People's Spring
62.7K subscribers
66.5K photos
1.17K videos
7 files
2.89K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(ဖေဖော်ဝါရီ ၁၉ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️မံစီမြို့နယ် စီခမ်းကြီးဗျူဟာစခန်းကို KIA ပူးပေါင်းတပ် သိမ်းပိုက်ရရှိ

ကချင်ပြည်နယ် မံစီမြို့နယ် စီခမ်းကြီး(ဂျယ်ခမ်း)စစ်ကောင်စီစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က ဒီနေ့ညနေပိုင်းမှာ သိမ်းယူနိုင်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စစ်ကောင်စီရဲ့ ဗျူဟာစခန်းတစ်ခုဖြစ်တဲ့ စီခမ်းကြီး တပ်စခန်းကို KIA၊ ရက္ခိုင့်တပ်တော်(AA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တို့က ဖေဖော်ဝါရီ ၁၇ရက် မနက်ပိုင်းကတည်းက စတင်ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီက လေကြောင်း ပစ်ကူသုံးအပြင်းအထန် ခုခံခဲ့ပေမယ့် သုံးရက်အကြာ ဒီနေ့ ညနေပိုင်းမှာ သိမ်းနိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ တိုက်ပွဲသုံးရက်အတွင်း စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူ အကြိမ် ၈၀ ခန့် အသုံးပြု ခုခံခဲ့ပေမယ့် အရေးပါတဲ့ ဗျူဟာစခန်းကို ဆုံးရှုံးခဲ့ရတာလည်း ဖြစ်ပါတယ်။

◾️စစ်မှုထမ်းဥပဒေ အသုံးချကာ စစ်အုပ်စုရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများကို သတင်းပေးတိုင်ကြားဖို့ NUG ဖိတ်​ခေါ်

စစ်ကောင်စီထုတ်ပြန်ထားတဲ့ စစ်မှုထမ်းဥပဒေအသုံးချကာ လူ့အခွင့်အရေး ချိုးဖောက်မှုများကို သတင်းပေးပို့တိုင်ကြားနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။ စစ်မှုမထမ်းမ​နေရဥပဒေကို အသုံးပြုကာ စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်မှုများကို မှတ်တမ်းတင်ပြီး စစ်ရာဇဝတ်မှုကျုးလွန်သူများကို ထိရောက်စွာ အရေးယူနိုင်ဖို့၊ လိုအပ်တဲ့ နောက်ဆက်တွဲ ကာကွယ်မှုများ၊ ကူညီပံ့ပိုးမှုများပေးအပ်နိုင်ဖို့ ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်တယ်လို့ ​ဖော်ပြထားပါတယ်။ အင်တာနက်စာမျက်နှာ https://mohr.nugmyanmar.org/forced-military-service-call/ သို့ "စစ်မှုထမ်း​စေခိုင်းခြင်းဆိုင်ရာ တိုင်ကြားလွှာပုံစံ " ​ခေါင်းစဥ်ဖြင့် ပေးပို့ထိုင်ကြားဖို့နဲ့ အဲဒီ linkမှတဆင့်တိုင်ကြားဖို့ အခက်အခဲရှိတဲ့ ပြည်သူများအနေဖြင့် စာဖြင့်တိုင်ကြားဖို့ တိုင်ကြားစာနမူနာကို ထုတ်ပြန်ထားပါတယ်။ စစ်မှုထမ်းဖို့ ခြိမ်းခြောက်ခြင်း၊ စာရင်းကောက်ခြင်း၊ ငွေကောက်ခံခြင်း၊ ဆင့်ခေါ်ခြင်း၊ လာရောက်ခေါ်ဆောင်ခြင်း၊ လမ်းမှာဖမ်းဆီးခံရခြင်းစတဲ့ စစ်ကောင်စီနှင့်ပူးပေါင်းသူများကို မှတ်သားတိုင်ကြားနိုင်တယ်လို့လည်း အသိပေးထားပါတယ်။

