Spring Development Bank
20.4K subscribers
1.75K photos
88 videos
883 links
Discover the First Neo Bank for Myanmar.
Download Telegram
နွေဦးဘဏ်၏ ခြေလှမ်းသစ် ICO Seed Round ဆိုတာ ဘာလဲ 🤔

နိုင်ငံနှင့် လူထု လွတ် မြောက် ရေးအတွက် များစွာ အထောက်အကူပြုနိုင်ဖို့ ပြည်သူလူထု အနေနဲ့ မြန်မာနိုင်ငံ၏ ငွေကြေးစနစ် အစုံလင်ဆုံး နွေဦးဘဏ်မှာ ရင်းနှီးမြှုပ်နှံနိုင်မယ့် အခွင့်အရေးကို မကြာခင်မှာ မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ICO (Initial Coin Offering) ဆိုတာ ကနဦးအကြို တိုကင် ရောင်းချခြင်း လို့ အဓိပ္ပါယ် ဖွင့်ဆိုနိုင်တယ်။ ICO ဆိုတာ သမားရိုးကျ ကုမ္ပဏီ လုပ်ငန်းတွေမှာ IPO ( Initial Public Offering ) ကဲ့သို့ ရင်းနှီးမြှုပ်နှံမယ့်သူများကို ရှယ်ယာ ပိုင်ဆိုင်ခွင့်ပေးပြီး လုပ်ငန်းဆိုင်ရာ ရံပုံငွေရှာဖွေခြင်းနဲ့ ပုံသဏ္ဍာန်တူပါတယ်။ အထူးသဖြင့် blockchain နဲ့ cryptocurrency လုပ်ငန်းတွေရဲ့ အားထားရာ မဟာဗျုဟာကျ စီမံကိန်းတခုလည်းဖြစ်ပါတယ်။

နွေဦးဘဏ်ကလည်း ICO မတိုင်ခင် ကာလ အဆင့်ဆင့် ရံပုံငွေမြှင့်တင်ပြီး ဒီဂျစ်တယ် ကွိုင်် (သို့) တိုကင်များကို ပမာဏ တန်ဖိုး အပိုင်းအခြားအလိုက် အများပြည်သူလူထု ရင်းနှီးမြှုပ်နှံနိုင်အောင် ကြိုတင် ရောင်းချပေးသွားမှာ ဖြစ်တယ်။

ပထမဦးစားပေး အဆင့်အနေနဲ့ pre-ICO (သို့) ICO Seed Round မှာ နွေဦးဘဏ်အကောင့် ဖွင့်ထားသူတိုင်းသာ လက်လှမ်းမီနိုင်မယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။

အရှင်းဆုံးပြောပြရရင် -

💕 pre-ICO ဆိုတာ နွေဦးဘဏ်ကို တစိတ်တပိုင်း ရရှိပိုင်ဆိုင်ခွင့်

💕 pre-ICO ဆိုတာ ပြည်သူ့ တော် လှန် ရေးကို ထောက်ပံ့ဖို့ ခိုင်မာတဲ့ ယုံကြည်စိတ်ချခွင့်

💕pre-ICO ဆိုတာ ဘဏ္ဍာရေးဝန်ဆောင်မှုတွေ အကောင်းဆုံး မြှင့်တင်နိုင်မယ့် ကူညီပံ့ပိုးခွင့်

💕 pre-ICO ဆိုတာ ပြည်သူ တဦးချင်းရဲ့ အနာဂတ်ကို လွတ်လပ်စွာ ပုံဖော်ဆေးခြယ်ခွင့်

ဒါကြောင့် အရှိန်အဟုန်မြင့်လာတဲ့ ဘဏ္ဍာရေး တိုက် ပွဲ မှာ တသံတည်းညီ တချီတည်းရုန်းရင်း နိုင်တဲ့မြင်းကို လောင်း ဖို့ နွေဦးဘဏ်မှာ ရဲရဲကြီးသာ ရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းဖိတ်ခေါ်အပ်ပါတယ်။

ကနဦး ပြည်သူ့ထံ အကြို ရင်းနှီးမြှုပ်နှံခွင့်ပေးမယ့် ICO Seed Round အစီအစဥ် အသေးစိတ်ကိုလည်း အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးသွားမှာဖြစ်လို့ နွေဦးဘဏ်မှာ အကောင့်ဖွင့်ပြီး ငွေစုထားကြပါစို့လား။


➡️ နွေဦးဘဏ် အကောင့်ဖွင့်ရန်
https://beta.springdevelopmentbank.com/register

➡️ နွေဦးဘဏ် အသုံးပြုသူများ စုဝေးရာ
https://t.me/SpringDevBankCommunity

➡️ SDB Help Center မှ အကူအညီရယူရန်
https://help.springdevelopmentbank.com

#realbankrealfreedom
#ICOSeedRound
Please open Telegram to view this post
VIEW IN TELEGRAM
👍6122🥰2