Bollywood Cinema
73.4K subscribers
581 photos
7 videos
525 links
For Ads Contact 📌 @Alexic56
Download Telegram
💔 အချစ်ဦးကို မြေးဦးရတဲ့အထိ မမေ့ဘူးတဲ့ ❞ ဒီဇာတ်ကားက ကျွန်တော်တို့ငယ်ဘဝတွေနဲ့ ထပ်တူကျလွန်းလို့ အချစ်ဦးနဲ့ ပတ်သတ်တဲ့ အမှတ်တရတွေကိုပဲ ပြန်ပြန်သတိရစေမိမှာပါ အချစ်ဦးကို မေ့မရတဲ့သူတွေအတွက်ကတော့ ဒီဇာတ်ကားကို ဘယ်လိုမှ လက်လွတ်မခံပါနဲ့ တခါလောက်တော့ ကြည့်သွားရင်း အရင်က အကြောင်းတွေကို ပြန်ပြီး တခါလောက်တမ်းတကြည့်ရအောင်လားဗျာ.....


Movie Link ✅😍
https://t.me/mizflix/22
Please open Telegram to view this post
VIEW IN TELEGRAM
The Whole Truth (2016)

ရုပ်ရှင်ဇာတ်အိမ်ကို အမှုတစ်ခုအပေါ် အခြေတည်ထားပြီး ဇာတ်လမ်းအသွားအလာကလည်း မြန်တာမို့လို့ ပျင်းဖို့မကောင်းပါဘူး။ ဇာတ်လမ်းထဲမှာ Keanu Reeves ဟာ Richard Ramsey ဆိုတဲ့ တော်ပြီး ထက်တဲ့ ရှေ့နေနေရာက သရုပ်ဆောင်ထားပါတယ်။ သူ့အမှုတိုင်း လိုလို ကို ကောင်းကောင်း ကိုင်တွယ်နိုင်ပေမယ့် သူ့အသိ Boone Lassiter ရဲ့ သားဖြစ်တဲ့ Mike Lassiter ရဲ့ အမှုမှာတော့ အကြပ်ရိုက်နေရပ်တယ်။ ဘာလို့လဲဆိုတော့ Mike က သူ့အဖေကို ပြန်သတ်ခဲ့လို့ ဖြစ်ပါတယ်။
အဲဒါအပြင် Mike က ဘယ်သူ့ကိုမှ စကားမပြောပါဘူး။ သူ့ရှေ့နေ ဖြစ်တဲ့ Richard ကိုတောင် စကားလုံးဝ မပြောတော့ရှေ့နေRichard တစ်ယောက် အမှုကို ကိုယ်တွယ်ဖို့ အတော်ခေါင်းစားလာပါတယ်။ သူ့အသိ ရှေ့နေမလေးရဲ့ အကူအညီနဲ့ နောက်ဆုံးမှာ Mike စကားပြောလာခဲ့ပေမယ့် မထင်မှတ်ထားတဲ့ ဆိုးရွားတဲ့အဖြစ်အပျက်တွေကိုလည်း သိလာရတာကနေ..........?

📌 Movie link 🍿
https://t.me/mmchnnell/657
3 Idiots Heroes (2023)

လာဗူးဆိုတဲ့ရွာလေးမှာတော့ ကောက်ပဲသီးနှံ ရိတ်သိမ်းတဲ့ရာသီမှာ နောက်နှစ်အတွက် စိုက်ပျိုးဖို့ မျိုးစေ့တွေစုဆောင်းထားပါတယ်
အဲ့ဒီလိုကာလမှာ သူတို့ရွာကို ဓားပြဝင်တိုက်ပြီး သူတို့ရဲ့စုဆောင်းထားတဲ့မျိုးစေ့တွေ ပါသွားပါတော့တယ်
ဓားပြတွေကို ပြန်ချရအောင်လည်း သူတို့ရွာမှာက တစ်ရွာလုံးပေါင်းလို့သေနတ်တစ်လက်သာ ရှိပါတယ်
လာဗူးရွာရဲ့ ရွာဦးကျောင်းထိုင်ဆရာတော်
ခုန်က အရင်က စစ်သည်ရဲမက်
တစ်ယောက်ဖြစ်ခဲ့ပြီးတော့ သူနဲ့အတူတူ စစ်တိုက်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်က အခုဆိုရင်သေနတ်တွေ အမြှောက်တွေ ရောင်းချနေတာကိုသိတဲ့အတွက် ရွာသားတွေထဲက
သုံးယောက်ကို သေနတ်အဝယ်
လွှတ်လိုက်ပါတော့တယ်။သူတို့ သုံးယောက်ရဲ့ သေနတ်အဝယ်
သွားတဲ့လမ်းမှာ ကြုံရတဲ့ဟာသတွေ စွန့်စားခန်းတွေ အလွဲတွေနဲ့ ပြဿနာ
ဖြေရှင်းပုံတွေကို ဟာသတွေအဖြစ် ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
အားလုံးပဲ ဘဝအမောတွေပြေစေဖို့
အသစ်ထွက်ထားတဲ့ ထိုင်းဟာသကားလေးကို ကြည့်ရှု ခံစားလိုက်ကြပါဦးလို့
တိုက်တွန်းလိုက်ရပါတယ်

