Breathe (2024)
==========
အနာဂတ်တစ်ချိန်မှာ ကမ္ဘာကြီးမှာ အောက်စီဂျင်တွေလုံး၀ကုန်ဆုံးသွားပြီး လူသားမျိုးနွယ်လည်း မျိုးတုန်းသွားခဲ့ပါတယ်။ မာယာနဲ့ သမီးဖြစ်သူဇိုရာတို့ကတော့ ဖခင်ဖြစ်သူရဲ့အကူအညီနဲ့ အောက်စီဂျင်ကိုဆက်လက်ထုတ်လုပ်ပြီး အသက်ရှင်နေနိုင်နေကြပါတယ်။ လေထုထဲမှာ အောက်စီဂျင်မရှိတာကြောင့် အာကာသထဲမှာလိုပဲ ပုန်းခိုနေတဲ့စခန်းထဲကထွက်ရင် အောက်စီဂျင်ကိရိယာအကူအညီနဲ့ပဲ ထွက်ခွာလို့ရပါတယ်။
တရက်မှာတော့ မြို့ပျက်ကြီးထဲက မာယာတို့သားအမိရဲ့ ပုန်းအောင်းရာနေရာလေးကို သူစိမ်းတွေရောက်လာပြီး မာယာတို့ကိုအန္တရာယ်ပြုဖို့ကြိုးပမ်းလာတဲ့အခါမှာတော့ မာယာတို့သားအမိနှစ်ယောက် ဒီသူစိမ်းတွေရဲ့ရန်ကို ဘယ်လိုရင်ဆိုင်ကြမလဲ၊ အသက်ရှင်ကျန်ရစ်တဲ့ လူသားတွေမရှိတော့တဲ့ကမ္ဘာကြီးမှာ ဒီလူတွေက ဘယ်သူတွေလဲ၊ ဘာကိုလိုချင်တာလဲဆိုတာကို စိတ်၀င်စားဖွယ် ဆက်လက်ကြည့်ရှုရမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။I

The Sandman (2022)
နက်ဖလစ်ရဲ့နတ်ဘုရားစီးရီးအသစ်တစ်ခုကိုတင်ဆက်ထားပါပြီ။
American Gods တို့ Norse Mythology တို့ကို ရေးခဲ့တဲ့ စာရေးဆရာကြီး
နီးလ်ဂိုင်မန်ရဲ့ လက်ရာတွေထဲက Sandman ဆိုတဲ့ နတ်ဘုရား စွမ်းအားရှင်
တစ်ယောက်အကြောင်းပါပဲ။
ဇာတ်လမ်းအစမှာတော့ ကမ္ဘာနှစ်ခုကို အရင်ပြသထားပါတယ်။ လူသားတွေ
နေတဲ့ နိုးထကမ္ဘာနဲ့ အိပ်မက်ကမ္ဘာပေါ့။ အိပ်မက်ကမ္ဘာရဲ့ နတ်ဘုရားဟာ သူ့ဆီ
ကနေ ထွက်ပြေးပြီး လူတွေကို ဒုက္ခပေးနေတဲ့ အိပ်မက်ဆိုးတစ်ကောင်ကို
လိုက်ဖမ်းနေခဲ့ပါတယ်။ ဖမ်းမိသွားတဲ့အချိန်လေးမှာပဲ ဘာမှမလုပ်ခင် သူ့ကို
လူသားတစ်စုက မှော်အစီအရင်တွေနဲ့ ထောင်ချောက်ဆင်ဖမ်းတာခံလိုက်ရပါတယ်။
ဒါပေမဲ့ တကယ်တော့လည်း လူသားတွေ ဖမ်းချင်တာက သေမင်းတမန်တော်ကိုပါ။
ယုံထောင်ကြောင်မိဖြစ်ပြီး အိပ်မက်နတ်ဘုရားက အချောင်ဖမ်းခံလိုက်ရပါတယ်။
နောက်မှသိရတာက အိပ်မက်နတ်ဘုရားဟာ Endless ဆိုတဲ့ အဆုံးမဲ့နတ်ဘုရား (၇)
ပါးထဲက တစ်ပါးဖြစ်နေတာပါပဲ။ အဲဒီ ၇ ပါးကတော့ ကံကြမ္မာ၊ ခွဲခွာမှု၊ အိပ်မက်၊
ဖျက်ဆီးခြင်း၊ ရမက်၊ သောက၊ ထင်ယောင်ထင်မှား ဆိုတဲ့ ဘုရား(၇)ပါးပါပဲ

Scoop (2024) Web-dl 1080p
BBC ကိုမြင်လိုက်တာနဲ့ကမ္ဘာ့အကြီးမားဆုံးသတင်းဌာနကြီးတွေထဲကတစ်ခုအပါအဝင်ဆိုတာကိုတော်တော်များများကတန်းသိကြမှာပါ။တခြား BBC ကိုပြောတာမဟုတ်ပါဘူးနော် အတွေးမမှားပါနဲ့။BBC ကတစ်ကမ္ဘာလုံးအတိုင်းအတာနဲ့အောင်မြင်နေတဲ့သတင်းဌာနတစ်ခုဖြစ်ပြီးမြန်မာနိုင်ငံအပါအဝင်တခြားနိုင်ငံပေါင်း ၂၀၀ ကျော်မှာပါရပ်တည်နေတဲ့သတင်းဌာနတစ်ခုပဲဖြစ်ပါတယ်။အဲ့ဒီလိုအောင်မြင်လာဖို့ဆိုတာလွယ်ကူတဲ့အရာတစ်ခုတော့မဟုတ်ပါဘူး။အမှန်ကန်ဆုံးသတင်းတွေကိုအမြန်ဆန်ဆုံးတင်ဆက်ပေးနိုင်အောင်ရှိသမျှဝန်ထမ်းတစ်ယောက်မကျန်အစဉ်မဆက်အမြဲတမ်းအစွမ်းကုန်ကြိုးစားနေရပါတယ်။
အခုတင်ဆက်ပေးမဲ့ Scoop ဆိုတဲ့ဖြစ်ရပ်မှန်ဇာတ်ကားထဲမှာ အမေရိကန် BBC မှာ ၂၀၁၀ ခုနှစ်လောက်တုန်းကဖြစ်ခဲ့တဲ့အသက်မပြည့်သေးတဲ့မိန်းကလေးတွေကိုလိင်အမြတ်ထုတ်လိင်ကုန်ကူးနေတဲ့ဖြစ်ရပ်ဖြစ်ပြီး ၉ နှစ်အကြာမှာအဲ့ဒီအမှုရဲ့တရားခံနဲ့ဘက်ကင်ဟမ်နန်းတော်ကဘုရင်မကြီးရဲ့အချစ်ဆုံးသားဖြစ်တဲ့နယူးယောက်မြို့စားကြီးတို့ရဲ့ဆက်နွယ်နေမှုအကြောင်းတွေနဲ့အခြားသောအကြောင်းအရာတွေကိုထုတ်ဖော်တင်ဆက်နိုင်ဖို့ BBC ဝန်ထမ်းတွေဘယ်လိုကြိုးစားအားထုတ်ခဲ့ကြတယ်ဆိုတာကိုရုပ်ရှင်ဆန်ဆန်ရိုက်ကူးပြသထားတာကိုစိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။

