Bollywood Cinema
74.5K subscribers
356 photos
6 videos
288 links
For Ads Contact 📌 @Alexic56
Download Telegram
Hercules (2014)

(The Rock) ကြီးရဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်သလို (Hercules) ရဲ့ ဇာတ်လမ်းကောင်းတခုလဲ ဖြစ်ပါတယ်

ဒီကားကတော့ (Hercules) ရဲ့ ဂုဏ်သတင်းနဲ့ အားလုံးသိထားတဲ့ ပုံပြင်တွေ၊ စွန့်စားခန်းတွေက တကယ်တော့ လူတွေ လုပ်ကြံပြောဆိုတာပါဆိုပြီး ရိုက်ကူးခဲ့ပါတယ်

ဇာတ်လမ်းမှာ (Hercules) ရဲ့ တူဖြစ်သူက ခရီးလှည့်လည်သွားလာရင်းနဲ့ ရောက်လေရာမှာ သူ့ဦးလေးရဲ့ အကြောင်းကို လူတွေ အထင်ကြီး လေးစားလာအောင် ရန်သူတွေ ကြောက်ရွံ့အောင် ပြောဆိုလေ့ရှိပါတယ်

(Hercules) က ခေါင်းသုံးနဲ့ နဂါးကြီးကို ဘယ်လို ရင်ဆိုင်ခဲ့တာ၊ တောဝက်ကြီးကို ဘယ်လို နှိမ်နင်းခဲ့တာ၊ ခြေင်္သေ့ကြီးကို ဘယ်လို ရင်ဆိုင်ခဲ့တာ စသဖြင့် ပုံပြင်တွေ လုပ်ပြီး ပြောပြရာကနေ (Hercules) ရဲ့ ဂုဏ်သတင်းက ပြန့်နှံ့ခဲ့ပါတယ်

တကယ်လည်း (Hercules) က ဒီသတ္တဝါတွေကို နှိမ်နင်းခဲ့တာဖြစ်ပေမယ့် သူတစ်ယောက်တည်း မဟုတ်ပါဘူး..(Hercules) မှာ သူ့ ကိုလေးစားချစ်ခင်ပြီး သူ့နောက်က အမြဲလိုက်နေတဲ့ မိတ်ဆွေတွေရှိပြီး သူတို့အဖွဲ့က နှိမ်နင်းခဲ့တာဖြစ်ပါတယ်


📌 Movie link 🍿
https://t.me/mmchnnell/420
Forwarded from Channel Help
Please open Telegram to view this post
VIEW IN TELEGRAM
Fight Back To school 1

ပစ္စတိုပျောက်ဆုံးမှုကို စုံစမ်းရင်း ကျောင်းပြန်တက်ဖို့ဖြစ်လာခဲ့တဲ့ ဆရာချောင်

ငယ်ငယ်တုန်းက ဘယ်လောက်ထိကြည့်ခဲ့ကြည့်ခဲ့ ခုချိန်ထိ ပြန်ကြည့်လို့ကောင်းနေဆဲ လက်ရာတွေကို ပေးစွမ်းနိုင်တဲ့အထဲမာတော့ မင်းသားကြီးStephen Chow ဇာတ်ကားတွေကတော့ ထိပ်ဆုံးနေရာက ပါဝင်ပါတယ် ရီလဲရတဲ့အပြင်ကိုမှ သူရိုက်ခဲ့တဲ့ ကားတိုင်းမှာပါ ကြည့်တဲ့သူကို message တခုခုကို ချန်ထားခဲ့ပါတယ် သူ့ဇာတ်ကားတွေအများကြီးထဲက တချိန်တုန်းက နာမည်ကြီးခဲ့တဲ့ Fight Back To School ကို ပြန်လည်ခံစားစေရန်အလို့ငှာ တင်ဆက်ပေးလိုက်ပါတယ်

Video Link
https://t.me/biscopei00/3567
Please open Telegram to view this post
VIEW IN TELEGRAM
Our Idiot Brother

