Basic Education Students & Youths Association - BESYA Central
1.89K subscribers
502 photos
17 videos
93 links
အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-ဗဟို)၏ Official Telegram Channel ဖြစ်ပါသည်။
Download Telegram
"ရန်ကုန်မြို့တွင် ၂၂၂၂၂ လူထုလှုပ်ရှားမှု (၃)နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် မြေပြင်သပိတ်လှုပ်ရှားမှုပြုလုပ်"

၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ရက်၊ အကလ(မြေပြင်)

စစ်အာဏာရှင်တို့၏ နိုင်ငံတော်အပေါ် ရက်စက်ဖိနှိပ်မှုကို ထင်ဟပ်စေရန် "၂၂၂၂၂" လူထုလှုပ်ရှားမှု (၃)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် "နိုင်ငံတော်‌တွင် သွေးစွန်းနေသည်" ဟူသော စာသားပါ ဘန်နာကို စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုံ့ဆော်မှုအဖြစ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-မြေပြင်) မှ ရန်ကုန်မြို့ပြတနေရာတွင် ချိတ်ဆွဲခဲ့သည်။

#BESYA #နိုင်ငံတော်တွင်သွေးစွန်းနေသည် #မြေပြင်သပိတ်လှုပ်ရှားမှု
Media is too big
VIEW IN TELEGRAM
လူငယ့်အသံ အပိုင်း(၄)

ဒီတစ်ပတ်တော့ လူငယ်များကြားကိုလှုပ်ခတ်သွားစေတယ့် 'ပြည်သူ့စစ်မှုထမ်း'ဥပဒေအကြောင်းကို Rangoon Scout Network (RSN)ကိုရေဆန်ကနေ ဖြေကြားပေးထားပါတယ်
ဒီထဲမှာ ပါဝင်မယ့်အကြောင်းအရာများက
-ကိုရေဆန်ရဲ့စစ်မှုထမ်းဥပဒေအပေါ်အ‌တွေးနဲ့အမြင်

- ဒီလိုစစ်မှုထမ်းဥပေဒကြောင့်လူငယ်များလက်နက်ကိုင်လမ်းစဉ်ကိုပိုမိုရွေးချယ်ချယ်လာနိုင်တာကို အကြမ်းဖက်စ‌စ်ကောင်စီက မတွက်ချက်ခဲ့ဘူးလားဆိုတယ့်အကြောင်းအရာများကိုနားဆင်ရမှာဖြစ်ပါတယ်

#လူငယ့်အသံ
#အထက၁သင်္ဃန်းကျွန်းအခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး

https://www.facebook.com/share/v/yCQV16U7oU2eXoVv/?mibextid=oFDknk
"ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ဖွဲ့စည်းတည်ထောင်ခြင်း (၃)နှစ်ပြည့်အထိမ်းအမှတ် သဝဏ်လွှာ"

အကလ (ဗဟို) ၊ ရုံးဌာန၊ ရန်ကုန်မြို့
သဝဏ်လွှာအမှတ် - ၀၄/သဝဏ်လွှာ-အကလ/၂၀၂၄
၁၃၈၅ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ရက်
(၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ရက်)

#ရေဘဝဲ #၃နှစ်ပြည့် #သဝဏ်လွှာ #BESYA
"အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး အခြေခံပညာကဏ္ဍ ကျောင်းသားအင်အားစုများ၏ သဘောထားအမြင်နှင့် အကြံပြုတိုက်တွန်းချက်"

ရက်စွဲ - ဖေဖော်ဝါရီလ ၂၉ရက်၊ ၂၀၂၄ခုနှစ်

#BESYA
"တော်လှန်မလား ကျွန်ခံမလား" စာသားပါ ကျောင်းသား/သူ အင်္ကျီများအား အကလ(မြေပြင်) မှချိတ်ဆွဲ

၂၀၂၄ ခုနှစ်၊ မတ်လ ၅ရက်
အကလ(မြေပြင်)

အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-မြေပြင်) မှ "တော်လှန်မလား ကျွန်ခံမလား" စာသားပါ ကျောင်းသား/သူ အင်္ကျီများအား အ.မ.က(၁၇) မရမ်းကုန်း ကျောင်း တွင် ချိတ်ဆွဲကာ ဆေးနီပတ်လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။ ယခုအခါတွင် စစ်မှုထမ်းဥပဒေသည် အိမ်တံခါးဝ၊ ကျောင်းတံခါးဝထိပင်ရောက်ရှိလာပြီဖြစ်ပြီး ရွေးချယ်ရန်တစ်လမ်းတည်းသာကျန်ရှိခြင်း အဓိပ္ပါယ်ဖြင့် "တော်လှန်မလား ကျွန်ခံမလား" စာသားပါဝင်သော ကျောင်းအင်္ကျီများအားချိတ်ဆွဲခဲ့ကြခြင်းဖြစ်သည်။

#အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး_အကလ_မြေပြင်
#တော်လှန်မလား_ကျွန်ခံမလား
ရန်ကုန်မြို့လယ်တစ်နေရာတွင် "မတရားစစ်မှုထမ်းဥပဒေ တော်လှန်ရေးနဲ့ဆန့်ကျင်ကြ" ဆိုသောစာသားပါဘန်နာအားချိတ်ဆွဲ

ရန်ကုန်၊ မတ်၂၅၊ အကလ(မြေပြင်)

အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-မြေပြင်) မှ အစစ်အဆေးထူထပ်နေသော ရန်ကုန်မြို့လယ်တစ်နေရာတွင်

"မတရားစစ်မှုထမ်းဥပဒေ တော်လှန်ရေးနဲ့ဆန့်ကျင်ကြ"

ဆိုသောစာသားပါ ဘန်နာအား စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနှင့် မတရားဥပဒေများအား သတိပြုတွန်းလှန်ရေးရည်ရွယ်ချက်များဖြင့် ချိတ်ဆွဲခဲ့ကြသည်။ အဆိုပါ ဘန်နာချိတ်လှုပ်ရှားမှုအား Youth Scout for Democracy (YSD) မှလည်း ကင်းထောက်ပံ့ပိုးမှုဖြင့် ကူညီအားဖြည့်ပေးခဲ့သည်။

#အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး_အကလ_မြေပြင်
#မတရားစစ်မှုထမ်းဥပဒေတော်လှန်ရေးနဲ့ဆန့်ကျင်ကြ
#YouthScoutForDemocracy
မင်္ဂလာပါခင်ဗျာ။

ကျွန်တော်တို့ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) ရဲ့ လုပ်ငန်းဆောင်တာများနှင့်သတင်းများကို ဖတ်ရှူလေ့လာလို့ရမယ့် အကလ official website တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာ။
ဒီ (www.besya.info)website ထဲမှာဆိုရင် အချိန်နဲ့တပြေးညီ သတင်းဖတ်ခြင်း၊ ဆောင်းပါးဖတ်ခြင်းတို့ကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
ထို့အပြင် premium member ဝင်ပြီး စာအုပ်များကိုလည်း လစဥ်လတိုင်း ဖတ်ရှူလို့ရနိုင်ပါတယ်။ Premium ၅မျိုးအထိရှိပြီး စျေးအလိုက်ပြန်ရမယ့် service တွေလည်းကွာခြားမှာဖြစ်ပါတယ်။ မြန်မာငွေ တစ်သောင်းကျပ် မှ တစ်သိန်းကျပ်အထိ မိမိတတ်နိုင်သလောက် premium ဝယ်နိုင်ပါတယ်။ အခြားနိုင်ငံတွေကလည်း pay pal / SDB / Binance တို့မှတစ်ဆင့် premium ဝင်လို့ရပါတယ်။
ထိုမှရရှိလာတဲ့ငွေကြေးများကိုလည်း အကလရဲ့မြေပြင်လှုပ်ရှားမှုများနှင့် အခြားလိုအပ်တဲ့နေရာတွေမှာအသုံးပြုသွားမှာဖြစ်ပါတယ်။

Premium Service ကိုတော့ website ဝယ်ရန်နှင့် website နဲ့ပတ်သက်ပြီး ပိုမိုသိရှိချင်တဲ့ထဲမှာအသေးစိတ် လေ့လာလို့ရပါတယ်။Premiumအကြောင်းအရာများကို https://t.me/ISD_BESYA အကလရဲ့ IT and Security Department မှာမေးမြန်းစုံစမ်းနိုင်ပါတယ်။
မီးဒုတ်စာစဥ် အတွဲ ၃၊ အမှတ်စဥ် ၂ ထွက်ပြီ။
_
အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)မှထုတ်ဝေသည်။

မီးဒုတ်စာစဥ် အတွဲ ၃၊ အမှတ်စဥ် ၂ မှာတော့

အယ်ဒီတာ့အာဘော်
-အယ်ဒီတာချုပ်

တစ်ပါတီကြီးစိုးခြင်းသည်တော်လှန်ရေးအလွန်မြန်မာနိုင်ငံ၏ဖက်ဒရယ်ဒီမိုကရေစိီပြည်ထောင်စုတည်ဆောက်ရေးတွင်အဟန့်အတားဖြစ်စေပါသလား။
-နွမ်ခယ်ရီ