ဇာတ်ကားlink📌
https://t.me/mizflix/25
Forwarded from Channel Help
အသစ်ထွက်ထားတဲ့ 🎰🎰 အခန်းရဲ့စလော့ကြမ်းကြမ်းနဲ့ 💜🤍🤍🤍💜 မှာငွေအထုတ်ကြမ်းပြီလေ။😱😱


❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️
😊အကောင့်ဖွင့်ရန်😊
⚡ @BunnySlot044
📱 09 88 33 44 044
📱 BunnySlot
🌐 www.BunnySlot.games

😀😀😀
💵💵💵💵💵💵💵💵💵
🐰မန်ဘာသစ်စလော့ 2️⃣0️⃣0️⃣⚡️
🐰မန်ဘာသစ်ရှမ်းကိုးမီး2️⃣0️⃣0️⃣⚡️
🐰နေ့စဉ်2️⃣0️⃣⚡️
🐰ရှုးကြေး 5️⃣⚡️
🐰Midnight Package 3times - 1️⃣0️⃣⚡️
Please open Telegram to view this post
VIEW IN TELEGRAM
The Proposal [2009]

ဒီရုပ်ရှင်ဇာတ်ကားဟာ ၂၀၀၉ ခုနှစ်ထွက် ဒရာမာဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်..

ပါဝင်သရုပ်ဆောင်ထားသူတွေကတော့ နာမည်ကြီးမင်းသမီး Sandra Bullock၊ မင်းသား Ryan Reynolds တို့ဖြစ်ပါတယ်

ဇာတ်လမ်းအကျဉ်းကတော့ စာအုပ်တိုက်တစ်ခုမှာ အယ်ဒီတာချုပ်ဖြစ်တဲ့ Margret တစ်ယောက် ဗီဇာစည်းကမ်းဖောက်လို့ ပြည်နှင်ဒဏ်အပေးခံရမယ့်အခြေအနေဆိုက်နေပါတယ်

သူ့အတွက်ဖြေရှင်းဖို့နည်းလမ်းကတော့ နိုင်ငံသားတစ်ယောက်နဲ့လက်ထပ်တာပါ..

အဲဒီအခါ သူ့လက်ထောက်ဖြစ်တဲ့ Andrew နဲ့ လက်ထပ်ဖို့ကြံစည်ပါတော့တယ်

ဒါပေမယ့်လည်း အမေရိကန်လူဝင်မှုကြီးကြပ်ရေးအရာရှိမှ သူတို့နှစ်ယောက်ပေါင်းလိမ်နေတယ်လို့ သံသယရှိလာတာကြောင့် ၂ ယောက်စလုံးကိုမေးခွန်းတွေမေးမယ်၊

မတူရင် Margret က နယ်နှင်ဒဏ် Andrew ကငွေဒဏ်နဲ့ထောင်ဒဏ်ခံရမှာပါ

ဒီကိစ္စကိုဖြေရှင်းဖို့ ၂ ယောက်သားဘယ်လိုတွေလုပ်ဆောင်မလဲ..

