Bollywood Cinema
74.6K subscribers
458 photos
6 videos
391 links
For Ads Contact 📌 @Alexic56
Download Telegram
RocknRolla 2008

နာမည်ကြီး Director Guy Ritchie ရဲ့လက်ရာ အက်ရှင်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်တဲ့ Rocknrollaကိုတင်ဆက်ပေးလိုက်ပါတယ်။

လန်ဒန်မြို့ရဲ့ဒုစရိုက်လောက၊ မူးယစ်ဆေး၊ အိမ်ခြံမြေဥပဒေပိုင်း အကျင့်ပျက်ခြစားမှုတွေကို လှည့်ကွက်ကောင်းကောင်းနဲ့တင်ဆက်ထားလို့ အက်ရှင်ကားကြိုက်ရင် ကြည့်သင့်တဲ့ ပေးရတဲ့အချိန်နဲ့တန်စေမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။

ဇာတ်အိမ်ကတော့ လန်ဒန်အိမ်ခြံမြေလောကကို လက်ခုပ်ထဲထည့်ထားတဲ့ လောဘကြီးတဲ့သူဌေးကြီး လန်နီကိုးလ်ဆီကို ရုရှားသူဌေးတစ်ဦးက လုပ်ငန်းအတွက်ဆက်သွယ်လာရာမှ မထင်မှတ်ထားတဲ့တိုက်ဆိုင်မှုတွေနဲ့ နှစ်ဦးကြားကို ပတ်သက်မိသွားတဲ့ ဒုစရိုက်အဖွဲ့ဝိုင်းဘန့်ချ်ရဲ့အကြောင်းပဲဖြစ်ပါတယ်။

ဘယ်လိုမျိုးအဖြစ်အပျက်တွေက ဝိုင်းဘန့်ချ်ကို စောင့်ကြိုနေမလဲ၊ မထင်မှတ်ထားတဲ့တိုက်ဆိုင်မှုတွေက ဘာတွေဆက်ဖြစ်လာစေမလဲ၊ အကွက်ကျ ကောက်ကျစ်တတ်တဲ့သူဌေးနှစ်ဦးကြားမှာ မြေစာပင်ဖြစ်သွားမလားဆိုတာကို ပြကွက်တစ်ကွက်ချင်းဆီက အချိတ်အဆက်မိမိနဲ့ ဆွဲခေါ်သွားမှာပါ။

Video
Link
https://t.me/biscopei00/3508
The Corruptor

ဖဲမင်းသားကြီး ချောင်ယွင်ဖတ်နဲ့ အက်ရှင်မင်းသားကြီး Mark Wahlbergတို့ပူးတွဲသရုပ်ဆောင်ထားတဲ့ ရဲစုံထောက်ကားဖြစ်တာမို့ မကောင်းမှာမပူရဘူးဗျ…။ဇာတ်လမ်းဇာတ်အိမ်ကိုတော့ နယူးယောက်က ရာဇဝတ်ဂိုဏ်းသားတွေခြေဆန့်ရာ တရုတ်တန်းမှာ ဇာတ်အိမ်တည်ထားပါတယ်….။
ရဲသားတစ်ဦးဖြစ်တဲ့ ချန်းဟာ တရုတ်တန်းမှာတာဝန်ကျရင်း နေ့စဥ်ပဲလူမိုက်ဂိုဏ်းတွေရဲ့ နေ့စဥ်နယ်မြေလုမှုတွေ၊မူးယစ်ဆေးမှုတွေဒုစရိုက်မှုအစုံကို တိုက်ဖျက်နေရတယ်ပေါ့….မှန်မှန်ကန်ကန်နေထိုင်တာလည်းရှိသလို အခြေအနေအရ လူမိုက်တွေနဲ့တွဲဖက်ပြီး အမှုလိုက်ရတာလည်းရှိတဲ့ တရုတ်တန်းကရဲဘဝကို မြင်တွေ့ရမှာပါ…။ဒါကြောင့် ဇာတ်လမ်းနာမည်က The Corruptor(ချစားသူ)ဖြစ်နေတာပါ…။ဒါပေမဲ့ ဒီအခြေအနေတွေက တရုတ်တန်းကို လူဖြူရဲအရာရှိတစ်ယောက်တာဝန်ကျလာတဲ့အချိန်မှာပြောင်းလဲသွားပါတော့တယ်…ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာကြည့်ရှုလို့ရပါပြီ…။

