Spring Development Bank
21.4K subscribers
2.09K photos
118 videos
1.01K links
Discover the First Neo Bank for Myanmar.
Download Telegram
မြန်မာနိုင်ငံအတွက် Bybit ခွန်အား

မတ်လ ၂၈ ရက်နေ့ တွင် လှုပ်ခတ်ခဲ့သည့် စစ်ကိုင်း ငလျင်ကြီး နှင့် နောက်ဆက်တွဲ ငလျင်ငယ်များကြောင့် ဘေးသင့်ခဲ့ရသော ဒေသခံ မြန်မာပြည်သူများ၏ ပြန်လည် ထူထောင်ရေး အတွက် ကမ္ဘာကျော် Crypto Exchange တခုဖြစ်တဲ့ @BybitEnglish မှ မြန်မာကျပ်ငွေ သိန်းပေါင်း ၆၀၀၀ ကျော် ခန့် (USD 140,000 တိတိ) ကို ပေးပို့ လှူဒါန်းခဲ့ပါတယ်။

အခုလို နိုင်ငံတကာမှ ထိရောက်သော ပံ့ပိုးမှုအဖြစ် ခွန်အားဖြည့်ပေးခဲ့တဲ့ Bybit အား အထူးပင် ကျေးဇူးတင်ရှိလျက် @SpringDevBank, @MyanCrypto နှင့် @KooeCrypto တို့၏ ယုံကြည်စိတ်ချရတဲ့ ကွန်ယက်များမှ တဆင့် လွှဲပြောင်းကူညီပေးနေပြီ ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။

#Bybit
#Bybit4Myanmar
#EarthquakeReliefFund
#SpringDevelopmentBank
#KoeCryptoStudios
#MyanCrypto
231👍37🥰12🎉2🆒2👏1
Bybit မှ Myanmar သို့ ကရုဏာ လက်ဆင့်ကမ်းမှု

မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် သဘာဝဘေး ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် နေရာဒေသများအတွက် @BybitEnglish Bybit မှ မြန်မာနိုင်ငံအတွက် အားဖြည့်ပေးခဲ့ခြင်းကြောင့် ရေပေါက်လေးတွေစုပြီး ရေကန်ကြီး ဖြစ်တည်လာသလို အကောင်အထည်စတင် ဖော်ဆောင်နိုင်ခဲ့ပါပြီ။

ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်တဲ့ ငလျင်ဒဏ်ဘေးသင့်ခဲ့ခြင်းမှ ရေသန့်ရေကောင်းမရရှိနိုင်တဲ့ ပြည်နယ်အချို့မှာ သောက်သုံးရန် ရေသန့်စက်များအား တပ်ဆင်လုပ်ဆောင် နိုင်ခဲ့ပါတယ်။

ဒေသခံများရဲ့ လုံခြုံရေးကို အလေးထားသဖြင့် ယခင်က တည်ဆောက်ပြီး ပုံရိပ်များကို ယခုအခါမှသာ ဖော်ပြနိုင်ခြင်း ဖြစ်ပြီး ဤ ဂုဏ်ယူဖွယ်ရာ မှတ်တမ်းများကို #Bybit4Myanmar အသုံးပြုပြီး ရှယ်ပေးကြဖို့ တိုက်တွန်းပါတယ်နော်။

#Bybit
#Bybit4Myanmar
#EarthquakeReliefFund
#SpringDevelopmentBank
🥰125108👍22👏6🔥3
Bybit မှ Myanmar သို့ စာနာမှုလက်ဆောင် 💛

@BybitEnglish Bybit မှ မြန်မာနိုင်ငံအား မတ်လ ၂၈ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ သဘာဝဘေး ငလျင်ဒဏ်ကြောင့် စားရေးသောက်ရေးဆိုင်ရာ ခက်ခဲကျပ်တည်းမှုများကို ဖေးမထောက်ကူနိုင်ရန် ငလျင်ဘေးသင့် ဒေသများတွင် ဝမ်းစာဖြည့်တင်းနိုင်ဖို့အတွက် စားနပ်ရိက္ခာ အသီးသီးကို ဒေသခံ ဆင်ကြီးများ နဲ့အတူ စာနာမှုများ လက်ဆင့်ကမ်း အားဖြည့်ဝေမျှ နိုင်ခဲ့ပါတယ်။

ဒေသခံများရဲ့ လုံခြုံရေးကို အလေးထားသဖြင့် ယခင်က ဝေမျှခဲ့ပြီး ပုံရိပ်များကို ယခုအချိန် မှသာ ဖော်ပြနိုင်ခြင်း ဖြစ်ပြီး ဤ ဂုဏ်ယူဖွယ်ရာ မှတ်တမ်းများကို #Bybit4Myanmar အသုံးပြုပြီး ရှယ်ပေးကြရန် တိုက်တွန်းလိုက်ပါတယ်နော်။

#Bybit
#Bybit4Myanmar
#CryptoForRelief
#EarthquakeReliefFund
#SpringDevelopmentBank
179👍25🥰11👏1
မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ပြိုလဲပျက်စီးခဲ့ရတဲ့ ဒေသများတွင် Bybit မှ မြန်မာနိုင်ငံအား ရောဂါကင်းစင်ရေးအတွက် အလွန်အရေးကြီးသော အခြေခံအုတ်မြစ် တခုဖြစ်တဲ့ သန့်ရှင်းပြီး ခိုင်မာသော ယင်လုံအိမ်သာများကို ကျန်းမာရေးနှင့် သန့်ရှင်းရေး ဆိုင်ရာ အရည်အသွေး မြှင့်တင်နိုင်ရန် ရည်ရွယ်ပြီး သဲတပွင့်မှ အုတ်တချပ် သဖွယ် ဝိုင်းဝန်းဆောက်လုပ်ပေးနိုင်ခဲ့ပါတယ်။