Night Explorers :The Asylum (2023)
ဇာတ်လမ်းအကြောင်းကတော့…မင်းသားတို့သူငယ်ချင်းတစ်စုဟာ ချန်နယ်တစ်ခုထောင်ထားပြီးတော့ ခြောက်ခြားစရာကောင်းတဲ့နေရာတွေမှာ ပရလောကနဲ့ဆက်သွယ်တဲ့အကြောင်းကို တင်ဆက်ကြတဲ့သူတွေပါ။ သူတို့က အခုအခါမှာတော့ ကြုံတော့ကြုံခဲအနေနဲ့ ပီလိုစီစိတ္တဇဆေးရုံကို ဝင်ခွင့်ရခဲ့ကြပါတယ်။ ပီလိုစီဆေးရုံကိုသွားဖို့အတွက် သူတို့ကအခြားအဖွဲ့တစ်ခုနဲ့ပူးပေါင်းပြီးသွားကြပါတယ်။
အရင်တင်ဆက်ထားတဲ့ ဗီဒီယိုတွေမှာ သရဲခြောက်တာကိုအလိမ်အညာလုပ်တာ အရမ်းများသွားတဲ့အတွက် ဒီတခါမှာတော့ အလိမ်အညာမလုပ်တော့ပဲ တကယ်သရဲခြောက်တဲ့အတွေ့အကြုံကိုပဲ တင်ဆက်ကြမယ်ဆိုပြီးသွားကြပါတယ်။ဆေးရုံကိုရောက်တဲ့အခါ ဆေးရုံကအရမ်းကြီးလွန်းတော့ လူခွဲသွားဖို့အကြောင်းဖန်လာပါတယ်။ ဆေးရုံထဲမှာ ဖုန်းလိုင်းကလည်းမမိ၊ ယူသွားတဲ့ရေဒီယိုတွေကလည်း နံရံတွေအရမ်းထူနေတဲ့အတွက် ကောင်းကောင်းအသုံးပြုလို့မရဖြစ်လာတဲ့အခါ သူတို့ ဘယ်လိုခြောက်ခြားစရာတွေနဲ့ကြုံရမလဲ ဆိုတာဆက်လက်ကြည့်ရှုကြပါခင်ဗျာ။

Act 1978 (2020)
မတရားခံရတာတွေများလာရင် ငြိမ်ခံမနေသင့်ဘူးဆိုတာ သိပ်မှန်တယ်
ဒီထဲက အမျိုးသမီးကလည်း မတရားခံရတဲ့သူ ဘယ်လိုမတရားခံရတာလဲဆိုတော့ တာဝန်ပေါ့လျော့တတ်ပြီး ရေသာခိုတဲ့အပြင် မျက်နှာကြီးရာသာ ဟင်းဖတ်ပါတတ်တဲ့ အစိုးရဝန်ထမ်းတွေရဲ့ မြေစာပင်အဖြစ်နဲ့ ခံခဲ့ရတာ
ဒါပေမယ့် သူက ခေါင်းငုံ့မခံဘဲ သူလိုချင်တာကို ရအောင်ယူခဲ့တယ်
ဘယ်လိုယူခဲ့လဲဆိုတော့ အဲ့ဒီ့အစိုးရရုံးထဲ ဗုံးကိုခါးမှာပတ်ပြီး ဝင်သွားတယ် ပြီးတော့ သူလိုချင်တာ ရအောင်မလုပ်ပေးရင် ဗုံးကိုခွဲလိုက်မယ်ဆိုပြီး လေပြေလေးနဲ့ ခြိမ်းခြောက်တယ်
အဲ့လိုနဲ့ သူနဲ့ အစိုးရဝန်ထမ်းတွေနဲ့ ရဲတွေနဲ့ အထက်အကြီးအကဲတွေနဲ့ ဘယ်လိုနှစ်ပါးဆက်သွားမလဲ

Songjiang God Father ( 2023 )
SongJiang GodFather ဆိုတဲ့ Action ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့- 1930 ခုနှစ် အစောပိုင်းလောက်မှာ
ဂျပန်က တရုတ်ပြည်မထဲက ဟယ်နန်ပတ်ဝန်းကျင်မှာ
စီးပွားရေးတိုးချဲ့ရန် ကြိုးစားနေပါတယ်။ ထိုအချိန်မှာ ဂျပန်မှ
ရင်းနှီးမြှုပ်နှံမှုတွေ များစွာဝင်လာခဲ့ပါတယ်။
ဂျပန်လျှို့ဝှက်တပ်ဖွဲ့တွေကလဲ ကျန့်ကျိုးတစ်ဝိုက်မှာ လျှို့ဝှက်စွာ
စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။ ဂျပန်တွေ ဖက်ကလဲ
ဂျပန်တုန်းယန်ကုမ္ပဏီတည်ထောင်ပြီး စီးပွားရေး
ဆိပ်ကမ်းတည်ဆောက်ရန်အတွက် ပြည်မအတွင်းမှ ကုန်သည်များအဖွဲ့နဲ့ ပူးပေါင်းရန် လိုအပ်နေပါတယ်။
ဒါကို ကုန်သည်များအဖွဲ့ဥက္ကဌကြီးကုက လက်မခံခဲ့ပါဘူး။
သို့သော် ဥက္ကဋ္ဌကြီးရဲ့ သားအရင်းဖြစ်သူ ကုရှီးကွမ်းကတော့
ဂျပန်တွေနဲ့ ပူးပေါင်းပြီး အကျိုးအမြတ်ရချင်တဲ့အတွက် အ
ဖေဖြစ်သူကို သတ်ခဲ့ပြီး သူ့ရဲ့မွေးစားညီဖြစ်သူ ကုယန့်ချိုးကို စွပ်စွဲခဲ့ပါတယ်။
လူသတ်သမားအဖြစ် စွပ်စွဲခံထားရတဲ့ ကုယန့်ချိုးတစ်ယောက်
သူအပြစ်ကင်းကြောင်းကို သက်သေပြဖို့ ဘယ်လို ကြိုးစားရမလဲ......