ဒီနေ့မှာတော့ 2011 ကထွက်ရှိထားတဲ့ IMDb 6.4 နဲ့ Rotten tomatoes မှာ 70% ထိရရှိထားတဲ့ Comedy ကားကောင်းလေးတင်ဆက်ပေးမှာပါ ပါဝင်တဲ့ Cast တွေက ကိုယ်တွေနဲ့ မစိမ်းတဲ့ Paul Rudd တို့ Rom-com ကားတိုင်းရဲ့ ပင်တိုင်စံမင်းသမီးလိုဖြစ်တဲ့ Zooey Deschanel တို့အပြင်တခြားမင်းသမီးကြီးတွေလည်း ပါဝင်တာမို့ ဇာတ်အိမ်ခိုင်ပြီး မျက်စိပဒါသပါဖြစ်စေပါတယ်။ ဇာတ်အိမ်လေးက အိမ်တစ်အိမ်ရဲ့ ဆည်းလည်းလေးတစ်ခုအကြောင်းပေါ့ ၊ ရှိရင်လည်းဆဲတဲ့သူသာလဲသေသွားမယ်အချိုးတော့မပြင်တာမျိုး။ မရှိရင်ကျဟာတာတာဖြစ်သွားတာမျ်ိုးမို့ မိသားစုရဲ့နွေးထွေးတဲ့ Vibe လေးကိုဟာသနှောပြီး ကြည့်ရှုရမှာပါ (လူကြီးဟာသတွေပါတာမို့ မိသားစုနဲ့ကြည့်ဖို့တော့ သိပ်မသင့်တော်ပါဘူ

Video
link
https://t.me/biscopei00/3577
🔥ကိုရီးယားနိုင်ငံရဲ့ ဝါရင့်မင်းသားကြီး 3ယောက် အပြိုင်လက်စွမ်းပြ ထားတဲ့ ဒီကားကို မကြည့်ဖူးသေးဘူးဆိုရင်တော့ တဂယ့်ကို နောင်တရမိ‌စေပါလိမ့်မယ်
မြန်မာပရိသတ်တွေရဲ့ အချစ်တော်
လီ၊ဗြောင်ဟွန်း ၊Jun၊g W၊oo-su၊ng ၊ Song K၊ang-H၊o စတဲ့ အနုပညာ‌လောကမှာ ဆရာကျတဲ့မင်းသားကြီးတွေ သရုပ်ဆောင်ထားတဲ့ ဒီကားကို ဒါရိုက်တာကြီး Ki၊m Jee-woo၊nရဲ့ လက်စွမ်းနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ တဂယ့်ကိုအနှစ်သာရ ရှိတဲ့ ဇာတ်လမ်းတပုဒ် ထွက်ပေါ်လာတော့တာပါပဲ အက်ရှင် ကိုမှ Comedy အချိုးအကွေ့တွေရယ် ၊ ကောင်းဘွိုင်စတိုင်တွေကို ရောစပ်ထားတဲ့ ဒီကားက ကိုရီးယားနိုင်ငံရဲ့ ဆုပေးပွဲ‌တော်တော်များများ မှာ ဆုပေါင်းများစွာကို ဆွတ်ခူး‌နိုင်ခဲ့ပါတယ် ဇာတ်လမ်းကြောင်းကို ဆက်ရရင် ဂျပန်စ၊စ်တ၊ပ် ကြီးကြပ်လာတဲ့ရထားပေါ်ကိုကြေး၊စား တစ်ယောက်ရယ် ၊ အင်မတန်လည် လှ တဲ့သူခိုးတစ်ယောက်ရယ် ဓား၊ပြအဖွဲ့တွေရယ် လာဆုံမိကြရင်း ရထားပေါ်မှာရှိတဲ့ ရတနာမြေပုံကို သူ့ထက်ငါ ဦးအောင် လုယူကြဖို့ ဖြစ်လာကြပါတော့တယ် ကြည့်မိလို့ အချိန်ကုန်လိုက်ရကျိုးနပ်စေမဲ့ ဇာတ်လမ်းတခုလို့သာ ညွန်းဆိုလိုက်ပါရစေ




✅Movie Link ✅
https://t.me/biscopei00/3580
Please open Telegram to view this post
VIEW IN TELEGRAM
August Rush ( 2007 )

