Basic Education Students & Youths Association - BESYA Central
1.85K subscribers
505 photos
17 videos
93 links
အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-ဗဟို)၏ Official Telegram Channel ဖြစ်ပါသည်။
Download Telegram
မိဘပြည်သူများသို့ အသိပေးဖိတ်ကြားခြင်း 💌

အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဋ္ဌာန နှင့် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) တို့မှပူးပေါင်းတင်ဆက်သည့်
❝ ခေတ်လူငယ် တွေးခေါ်ပြောဆိုမှုပြိုင်ပွဲ ❞
(နောက်ဆုံးပွဲစဉ်) အားအောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသဖြင့် တက်ရောက်ပေးကြပါရန် ချစ်ခင်လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

ကျင်းပမည့်နေ့ - ၈.၆.၂၀၂၂ (ဗုဒ္ဓဟူးနေ့)
ကျင်းပမည့်အချိန် - မြန်မာစံတော်ချိန် ည (၇:၀၀)နာရီ

Zoom Meeting ID - 856 2237 9465
Passcode - 537726

မိဘပြည်သူများ၏ လုံခြုံရေးအရ
Video / Mic ဖွင့်ရန်မလိုအပ်ပါ

OCTOPUS Facebook Page:
https://www.facebook.com/octopusyangon/
OCTOPUS Telegram Channel:
https://t.me/OCTOPUSMYANMAR

#OCTOPUS #ရေဘဝဲ
Media is too big
VIEW IN TELEGRAM
❝ ခေတ်လူငယ် တွေးခေါ်ပြောဆိုမှုပြိုင်ပွဲ ❞

အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဋ္ဌာန နှင့် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲအစည်း) တိုမှပူးပေါင်းတင်ဆက်သည်။

#MOWYCA #OCTOPUS #ရေဘဝဲ
ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း 📜

အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဋ္ဌာန နှင့် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) တို့မှပူးပေါင်းတင်ဆက်သည့်
❝ ခေတ်လူငယ် တွေးခေါ်ပြောဆိုမှုပြိုင်ပွဲ ❞ တွင် ဆုရရှိခဲ့သော Team 595 နှင့် T 360အား ဤမှတ်တမ်းတင်လွှာများဖြင့် ဂုဏ်ပြုအပ်ပါသည်။

OCTOPUS Facebook Page:
https://www.facebook.com/octopusyangon/
OCTOPUS Telegram Channel:
https://t.me/OCTOPUSMYANMAR

#MOWYCA #OCTOPUS #ရေဘဝဲ
တတ်နိုင်သမျှ ကူကြ ပူကြ ပါမှ အဆင်ပြေမှာ။ ကိုယ့်မိသားစုတစ်ခုတည်းကွက်အေးနေတာနဲ့ ဒီနွေက မပူပါဘူး မလုပ်စေချင်ဘူး။ တခါတည်းပြောလိုက်ဦးမယ်။ ဒလန်ဆိုတာ သေချာလို့၊သူတို့လုပ်ရပ်ကြောင့် ထိခိုက်သွားတာသေချာလို့ သူတို့တရားသူတို့စီရင်တဲ့အခါကျရင် ပြည်သူကို ထိခိုက်ပါတယ်လို့အော်မယ်ကြံထားသူတွေ ခုဖြစ်ရပ်ကို သတိရကြ။

မူရင်းတင်သူထံမှတဆင့် ကူးယူဖော်ပြပါသည်။

#OCTOPUS #ရေဘဝဲ
" အကုန်မီးရှို့ကွာ ... ငါ -ိုးမဈေးသည်တွေ -ီးပဲ "

ည (၈) နာရီ၊လှည်းတန်း ပေ (၅၀)လမ်း
အကြမ်းဖက်စစ်ကားကြီးတစ်ကားပြီးတစ်ကား ထိုးဆိုက်လာပြီး စစ်ခွေးများအော်ဟစ်ဆဲဆိုကာ ဆင်းလာကြသည်။