Video Link
https://t.me/biscopei00/3515
🗣️နိုင်ငံမတူတဲ့ စစ်သူကြီးနှစ်ယောက်ကြားက အန္တရာယ်များလှတဲ့ခင်မင်မှု


"ရ၊န်သူကို မိတ်ဆွေဖွဲ့နိုင်ရမယ်" ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားတဲ့
တရုတ်စစ်သူကြီးဟိုအန်......
ပိုးလမ်းမကြီးထဲက မျိုးနွယ်စုတွေရဲ့ စ၊စ်ပွဲတွေကို ဖျန်ဖြေ ပေးရုံသာမက သူ့တပ်ဖွဲ့ငယ်လေးနဲ့ အတူ ဧကရာဇ်ကြီးဆီက အမိန့်ကြောင့် ၁၅ရက်အတွင်းခံတ၊ပ်ကြီးကိုပြီးစီးအောင် ဆောက်လုပ်ဖို့ အမိန့်ကျလာပါတယ်
တဖက်မာလဲ သ၊စ္စာ၊ဖောက်ခံရမှုကြောင့် ဘုရင်ငယ်လေးကိုခေါ်ပြီးထွက်ပြေးလာရတဲ့ ရောမ စစ်သူကြီး
အဲ့နှစ်ယောက် တိုက်ခိုက်ရင်းနဲ့မှ မိတ်ဆွေဖြစ်လာကြပြီးရောမ က လူတွေ အကူညီနဲ့ပဲ ခံတပ်ကြီးဟာ ပြီးစီးသွားခဲ့ပါတယ် ဒါပေမဲ့လဲ မိတ်ဆွေဖြစ်မှုဟာ တခဏတောင် မခံလိုက်ပဲ ကံကြမ္မာဆိုးဟာ ဝင်ရောက်လာပါတော့တယ်


Movie Link😍
https://t.me/internmovie/3362
Please open Telegram to view this post
VIEW IN TELEGRAM
Who I am?

❝ ပိတ်ရက်မှာ အပန်း‌‌ဖြေကြည့်ဖို့ရာ မင်းသားကြီး𝗝𝗮𝗰𝗸𝗶𝗲 𝗖𝗵𝗮𝗻 ရဲ့ အကောင်းဆုံး သောရုပ်ရှင်များ ❞


ကျွန်တော်တို့ငယ်ဘဝရဲ့ ဟီးရိုးကြီးလဲဖြစ် အကြိုက်ဆုံးအက်ရှင်မင်းသားကြီး 𝗝𝗮𝗰𝗸𝗶𝗲 𝗖𝗵𝗮𝗻 ဆိုရင်တော့ မသိကြမဲ့သူ မရှိလောက်ပါဘူး တကမ္ဘာလုံးက ပရိသတ်တွေရဲ့ အချစ်တော်မင်းသားကြီးဖြစ်ပြီး သူ့ရဲ့ စတန့်ပြကွက်တွေ ၊ အက်ရှင်ဇာတ်လမ်းတွေနဲ့တင် ပရိတ်သတ်ကို ဘဝတလျောက်လုံးအကောင်းဆုံးဖျော်ဖြေမှုမျိုးကိုသာ ပေးစွမ်းခဲ့ပါတယ် စတန့်ပြကွက်တွေကို လူစားမထိုးပဲ ကိုယ်တိုင်သရုပ်ဆောင်ခဲ့တာတွေကြောင့်လဲ ရခဲ့တဲ့ဒဏ်ရာအနာတရတွေဟာ ဒုနဲ့ဒေးပါပဲ ဒီကနေ့မှာတော့ မင်းသားကြီး 𝗝𝗮𝗰𝗸𝗶𝗲 𝗖𝗵𝗮𝗻ရဲ့အကောင်းဆုံးရုပ်ရှင်တွေထဲကမှ Old But Goldရုပ်ရှင်တချို့ကိုတင်ဆက်ပေးလိုက်ပါတယ်

Video Link
https://t.me/biscopei00/3521
Forwarded from Channel Help
Please open Telegram to view this post
VIEW IN TELEGRAM
Friend With Benefits (2011)