Bachelor Party (2024) “ကြိုးပြတ်သွားသော ခိုင်းနွား”
=========================
IMDb 6.6 ရထားပြီး အမှန်အကန်ရယ်ရမယ့် ကန်နားဒါး ဟာသကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်…ဇာတ်လမ်းအကျဥ်းကတော့ ဆန်တို့ရှ်က ရိုးသားကြိုးစားပြီး ဘော့စ်က အားထားရတဲ့ဝန်ထမ်း – မိသားစုကို လိုလေသေးမရှိရလေအောင်
ထောက်ပံ့တဲ့လူကောင်းတစ်ယောက်ဖြစ်ပေမဲ့ အိမ်ပြန်ရောက်လာရင်တော့ ကြင်သူသက်ထားရဲ့ ခြေသုတ်ခုံဘဝကို ရောက်သွားပါတယ်…
ဆန်ဒယာက ဘာအလုပ်မှမလုပ် အိမ်ဖော်ငှားပြီးယောကျာ်းရှာသမျှစည်းစိမ်ကို သုံးဖြုန်းတဲ့အပြင် … ဆန်တို့ရှ်ကို ခိုင်းနွားလိုဆက်ဆံ…
အလုပ်ကပြန်ရောက်ရင် ရေတစ်ခွက်တိုက်ဖို့နေနေသာသာ တစ်စက်လေးမှ အဖတ်မလုပ်ပဲ ယောကျာ်းကို မီးဖိုချောင်မှာ ညအိပ်ခိုင်းတဲ့
ချစ်စရာ ဇနီးချောလေးတစ်ယောက်ပေါ့ ဒါတွေကို သည်းမခံနိုင်တော့တဲ့အဆုံးမှာတော့ တစ်နေ့ ဆန်တို့ရှ်တစ်ယောက် ပါတီတစ်ခုမှာ
ငယ်သူငယ်ချင်းနဲ့ ပြန်ဆုံပြီး သူတို့ရဲ့ ကျောင်းဆရာ အပါအဝင် သုံးယောက်ပေါင်း လောင်းကျော်ရင်း နွားသိုးကြိုးပြတ်သလို
ရူးသွပ်မှုလယ်ဗယ်လ် အဆုံးစွန်ရောက်သွားတဲ့ စွန့်စားခန်းတွေကို ရယ်ရယ်မောမော ရှုစားရမှာဖြစ်ပြီး
ဆန်တို့ရှ်တစ်ယောက် ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတတ်တဲ့ ယောကျာ်းတစ်ယောက် ပြန်ဖြစ်လာပါ့မလားဆိုတာကို…မီဆိုဂျီနီ အဆင့်ထိ မရောက်ပေမယ့်လို့ ဖီးမေးလ် အန်ပါဝါးမန့်နဲ့ ဆန့်ကျင့်ဘက်ဖြစ်တဲ့ မေးလ်အန်ပါဝါးမန့်ကို ဦးစားပေးထားတဲ့အတွက်
မမတို့ညီမလေးတို့အကြိုက်တွေ့မယ့် ကားလေးပါနော်

The House with a clock in Its Walls [2018]
2018 ထွက် ရုံတင် ရုပ်ရှင် မှော်ကားလေးတစ်ကား တင်ပေးထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ မိဘ၂ပါး ကားအက်ဆီးဒန့်နဲ့ ဆုံးသွားပြီးမိဘမဲ့ဖြစ်နေတဲ့ လူးဝစ်ဆိုတဲ့ ကလေးလေးဟာဦးလေးဖြစ်သူ ဂျိုနသန်နဲ့အတူနေဖို့ ပြောင်းရွှေ့လာပါတော့တယ်။
ဂျိုနသန်ရဲ့အိမ်အတွင်းမှာ ညဘက်တွေမှာထူးဆန်းတဲ့အသံတွေကြားရပြီ သူ့ဦးလေးနဲ့အိမ်နီးချင်းဖြစ်သူရဲ့ထူးဆန်းတဲ့အပြုအမှုတွေကနေ တဆင့် သူမသိထားတဲ့မှော်လောကတစ်ခုအကြောင်း သိလာပြီးသူကိုယ်တိုင် မှော်ဆရာတွေ စုန်းမတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ

The Secret Of Moonacre (2008)
--------------------------------
IMDB (6.2/10)
ဗိုလ်မှုးကြီး မယ်ရီဝဲသာဟာ သေဆုံးခဲ့ပြီးနောက် သူ့ရဲ့သမီး မာရီယာ မယ်ရီဝဲသာ အတွက်Moonacre ရွာရဲ့ ရာဇဝင်ကို ရေးသားထားတဲ့စာအုပ်တစ်အုပ်ကို အမွေအဖြစ်ထားရှိခဲ့တယ်
အဖေသေဆုံးတဲ့အပြင် အိမ်တွေဟာလည်းဆုံးရှုံးတဲ့အတွက် နေထိုင်တဲ့နေရာကနေစွန့်ခွာခဲ့ရပြီး ဦးလေးတော်စပ်သူအိမ်မှာသွားရောက်နေထိုင်ဖို့ဖြစ်လာခဲ့တယ် သူ့ကိုအရမ်းချစ်မြတ်နိုးတဲ့ ဟီလီရိုထရော့ ဟာလည်း လိုက်ပါလာခဲ့ပါတယ်
ဦးလေးဖြစ်သူနေထိုင်တဲ့နေရာဟာ စာအုပ်ထဲမှာရေးသားထားတဲ့ Moonacre ရွာဖြစ်ပြီး ထူးဆန်းမှုတွေကို တောက်လျှောက်ကြုံတွေ့ရတဲ့ မစ်စ်မယ်ရီဝဲသာတစ်ယောက် ခက်ခဲစွာ ကျော်ဖြတ်ခဲ့ရပုံတွေ သေခါနီး တိရစာၦန်လေးတွေကို ကယ်တင်ခဲ့ပုံများကို ဒီကားလေးထဲမှာ တွေ့မြင်ရမှာပါ
ဒီဇာတ်ကားလေးဟာ အလွန်ကိုစိတ်ဝင်စားဖို့ကောင်းသလို ကြည်နူးစရာတောတွင်းနဲ့ ထိတ်လန့်ဖွယ်ရာတောတွင်း ဒုက္ခတွေကို တွေ့မြင်ရမှာပါ