◾️ပဲခူးရိုးမအတွင်းတိုက်ပွဲ စစ်ကောင်စီ​သေဆုံးထိခိုက်မှုများ

မင်းလှမြို့နယ်မှာ ​ဖေ​ဖော်ဝါရီ ၁၈ ရက်ကဖြစ်ပွားတဲ့ တိုက်ပွဲလေးကြိမ်မှာ စစ်‌ကောင်စီဘက်မှ ၄၀ဦးခန့်သေဆုံးပြီး ၁၆ဦး ဒဏ်ရာရကာ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း(၃၈ဝ၂) တပ်ခွဲ (၅)နဲ့ အမှတ်(၂) စစ်ဒေသခွဲမှ တာဝန်ရှိသူတို့က အတည်ပြုပါတယ်။ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်း ခါချဉ်တောင်နဲ့ အနီးတဝိုက်မှာ တိုက်ပွဲများဖြစ်ပွားခဲ့တာပါ။ မြို့ချောင်း - စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားတဲ့ နေရာဖြစ်ပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်လို့ ပြည်သူများအနေဖြင့် ပဲခူးရိုးမအတွင်း သွားလာမှုများ မပြုလုပ်ကြဖို့ သာယာဝတီခရိုင် တပ်ရင်း(၃၈ဝ၂) တပ်ခွဲ (၅)ကအသိပေးထားပါတယ်။

◾️မင်းတပ်မြို့ ရပ်ကွက်တစ်ခုလျှင် လူ ၁၁၅ဦးစစ်မှုထမ်းခိုင်းဖို့ စစ်ကောင်စီ ဖိအား​ပေး​နေ

ချင်းပြည်နယ် မင်းတပ်မြို့ရှိ ပြည်သူများကို စစ်မှုထမ်းခိုင်းဖို့ စစ်ကောင်စီက ဖိအား​ပေးနေပြီး ရပ်ကွက်တစ်ခုလျှင် လူဦးရေ ၁၀၀ကျော်စီ စာရင်း ကောက်ခံဖို့ ရှိနေတယ်လို့ မင်းတပ်ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။ မင်းတပ်မြို့ရှိ စံပြရပ်ကွက်၊ အနောက်ရပ်ကွက်၊ အရှေ့ပြင်ရပ်ကွက်၊ ဘဝသစ်ရပ်ကွက်တို့မှာ နေထိုင်တဲ့ ပြည်သူများကို အကြမ်းဖက်စစ်အုပ်စုက စစ်မှုထမ်းဖို့ တစ်ရပ်ကွက် အမျိုးသား ၇၀ ဦး၊ အမျိုးသမီး ၄၅ ဦး ပါဝင်နိုင်ဖို့ စတင်စာရင်းကောက်ခံကြတော့မယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီက ကုန်တင်လေယာဉ်ဖြင့် လေထီး အသုံးပြု ပို့လာတဲ့ အထုပ်များမှာ ကျည်၊ရိက္ခာများအပြင် ယူနီဖောင်းများလည်းပါဝင်တယ်လို့ သတင်းရင်းမြစ်ကပြောပြထားပါတယ်။ ဒါ့အပြင် စစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့ စစ်ကောင်စီက ကျေးရွာနဲ့ ရပ်ကွက်များမှာ လက်ကမ်းစာစောင်များဖြန့်ဝေ လိုက်လံစည်းရုံးနေတယ်လို့ ဒေသခံပြည်သူများက ပြောပါတယ်။