မင်းသားကတော့ နာမည်ကျော် အဆိုတော် ဂျက်စတင်တင်းဘားလိတ်…မင်းသမီးက နာမည်ကြီးမော်ဒယ်သရုပ်ဆောင် မီလာကူးနစ်….မင်းသားရော မင်းသမီးရောက အချစ်ရေးမှာ မျှော်လင့်ချက်တွေအကြီးကြီး ထားမိပြီး အဲ့ဒီ့မျှော်လင့်ချက်တွေ အလွယ်တကူကွဲအက်သွားတာကို မချိမဆန့်ခံနေရသူတွေပါ။
တစ်နေ့မှာ သူတို့နှစ်ယောက် အလုပ်ကိစ္စတစ်ခုကြောင့် ထိပ်တိုက်တွေ့ဆုံ ခင်မင်လာရာကနေ….အချစ်ဆိုရင် ကြောက်နေမိတဲ့ သူတို့နှစ်ယောက် အချစ်မပါတဲ့ တွယ်ညှိမှုတွေကို ဘယ်လိုတည်ဆောက်မလဲ….Friends with Benefits ဆိုတဲ့အတိုင်း တစ်ယောက်ကိုတစ်ယောက် Just Sex ယုံကလွဲပြီး သူငယ်ချင်းလို နေကြတာဟာ အဆင်ချောမွေ့ပါ့မလားဆိုတာ….။IMDb Rating (6.6) ရရှိထားတဲ့ Romance/Comedy ဇာတ်ကားလေးကို ကြည့်ရှုခံစားပေးပါဦး။

📌 Movie link 🍿
https://t.me/mmchnnell/409
Under the Skin 2013

ဇာတ်လမ်းရဲ့ အပိုင်းအစတစ်ချို့က Abstract ဟန် အရမ်းရှိနေသလို၊ တစ်ချို့အပိုင်းအစတွေကျတော့လည်း Reality အရမ်းဆန်လွန်းသွားပြန်တယ်။ Interview တစ်ခုမှာတော့ ဒါရိုက်တာ Jonathan Glazer က ဇာတ်ကားကို Reality ဆန်ဆန်ဖြစ်ချင်တာကြောင့် Hidden Camera တွေနဲ့ ရိုက်ရတယ်ပြောခဲ့တယ်။
ဒါ့ကြောင့်လည်း ပုံပျက်နေတဲ့ ဇာတ်ဆောင်နေရာမှာ Prosthetics မလုပ်ပဲ Reality ပိုဆန်စေချင်တာကြောင့် တကယ့်အပြင်က Neurofibromatosis ဝေဒနာရှင်တစ်ယောက်ကို ထည့်ရိုက်စေခဲ့တယ်။ တစ်ချို့ကလည်း Scarlett ရဲ့ ဇာတ်ကောင်က Femanist အရမ်းဆန်လွန်းတဲ့ သဘောသဘာဝကို ရည်ညွှန်းတယ် ပြောကြပြန်သေးသလို တစ်ချို့ကလည်း Wings of Desire ထဲက အိန်ဂျယ်လို လူ့အဖြစ်ကို သဘောကျနှစ်ခြိုက်လာတဲ့ Alien တစ်ယောက်လို့ ညွှန်းဆိုကြပြန်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။
ဒါရိုက်တာ Glazer ကတော့ ”တစ်ချို့က ဒီဇာတ်ကားကို အရမ်းချစ်ကြတယ်။ တ]

Video Link
https://t.me/biscopei00/3529
Company of Heroes

ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်ပြီးခါနီး ၁၉၄၄ ခုခရစ်စမတ်ကာလမှာ ဂျာမနီကိုမဟာမိတ်တပ်တွေနဲ့ ဆိုဗီယက်တပ်နီတော်တို့က ဝိုင်းထားလိုက်ပါပြီ။ဟစ်တလာကတော့ ဂျာမန်ပြည်သူတွေကိုစွမ်းအားပြင်းလက်နက်တစ်ခုနဲ့အနိုင်ပြန်ယူမယ်လို့ကတိပေးထားခဲ့ပါတယ်။ထိုအချိန် Ardeဂျာမန်ပြည်သူတွေကိုစွမ်းအားပြင်းလက်နက်တစ်ခုနဲ့တဲ့ လက်ဖတင်နင်ကွန်တီက ဆာဂျင်မက်သီဆင်နဲ့သူ့တပ်ဖွဲ့ကိုရှေ့တန်းစစ်စခန်းကို ခရစ်စမတ်ဝက်ပေါင်ခြောက်ပို့ပေးဖို့ တာဝန်ပေးခဲ့ပါတယ်။ဆာဂျင်မက်သီဆင်နဲ့သူ့တပ်ဖွဲ့ဟာနှင်းတော့ကိုဖြတ်သွားရင်းနဲ့ ဂျာမနခရစ်စမတ်စစ်ကြောင်းနဲ့ထိပ်တိုက်တိုးခဲ့ပါတယ်။ထို့နောက်သူတို့ဟာ ဂျာမန်တွေရဲ့အနောက်ဖက်ကိုရောက်သွားပြီးတော့ ဌာနကိုပြန်ဖို့လုပ်ရင်းနဲ့
ဂျာမန်တွေရဲ့လက်နက်စမ်းသပ်တဲ့နေရာတစ်ခုကိုရောက်ရှိသွားခဲ့ပါတယ်

