UPDATE - အညွှန်းသီးသန့်
5.25K subscribers
9 links
Download Telegram
Clifford the Big Red Dog [2021]

ဒီနေ့မှာတော့ ချစ်စရာကောင်းတဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
IMDb 6 ရထားပြီး ကြည့်ရတာပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းပြေစေမယ့် ဇာတ်ကားလေးပါ။

Universal ရုပ်ရှင်ကုမ္ပဏီကနေ ထုတ်လုပ်ထားပြီး Clifford:The Big Red Dogဆိုတဲ့နာမည်ကြီး ကလေးပုံပြင်စာအုပ်ကိုအခြေခံရိုက်ကူးထားတာပါ

နယူးယောက်မြို့ကြီးကို မကြာသေးခင်ကမှပြောင်းလာတဲ့ အလယ်တန်းကျောင်းသူအမ်မလီအတွက် အပေါင်းအသင်းဆိုတာမရှိဘဲ အထီးကျန်နေခဲ့ရတာပါ၊

ဒီလိုနေရင်းတစ်နေ့မှာ ဘရစ်ဝဲလ်ဆိုတဲ့ တိရစ္ဆာန်ကယ်ဆယ်ရေးသမားကြီးနဲ့တွေ့ပြီး ကလစ်ဖို့ဒ်ဆိုတဲ့ အမွေးနီနီရဲရဲနဲ့ ချစ်စရာပါပီလေးက သူ့ဘဝထဲကို ရောက်လာပါတယ်

ဒါပေမဲ့အမ်မလီဆီရောက်ပြီး တစ်ရက်အကြာမှာပဲကလစ်ဖို့ဒ်လေးဟာအံ့ဩဖွယ်ကောင်းလောက်အောင် နေ့ချင်းညချင်း ၁၀ပေအရွယ် ဧရာမပါပီကြီးဖြစ်သွားတဲ့အခါ

အမ်မလီနဲ့ ဦးလေးဖြစ်သူကေစီတို့ ဒီခွေးလေး ပုံမှန်အရွယ်ပြန်ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ၊
ခွေးလေးရဲ့ အရွယ်ကြီးသွားတဲ့အစွမ်းကို လိုချင်နေတဲ့ နည်းပညာကုမ္ပဏီတစ်ခုပေါ်လာတဲ့အခါ

သူတို့ ဘယ်လိုတားဆီးကြမလဲဆိုတာကို အလွဲအချော်လေးတွေ၊ ဟာသတွေအပြင် ချစ်စရာကောင်းတဲ့ ခွေးလေးရဲ့အပြုအမူတွေကြည့်ပြီး ကြည်နူးရမှာပါ

စိတ်ပင်ပန်းစရာတွေများနေတဲ့ အချိန်မှာ မိသားစု၊ သူငယ်ချင်း၊ ချစ်ရတဲ့သူတွေနဲ့တူတူစိတ်အပန်းပြေအောင် ကြည့်လို့ရမယ့် Comedy/ Family genre ဇာတ်ကားလေးပဲ ဖြစ်ပါတယ်
Shanghai Fortress (2019) China

IMDb 4.3/10
Action Sci-Fi

အာကာသ ကျောက်စိုင်တစ်ခုကြောင့် လူသားမျိုးနွယ်တစ်ခုလုံးဒုက္ခရောက်ရတဲ့အချိန်မှာ လူသားတွေ တိုက်ပွဲရင်ဆိုင်တဲ့ပုံကိုရိုက်ပြထားတဲ့ ကားလေးပါ…ဒီကျူးကျော်သူ ဂြိုလ်သားတွေကိုလူသားတွေ ဘယ်လိုတိုက်မယ်…ဒီစစ်ပွဲတွေကြားထဲမှာဘယ်လိုဇာတ်လမ်းတွေ ရှိနေဦးမယ်ဆိုတာကို စိတ်ဝင်စားဖွယ်မြင်တွေ့ရမှာပါ…အက်ရှင်ကြိုက်သူ၊ sci-fi ချစ်သူတွေလည်းအကြိုက်တွေ့မယ့်ကားလေးမို့ လက်မလွှတ်သင့်ဘူးနော်
Exhuma (2024) HD

