𝐓𝐡𝐞 𝐋𝐞𝐠𝐞𝐧𝐝 𝐨𝐟 𝐇𝐞𝐢 (𝟐𝟎𝟏𝟗)
IMDB (7.3/10)
လူသားတွေဟာ တောတောင်တွေကို တစ်ဖြေးဖြေးနယ်ချဲ့ရင်းလူနေအိမ်တွေဆောက် စက်ရုံတွေဆောက်ပြီးတောထဲက တိရိစ္ဆာန်လေးတွေပါ နေစရာရှားပါးလာပါတယ်။
အဲ့ဒီထဲမှာ ရှောင်ဟိုင် ဆိုတဲ့ အနက်ရောင် ကြောင်လေးတစ်ကောင်လဲပါပါတယ်… ရှောင်ဟိုင် ဟာ တောထဲ မှာ နေစရာမရှိတဲ့နောက် လူတွေရဲ့လမ်းကြို လမ်းကြားတွေမှာ သွားရောက်နေထိုင်ပေမဲ့
ရက်စက်တဲ့ လူတွေက ဒီကြောင်လေးတစ်ကောင်ကိုတောင်လိုက်ပြီး ဖမ်းဆီးနှောက်ယှက်ကြပါတယ်…
အဲ့ဒီမှာပဲ ဖုန်ချီ ဆိုတဲ့ ကောင်လေး ဟာ ရှောင်ဟိုင်ကိုကယ်တင်ပြီး နေထိုင်စရာ နေရာလေး တစ်ခုပေးခဲ့တယ် ရှောင်ဟိုင် ရော ဖုန်ချီ ရောဟာ မွန်းစတားတွေ ဖြစ်ပြီး
ပုံမှန်အချိန်မှာ အကောင်လေးတွေ အဖြစ် ရှိပြီးစွမ်းအားရှိတဲ့ အကောင်တွေ အဖြစ်လဲ ပြောင်းလဲနိုင်ပါတယ်
ဒီလို မွန်းစတားတွေကို ဖမ်းဆီးနေတဲ့ အထက်က ဂိုဏ်းတစ်ခုလဲရှိတယ်သူတို့က လူသားနဲ့ မွန်းစတားတွေ ကြားက အခြေအနေကိုထိန်းသိမ်းတဲ့အဖွဲ့ဖြစ်ပြီး
ထိပ်တန်း က အကြမ်းစား ဖမ်းဆီးသူကတော့ ဝူရှန် ပါဒီလိုအေးချမ်းနေတဲ့ ဖုန်ချီ တို့ ရှောင်ဟိုင် တို့ ဘ၀ ထဲကိုမုန်တိုင်းဆန်မယ့် ဝူရှန် ဝင်ရောက်လာခဲ့သော အခါမှာတော့..
#Credit

Dragonball Evolution (2009)
Dragonball ဆိုတာနဲ့ Goku ကိုပြေးမြင်ကြမယ်ထင်ပါတယ်…
ဒီဇာတ်ကားမှာတော့ ဟောလိဝုဒ် က ရုပ်ရှင် အဖြစ်ပြန်လည်
ရိုက်ကူးပြီး တင်ဆက်ပေးထားတာပါဇာတ်လမ်းအကျဉ်းအနေနဲ့
—————————-လူစွမ်းကောင်းလေး ဆန်းဂိုခုက အချိန်ကိုလုယက်ပြီး အငြိုးကြီးတဲ့ ပီကလိုကို ရင်ဆိုင်ကာ
ရှာဖွေမှုတစ်ခု စတင်ခဲ့ပါတယ်။ အဲဒီရှာဖွေမှု ကတော့ တန်ခိုး အနန္တ ရရှိစေတဲ့ နဂါးဒြပ်လုံး ၇လုံးကို
တစ်နေရာတည်းမှာ စုစည်းပြီး တော့ဘာတွေဆက်ဖြစ်မယ်ဆိုတာ BS ကပရိတ်သတ်ကြီးဆက်သာရှုစားပေးပါဗျ

ဆိုင်ကယ်တစီးနဲ့ ရောက်တတ်ရာရာ ခရီးသွားဖို့စိတ်ကူးထား
တယ်ဆိုရင် ကြည့်ကိုကြည့်သင့်တဲ့ကားလေးပါ။ ဆိုင်ကယ်စီး
ရတာ မကြိုက်တဲ့သူတွေကတော့ နေပူဖင်နာလို့ကြိုက်မှာမဟုတ်