Video Link
https://t.me/biscopei00/3536
14 blades (2010)

IMDb Rating 6.3/10

မင်းသားကြီး Donnie Yen ရဲ့ သိုင်းကားကောင်းလေးမို့ ပြန်လည်တင်ပေးလိုက်ပါတယ်

ဇာတ်ကားဟောင်းဆိုပေမဲ့ ဇာတ်ကားကောင်းမို့ပြန်ကြည့်မယ်ဆိုလည်း ကြည့်လို့ကောင်းပါတယ်

မင်းသမီးလေးကတော့ အပြုံးချိုချိုလေးပိုင်ဆိုင်သာ Zhao_Wei ဆိုရင် တရုတ်ကားစွဲစွဲမြဲမြဲကြည့်ဖူးသူတိုင်း မသိသူမရှိလောက်ပါဘူးဗျ

ဇာတ်လမ်းကိုတော့ မပြေားပြတော့ဘူး ကြည့်ဖူးသူတိုင်းအကြုက်တွေ့ခဲ့တဲ့ကားမို့ အားပေးပါအုံး

Donnie Yen ရဲ့ သိုင်းကားကောင်းဆိုတော့ သိုင်းလောကသားများအတွက် ရှယ်ပေါ့ဗျာ IMDb Rating အနေနဲ့လည်း 6.3/10 အထိရထားတာမို့ ဘယ်လောက်အထိကောင်းနေပြီလည်းဆိုလည်း သိနိုင်ပါပြီနော်

📌 Movie link 🍿
https://t.me/mmchnnell/411
🔥နှုတ်ခမ်းမွှေး တကားကားကြီးနဲ့ စုံထောက်ကြီး K ကို မြင်လိုက်တာနဲ့ ဒီ ကားက ရီရပြီ ဆိုတာ သေချာပြောနိုင်ပါတယ် ရှားလော့ဟုမ်းဆန်ဆန် ဂျိုဆွန်းခေတ်က အမှုတွေကို လိုက်ရင်း အမြဲ တမ်း တလွဲပဲ လုပ်မိနေတဲ့ စုံထောက်ကြီး K...
သူ နားမှာကတော့ ဆိုးတူကောင်းဖက် လက်ထောက်ကြီး
သူတိူ့နှစ်ယောက်နဲ့ တင် တကားလုံးခွီနေရတဲ့ Detective K Trilogy ကတော့ ဘယ်အချိန်ပဲ ကြည့်ကြည့် ရီမောနေစေရမှာပါ



Movie Link ▶️
https://t.me/biscopei00/3540
Please open Telegram to view this post
VIEW IN TELEGRAM
Fair Game (1995)

တစ်ခေတ်တစ်ခါက နာမည်တွေပါဝင်ထားတဲ့ Action, Crime, Romance ဇာတ်ကားလေးဖြစ်ပါတယ်..မင်းသားချော (William Baldwin) နဲ့ မင်းသမီးချော (Cindy Crawford) တို့အပြင် (Salma Hayek) တို့ပါ ဇာတ်ရံအဖြစ်ပါဝင်ပါတယ်

