Spring Development Bank
20.4K subscribers
1.75K photos
88 videos
881 links
Discover the First Neo Bank for Myanmar.
Download Telegram
တော်လှန်ရေး ဘက်တော်သားတို့ရဲ့ ဘဏ်
The Revolutionary Bank of Myanmar.

Director - Na Gyi
Agency - Artists' Shelter

https://youtu.be/vDCpxjSTjG4
116👍18🥰3👏1
ကျွန်တော်တို့နေထိုင်နေတဲ့ ကမ္ဘာကြီးမှာ ဆွဲငင်အားတွေရှိသလို နေ့စဥ် လူတွေ အသုံးပြုနေကြတဲ့ ငွေကြေးမှာလဲ​ သံလိုက်ဓါတ်လို တူရာကို စီးကပ်ပွားများတတ်တဲ့ စွမ်းအားရှိပါတယ်။

💰ငွေကို တန်ဖိုးထားပြီး ရှာဖွေ စုဆောင်းတတ်သူရဲ့ ငွေတွေဟာ သူတို့အချင်းချင်းဆွဲဆောင်ပြီး ပိုမိုများပြားတဲ့ငွေများကို ခေါ်ဆောင်လာတတ်ပါတယ်။

🤑သင်ဟာ ဝင်ငွေရ နည်းလမ်းအမျိုးမျိုးနဲ့ ချမ်းသာကြွယ်ဝတဲ့သူ ဖြစ်ချင်တယ်ဆိုရင်တော့ နေ့စဥ်နဲ့အမျှ ပိုမိုပွားများလာအောင် နဂိုရှိရင်းစွဲငွေကို ရင်းနှီးမြုပ်နှံတတ်ဖို့လည်းလိုအပ်ပါတယ်။

နွေဦးဘဏ်မှာ ငွေစုတဲ့အခါ စာရင်းသေအပ်ငွေအတွက် နှစ်စဥ်အတိုးနှုန်း ၁၁ ရာခိုင်နှုန်း အထိ ရရှိနိုင်တဲ့ အပြင် နွေဦးဘဏ်ကို အသုံးပြုခြင်းကြောင့် တနည်းအားဖြင့် EOD ကဲ့သို့သော တော်လှန်ရေး ပရောဂျက်တွေမှာလည်း ပါဝင် ရင်းနှီးမြှုပ်နှံ နိုင်တော့မှာ ဖြစ်လို့ လုံခြုံ၊ စိတ်ချရပြီး ခိုင်မာလွတ်လပ်တဲ့ အနာဂါတ်ဆီ လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ 🌱💪

_________


🪙 SDB Help Center မှ အကူအညီရယူရန် -
https://help.springdevelopmentbank.com
78👍24🥰1
သမိုင်းကြောင်း ကောင်းတဲ့ EOD ရဲ့ Project တွေ ထဲမှာမှ ပထမဆုံး တောင်ပေါ်မြို့

ဖယ်ဒရယ် အငွေ့အသက် စုံတဲ့ဒီ တောင်ပေါ် မြို့လေးမှာ အကောင်အထည် ဖော်ဖို့ “Spring Pyin Oo Lwin” လာပါတော့မယ်။

“Spring Pyin Oo Lwin” ဟာ ဆိုရင်ဖြင့် ကြော်ငြာစရာ အထူးမလိုပဲနဲ့ကို ဘာလာလာ Pre-order ဆိုသူတွေ ရှိနေပြီလို့ ကြားသိရပါတယ်။

အကွက်မြင်သူ၊ ချစ်ခင်သူတွေ ကြားမှာ ကိုယ်ကြိုက်တဲ့ မြေကွက်လေး လက်မလွတ်သွားဖို့ အရေးကြီးတယ်မို့လား။ ရောင်းရေး ဝယ်တာမှာ အဓိက ကျတာက အချိန်မှီ အမြန်ဆုံး ငွေပေးချေနိုင်မှုပဲလေ။

Spring Development Bank ဟာ EOD နဲ့ ချိတ်ဆက်ထားမှာမို့ SDB ကနေ တဆင့် Spring Pyin Oo Lwin က မြေကွက်တွေ အတွက် ကျသင့်ငွေ ပေးချေနိုင်ပါတော့မယ်။