EXHUMA ရုံတင်ကားကြီး ကြည်တောက်ရှင်းထွက်လာပါပြီ

စံချိန်တင်ကြည့်ရှု့သူ 10 သန်းကျော်ရရှိတဲ့
ပထမဆုံး Korean Occult Horror Film ဖြစ်လာတဲ့ ‘Exhuma’ ရုပ်ရှင်
ပထမဆုံးရုံတင်ရက်ကနေ အခုချိန်ထိ Box office No 1 မှာပဲရှိနေခဲ့တဲ့ Exhuma ရုပ်ရှင်ဟာ
စံချိန်တင်ကြည့်ရှု့သူ 10 သန်းကျော်ရရှိတဲ့ ပထမဆုံး Korean Occult Horror Film ဖြစ်လာရုံသာမက
Box Office သမိုင်းမှာ 10 million viewers ကျော်ရရှိတဲ့ 23 ခုမြောက် ကိုရီးယားရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။
အကြည်ထွက်လာလို့ cm ပရိတ်သတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်..
နာမည်ကြီး kdrama တွေဖြစ်တဲ့ (Goblin, TheKing: Eternal Monarch, Little Women) တို့ရဲ့ မင်းသမီး Kim Go Eun နဲ့
(Youth Of May, The Good Bad Mother, The Glory) တို့ရဲ့ မင်းသား Lee Do-hyun တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်….
ဒီ movieထဲမှာဆိုရင် မင်းသမီး Kim Go Eun ရော မင်းသား Lee Do-hyun ကပါ
သူတို့တစ်ခါမှ သရုပ်မဆောင်ဘူးကြသေးတဲ့ နတ်ဆရာကာရိုက်တာတွေနဲ့ မြင်တွေ့ကြရမှာပါ….
ဇာတ်လမ်းကတော့ နတ်ဆရာအဖွဲ့ ဟာ အုတ်ဂူတွေတူးပြီး ဝိညဉ်တွေကိုနေရာပြောင်းဖို့လုပ်ရာကနေ
ထင်မှတ်မထားတဲ့ကြမ္မာဆိုးတွေ ဆက်တိုက်တွေ့ကြုံလာတဲ့အကြောင်းဖြစ်ပါတယ်… ခံစားကြည့်ကြပါဦး….
Ash and Bone (2022)

ဒီဇာတ်ကားလေးကတော့ Horror, Mystery, Thriller အမျိုးအစားဖြစ်ပြီး Horror ကြိုက်တွေ ကြိုက်နှစ်သက်တဲ့သူတွေအဖို့ အကြိုက်တွေ့စေမဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့ ကတ်စီဆိုတဲ့ဆယ်ကျော်သက်ကောင်မလေးဟာ သူ့အဖေ လူးကပ်ရဲ့ နောက်မိန်းမဖြစ်သူ ဆာရာနဲ့ ဆက်ဆံရေးအဆင်မပြေတဲ့အတွက်လူးကပ်စ်က သူတို့ကို မိသားစုအချင်းချင်း ပိုအဆင်ပြေရင်းနှီးသွားအောင် မြို့နဲ့ဝေးရာ သူ့ရဲ့ဇာတိမြို့လေးကို ခေါ်လာခဲ့ပါတယ်။ ရောက်ရောက်ချင်းညမှာပဲ ကတ်စီနဲ့ ဆာရာတို့စကားများခဲ့ကြပြီး ကတ်စီက ကားတစ်စီးနဲ့ အရက်ဆိုင်ဘက်ကို ထွက်သွားခဲ့ပါတယ်။ အဲဒီဆိုင်မှာ တာ့ကာနဲ့အန်နာတို့နဲ့ရင်းနှီးသွားပြီး စကားပြောကြရင်းနဲ့ ကတ်စီဟာ မစ်ကင်နလီစ်အိမ်ကြီးရဲ့အကြောင်းကို စိတ်ဝင်စားသွားပါတော့တယ်။ ဒီလိုနဲ့ သူတို့တွေအဲဒီအိမ်ထဲကို ခိုးဝင်ကြရင်းနဲ့ မမျှော်လင့်ပဲ အိမ်ရှင်တွေပြန်ရောက်လာတဲ့အခါ သူတို့ကို လိုက်သတ်ဖို့ ကြိုးစားပါတော့တယ်။

ကတ်စီနဲ့ သူ့ရဲ့သူငယ်ချင်းတွေ လူသတ်သမားတွေလက်ထဲကနေ လွတ်မြောက်နိုင်မှာလား။ ရှေ့ဆက်ပြီး ဘာတွေဖြစ်မှာလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
The Book Of Mythical Beasts

ဒီဇာတ်ကားကတော့ april 2020မှာထွက်ထားတဲ့လူနဲ့နတ်ဆိုးတိုက်ခိုက်မှုကိုမြင်ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပါ..

ကုံးချိန်မင်းအုပ်စိုးစဉ်ကာလမှာ နတ်ဆိုးတွေကိုနှိမ်နင်းတဲ့ကျောက်တုံးဟာမိုးကောင်းကင်က ကျလာတဲ့နတ်မီးကြောင့်ပျက်စီးသွားရပါတယ်...

အဲ့အချိန်မှာ နတ်ဆိုးပေါင်းစုံထွက်လာပြီး ပြည်သူတွေကို
သတ်ဖြတ်တိုက်ခိုက်ပါတော့တယ်…

အဲ့အချိန်မှာ ဟွားမန်ထိန်ဆိုတဲ့နတ်ဆိုးမတစ်ပါးဟာဒီအခွင့်အရေးကိုအသုံးချပြီး လူတွေကိုထိခိုက်အောင်မလုပ်တတ်တဲ့နတ်ဆိုးကောင်းတွေကို နတ်ဆိုးအဖြစ်ပြောင်းလဲပြီးလူတွေကိုသတ်ဖြတ်ခိုင်းကာ လောက ကိုအုပ်စိုးဖို့ကြံပါတယ်..