ပေမယ့် ကားစီးရတာနဲ့ မတူတဲ့ လွတ်လပ်မှုက ဆိုင်ကယ်နဲ့မှရ
နိုင်တာမဟုတ်လား။ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၅နှစ်ကြာလူချင်းမတွေ့ဖြစ်
ကြတဲ့ ဖာနဲ့ ဂါဘို တို့မောင်နှမ၂ယောက် ဖခင်ဖြစ်သူရဲ့ နာရေးကျမှ
ပြန်တွေ့ဖြစ်ကြပါတယ်။ အလုပ်အရမ်းများတဲ့ အကိုဖြစ်သူ ဖာ
ဟာ နာရေးကိုနောက်ကျမှရောက်လာလို့ ညီမဖြစ်သူရဲ့ဒေါ်သဖြစ်မှု
ခံခဲ့ရတယ်။ ဖခင်အိမ်ရောက်တဲ့အခါ ပင်ပေါင်ကစားရင်း ကလေး
ဘဝက (၁၈)နှစ်ပြည့်ရင် ဆိုင်ကယ်စီးပြီး မြို့အနှံ့ လျှောက်လည်ဖို့ဆွဲ
ထားတဲ့ မြေပုံလေးကို အမှတ်တမဲ့ပြန်တွေ့ကြရာက မောင်နှမ(၂)
ယောက် မထင်မှတ်ပဲ ခရီးအတူတူ ထွက်ဖြစ်ကြတာပေါ့။ဆိုင်ကယ်စီးရင်း ခရီးလမ်းတလျှောက် အခက်အခဲတွေ ပျော်စရာတွေ
အချစ်သစ်တွေ မပြောဖြစ်ပဲသိမ်းထားကြတဲ့ လျှို့ဝှက်ချက်တွေ
အတွေ့အကြုံသစ်တွေကို မက်ဆီကိုရဲ့ လှပတဲ့ရှုခင်းတွေ ဓလေ့တွေနဲ့
အတူ မြင်တွေ့ရမှာဖြစ်ပြီး၊ အလောင်ဇာတ်ကားတွေ ကြည့်ပြီးလောင်
မြိုက်နေသူတွေအဖို့ စိတ်သက်သာရာရစေမယ့် ဇာတ်လမ်းမျိုးလေးပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့
Chit Min Thu ဖြစ်ပါတယ်)

IMDb – 5.7/10_Rotten – 80%
ဟောင်ကောင်မှာ နေထိုင်ကျက်စားနေတဲ့ သွေး စုပ်ဖုတ်ကောင်တွေကို နှိမ်နင်းတဲ့အဖွဲ့အကြောင်း ဇာတ်အိမ်တည်ထားပါတယ်။ သွေးစုပ်ဖုတ်ကောင်တွေဟာ ဟောင်ကောင်မှာ ဟိုးနှစ်ပေါင်းများစွာကတည်းကရှိခဲ့တာဖြစ်ပြီး ဒါတွေကို အဓိကနှိမ်နင်းတဲ့ ဗီစီဒီ (Vampire Cleanup Department)လို့ခေါ်တဲ့ ဌာနတစ်ခုရှိပါတယ်။
အဲဒီအဖွဲ့ဟာ ညဉ့်နက်သန်းခေါင်မှာ တံမြက်စည်းလှည်းတဲ့ အဖွဲ့အနေနဲ့ ထွက်လာပြီး လမ်းမှာတွေ့သမျှ သွေးစုပ်ကောင်တွေကိုဖမ်းပြီး အမှိုက်ပုံးကြီးထဲထည့်ကာ သိမ်းဆည်းနှိမ်နင်းပစ်တာဖြစ်ပါတယ်။
တစ်ရက်မှာတော့ တင်မ်ချန်းဟာ သွေးစုပ်ကောင်တစ်ကောင်နဲ့ဆုံပြီး အသတ်ခံရလုဆဲဆဲမှာ ဗီစီဒီအဖွဲ့က အချိန်မီကယ်ဆယ်ခဲ့ပါတယ်။ တင်မ်မှာ သွေးစုပ်ကောင်တွေရဲ့ အဆိပ်ကို တွန်းကန်နိုင်တဲ့ ကိုယ်ခံစွမ်းအားရှိနေ တယ်ဆိုတာ ဗီစီဒီအဖွဲ့ရဲ့ အကြံပေးအန်ကယ်ချန်က သတိထားမိပါတယ်။