လွန်ခဲ့တဲ့ 12 လောက်တုန်းက Washington Square ရဲ့ လရောင်လွှမ်းတဲ့ ခေါင်မိုးလေးတစ်ခုပေါ်မှာ ငယ်ရွယ်တဲ့ဆယ်လိုသမားလေး Lyla Novecek နဲ့ အိုင်းရစ်ချ် အဆိုတော်လေး Louis Connelly တို့ဟာ (Moondance) လို့ခေါ်တဲ့လမ်းဘေးဂီတပညာရှင်ဖျော်ဖြေပွဲကအပြန်မှာ တွေ့ခဲ့ကြပြီးတော့ ချစ်ကျွမ်းဝင်သွားကြပါတယ်။သူမဘဝရဲ့ ကြည်နူးစရာအကောင်းဆုံးညကို ဖြတ်သန်းပြီးတဲ့အခါမှာတော့ Lyla ဟာ Louis ကိုပြန်လာပြီးတွေ့မယ်လို့ကတိပေးခဲ့ပါတယ်။ ဒါပေမယ့်လဲ သူမအဖေရဲ့တားဆီးမှုတွေကြောင့် Lyla ဟာ Louis ကိုပြန်လည်တွေ့ခွင့်မရခဲ့ပါဘူး။Louis ကလည်းစိတ်ဓာတ်ကျပြီးတော့ ဂီတာကိုဆက်မတီးတော့ပဲနဲ့ သူ့ရဲ့ဂီတကို စွန့်လွှတ်လိုက်ပါတော့တယ်။ Lyla ဟာလည်း သူ့ရဲ့ချစ်အိပ်မက်လေးဆုံးရှူံးသွားပြီး လအနည်းငယ်အကြာမှာလည်း သူတို့ရဲ့ ရင်သွေးလေးကို ကားမတော်တဆမှူတစ်ခုမှာ ဆုံးရှုံးလိုက်ရပြီလို့ ယုံကြည်ခဲ့ရပါတယ်။မိဘမဲ့ဖြစ်သွားတဲ့ သူတို့ရဲ့ကလေး(Freddie Highmore)ဟာ သူ့မှာပါရမီပါလာတဲ့ ဂီတစွမ်းရည်ကို သဲလွန်စတစ်ခုအနေနဲ့ အသုံးပြုပြီးတော့ သူ့ရဲ့ မိဘတွေကို လိုက်ရှာရပါတော့တယ်။

📌 Movie link 🍿
https://t.me/mmchnnell/422
Last Night 2010

ဒီနှစ်​မှထွက်ရှိထားတဲ့ ဇာတ်​ကား​ဖြစ်ပြီး Comedy/Horror အမျိုး​အစား​ဖြစ်​ပါတယ်။ အဆောက်အဦး​တစ်ခုထဲမှာပိတ်မိနေပြီး သွေးဆာနေတဲ့လူသတ်သမားတွေလက်က လွတ်​မြောက်​ဖို့ကြိုးစားရတဲ့ Thriller/ Survival အမျိုး​အစား​လို့​ပြောလည်းရပါတယ်။ဇာတ်လမ်း​အကျဥ်း​ကတော့ Kennedy နဲ့ သူငယ်ချင်း Tess တိုဟာ မနက်​ဖြန်ဆိုရင်​ အပြီးပိတ်​သိမ်းတော့မှာဖြစ်တဲ့ Terrace Lanes ဘိုးလင်းရုံ​ကြီးမှာ နောက်​ဆုံး​ညအနေနဲ့ အပန်းလာဖြေကြပါတယ်။ သူတို့​နဲ့အတူ ယောက်ျား​လေး​သူငယ်ချင်း​နှစ်ယောက်​လည်း​ပါပါတယ်။ Kennedy ရဲ့အဖေဖြစ်သူ ဘိုးလင်းဝါသနာ​ရှင်​ Bruce ကလည်း​ ဒီရုံ​ကြီးမှာ​ပဲ​အလုပ်​လုပ်​နေသူဖြစ်ပါတယ်။ အဲဒီ​ညမှာ​ပဲ အစွန်း​ရောက်အယူဝါဒ​ဂိုဏ်း​တစ်ခုက ဘိုး​လင်း​ရုံ​ကြီးကိုပိတ်ဆို့တိုက်ခိုက်ပါတော့တယ်။ Kennedy နဲ့ သူ့အဖေ Bruce တို့​နှစ်ယောက်သား အကြမ်း​ဖက်​တွေလက်ထဲက လွတ်​မြောက်​ဖို့​ကြိုး​စား​ရပုံကို ဟာသ​နှောပြီးရိုက်ကူးထားတာဖြစ်ပါတယ်။