The Magic Flute (2022)
=================
ဒီဇာတ်ကားလေးက Adventure, Fantasy, Musical အမျိုးအစားဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ တင်မ်ဝေါ်ကာဆိုတဲ့လူငယ်လေးဟာ သူ့အဖေရဲ့ဆန္ဒအတိုင်းမိုးဇတ်ဂီတကျောင်းကို သွားတက်ခဲ့ပါတယ်။ သူ့အဖေမဆုံးခင်မှာ သူ့ကို ထူးခြားဆန်းကြယ်တဲ့ “မှော်ပုလွေ”ဆိုတဲ့စာအုပ်ပေးခဲ့ပြီး အဲဒီစာအုပ်ကို သက်ဆိုင်တဲ့နေရာမှာ ပြန်ထားပေးဖို့မှာခဲ့ပါတယ်။ အဲဒီတော့ တင်မ်ဟာ သူ့အဖေရဲ့ဆန္ဒကိုအကောင်အထည်ဖော်ဖို့ မိုးဇာတ်ကျောင်းကိုရောက်သွားပါတော့တယ်။
တစ်နေ့မှာတော့ ညသုံးနာရီထိုးတဲ့အခါ တင်မ်ဟာ ကျောင်းစာကြည့်တိုက်ထဲမှာ ထိုင်နေရင် မှော်စာအုပ်ရဲ့အစွမ်းကြောင့် မှော်ပုလွေတိုင်းပြည်ကိုရောက်သွားပါတော့တယ်။ အဲဒီတော့ တင်မ်ဟာ သူ့အဖေရဲ့ဆန္ဒကို အကောင်အထည်ဖော်နိုင်ပါ့မလား။ မှော်ပုလွေတိုင်းပြည်မှာ ဘယ်လိုစွန့်စားခန်းတွေဖွင့်ရမလဲဆိုတာကို သီချင်းကောင်းကောင်းလေးတွေနားထောင်ရင်းကြည့်ရှုခံစားရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

Rashtra Kavach Om (2022)
======================
ခုတစ်ခါထွက်ရှိလာတဲ့ ကားလေးကတော့ မင်းသားချော
အာဒစ်သယားရွိုင်းကပူး (Malank မင်းသား) ရဲ့ အက်ရှင်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်
ကမ္ဘာ့နိုင်ငံကြီးတွေမှာ နျူးကလီးယားလက်နက်တွေ တီထွင်နေကြတယ်
ဖွံ့ဖြိုးတိုးတက်နေကြတယ် ဒါပေမဲ့ နျူးကလီးယားလက်နက်ကိုခုခံနိုင်မယ့်
လက်နက်တစ်ခု မရှိဘူးဖြစ်နေတယ်..
အိန္ဒိယနိုင်ငံက ဒီလက်နက်ကို တီထွင်တယ်ဆိုပါတော့...
နျူးကလီးယားလက်နက်ကို ခုခံနိုင်တဲ့ လက်နက်တစ်ခုကို
အောင်မြင်စွာ တီထွင်လို့အပြီးမှာ တီထွင်သူဟာ နိုင်ငံတော်ကို
သစ္စာဖောက်သွားခဲ့ပါတယ်...
အဲ့ဒီသစ္စာဖောက်ကို တပ်ဖွဲ့တစ်ခုဖွဲ့စည်းပြီး လိုက်လံဖမ်းဆီးဖို့
နိုင်ငံတော်က တာဝန်ပေးလိုက်တယ်..
ဒီကိစ္စဟာ ထင်သလိုမရိုးရှင်းလာဘဲ လှည့်ကွက်လေးတွေပါနေတဲ့အခါ
ဇာတ်ကွက်တစ်ခုချင်းစီကို ဘယ်လိုဖေါ်ထုတ်မလဲဆိုတာကို
စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်

The Water Horse (2007)
ဒုတိယကမ္ဘာစစ်မီးကြီးဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့
တောက်လောင်နေခဲ့တဲ့အချိန် အင်္ဂလန်ရဲ့အစွန်အဖျား တောကျတဲ့
ပင်လယ်ဝက ရွာလေးတစ်ရွာမှာ လူငယ်လေးတစ်ယောက်ဟာ
စစ်အတွင်း တာဝန်ထမ်းဆောင်ဖို့ ထွက်သွားတဲ့ သူ့ရဲ့အဖေပြန်အလာကို
နေ့တိုင်းစောင့်မျှော်ရှာနေခဲ့ပါတယ်။
သူဟာ သူ့ရဲ့ဖခင်ကိုသူသတိရနေခဲ့သလို
သူ့ရဲ့ ကျေးလက်ရွာငယ်လေးဟာလည်း စစ်ရဲ့ ကြမ်းတမ်းတဲ့အငွေ့အသက်ကို
မသိမသာရော သိသိသာသာကြီးပါ ခံစားနေခဲ့ရပါပြီ။ဒီလူငယ်လေးဟာ
ရေကြောက်တတ်တဲ့သူဖြစ်ခဲ့ပေမယ့် ရေပြင်ကျယ်ကြီးနဲ့ နက်နက်ရှိုင်းရှိုင်း
ပတ်သက်ခဲ့ဖို့လည်း ကုသိုလ်ကံပါလာခဲ့သူပါ။
ဒီဇာတ်လမ်းမှာထဲမှာ လှပတဲ့
ကျေးလက်ရှုခင်းများအပြင် စစ်အတွင်းကာလရဲ့ ဆိုးဝါးကြမ်းကြုတ်လှတဲ့
ကံတရားတွေ လူနဲ့တိရိစ္ဆာန်တွေကြားထဲက ချစ်ခြင်းမေတ္တာတွေကို
အလှပဆုံး ဖေါ်ကြူးထားခဲ့ပါတယ်။ဇာတ်လမ်းဟာ အရမ်းကိုရိုးရှင်းလှသလို
ဇာတ်ကွက်ဇာတ်အိမ်ကလည်း သိပ်ကို ရိုးရှင်းလှပါတယ်…
ဒါပေမယ့်
သူ့ခေတ်သူ့အခါတုန်းက Box office: 103.1 million USD ဝင်ငွေပြန်လည်ရရှိခဲ့တဲ့အထိ
အောင်မြင်ခဲ့ပြီး သိပ်ကိုလှပတဲ့ဇာတ်လမ်းလေးတစ်ခုလို့သတ်မှတ် ခံထားရတာပါ ။