စျေးစဖွင့်တာနဲ့ SDB ရဲ့ ဘဏ်စံနစ်ကို အသုံးပြုပြီး ချက်ချင်း ငွေလွှဲနိုင်ပြီး၊ အမြန်ဆုံး မြေကွက်ပိုင်ဆိုင်သူတွေ ဖြစ်နိုင်ကြမှာပါ။

နောက်ကျ မသွားရလေအောင် ခုကတည်းက နွေဦးဘဏ် ထဲမှာ ကြိုတင်စုထား အတွေးမများကြပါနဲ့ တော်လှန်ပြည်သူများ ခင်ဗျား။
81👍27🥰1👌1
Fixed Deposit ၁ လ အပ်ပြီး အတိုးရထားတဲ့ user တွေ ရှိရင် လက်ညှိုးထောင် ☝️
Currency ၄ မျိုး အပြင် ရွှေလည်း စုလို့ရတယ်နော်။
အနည်းအများ ပဓာန မထားပဲ ငွေစုတဲ့ အကျင့်ကို စုကြပါစို့။ 😎
128👍25🔥2🎉2
တော်လှန်ပြည်သူတို့ရေ...

နွေဦးတော်လှန်ရေးမှာ မိမိ တတ်နိုင်တဲ့အပိုင်းက ပါဝင်တော်လှန်ကြရင်း မိသားစုအနာဂါတ်အတွက်ပါ စိတ်အေးရအောင် ကြိုတင်စုဆောင်းလို့ရတဲ့ နည်းလမ်းကောင်းတွေ နွေဦးဘဏ်မှာ ရှိနေတာ သိပြီးပြီလား။ 😳

၁ - နွေဦးဘဏ်နဲ့ Spring Pyin Oo Lwin Investment မှာ ဝယ်ထားမယ်။
EOD Project တစ်ခုဖြစ်တဲ့ Spring Pyin Oo Lwin ရဲ့ မြေကွက်တွေကို ရင်းနှီးမြှုပ်နှံတဲ့နေရာမှာ နွေဦးဘဏ်စနစ်ကို အသုံးပြုပြီး ငွေချေဝယ်ယူထားမယ်ဆိုရင် မိမိအနာဂါတ်အတွက်လည်း အိမ်မက်နေရာလေးတစ်ခု ကြိုတင်စုဆောင်းပြီး ဖြစ်သလို တော်လှန်ရေးအတွက်လည်း ထောက်ပို့ပါဝင်ပြီးဖြစ်ပါတယ်။

၂ - နွေဦးဘဏ်မှာ​ တည်ငြိမ်တဲ့ နိုင်ငံတကာ ငွေကြေးများနဲ့ ငွေစုမယ်။
နွေဦးဘဏ်ကိုအသုံးပြုတဲ့ ပြည်သူတွေအနေနဲ့ တော်လှန်ရေးအတွက် လိုအပ်တဲ့ ထောက်ပို့လုပ်ငန်းတွေကို စကစ ရန် ကနေ ကင်းဝေးစွာ နှင့် လုံခြုံလွတ်လပ်စွာ ပေးပို့လှူဒါန်းနိုင်ရုံသာမက နွေဦးဘဏ်မှာ စာရင်းသေစုငွေ အပ်နှံထားမယ်ဆိုရင် နှစ်စဉ် အမြင့်ဆုံး ၁၁ ရာခိုင်နှုန်း အထိ အတိုးနှုန်း ရရှိသွားမှာဖြစ်လို့ -