ဘယ်လိုကမောက်ကမတွေဖြစ်ပြီး နှစ်ဦးသား ဘယ်လိုအတူဖြတ်ကျော်ကြမလဲ

မိသားစု၊ ရည်းစားဟောင်းစတဲ့ အခက်အခဲတွေကြားမှာ မထင်မှတ်ပဲအချစ်စစ်တစ်ခုပေါက်ဖွားလာနိုင်မလားဆိုတာကိုတော့

📌 Movie link 🍿
https://t.me/mmchnnell/660
လူလိမ်ကိုဖမ်းဖို့ကြိုးစားရင်းခြိမ်းခြောက်မှုတွေနဲ့ရင်ဆိုင်လာရသောအခါ

ဒီဇာတ်ကားလေးထဲက ဂျန်ဆူ‌ဟျွန်း(Shin Hye Sun) က ဆောက်လုပ်ရေးကုမ္ပဏီက အဖွဲ့မှူးတစ်ယောက်ဖြစ်ပြီး အိမ်ပြောင်းထားတာမကြာသေးတဲ့သူပါ။
အဝတ်လျှော်စက်ပျက်နေလို့ ဝယ်ဖို့အတွက်ကို ကုမ္ပဏီက အစ်မတစ်ယောက်အကြံပေးမှုနဲ့ လိုင်းပေါ်က တစ်ပတ်ရစ်ဆိုဒ်ကနေ စုံစမ်းကြည့်ရာကနေ အလိမ်ခံခဲ့ရပါတယ်။
အဲ့ဒီ‌နောက် လူလိမ်ကို ဖမ်းဆီးဖို့ ကြိုးစားရင်းကနေ မထင်မှတ်ထားတာတွေဖြစ်ပြီး သူက လူလိမ်ရဲ့ ခြိမ်းခြောက်မှုကို ခံနေရပါတော့တယ်။
ဂျန်ဆူဟျွန်းရဲ့ အရာအားလုံးကို လိုင်းလေးတစ်ချက်ခေါက်လိုက်ရုံနဲ့သိနေတဲ့ လူလိမ်ဆီကနေ ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲ။သူ့ရဲ့ ပစ်မှတ်ဖြစ်သွားတဲ့ ဂျန်ဆူဟျွန်းကို အဲ့ဒီလူလိမ်ကရော အလွတ်ပေးပါ့မလား။
ရိုးရိုး ခြိမ်းခြောက်မှုကနေ လူသေမှုတွေပါ ပါဝင်ပတ်သတ်လာတဲ့အခါ ရဲတွေအနေနဲ့ရော ဘယ်လိုတွေအရေးယူဆောင်ရွက်သွားမလဲဆိုတာကို ..


🔥Movie Link
https://t.me/moviecinema78/3674

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
Extreme Fox 2014

ဇာတ်လမ်း အကျဉ်းလေးကတော့ á€”္ပဟည်တ္ဏ်ကဟဎးမသဏ မင်းမှုထမ်းစာမေးပွဲ

ကျရှုံးပြီး á€•á€źá€Šá€şá€á€ąá€Źá€şá€•á€źá€”á€şá€œá€Źá€á€˛á€ˇ á€€á€ťá€ąá€Źá€„á€şá€¸á€žá€Źá€¸á€œá€°á€•á€ťá€­á€Żá€œá€ąá€¸ ဟာ
မထင်မှတ်ထားပဲ

မြေခွေးဝိညာဉ်နဲ့ á€á€˝á€ąá€ˇá€†á€Żá€śá€™á€­á€•ဟဎး ဘယ်လိုတွေ ချစ်ကြိုးသွယ်ကြမလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ကြရမှာပဲ
ဖြစ်ပါတယ်

ဇာတ်ကားlink📌
https://t.me/mizflix/34
Cinderella (2006)

