Spring Development Bank
✔
21.1K subscribers
2.02K photos
111 videos
986 links
Discover the First Neo Bank for Myanmar.
Download Telegram
🥳 ခရစ်ပတို ချစ်သူတို့ရေ...

ဒီနေ့ 28th June (သောကြာနေ့) မြန်မာအချိန် ည (၈)နာရီမှာ နွေဦးဘဏ်မှ ချစ်ခင်ယုံကြည်ရတဲ့ မိတ်ဖက် @myancrypto မှ Ko Feliz က Unlock Financial Freedom ဆိုတဲ့ အကြောင်းအရာလေးကို Telegram မှာ LIVE နဲ့ ပြောပြသွားမှာပါ။

P2P မှာ SDB Payment Method အသုံးပြုပြီး ဘဏ္ဍာငွေကြေး လွတ်လပ်မှုဧကန်ရဖို့အတွက် အကြံဉာဏ်နဲ့ နည်းလမ်းတွေလည်းပါမယ့်အပြင် စိတ်ဝင်စားဖို့ကောင်းတဲ့ ဂိမ်းတွေကစားပြီး ဆုတွေလည်းပေးမှာဖြစ်လို့ နွေဦးဘဏ်ချစ်သူတို့ အားလုံးကို TGIF မှာ Telegram LIVE ကနေ စောင့်နေမယ်နော်။

အချိန်က - မြန်မာအချိန် ည-၈နာရီ
နေ့ရက်က - 28th June 2024 (သောကြာနေ့)
နေရာက - Myan Crypto Telegram Channel
( https://t.me/myancryptochannel )

မမေ့နဲ့နော်...တူတူလေ့လာဖို့ ဆုံကြမယ် 🫶

#MyanCrypto
#SpringDevelopmentBank
❤57👍5👏2🥰1
မြန်မာနိုင်ငံအတွက် Bybit ခွန်အား

မတ်လ ၂၈ ရက်နေ့ တွင် လှုပ်ခတ်ခဲ့သည့် စစ်ကိုင်း ငလျင်ကြီး နှင့် နောက်ဆက်တွဲ ငလျင်ငယ်များကြောင့် ဘေးသင့်ခဲ့ရသော ဒေသခံ မြန်မာပြည်သူများ၏ ပြန်လည် ထူထောင်ရေး အတွက် ကမ္ဘာကျော် Crypto Exchange တခုဖြစ်တဲ့ @BybitEnglish မှ မြန်မာကျပ်ငွေ သိန်းပေါင်း ၆၀၀၀ ကျော် ခန့် (USD 140,000 တိတိ) ကို ပေးပို့ လှူဒါန်းခဲ့ပါတယ်။

အခုလို နိုင်ငံတကာမှ ထိရောက်သော ပံ့ပိုးမှုအဖြစ် ခွန်အားဖြည့်ပေးခဲ့တဲ့ Bybit အား အထူးပင် ကျေးဇူးတင်ရှိလျက် @SpringDevBank, @MyanCrypto နှင့် @KooeCrypto တို့၏ ယုံကြည်စိတ်ချရတဲ့ ကွန်ယက်များမှ တဆင့် လွှဲပြောင်းကူညီပေးနေပြီ ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။

#Bybit
#Bybit4Myanmar
#EarthquakeReliefFund
#SpringDevelopmentBank
#KoeCryptoStudios
#MyanCrypto
❤231👍37🥰12🎉2🆒2👏1