ဒါနဲ့ပဲ ဗီစီဒီအဖွဲ့က ကပ္ပတိန်ချူ၊ သရဲဆရာဂျင်ဂျာ၊ နည်းပညာကျွမ်းကျင်သူအမ်၊ လက်နက်ကျွမ်းကျင်သူ ကွေတို့ကို တင်မ်ရဲ့အကြောင်း ပြောပြပြီး ဗီစီဒီအဖွဲ့ရဲ့ မျိုးဆက်သစ်အဖြစ် ပါဝင်စေဖို့ အန်ကယ်ချန်က အကြံပြုခဲ့ပါတယ်။
ဒီလိုနဲ့ တင်မ်တစ်ယောက် ဗန်ပိုင်းယားဖမ်းတဲ့အဖွဲ့ဝင်အဖြစ် ပထမဆုံးတာဝန်ထမ်းဆောင်ချိန်မှာ အလွဲတွေကြုံရသလို သနားစရာ ဗန်ပိုင်းယားမလေး ဆန်းမားနဲ့ ဆုံခဲ့ပါတယ်။ ဆန်းမားဟာ သွေးစုပ်ဖုတ်ကောင်ဘုရင်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ ဒုက္ခပေးမှုတွေ ကြုံနေရတာမို့ တင်မ်က ကယ်တင်နိုင်ဖို့ ကြိုးပမ်းရင်း ကြုံရမယ့် ထိတ်လန့်စရာ၊ ရယ်မောစရာတွေကို အက်ရှင်ပြကွက်တွေနဲ့အတူ ကြည့်ရမှာပါ။
ဒီဇာတ်ကားမှာ ပါဝင်ထား သူတွေက ပရိသတ်တွေနဲ့ ရင်းနှီး ပြီးသား သရုပ်ဆောင်ကြီးတွေ ဖြစ်တာကြောင့် မမြင်တာကြာတဲ့သူတွေကို ပြန်မြင်တွေ့ရဦးမှာမို့ ပရိသတ်တွေ သဘောကျမယ်ထင်ပါ တယ်။

Long Day’s Journey Into Night ( 2019 )
IMDb - 7.1/10
Genre - Drama
ယောက်ကျားတစ်ယောက်ရဲ့အတိတ်..အိမ်မက်..လက်တွေ့ဘဝသုံးခုမှာစိတ်ကူးလွင့်မျောနေပြီး သူ့ရဲ့ပျောက်ဆုံးသွားတဲ့တချိန်က ချစ်သူကိုပြန်ရှာဖွေတဲ့အကြောင်းကိုရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သူဟာ ကွေကျုံးကိုပြန်သွားပြီးသူ့အိမ်မြေအောက်ခန်းကနေရတဲ့ဓါတ်ပုံထဲက လျို့ဝှက်ဆန်တဲ့မိန်းမကိုအနှစ်၂၀ ကြာမှ ပြန်လည်လိုက်ရှာနေမိတယ်။ တချိန်တည်းမှာပဲသူနဲ့ချစ်ခဲ့ဖူးတဲ့မိန်းကလေးဟာလည်းထူးဆန်းစွာပျောက်ဆုံးသွားလို့တပါတည်းလိုက်ရှာနေမိတယ်။ ဒီလိုနဲ့ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုခံစားပါ..တွေးတောရတာကြိုက်တဲ့သူတွေအတွက်တော့ တွေးစရာကောင်းမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်

Deliver Us (2023)
