UPDATE - အညွှန်းသီးသန့်
6.66K subscribers
12 links
Download Telegram
The Final Girls (2015)

ဒီဇာတ်ကားဟာ 2015 ခုနှစ်ထွက် Horror/Comedy အမျိုးအစားဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့
မက်စ်နဲ့ အမန်ဒါဟာ နှစ်ယောက်တစ်ဘ၀ရုန်းကန်နေကြတဲ့ အမေတစ်ခု သမီးတစ်ခု မိသားစုလေးပေါ့။
မက်စ်ရဲ့အမေ အမန်ဒါဟာ ငယ်စဉ်တုန်းက Horror ရုပ်ရှင်တစ်ခုမှာ ပါ၀င်သရုပ်ဆောင်ဖူးသူဖြစ်ပြီး ရုပ်ရှင်ကြယ်ပွင့်တစ်ယောက်ဖြစ်ဖို့ အရမ်းစိတ်အားထက်သန်သူပါ။
မမျှော်လင့်ပဲ သူကြိုးစားနေတဲ့လမ်းခုလတ်မှာတင် ကားမတော်တဆမှုမှာ အမန်ဒါသေဆုံးသွားပြီးနောက် မက်စ်တစ်ယောက်ဟာ သူ့အမေကို အမြဲသတိရ‌နေခဲ့ပါတယ်။

နှစ်တွေအကြာ တစ်ရက်မှာအကြောင်းအမျိုးမျိုးကြောင့် မက်စ်တစ်ယောက် သူ့သူငယ်ချင်းတွေနဲ့ အမန်ဒါသရုပ်ဆောင်ခဲ့တဲ့ Horror ရုပ်ရှင်ကို သွားကြည့်ကြဖို့ အကြောင်းဖန်လာခဲ့ပါတယ်။
ဒီလိုနဲ့ မက်စ်နဲ့ သူ့သူငယ်ချင်းတစ်သိုက် မမျှော်လင့်ပဲ အဲ့ဒီရုပ်ရှင်ထဲကို ရောက်ရှိသွားတဲ့အခါမှာတော့…
သူတို့အုပ်စု ရုပ်ရှင်ထဲကနေ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားကြ‌ပုံတွေကို
သည်းထိတ်ရင်ဖိုနဲ့ ဟာသလေးနှောပြီး ကြည့်ရှုရမှာ ဖြစ်ပါတယ်။

#Credit
Musudan [2016]

ပန့်ဟောက်စ် ထဲက ရှင်းဆူယွန်း လို လူသိများတဲ့ မင်းသမီးကြီး အီဂျီအာ ရဲ့ Mystery Thriller ကားတစ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ တောင်ကိုရီးယားနှင့်မြောက်ကိုရီယားနယ်စပ်ကြားမှာ အကြောင်းအရင်းမရှိလူသေမှု၊ လူပျောက်မှုတွေ ဖြစ်နေခဲ့လို ဒီအကြောင်းကိုစုံစမ်းဖြေရှင်းဖို တောင်ကိုရီးယားက အထူးတပ်ဖွဲဖွဲပြီး ၂၄နာရီမစ်ရှင် တစ်ခုကို စေလွှတ်ခဲ့ပါတယ်။

ဒါပေမယ့် ဒီတပ်ဖွဲ နယ်စပ်ကိုရောက်သွားတဲ့အခါမှာတော့ သာမန်မဟုတ်တဲ့အဖြေတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။

ဒီအဖြေက ဘာဖြစ်မလဲဆို‌တာ ဖော်ထုတ်ရင်း ဘယ်လိုအခက်အခဲမျိုးတွေနဲ့ကြုံတွေ့ရလဲ၊ အ‌ဖြေကို ရှာတွေ့တဲ့အချိန်ဘာဆက်လုပ်ကြလဲ၊ နောက်ဆက်တွဲဘာတွေဖြစ်လာလဲ ဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။

#Credit
KKN, Curse of the Dancing Village (2022)