စင်ဒရဲလားပုံပြင်အဖြေရှာရမယ့် ကိုရီးယားသည်းထိတ်ရင်ဖိုကား လာပါပြီ။တစ်ဦးတည်းသော သမီးဖြစ်တဲ့ အထက်တန်းကျောင်းသူလေး ဟျွန်းဆုဟာ
ပလက်စတစ်ဆာဂျရီဆရာဝန်ဖြစ်တဲ့ မိခင်လက်အောက်မှာ မင်းသမီးတစ်ပါးလို ကြီးပြင်းလာရပါတယ်။
ဆယ်ကျော်သက်အရွယ်မှာ အလှအပကို ဦးစားပေးပြီး ခွဲစိတ်ပြုပြင်နေကြတဲ့ သူငယ်ချင်းတွေကြားထဲမှာမှ
သူကတော့ ပြစ်မျိုးမှဲမထင် အလှမျိုးနဲ့ သဘာဝအတိုင်း လှလိုနေတာပါပဲ။ဒါပေမဲ့ မကြာခင်မှာပဲ သူ့အမေဆီမှာ ခွဲစိတ်မှုခံယူခဲ့တဲ့သူငယ်ချင်းတွေ
သံသယဝင်ဖိုကောင်းတဲ့ အကြောင်းရင်းတွေနဲ့ တစ်ယောက်ပြီးတစ်ယောက် သေဆုံးကုန်ကြပါတော့တယ်။
တစ်ချိန်တည်းမှာပဲ သူနဲ့မျက်နှာချင်းတူတဲ့ ကလေးမလေးတစ်ယောက်ရှိတဲ့အကြောင်း ရှာတွေ့သွားတဲ့အခါ…။မိခင်ဖြစ်သူ ဖုံးကွယ်ထားတဲ့လျှိဝှက်ထားတဲ့ လျှိဝှက်ချက်…
စင်ဒရဲလားညီအစ်မ ဇာတ်မှာ ဘယ်သူက,မလဲဆိုတာကို
အခန်းတိုင်း မျက်တောင်မခတ်ဘဲ ကြည့်ရမှာပဲ ဖြစ်ပါတယ်။



🔥Movie link
https://t.me/moviecinema78/3675

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
Project Gutenberg ( 2018 )

ဇာတ်လမ်းအကျဉ်းလေးကတော့လွန်ခဲ့တဲ့ နှစ်တွေက ချစ်သူ ၂ယောက် …
အတူပန်းချီဆွဲကြတယ်..ကောင်မလေး က လက်ရာမှာပါရမီပါတယ်
ကောင်လေးကတော့ သူ့လောက်ပါရမီမထူးပေမယ့်
ပုံတူဆွဲနေတဲ့နေရာမှာလည်း သူက ပါရမီပါတယ်
ကံကြမ္မာလှည့်ကွက်တွေကြောင့်
၂ယောက်သားဝေးပြီးတော့ ပြန်လည်ဆုံတွေ့တဲ့အခါမှာတော့
ကောင်လေးက လူသတ်တရားခံအဖြစ်အဖမ်းခံထားရတယ်
ကောင်မလေးကတော့ နိုင်ငံတကာအသိအမှတ်ပြု
ပန်းချီပညာရှင်တစ်ယောက်….ရဲစခန်းက
ဟွကျားလို့ခေါ်တဲ့လူတစ်ယောက် အကြောင်းကို
ကောင်လေးကိုမေးတယ်..ကောင်မလေးပါတော့မှပဲ
ကောင်လေးက ဟွကျားအကြောင်းကိုဖွင့်ပြောတော့တယ်
ကောင်မလေးနဲ့ဝေးပြီးတဲ့နောက် ကောင်လေးဟာ
ဟွကျားဦးဆောင်တဲ့ ငွေတုဂိုဏ်းတခုကိုရောက်သွားတာကနေ
အစပြုပြီး မြုပ်ကွက်များစွာပါဝင်တဲ့ ဇာတ်လမ်းလေးတပုဒ်ဖြစ်တည်လာပါတော့တယ်
ထိုင်ရာကမထချင်ပဲ အဆုံးထိ စိတ်ဝင်စားပြီး
စောင့်ကြည့်သွားရမယ့် ဇာတ်ကားမျိုးဖြစ်လို့
ရုပ်ရှင်ချစ်သူတွေ လက်မလွှတ်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်

