မင်းတပ်မြို့ ကျန်းမာရေးဌာနရုံး၌ တွေ့ရသော စစ်ကောင်စီတပ်သားများ။ (ဓာတ်ပုံ - CJ)
👎18🖕5🔥4👍2💩2
ပဲခူးရိုးမအတွင်းတိုက်ပွဲ စစ်ကောင်စီသေဆုံးထိခိုက်မှုများ
ယောနသံ/People's Spring
မင်းလှမြို့နယ်တွင် ဖေဖော်ဝါရီ ၁၈ ရက်ကဖြစ်ပွားသောတိုက်ပွဲလေးကြိမ်၌ စစ် ကောင်စီဘက်မှ ၄၀ဦးခန့်သေဆုံးပြီး ၁၆ဦး ဒဏ်ရာရကာ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း(၃၈ဝ၂) တပ်ခွဲ (၅) နှင့် အမှတ်(၂) စစ်ဒေသခွဲ မှ တာဝန်ရှိသူတို့ကအတည်ပြု
သည်။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ မြို့ချောင်း - စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်း ခါချဉ်တောင်နှင့်အနီးတဝိုက်တွင်ဖေဖော်ဝါရီ ၁၈ ရက် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်၄၀ဦးထက်မနည်းသေဆုံးသည့်သတင်းမှန်ကန်ကြောင်း အမှတ်(၂) စစ်ဒေသခွဲ ဒုတိယစစ်ဒေသခွဲမှူးရဲဘော်တင်ဦးက People's Spring အား အတည်ပြုပြောကြားသည်။
ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၁၀နာရီခန့်က ခါချဉ်တောင်ပေါ်သို့အင်အား၄၀ခန့်ဖြင့် တက်လာသောစစ်ကောင်စီစစ်ကြောင်းကို (၄၈)ပေါက် ဖုတ်တက်ကြီးအဆင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၌ စစ်ကောင်စီဘက်မှ ၁၅ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့သည်ဟုဆိုသည်။ ထို့အပြင် မွန်းတည့် ၁၂နာရီခန့်တွင် စစ်ကူလာသည့် အင်အား ၂၅ဦးပါ ဖောကားအား ဟိုင်းယုလမ်းဆုံနှင့် ပျ ဉ်းကတိုးခင်းကြား၌ ၄၀မမများဖြင့် စောင့်ကြို ပစ်ခတ်သဖြင့် စစ်ကောင်စီဘက်မှ ၁၀ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း(၃၈ဝ၂) တပ်ခွဲ (၅)က သတင်းထုတ်ပြန်သည်။
ညနေ ၃နာရီနှင့် ၅နာရီခွဲခန့်တွင်လည်း ခါချဉ် တောင်ပေါ်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်တက်လာရာပက်ကွေ့
ကြီးအဆင်းနှင့် ရှောက်ပင်ချောင်းအနီးမှစောင့်ကြိုတိုက်
ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုသိရသည်။ထိုတိုက်ခိုက်မှုနှစ်ကြိမ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်၁၅ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟုလည်းဆိုသည်။ စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုများကို People's Spring ကသီးခြားအတည်မပြုနိုင်ပါ ။
မြို့ချောင်း - စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့်နေရာဖြစ်သည်။တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်၍ပြည်သူများအနေဖြင့် ပဲခူးရိုးမ အတွင်း သွားလာမှုများ မပြုလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း(၃၈ဝ၂) တပ်ခွဲ (၅)ကအသိပေးထားသည်။

