစွဲအမြစ်တွယ်နေသည့် မကောင်းသောစနစ်၊ဝါဒအယူ များအားလုံး ဖြုတ်ချစေရန်နှင့် မြန်မာ့နိုင်ငံရေး၀န်းကျင် တခုလုံးအား အပြုသဘောဆောင်သည့်အရွေ့များဖြင့် ပြုပြင်ပြောင်းလဲနိုင်ရမည်ဖြစ်ပါသည်။ ပြည်ထောင်စုစံတန်ဖိုးများနှင့် ကိုက်ညီ၍ လူသားအချင်းချင်းကူညီဖေးမသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးမှာ မိမိတို့၏ လက်တစ်ကမ်းတွင်ရှိနေသည်သာဖြစ်သည်။ တော်လှန်ရေးကြီးပြီးရန်မှာ မကြာတော့သည်မှန်သော်လည်း ပြည်သူလူထုတရပ်လုံး ဝိုင်း၀န်းပါ၀င်ရုန်းကြရန်မှာလည်းအထူးလိုအပ်ပေသည်။ တော်လှန်ရေး‌သုံးနှစ်ပြည့်အထိ မရပ်မနားတော်လှန်ခဲ့ကြသော ကျောင်းသားလူငယ်ပြည်သူလူထုတရပ်လုံးအားလည်း ယနေ့ ထုတ်ပြန်ချက်မှသည် ဂုဏ်ယူအလေးပြုအပ်ပါသည်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏ ရောင်နီမှာ သာတော့မည်ဖြစ်ပေသည်။

"ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပန်းတိုင်ဆီ လူထုအားဖြင့် လျှောက်လှမ်းကြ"

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-ဗဟို)

___

BESYA (Central) , Office, Yangon
February 1, 2024

"To all Burmese citizens,
February 1, 2024 will be marked as the third anniversary of the unjust coup d'état by a group of terrorist military dictators. Over the past three years, we have witnessed crimes against humanity, including the killing of unarmed people, the torture and killing of innocent children, and the inhumane suppression of unarmed strikes.We , the citizens of Burma will not accept the terrorist military council, responsible for such crimes and must continue to reject it until it is eradicated.
The Spring Revolution is not only about overthrowing the military council but also about dismantling all unacceptable systems and ideas rooted in Myanmar, reforming the entire political environment with positive changes. A federal democratic union, consistent with the values of federal democracy and mutual support, is within our grasp. While it's true that the revolution will soon come to an end, it remains important for the entire Burma to unite in this last battle.
Through this statement, I would like to salute all the students and young people who have tirelessly fought until the third anniversary of the revolution.

" The rise of the federal democratic union is soon be seen. "

Central Executive Committee
Basic Education Students & Youths Association (BESYA-Central)

#BESYA
"ပင်လုံစာချုပ် ချုပ်ဆိုခြင်း ၇၇နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့
ပေးပို့သည့် သဝဏ်လွှာ"

အကလ (ဗဟို) ၊ ရုံးဌာန၊ ရန်ကုန်မြို့
သဝဏ်လွှာအမှတ် - ၀၃/သဝဏ်လွှာ-အကလ/၂၀၂၄
၁၃၈၅ခုနှစ်၊ တပို့တွဲလဆန်း ၃ရက်
(၂၀၂၄ခုနှစ်၊ ဖေ‌‌ဖော်ဝါ‌ရီလ ၁၂ရက်)

#BESYA #ပင်လုံစာချုပ်ချုပ်ဆိုခြင်းနှစ်ပတ်လည် #သဝဏ်လွှာ
Basic Education Students & Youths Association - BESYA Central
Photo
မိဘပြည်သူတို့ခင်ဗျား...

ရန်သူ စစ်ကောင်စီဘက်မှ ထုတ်ပြန်ခြိမ်း‌ခြောက်ကာ အတည်ပြုလိုက်သော စစ်မှုမထမ်းမနေရဥပဒေကိုအထူးကြောက်စရာမလိုပါပဲ လုပ်သင့်လုပ်ထိုက်တာကိုပဲ အဆုံးထိလုပ်ကြရမှာဖြစ်ပါတယ်။

" ပြည်သူ့တော်လှန်ရေးတပ်များမှ သင့်ကိုအလိုရှိနေပါသည် "