ထိုသို့မဖြစ်မီနာရီပိုင်းအကြာ ...
မနက်အမှီရုံးဝန်ထမ်းခင်ပွန်းများအတွက် ချက်ပြုတ်ကြော်လှော်ပေးမည့် ဇနီးသည်များ၊သင်တန်းအပြီး အဆောင်မှာပြန်အနားယူမည့် အနယ်နယ်အရပ်ရပ်မှအဆောင်နေလူငယ်များ၊အချိန်မလင့်ခင် အလွမ်းသယ်နေကြဦးမည့် ချစ်သူစုံတွဲများ၊အသီးအရွက်တစ်ဗန်းကုန်လျှင် အောင်နိုင်သူအပြုံးဖြင့် မိသားစုဆီပြန်မည့်ဈေးသည်များနှင့် လှည်းတန်းဈေးသည် စည်းကားလျက်

" အကုန်မီးရှို့ကွာ ... ငါ -ိုးမဈေးသည်တွေ -ီးပဲ "

အကြမ်းဖက်စစ်ကားကြီးတစ်ကားပြီးတစ်ကား ထိုးဆိုက်လာပြီးစစ်ခွေးများအော်ဟစ်ဆဲဆိုကာ ဆင်းလာကြသည်။ဦးထွန်းလင်းခြံလမ်းဘက်မှ စစ်ခွေးများလမ်းလျှောက်ဝင်လာသည်။ထို့နောက်စိန်ဂေဟာဘက်သို့သွားသည့်လမ်းကြားလေးမှလည်းကောင်း၊လက်ဖက်ရည်ဆိုင်ဘေးလမ်းကြားမှလည်းကောင်း၊အင်အားအလုံးအရင်းဖြင့် လှည်းတန်းဈေးလူထုကိုဝိုင်းထားလိုက်ကြသည်။ခုနကပျော်ရွှင်ရယ်မောနေကြသော ပေ (၅၀) လမ်းသည် အော်ဟစ်ပြေးလွှားအကူအညီတောင်းသံများ၊ဆဲဆိုခြိမ်းခြောက်သံများဖြင့် ကမ္ဘာပျက်သည့်အလား။

ဈေးဗန်းများထားခဲ့ပြီး အသက်လုပြေးနေသည့်ဈေးသည်များအကြား ငပိရည်ကျိုဗန်းကိုမနိုင်တနိုင်သယ်ပြေးနေသည့် အဘွားအိုတစ်ဦး

" ဟာ ငါ-ိုးမအဘွားကြီး ရိက္ခာယူနေသေးတယ်ဟုတ်လား "

" ဗုန်း "

အရှိန်ဖြင့်ပြေးကန်လိုက်သည့် စစ်ဖိနပ်ဒဏ်ကြောင့် အဘွားအိုသည်မှောက်လျက်အနေအထားဖြင့် လမ်းပေါ်လှဲကျသွားသည်။

ကန်လိုက်သောစစ်ခွေးမှာ ပြန်ကျဲ့နေသော တို့စရာ အသီးအရွက်များကို ဆာလာအိတ်တစ်ခုထဲထည့်လျက် ကားပေါ်သို့တင်လိုက်သည်။စစ်ကားပေါ်တွင်ကား အာလူး၊ငရုပ်ပွ၊အသားငါးဗန်းများဖြင့်ပြည့်ကျပ်နေသည်။

" ဆရာ၊ကျွန်တော့်ကိုတော့ချမ်းသာပေးပါဆရာ၊ကျွန်တော်ကပြည်ခိုင်ဖြိုးအဖွဲ့ဝင်တစ်ယောက်ပါဆရာ၊ဟိုနေ့ကဒီဈေးမှာ လှုပ်ရှားမှုလုပ်သွားတုန်းက ဆရာတို့ကိုအရင်သတင်းပေးတာကျွန်တော်ပါဆရာ ဟီး"

ထိုသူ၏အပြောများသည် အရက်နံ့ထောင်းထောင်းထနေသော စစ်ခွေးနားထဲသို့မဝင်

" -ီးလိုလို မှိုလိုလိုေ-ာက်ခွက်နဲ့ ဒီမိချောင်းသားလျှာရှည်လှချည်လား " ဟုပြောဆိုကာကိုင်ထားသောသေနတ်ဒင်ဖြင့် အားကုန်လွှဲရိုက်လိုက်သည်။