◾️မန္တလေး Passport ရုံးမှာ တန်းစီရာမှ လူများလွန်း၍ အသက်ရှုရပ်ပြီး အမျိုးသမီး ၂ ဦးသေဆုံး
👍28😁3
မန္တလေးမြို့၊ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး Passport ရုံးမှာ တန်းစီရာမှ လူများလွန်းတာကြောင့် အသက်ရှုရပ်ပြီး အမျိုးသမီး ၂ ဦးသေဆုံးခဲ့တယ်လို့ မြို့ခံများက ပြောပါတယ်။ ဒီနေ့ မနက် ၂ နာရီခန့်မှာ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၁၂လမ်းရှိ နိုင်ငံရေးကူးလက်မှတ်ထုတ်ပေးရေးရုံး(Passportရုံး)မှာ တန်းစီတိုးကြရာမှ လူအုပ်ပိ၊ အသက်ရှုကြပ်ကာ သတိလစ်သွားတဲ့ အမျိုးသမီး ၃ဦးအား အရေးပေါ်ပို့ဆောင်ခဲ့ရာ ၂ ဦးသေဆုံးခဲ့တယ်လို့ သွားရောက်ကူညီခဲ့သူများက ပြောပါတယ်။ ဒါ့အပြင် လူငယ်အချို့လည်း လူအုပ်ပိကာ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူများမှာ ညောင်ကွဲရပ်ကွက်မှ အသက် ၃၉ နှစ်အရွယ် မခိုင်ဝေနဲ့ အသက် ၅၃ နှစ်အရွယ် မဌေးဌေးဝင်းတို့ဖြစ်ပါတယ်။

◾️စစ်မှုထမ်း ဥပဒေကို နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်တိုက်ဖျက်ရာမှာ ပူးပေါင်းကြဖို့ KNU တိုက်တွန်း

အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်တိုက်ဖျက်ရာမှာ ပူးပေါင်းပါဝင်ကြဖို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟိုက ဒီနေ့ ထုတ်ပြန်ပါတယ်။ အဲဒီဥပဒေဟာ တစ်နိုင်ငံလုံး စစ်နွှံအတွင်း နက်ရှိုင်းစွာ ကျရောက်စေဖို့ လုပ်ဆောင်တဲ့ လုပ်ရပ်ဖြစ်သကဲ့သို့ စစ်အာဏာရှင် သက်ဆိုးရှည်စေတဲ့ လုပ်ရပ်ဖြစ်တာကြောင့် KNUက ဆန့်ကျင်ကန့်ကွက်ကြောင်း ဖော်ပြပါတယ်။ မျိုးဆက်သစ်လူငယ်များနဲ့ တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးက စစ်ကောင်စီရဲ့ မတရားထုတ်ပြန်ထားတဲ့ ဥပဒေ အကောင်အထည်ဖော်မှု လုပ်ငန်းမှာ မပါဝင်ခြင်း၊ နိုင်ငံရေးအံတုမှု လုပ်ငန်းများဖြင့် ဆန့်ကျင်ခြင်း၊ တော်လှန်ရေးအဖွဲ့အစည်းများမှာ ပါဝင်ဆောင်ရွက်ခြင်း၊ အချင်းချင်း အကာအကွယ်ပေးတဲ့ လုပ်ငန်းများ အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်သော ဆန့်ကျင်တိုက်ဖျက်ရေး လုပ်ငန်းများမှာ ပူးပေါင်းလုပ်ဆောင်ကြဖို့ KNUက တိုက်တွန်းပါတယ်။ အခုလိုတရားမဝင်သော ဥပဒေများဖြင့် စစ်ကောင်စီက လူငယ်မျိုးဆက်နဲ့ လုပ်သားအရင်းအမြစ်မျိုးဆက်တစ်ခုကို အတင်းအကြပ် တပ်သားသစ်စုဆောင်းပြီး စစ်ပွဲနွံအတွင်းသို့ ဆွဲသွင်းခြင်းကို ပြည်သူလူထုက လိုက်နာဖို့ မလိုအပ်ဘူးလို့လည်း ဖော်ပြပါတယ်။