အချိန်ကတော့ ရွှေမင်းသမီးလေးတစ်ယောက် ဘာမသိညာမသိ အမှုတစ်ခုထဲ ဝင်ရှင်းမိပြီး ဒုက္ခရောက်နေတဲ့ချိန်မှာ တိုက်ဆိုင်ချင်တော့ ကိုယ်မှန်တယ်ထင်ရာမဆုတ်တမ်းလုပ်တတ်တဲ့ ဆော်ကြည်ရူပါဖြောင့် ရဲတစ်ယောက်ကလဲ ဒီအမှု့ထဲကို မထင်မှတ်ဘဲ ရောက်သွားပါတယ်

ဒါနဲ့ပဲ ယောင်္ကျားကောင်းတို့ ထုံးစံအတိုင်း ရွှေမင်းသမီးလေးရဲ့ ကိုယ်ရံတော်တပ်မှူးလေးအဖြစ် ဘယ်သူမှမခန့်ဘဲ ကိုယ့်ဖာသာကိုယ် အလန်းစားဝင်လုပ်တာကို တစ်ခေတ်တစ်ခါက အက်ရှင်တွေနဲ့ တင်ဆက်ထားတာပါ

📌 Movie link 🍿
https://t.me/mmchnnell/413
God of Gamblers 1

ဒီဇာတ်ကားလေးကတော့ 2018 က ထွက်ရှိထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတ.်လောင်းကစားလုပ်ကြတဲ့ Gamblers ကားတွေဟာလည်းတမျိုးတစ်ဖုံစိတ်ဝင်စားဖို့ကောင်းပြီး ကြည့်ကောင်းတယ်ဆိုတာအားလုံးလည်းသိကြပြီးသားဖြစ်မှာပါ..ဒီကားလေးကိုခံစားကြည့်လိုက်ပါဦးအညွန်းကတော့
ကောင်းဖန်ကသာမာန်လူတစ်ယောက်ပါဒါပေမဲ့လောင်းကစားဘုရင်မော့ချင်းမင်နဲ့လောင်းကစားနည်းသင်ကြားပြီးနောက်လောင်းကစားဘုရင်အသစ်ဖြစ်သွားတယ်သို့သော်ထူးဆန်းစွာနဲ့လောင်းကစားလောကကနုတ်ထွက်သွားပြီးဘီယာဆိုင်သူဌေးဖြစ်သွားတယ်လောင်းကစားနဲ့မပတ်သတ်တော့ဘဲချစ်သူနဲ့အတူဘီယာဆိုင်ဖွင့်နေပြီးအေးအေးဆေးဆေးဖြစ်နေသလိုနဲ့ကွယ်ရာမှာတော့လောင်းကစားနည်းတွေလေ့လာနေပြီးစိတ်ထဲမှာအစီစဉ်ကြီးစီစဉ်နေတယ်တစ်နေ့မှာချစ်သူရဲ့အစ်ကိုကလောင်းကစားပွဲတစ်ခုမှာဝင်ပါမိသွားပြီးသေရေးရှင်ရေးပွဲဝင်ပြိုင်ဖို့ရွှေဝါတံဆိပ်ရခဲ့တယ်မိသားစုအတွက်နဲ့စိတ်ထဲကအစီအစဉ်အတွက်ကောင်းဖန်ကအန္တရာယ်တွေကျော်ဖြတ်ပြီးရွှေဝါလောင်းကစားမြို့ရောက်ရှိသွားပြီးပွဲကြီးပွဲကောင်းဖြစ်တဲ့သေရေးရှင်ရေးပွဲကြီးစတင်ပြီးဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာတော့ဒီကားလေးထဲမှာဆက်လက်စောင့်ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ….

Video Link
https://t.me/biscopei00/3546
Forwarded from Channel Help
Please open Telegram to view this post
VIEW IN TELEGRAM
God of Gamblers III: Back to Shanghai

ဒီဇာတ်ကားမှာတော့ စတီဖင်ချောင်က အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ထားပြီး Action,Comedy,Fantasy အမျိုးအစားဇာတ်ကားပါ။စတီဖင်ချောင်ဇာတ်ကားအတိုင်း အူတက်အောင်ရယ်ရတဲ့ဇာတ်ကားပါ။ ဖဲကစားတဲ့ လူစွမ်းကောင်းတွေအကြောင်း ကြည့်ကြပါဦး။
နာမည်ကြီးမင်းသားရဲ့ 1 2 3 ဆိုပြီး Series လိုက်ထွက်ထားတယ့် ကားကောင်းလေးပါနော် အားပေးသွားကြပါဉီး ညနေကျရင် ထပ်တင်ပေးဉီးပါမယ်ဗျို့