the princess and the matchmaker
ဒီကားလေးကတစ်မျိုးလေးဆန်းထားတယ် ဖူးစာတွေဓာတ်သဘောသဘာဝတွေကိုဦးတည်ပြီးပြထားတယ်ဇာတ်ကားနာမည်နဲ့လိုက်အောင်ပေါ့မင်းသမီးလေးတစ်ပါးဟာမွေးလာကတည်းကကံဆိုးတယ်ဆိုပြီးနန်းတော်ထုတ်ခံထားရတယ်တစ်နေ့ဗေဒင်ပညာရှင်တွေရဲ့အကြံပေးမှုကြောင့်နန်းတော်ပြန်လာခွင့်ရခဲ့တယ်သူရောက်လာပြီးမကြာခင်ပဲတိုင်းပြည်ကမိုးခေါင်မှုနဲ့ကြုံရတယ်ဘယ်လိုဖြေရှင်းရပါ့ပေါ့ဗေဒင်ပညာရှင်ကြီးတွေကမင်းသမီးကိုလက်ထပ်ခိုင်းလိုက်ရင်မိုးပြန်ရွာလာပါလိမ့်မယ်တဲ့အဲ့တော့မင်းသမီးပျားတုပ်ပြီပေါ့ဇာတ်လိုက်သူကလည်းဗေဒင်ပညာရှင်ပဲ သူကဖူးစာတွက်တဲ့နေရာမှာဆရာတစ်ဆူမွေးရက်ရယ်မျက်နှာရယ်မြင်တာနဲ့နောက်ပိုင်းဘာတွေဆက်ဖြစ်မယ်ဆိုတာသေချာပြောနိုင်တယ်သူကHwayugiထဲကမင်းသားလေးပါ မိန်းကလေးတွေရဲ့အသည်းစွဲပေါ့သူတို့၂ယောက်ဘယ်လိုစုံဖြစ်ကြပြီးဘာတွေဆက်ဖြစ်မလဲဆိုတာတော့..?

Immaculate (2024)
-----------------------
Sydney Sweeney လေးရဲ့ နာမည်ကျော် ဟော်ရာရုပ်ရှင်အသစ်လာပါပြီ။ ဒီရုပ်ရှင်ကို ဆစ်ဒနီက ၁၇ နှစ် သမီးကတည်းက လူရွေးပွဲဝင်ပြိုင်ဖူးပေမဲ့ မရိုက်ဖြစ်ခဲ့တာပါ။ အခု ဆယ်နှစ်လောက်နေတဲ့အထိ သူဒါကို စိတ်မကုန်ဘဲ ကိုယ်တိုင် ပရိုဂျူဆာအဖြစ်ပါပြီး ရိုက်ဖြစ်အောင် စီစဉ်ခဲ့တာပါ။ ဘာသာရေးအစွန်းရောက်တွေကို ရင်ဆိုင်ရတဲ့ ဖြူစင်ရိုးသားတဲ့ အချောအလှသီလရှင်လေးအဖြစ် ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်း
Immaculate ဆိုတဲ့ခေါင်းစဉ်က သန့်ရှင်းစင်ကြယ်သောလို့ အနက်ရပါတယ်။ ဒီရုပ်ရှင်မှာ အမေရိကန်ကနေလာတဲ့ စစ္စတာဆယ်စီလီရာ ဟာ အီတလီရဲ့ ကျေးလက်ဒေသ သီလရှင်ကျောင်းတစ်ခုကို ရောက်လာပါတယ်။ အဲဒီနေရာက သီလရှင်ကြီးတွေရဲ့ နောက်ဆုံးအချိန်တွေအတွက် ပြုစုစောင့်ရှောက်ပေးတဲ့နေရာပါပဲ။ အဲဒီနေရာကို ရောက်ပြီး မကြာခင်မှာပဲ ဆယ်စီလီရာဟာ ကိုယ်ဝန်ရှိနေတာကို သိလိုက်ရပါတယ်။ အပျိုစင်အစစ်ကနေ ကိုယ်ဝန်ရှိလာတာဖြစ်ကြောင်း နည်းမျိုးစုံ စစ်ဆေးအပြီးမှာ ဘုရားကျောင်းတစ်ခုလုံးက ဆယ်စီလီရာဟာ ခရစ်တော်ကို ကိုယ်ဝန်ဆောင်ထားတဲ့ ဒုတိယမြောက် မယ်တော်မေရီဆိုပြီး လက်ခံလိုက်ကြပါတယ်။

Zombiepura (2018)
ဇွန်ဘီကားကို ပေါ့ပေါ့ပါးပါးကြည့်ချင်တယ်ဆိုရင် ရွေးချယ်သင့်တဲ့ကားအမျိုးအစားပါပဲ။ ဘာပြီးရင်ဘာဖြစ်မလဲဆိုပြီး တစ်ဆက်တည်းကြည့်ဖြစ်သွားမယ့်ကားမျိုးပါ...။
စစ်တပ်စခန်းတစ်ခုမှာ ဇွန်ဘီဗိုင်းရပ်စပြန့်လာတယ် အမြဲရေသာခိုတတ်တဲ့စစ်သား၊ စည်းကမ်းကြီးတဲ့အထက်အရာရှိ၊ စစ်ကန်တင်းကကောင်မလေး စတဲ့
အဓိကဇာတ်ဆောင်တွေက ဇွန်ဘီကပ်ဘေးကနေလွတ်မြောက်အောင် ကြိုးစားကြတယ်။ ဗီလိန်လည်းပါပါတယ်...ကြုံလာတဲ့အခက်အခဲတစ်ခုကိုကျော်ဖြတ်ဖို့ ကြိုးစားရမှာ တစ်ဦးတည်းတစ်ကိုယ်ကောင်းဆန်ဆန်ကျော်ဖြတ်နိုင်ဖို့ ကြိုးစားခြင်းထက်စာရင် စုပေါင်းကြိုးစားခြင်းကပဲအမြဲတမ်းအောင်နိုင်သွားတယ်ဆိုတဲ့ messageကို ရစေပါတယ် ။
setting, acting, zombie make up အကုန်အဆင်ပြေပါတယ်။ genreကတော့ comedyနဲ့horrorပေါင်းထားတာပါ။ အနောက်တိုင်းဇွန်ဘီကားတွေနဲ့ယှဥ်ရင်တော့ ပေါ့သလိုဖြစ်ပေမယ့် စင်္ကာပူculture, တရုတ်cultureနဲ့မစိမ်းတဲ့သူတွေ ဒါမှမဟုတ် သူတို့တွေရဲ့cultureတွေ ဘာသာစကားလေယူလေသိမ်းတွေကို သိချင်တဲ့သူတွေအတွက် အပျင်းလည်းပြေ cultureဗဟုသုတလည်းရတဲ့ ကားမျိုးပါပဲ။

Musudan [2016]
ပန့်ဟောက်စ် ထဲက ရှင်းဆူယွန်း လို လူသိများတဲ့ မင်းသမီးကြီး အီဂျီအာ ရဲ့ Mystery Thriller ကားတစ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ တောင်ကိုရီးယားနှင့်မြောက်ကိုရီယားနယ်စပ်ကြားမှာ အကြောင်းအရင်းမရှိလူသေမှု၊ လူပျောက်မှုတွေ ဖြစ်နေခဲ့လို ဒီအကြောင်းကိုစုံစမ်းဖြေရှင်းဖို တောင်ကိုရီးယားက အထူးတပ်ဖွဲဖွဲပြီး ၂၄နာရီမစ်ရှင် တစ်ခုကို စေလွှတ်ခဲ့ပါတယ်။
ဒါပေမယ့် ဒီတပ်ဖွဲ နယ်စပ်ကိုရောက်သွားတဲ့အခါမှာတော့ သာမန်မဟုတ်တဲ့အဖြေတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။
ဒီအဖြေက ဘာဖြစ်မလဲဆိုတာ ဖော်ထုတ်ရင်း ဘယ်လိုအခက်အခဲမျိုးတွေနဲ့ကြုံတွေ့ရလဲ၊ အဖြေကို ရှာတွေ့တဲ့အချိန်ဘာဆက်လုပ်ကြလဲ၊ နောက်ဆက်တွဲဘာတွေဖြစ်လာလဲ ဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။
#Credit