IMDB – 6.2/10
ညဆိုတာ အာဘွားတောင်းဖို့ မဟုတ်ပါဘူး စောင်ခြုံပြီး သရဲကားကြည့်ဖို့ပါ :’P
ဒီတစ်ခါမှာတော့ အရှေ့တောင်အာရှရဲ့ နာမည်ကြီး horror film တွေထွက်နေကျဖြစ်တဲ့ အင်ဒိုနီးရှား horror film တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီကားလေးကတော့ အင်ဒိုနီးရှားနိုင်ငံ နယ်စွန်နယ်ဖျား တောအုပ်လေးထဲက ရွာလေးတစ်ရွာကို ဘွဲ့ကြိုကျောင်းသားကျောင်းသူ ခြောက်ယောက်
ကျောင်းပြင်ပ လှုပ်ရှားမှုတွေ လုပ်ဖို့လာကြရင်း တားမြစ်ချက်တွေကို ချိုးဖောက်မိရာက ပရလောကနဲ့ ပတ်သက်မိပြီး အမျိုးစုံကြိုးခုန်ကြပုံကို ရိုက်ပြထားတာပါ။
အနောက်တိုင်း သရဲကားတွေနဲ့ မတူဘဲ တစိမ့်စိမ့် တွေးပြီးကြောက်ရမယ့် ထူးထူးခြားခြား အရှေ့တောင်အာရှ အငွေ့အသက်လေး ရနေမယ့် ကားလေးပါ။
ဇာတ်လမ်းအကျဉ်းကတော့ အာယူ၊ နော်၊ ဝဒီယ၊ ဘီမာ၊ ဝယုနဲ့ အန်တွန်တို့ ကျောင်းနေဖက် သူငယ်ချင်းခြောက်ယောက်ဟာ
ဘွဲ့အတွက် ကျောင်းပြင်ပ လှုပ်ရှားမှုလုပ်ဖို့ တောအုပ်ထဲက ရွာလေးကို ရောက်လာကြပါတယ်။
အဲဒီရွာလေးမှာ ထူးထူးခြားခြား တားမြစ်ထားတာကတော့ ရွာနဲ့ တောအုပ်ကို ခြားထားတဲ့ နတ်ကွန်းကို ကျော်ပြီး တောအုပ်ထဲ မသွားမိဖို့ပါပဲ။

#Credit
Self Reliance (2023)
===============

သောမတ်စ် ဝဲကော့ဒ်ဟာ (၂၃) နှစ်တာ အတူနေပြီးတွဲလာခဲ့တဲ့ ကောင်မ‌လေးဖြစ်သူနဲ့ လမ်းခွဲပြီးကတည်းက ဘဝကြီးမှာပိတ်မိနေသလိုမျိုး စိတ်ဓာတ်ကျနေခဲ့သူပါ။ တစ်နေ့မှာတော့ သူ့ရှေ့ကို လီမိုစင်ကားကြီးရောက်လာပြီး ကစားပွဲတစ်ခုမှပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။

ကစားပွဲကတော့ ဒက်ခ်ဝဘ်ပေါ်မှာလွှင့်မဲ့ ဖြစ်ရပ်မှန်ရှိုးဖြစ်ပြီး ကမ္ဘာပေါ်ကနေရာအနှံ့မှာရှိနေတဲ့ မုဆိုးတွေက အမဲလိုက်မှာကို ရက်ပေါင်း (၃၀) တိတိ အသက်မသေပဲ ရှင်သန်နေထိုင်နိုင်ရင် ဒေါ်လာ တစ်သန်းရမှာပဲဖြစ်ပါတယ်။ စည်းကမ်းချက်ကတော့ တစ်ခုပဲရှိပြီး အဲဒါကတော့ ပါဝင်တဲ့သူတစ်ယောက်ထဲ ရှိနေတဲ့အချိန်မှာပဲ အမဲလိုက်လို့ရမှာဖြစ်ပြီး တခြားလူတစ်ယောက်ယောက်နဲ့အတူနီးကပ်စွာရှိနေရင် အမဲလိုက်လို့ရမှာ မဟုတ်ပါဘူး။

ဒီစည်းကမ်းချက်က သူ့အတွက်လွတ်ပေါက်ဖြစ်နေမှာကို သဘောပေါက်သွားတဲ့ သောမတ်စ်တစ်ယောက်ကတော့ သူ့ရဲ့ ပိတ်မိနေတဲ့ဘဝကြီးထဲကနေ ရုန်းထွက်ချင်စိတ်နဲ့ လက်ခံလိုက်ပါတော့တယ်။ ဒါပေမဲ့ သူ့အမေဖြစ်သူအပါအဝင် မိသားစုဝင်တွေအကုန်လုံးကပါ သူပြောတာကို မယုံကြတဲ့အခါမှာတော့ ရက် (၃၀) လုံးကို အမဲလိုက်မခံရပဲ ဘယ်လို ဖြတ်ကျော်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။

#Credit
Fetus (2020)
•••••••••••••••••
အင်ဒိုနီးရှားသရဲကားဆိုတော့ ထုံးစံအတိုင်း အရမ်းကြောက်ဖို့ကောင်းတယ်နော်