ဇာတ်ကားlink📌
https://t.me/mizflix/39
✅မင်းသားကြီးTom Hanks ဆိုတာ ဘယ်သူဘယ်ဝါရယ်လို့ ညွှန်းစရာမလိုပဲ သူ့အနုပညာသမိုင်းတလျောက် ရိုက်ခဲ့သမျှ ဇာတ်ကားတွေအားလုံးက ကောင်းပေ့ဆိုတာတွေချည်းပါပဲ ခု ပြောပြချင်တဲ့ဇာတ်လမ်းလေးကတော့ အဲ့ခေတ်အခါက အတော်လေးပေါက်ခဲ့သလို ဇာတ်အိမ်အဆန်းကြောင့်ပဲ တကားလူံးရီနေစေရမှာပါ။ ဝေါ်လ်တာတစ်ယောက် သူ့ချစ်သူကောင်မလေးနဲ့ နေဖို့အရေး တိုက်ခန်းရှာရာက ကံကောင်းတယ်ပြောရမလား အိမ်တလုံးကို ဈေးပေါပေါနဲ့ ရလိုက်ပါတော့တယ်..... အချိုအချောင်ဈေးနဲ့ အိမ်တစ်လုံးရလိုက်တဲ့ ဝေါ်လ်တာနဲ့ သူ့မဟေသီတစ်ယောက် ဒီအိမ်ကြီးထဲမှာ ဘယ်လို စခန်းသွားကြမလဲ..? ဒီအိမ်ကိုရော ဘာလို့များ ငွေယိုပေါက် လို့ ခေါ်ရသလဲဆိုတာ ဟာသနှောပြီး ကြည့်ရှုရမှာပါ


Movie Link 👀
https://t.me/mizflix/40
Please open Telegram to view this post
VIEW IN TELEGRAM
Crazy Alien ( 2019 )

တရုတ်မှာတောင်5ပတ်မြောက်ရုံတင်နေဆဲဇာတ်ကားဖြစ်ပြီး
ဝင်ငွေအားဖြင့်လည်း ၂ ရက်အတွင်းမှာ 100 Milions ရရှိထားတဲ့
နောက်ဆုံးထွက်ဇာတ်ကားအသစ်ပဲဖြစ်ပါတယ်..ကြားထဲမှာလည်း
အပတ်စဉ်တိုင်းမှာ China Box Office ရဲ့ Top 10 ဝင်ငွေအကောင်းဆုံး
ကားအဖြစ် 5 ပတ်ပတ်တိတိရပ်တည်နေဆဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းလေးကိုတင်ဆက်ပေးလိုက်ပါမယ်
တရုတ်ပြည်ရဲ့မျောက်လေ့ကျင့်ပေးသူတစ်ယောက်ဆီကို
တခြားဂြိုလ်ပေါ်က ဂြိုလ်သားတစ်ကောင်ဟာ သူတို့ရဲ့
DNA Ball ကို လူသားတွေနဲ့ လဲလှယ်ရာကနေ မှားယွင်းမှုဖြစ်ပြီး
ကမ္ဘာပေါ်ကိုပြုတ်ကျလာခဲ့တယ်..ဖြစ်ချင်တော့ သူဟာ
မျောက်ကလေးနဲ့ပေါင်းစပ်သွားတယ်..ဒါကို မျောက်လေ့ကျင့်ပေးသူက
ဂြိုလ်သားကိုမျောက်တစ်ကောင်လိုကျင့်ပေးနေပါတော့တယ်

📌 Movie link 🍿
https://t.me/mmchnnell/662
Den of Thieves [2018]

ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ လက်ရဲဇက်ရဲနိုင်တဲ့ နယ်ထိန်းရဲတပ်ဖွဲ့နဲ့ ရေတပ်စစ်သားဟောင်းတစ်သိုက်တို့
ပညာပြိုင်ကြပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဓားပြလုံးဝအတိုက်မခံရသေးပါဘူးဆိုတဲ့ ဘဏ်ကို ဒုစရိုက်သမားတွေက
ဘယ်လိုဝင်ခိုးကြမလဲ၊ နယ်ထိန်းရဲတွေက ဘယ်လိုတားဆီးမလဲ၊ မြုပ်ကွက်တွေက ဘာတွေလဲဆိုတာ ကြည့်ရှုခံစားရမှာပါ။
ဇာတ်လမ်းက အများကြီးချဲ့ပြောလေ၊ မြုပ်ကွက်တွေပေါ်လေ ဖြစ်မှာစိုးတဲ့အတွက် အနည်းငယ်ပဲ ညွန်းထားတာဖြစ်ပါတယ်။
မင်းသားကြီးတွေကလဲ အကြမ်းပတမ်းသမားတွေဖြစ်တာကြောင့် ကြည့်ရတာ တကယ်ကိုအားရတဲ့ ကားကောင်းတစ်ကားဖြစ်မှာပါ။
IMDb Rating 7 တောင်ရရှိထားတဲ့အတွက် အက်ရှင်ကားကောင်းတစ်ကားလို့ ပြောလို့ရပါတယ်။