Peony Order (2024)
ဇာတ်လမ်းအကျဉ်း
ဟိုးရှေးခေတ်တုန်းက အလယ်ပိုင်းဒေသမှာ နေရာအနှံ့စစ်ပွဲတွေဖြစ်ပွားခဲ့တယ် အရင်မင်းကြီးဟာ တိုင်းပြည်အခြေအနေကို ပြန်လည်ထိန်းမတ်ပြီး ဒေသအသီးသီးမှ ရန်သူတွေကို သုတ်သင်ချေမှုန်းခဲ့ပါတယ်
နံပါတ်လေးမင်းသားဟာ ငယ်ကတည်းက အတိုက်အခိုက်ကျွမ်းပြီး တိုက်ပွဲတိုင်းမှာအနိုင်ရတာကြောင့် နန်းတက်ဘုရင်ဖြစ်လာခဲ့ပါတယ်
ဒီလိုနဲ့ တည်ငြိမ်စပြုလာတဲ့နိုင်ငံတော်မှာ ဘုရင့်တူတော်ဖြစ်တဲ့ကလေးငယ်ကို သိုင်းလောကဓားသမား ဟုန်မူတန်းက ထူးဆန်းစွာ ခိုးယူသွားခဲ့ပါတယ်
ဒီလိုနဲ့ ပျောက်ဆုံးသွားတဲ့ တော်၀င်သွေးဘုရင့်တူတော်ကို ပြန်ရှာဖို့အတွက် သိုင်းလောကနေရာအနှံ့ကို စေလွှတ်ခဲ့ပါတယ် ဒါပေမဲ့ ဘာသတင်းမှ မရခဲ့ပါဘူး
ဆယ်နှစ်ကြာပြီးနောက်မှာတော့ ဟုန်မူတန်း သိုင်းလောကမှာ ပြန်ပေါ်လာပြီဆိုတဲ့သတင်းကြားလိုက်ရတဲ့အခါ