ယခင်က တည်ဆောက်ခဲ့ပြီး ပုံရိပ်များကို ဒေသခံများရဲ့ လုံခြုံရေးကို အလေးထားသဖြင့် ယခုအချိန် မှသာ ဖော်ပြနိုင်ခြင်း ဖြစ်ပြီး ဤ ဂုဏ်ယူဖွယ်ရာ မှတ်တမ်းများကို #Bybit4Myanmar အသုံးပြုပြီး ရှယ်ပေးကြရန် တိုက်တွန်းလိုက်ပါတယ်နော်။

#Bybit
#Bybit4Myanmar
#CryptoForRelief
#EarthquakeReliefFund
#SpringDevelopmentBank
272👍33🥰23👏8
နားခိုရာ ဆုံမှတ်များ 🛖
Bybit for Myanmar

မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ပြိုလဲပျက်စီးခဲ့ရတဲ့ ဒေသများတွင် @BybitEnglish မှ မြန်မာနိုင်ငံအား ငလျင်ဒဏ်ကြောင့် နေထိုင်ကျင်လည်ရာ အိုးအိမ်ပျက်စီးခဲ့ရတဲ့ ဒေသခံပြည်သူများအတွက် ခိုလှုံနားနေနိုင်ဖို့ရန် ထန်းလက် ဓနိ အမိုးအကာများဖြင့် အရေးပေါ် နားခိုရာ ဆုံမှတ်များကို @SpringDevBank, @MyanCrypto, @Kooe_crypto တို့ရဲ့ စီစဉ်ပံ့ပိုးမှုများ နဲ့အတူ နေရာအသီးသီးမှာ ဆောက်လုပ်ကာရံ ပေးနိုင်ခဲ့ပါတယ်။

ယခင်က တည်ဆောက်ခဲ့ပြီး ပုံရိပ်များကို ဒေသခံများရဲ့ လုံခြုံရေးကို အလေးထားသဖြင့် ယခုအချိန် မှသာ ဖော်ပြနိုင်ခြင်း ဖြစ်ပြီး ဤ ဂုဏ်ယူဖွယ်ရာ မှတ်တမ်းများကို #Bybit4Myanmar အသုံးပြုပြီး ရှယ်ပေးကြရန် တိုက်တွန်းလိုက်ပါတယ်နော်။

#Bybit
#Bybit4Myanmar
#CryptoForRelief
#EarthquakeReliefFund
#SpringDevelopmentBank
125👍14🥰5👏3
Bybit CEO မှ မြန်မာနိုင်ငံရှိ Fintech နှင့် Crypto အခွင့်အလမ်းများ ရှာဖွေရန် SDB နှင့် Myan Crypto တို့အား လက်ခံ တွေ့ဆုံ

@BybitEnglish ၏တည်ထောင်သူ CEO Mr. Ben Zhou နှင့် အကြီးတန်းအမှုဆောင်အဖွဲ့ ဝင်များသည် SDB ၏ CEO ဖြစ်သူ Mr. Calvin Tang နှင့် @MyanCrypto ၏ တည်ထောင်သူ ၊ SDB အထူးအကြံပေး Mr. Feliz တို့နှင့်အတူ မြန်မာ့ ငွေကြေးနည်းပညာကဏ္ဍနှင့် SDB ဂေဟစနစ်၏ အနာဂတ်ကို မကြာသေးမီ အချိန်က လူချင်းတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

SDB ၏ FinTech လမ်းပြမြေပုံ၊ မြန်မာနိုင်ငံဈေးကွက်ရှိ အခွင့်အလမ်းများနှင့် စီးပွါးရေးကဏ္ဍတွင် ဦးဆောင်ရပ်တည်ချက်များ အားကောင်းစေရန် နှင့် ပြည်တွင်း crypto အသိုက်အဝန်းအတွက် စဉ်ဆက်မပြတ် ပံ့ပိုးကူညီနိုင်မည့် အဖွဲ့အစည်းနှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မည့် အလားအလာများကို အဓိကထားပြီး ဆွေးနွေးခဲ့ပါတယ်။

တွေ့ဆုံစဉ် SDB ၏ CEO မှ မကြာသေးမီက စစ်ကိုင်းငလျင်ဘေးသင့်ခဲ့ရသော လူမှုအသိုက်အဝန်းများအား စေတနာထက်သန်စွာဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အလှူငွေ အမေရိကန်ဒေါ်လာ ၁၄၀,၀၀၀ လှူဒါန်းမှုအတွက် Mr. Zhou နှင့် Bybit အား အထူး ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

SDB နှင့် Bybit မှ ပံ့ပိုးပေးနိုင်မည့် crypto နှင့် blockchain ဝန်ဆောင်မှုများမှ တဆင့် မြန်မာနိုင်ငံ၏ အနာဂတ် FinTech ကဏ္ဍကို တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် ဤပူးပေါင်းဆောင်ရွက်မှု၏ အသေးစိတ်ကို SDB အသိုက်အဝန်းအား အချိန်နှင့် တပြေးညီ အသိပေးသွားမှာ ဖြစ်ပါတယ်။

#Bybit4Myanmar
#EarthquakeReliefFund
#SpringDevelopmentBank
#NewMyanmarFinTech
246👍36🥰12👏3🎉2💯2🔥1🏆1🆒1