Video Link
https://t.me/biscopei00/3549
Fight Back To School 3 (1993)

စတီဖင်ချောင်ရဲ့ ဒီဇာတ်ကားကတော့ IMDb Rating (6.2) ထိရရှိထားတဲ့ Action/Comedy အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားက Fight Back to School (1) နဲ့ (2) ဇာတ်ကားတို့ရဲ့အဆက်ဖြစ်ပါတယ်။တတိယကားမှာတော့ စတီဖင်ချောင်တစ်ယောက် ရာထူးပြန်ရပြီးနောက်
လျို့ဝှက်ထောက်လှမ်းရေးအလုပ်ကို ပြန်မလုပ်တော့ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမယ့် အလွဲတို့ထုံးစံအတိုင်း
လူသတ်မှုတစ်ခုထဲက အသတ်ခံရသူဟာ စတီဖင်ချောင်နဲ့ ကံဆိုးစွာရုပ်ချင်းတူနေခဲ့ပါတယ်။
ဒီမှာပဲ ရဲဌာကနေ သေဆုံးသူနေရာကနေ ဟန်ဆောင်ပြီး လူသတ်သမားကိုဖော်ထုတ်ပေးဖို့ စတီတင်ချောင်ကို စေခိုင်းလိုက်ပါတော့တယ်။
အသတ်ခံရသူနေရာကနေ ဟန်ဆောင်ပြီး
ရှုပ်ထွေးလှတဲ့ လူသတ်မှုကိုဖော်ထုတ်ရင်း စတီဖင်ချောင်တစ်ယောက် ဘာတွေနဲ့ကြုံတွေ့ရမလဲဆိုတာ…။

Video Link
https://t.me/biscopei00/3556
🗣️ကြည့်ခဲ့ဖူးသမျှ ရုပ်ရှင်တွေထဲမှာတော့ တခေါက်လောက်ကြည့်ပြီးတာတောင် အကြိမ်ကြိမ်ပြန်ကြည့်မိစေတာကတော့ မင်းသားကြီး Tom Hanks ရဲ့ Forrest Gump ရုပ်ရှင်ပါပဲ ဒီ ဇာတ်လမ်းထဲက Dialogue တွေ ဇာတ်ဝင်ခန်းတွေက အစ ယူတတ်ရင် ပညာရသလို မင်းသားကြီး Tom Hanks ကို Oscar ရရှိစေခဲ့တဲ့ ရုပ်ရှင်လဲဖြစ်ပါတယ် ဒါ့အပြင် Forrest Gump ရဲ့ဘဝဖြစ်စဉ်တွေကို ၂၀ရာစုနှောင်းပိုင်း အမေရိကန်ရဲ့ထင်ရှားတဲ့အဖြစ်အပျက်တွေနဲ့ချိတ်ဆက်ပေးထားတာမို့ အမေရိကန် အထင်ကရ ပုဂ္ဂိုလ်ကြီးတွေရဲ့ သင်ခန်းစာယူစရာ သမိုင်းကိုလဲ လေ့လာခွင့်ရစေမှာပါ ဒီလိုပြည့်စုံလွန်းလှတဲ့ ရုပ်ရှင်ဟာ Best picture, Best director, Best actor, Best adapted screenplay, Best visual effects, Best editing တို့အနေနဲ့ပါ Oscar ဆုအသီးသီးဆွတ်ခူးခဲ့ပါသေးတယ် အနှစ်ချုပ်ပြောရရင် Forrest Gump ရုပ်ရှင်ဟာ လူတိုင်းရဲ့ ဘဝမှာ တခါလောက်ကြည့်ဖူးသင့်တဲ့ အကောင်းဆုံးရုပ်ရှင်တခုလို့သာ ညွန်းဆိုလိုက်ပါရစေ


✅Movie Link ✅
https://t.me/biscopei00/3560
Please open Telegram to view this post
VIEW IN TELEGRAM
The Magnificent Scoundrels (1991)