ခုနကပြောဆိုသူပါးစပ်မှ သွေးများဖြာထွက်လျက်

"အကုန် ဒူးထောက်၊လက်ကိုခေါင်းပေါ်တင်ထား၊
တစ်ယောက်မှ မော်မကြည့်နဲ့၊ေ-ာက်ခွက်တွေကို တည်ပစ်လိုက်မယ် "

" လိုက်ဖမ်းစမ်း၊ဟို -ာသယ်မတွေကို "

" ရှို့ကြစမ်း မင်းတို့စိတ်ကြိုက် ရှို့ကြ၊တစ်ဆိုင်မှမကျန်စေနဲ့ "

လှည်းတန်း ပေ (၅၀) လမ်းဈေးကို အကြမ်းဖက်ဖက်ဆစ် မီးတောက်မီးလျှံများကဝါးမြိုနေသည်။

ဈေးသည်များ၏ မျက်ဝန်းများသည် ငိုစရာမျက်ရည်မထွက်တော့နှယ် ဖျော့တော့နေသည့်ဟန်။

တိုက်ပေါ်နေ ပြည်သူလူထုမှာ အံတကျိတ်ကျိတ်၊တောက်တခေါက်ခေါက်ဖြင့် ထိုမြင်ကွင်းကိုမျက်နှာလွဲထားကြသည်။

ရေဒီယိုမှ စစ်ကိုင်း၊မုံရွာနဲ့တခြားဒေသရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်မှ မီးရှို့၍ ရွာလုံးကျွတ်ထွက်ပြေးနေရသည့်သတင်းကို ကြေညာနေသည်။

#Hledan
#OCTOPUS #ရေဘဝဲ
Basic Education Students & Youths Association - BESYA Central
Photo
ရေဘဝဲ နှင့် မဟာမိတ်အဖွဲ့အစည်းများမှ
CCTV လုံခြုံရေးကင်မရာများနှင့်စပ်လျဥ်း၍
ပြည်သူလူထုထံသို့ မေတ္တာရပ်ခံပန်ကြားခြင်း

သို့
ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများ

၂၀၂၁ ခုနှစ်၊ ဖော်ဖော်ဝါရီ (၁) ရက်နေ့ အကြမ်းဖက်သူပုန်စစ်တပ် မတရားအာဏာသိမ်းပြီးသည့်အချိန်မှစ၍ ယခုနွေဦးတော်လှန်ရေးအချိန်ကာလ  (၁) နှစ်ကျော်သည်အထိ အမှန်တရားဘက်မှာ ရပ်တည်ပြီး တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းလမ်းအမျိုးမျိုးဖြင့်ဖြစ်စေ တော်လှန်ရေးတွင်ပါဝင်နေကြသောပြည်သူလူထုတစ်ရပ်လုံးကို ကျေးဇူးတင်ဂုဏ်ပြုအပ်ပါကြောင်းဦးစွာပြောကြားလိုပါသည်။

အကြမ်းဖက်သူပုန်စစ်တပ်၏အာဏာသိမ်းမှုအကြောင်းတရားကြောင့် ဖြစ်ပေါ်လာသောအကျိုးဆက်များထဲတွင် အကြမ်းဖက်ခိုးဆိုးလုယက်၊ဓားပြမှုများစွာပေါ်ပေါက်လာသည်ကိုလည်းပြည်သူလူထုတစ်ရပ်လုံးသိရှိပြီးဖြစ်မည်ဟုယုံကြည်ပါတယ်။ထိုအမှုအခင်းများကို ကြိုတင်ကာကွယ်နိုင်ရန် နှင့် ဖော်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် မိမိတို့၏ စျေးဆိုင်၊အိုးအိမ်များတွင် CCTV လုံခြုံရေးကင်မရာများတပ်ဆင်ထားသည်ကိုတွေ့ရှိရပါသည်။

ထိုသို့တပ်ဆင်ရာတွင်

(၁) CCTV လုံခြုံရေးကင်မရာများ၏  ရိုက်ကူးမှု ဦးတည်ရာလမ်းကြောင်းကို လမ်းအလယ်၊လမ်းခွဆုံ နှင့် ပလက်ဖောင်းထက်သို့ ဦးတည်ထားခြင်းမှ ရှောင်ရှားခြင်း၊