Deliver Us” ဆိုတဲ့ ခေါင်းစဉ်အတိုင်း ဒီဇာတ်ကားက ကလေးနှစ်ယောက်ကို မီးဖွားပေးတဲ့နေရာမှာ ဇာတ်အိမ်တည်ထားပါတယ်။ ခရစ်ယာန်သမ္မာကျမ်းစာထဲမှာ “ယေရှုခရစ်တော်” က ယောင်္ကျားနဲ့မိန်းမ ပေါင်းဖက်ခြင်းကမဟုတ်ဘဲ ဘုရားသခင်ရဲ့တန်ခိုးတော်အားဖြင့် အပျိုစင်ကညာတစ်ဦးဖြစ်တဲ့ “မာရိ” ထံကနေ လူ့ဇာတိခံခဲ့တာဖြစ်ပါတယ်။ နောက်တစ်ချက်က သမ္မာကျမ်းစာရဲ့ နောက်ဆုံးကျမ်းဖြစ်တဲ့ ဗျာဒိတ်ကျမ်းထဲမှာဆိုရင် ဒီကမ္ဘာပေါ်ကို ယေရှုခရစ်တော် နောက်တစ်ဖန်ပြန်ကြွလာမယ်လို့ ပရောဖက်ပြုထားပါတယ်။ ဒါပေမဲ့ အဲဒီကာလမတိုင်ခင်မှာပဲ “အန္တိခရစ်” ဆိုတဲ့ ခရစ်တော်ကိုဆန့်ကျင်တဲ့ပုဂ္ဂိုလ်တစ်ဦးက ကမ္ဘာပေါ်မှာအရင်မွေးဖွားလာပြီး လူသားတွေကို လှည့်စားမှုပေါင်းများစွာနဲ့ အုပ်စိုးမှာပဲဖြစ်ပါတယ်။ အခုဇာတ်ကားထဲမှာတော့ သမားရိုးကျစိတ်ကူးယဉ်ဇာတ်လမ်းတွေလိုမဟုတ်ဘဲ ခရစ်ယာန်သမ္မာကျမ်းစာထဲက အကြောင်းအရာတွေအပေါ်ကိုအခြေခံပြီးတော့ ဆင့်ကဲကွန့်မြူးပြီးရိုက်ကူးထားတာဖြစ်ပါတယ်။

Dead Man(2024)
****
ဒါရိုက်တာ Ha Joon Won ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပြီးတော့
Cast တွေအနေနဲ့ Cho Jin Woon , Hee-Ae Kim, Lee Soo Kyung တို့
ပါဝင်သရုပ်ဆောင်ထားတဲ့ Thriller, Mystery, Crime အမျိုးအစား ရုပ်ရှင်ဇာတ်ကားလေး ဖြစ်ပါတယ်
အီမန်ဂျယ် (Cho Jin Woon)က စီးပွားရေး လုပ်ငန်းကြီးတွေရဲ့ ဦးစီးဦးဆောင်
တစ်ယောက်အနေနနဲ့ နာမည်ငှားပေးပြီး အမည်ခံသူဌေး လုပ်ပေးတဲ့ အလုပ်ကို
လုပ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်....
တစ်နေ့မှာ သူဟာ လုပ်ငန်းကြီး တစ်ခုကနေ ဝမ် ၅သန်း ယူပြီးတော့ သူ့နာမည်ကို ငှားပေးလိုက်ပါတယ် ...
ဒါပေမဲ့ သိပ်မကြာခင်မှာပဲ အီမန်ဂျယ်ဟာ ဘီလီယံ ၁၀၀ အလွဲသုံးစားလုပ်တယ်ဆိုပြီး စွပ်စွဲခံခဲ့ရပြီးတော့ ဖိအားပေးမှုတွေကြောင့် သေလူအဖြစ်နဲ့ ဟန်ဆောင်လိုက်ရပါတယ် ....အမှန်တော့ သူဟာ တရုတ်နိုင်ငံက ထောင်တစ်ခုမှာ အကျဉ်းချခံထားရတာပါ ဒါပေမဲ့လည်း နိုင်ငံရေး အကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ အစ်မကြီးရှင်းရဲ့ အကူအညီနဲ့ ထောင်ကနေ လွတ်လာခဲ့ပြီးတော့ ကိုရီးယားနိုင်ငံကို ပြန်လာနိုင်ခဲ့ပါတယ်....