ဒီလိုနဲ့ ဒီနတ်ဆိုးမကိုဖမ်းဆီးဖို့ နတ်ဆိုးနှိမ်နင်းသူတွေစုမိတဲ့အခါ..နတ်ဆိုးမကိုနှိမ်နင်းနိုင်ပါ့မလား…
love will tear apart

၁၀နှစ်ကြာ ငါနဲ့အတူရှိနေခဲ့တဲ့
သူမကမနက်ဖြန်လက်ထပ်တော့မယ်…….. ငါလိုချင်တာငါတို့အတူရှိနေဖို့ပဲ…..မင်းငါ့ကိုမလိုချင်တော့တာကလွဲရင် ငါကမင်းကိုဘယ်တော့မှပစ်ပယ်မှာမဟုတ်ဘူး…ငါမင်းကိုချစ်ခဲ့မိလို့ ဘယ်တော့မှနောင်တမရဘူး….. လွီချင်းယန်ဟာ
လင်ယီးယောင်ဆိုတဲ့ကောင်မလေးကို အထက်တန်းကျောင်းသားဘဝမှာတစ်ချိန်ကျရင် သူမကို ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝတစ်ခုဖန်တီးပေးမယ်လို့တစ်ကျောင်းလုံးရှေ့မှာ ဂတိပေးခဲ့တယ်….. သူတို့တွေ အပြန်အလှန်အရူးအမူးချစ်မိသွားလို့ နှစ်ပေါင်းများစွာချစ်သူဖြစ်လာတယ်.. လွီချင်းယန်ဟာကောင်မလေးအတွက် အလုပ်ပေါင်းများစွာကြိုးစားလုပ်ကိုင်ခဲ့ပြီး လူအများအားကျရတဲ့ မဂ်လာပွဲနဲ့ ဘဝကိုဖန်တီးပေးဖို့ အမြဲစိတ်ကူးနေခဲ့တယ်…..သူတို့ရဲ့ဘဝလေးဟာ ငွေကြေးမပြည့်စုံပေမယ့် ပျော်ရွှင်ဖွယ်ကောင်းနေခဲ့တယ်…..တခြားအရာတွေထက် ကောင်လေးဘေးမှာ ရှိနေဖို့သာလိုအပ်ပြီးအမြဲလိုလိုလက်ထပ်ဖို့ အသင့်ရှိနေတဲ့သူမ… သူမကိုပြီးပြည့်စုံအောင်ထားနိုင်မှလက်ထပ်ယူချင်တဲ့သူတို့ ထာဝရပေါင်းစည်းနိုင်ပါ့မလား
Where Is The Friend's House (1987)

ပါရှန်းစကားပြော အီရန်ခေတ်ဟောင်းရုပ်ရှင်ကားလေးတစ်ကားကို တင်ဆက်ပေးပါရစေဗျ။ ဇာတ်လမ်းနာမည်အတိုင်းပဲ သူငယ်ချင်းအိမ်ကိုလိုက်ရှာတဲ့ ကျောင်းသားလေးတစ်ယောက်အကြောင်းကို ပုံဖော်ထားပါတယ်။

နာမည်ကျော် ပါရှန်းကဗျာဆရာ ဆိုရော့ဘ်ဆယ်ဖယ်ဟာရီရဲ့ ကဗျာလေးကနေ ကောက်နှုတ်ပြီး တင်ဆက်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်လေးထဲမှာ သူ့ခေတ်သူ့အခါက ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေနဲ့ အဲဒီခေတ်ကလူတွေရဲ့ အတွေးအခေါ်တွေကို ရိုးရိုးလေးနဲ့ လှလှပပ ရိုက်ကူးတင်ဆက်သွားတာပါ။ ဆက်ဖက်ရန်နိုပ်ပါ
Manon of the Spring (1986)

ဒီဇာတ်လမ်းက အချစ်နဲ့ လောဘအလိုရမ္မက်ကိုဖော်ကျူးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။အူဂိုလင်ဆူဘေရန်နဲ့ သူရဲ့ဦးလေးဆီဆာဆူဘေရန်က မျိုးရိုးစဥ်ဆက် ရွှေငွေဥစ္စာဓနတွေစုဆောင်းလာခဲ့တဲ့ဆွေကြီးမျိုးကြီးဖြစ်တယ်။ ဒါပေမဲ့ အူဂိုလင်ပြီးရင် မျိုးဆက်ထဲမှာအမွေဆက်ခံမယ့်သူမရှိတော့ဘူး။ ဒါကြောင့် ပါပိ(ဆီဆာဆူဘေရန်)က အူဂိုလင်ကို အိမ်ထောင်ပြုဖို့တိုက်တွန်းတယ်။