◾️စစ်ကောင်စီက စစ်ရှုံးဖို့သေချာတဲ့ တပ်စခန်းများကို မီးရှို့ဖျက်ဆီးကာ ခွာစစ်ဆင်နေ

စစ်ကောင်စီဟာ စစ်ရေးအရ ရှုံးနိမ့်ဖို့ ရာနှုန်းပြည့် သေချာနေတဲ့ စစ်စခန်းများ၊ ပွိုင့်ကုန်းများကို မီးရှို့ဖျက်ဆီးကာ ခွာစစ်ဆင်နေခြင်းတို့ကို ညီနောင်မဟာမိတ်တပ်များ သိမ်းပိုက်ရယူဖို့ ကြိုးစားနေတဲ့ မြို့တွေမှာ အခုရက်များအတွင်း ခပ်စိပ်စိပ်ပြုလုပ်လာခဲ့တယ်လို့ မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ရက္ခိုင်ပြည်နယ် မြေပုံမြို့နယ်၊ ဟင်းခရော်‌ကျေးရွာအနောက်မြောက်ဘက် တစ်မိုင်ခွဲကျော်ရှိ “ပွိုင့် (၄၀၂)” နဲ့ “ပွိုင့် (၄၀၈)” ကုန်းကို စစ်ကောင်စီက ဆုံးရှုံးလက်လွှတ်ဖို့ သေချာတာကြောင့် မနေ့ ညနေပိုင်းက စခန်းကို စွန့်ခွာသွားတယ်လို့ ဆိုပါတယ်။ စခန်းစွန့်ခွာရာမှာ ၎င်းတို့ရဲ့ ပွိုင့်ကုန်းရှိ စစ်လက်နက်ခဲယမ်းများ၊ လက်နက်ကြီးများကို ၎င်းတို့ကိုယ်တိုင် မီးရှို့ဖျက်ဆီးခဲ့ပြီး ၎င်းပွိုင့်ကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သယ်ယူလို့ရတဲ့ လက်နက်ခဲယမ်းများကို စစ်ရဟတ်ယာဉ်များဖြင့် လေးကြိမ်တိုင်တိုင် အမ်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ရွေ့ပြောင်းသွားခဲ့တယ်လို့ ဖော်ပြပါတယ်။ မနေ့က ရက္ခိုင်ဒေသအတွင်း နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများမှာ ပုံမှန်ရှိနေခဲ့ပြီး စစ်ကောင်စီဟာ အပြစ်မဲ့အရပ်သား ပြည်သူလူထုများကို ဖမ်းဆီးခြင်း၊ ရပ်ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ မြို့ရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကို ပုံမှန်ပြုလုပ်နေခဲ့တယ်လို့ အသိပေးပါတယ်။

◾️လောင်းလုံးနဲ့ ကျွန်းစုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ကို PDF တိုက်ခိုက်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နဲ့ ကျွန်းစုမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့များကို မိုင်းဆွဲတိုက်ခိုက်ခြင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့တယ်လို့ သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များက ပြောပါတယ်။ လောင်းလုံးနယ်၊ ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီတပ်များ စစ်ဆေးရေးလုပ်ဆောင်လေ့ရှိတဲ့ ရဲချောင်းလမ်းဆုံမှာ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF)က ဖေဖော်ဝါရီ ၁၅ ရက်မှာ မိုင်းကွင်းများချကာ စောင့်ဆိုင်းနေစဥ် ညနေပိုင်း လာရောက်စုံစမ်းတဲ့ ပျူစောထီးတစ်ဦးကို လက်ရဖမ်းဆီးဖို့ ကြိုးပမ်းခဲ့ပေမယ့် ပြန်လည်ခုခံခဲ့လို့ အသေဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ အလားတူ ကျွန်းစုမြို့နယ်မှာလည်း စစ်ကောင်စီတပ်ကို ကျွန်းစု(ပကဖ)နှင့် ပူးပေါင်းတပ်များက တစ်ပတ်ကျော်ကြာ ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့တယ်လို့ ကျွန်းစု(ပကဖ)က ပြောပါတယ်။