ဒီဇာတ်လမ်းအကျဉ်းလေးကတော့

ရန်ဒူနဲ့ ဒီနာဆိုတဲ့ လင်မယားနှစ်ယောက်ဟာ လက်ထပ်ပြီးတော့ ကိုယ်ဝန်ရလာပါတယ်

ကိုယ်ဝန်လေးလလောက် ရောက်လာတော့ ဒီနာနဲ့ကလေးကိုပစ်မှတ်ထားပြီး သရဲက လိုက်နှောင့်ယှက်တယ်

အစကတော့ သရဲခြောက်တဲ့အိမ်မှာ နေမိတယ်လို့ ထင်နေခဲ့ပေမယ့်

နောက်ပိုင်းမှာ အိမ်ကြောင့်မဟုတ်ဘဲ တစ်စုံတစ်ခုကြောင့် လိုက်‌နှောင့်ယှက်နေမှန်း သိလိုက်ရတယ်

သရဲလိုက်ခြောက်နေရခြင်းရဲ့နောက်ကွယ်မှာ ဘာအကြောင်းအရာများရှိနေလို့လဲ ?

ကလေးကရော ဘယ်လိုဖြစ်သွားမလဲဆိုတာ

စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။

#Credit
Spellbound (2023)
--------------------

ဒီရုပ်ရှင်‌လေးက 2011ခုနှစ်ကထွက်ရှိခဲ့တဲ့ “Spellbound”ဆိုတဲ့ korea movieလေးကိုPhilippine moiveအဖြစ်ကပြန်လည်အသက်သွင်းထားတာပါ။
ဇာတ်ကြောင်းလေးကတော့ သရဲတွေကိုမြင်ရတဲ့ကောင်မလေးနဲ့ သူ့ရဲ့ မျက်လှည့်ပညာရှင်သူဌေးဖြစ်သူတို့ကြားကအချစ်ဇာတ်လမ်းလေးပါပဲ။
မင်းသမီးငယ်စဥ်အခါက အက်စီးဒင့်တစ်ခုကြောင့် သေမလိုဖြစ်ခဲ့ပြီး သရဲတွေကိုမြင်လာရသူပါ။
ထုံးစံအတိုင်း သရဲတွေကလာနှောင့်ယှက်ကြ အကူအညီလာတောင်းကြမို့
မင်းသမီးဟာ လူတွေနဲ့တစ်သီးတစ်သန့်နေရင်း ဘဝကိုတစ်ယောက်တည်းဖြတ်သန်းနေခဲ့ရပါတယ်။
ဒီလိုဘဝလေးနဲ့ ရှင်သန်နေရတာကို မင်းသားဖြစ်သူကသိရှိသွားတဲ့အခါမှာတော့…..။
ပျော်စရာ၊ ကြောက်စရာ၊ ကြည်နူးစရာအစုံကို ရင်ခုန်ခုန်ကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်

#Credit
𝐓𝐡𝐞 𝐋𝐞𝐠𝐞𝐧𝐝 𝐨𝐟 𝐇𝐞𝐢 (𝟐𝟎𝟏𝟗)

IMDB (7.3/10)

လူသားတွေဟာ တောတောင်တွေကို တစ်ဖြေးဖြေးနယ်ချဲ့ရင်းလူနေအိမ်တွေဆောက် စက်ရုံတွေဆောက်ပြီးတောထဲက တိရိစ္ဆာန်လေးတွေပါ နေစရာရှားပါးလာပါတယ်။

အဲ့ဒီထဲမှာ ရှောင်ဟိုင် ဆိုတဲ့ အနက်ရောင် ကြောင်လေးတစ်ကောင်လဲပါပါတယ်… ရှောင်ဟိုင် ဟာ တောထဲ မှာ နေစရာမရှိတဲ့နောက် လူတွေရဲ့လမ်းကြို လမ်းကြားတွေမှာ သွားရောက်နေထိုင်ပေမဲ့

ရက်စက်တဲ့ လူတွေက ဒီကြောင်လေးတစ်ကောင်ကိုတောင်လိုက်ပြီး ဖမ်းဆီးနှောက်ယှက်ကြပါတယ်…

အဲ့ဒီမှာပဲ ဖုန်ချီ ဆိုတဲ့ ကောင်လေး ဟာ ရှောင်ဟိုင်ကိုကယ်တင်ပြီး နေထိုင်စရာ နေရာလေး တစ်ခုပေးခဲ့တယ် ရှောင်ဟိုင် ရော ဖုန်ချီ ရောဟာ မွန်းစတားတွေ ဖြစ်ပြီး