တကယ်တော့ ဆူဘေရန်တွေက လောဘကြီးတဲ့သူတွေဖြစ်လို့ လွန်ခဲ့တဲ့၁၀နှစ်က အိမ်နီးချင်း(မာနွန်တို့မိသားစု)ရဲ့ငွေရပေါက်တစ်ခုကို လုယူခဲ့ဖူးပါတယ်။ အဲဒီလုပ်ရပ်ရဲ့သက်ရောက်မှုကြောင့် မာနွန်ကလေးဘဝမှာပဲ မာနွန့်အဖေသေသွားခဲ့တယ်။
မာနွန်အရွယ်ရောက်လာချိန်မှာ အဖြစ်မှန်ကိုသိသွားခဲ့ရာကစပြီး ဆူဘေရန်တွေရဲ့အတိတ်ကမကောင်းမှုက သူတို့ဆီပြန်လည်ရိုက်ခတ်လာတော့တယ်။
J Baby (2024)

စိတ်နှလုံးချမ်းမြေ့စေမယ့် မိခင်မေတ္တာဖွဲ့ ဒရာမာကားလေးတစ်ကား တင်ပေးလိုက်ပါတယ် ရှုပ်ထွေးဆန်းပြားတဲ့ တည်ဆောက်ပုံတွေ မပါဝင်ပဲ ပရိသတ်ရင်ဘတ်ရောက်အောင် ရိုးရိုးရှင်းရှင်း ဆွဲခေါ်နိုင်မယ့် ဇာတ်လမ်းသွားမျိုးပါ

ဘဝမှာ ပထမဆုံးချစ်ဖူးတဲ့ အမျိုးသမီးက အမေ မဟုတ်လား မိခင်မေတ္တာဆိုတာကို မပြောလည်း လူတိုင်း ခံစားရဖူးတာပါပဲ ဒါတွေသိသည့်တိုင် ကိုယ့်အမေရဲ့စိတ်ထဲ ဘာတွေတွေးနေမှာလဲဆိုတာကိုတော့ အမှုမှတ်အမဲ့မှတ် မတွေးမိပဲရှိတတ်ပါတယ်

ဇာတ်လမ်းအစမှာဆိုရင် ညီအစ်ကိုနှစ်ယောက်ကို သူတို့အမေ အဝေးကြီးက ကောလ်ကတ္တားမြို့ကို ရောက်နေကြောင်း ရဲစခန်းက အကြောင်းကြားလာတယ်သူတို့ညီအစ်ကိုကလည်း နှစ်ပေါင်းများစွာ စကားမပြောတော့တဲ့ ညီအစ်ကိုပေါ့ ဒါပေမဲ့လည်း
ဒီတစ်ခါမှာတော့ နယ်မြေတစ်မျှော်တစ်ခေါ်ကို အတူတူသွားပြီး အမေ့ကိုပြန်ခေါ်ရဖို့ဖြစ်လာတယ်
သူတို့ညီအစ်ကို အတိတ်တုန်းက ဘယ်လိုများ ပြဿနာဖြစ်ခဲ့လို့ စကားမပြောကြတာလဲ
သားသမီးတွေကို အရိပ်တကြည့်ကြည့် ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးခဲ့တဲ့
အမေက​ရော ဘာဖြစ်လို့ ရုတ်တရက် ထွက်သွားရတာလဲဇာတ်လမ်းအစ ဒိုင်ယာလော့တွေထဲမှာပဲ ပြောနေကြတဲ့ အမေ့ရဲ့ တကယ့်ဇာတ်လမ်းကရော
ဘယ်လိုဖြစ်လာမှာလဲ ​ဆိုတာကို ရိုးရိုးရှင်းရှင်း ပုံဖော်ထားတဲ့ ကားကောင်းလေးတစ်ကားပါ
Detective Chinatown (2015)

အားလုံးသိကြတဲ့အတိုင်းစုံထောက်ကားလေးပါပဲတရုတ်တန်းက စုံထောက်ဆိုတဲ့ဇာတ်ကားလေးပါ
အမေရိကန်မှာရှိတဲ့ chinatown မှာနေတဲ တန်ရန် က အမှုတစ်ခုကိုစုံစမ်းဖိုအတွက် ချင်းဖောင်ကို ခေါ်လိုက်တယ်အဲ့ဒီအမှုအတွက်ဆုကြေးကဒေါ်လာငါးသန်းဆိုတော့သူတိူနှစ်ယောက်အမှုကိုဘယ် လိုတွေဖြေရှင်းကြမလဲ သူတိုအမှုကိုဖြေရှင်းပြီးတော့ဆုကြေးဒေါ်လာငါးသန်းရသွားမလား စိတ်ဝင်စားစရာတွေကို ဟာသလေးရောပြီးတော့တင်ဆက်ထားတဲ့ဇာတ်ကားလေးဖြစ်တဲ့အတွက် လက်မလွတ်ပဲကြည့်သင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်
The Legend Of Jade Sword (2020)