ဇာတ်ကားlink📌
https://t.me/mizflix/43
Forwarded from Channel Help
Please open Telegram to view this post
VIEW IN TELEGRAM
The Imitation Game (2014)

ဒီဇာတ်ကားကို အခုခေတ်လူတွေ ကြည့်ခွင့်ရတာ တကယ့်ကိုထူးတဲ့ ကုသိုလ်တစ်ခုလို့မှတ်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇာတ်ကားထဲက အချက်အလက်တွေက တကယ့် Top Secret တွေဖြစ်ပြီး ဗြိတိန်နိုင်ငံက ဒီအချက်အလက်တွေကို နှစ် ၅၀ ခန့် ထိမ်းသိန်းလျှို့ဝှက်ထားခဲ့တာပါ။
ဒီကားထဲက အလန်ကျူရင်းကို အရင်က မကြားဖူးခဲ့ပါဘူး။ အဲ့ဒီ အလန်ကျူရင်းဆိုတာ ယနေ့ခေတ် ကွန်ပျူတာခေတ်အတွက် အစကနဦး အိုင်ဒီယာချခဲ့တဲ့ ပုဂ္ဂိုလ်ကြီးပါတဲ့။ ဒီဇာတ်ကားက အဲ့ဒီပုဂ္ဂိုလ်ကြီးအကြောင်းကိုရိုက်ထားတာပါ။ သူဟာ ကမ္ဘာ့သမိုင်းကိုဖန်တီးခဲ့တဲ့ လူသားတွေထဲပါဝင်ခဲ့ပြီးတော့ လူ့အသက်ပေါင်း သန်းချီကို ကယ်တင်ခဲ့တဲ့ မဟာလူသားတစ်ဦးဖြစ်ပါတယ်။ (မဟာလူသားဆိုပေမယ့် Perfect ဖြစ်ခဲ့သူတစ်ယောက်တော့မဟုတ်ပါဘူး)
ဒီလို Perfect မဖြစ်ပေမယ့် လူသားဆန်လွန်းတဲ့ လူတစ်ယောက်အကြောင်းကို ဇာတ်လမ်းဇာတ်ညွှန်းကောင်းကောင်း သရုပ်ဆောင်ကောင်းကောင်းနဲ့ တင်ဆက်ထားတာဖြစ်တဲ့အတွက် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။

📌 Movie link 🍿
https://t.me/mmchnnell/663
High-Rise(2015)

ဒီဇာတ်ကားမှာTomရဲ့ သရုပ်ဆောင်စွမ်းရည်ကို ဒီဇာတ်ကားမှာထင်ထင်ရှားရှားတွေ့နိုင်မှာပါ။ ဆိုးဆိုးရွားရွား ရူးသွပ်သူတွေကြားမှာပုံမှန်ရူးသွပ်သူက ဆိုးရွားသူတစ်ယောက်ဖြစ်နေတတ်တာကိုDracula:Untold မင်းသား Luke Evans က Richard Wilderနေရာကနေသရုပ်ဆောင်ပြသွားပါတယ်။ Free will ဆိုတဲ့လွတ်လပ်တဲ့ စိတ်ထားမှာ သန့်ရှင်းမှု တရားမျှတမှု ကောင်းမှုမကောင်းမှုတွေ ဆိုတာရှိဖို့မလိုပါဘူးဆိုတာ ဒီဇာတ်ကားမှာခပ်ကြမ်းကြမ်းလေးပြပေးထားပါတယ်။
လွတ်လပ်တဲ့ စိတ်ထားရှိသူတွေကို အာဏာရှင်တစ်ယောက်ကမအုပ်ချုပ်နိုင်ဘူးဆိုတာရောပေါ့။ဇာတ်လမ်းအကျဉ်းကတော့ ဦးနှောက်ခွဲစိတ်ဆရာဝန် Laingတစ်ယောက် အထပ်မြင့်တိုက်မှာသွားနေပြီးတော့ ဖြစ်ပျက်ကြတဲ့အကြောင်းလေးတွေကနေ ဇာတ်လမ်းတည်ဆောက်ထားတာပါ။
သွေးထွက်သံယိုခန်းနဲ့ sexခန်း နည်းနည်းပါလို့မိသားစုနဲ့ကြည့်မကောင်းပါဘူး။
ဒါပေမယ့်လည်း ဒီဇာတ်ကားကိုက တစ်ယောက်တည်းကြည့်ပြီးထိုင်တွေးရမယ့်ကားမျိုးဖြစ်လို့တစ်ယောက်တည်းပဲအေးအေးဆေးဆေး ကြည့်ဖို့ Recommendပေးပါရစေ။