ဇာတ်လမ်းထဲမှာ ချောင်က အဆင်ပြေရင် ပြေသလို လိမ်ကာ ပတ်ကာ အသက်မွေး လမ်းကြောင်း ပြုသူ တစ်ယောက် ၊သူ့ရဲ့ ချစ်သူ ဆန်ဒရာ ရဲ့ မင်္ဂလာပွဲ ကို အပြေးအလွှားလိုက်ရာ အကြွေး ဝိုင်းနေတဲ့လူလိမ်မလေး “ကွမ်”ဖြင့် ငြိပုံကနေ ဇာတ်လမ်း ကိုအစပျိူးထားပါတယ်။

Magnificient Scoundrels ဆိုတဲ့ ခေါင်းစဉ် နဲ့ အညီ ကြမ်းလွန်းတဲ့ လူဆိုးဂိုဏ်း နဲ့ ပတ်သတ်မိရာကနေ ချောင်တို့နှစ်ယောက် တော်လွန်းတဲ့ အယောင်ဆောင်လူလိမ်တွေ အဖြစ်ငွေရှာပုံ ကိုလည်းထုံးစံအတိုင်း အလွဲ အမှားတွေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။

ဒါ့အပြင် အကြံတူ ဉာဏ်တူတွေနဲ့ဆုံမိရာကနေ အယောာင်ဆောင်လူလိမ် တွေစုပြီး ဘယ်လိုတွေ ပတ်ရှုတ်ကာ ဘယ်လိုမျိူးဖြစ်ကြမလဲ ဆိုတာ? ကြည့်ရှူရမှာပါ၊၊

“ကွမ်”အဖြစ်Teresa Mo ကသရုပ်ဆောင်ထားပါတယ်။Terasa Mo သည် Legend of The Dragon ဇာတ်ကားထဲတွင် သိုင်းဆရာကြီး ရဲ့ တပည့်မောင်နှမ(တစ်နည်းအားဖြင့်ချောင်ကိုတစ်ဖတ်သတ်ကြွေနေသူ) အဖြစ် ချောင်နဲ့တွဲဖက်သရုပ်ဆောင်ထားတဲ့မင်းသမီးဖြစ်ပါတယ်။

📌 Movie link 🍿
https://t.me/mmchnnell/417
Quick Change (1990)

တိုတိုပြောရရင်တော့ Bill Murray ရဲ့ ဘဏ်ဓားပြတိုက်တဲ့ကားပဲ။ လူအများစုကတော့ Oceans Eleven တို့၊ The Italian Job တို့၊ Money Heist တို့လို ဘဏ်ဓားပြတိုက်တဲ့ ရုပ်ရှင်တွေ စီးရီးတွေကြည့်ဖူးကြလိမ့်မယ်။

အဲဒီလို ဘဏ်ဓားပြတိုက်တဲ့ကားတွေမှာ အကြမ်းဖျင်း အဆင့် ၃ ဆင့်ရှိတယ်။ အစီအစဉ်အသေးစိတ်ဆွဲမယ်၊ ဓားပြတိုက်မယ်၊ လွတ်အောင်ပြေးမယ်။ အဓိက ဇာတ်လမ်းတည်တဲ့‌အပိုင်းကတော့ ဓားပြတိုက်တဲ့အပိုင်းပဲ။ ဒီရုပ်ရှင်က အဲဒီလို လမ်းကြောင်းနဲ့ ကွဲတယ်။ အစီအစဉ်ဆွဲတာကို ကျော်ပြီး လာလာချင်းကတည်းက ဓားပြတိုက်တာနဲ့စတယ်။

တခြားရုပ်ရှင်တွေထက် ပိုဒဲ့တိုးသွားတာပေါ့။ ဒီရုပ်ရှင်မှာ အဓိက ဇာတ်လမ်းတည်တာက လွတ်အောင်ပြေးတဲ့အပိုင်း။ ပိုထူးခြားတာက တခြားရုပ်ရှင်တွေထဲကလို CCTV တွေ hack တာတို့၊ အဆင့်မြင့်နည်းပညာတွေသုံးတာတို့ဘာတို့ မပါဘူး။ သာမန်လူက သာမန်အတိုင်း ဉာဏ်ကစားပြီး ဓားပြတိုက်သွားတာပဲ။
ဘဏ်ဓားပြတိုက်တဲ့ နောက်ကွယ်က အကြောင်းအရင်းကလည်း ကျွန်တော်တို့နဲ့ မစိမ်းတဲ့ လွတ်မြောက်ချင်စိတ် ဆိုတဲ့အရာပေါ် အခြေခံတယ်။

Video Link
https://t.me/biscopei00/3561