(၂)  မိမိပတ်ဝန်းကျင်အနီးတဝိုက်အတွင်း လူထုပြောက်ကျားသပိတ်တိုက်ပွဲ (သို့) မြို့ပြပြောက်ကျားတိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု သတင်းကြားလျှင်ကြားခြင်း မိမိတို့၏ CCTV လုံခြုံရေးကင်မရာများ၏  ရိုက်ကူးမှုမှတ်တမ်းများကို ကြိုတင်ရှင်းလင်းဖျက်ဆီးထားခြင်းများ

အထက်ဖော်ပြပါ (၂) ချက်လုပ်ဆောင်ခြင်းဖြင့် တော်လှန်ရေးတွင် တတ်နိုင်သည့်ဘက်မှဖြတ်ထိုးဉာဏ်ဖြင့်ပါဝင်နိုင်သည်သာမက ပြည်သူလူထု၏အားဖြင့် တော်လှန်ရေးရဲဘော်များ မတရားဖမ်းဆီး၊သတ်ဖြတ်ခံရခြင်းတို့မှကာကွယ်ပြီးသားဖြစ်မည်ဟု အပြည့်အဝယုံကြည်သောကြောင့် CCTV လုံခြုံရေးကင်မရာများနှင့်
စပ်လျဥ်း၍ အထက်ဖော်ပြပါ အချက် (၂)ချက် ဖြင့်ပါဝင်ပံ့ပိုးပေးကြပါရန် ရန်ကုန်သပိတ်အဖွဲ့အစည်းများ နှင့် မြေပြင်ကင်းထောက်အဖွဲ့အစည်းများမှ မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။

#OCTOPUS #ရေဘဝဲ #အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို )
Media is too big
VIEW IN TELEGRAM
ရန်ကုန်မြို့ရဲ့" ပြန်ဆုံနိမိတ်နဲ့ ရန်ကုန်သပိတ် " (ရုပ်၊သံ)

အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးသတ်ဖြတ်မှုများပြုလုပ်နေသည့် ရန်ကုန်မြို့တနေရာတွင် ရေဘဝဲနှင့်မဟာမိတ်အဖွဲ့အစည်းများမှ "ပြန်ဆုံနိမိတ်နဲ့ ရန်ကုန်သပိတ်" စာသားပါတပ်ဦးအလံကိုကိုင်ဆွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်တိုက်ပွဲဆင်နွှဲခဲ့ကြသည်။

အဆိုပါသပိတ်ကို

- ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ ဦးဆောင်ကာ ပြည်သူလူထုနှင့်အတူ

- အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-မြေပြင်)

- Labour Alliance အဖွဲ့ဝင် (CTUM)

- စမ်းချောင်းပင်မ သပိတ်စစ်ကြောင်းတို့ပေါင်းဆုံ၍ Youth Scout for Democracy (Y.S.D) ၏​မြေပြင်ကင်း​ထောက်ပံ့ပိုးမှုဖြင့် လူထုသပိတ်တိုက်ပွဲကိုဆင်နွှဲခဲ့ကြသည်။

ဇွန်လ ၅ ရက်၊ ၂၀၂၃ ခုနှစ်

#ပြန်ဆုံနိမိတ်နဲ့ရန်ကုန်သပိတ်
#OCTOPUS #ရေဘဝဲ #အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး
Media is too big
VIEW IN TELEGRAM
ရန်ကုန်မြို့လယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ရေဘဝဲနှင့်မဟာမိတ်အဖွဲ့အစည်းများမှ ညသပိတ်လှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၁၈ ရက်

ရန်ကုန်မြို့လယ် တရုတ်တန်းတွင် ရေဘဝဲနှင့်မဟာမိတ်အဖွဲ့အစည်းများမှ ❝ လူမျိုးကြီးဝါဒတိုက်ဖျက်ကြ အာဇာနည်ဟာ(၉)ဦးမက ❞ စာသားပါတပ်ဦးအလံတော်ကိုကိုင်စွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ လူမျိုးကြီးဝါဒတိုက်ဖျက်ရေး ပြောက်ကျား ညသပိတ်တိုက်ပွဲဆင်နွှဲခဲ့ကြသည်။