လက်နက်စွဲကိုင်တော်လှန်ရေးမှတပါး ရွေးရန်လမ်း ထပ်မရှိတော့သဖြင့် ပြည်သူ့တော်လှန်ရေးတပ်များကို ၀င်နိုင်သူများအား ၀င်ရောက်နိုင်ကြပါရန် တိုက်တွန်းအပ်ပါတယ်။ မ၀င်‌ရောက်နိုင်ပါကလည်း 'များများလှူ' ကူကာရုန်း ပေးကြရန် လိုအပ်ပါတယ်။ တစ်ဖက်ဖက်အား အတည်တကျ ရွေးချယ်ဖို့လိုအပ်နေပါပြီ။ လာမည့်ဘေးအား ပြေးတွေ့သင့်ပါပြီ။

Recruitment ခေါ်နေသော တပ်များ👇🏻

မန္တလေး people defense force
https://www.facebook.com/share/p/kMpCH37n7YazZ92o/?mibextid=2JQ9oc

Burma People's Liberation Army https://www.facebook.com/share/p/mUeJoD9tBcesm1Ev/?mibextid=2JQ9oc

ကရင်နီ defense force ( KNDF ) https://www.facebook.com/share/p/VcNRBgfKGH63t7qQ/?mibextid=2JQ9oc

People Independence Army
https://www.facebook.com/share/p/4gqQVLKgEzgUdcYb/?mibextid=2JQ9oc

ကျောင်းသားလက်ရုံးတပ်တော် SAF
https://www.facebook.com/share/p/V7kMZzmL6xLHaZzp/?mibextid=2JQ9oc

Galon Column ဂဠုန်စစ်ကြောင်း
https://www.facebook.com/share/p/K31Z75RuYu3FsJhV/?mibextid=2JQ9oc

Red wolves of Mogok
https://www.facebook.com/100079682119366/posts/378832211449513/?app=fbl

ရန်ကုန်တိုင်းစစ်ဌာန (ပြည်သူ့ကာကွယ်ရေး တပ်မတော်)
https://www.facebook.com/share/Vq4NSkh8iH8xWbLf/?mibextid=2JQ9oc

မုံရွာ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့
https://www.facebook.com/share/p/nXUCwdydhP7d5m2U/?mibextid=2JQ9oc

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု
(PRA-Magway)
https://www.facebook.com/100075665358623/posts/410611941470981/

ရှမ်းတောင် ၁၀၀၅ တပ်ရင်း
https://www.facebook.com/PDF1005?mibextid=2JQ9oc

ရှမ်းတောင် ၁၀၀၈ တပ်ရင်း
https://www.facebook.com/profile.php?id=100083288321728&mibextid=2JQ9oc

KNDF BO7
https://m.facebook.com/story.php?story_fbid=3620663934838257&id=100006840580143&mibextid=2JQ9oc

ရွှေဘိုခရိုင်တပ်ရင်း-၁၄ YeU PDF
https://www.facebook.com/mod.pdfbattalion14yeu?mibextid=2JQ9oc

မြိတ်ခရိုင်တပ်ရင်း(၂)
https://www.facebook.com/100094722176106/posts/243993032101434/?app=fbl

Cobra Column 2 Venom
https://m.facebook.com/story.php?story_fbid=352055581126026&id=100089647594834&mibextid=2JQ9oc

ကျားဖြူစစ်ကြောင်း Justice Soldier PDF
https://www.facebook.com/profile.php?id=61555310281701&mibextid=2JQ9oc

DOVE KK Medical Team
https://www.facebook.com/DoveKK.MedicalCrew?mibextid=2JQ9oc

MDF : Myanmar Defence Force (ရွှေဘိုခရိုင်တပ်ရင်း ၂၆)
https://www.facebook.com/profile.php?id=100081313510471&mibextid=2JQ9oc

MDF : Myanmar Defence Force (သာယာဝတီခရိုင် တပ်ရင်း (၃)၊ ပဲခူး)
https://www.facebook.com/mdfshwebo?mibextid=2JQ9oc

နွေဦးကျန်းမာဆေးရုံ (ကရင်နီဒေသ)
https://m.facebook.com/story.php?story_fbid=842419774357479&id=100057683910854&mibextid=I6gGtw

မိုးကုတ်ဗျူဟာ
https://www.facebook.com/share/p/TedGhxyhLns4NSof/?mibextid=2JQ9oc

မှတ်ချက် - အခြားသော တပ်သားသစ်ခေါ်ယူနေသည့် တော်လှန်ရေးတပ်ဖွဲ့များ ရှိပါကလည်း comment boxတွင် ဖြည့်စွက် အကြံပြုနိုင်ပါသည်။