ထောင်က လွတ်လာတဲ့ အခါမှာ သူ့ကို သေလူဖြစ်အောင် ပြောင်းလဲပစ်လိုက်တဲ့ သူတွေကို ရှာဖွေပါတော့တယ် ,,,,
သေလူလို နေနေရတဲ့ အီမန်ဂျယ်ရဲ့ ကလဲ့စား နိုင်ငံရေး အရှုပ်တော်ပုံ ပါတီတွေအကြား
အားပြိုင်မှုတွေကို အသည်းတယားယားနဲ့ ကြည့်ရမှာမို့ အားပေးလိုက်ကြပါဦးလို့ ပြောချင်ပါတယ်....

===================
Thriller/Mystery ‧ 2h 17m
IMDB: 6.2/10
မိန်းမတိုင်းဟာ တစ်သက်မှာ တစ်ခါတော့ သူတို့ ယောကျာ်းတွေကို သတ်ပစ်ဖို့ စဉ်းစားဖူးတယ်တဲ့...
ခင်ဗျားဟာ အိမ်ထောင်သည်ဆိုရင် ခင်ဗျားရဲ့မိန်းမကို မေးကြည့်ပါ...
အနည်းဆုံး တစ်ကြိမ်တော့ ခင်ဗျားကို သတ်ဖို့ နည်းလမ်းတစ်ခုတော့ သူစဉ်းစားဖူးလိမ့်မယ်တဲ့...
ကဲ .. ဒါဆို ဘာလို့ ခင်ဗျား အခုထိ အသက်ရှင်နေလဲ သိလား...ကလေးတစ်ယောက်လောက် ရလိုက်ရင်
မိန်းမတွေဟာ ယောကျာ်းကိုပိုပြီး သည်းခံလာနိုင်လာတယ်တဲ့ … ဒါကြောင့် ခင်ဗျား အခုချိန်အထိ အသက်ရှင်နေတာပေါ့...
ဆူဆန်နာ အန်နာမရင်း ဂျိုဟန်နာ ဆိုတဲ့
သူဌေးမ တစ်ယောက် ယောကျာ်း ၆ ယောက်ထိယူခဲ့တယ်.အကုန်သေကုန်တယ်...
တကယ်တော့ ဆူဆန်နာဟာ သူ့ဘဝသက်တမ်း တစ်လျှောက်လုံး ထာဝရအချစ်ကို ရှာဖွေခဲ့တာပါ. အရမ်းအထီးကျန်ခဲ့ရပါတယ်...
သူ မွေးကင်းစအရွယ်မှာပဲ သူအမေ ဆုံးပါးသွားခဲ့တယ်.ပြီးတော့ သူအရွယ်မရောက်ခင်မှာဘဲ သူ့အဖေ ထပ်ဆုံးသွားခဲ့ပါတယ်...
သူ့အဖေက သူအတွက်တော့ အရာရာပါပဲ... သူငယ်ချင်းလို.. အမေလို.. အဖေလို.. အစ်ကိုလို ဖြစ်နေခဲ့တယ်...
သူအဖေဆုံးသွားတဲ့နောက်ပိုင်းမှာ သူ့အဖေလို ယောက်ျားမျိုးကိုတွေ့ဖို့ ကြိုးစားခဲ့ပါတယ်...
တကယ်တော့ ဆူဆန်ဘဝက မကောင်းတဲ့ ယောကျာ်းတွေနဲ့ပဲ ဆုံဖို့ ကံပါလာတယ်ထင်ပါတယ်...
ဆူဆန်နာမှာ သိပ်ချစ်တတ်တဲ့ဆူဆန်ရဲ့ နှလုံးသားရှိတယ်...
အဲဒီ နှလုံးသားကြောင့်ပဲ လူ ၆ ယောက်ကို သေနေ့မစေ့ပဲ ကောင်းကင်ဘုံကို စောစောစီးစီး ပို့ပစ်လိုက်တယ်လေ... အလှက ကြောက်စရာကောင်းတယ်...
ဒါပေမယ့် သူ့ကို အရှိအတိုင်း လက်ခံနိုင်မယ့်သူမျိုး.သူ့ရဲ့ဒုစရိုက်တွေ သုစရိုက်တွေနဲ့ ဒီကြောက်စရာမျက်နှာကြီးကို လက်ခံနိုင်မယ့်လူမျိုးကို သူရွေးချယ်တော့မယ်...အဲဒါကတော့ သူ့ရဲ့ ၇ ယောက်မြောက် ယောကျာ်းပါပဲ...