Video Link
https://t.me/biscopei00/3583
The Accidental Spy (2001)

၂၀၀၁ တုန်းကထွက်ရှိခဲ့တဲ့ ဂျက်ကီချမ်းရဲ့ အက်ရှင်ဟာသဇာတ်ကားလေးပါ။
မတင်ရသေးလို့ BluRay Quality နဲ့ အလန်းစားတင်ဆက်လိုက်ပါတယ်။
မင်းသမီးတွေကလဲ ကိုယ်တွေအကြိုက် ဟောင်ကောင်ရဲ့ Vivian Hsu နဲ့ ကိုရီးယားရဲ့ Min Kim တို့ဖြစ်ပါတယ်…Min Kim ကိုတော့ တစ်ခါတုန်းကတက္ကသိုလ်ဇာတ်လမ်းတွဲနဲ့ မှတ်မိကြမှာသေချာပါတယ်..ဗီဗီယန်ဆုကတော့ ဟောင်ကောင်ရဲ့ ရွှေမင်းသမီးလေးပါ။
ဇာတ်လမ်းကတော့…
ရုပ်ရှင်ကားနာမည်အတိုင်းပဲ ဆဌမအာရုံကောင်းတဲ့ မိဘမဲ့ဂျက်ကီက ဓားပြမှုတစ်ခုကို တားဆီးပေးရင်းနာမည်ကျော်သွားရာကနေ မိဘအရင်းတွေကိုလိုက်ရှာဖို့အတွက် သူလျှိုတစ်ယောက်ဖြစ်လာပါတော့တယ်။
အတိတ်က အကြောင်းတွေကိုဖော်ထုတ်ရင်း လူဆိုးမျိုးစုံနဲ့ပတ်သတ်မိရာကနေ အရှုပ်တော်ပုံထဲကနေ လွတ်မြောက်အောင် ဘယ်လို အက်ရှင်ခန်းတွေနဲ့ စွန့်စားမလဲဆိုတာ…။

📌 Movie link 🍿
https://t.me/mmchnnell/425
Forwarded from Channel Help
Please open Telegram to view this post
VIEW IN TELEGRAM
Nutty Professor II (2000)

နုပျိုခြင်းဖော်မြူလာလိုတီထွင်ခဲ့တဲ့ ရှားမန်းကလမ့်က သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဒန်းနစ်ဂိမ်းနဲ့ လက်ထပ်တော့မှာဖြစ်ပြီး အရာအားလုံးအဆင်ပြေနေခဲ့ပါတယ်။တစ်နေ့မှာတော့ ရှားမန်း ရဲ့မကောင်းတဲ့အခြမ်းဖြစ်တဲ့ ဘာဒီလပ်က သူ့ရဲ့အလုပ်ကို ဝင်နှောင့်ယှက်တဲ့အခါမှာဘယ်လိုမျိုး စိတ်ဒုက္ခရောက်စရာတွေကြုံရမလဲဆိုတာ ဟာသလေးနှောရင်း ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

Video Link
https://t.me/biscopei00/3588
Sin Sisters (2002)

(18+ Warning အဖော်အချွတ်အခန်းများ၊ လိင်ဆက်ဆံခန်းများနှင့်
အသုံးအနှုန်း ကြမ်းတမ်းသည်များ ပါသည့်အတွက် မိသားစုနှင့်အတူ ကြည့်ရှု့ရန် မသင့်တော်ပါ)ဂျန်၊ ဂျွိုင်း၊ မာအင်း၊ ဂွိုင်နဲ့ ဂျွန် တို့ သူငယ်ချင်း ၅ ယောက်ဟာ
အထက်တန်းအတူတူတက်ခဲ့ကြတဲ့ သူငယ်ချင်းတွေပါ။
တက္ကသိုလ်အပြီးမှာတော့ အသုဘတစ်ခုမှာ သူငယ်ချင်းတွေ ပြန်ဆုံဖြစ်ကြပါတယ်။
သူငယ်ချင်းတစ်စုတို့ ဂျွန်ရဲ့ အိမ်မှာ တစ်ညစုအိပ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။အဲညမှာ မုန်တိုင်းတိုက်လာပြီး မီးပျက်သွားပါတော့တယ်။
ဒီလိုနဲ့ သူငယ်ချင်း ၅ ယောက် စုပြီး ထွေရာလေးပါး စကားပြောကြရင်း
သူတို့ရဲ့ ရှက်စရာအကောင်းဆုံး လိင်ကိစ္စတွေကို ပြောဖြစ်ခဲ့ကြပါတယ်။
တစ်ယောက် တစ်လှည့် ကိုယ့်အကြောင်းကိုယ် ပြောကြရင်း ထူးဆန်းလာတာကတော့……