◾️မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတို့မှာ စစ်တပ်က စစ်မှုထမ်းဥပဒေလက်ကမ်းစာစောင်များ လိုက်ဝေနေ
👍252👎1
မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့ရှိ မြို့နယ်အချို့မှာ စစ်ကောင်စီက စစ်မှုထမ်းဥပဒေနဲ့ပတ်သက်တဲ့ လက်ကမ်းစာစောင်များ လိုက်ဝေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖေဖော်ဝါရီ ၁၀ ရက်မှာ အာဏာသိမ်းစစ်တပ်က ထုတ်ပြန်အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် ဒေသအသီးသီးရှိ PDF တပ်ရင်းတပ်ဖွဲ့များထံ ဆက်သွယ်ဝင်ရောက်သူများပြားလာခဲ့ရာ ပြည်သူများ မစိုးရိမ်ကြဖို့ဆိုကာ စစ်ကောင်စီက လက်ကမ်းစာစောင်များ လိုက်ဝေဝါဒဖြန့်နေတာပါ။ မန္တလေးမြို့ပေါ်နဲ့ သပိတ်ကျင်း၊ စစ်ကိုင်းတိုင်း မုံရွာနဲ့ မကွေးတိုင်း မြို့နယ်အချို့မှာ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်တဲ့ ပြည်သူများကို ဖြောင်းဖျထားတဲ့ လက်ကမ်းစာစောင်များကို မနေ့ကနဲ့ ဒီနေ့မှာ လက်လံဖြန့်ဝေနေတာပါ။ လက်ကမ်းစာစောင်များကို လုံခြုံရေးအပြည့်ချကာ လမ်းသွားလမ်းလာများကို ဖြန့်ဝေခဲ့တာလို့ ဒေသခံများက ပြောပါတယ်။

◾️မုံရွာမြို့မှာ စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံရ၊ သေနတ်နှစ်လက်သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်ရှိ စစ်ကောင်စီတပ်သားများ ပစ်ခတ်တိုက်ခိုက်ခံရပြီး သေနတ်နှစ်လက်သိမ်းဆည်းခံလိုက်ရတယ်လို့ မြို့ခံများက ပြောပါတယ်။ မုံရွာမြို့ပေါ်၊ အောင်ချမ်းသာရပ်ကွက်ရှိ အ.ထ.က ဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို PDF ရဲဘော်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်သား နှစ်ဦးဒဏ်ရာရရှိကာ MA3အမျိုးအစား သေနတ်နှစ်လက်ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သလ္လာဝတီကာကွယ်ရေးတပ်ဖွဲ့ - TLWDFက အသိပေးပါတယ်။

◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ဆင်နွှဲခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း ရွာပေါင်းစုံသပိတ်စစ်ကြောင်း၊ ဒေသခံပြည်သူ့ကာကွယ်ရေး ရဲဘော်တွေနဲ့ ပြည်သူတွေ ပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ဆန္ဒပြခဲ့ပြီး ကျဆုံးရဲဘော်တွေအတွက် အလေးပြုခြင်း အခမ်းအနားကိုလည်း ပြုလုပ်ခဲ့ပါတယ်။
ကနီမြို့နယ်မှာ သပိတ်အင်အားစုတွေက ဦးဆောင်ကာ ရဲဘော်အောင်ကြီး (၂)နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် လုပ်ဆောင်ခဲ့ပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)က လူထုအာဏာ တည်ဆောက်ပြီး လွတ်မြောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ "လူထုအာဏာတည်ဆောက် လွတ်မြောက်ရေးအတွက် ဆက်လျှောက်"ဆိုတဲ့ ခေါင်းစဥ်နဲ့ လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
20👍12🔥1
👍271🔥1
👍19😢32👏2
ထိုင်းကိုခိုးဝင်လာတဲ့မြန်မာ​တွေကိုအ​ရေးယူမယ်လို့ ထိုင်းဝန်ကြီးချုပ်သတိပေး