သုံးလောကဘုံမှာ ရက်စက်ကြမ်းတမ်းနေတဲ့နတ်ဧရာဇ်ကြီးဝူကျန့်ကို နွီဝါးမယ်တော်က ချိတ်စည်းပိတ်ထိန်းသိမ်းလိုက်ပြီး ကျိမျိုးနွယ်နဲ့ ယွိချီမျိုးနွယ်ကို စောင့်ကြည့်ထားစေခဲ့တယ်။ ဒါပေမဲ့ နတ်ဧရာဇ်ရဲ့ မျိုးဆက်ဖြစ်တဲ့ ရှောက်ယန်ဘုရင်က ချိတ်စည်းကို ဖယ်ရှားဖို့ကြိုးပမ်းနေခဲ့ပြီး မျိုးနွယ်စုကြား The Legend Of Jade Sword ထိန်းမရနိုင်အောင်ဖြစ်ခဲ့တယ်… ကျိမျိုးနွယ်စုဝင်ဖြစ်တဲ့ ကျိယိချွမ်းက မျိုးနွယ်စုအတွက်မကောင်းဆိုးဝါးကို ဖမ်းပေးပြီးရင် ဆရာတူညီမလေးဖြစ်တဲ့ ယွိချီရွှယ်နဲ့ လွတ်လပ်တဲ့ကောင်းကင်ဘုံရတနာမြေဆီ ထွက်ခွာဖို့လုပ်ခဲ့ကြတယ်…မကောင်းဆိုးဝါးဖမ်းဆီးရာကနေ သူတို့တွေ ဘယ်လိုအဖြစ်အပျက်တွေကြုံတွေ့ရမလဲ …သူတို့တွေ ကောင်းကင်ဘုံရတနာမြေဆီသွားတဲ့ခရီးလမ်းမှာ ဘယ်တွေဖြစ်ကြဦးမလဲ….နတ်ဧကရာဇ်ကြီးရဲ့ မျိုးဆက်ရဲ့အကြံအစည်ကရော ဘာများဖြစ်နေမလဲ။ စစ်မှန်တဲ့လွတ်လပ်မှုနဲ့ တရားမျှတမှုကို ရရှိဖို့အတွက် သူတို့အပေါင်းအဖော်တွေ နွီဝါးလောကကို ပြန်သွားတဲ့အခါမှာ ဘယ်လိုတိုက်ပွဲတွေဖြစ်လာဦးမလဲဆိုတာ
Pete's Dragon [2016]

Disney ရဲ့ ၂၀၁၆ ထွက် လက်ရာကောင်းတစ်ခုပါပဲ။ IMDb 6.7 ရထားပါတယ်။

ဇတ်လမ်းအကျဉ်းလေးကတော့ ၅ နှစ်သားမှာ ကားမှောက်ပြီးမိဘ၂ ပါးလုံး ဆုံးသွားတဲ့ ကလေးလေး Pete၊တောနက်ထဲမှာ တစ်ယောက်တည်းဖြစ်နေတုန်း
သူ့လိုပဲ တစ်ကောင်တည်းအထီးကျန်နေတဲ့ နဂါးကြီးနဲ့တွေ့ပြီး သူငယ်ချင်းတွေ ဖြစ်လာခဲ့တယ်။

နဂါးကို နဂါးလို့ခေါ်မှန်းတောင် မသိတဲ့ Pete လေးဟာနဂါးမိတ်ဆွေလေးကို သူ့ပုံပြင်စာအုပ်ထဲက အက်လီရက် ဆိုတဲ့နာမည်ကိုပေးထားပြီတောထဲမှာ ၂ ကောင်သား ၆ နှစ်တိတိအသက်ရှင်နေထိုင်နေခဲ့ပါတယ်။

တစ်နေ့မှာတော့ သစ်ခုတ်ရင်း တဖြည်းဖြည်း တောနက်ထဲထိ ကျွံဝင်လာတဲ့ အလုပ်သမားတွေနဲ့ သစ်တောအရာရှိမိသားစုလေးနဲ့ ဆုံတွေ့ဖို့ အကြောင်းဖန်လာတဲ့အခါ…

သူတိုရဲ့ သံယောဇဉ်တွေနဲ့ ဘယ်လိုစခန်းသွားမလဲဆိုတာ ခံစားကြည့်ရှူလိုက်ပါဦးနော်
Shade (2003)