ပင်လုံကျိန်စာ
-စဝ်ခွန်နောင်

စစ်အစိုးရကိုအမှန်အကန်ဆန့်ကျင်သူတို့၏စစ်မှန်သောရည်မှန်းချက်
-စုမေရီအောင်

စတဲ့ဆောင်းပါးများအပြင်

ဒွာဝီဒီယံနှင့်မယ်သီတာပုံပြင်
-သူရိယစန္ဒာ

တော်လှန်မြေမှသံစဥ်များ
-သူရိယစန္ဒာ

မျှော်လင့်ခြင်းမျက်ဝန်းများ
-သုန္ဒြေနွေဦး

စတဲ့ကလောင်ရှင်အသီးသီးရဲ့ကဗျာများ၊သရော်စာများကိုပါစုံစုံလင်လင်ဖတ်ရှုရမှာဖြစ်ပါတယ်။

Ebook Link - https://drive.google.com/file/d/1Kg70BzR4GDETp_Y99RaA0dSwp-d0-zXz/view?usp=drivesdk

Website Link - https://www.besya.info/post/meedoket3p2

Facebook Link - https://www.facebook.com/share/p/b8usr7gaPs1NyjfS/?mibextid=CDWPTG

#မီးဒုတ်စာစဥ်
#အတွဲ၃အမှတ်စဥ်၂
#လစဥ်ထုတ်စာစဥ်
တော်လှန် ကျောင်းသားလူငယ်များအားလုံး မင်္ဂလာပါရှင်။ တော်လှန်ရေးအရှိန်အဟုန် ကြာမြင့်လာသည်နှင့်အမျှ မိမိတို့ ကျောင်းသားလူငယ်များရဲ့ ကာယစွမ်းအားဖြင့်သော်လည်းကောင်း၊ ဉာဏစွမ်းအားဖြင့်သော်လည်းကောင်း ပံ့ပိုးပေးတဲ့ အထောက်အပံ့တွေ လိုအပ်လျက်ရှိတယ်ဆိုတာကို မိမိတို့အသိပဲ ဖြစ်ပါလိမ့်မယ်။ ကျောင်းသားလူငယ်များအနေနဲ့ မိမိတို့အသီးသီးမှာ ရှိနှင့်ကြသော အမျိုးမျိုးသောစွမ်းအားများဖြင့် တော်လှန်ရေးတွင် တစ်ထောင့်တစ်နေရာမှာ ပါဝင်နိုင်ရန် မိမိတို့ အခြေခံပညာ ကျောင်းသားလူငယ်များအစည်းအရုံး(အကလ) မှ ကျောင်းသားလူငယ်တို့အား လက်ကမ်းကြိုဆိုလျက်ရှိပါတယ်။

ကျောင်းသားလူငယ်တို့ အနေနှင့် အောက်တွင်ဖော်ပြထားသော ဒေသများအရ မိမိတို့ဒေသ သို့်မဟုတ်တည်း မိမိတို့ဒေသမဟုတ်သော်လည်း မိမိတို့ စိတ်ဝင်စားမိသော အခြားသောဒေသများရှိ အခြေခံပညာ ‌ကျောင်းသားလူငယ်များအစည်းအရုံး (အကလ) ၏ မြို့နယ် (အကလ) ၊ ‌ ကျောင်း (အကလ) များသို့ ဆက်သွယ်စုံစမ်းပါဝင်နိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။

"လူငယ့်အားဖြင့် နိုင်ငံသစ်တည်
အကလမှသည် ကျောင်းသားလူငယ်ထုဆီ"
အ.ထ.က(၂) မရမ်းကုန်းမြို့နယ် အ​ခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) - https://www.facebook.com/profile.php?id=100077551605864&mibextid=ZbWKwL

အ.ထ.က(၁) မရမ်းကုန်မြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) - https://www.facebook.com/profile.php?id=100078632859006&mibextid=ZbWKwL

အ.ထ.က(၁) သင်္ဃန်းကျွန်းမြို့နယ် အ​ခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) - https://www.facebook.com/profile.php?id=100076156673964&mibextid=ZbWKwL

အ.ထ.က(၂) ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) - https://www.facebook.com/No2EastDagonBESYA?mibextid=ZbWKwL
အ.ထ.က(၁) အလုံ(မုံရွာမြို့နယ်) အ​ခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) - https://www.facebook.com/profile.php?id=100078402576386&mibextid=ZbWKwL
အ.ထ.က(၄) သထုံ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) - https://www.facebook.com/profile.php?id=61555468875297&mibextid=ZbWKwL
အ​ခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို) - https://www.facebook.com/besya2021?mibextid=ZbWKwL
"မြန်မာ့နှစ်သစ်ကူး သဝဏ်လွှာ"

အကလ-ဗဟို၊ ရုံးဌာန၊ ရန်ကုန်မြို့
၁၃၈၆ခုနှစ်၊ တန်ခူးလဆန်း ၉ရက်
(၂၀၂၄ခုနှစ်၊ ဧပြီလ ၁၇ရက်)
နှစ်ဆန်းတစ်ရက်နေ့

#အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး
#မြန်မာ့နှစ်သစ်ကူးသဝဏ်လွှာ