#BESYA

Original post - https://www.facebook.com/share/p/kpfUTfsQHKWTnGaA/?mibextid=2JQ9oc
Media is too big
VIEW IN TELEGRAM
အထက(၁) သင်္ဃန်းကျွန်းမြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံးမှ တင်ဆက်တဲ့ "လူငယ့်အသံ" အပိုင်း-၃

ဒီတစ်ပတ်မှာတော့ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)ရဲ့မြေပြင်ရဲဘော်တစ်ဦးဖြစ်တဲ့ ကိုမိုးကောင်းမှ 💬 မြေပြင်သပိတ်တွေဟာ အခုအချိန်ထိ ဘာကြောင့်အရေးကြီးနေသေးတာလဲ
💬 မြေပြင်သပိတ်ပွဲ တစ်ပွဲအတွက်ဘဏ္ဍာ‌ရေးပိုင်းဆိုင်ရာ အကြောင်းအရာတချို့နဲ့အတူ ကိုမိုးကောင်းရဲ့မြေပြင်သပိတ်အတွေ့အကြုံတွေကို ပြန်လည်မျှဝေထားပါတယ် ။

#အထက၁သင်္ဃန်းကျွန်းအခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး
#လူငယ့်အသံ
#BESYA

https://www.facebook.com/share/p/sqkawvrQqAgCs4G9/?mibextid=2JQ9oc
"ငါတို့စစ်တပ်ဟာ နိုင်ငံသူနိုင်ငံတွေကို ညှင်းဖို့မဟုတ်။ လက်နက်အားကိုး တန်ခိုးပြဖို့မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံမဖြစ်ရဘူး။"

-‌ဗိုလ်ချုပ်အောင်ဆန်း
၁၉၄၄၊ မတ်လ ၁၃

(ဗိုလ်ချုပ်အောင်ဆန်းသည် လွန်ခဲ့သော ၁၀၉နှစ်ဖြစ်သည့် ၁၉၁၅ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ မွေးဖွားခဲ့ပြီး မြန်မာပြည်ကို နယ်ချဲ့လက်အောက်မှ လွတ်လပ်ရေးရရန် ကြိုးပမ်းနေစဉ်ကာလအတွင်း ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့တွင် မသမာသူ လူတစု၏ လုပ်ကြံသတ်မှု‌ကြောင့် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။)

#BESYA #GeneralAungSan #109th_birthday
"ရန်ကုန်မြို့တွင် ၂၂၂၂၂ လူထုလှုပ်ရှားမှု (၃)နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် မြေပြင်သပိတ်လှုပ်ရှားမှုပြုလုပ်"

၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ရက်၊ အကလ(မြေပြင်)

စစ်အာဏာရှင်တို့၏ နိုင်ငံတော်အပေါ် ရက်စက်ဖိနှိပ်မှုကို ထင်ဟပ်စေရန် "၂၂၂၂၂" လူထုလှုပ်ရှားမှု (၃)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် "နိုင်ငံတော်‌တွင် သွေးစွန်းနေသည်" ဟူသော စာသားပါ ဘန်နာကို စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုံ့ဆော်မှုအဖြစ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-မြေပြင်) မှ ရန်ကုန်မြို့ပြတနေရာတွင် ချိတ်ဆွဲခဲ့သည်။

#BESYA #နိုင်ငံတော်တွင်သွေးစွန်းနေသည် #မြေပြင်သပိတ်လှုပ်ရှားမှု
"ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ဖွဲ့စည်းတည်ထောင်ခြင်း (၃)နှစ်ပြည့်အထိမ်းအမှတ် သဝဏ်လွှာ"

အကလ (ဗဟို) ၊ ရုံးဌာန၊ ရန်ကုန်မြို့
သဝဏ်လွှာအမှတ် - ၀၄/သဝဏ်လွှာ-အကလ/၂၀၂၄
၁၃၈၅ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ရက်
(၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ရက်)

#ရေဘဝဲ #၃နှစ်ပြည့် #သဝဏ်လွှာ #BESYA
"အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး အခြေခံပညာကဏ္ဍ ကျောင်းသားအင်အားစုများ၏ သဘောထားအမြင်နှင့် အကြံပြုတိုက်တွန်းချက်"