ဇာတ်ကားlink📌
https://t.me/mizflix/52
Brothers of the Wind (2015)

လင်းယုန်ငှက်တွေဟာ စူးရှတဲ့ အမြင်အာရုံရှိပြီး အမဲလိုက်ရာနေရာမှာလည်းအံ့ဩဖွယ်ကောင်းအောင် ထူးချွန်တဲ့ ငှက်တွေဖြစ်ပါတယ်။ဖမ်းချင်တဲ့ သားကောင်ကိုတွေ့ရင် လေပေါ်ကနေအောက်ကိုထိုးဆင်းပြီးမှ မြေကိုမထိပဲ သားကောင်ကို ချီသွားနိုင်တဲ့ပုံစံဟာ လင်းယုန်ငှက်တွေရဲ့ နာမည်ကြီး အမဲလိုက်ပုံလို့ပဲ ပြောရပါလိမ့်မယ်။ဒီဇာတ်ကားကလည်း အဲ့လို အံ့ဩဖို့ကောင်းတဲ့လင်းယုန်တစ်ကောင်ရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။လူးကပ်စ်ဟာ ထူးခြားတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။သူက ကြင်နာတတ်တဲ့စိတ် အပြည့်ရှိတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီးတစ်ယောက်တည်း အေးအေးဆေးဆေးလည်း နေတတ်သူပါ။ဒီလိုထူးခြားတဲ့ ကောင်လေးတစ်ယောက်မှာအတိတ်ဖြစ်ရပ်ဆိုးတွေလည်း ရှိနေပါတယ်။လူးကပ်စ်ဟာ ဒီဖြစ်ရပ်ကြောင့် စိတ်ဒဏ်ရာရနေပြီးသူ့ရဲ့ဖခင်ဖြစ်သူနဲ့လည်း ပြေလည်တဲ့ ဆက်ဆံရေး မရှိပါဘူး။တစ်နေ့တော့ လူးကပ်စ်တစ်ယောက် လျှောက်သွားရင်းနဲ့တောင်ပေါ်တစ်နေရာက ပြုတ်ကျနေတဲ့ လင်းယုန်ငှက်ပေါက်စလေးတစ်ကောင်ကို တွေ့ခဲ့ပါတယ်။လူးကပ်စ်က ကြင်နာတတ်သူပီပီ ငှက်ကလေးကိုမွေးစားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

ဇာတ်ကားlink📌
https://t.me/mizflix/57
မိုးအေးအေးလေးမှာ ကြည့်ရှုဖို့ဇာတ်ကားကောင်းတစ်ခု

