Spring Development Bank
20.4K subscribers
1.75K photos
88 videos
883 links
Discover the First Neo Bank for Myanmar.
Download Telegram
Federal Springs (Pyin Oo Lwin) ဖက်ဒရယ်စမ်းရေ အိမ်ရာစီမံကိန်း - ရောင်းချပေးမည့်ရက် 🔹

အခါခါပြောခဲ့ပေမယ့် အမှန်တရားစစ်စစ် ဖြစ်နေတာမို့ ထပ်ပြောပါမယ်။

End of Dictatorship Projects များမှာ ရင်းနှီးမြုပ်နှံခြင်းဟာ အမိမြန်မာပြည် အတွက် ရင်းနှီးမြုပ်နှံမှု၊
အသက်တွေ၊ ဘဝတွေ စွန့်လွှတ်ပြီး တိုက်ပွဲဝင်နေကြတဲ့ Gen Z လေးတွေ အောင်ပန်းဆင်နိုင်ဖို့ အတွက် ရင်းနှီးမြုပ်နှံမှု၊
ကိုယ့်မိသားစုနဲ့ ကိုယ့်ရဲ့အနာဂါတ် မျိုးဆက်သစ်တွေ အတွက် ရင်းနှီးမြုပ်နှံမှု၊
အဆုံးမှာတော့ သန်း ၅၀ သော ပြည်သူတွေရဲ့ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်း ဆိုတဲ့ လူသား ပီသစေသော တန်ဖိုးများအတွက် ရင်းနှီးမြုပ်နှံမှုပါ။

တော်လှန်ရေးအပြီး နွေဦးအောင်ပွဲနှင့်အတူ ရရှိလာမယ့် စီးပွါးရေး အကျိုးအမြတ်ထက် အဆများစွာ တန်ဖိုးကြီး မြင့်မြတ်ပါတယ်။

Spring Pyin Oo Lwin Investment မှ ဖေါ်ထုတ်ထားသည့် Federal Springs (ဖက်ဒရယ်စမ်းရေ) မြေကွက်များကို မြန်မာစံတော်ချိန် အောက်တိုဘာလ ၇ ရက် ညဦးပိုင်းအချိန်တွင် စတင်ရောင်းချပေးသွားပါမည်။

တော်လှန်ပြည်သူအားလုံးတို့ရဲ့ ခွန်အားသည်သာ တော်လှန်ရေး၏ မဏ္ဍိုင်ဖြစ်သည်ဟု လေးမြတ်စွာ ခံယူပါသည်။
မိမိတတ်နိုင်သည့် ခွန်အားများဖြင့် အစွမ်းကုန် ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းနိုးဆော်အပ်ပါသည်။

ပြည်သူသာလျှင် အဓိကပါ။

အရေးတော်ပုံ မုချအောင်ရမည်။

#endofdictatorship
#springpyinoolwin
#federalsprings

****************************************
➡️EOD Agents များထံ စာရင်းသွင်းခြင်း၊ လိုအပ်သော ငွေကြေးလွှဲပြောင်းမှုများပြုလုပ်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်နိုင်ပြီဖြစ်ပါသည်။

➡️နွေဦးတော်လှန်ရေး၏ တိုးတက်မှုပြယုဒ်တစ်ခုဖြစ်သော နွေဦးဘဏ် တွင် အကောင့်ဖွင့်ခြင်း၊ ငွေသွင်းထားခြင်း များဖြင့်လည်း ငွေကြေးလွှဲပြောင်းမှုများအား လုံခြုံ စိတ်ချ မြန်ဆန်စွာ ဆောင်ရွက်နိုင်ပါသည်။


➡️Federal Springs - စီမံကိန်း အသေးစိတ် အား ဖတ်ရှုရန် -
https://www.facebook.com/100083028775849/posts/pfbid0211zXYrLPeS4pp7NmmKg8DdYVeQtFCVBX8MtDk2HM1nrLscbrMXYAKFRRjbz7EsKZl/?mibextid=cr9u03
Please open Telegram to view this post
VIEW IN TELEGRAM
👍4726🎉2🔥1