Evil Does Not Exist (2023)
ဂျပန်မှာတောင် ဧပြီ၂၆မှ ရုံတင်မှာဖြစ်လို့ ဦးဦးဖျားဖျားကြည့်ရမယ့် သဘောပါပဲ။Evil Does Not Exist ရဲ့ Concept ဟာ သဘာဝနဲ့လူသားကြားက အပြန်အလှန်သက်ရောက်မှုကို အခြေခံထားတယ်။
ကားစစချင်းမှာတော့ ပါဖက်ဒေးထဲကလိုပဲ မိုးထားတဲ့သစ်ပင်ကြီးကို အောက်ကနေ ရိုက်ထားတဲ့ အပြတွေနဲ့ အကြာကြီးပြထားသလို
တစ်ကားလုံးလည်း သူဇာတ်အိမ်တည်ထားတဲ့ နယ်ဘက်ကျေးဘက်က မြို့ကလေးနဲ့ အဲဒီမြို့ကလေးနဲ့ဆက်စပ်နေတဲ့ သစ်တောရဲ့ သဘာဝတရားတွေကို တော်တော်အားရပါးရ ရိုက်ပြထားတယ်။
နောက်စမ်းချောင်းကလေးကနေ ရေသွားခပ်တဲ့ လူတစ်ယောက်ကို ဆက်ပြတယ်။ သူနဲ့အတူတူ သစ်တောကိုပါ မြင်နေရတယ်။
နောက်ဆက်ပြမှာက ဒီချောင်းရေက သူတို့မြို့အတွက် အရေးပါတဲ့အရာဖြစ်နေတော့ ချောင်းထဲက ရေခပ်တဲ့ ဇာတ်ဝင်ခန်းနဲ့ဖွင့်ထားတယ်။
ရေခပ်ပြီး အပြန်မှာတော့ သမင်လိုက်တဲ့လူတစ်အုပ်ပစ်လိုက်တဲ့ ခပ်ဝေးဝေးက သေနတ်သံတစ်ချက်ကို သူတို့တွေသဲ့သဲ့ကြားလိုက်ရတယ်။ဒါက ဒီရုပ်ရှင်ရဲ့ သဘာဝဘက်တစ်ခြမ်းလို့ထားပါတော့။
ပြီးတဲ့နောက် မြို့ပေါ်က လူတွေက သူတို့မြို့ကလေးမှာ မြေတွေဝယ်ထားပြီး ကမ့်စခန်းအိမ်ခေါ် ကမ့်ထွက်တဲ့အရသာရမယ့် ဟိုတယ်လိုလိုနေရာ တည်ဆောက်ဖို့ သူတို့နဲ့အရင်လာညှိနှိုင်းကြတယ်။
ဒီမှာနယ်ခံတွေက မိလ္လာကန်တွေ ဘယ်မှာဆောက်မှာလဲ ဘာလဲမေးရော။
ဆောက်မယ့်နေရာကလည်း မြေအောက်ရေကြောနဲ့ မလွတ်နေတော့ သူတို့ရေတွင်း ရေကန်တွေကို ထိခိုက်စေမယ့်နေရာဖြစ်နေတယ်။
နောက် သူတို့သစ်တောကလည်း အနှစ်၂၀တိုင်းတစ်ခါမီးပြင်းပြင်းလောင်တတ်တယ်။
ကမ့်ထွက်လာတဲ့လူတွေ မီးပုံဖိုကြမှာနဲ့ဆို မီးလောင်နှုန်းက ဒီထက်လည်း မြင့်သွားနိုင်တယ်။
ဒါတွေအတွက် တစ်ဘက်က လုပ်ငန်းရှင်တွေဘက်မှာလည်း ဘာအဖြေမှမရှိဘူး။
ဒါပေမဲ့ သူတို့က မရမကဆောက်ဖို့လုပ်ကြတယ်။ ဒီလူတွေက ဒီမြို့ကလေးရဲ့ အေးချမ်းမှုကို အမှုမထားဘဲ ဖျက်ဆီးပစ်ချင်ကြတယ်။
ဒါကတော့ ဒီရုပ်ရှင်ရဲ့ လူတွေဘက်ခြမ်းပေါ့။ရုပ်ရှင်တစ်လျှောက်မှာ ကျွန်တော်အများဆုံးမြင်ခဲ့ရတာက အရိုးပြိုင်းပြိုင်းထနေတဲ့သစ်ပင်တွေ။
အနည်းဆုံးမြင်ခဲ့ရတာကတော့ သမင်တွေပဲ။ ဒီတော ဒီတောင်တွေဟာ လူတွေ ဒီကိုအခြေလာမချခင်အထိ သမင်တွေရဲ့ ကျက်စားရာဖြစ်ခဲ့ဖူးတယ်။
အခုထိလည်း သမင်တွေကတော့ အဲဒီနေရာမှာ ကျက်စားနေကြတုန်းပဲ။
ဒါပေမဲ့ ဟမဂုချိဟာ ကျွန်တော်တို့ကို သမင်တွေကို ပစ်လိုက်တဲ့သေနတ်သံကိုပဲ ခဏခဏကြားစေပြီး သမင်တွေကိုတော့ သိပ်မပြသွားဘူး။
သူ့စကားအတိုင်းဆို သမင်တွေဟာ ရှက်တတ်ကြတယ်။ လူတွေကိုရှောင်ကြတယ်တဲ့။
ဒါပေမဲ့ သေနတ်နဲ့အပစ်ခံထားရတဲ့သမင်တို့ သူ့အဖေသမင်ကြီးတို့ သူ့လင်သမင်ကြီးတို့မဟုတ်ရင်တော့ လူတွေကို အန္တရာယ်မပြုတတ်ကြဘူးတဲ့။
ဒီတစ်ခြမ်းကတော့ “ထားပါတော့”လို့ ပြောရမယ့် သဘာဝဘက်ခြမ်းမဟုတ်တဲ့ တကယ့်သဘာဝဘက်ခြမ်းစစ်စစ်ပေါ့။
မြို့ကြီးကနေ သူတို့သဘာဝကို ဖျက်ဆီးဖို့လာကြတဲ့ လူတွေကို မနှစ်မြို့တဲ့ မြို့ကလေးကလူတွေဟာလည်း သူတို့နည်းသူတို့ဟန်နဲ့ သဘာဝကို ဖျက်ဆီးနေတဲ့လူတွေဖြစ်နေပြန်တာပါပဲ။
ဒီရုပ်ရှင်မှာ အမေးပဲတွေ့ရပြီး အဖြေကို မတွေ့ရဘူးလို့ပြောရမယ်။ ပြောသာပြောရတာ အဖြေမရှိတဲ့အရာတွေက အများသားပါ။
ဒါပေမဲ့လည်း ဒီရုပ်ရှင်ရဲ့ နာမည်ကတော့ အဖြေဖြစ်ကောင်းဖြစ်နေနိုင်တယ်။
ကျွန်တော်တို့ ကမ္ဘာကျဉ်းကျဉ်းလေးမှာပဲ အရိုက်ခံရတဲ့ လမ်းဘေးခွေးလေးတစ်ကောင်နဲ့ အတူတူဖက်ငိုနေတဲ့ ကလေးမလေးကိုလည်း ကျွန်တော်တွေ့ခဲ့ဖူးတယ်။
ကျွန်တော်တို့ ကမ္ဘာကျဉ်းကျဉ်းလေးမှာပဲ ခွေးကလေးကို မှိန်းနဲ့ထိုးသတ်တဲ့အထိ ရက်စက်တဲ့လူတွေလည်း ကျွန်တော်တွေ့ခဲ့ဖူးတယ်။
အဲဒီခွေးလေးနှစ်ကောင်ဟာ တကယ်တမ်း တစ်ကောင်တည်းပါပဲ။
အဲဒီကျဉ်းကျဉ်လေးဆိုတဲ့ ကျွန်တော်တို့ကမ္ဘာဟာ အကျပ်အတည်းတွေ အခက်အခဲတွေအပြည့်နဲ့ကမ္ဘာဆိုတာ မပြောလည်း သိကြမှာပါ။
ဒါပေမဲ့ အဲဒီကိစ္စနောက်ပိုင်းမှာ ကျွန်တော်တို့လူတွေဟာ ဒီလိုကမ္ဘာနဲ့ပဲတန်သလားလို့ မေးခွန်းတော့ ရှိလာခဲ့တယ်။
ဒါဟာ Evil Does Not Existကို ကြည့်ပြီး ကျွန်တော်ပြန်သတိရမိတဲ့ မေးခွန်းပါပဲ။
တကယ်လည်း Evil Does Not Exist နေသလားတော့ ဟမဂုချိမှာလည်း အဖြေရှိပုံမရပါဘူး။
အရိုးပြိုင်းပြိုင်းသစ်ပင်တွေ သွေးသံရဲရဲတိရိစ္ဆာန်တွေတော့ ရှိနေကြတုန်းပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။