-လီလီယန်/ People’s Spring

ထိုင်းနိုင်ငံကို တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဥပဒေနှင့်အညီ အရေးယူခံရမယ်လို့ ဝန်ကြီးချုပ် ဆာရက်သာ သာဗီဆင် က သတိပေးလိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက လာမယ့်ဧပြီကစလို့ လူငယ်တွေ စစ်မှုမထမ်းမနေရအစီအစဥ်ကို စတင်အကောင်အထည်ဖော်မယ်လို့ ပြောကြားခဲ့ပြီးနောက် ထိုင်းနိုင်ငံကို လာရောက်ဖို့ မြန်မာနိုင်ငံသားတွေ ဗီဇာလျှောက်ထားမှု သိသိသာသာမြင့်တက်လာတဲ့အပေါ် ဝန်ကြီးချုပ် ဆာရက်သာ က ပြောကြားခဲ့တာပါ။

“နိုင်ငံထဲကို တရားဝင်ဝင်ရောက်လာတယ်ဆိုရင် သူတို့(မြန်မာနိုင်ငံသားတွေ)ကို ကြိုဆိုပါတယ်။ ဒါပေမဲ့ တရားမဝင် ခိုးဝင်လာတယ်ဆိုရင် သူတို့ကို ဥပဒေနဲ့အညီ အရေးယူလုပ်ဆောင်ရပါလိမ့်မယ်။ ဒီအရေးနဲ့ပတ်သက်လို့ လုံခြုံရေးဌာနဆိုင်ရာတွေနဲ့ ကျွန်တော်ဆွေးနွေးပြီးပါပြီ” လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကြောင့် ဒေသခံထိုင်းနိုင်ငံသားတွေ အလုပ်လက်မဲ့ဖြစ်လာနိုင်တဲ့ စိုးရိမ်မှုတွေအပေါ် ထိုင်းဝန်ကြီးချုပ်က ဖြေသိမ့်ခဲ့ရာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို ရှောင်လွှဲဖို့အတွက် လက်ရှိမှာ မြန်မာနိုင်ငံသားတွေ ထိုင်းဘက်ကို ထွက်ပြေးလာကြတာ အကြောင်းရင်းတွေထဲက တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်လက်မဲ့နှုန်းမှာ ၁ ရာခိုင်နှုန်းအောက်မှာ ရှိပြီး ထိုင်းဟာ အိမ်နီးချင်းနိုင်ငံတွေဆီကနေ အလုပ်သမားတွေ များစွာလိုအပ်နေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအလုပ်သမားတွေဟာ ထိုင်းနိုင်ငံအတွင်း သတ်မှတ်ထားတဲ့ လုပ်ငန်းစဥ်တွေအတိုင်း လိုက်နာဖို့ လိုအပ်တယ်လို့ ဝန်ကြီးချုပ် Thavisin က ပြောပါတယ်။

စစ်​ကောင်စီရဲ့ စစ်မှုမထမ်းမ​နေရဥပ​ဒေ​ကြောင့် မြန်မာ
နိုင်ငံက​နေထိုင်းကိုလာချင်သူ​တွေများလွန်းတာ​ကြောင်ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးမှာ ဗီဇာ​လျှောက်ထားသူ အလွန်များ လာတာ​ကြောင့် ပြည်ဝင်ခွင့်ဗီဇာ ​လျှောက်လွှာစီစစ်မှုကို တစ်ရက်မှာ ​ လူ ၄၀၀ ပဲလက်ခံမယ်လို့အရင်အပါတ်ကထုတ်ပြန်ခဲ့ပါတယ် ။တစ်ဖက်မှာလည်း အိမ်နီးချင်းထိုင်းနိုင်ငံကို နယ်စပ်က​နေ ခိုးဝင်တာ​​တွေများ​နေပြီး ဖမ်းဆီးအ​ရေးယူခံရတာ​တွေ ပိုများ​နေတယ်လို့ နယ်စပ်မှလာတဲ့သတင်း​တွေအရသိရပါတယ် ။

ကိုးကား - Bangkok Post
😢21👍10👎62🤬2🤷‍♂1
ထိုင်းကိုခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား​တွေကို ​​ဖေ​ဖော်ဝါရီ လလယ်ပိုင်းမှာထိုင်းစစ်တပ်ကဖမ်းဆီးထားစဥ်။ ဓါတ်ပုံ-The Nation
😢35👍7🔥2🤬2