ဒီဇာတ်ကားက မသိတဲ့လူမရှိသလောက်မို့Review ကိုမရေးတော့ဘဲထူးခြားချက်လေးတွေကိုသာဗဟုသုတအလို့ငှာ တင်ဆက်လိုက်ပါတယ်။Titanic ဇာတ်ကားမှ ထူးခြားအချက်အလက်များဇာတ်ကားထုတ်လုပ်သူ 20th Century Fox နဲ့ Paramount Pictures တို့ကမင်းသားနေရာမှာMatthew McConaughey ကို သရုပ်ဆောင်စေချင်ပေမယ့်ဒါရိုက်တာ James Cameron ကLeonardo DiCaprio ကိုပဲ ဇွတ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ဇာတ်ကားထဲမှာ အဖြစ်အပျက်အစအဆုံးကို ပြန်ပြောပြသူအဖြစ်သရုပ်ဆောင်ခဲ့တဲ့ အဘွားအို
Gloria Stuart ဟာသင်္ဘောမြုပ်တာကို ကိုယ်တွေ့ကြုံခဲ့သူပါ။Titanic သင်္ဘောကို တည်ဆောက်ခဲ့စဉ်က$7.5 million ကုန်ကျခဲ့ပါတယ်။၁၉၉၇ ခုနှစ်က ငွေကြေးနဲ့တွက်ရင် $150 million လောက်ကုန်ခဲ့တာပါ။ဇာတ်ကားရိုက်ဖို့အတွက် ပြန်ဆောက်တဲ့သင်္ဘောဟာ $200 million ကုန်ပါတယ်။သင်္ဘောထဲကို ရေထဲဒလဟော ဝင်လာပြီး ပရိဘောဂတွေ ပျက်စီးကုန်တဲ့အခန်းကိုတစ်ကြိမ်ပဲရိုက်ကူးခွင့် ရှိခဲ့တာပါ။ ဘာဖြစ်လို့လဲဆိုတော့ဇာတ်ကားပိုပြီးအသက်ဝင်အောင်ပရိဘောဂတွေကိုတကယ်ဖျက်ဆီးပစ်မှာမို့လို့ပါ


Movie Link
https://t.me/cinema090/3782

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
Forwarded from Movie Studio
🟡 Fb Page မှာ review ရေးရင်း Paid series Channel တခု ရယူလိုက်ပါ ❤️👍


📱Fb page link
https://www.facebook.com/share/1CGXv9vW5w/


✅admin တို့ရဲ့ ဒီ Fb Page မှာ review ရေးပါ ၊ ရေးထားတဲ့ ဟာကို Ss ရိုက်ပြီး 🟢Admin @Alexic56 ဆီ လာပြပြီး Paid Series Channel ရယူလိုက်ပါ


Review ရေးနည်း📝
https://t.me/cinema090/3727?single
Please open Telegram to view this post
VIEW IN TELEGRAM
🔥သွေးအေးပြီး ရ၊က်၊စ၊က်တတ်တဲ့ မြောက်ကိုရီးယားအေးဂျင့် တစ်ယောက် ... သူမတူတဲ့ ပုံစံတွေနဲ့ င၊ရဲ၊ခန်းဆန်ဆန်မစ်ရှင်တွေကို ကျော််ဖြတ်လာအပြီးမှာတော့ နိုင်ငံရဲ့ သ၊စ္စာဖောက်မှုကြောင့်စိတ်နာသွားခဲ့ရတဲ့ Character ပုံစံနဲ့ မင်းသားကြီးGong Yooကို မြင်တွေ့ရမှာပါ ဒီ ဘဲကြီးရဲ့ တို၊က်တာ ခိုက်တာတွေကအစ ဇာတ်ကားတခုလုံး ထိုင်ရာက မထမိစေရအောင် အက်ရှင်ခန်းတွေကလဲ မြိုင်ဆိုင်လှပါတယ် ဇာတ်လမ်းကို ဆက်ရရင် မြောက်ကိုရီးယား အေးဂျင့်တစ်ယောက် က တောင်ကိုရီးယားနိုင်ငံမှာ ဇာတ်မြုတ်နေနေခဲ့ပါတယ် သူ့မိသားစုသူ့ဘဝတခုလုံးလို့ဆိုရမဲ့ ဇနီးသည် နဲ့ သမီးလေးကို သ။တ် သွားတဲ့ ကောင်တွေကိုလဲ လ၊က်၊စား၊ချေချင်စိတ် အပြည့်နဲ့ ပါ။ ဒါကြောင့် တရားခံတွေ‌ ကို တိတ်တဆိတ်စုံစမ်း‌နေခဲ့ပါတယ် ဒါပေမဲ့လဲ တောင် နဲ့ မြောက် နှစ်နိုင်ငံကြားက အားပြိုင်မှုတွေအပြင် ထင်မထားတဲ့ ကံကြမ္မာဆိုးတွေပါ သူ့ဆီဝင်ရောက်လာချိန်မှာတော့ .. ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကတော့ ကိုယ်တိုင်သာ ခံစားကြည့်ရှူလိုက်ကြပါ


Movie Link ✅
https://t.me/mizflix/59
Please open Telegram to view this post
VIEW IN TELEGRAM