Unknown : Cosmic Time Machine (2023)
အာကာသနဲ့ နက္ခတ်ဗေဒပညာရှင်တွေကြားမှာရော ကမ္ဘာမှာပါဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့တဲ့ ဂျိမ်းစ်ဝက်ဘ်တယ်လီစကုပ်ကြီးရဲ့ လွှတ်တင်တဲ့အကြောင်းနဲ့ ဂျိမ်းစ်ဝက်ဘ်တယ်လီစကုပ်ရဲ့ တည်ဆောက်ပုံတွေ လူတိုင်းက မဖြစ်နိုင်ဘူးဆိုပြီးယုံကြည်ထားကြတဲ့ အာကာသထဲမှာ တယ်လီစကုပ်ထားမယ်ဆိုတဲ့အကြောင်းတွေကို ဝေဝေဆာဆာ စုံစုံလင်လင်နဲ့တွေ့မြင်ရမဲ့ Documentary လေးတင်ဆက်ပေးလိုက်ပါတယ်။
စကြာဝဠာကြီးဟာ နှစ်ပေါင်း ၁၃.၈ ဘီလီယံသက်တမ်းရှိပြီး စကြာဝဠာကြီးရဲ့ ဟိုးအစွန်ဆုံးမှာရှိတဲ့ စတင်ဖြစ်ပေါ်လာရာ အလင်းတန်းဟာဆိုရင် ကမ္ဘာကိုရောက်ဖို့ အလင်းနှစ်ပေါင်း ၁၃.၈ နှစ်ထိလာရမှာပါ။ ဒီတော့ကျွန်တော်တို့တွေညတိုင်းတွေ့မြင်နေရတဲ့ ကြယ်တွေဆိုတာ ဟိုးအရင်အတိတ်ကအလင်းရောင်ပါဒီလိုမျိုးစကြာဝဠာကြီးရဲ့ ပထမဆုံးဖြစ်ပေါ်လာတဲ့ အလင်းရောင်ကိုမြင်ရဖို့အတွက်
အရင်က အာကာသကြည့်မှန်ပြောင်းဆိုတာ မရှိသေးပါဘူး။ ဒါကိုမဖြစ်ဖြစ်အောင်လူသားတွေ
အတူတကွကြိုးစားအားထုတ်ခဲ့ကြတာပါ။ ဒီဂျိမ်းစ်ဝက်ဘ်တယ်လီစကုပ်ကို
တည်ဆောက်ပြီးလွှတ်တင်နိုင်ဖို့အတွက် ဆယ်စုနှစ် ၂ ခုကျော်ကျော်လောက်
ကြာခဲ့ပါတယ်။ ဒါ့အပြင် အင်ဂျင်နီယာပိုင်းဆိုင်ရာအခက်အခဲတွေ
အခြားအခက်အခဲတွေများစွာကြုံတွေ့ခဲ့ရပါတယ်။လူတိုင်းသိကြတာက ဂြိုလ်တုတွေကို ကမ္ဘာ့အပြင်ဘက်လွှတ်တင်ပြီး
ကမ္ဘာရဲ့ပတ်လမ်းကြောင်းထဲမှာတင် လှည့်ပတ်နေကြတာပါ။
ဂျိမ်းစ်ဝက်တယ်လီစကုပ်ကတော့ ဒီလိုမဟုတ်ပါဘူး
ကမ္ဘာ့ပတ်လမ်းကြောင်းကနေကျော်ပြီး ကမ္ဘာလိုပဲ နေကိုပတ်နေတဲ့
ပတ်လမ်းကြောင်းဆီ လွှတ်တင်ပေးရမှာပါ။ဒီခရီးစဉ်ဟာ ကမ္ဘာနဲ့လရဲ့အကွာအဝေးထက်လေးဆကွာဝေးပါတယ်။
ဒါ့အပြင် ဒီလောက်ဝေးကွာတဲ့အကွာအဝေးကို ကမ္ဘာရဲ့ထိန်းချုပ်ခန်းကနေ
တယ်လီစကုပ်ကို ဖြန့်ကျက်ဖို့အတွက် ရှုပ်ထွေးလှတဲ့ ကွန်ပျုတာပိုင်းဆိုင်ရာကုဒ်တွေကို
ပို့လွှတ်ပြီးတော့ လုပ်ဆောင်ရပါတယ်။ အလုပ်တစ်ခုဟာ ကိုယ့်လက်နဲ့ကိုင်ပြီးလုပ်ရင်တောင်
ပြည့်စုံတယ်ဆိုတာမရှိပါဘူး။
ဒါကိုမိုင်ပေါင်းများစွာက တယ်လီစကုပ်ကြီးကို အမှားအယွင်းမရှိဖြန့်ကျက်ဖို့ဆိုတာ
မဖြစ်နိုင်ဘူးဆိုပြီး လူတိုင်းကပြောဆိုဝေဖန်ခံနေရပြီး
အကြိမ်ကြိမ် ပိတ်သိမ်းဖို့ဖိအားပေးခံရတဲ့ ဂျိမ်းစ်ဝက်ဘ် ရဲ့နောက်ကွယ်က
သောင်းချီနေတဲ့လူတွေရဲ့ မလျော့တဲ့ဇွဲနဲ့ အားထုတ်မှုတွေကြောင့် ကျွန်တော်တို့အခုမြင်နေရတဲ့
အာကာသရဲ့ရင်သပ်ရှုမောရတဲ့ပုံရိပ်တွေကို တွေ့မြင်နေနိုင်တာပဲဖြစ်ပါတယ်။
အိမ်ဖြုတော်ရဲ့ ပြောရေးဆိုခွင့်ရသူပြောသလိုပါပဲ ဒီလိုအပြောကျယ်လှတဲ့စကြာဝဠာကြီးကို
တွေ့မြင်လိုက်ရတော့ ငါဘယ်သူလဲ ငါဘယ်ကနေဖြစ်ပေါ်လာတာလဲ
ငါဒီစကြာဝဠာကြီးထဲဘယ်လိုဝင်ဆံအောင် နေနိုင်မလဲဆိုတာကို
ငေးမောတွေးတောရင်း ကြည့်ရှုအားပေးလိုက်ကြပါဦး။

Siren (2024)
ဒီတစ်ခါစီအမ်ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်တာကတော့လျှို့ဝှက်သည်းဖိုအက်ရှင်ကားလေးပါ.
ဇာတ်လမ်းအကျဥ်းချုပ်ကတော့ သီလာဂါက မိန်းမနဲ့သူငယ်ချင်းကို သတ်မှုနဲ့ စွပ်စွဲခံရပြီး ထောင်ကျနေခဲ့တာပါ. လူသတ်ခဲ့ပေမယ့်လည်း တခြားအပြစ်သားတွေလိုမဟုတ်ဘဲသူလုပ်ခဲ့တာကိုနောင်တရပြီး ထောင်ထဲကတောင်အပြင်တစ်ခါမှမထွက်ဘဲနေခဲ့တာပါ.အမေ့ကိုသတ်ခဲ့လို့အပြင် လူသတ်သမားသမီးလို့ အခေါ်ခံရလို့လည်း မုန်းတီးနေတဲ့သမီးကို ရင်မဆိုင်ရဲလို့လည်းပါပါတယဒီလိုနဲ့ တစ်နေ့မှာအဖေနေမကောင်းလို့ အမေကခံဝန်နဲ့အသနားခံစာတင်ရာကနေ သီလာဂါတစ်ယောက်
အိမ်ပြန်ရဖို့အကြောင်းဖန်လာပါတော့တယ်. အိမ်ပြန်ရောက်တော့လည်း သမီးဖြစ်သူကအတွေ့မခံဘဲ ရှောင်ပုန်းနေခဲ့ပါတယ်.ထိုင်နေတော့အကောင်းထသွားမှကျိုးမှန်းသိဆိုတဲ့အတိုင်း သီလာဂါတစ်ယောက်ထောင်ထဲမှာ၁၄နှစ်နေခဲ့တုန်းက အကောင်း.
အိမ်ကို၁၄ရက်ပြန်ကာမှ နောက်ထပ်လူသတ်မှုတစ်ခုမှာမျက်မြင်သက်သေနဲ့တကွ စွပ်စွဲခံရပြီး အရင်အမှုရော
အခုအမှုကိုပါ ကိုယ်ကိုတိုင်ဖြေရှင်းရဖို့ဖြစ်လာပါတော့တယ်. တစ်ဖက်မှာလည်းသမီးဖြစ်သူနဲ့ဆက်ဆံရေးက
ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ ဒီကားလေးမှာဆက်စောင့်ကြည့်ပေးကြပါဦး