ပုံမှန်အချိန်မှာ အကောင်လေးတွေ အဖြစ် ရှိပြီးစွမ်းအားရှိတဲ့ အကောင်တွေ အဖြစ်လဲ ပြောင်းလဲနိုင်ပါတယ်

ဒီလို မွန်းစတားတွေကို ဖမ်းဆီးနေတဲ့ အထက်က ဂိုဏ်းတစ်ခုလဲရှိတယ်သူတို့က လူသားနဲ့ မွန်းစတားတွေ ကြားက အခြေအနေကိုထိန်းသိမ်းတဲ့အဖွဲ့ဖြစ်ပြီး

ထိပ်တန်း က အကြမ်းစား ဖမ်းဆီးသူကတော့ ဝူရှန် ပါဒီလိုအေးချမ်းနေတဲ့ ဖုန်ချီ တို့ ရှောင်ဟိုင် တို့ ဘ၀ ထဲကိုမုန်တိုင်းဆန်မယ့် ဝူရှန် ဝင်ရောက်လာခဲ့သော အခါမှာတော့..

#Credit
Dragonball Evolution (2009)

Dragonball ဆိုတာနဲ့ Goku ကိုပြေးမြင်ကြမယ်ထင်ပါတယ်…
ဒီဇာတ်ကားမှာတော့  ဟောလိဝုဒ် က ရုပ်ရှင် အဖြစ်ပြန်လည်
ရိုက်ကူးပြီး တင်ဆက်ပေးထားတာပါဇာတ်လမ်းအကျဉ်းအနေနဲ့
—————————-လူစွမ်းကောင်းလေး ဆန်းဂိုခုက အချိန်ကိုလုယက်ပြီး အငြိုးကြီးတဲ့ ပီကလိုကို ရင်ဆိုင်ကာ
ရှာဖွေမှုတစ်ခု စတင်ခဲ့ပါတယ်။ အဲဒီရှာဖွေမှု ကတော့ တန်ခိုး အနန္တ ရရှိစေတဲ့ နဂါးဒြပ်လုံး ၇လုံးကို
တစ်နေရာတည်းမှာ စုစည်းပြီး တော့ဘာတွေဆက်ဖြစ်မယ်ဆိုတာ BS ကပရိတ်သတ်ကြီးဆက်သာရှုစားပေးပါဗျ

#Credit
ဆိုင်ကယ်တစီးနဲ့ ရောက်တတ်ရာရာ ခရီးသွားဖို့စိတ်ကူးထား
တယ်ဆိုရင် ကြည့်ကိုကြည့်သင့်တဲ့ကားလေးပါ။ ဆိုင်ကယ်စီး
ရတာ မကြိုက်တဲ့သူတွေကတော့ နေပူဖင်နာလို့ကြိုက်မှာမဟုတ်
ပေမယ့် ကားစီးရတာနဲ့ မတူတဲ့ လွတ်လပ်မှုက ဆိုင်ကယ်နဲ့မှရ
နိုင်တာမဟုတ်လား။ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၅နှစ်ကြာလူချင်းမတွေ့ဖြစ်
ကြတဲ့ ဖာနဲ့ ဂါဘို တို့မောင်နှမ၂ယောက် ဖခင်ဖြစ်သူရဲ့ နာရေးကျမှ
ပြန်တွေ့ဖြစ်ကြပါတယ်။ အလုပ်အရမ်းများတဲ့ အကိုဖြစ်သူ ဖာ
ဟာ နာရေးကိုနောက်ကျမှရောက်လာလို့ ညီမဖြစ်သူရဲ့ဒေါ်သဖြစ်မှု
ခံခဲ့ရတယ်။ ဖခင်အိမ်ရောက်တဲ့အခါ ပင်ပေါင်ကစားရင်း ကလေး
ဘဝက (၁၈)နှစ်ပြည့်ရင် ဆိုင်ကယ်စီးပြီး မြို့အနှံ့ လျှောက်လည်ဖို့ဆွဲ
ထားတဲ့ မြေပုံလေးကို အမှတ်တမဲ့ပြန်တွေ့ကြရာက မောင်နှမ(၂)
ယောက် မထင်မှတ်ပဲ ခရီးအတူတူ ထွက်ဖြစ်ကြတာပေါ့။ဆိုင်ကယ်စီးရင်း ခရီးလမ်းတလျှောက် အခက်အခဲတွေ ပျော်စရာတွေ
အချစ်သစ်တွေ မပြောဖြစ်ပဲသိမ်းထားကြတဲ့ လျှို့ဝှက်ချက်တွေ
အတွေ့အကြုံသစ်တွေကို မက်ဆီကိုရဲ့ လှပတဲ့ရှုခင်းတွေ ဓလေ့တွေနဲ့
အတူ မြင်တွေ့ရမှာဖြစ်ပြီး၊ အလောင်ဇာတ်ကားတွေ ကြည့်ပြီးလောင်
မြိုက်နေသူတွေအဖို့ စိတ်သက်သာရာရစေမယ့် ဇာတ်လမ်းမျိုးလေးပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့
Chit Min Thu ဖြစ်ပါတယ်)