IMDb- 6.3/10
Genre - Drama, Thriller

ဇာတ်လမ်းက တိုတိုပြောရရင် ဒါမျိုးကားတွေက အညွန်းရေးရတာ မကောင်းဘူးSpoiler တွေ ပါကုန်မှာစိုးလို့တကယ်တမ်း ဒီကားဆို နာရီဝက်လောက်ကတည်းကလှည့်ကွက်တွေက စသုံးနေပြီ။ ဒီတော့ ပထမဆုံး ဒီကားအခြေခံထားတာက အယ်အေပိုကာဖဲလောကပေါ့နော် အဲဒီမှာ ဘုရင်တစ်ဆူ ရှိတယ် နံပါတ် ၁ ပေါ့ သူ့ကို ဒင်းန်လို့သမုတ်ကြတယ်။ ပြီးတော့ လူတွေကို ရိုက်စားလုပ်နေတဲ့ ချာလီနဲ့ တွဲဖက်မိန်းကလေးတစ်ဖနီဆိုတာရှိတယ်။ သူတို့က ဖဲဆော့တာ လက်ရည်ကောင်းလို့ဆိုပြီး ပါလာတဲ့ဂျန်နင်းရှိမယ်။ တတိယလူအဖြစ် ဖဲကိုင်တဲ့နေရာမှာ ဆရာကျပြီး ချာလီနဲ့ အလုပ်တွဲလုပ်ဖူးတဲ့ ဗာနွန်ပါလာမယ်။ ဒီအုပ်စုကြီးက ဒီ ဒင်းန်ဆိုတဲ့ ဆရာကြီးကို ဝိုင်းဖြုတ်ကြမယ်ပေါ့။တစ်ဖက်မှာလည်း လူမိုက်ဂိုဏ်းတို့ဘာတို့ကလည်း တစ်ဇာတ်လမ်းပေါ့လေကြည့်ရင်းနဲ့တော့ ရှင်းသွားပါလိမ့်မယ် သိပ်အများကြီး ပြောလို့မရဘူး ဖြစ်နေတော့။သရုပ်ဆောင်တွေကလည်း ဆရာတွေနော်
Men of Honor (2000)

ဒီကားက အမေရိကန် ရေတပ်မတော်မှာ ပထမဆုံးသော လူမည်းရေငုတ်သမားဘဝကို ဖိနှိပ်တားဆီးမှုကြားက
ကြိုးစားခဲ့ရတဲ့ ကားလ်ဘရေးရှီးရှား Carl Brashear ရဲ့ ဘဝဖြစ်စဉ်ကို ရိုက်ပြထားတာဖြစ်ပါတယ်…

ဟာသတွေ CGI နည်းပညာတွေ မျက်ရည်ချူကွက်တွေ ရိုဆန်ဆန်အမူအရာတွေ တစ်ခုမှ မပါ ပါဘူး…

သို့ပေမယ့် ခင်ဗျားဟာ ဇာတ်လမ်းအမျိုးအစားရွေးချယ်ကြည့်ရှုရာမှာ ဘယ်လောက်ပဲ ဇီဇာကြောင်နေနေ …

ဒီကားက ချွင်းချက်ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော် မဝံမရဲ အာမခံပေးလိုက်ပါ့မယ်…ခံစားကြည့်လိုက်ပါဦးဗျ….
American Ultra 2015

သူမရဲ့ပရိုဂရမ်ကမအောင်မြင်ခဲ့ပေမယ့် Adrian ကတော့သူရဲ့ Tough Guy ဆိုသည့်ပရိုဂရမ်ကအောင်မြင်မှုရထားတာပါ။ Adrian ကသူ့ရဲ့ Tought Guy ကလူတွေကိုစေလွှတ်ကာ Ultra အေဂျင့်လက်ကျန်ကို ရှင်းခိုင်းလိုက်ပါတယ်။ အဲ့ဒိမှာပဲ Lasseter က Mike ကို ဆက်သွယ်ခဲ့ပါတော့တယ်။ Adrian ရဲ့လူတွေက Mike ရဲ့ကားကိုဗုံးထောင်ကာသူ့ကိုလည်းတိုက်ခိုက်လာပါတော့ တယ်။ Mike က ဒီလူတွေကိုရှင်းပစ်လိုက်ကာ သူ့ရည်းစား Phoebe ထံဖုန်းဆက်ပြီးနောက်မှာတော့ သူတို့နှစ်ဦးသားလူသတ်မှုဖြင့်ရဲစခန်းရောက်သွားပါတော့တယ်။

Adrian ကရဲစခန်းကိုလူတွေထပ်မံစေလွှတ်ကာ Mike တို့ကို သတ်ခိုင်းခဲ့ပေမယ့်လွတ်သွားခဲ့ပြန်ပါတယ်။ ဒီနောက်မှာတော့ Mike ရဲ့သူငယ်ချင်းဖြစ်သည့် Rose ရဲ့အိမ်ကိုသွား ရောက်ကာပုန်းနေပါတော့တယ်။ Adrian ကတော့ တစ်မြို့လုံးကိုပိတ့်ဆို့ထားပြီး Rose ရဲ့အိမ်ကိုမေ့ ဆေးဓါတ်ငွေ့လွှတ်ကာတိုက်ခိုက်ရာမှာတော့ Rose တစ်ယောက်သေဆုံးသွားခဲ့ပါတော့တယ်။ Mike ကတော့ Phoebe ရဲ့ကယ်တင်မှုကြောင့် လွတ်မြောက်ခဲ့ရပြန်ပါတယ်။ CIA ရဲ့လုပ်ပုံလုပ်နည်းတွေကို Phoebe တစ်ယောက်သိနေသည့် အတွက်မေးရာမှာတော့ သူမဟာ Mike ကိုထိန်းချုပ်နေရသည့်
Honey I Shrunk the Kids (1989)