အဆိုပါသပိတ်ကို

- ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ ဦးဆောင်ကာ ပြည်သူလူထုနှင့်အတူ

- Youth Association Of Thingangyun (YAT)

- အခြေခံပညာကျောင်းသားလူငယ်များ အစည်းအရုံး(အကလ-မြေပြင်)

- Labour Alliance အဖွဲ့ဝင် (CTUM)

- စမ်းချောင်းပင်မ သပိတ်စစ်ကြောင်းတို့ပေါင်းဆုံ၍ Revolution Force (RF) ၏မြေပြင်ကင်းထောက်ပံ့ပိုးမှုဖြင့် လူထုသပိတ်တိုက်ပွဲကိုဆင်နွှဲခဲ့ကြသည်။

#July19 #အာဇာနည်နေ့
#OCTOPUS #ရေဘဝဲ #BESYA #အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး
Basic Education Students & Youths Association - BESYA Central
Video
ရန်ကုန်မြို့တွင် "အာဏာရှင်အလိုကျ ကြိုးဆွဲရာကမင်းတို့ဘဝ" ဟူသောစာသားဖြင့် သရုပ်ပြသပိတ်လှုပ်ရှားမှုပြုလုပ်

၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်၊ အကလ(မြေပြင်)

ရန်ကုန်တွင် "အာဏာရှင်အလိုကျ ကြိုးဆွဲရာက မင်းတို့ဘဝ" ဟူသောစာသားပါ ဘန်နာအား ဖြန့်ခင်းလျက် သရုပ်ပြသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့သည်။

ယင်းသရုပ်ပြ၊ သပိတ်လှုပ်ရှားမှုတွင် လူထုကြား၌ ဘီလူးခေါင်းဆောင်းထားသော သွေးစွန်းနေသည့်ဝတ်စုံဝတ်ထားသည့် Non-CDM ကျောင်းဆရာမှ ဆုတံဆိပ်ကိုင်ထားသော Non-CDM ကျောင်းသားအား ရုပ်သေးရုပ်ကဲ့သို့ ကြိုးများဖြင့် ထိန်းချုပ်နေသကဲ့သို့ ပုံရိပ်ဖြင့် ကြွေးကြော်သံအော်ပြီး သရုပ်ပြလှုပ်ရှားခဲ့ကြခြင်းဖြစ်သည်။ ယင်းလှုပ်ရှားမှုသည် အာဏာရှင်လက်အောက်မှ ထိန်းချုပ်ခံနေသည့် အဖြစ်ကို စစ်ကောင်စီဘက်တော်သားများနှင့် Non-CDM ကျောင်းသားများအား ကျွန်အဖြစ်မှ ရုန်းထွက်ကြရန်ဆိုလိုပြီး ရက်စက်သောအာဏာရှင်၏ သရုပ်မှန်ကိုဖော်ပြထားခြင်းဖြစ်သည်။

ယင်းလှုပ်ရှားမှုကို အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-မြေပြင်)မှ ဦးဆောင်ထားပြီး ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)၊ Owl Community တို့၏ ညီညွတ်သောမဟာမိတ်လှုပ်ရှားမှုဖြင့် ပြုလုပ်ခဲ့ကြပြီး Youth Scout for Democracy မှ ကင်းထောက်ပံ့ပို့ပေးခဲ့ခြင်းဖြစ်သည်။

ထိုသပိတ်လှုပ်ရှားမှုပြုလုပ်ရာတွင် အကြမ်းဖက်စစ်တပ်၏ အရပ်သားဟန်‌ဆောင်ထားသော စစ်ကျွန်များမှ လိုက်လံဖမ်းဆီးခြင်းရှိပြီး မြေပြင်သပိတ်ရဲဘော်များအနေဖြင့် ဘေးကင်းလွတ်မြောက်ခဲ့ပါသည်။

#အာဏာရှင်အလိုကျ_ကြိုးဆွဲရာက_မင်းတို့ဘဝ #BESYA #အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး #အကလ_မြေပြင် #OCTOPUS #ရေဘဝဲ #OwlCommunity