👍49👏7💔3🥰2😢1🤣1😭1
မုံရွာမြို့၌ စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံရပြီး သေနတ်နှစ်လက်သိမ်းဆည်းခံရ
အောင်ဇေယျ/People's Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ စစ်ကောင်စီတပ်သားများ ပစ်ခတ်တိုက်ခိုက်ခံရပြီး သေနတ်နှစ်လက်သိမ်းဆည်းခံလိုက်ရကြောင်း အဆိုပါမြို့ခံများက ပြောသည်။
ယနေ့ (ဖေဖော်ဝါရီ ၁၉ ရက်) နံနက် ၉နာရီခန့်က မုံရွာမြို့ပေါ်၊ အောင်ချမ်းသာရပ်ကွက်ရှိ အ.ထ.က ဂိတ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို PDF ရဲဘော်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။
"ဂိတ်တဲထဲ ရေနွေးသောက်နေတုန်း ဝင်ပစ်သွားတာ။ ပစ်တာ ခြောက်ချက်။ အသက်ငယ်တဲ့သူက တပ်ရင်း(၁၆)ထဲက နေရာတင် အသက်ငင်။ အသက်ကြီးတဲ့တစ်ယောက်က နည်းနည်းပြေးနိုင်သေးတယ်။ လက်နက်နှစ်လက် ရသွားတယ်။"ဟု မုံရွာရပ်ကွက် ကင်းထောက်များကပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်သား နှစ်ဦးဒဏ်ရာရရှိကာ MA3အမျိုးအစား သေနတ်နှစ်လက်အား သိမ်းဆည်းနိုင်ခဲ့ကြောင်းသလ္လာဝတီကာကွယ်ရေးတပ်ဖွဲ့ - TLWDFက အသိပေးသည်။
"နေရာက မုံရွာမြို့ပေါ်တနေရာပါ။ ဖြစ်စဉ်ကတော့ စစ်ဆေးရေးလုပ်နေတဲ့ အကြမ်းဖက်စစ်သား ၂ ယောက်ကို ရဲဘော်၃ ယောက်နဲ့ ပြောက်ကျားနည်းဗျုဟာအတိုင်း ရုတ်တရက်တိုက်ခိုက်ပစ်ခတ်ပြီး သေနတ်သိမ်းယူခဲ့တာပါ။ပစ်ခက်ခံရတဲ့ စစ်သား ၂ယောက်ကတော့ သေဆုံးခြင်းမရှိပါဘူး။ မသေအောင်ပစ်ခက်ပြီး အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ရန်သူ့လက်နက်ကိုယ့်လက်နက်ဆိုတဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်ခဲ့တာပါ။"ဟု သလ္လာဝတီ ကာကွယ်ရေးတပ်ဖွဲ့ - TLWDF၏ တာဝန်ရှိသူက ပြောသည်။
အဆိုပါပစ်ခတ်မှုကို သလ္လာဝတီ ကာကွယ်ရေးတပ်ဖွဲ့ - TLWDFနှင့် Monywa M4 တပ်ဖွဲ့မှ ရဲဘော်များပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဇန်နဝါရီ ၂၁ ရက်ကလည်း မုံရွာမြို့၌ လက်ဖက်ရည်ဆိုင်ထိုင်နေသည့် ဒုရဲအုပ် ကျော်ဇင်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့သေးသည်။

👍52❤12👏3🤣2
(သိမ်းဆည်းရမိသော သေနတ်နှစ်လက်အား တွေ့ရစဥ်။ ဓာတ်ပုံ-သလ္လာဝတီ ကာကွယ်ရေးတပ်ဖွဲ့ - TLWDF)
❤34👍12👏4🤣1
မံစီမြို့နယ် စီခမ်းကြီးဗျူဟာစခန်းကို KIA ပူးပေါင်းတပ် သုံးရက်ကြာထိုးစစ်ဆင်ပြီးနောက်သိမ်းပိုက်ရရှိ
▪︎စစ်ကောင်စီက လေကြောင်း ပစ်ကူ အကြိမ် ၈၀ ခန့်အသုံးပြု ခုခံခဲ့သော်လည်း စခန်းလက်လွှတ်ဆုံးရှုံး
ဆန်အောင်/People’s Spring
ကချင်ပြည်နယ် မံစီမြို့နယ် စီခမ်းကြီး(ဂျယ်ခမ်း)စစ်ကောင်