Video Link
https://t.me/biscopei00/3599
❤️“ကို့ဘဝရဲ့ အမှောင်မိုက်ဆုံးအချိန်မှ မင်းကိုတွေ့ခဲ့ရတယ် “

Admin ကြိုက်လွန်းလို့ ခဏခဏပြန်ကြည့်တဲ့ကားလေးပေါ့ အချစ်ဆိုတာဆန်းကြယ်ပါတယ် တခါတလေမှာ Right Person Wrong Time ဆိုတဲ့ အချစ်မျိုးဟာ ကြေကွဲစရာကောင်းလှသလို မထင်ထားတဲ့အချိန်မှာမထင်ထားတဲ့ ပုံစံမျိုးနဲ့ အချစ်ဟာ ကျွန်တော်တို့ဆီရောက်ရှိလာတတ်ပါတယ် လူတိုင်းလဲ ကြည့်ဖူးလောက်မယ်ဆိုတော့ ထွေထွေထူးထူးညွန်းမနေတော့ပါဘူး ....ဇာတ်လမ်းလေးကတော့ ကမ္ဘာကြီးရဲ့ ဘယ်နေရာကိုမဆို သွားနိုင်လာနိုင်တဲ့အခွင့်အရေးရှိနေပါရက်နဲ့ ဒီမြို့လေးကလွဲရင် ဘယ်ကိုမှ မသွားချင် မသွားဖူးတဲ့ မိန်းကလေး Louisa၊ ကမ္ဘာကြီးရဲ့ အလှအပတွေကို ကိုယ်တိုင်မြင်ဖူးခဲ့ပြီးမှ ဘယ်မှ သွားလို့မရပဲ ဘီးတပ်ကုလားထိုင်ပေါ်မှာပဲ အချိန်ကုန်နေရတဲ့ Will Traynor.. သူတိူ့နှစ်ယောက်ကြားက နက်ရှိုငိးလှတဲ့ အချစ်ဇာတ်လမ်းကိုခံစားစေရမှာဖြစ်သလို ကြည့်ပြီးသွားရင်လဲစိတ်ထဲမှာ အတွေးလေးတွေ ကျန်ရစ်နေစေမှာပါပဲ



✅Movie Link ✅
https://t.me/biscopei00/3601
Please open Telegram to view this post
VIEW IN TELEGRAM
The Marine (2006)

ဇာတ်လမ်းအကျဥ်းကတော့ဇာတ်လိုက်‌ကျော်ကြီး ကိုဂျွန်စီးနားက ရေတပ်ကနေအမိန့်မနာခံလို့ အထုတ်ခံလိုက်ရပါတယ်။အလုပ်ဆိုလို့စစ်ထဲပဲနေလာတဲ့ လူဖြစ်နေတော့ဘာအလုပ်မှလဲ မလုပ်တတ်မကိုင်တတ် ဖြစ်နေတော့ အရာအားလုံးဆီကနေအနားယူ ထွက်ပြေး ခရီးထွက်လာပါတော့တယ် အဲဒီအချိန် တဖက်မှာလဲ စိန်သူခိုးတအုပ်နဲ့ တိုးပြီးတော့ သူ့မိန်းမကိုပြန်ပေးဆွဲသွားတဲ့အခါ ဂျွန်တယောက် သူ့မိန်းမကို ကယ်ဖို့ တောထဲကို တစ်ယောက်ထဲ စွန်းစားပြီးလိုက်ပါတော့တယ်။ဂျွန်စီးနားကြီးရဲ့ ‌တိုက်ပုံခိုက်ပုံတွေကို စိတ်လှုပ်ရှားစွာကြည့်ရမှာပါ။ဇာတ်လမ်းက ကြမ်းလဲကြမ်းသလို တချို့အခန်းတွေလဲ ရယ်စရာလေးတွေပါလို့ မြည်းစမ်းကြည့်ကြပါလို့ပဲအကြံပြုလိုက်ပါတယ်ခင်‌ဗျာ။