တော်လှန်စုဆောင်း နွေဦးသူဌေးလောင်းတွေဖြစ်နိုင်မယ့် အခွင့်အရေးကို လက်မလွှတ်ရဖို့၊ အခုပဲ နွေဦးဘဏ် အကောင့်ဖွင့်ပြီး ငွေစုလိုက်ပါ။
84👍35🔥1👏1
အချိန် ၃ မိနစ်အတွင်း ဘဏ်အကောင့်ဖွင့်မယ် (လွယ်မှ လွယ်)
နွေဦးဘဏ် အကောင့်ဖွင့်ချင်တယ်၊ ဘာတွေလိုအပ်တာလဲ ???
အကောင့်ဖွင့်ခ ပေးရမှာလား?? ဘယ်မှာဖွင့်ရမှာလဲ ?? ဘယ်လိုဖွင့်ရမှာလဲ ??
မေးခွန်းတွေမေးနေရင်းသာ အချိန်ကုန်သွားမယ်နော်။
ကနဦးသွင်းငွေ ထည့်ထားစရာလည်းမလို၊ ​သမားရိုးကျဘဏ်တွေလို တကူးတက ရုံးခွဲတွေ အချိန်ကုန် သွားဖို့မလိုတဲ့အပြင် စာရွက်စာတမ်း အချက်အလက်တွေ အများကြီး ပေးစရာမလိုပဲ ခေါက်ဆွဲပြုတ်ရုံ မိနစ်ပိုင်းလောက်နဲ့ အကောင့်ဖွင့်ပြီး နွေဦးဘဏ် စတင် အသုံးပြုလိုက်ပါ။
➡️ နွေဦးဘဏ် အကောင့်ဖွင့်ရန်
(အောက်ပါ link ကို copy ပြီး browser တွင် ဖွင့်ပါ)
https://beta.springdevelopmentbank.com/register
➡️ နွေဦးဘဏ် အသုံးပြုသူများ စုဝေးရာ
https://t.me/SpringDevBankCommunity
➡️ SDB Help Center မှ အကူအညီရယူရန်
https://help.springdevelopmentbank.com
80👍28👏3🔥1🥰1🎉1
ချစ်ခြင်းမေတ္တာနှင့် လုံခြုံလွတ်လပ်ခြင်း ဆုံစည်းရာ ❣️

ယခုကဲ့သို့ ငွေကြေးမတည်ငြိမ်မှု၊ ဖိနှိပ်ခံရမှုများ ပြည့်နှက်နေသောကာလအတွင်း ငွေကြေး စုဆောင်းခြင်း၊ လွှဲပြောင်းခြင်း နှင့် လဲလှယ်ခြင်းဆိုင်ရာ အခက်အခဲများကို ကူညီဖြေရှင်းနိုင်ရန်အတွက် ပြည်သူများရှေ့မှောက်သို့ ချစ်ခြင်းမေတ္တာများဖြင့် နွေဦးဘဏ် ရောက်ရှိလာခဲ့ပါပြီ။

နွေဦးဘဏ်တွင် အသုံးများသော Currency လေးမျိုးကို လဲလှယ်ခြင်း၊ စာရင်းသေအပ်နှံခြင်း၊ ရွှေဝယ်ယူခြင်း နှင့် ရင်းနှီးမြုပ်နှံမှုကိစ္စများကိုပါ ဆောင်ရွက်နိုင်ရုံသာမက နွေဦးဘဏ်၏ RM - ပြည်သူ့ဓနဆက်ဆံရေးအရာရှိ များနဲ့ လက်ရှိ user များ အချင်းချင်းကလည်း အသုံးပြုသူများ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက်အကူအညီပေးနိုင်ရန် နွေးထွေးစွာဖြင့် အမြဲအဆင့်သင့်ရှိနေကြပါတယ်။

ပြည်သူများမှလည်း နွေဦးဘဏ်ကို ယုံကြည်ချစ်ခင်စွာဖြင့် ဘဏ်ဝန်ဆောင်မှုများနှင့် လိုအပ်နေသည့်နေရာများကို ထိရောက်စွာ ထောက်ပံ့ရေးအတွက် အသုံးပြုလာကြတာကို တွေ့ရှိရတဲ့အတွက် ကျေးဇူးတင်ရင်း အသုံးပြုသူအသစ်များကိုလည်း အမြဲတမ်း ကြိုဆိုလျက်ရှိပါတယ်။

နွေဦးဘဏ်သည် ပိုမိုကောင်းမွန်သော ဘဏ်ဝန်ဆောင်မှုများပေးနိုင်အောင် အမြဲကြိုးစားသွားမည်ဖြစ်ပြီး နိုင်ငံကိုချစ်ခင်မြတ်နိုးကြသလို၊ လုံခြုံလွတ်လပ်သောအနာဂါတ်ကို လိုလားတောင့်တကြတဲ့ ပြည်သူများအတွက် စိတ်ချ၊ ယုံကြည်ရသော ဆုံစည်းရာနေရာ တစ်ခုအဖြစ် ချစ်ခြင်းစစ်မှန်စွာဖြင့် ရပ်တည်သွားမည်ဖြစ်ကြောင်း အကြောင်းကြားအပ်ပါတယ်။