ရက်စွဲ - ဖေဖော်ဝါရီလ ၂၉ရက်၊ ၂၀၂၄ခုနှစ်

#BESYA
"ကျောင်းသားနဲ့ပညာ၊ ပညာနဲ့ကျောင်းသား" ခွဲခြားလို့ရနိုင်ဘဲ တွဲထားရတဲ့ဒီနှစ်ခုဟာ နိုင်ငံ‌ရေးအမှောင့်ပယောဂတွေကြောင့် ကွဲရလုနီးနီးဖြစ်နေခဲ့တဲ့အချိန် အမှန်တရားကိုဆုပ်ကိုင်လို့ CDMဆိုတဲ့ဂုဏ်ပုဒ်တစ်ခုထမ်းပြီး ရဲရဲကြီးလမ်းကူးခဲ့ကြတဲ့ ကျောင်းသားလူငယ်တစ်စုဟာ ဆက်သွားလို့လည်းမရ၊ ရပ်ထားလို့လည်းမဖြစ်ဘဲ ပညာရေးလမ်းကြောင်းမှာ မီးပွိုင့်မိနေကြပါတယ်။ ဒီနေရာမှာ 'ဒါဟာမီးပွိုင့်ပဲလား၊ လမ်းအဆုံးလား'ဆိုတဲ့ မေးခွန်းအပြင် Federal အမည်ခံပညာရေးစနစ်တစ်ခုဟာ တကယ်ရော federal စစ်ရဲ့လားဆိုတာကိုလည်း မေးခွန်းထုတ်စရာရှိလာပြန်ပါတယ်။

ယုံကြည်ချက်တစ်ခုအတွက် အချိန်တွေရင်းပြီး ကြိုးစားခဲ့ရတာတွေနဲ့ မြေပြင်မှာ အသက်တွေရင်းပြီး ပြေးလွှားခဲ့ရတာတွေအတွက် တရားမျှတတဲ့ရလဒ်လိုအပ်ပါတယ်။ အကယ်၍ CDM ကျောင်းသားလူငယ်တွေရဲ့ ပညာရေးဟာ အခုလိုပဲ မီးပွိုင့်မှာဆက်လက်ရှိနေဦးမယ်ဆိုရင် ကျည်မကုန်ဘဲ လည်စင်းပေးရတဲ့ အနာဂတ်တွေဖြစ်သွားတော့မှာလား။ ကျောင်းသားထုအတွက် တိကျတဲ့ ပညာရေးအာမခံချက် အဖြေတစ်ခုရဖို့

"မီးပွိုင့်မိနေသော ပညာရေးလမ်းကြောင်းများ"

ဆိုတဲ့ စကားဝိုင်း တစ်ခုကို ကျွန်တော်တို့ အ‌ခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို) ကနေပြီး ယူဆောင်လာခဲ့ပါပြီ။

၂၀၂၄ခုနှစ်၊ မေလ ၂၄ရက်နေ့, မြန်မာစံတော်ချိန် ည ၇နာရီ zoom platform မှာ ပြုလုပ်မယ့် ဒီစကားဝိုင်းမှာတော့ Guest speaker အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး မရန်ဂျာထွယ်ပန် မှ ပူးပေါင်းကူညီဆွေးနွေးပေးမှာဖြစ်တာကြောင့် စိတ်၀င်စားသူ CDM ကျောင်းသား/သူတွေတက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ တက်ရောက်လိုသူ ကျောင်းသားလူငယ် မိဘပြည်သူများအနေနဲ့ အောက်ပါ ဖောင်ကို ဖြည့်ပြီး Telegram Channel မှ တစ်ဆင့် Zoom link ကို ရယူနိုင်ပါတယ်။

Registration form - https://surveyheart.com/form/6648158da282384f840f44da

မှတ်ချက် - channel link ထဲဝင်မရချင်း၊ အခက်အခဲတစ်စုံတစ်ရာရှိခဲ့ပါက @MgKhant014 (Telegram acc) သို့ လာရောက်မေးမြန်းစုံစမ်း၍ အကူအညီတောင်းခံနိုင်ပါသည်။

#မီးပွိုင့်မိနေသောပညာရေးလမ်းကြောင်းများ
#BESYA
ယနေ့ ၂၀၂၄ခုနှစ်၊ ဇွန်လ ၁၄ရက်နေ့တွင် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို) ဖွဲ့စည်းတည်ထောင်ခြင်း (၃)နှစ် ပြည့်မြောက်ခဲ့ပါပြီ။