#Credit
IMDb – 5.7/10_Rotten – 80%

ဟောင်ကောင်မှာ နေထိုင်ကျက်စားနေတဲ့ သွေး စုပ်ဖုတ်ကောင်တွေကို နှိမ်နင်းတဲ့အဖွဲ့အကြောင်း ဇာတ်အိမ်တည်ထားပါတယ်။ သွေးစုပ်ဖုတ်ကောင်တွေဟာ ဟောင်ကောင်မှာ ဟိုးနှစ်ပေါင်းများစွာကတည်းကရှိခဲ့တာဖြစ်ပြီး ဒါတွေကို အဓိကနှိမ်နင်းတဲ့ ဗီစီဒီ (Vampire Cleanup Department)လို့ခေါ်တဲ့ ဌာနတစ်ခုရှိပါတယ်။

အဲဒီအဖွဲ့ဟာ ညဉ့်နက်သန်းခေါင်မှာ တံမြက်စည်းလှည်းတဲ့ အဖွဲ့အနေနဲ့ ထွက်လာပြီး လမ်းမှာတွေ့သမျှ သွေးစုပ်ကောင်တွေကိုဖမ်းပြီး အမှိုက်ပုံးကြီးထဲထည့်ကာ သိမ်းဆည်းနှိမ်နင်းပစ်တာဖြစ်ပါတယ်။

တစ်ရက်မှာတော့ တင်မ်ချန်းဟာ သွေးစုပ်ကောင်တစ်ကောင်နဲ့ဆုံပြီး အသတ်ခံရလုဆဲဆဲမှာ ဗီစီဒီအဖွဲ့က အချိန်မီကယ်ဆယ်ခဲ့ပါတယ်။ တင်မ်မှာ သွေးစုပ်ကောင်တွေရဲ့ အဆိပ်ကို တွန်းကန်နိုင်တဲ့ ကိုယ်ခံစွမ်းအားရှိနေ တယ်ဆိုတာ ဗီစီဒီအဖွဲ့ရဲ့ အကြံပေးအန်ကယ်ချန်က သတိထားမိပါတယ်။

ဒါနဲ့ပဲ ဗီစီဒီအဖွဲ့က ကပ္ပတိန်ချူ၊ သရဲဆရာဂျင်ဂျာ၊ နည်းပညာကျွမ်းကျင်သူအမ်၊ လက်နက်ကျွမ်းကျင်သူ ကွေတို့ကို တင်မ်ရဲ့အကြောင်း ပြောပြပြီး ဗီစီဒီအဖွဲ့ရဲ့ မျိုးဆက်သစ်အဖြစ် ပါဝင်စေဖို့ အန်ကယ်ချန်က အကြံပြုခဲ့ပါတယ်။

ဒီလိုနဲ့ တင်မ်တစ်ယောက် ဗန်ပိုင်းယားဖမ်းတဲ့အဖွဲ့ဝင်အဖြစ် ပထမဆုံးတာဝန်ထမ်းဆောင်ချိန်မှာ အလွဲတွေကြုံရသလို သနားစရာ ဗန်ပိုင်းယားမလေး ဆန်းမားနဲ့ ဆုံခဲ့ပါတယ်။ ဆန်းမားဟာ သွေးစုပ်ဖုတ်ကောင်ဘုရင်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ ဒုက္ခပေးမှုတွေ ကြုံနေရတာမို့ တင်မ်က ကယ်တင်နိုင်ဖို့ ကြိုးပမ်းရင်း ကြုံရမယ့် ထိတ်လန့်စရာ၊ ရယ်မောစရာတွေကို အက်ရှင်ပြကွက်တွေနဲ့အတူ ကြည့်ရမှာပါ။

ဒီဇာတ်ကားမှာ ပါဝင်ထား သူတွေက ပရိသတ်တွေနဲ့ ရင်းနှီး ပြီးသား သရုပ်ဆောင်ကြီးတွေ ဖြစ်တာကြောင့် မမြင်တာကြာတဲ့သူတွေကို ပြန်မြင်တွေ့ရဦးမှာမို့ ပရိသတ်တွေ သဘောကျမယ်ထင်ပါ တယ်။

#Credit