➡️နွေဦးဘဏ် အကောင့်ဖွင့်ရန်
https://beta.springdevelopmentbank.com/register

➡️ နွေဦးဘဏ် အသုံးပြုသူများ စုဝေးရာ
https://t.me/SpringDevBankCommunity

➡️SDB Help Center မှ အကူအညီရယူရန်
https://help.springdevelopmentbank.com
Please open Telegram to view this post
VIEW IN TELEGRAM
👍7216🥰5🎉3🔥1
လစာ ထုတ်ရက် ရောက်ပြီဆိုတော့ အနာဂတ်နိုင်ငံ အတွက် ရင်းနှီးမြှုပ်နှံဖို့ အသင့်ပဲလား ?

နွေဦးဘဏ်မှာ ကနဦးကာလတွင် ရရှိနိုင်တဲ့ မြန်မာကျပ်၊ စင်္ကာပူ ဒေါ်လာ၊ အမေရိကန် ဒေါ်လာ၊ ထိုင်းဘတ် စသည့် ငွေကြေး (၄) မျိုးကို ပြည်သူ့ဓန ဆက်ဆံရေး အရာရှိ များ (Relationship Managers) များမှတဆင့် မိမိရဲ့ SDB အကောင့်ထဲ ငွေသွင်းမယ်ဆိုရင် -

၁။ SDB web application ပင်မစာမျက်နှာ ထိပ်ဆုံးမှ “Deposit Money” ကို နှိပ်ပြီး “Cash In With Relationship Managers” ကို ရွေးချယ်ပါ။

၂။ “Browse RM List” ကို နှိပ်ပြီး မိမိနေထိုင်ရာ နိုင်ငံအလိုက် RM တို့ရဲ့ contact channel များမှ တဆင့် ဆက်သွယ်ကာ အသုံးပြုလိုတဲ့ ငွေကြေးအမျိုးအစား တို့အား မေးမြန်းပြီး ဝန်ဆောင်မှု ရယူပါ။

မြန်မာနိုင်ငံရဲ့ ငွေကြေးအစုံလင်ဆုံး နွေဦးဘဏ် မှ အတည်ပြုထားတဲ့ RM - ပြည်သူ့ဓန ဆက်ဆံရေး အရာရှိ များ ကို ယုံကြည်စိတ်ချစွာ ဆက်သွယ်နိုင်ကြောင်း အာမခံ သတင်းကောင်းပါးအပ်ပါတယ်။
___________

https://www.facebook.com/SpringDevBank/posts/pfbid0jwDfrFGXZv3xLzX9LemeejaXdrHm9avs5dLtUWcgvTw3y9Lm3SFmoMMaP9CrRhY2l
66👍22🥰1
Federal Springs (Pyin Oo Lwin) ဖက်ဒရယ်စမ်းရေ အိမ်ရာစီမံကိန်း - ရောင်းချပေးမည့်ရက် 🔹

အခါခါပြောခဲ့ပေမယ့် အမှန်တရားစစ်စစ် ဖြစ်နေတာမို့ ထပ်ပြောပါမယ်။

End of Dictatorship Projects များမှာ ရင်းနှီးမြုပ်နှံခြင်းဟာ အမိမြန်မာပြည် အတွက် ရင်းနှီးမြုပ်နှံမှု၊
အသက်တွေ၊ ဘဝတွေ စွန့်လွှတ်ပြီး တိုက်ပွဲဝင်နေကြတဲ့ Gen Z လေးတွေ အောင်ပန်းဆင်နိုင်ဖို့ အတွက် ရင်းနှီးမြုပ်နှံမှု၊
ကိုယ့်မိသားစုနဲ့ ကိုယ့်ရဲ့အနာဂါတ် မျိုးဆက်သစ်တွေ အတွက် ရင်းနှီးမြုပ်နှံမှု၊
အဆုံးမှာတော့ သန်း ၅၀ သော ပြည်သူတွေရဲ့ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်း ဆိုတဲ့ လူသား ပီသစေသော တန်ဖိုးများအတွက် ရင်းနှီးမြုပ်နှံမှုပါ။