ဒီတစ်ခေါက်မှာတော့အချစ်ကားလေးဆိုပေမယ့်စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းအချိုးအကွေ့အလှည့်အပြောင်းလေးတွေပါတဲ့
"Love 360" ဆိုတဲ့အိန္ဒိယကားလေးကိုတင်ဆက်ပေးချင်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ ဂျာနာခီနဲ့ရမ်ဟာ မိဘမဲ့ဂေဟာကတည်းကအတူရှိလာခဲ့ကြတဲ့သူတွေဖြစ်ပြီးတော့ ရမ်ကလည်း
ဂျာနာခီကိုအရမ်းချစ်ပါတယ် ကံဆိုးစွာနဲ့ပဲ ဂျာနာခီဟာဦးနှောက်မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါဖြစ်နေပြီးတော့ တခြားသူတွေကတော့
အမြဲတမ်း ဂျာနာခီကိုအရူးမလေးတစ်ယောက်လိုပဲ သတ်မှတ်ထားပါတယ်
ရမ်တစ်ယောက်ဂျာနာခီကြောင့်ရှင်းရတဲ့ပြဿနာတွေလည်းမနည်းဖြစ်ပြီးတော့ရဲစခန်းကိုရောက်ရပေါင်းလည်းမနည်းပါဘူး
ဒီလိုနဲ့တစ်နေ့မှာတော့ ရမ်နဲ့ဂျာနာခီတို့ကိုကွဲကွာစေမယ့်ကိစ္စရပ်ကြီးဖြစ်သွားပါတယ် ဂျာနာခီနဲ့ပြဿနာဖြစ်ခဲ့တဲ့လူချမ်းသာမိသားစုက
သမီးဖြစ်သူ ဗီဘာဆိုတဲ့မိန်းကလေးသေဆုံးသွားပြီး ရဲတွေကလည်း အခိုင်အမာနဲ့ဂျာနာခီကိုလူသတ်သမားလို့ စွပ်စွဲပါတော့တယ်
ရမ်တစ်ယောက်ဒီတစ်ခေါက်မှာရော မှတ်ဉာဏ်မကောင်းတဲ့ချစ်သူကောင်မလေးကတစ်ဖက် လူချမ်းသာမိသားစုတွေရဲ့
ကြိုးဆွဲရာအတိုင်းကနေကြတဲ့ ရဲအရာရှိတွေကတစ်ဖက်နဲ့ သူချစ်ရတဲ့ဂျာနာခီကို ဘယ်လိုကယ်တင်သွားမလဲ
ဗီဘာ့ကိုသတ်တဲ့တကယ့်လူသတ်တရားခံကရော ဘယ်သူဖြစ်မလဲဆိုတာကိုတော့ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်

Kung Fu Yoga (2017)
ဒီဇာတ်ကားမှာတော့ တရုတ် နဲ့ အိန္ဒိယသရုပ်ဆောင်တွေ ပူးပေါင်း
တင်ဆက်ထားကြပြီး
ဟာသ အက်ရှင် အမျိုးအစားပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့
တရုတ်ပြည်ရဲ့ ကျောက်စာပညာရှင် ဂျက်ကီနဲ့ တပည့်တွေဆီကို အိန္ဒိယပြည်မှ ပါမောက္ခချောချောလေး တစ်ယောက်ရောက်လာပြီး
တန်မင်းဆက်ခေတ် ပျောက်ဆုံးနေတဲ့
မာဂဒတိုင်းရတနာတွေကို ရှာဖို့အကူအညီလာတောင်းရာကနေ နယ်စပ်၊ ဒူဘိုင်း နဲ့ အိန္ဒိယတွေမှာ စွန့်စားခန်းတွေ ဖွင့်ကြပုံပါပဲ။
တရုတ်ကွန်ဖူးနဲ့ အိန္ဒိယယောဂနည်းစနစ်တွေကို ပေါင်းစပ်ပြသသွားတာကို တွေ့ရပါလိမ့်မယ်။