ဇာတ်လမ်းကတော့ မအောင်မြင်တဲ့ သိပ္ပံပညာရှင်တစ်ယောက်က အရာဝတ္ထု
တွေကို မူလအရွယ်အစားကနေ သေးသွားအောင် ချုံ့ချင်နေတာပါ။ သူ့ရဲ့ရည်
ရွယ်ချက်က အာကသခရီးတွေမှာ ပစ္စည်းများများစားစား ယဉ်ပေါ်တင်လို့ ရနိုင်
ဖို့ပေါ့။ ဒါပေမဲ့ သူ့စက်က မအောင်မမြင် ဖြစ်နေတုန်း သူ့ရဲ့သားနဲ့သမီးရယ်
အိမ်နီးချင်းလင်မယားရဲ့ သားတော်မောင်နှစ်ယောက်ရယ်တို့ဟာ မတော်တဆ
စက်ရဲ့ပစ်ကွင်းထဲရောက်ပြီး အချုံ့ခံလိုက်ရပါတယ်။
သိပ္ပံပညာရှင်က ဒါကိုမသိလိုက်ဘဲ ကလေးတွေကို အမှိုက်တွေနဲ့တကွ လှည်း
ကျင်း အိတ်ထဲထည့်ပြီး အိမ်နောက်ဖေး ပို့လိုက်ပါသတဲ့။ ပုရွက်ဆိတ်လောက်ပဲ
အရွယ်အစားရှိတော့တဲ့ ကလေးတွေဟာ အိမ်နောက်ဖေး ကွင်းပြင်ကို သူတို့အ
ရွယ်အစားလေးတွေနဲ့ ခရီးကြမ်းဖြတ်လို့ အိမ်ကိုပြန်၊ ဖခင်ကိုအကူအညီတောင်း
ပြီး နဂိုအရွယ်ပြန်ဖြစ်အောင်လုပ်ရမယ့် အဖြစ်ကို သဘောတကျ ကြည့်ရှုရမှာပါ။
ခံစားလိုက်ကြပါဦး။
Alex Cross (2012)

IMDb - 5.2/10

Alex Cross က ဇနီးဖြစ်သူ ကိုယ်ဝန်သည် မာရီယာနဲ့အတူ ဒီထရွိုက်မြို့မှာနေပါတယ်။ အဲဒီအချိန်မှာ အက်ဖ်ဘီအိုင်က သူတို့ရဲ့ဝါရှင်တန်ဒီစီကဌာနချုပ်မှာ တာဝန်ထမ်းဆောင်ပေးဖို့ ကမ်းလှမ်းပါတယ်။ လက်ခံသင့်မခံသင့် စဥ်းစားနေချိန်မှာပဲ လူချမ်းသာအမျိုးသမီးတစ်ဦးကို နှိပ်စက်သတ်ဖြတ်သွားတဲ့အမှုတစ်ခုဖြစ်သွားပါတယ်။ လူသတ်သမားဟာ အမျိုးသမီးတင်မက သက်တော်စောင့်တွေကိုပါ တစ်ဦးတည်းသတ်ဖြတ်သွားခဲ့တဲ့အပြင် အခင်းဖြစ်ပွားရာနေရာမှာတင် ပန်းချီတစ်ပုံရေးဆွဲပြီး ထားရစ်ခဲ့ပါသေးတယ်။ဒီလူသတ်သမားဟာ စိတ္တဇလူသတ်သမားဖြစ်ရုံမက နောက်ထပ်ကွင်းဆက်လူသတ်မှုတွေကိုပါ ထပ်မံကျူးလွန်ဖို့ရှိတယ်ဆိုတာကို Alex Crossသိရှိသွားတဲ့အခါမှာတော့ လူသတ်သမားနဲ့ Alex အကြားအားပြိုင်မှုစတင်ပါတော့တယ်။ လူသတ်သမားက Alex ရဲ့မိသားစုကိုပါ ထိပါးဖို့ကြိုးစားလာတဲ့အချိန်မှာတော့ Alex တစ်ယောက်ဘယ်လိုတုံ့ပြန်မလဲ စနစ်တကျလေ့ကျင့်ထားတဲ့လူသတ်သမားကိုယှဥ်ပြိုင်နိုင်ပါ့မလားဆိုတာကို Action Thriller ဇာတ်ကားပီပီ ရင်တမမနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။
Downsizing (2017)