တော်လှန်ရေးအပြီး နွေဦးအောင်ပွဲနှင့်အတူ ရရှိလာမယ့် စီးပွါးရေး အကျိုးအမြတ်ထက် အဆများစွာ တန်ဖိုးကြီး မြင့်မြတ်ပါတယ်။

Spring Pyin Oo Lwin Investment မှ ဖေါ်ထုတ်ထားသည့် Federal Springs (ဖက်ဒရယ်စမ်းရေ) မြေကွက်များကို မြန်မာစံတော်ချိန် အောက်တိုဘာလ ၇ ရက် ညဦးပိုင်းအချိန်တွင် စတင်ရောင်းချပေးသွားပါမည်။

တော်လှန်ပြည်သူအားလုံးတို့ရဲ့ ခွန်အားသည်သာ တော်လှန်ရေး၏ မဏ္ဍိုင်ဖြစ်သည်ဟု လေးမြတ်စွာ ခံယူပါသည်။
မိမိတတ်နိုင်သည့် ခွန်အားများဖြင့် အစွမ်းကုန် ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းနိုးဆော်အပ်ပါသည်။

ပြည်သူသာလျှင် အဓိကပါ။

အရေးတော်ပုံ မုချအောင်ရမည်။

#endofdictatorship
#springpyinoolwin
#federalsprings

****************************************
➡️EOD Agents များထံ စာရင်းသွင်းခြင်း၊ လိုအပ်သော ငွေကြေးလွှဲပြောင်းမှုများပြုလုပ်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်နိုင်ပြီဖြစ်ပါသည်။

➡️နွေဦးတော်လှန်ရေး၏ တိုးတက်မှုပြယုဒ်တစ်ခုဖြစ်သော နွေဦးဘဏ် တွင် အကောင့်ဖွင့်ခြင်း၊ ငွေသွင်းထားခြင်း များဖြင့်လည်း ငွေကြေးလွှဲပြောင်းမှုများအား လုံခြုံ စိတ်ချ မြန်ဆန်စွာ ဆောင်ရွက်နိုင်ပါသည်။


➡️Federal Springs - စီမံကိန်း အသေးစိတ် အား ဖတ်ရှုရန် -
https://www.facebook.com/100083028775849/posts/pfbid0211zXYrLPeS4pp7NmmKg8DdYVeQtFCVBX8MtDk2HM1nrLscbrMXYAKFRRjbz7EsKZl/?mibextid=cr9u03
Please open Telegram to view this post
VIEW IN TELEGRAM
👍4726🎉2🔥1
နွေဦးဘဏ်၏ ခြေလှမ်းသစ် ICO Seed Round ဆိုတာ ဘာလဲ 🤔

နိုင်ငံနှင့် လူထု လွတ် မြောက် ရေးအတွက် များစွာ အထောက်အကူပြုနိုင်ဖို့ ပြည်သူလူထု အနေနဲ့ မြန်မာနိုင်ငံ၏ ငွေကြေးစနစ် အစုံလင်ဆုံး နွေဦးဘဏ်မှာ ရင်းနှီးမြှုပ်နှံနိုင်မယ့် အခွင့်အရေးကို မကြာခင်မှာ မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ICO (Initial Coin Offering) ဆိုတာ ကနဦးအကြို တိုကင် ရောင်းချခြင်း လို့ အဓိပ္ပါယ် ဖွင့်ဆိုနိုင်တယ်။ ICO ဆိုတာ သမားရိုးကျ ကုမ္ပဏီ လုပ်ငန်းတွေမှာ IPO ( Initial Public Offering ) ကဲ့သို့ ရင်းနှီးမြှုပ်နှံမယ့်သူများကို ရှယ်ယာ ပိုင်ဆိုင်ခွင့်ပေးပြီး လုပ်ငန်းဆိုင်ရာ ရံပုံငွေရှာဖွေခြင်းနဲ့ ပုံသဏ္ဍာန်တူပါတယ်။ အထူးသဖြင့် blockchain နဲ့ cryptocurrency လုပ်ငန်းတွေရဲ့ အားထားရာ မဟာဗျုဟာကျ စီမံကိန်းတခုလည်းဖြစ်ပါတယ်။