"လူငယ့်အားဖြင့် နိုင်ငံသစ်တည်၊ အကလမှသည် ကျောင်းသားလူငယ်ထုဆီ"

#၃နှစ်ပြည့်
#BESYA
#အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး
#အကလ_ဗဟို
အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို) ဖွဲ့စည်းတည်ထောင်ခြင်း (၃)နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားသို့ မဟာမိတ် ညီနောင်အဖွဲ့အစည်းများထံမှ ပေးပို့လာသော သဝဏ်လွှာများ။

၂၀၂၄ခုနှစ်၊ ဇွန်လ ၁၅ရက်

#အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး
#BESYA
#အကလ_ဗဟို
#၃နှစ်ပြည့်
#သဝဏ်လွှာများ
အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို) ဖွဲ့စည်းတည်ထောင်ခြင်း (၃)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား ပြုလုပ်ခဲ့ပါသည်။

၂၀၂၄ခုနှစ်၊ ဇွန်လ ၁၄ရက်နေ့တွင် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို) (၃)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား ကျင်းပရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များနှင့်တကွ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မဟာမိတ်ညီနောင်အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ သက်ဆိုင်ရာကိုယ်စားလှယ်များ နှင့် (အကလ-ဗဟို) တတိယမျိုးဆက်ဥက္ကဌဟောင်းတို့မှ တက်ရောက်ချီးမြှင့်ပေးခဲ့ကြပါသည်။

အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌ ကိုစဝ်ခွန်နောင် မှ အဖွင့်အမှာစကားပြောကြား၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ကြသည်။

ဆက်လက်၍ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို) ၏ သမိုင်းကြောင်း နှင့် တွင်တွင်ကျယ်ကျယ် ပြုလုပ်လာနိုင်သော ကဏ္ဍများအား (အကလ-ဗဟို) ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် "လူထု နှင့် လက်ရှိတော်လှန်ရေးအခြေအနေ" ခေါင်းစဥ်ဖြင့် စကားဝိုင်းအား ပြုလုပ်ခဲ့ရာ တက်ရောက်လာသော ရဲဘော်များ၊ သက်ဆိုင်ရာကိုယ်စားလှယ်များ နှင့် ဧည့်သည်တော်များမှ တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် "သမိုင်းတစ်ကွေ့က လူငယ်တစ်စု" ခေါင်းစဥ်ဖြင့် (အကလ-ဗဟို) ဖွဲ့စည်းတည်ထောင်ခြင်း (၃)နှစ်ပြည့် အထိမ်းအမှတ်ကဗျာအား အ.ထ.က(၁) ဒိုက်ဦးမြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်း(အကလ) အဖွဲ့ဝင် မရူပါလင်းမှ ရွတ်ဆိုဖတ်ပြခဲ့သည်။

ထို့နောက် (အကလ-ဗဟို) တတိယမျိုးဆက် ဥက္ကဌဟောင်း ကိုသူရိယစန္ဒာ နှင့် မြန်မာ့လူငယ့်နိုင်ငံရေးအင်အားစု ဥက္ကဌဟောင်း ကိုမိုးစွေ တို့မှ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) နှင့် ပတ်သတ်၍ အမှတ်တရစကားများ ပြောကြားခဲ့သည်။

ပြီးနောက် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုဥက္ကဌ ကိုနန္ဓယော်ဓာမှ ကျေးဇူးတင်စကားပြောကြား၍ အခမ်းအနားအား အောင်မြင်စွာ ပိတ်သိမ်းနိုင်ခဲ့ပါသည်။

#အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး
#BESYA
#အကလ_ဗဟို
#၃နှစ်ပြည့်အခမ်းအနား
အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို) ဖွဲ့စည်းတည်ထောင်ခြင်း (၃)နှစ်ပြည့် အထိမ်းအမှတ်ကဗျာ။

ကဗျာခေါင်းစဥ် - သမိုင်းတစ်ကွေ့က လူငယ်တစ်စု
ကလောင်ရှင် - TreVon
ရွတ်ဖတ်သူ - မရူပါလင်း
Graphics & Video edit - Essential Education Center အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)

#သမိုင်းတစ်ကွေ့ကလူငယ်တစ်စု
#အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး
#BESYA
#အကလ_ဗဟို
#၃နှစ်ပြည့်အထိမ်းအမှတ်ကဗျာ
#၃နှစ်ပြည့်