သိပ္ပံပညာရှင်တွေဟာ လူဦးရေထူထပ်မှုပြဿနာကို လူတွေကို ၅ လက်မအရွယ်အစားလောက်ဖြစ်အောင် ချုံ့ပစ်တဲ့အစီအစဉ်နဲ့ဖြေရှင်းခဲ့ရာမှာ ကြုံရမယ့် အခြေအနေလေးတွေကို တင်ဆက်ထားတာဖြစ်ပါတယ်

ပေါလ်နဲ့ အော်ဒရေတို့ဟာ ငွေရေးကြေးရေးမပြေလည်မှုတွေ ကြုံနေရတဲ့ဇနီးမောင်နှံပါ၊ ကျောင်းသားဟောင်းစုံညီပွဲတစ်ခုကိုတက် ရင်း ၅ လက်မအရွယ်ချုံ့ထားတဲ့ သူတို့မိတ်ဆွေ ဒေ့ဗ်၊ ကရိုးလ်တို့နဲ့ ဆုံခဲ့ရပါတယ်

လူဦးရေ ထူထပ်မှုနဲ့ စားနပ်ရိက္ခာပြဿနာကို ဖြေရှင်းပြီးသားဖြစ်စေတဲ့ အရွယ်အ စားချုံ့တဲ့ အစီအစဉ်ကို နော်ဝေသိပ္ပံပညာရှင်တွေက တီထွင်ခဲ့တာဖြစ်ပြီး လူအတော်များများလည်း ပါ၀င်ထားပြီဖြစ်ပါတယ်

အရွယ်အစားချုံ့တဲ့ အစီအစဉ်ကို ပေါလ်တစ်ယောက်စိတ်၀င်စားခဲ့တဲ့အတွက် ဒေ့ဗ်နဲ့ဆွေးနွေးကြည့်ခဲ့ပြီး နောက်မှာတော့ ဆိုဒ်ချုံ့ပြီးရင်မူလအရွယ်အစား ပြန်မရနိုင်တော့မှန်းသိပေမယ့် လူတန်းစေ့နေ ထိုင်စားသောက်နိုင်ဖို့အတွက် တစ်နေ့တစ်နေ့ စိတ် ပူပန်နေရတဲ့ ပေါလ်နဲ့ အော်ဒရေတို့ဟာ ဘ၀နေထိုင်မှုပိုကောင်းမယ်လို့ယူဆရတဲ့ ၅ လက်မကမ္ဘာထဲကိုသွားနေဖို့ ဆုံးဖြတ် လိုက်ပါတော့တယ်
Upon the Magic Roads (2021)

ဒါကတော့ရုရှားစကားပြောကားလေးပါ၊ ရုရှား ရှေးပုံပြင်တစ်ပုဒ်ဖြစ်တဲ့ The Humpbacked Horse ကိုရုပ်ရှင်ရိုက်ထားတာပါ

ဆင်းရဲတဲ့လယ်သမားတစ်ယောက်ရဲ့သားဖြစ်သူအိုင်ဗန်ဟာ မှော်မြင်းမတစ်ကောင်ကိုကူညီမိရာက လူစကားတတ်တဲ့မြင်းပေါက်စလေးတစ်ကောင်ကို လက်ဆောင်ရပြီး တူတူစွန့်စားခန်းထွက်ကြပါတယ်

ရုပ်ရှင်က ရုရှားကားဆိုပေမယ့် ၀တ်စုံတွေ Visual effects တွေကြည့်လို့ကောင်းပြီးမူလပုံပြင်အတိုင်းဖြစ်အောင်ရိုက်ကူးထားပါတယ်။ပေါ့ပေါ့ပါးပါးနဲ့မိသားစုလိုက်ကြည့်နိုင်မယ့်ကားလေးပါ
1911 Revolution (2011)

IMDB (5.8/10)

တရုတ်နိုင်ငံတွင် နှစ်ရှည်ကြာစွာခိုင်မြဲတည်တန့်ခဲ့တဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်ကို တွန်းလှန်ဖယ်ရှားရာမှာ တရုတ်ပြည်သူများ ကို ဒေါက်တာဆွန်ယက်ဆင်နဲ့အဖွဲ့မှ ဦးဆောင်ခဲ့ပါတယ်

ဒီဇာတ်ကားက တရုတ်ပြည်ရဲ့ မန်ချင်းမင်းဆက်ကိုနန်းကျစေခဲ့တဲ့ ဒေါက်တာဆွန်ယက်ဆင်ဦးဆောင်တဲ့ ၁၉၁၁ ရှင်းဟိုက် လူထုတော်လှန်ရေးကိုအခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်သမိုင်းအခြေခံဇာတ်ကားတစ်ကားဖြစ်ပါတယ်

မင်းသားကြီး ဂျက်ကီချန်းမှ သရုပ်ဆောင်၊ဒါရိုက်တာအဖြစ် ပါဝင်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်