နွေဦးဘဏ်ကလည်း ICO မတိုင်ခင် ကာလ အဆင့်ဆင့် ရံပုံငွေမြှင့်တင်ပြီး ဒီဂျစ်တယ် ကွိုင်် (သို့) တိုကင်များကို ပမာဏ တန်ဖိုး အပိုင်းအခြားအလိုက် အများပြည်သူလူထု ရင်းနှီးမြှုပ်နှံနိုင်အောင် ကြိုတင် ရောင်းချပေးသွားမှာ ဖြစ်တယ်။

ပထမဦးစားပေး အဆင့်အနေနဲ့ pre-ICO (သို့) ICO Seed Round မှာ နွေဦးဘဏ်အကောင့် ဖွင့်ထားသူတိုင်းသာ လက်လှမ်းမီနိုင်မယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။

အရှင်းဆုံးပြောပြရရင် -

💕 pre-ICO ဆိုတာ နွေဦးဘဏ်ကို တစိတ်တပိုင်း ရရှိပိုင်ဆိုင်ခွင့်

💕 pre-ICO ဆိုတာ ပြည်သူ့ တော် လှန် ရေးကို ထောက်ပံ့ဖို့ ခိုင်မာတဲ့ ယုံကြည်စိတ်ချခွင့်

💕pre-ICO ဆိုတာ ဘဏ္ဍာရေးဝန်ဆောင်မှုတွေ အကောင်းဆုံး မြှင့်တင်နိုင်မယ့် ကူညီပံ့ပိုးခွင့်

💕 pre-ICO ဆိုတာ ပြည်သူ တဦးချင်းရဲ့ အနာဂတ်ကို လွတ်လပ်စွာ ပုံဖော်ဆေးခြယ်ခွင့်

ဒါကြောင့် အရှိန်အဟုန်မြင့်လာတဲ့ ဘဏ္ဍာရေး တိုက် ပွဲ မှာ တသံတည်းညီ တချီတည်းရုန်းရင်း နိုင်တဲ့မြင်းကို လောင်း ဖို့ နွေဦးဘဏ်မှာ ရဲရဲကြီးသာ ရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းဖိတ်ခေါ်အပ်ပါတယ်။

ကနဦး ပြည်သူ့ထံ အကြို ရင်းနှီးမြှုပ်နှံခွင့်ပေးမယ့် ICO Seed Round အစီအစဥ် အသေးစိတ်ကိုလည်း အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးသွားမှာဖြစ်လို့ နွေဦးဘဏ်မှာ အကောင့်ဖွင့်ပြီး ငွေစုထားကြပါစို့လား။


➡️ နွေဦးဘဏ် အကောင့်ဖွင့်ရန်
https://beta.springdevelopmentbank.com/register

➡️ နွေဦးဘဏ် အသုံးပြုသူများ စုဝေးရာ
https://t.me/SpringDevBankCommunity

➡️ SDB Help Center မှ အကူအညီရယူရန်
https://help.springdevelopmentbank.com

#realbankrealfreedom
#ICOSeedRound
Please open Telegram to view this post
VIEW IN TELEGRAM
👍6122🥰2
နွေဦးဘဏ်က ပြောတဲ့ သင့်အကြောင်း 💙🧡

1️⃣ အသက်ကို ၀၀ ရှုပြီး စိတ်ကို တည်ငြိမ်အောင် ထားပါ။

2️⃣ သင်အကြိုက်ဆုံးပုံကို စာတွေ လုံး၀ ဖတ်မကြည့်ဘဲ ရွေးချယ်ပါ။

အကယ်၍ သင့် စိတ်ကူးနဲ့ အဖြေက ကိုက်ညီမှုရှိတယ်ဆိုရင် အခြားသူများလည်း သိအောင် မျှဝေ လိုက်ပါဦးနော်။ 🥰

https://www.facebook.com/SprngDevBank/posts/pfbid02ppWcYvMFXHdjraVvm7utAQwh4RRkANLEn1vH8mv5AWZ8G43r7pew8PsZnsnmqvc2l/
56👍20🥰2