📌 Movie link 🍿
https://t.me/mmchnnell/427
Catch Me If You Can [2002]

ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်သလို အော်စကာဆုတွေလဲရရှိထားတဲ့ဇာတ်ကားပါ။

ဉာဏ်ကောင်းရဲ့သားနဲ့ လမ်းမှားရောက်နေတဲ့ လူငယ်လေးကို တာဝန်အရဖမ်းတာတင်မဟုတ်ပဲ
လမ်းမှန်ရောက်လာအောင် ပြုပြင်ပေးရုံသာမက နိုင်ငံအတွက်ပါ အကျိုးရှိအောင် အသုံးချနိုင်ခဲ့တဲ့
Carl Hanratty အဖြစ် Tom Hanks က ပီပြင်စွာသရုပ်ဆောင်ထားပါတယ်။

အထူးသဖြင့် ပြင်သစ်ရဲတွေ Frank ကို ဖမ်းသွားတော့ မရမက ပြန်ခေါ်ထုတ်ပြီး
အမေရိကားကို ပြန်ခေါ်လာနိုင်ဖို့ ကြိုးစားခဲ့ပုံတွေက လူလူချင်းတန်ဖိုးထားတတ်တဲ့ အလေ့အထတွေကိုခံစားမိစေပါတယ်။

ကြည့်မိသူတိုင်းကြိုက်ကြတာမို့ လက်လွတ်မခံစေချင်ပါဘူး။

Video Link
https://t.me/biscopei00/3604
Forwarded from Channel Help
Please open Telegram to view this post
VIEW IN TELEGRAM
Five Feet Apart (2019)

ဇာတ်ကားလေးကတော့ ရိုးရိုးလေးနဲ့ ဆယ်ကျော်သက်အရွယ်
ရောဂါသည်လူနာလေးနှစ်ယောက်ရဲ့သနားစရာအချစ်ပုံပြင်လေးကို ဇာတ်အိမ်တည်ထားတာပါ….

cystic fibrosisလို့ခေါ်တဲ့မွေးရာပါမျိုးရိုးဗီဇအရရောဂါရှိတဲ့သူတွေအကြောင်းကို
ဒရမ်မာဆန်ဆန်ရိုမန်တစ်ဆန်ဆန်ရိုက်ကူးထားတာပါ
ရောဂါရှိတဲ့သူတွေအချင်းချင်းအနားကပ်ထိတွေ့မိရင်ရောဂါပိုဆိုးရွားလာနိုင်တာကြောင့်
တစ်ယောက်နဲ့တစ်ယောက်ခြောက်ပေအကွာမှာနေရမယ်ဆိုတဲ့စည်းမျဉ်းကြီးတစ်ခုရှိပါတယ်
ရောဂါရှိတဲ့သူနှစ်ယောက်ဆေးရုံတစ်ရုံထဲမှာတွေ့ပြီး
တစ်ယောက်နဲ့တစ်ယောက်ချစ်မိသွားတဲ့အခါ…
ကိုယ်ချစ်ရတဲ့သူကိုထိတွေ့ဖို့မပြောနဲ့အနားတောင်ကပ်ခွင့်မရှိတဲ့သူတို့ဘဝလေးနှစ်ခု
နောက်ဆုံးမှာအဆုတ်အစားထိုးကုသခွင့်ကိုကောင်မလေးကရလာတဲ့အခါမှာ…
ကောင်လေးကိုအသက်တမျှချစ်တဲ့ကောင်မလေးဘာတွေလုပ်မလဲ…
ကောင်လေးကရောအသက်ရှင်နိုင်မလားဆိုတာတွေကိုတဝကြီးငိုပြီးကြည့်ရမှာပါ …

📌 Movie link 🍿
https://t.me/mmchnnell/430