စီ စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယနေ့ ညနေပိုင်း၌ သိမ်းယူနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီ၏ ဗျူဟာစခန်းတစ်ခုဖြစ်သည့် အဆိုပါ တပ်စခန်းကို KIA၊ ရက္ခိုင့်တပ်တော်(AA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တို့က ဖေဖော်ဝါရီ ၁၇ရက် မနက်တွင် စတင်ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီကလေ
ကြောင်း ပစ်ကူသုံးအပြင်းအထန် ခုခံခဲ့သော်လည်း ယနေ့ (ဖေဖော်ဝါရီ ၁၉ရက်) ညနေ ၅နာရီ ၄၅၌ သိမ်းနိုင်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“စခ(ကျဆုံးနဲ့ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု စာရင်း အသေးစိတ် မသိရသေးဘူး။ ဒီနေ့တိုက်လေယာဉ်မျိုးစုံနဲ့ ၃၇ကြိမ် ဗုံးလာကြဲတယ်။ (စီခမ်းကြီး)စခန်းက စခန်းအကြီး၊ အင်အားများတယ်။ “ ဟု စစ်ရေးသတင်းရင်းမြစ်က ပြော
သည်။
စစ်ကောင်စီသည် ဖေဖော်ဝါရီ ၁၈ရက်တွင် လေကြောင်း ပစ်ကူ ၂၆ကြိမ်ထက်မနည်း၊ ဖေဖော်ဝါရီ ၁၇ရက်တိုက်ပွဲတွင်လေကြောင်း ပစ်ကူ ၁၄ကြိမ်ထက်မနည်း ပစ်ကူပေးခဲ့သည်ဟုဆိုသည်။ထို့ကြောင့် တိုက်ပွဲသုံးရက်အတွင်း လေကြောင်း ပစ်ကူ အကြိမ် ၈၀ ခန့် အသုံးပြု ခုခံခဲ့သော်လည်း အရေးပါသည့် ဗျူဟာစခန်းကို ဆုံးရှုံးခဲ့ရသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် စီခမ်းကြီးရွာရှိ ပြည်သူလူထုနေအိမ်များ၊စာသင်ကျောင်းများပျက်စီးခဲ့ရပြီး အရပ်သားသေဆုံးထိခိုက်မှုများလည်း ရှိသည်။ အနည်းဆုံး အရပ်သား ၆ဦးသေဆုံးပြီး ၃၀ကျော်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
KIAသည် မံစီမြို့နယ်ရှိ စစ်ကောင်စီ၏ မံဝိန်းကြီးတပ်စခန်း၊ ကိုက်ထိပ် တပ်စခန်း တို့ကိုလည်း ဇန်နဝါရီလအတွင်းက တိုက်ခိုက်သိမ်းပိုက်ထားသည်။
စီခမ်းကြီး စခန်းသိမ်းတိုက်ပွဲနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား မေးမြန်းရာ “စခန်း သိမ်းနိုင်အောင် ဆက်လက်တိုက်ပွဲဝင်နေတုန်းပါ”ဟု ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းက ပြောကြားထားသည်။

👍54👏5❤3👎1🤣1
စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ချီတက်ဆန္ဒပြ
သုည/People's Spring
စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ဒီနေ့ (ဖေဖော်ဝါရီ ၁၉) အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက ဦးဆောင်၍ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ဆင်နွှဲခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း ရွာပေါင်းစုံသပိတ်စစ်ကြောင်း၊ ဒေသခံပြည်သူ့ကာကွယ်ရေး ရဲဘော်တွေနဲ့ ပြည်သူတွေ ပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ဆန္ဒပြခဲ့ပြီး ကျဆုံးရဲဘော်တွေအတွက် အလေးပြုခြင်း အခမ်းအနားကိုလည်း ပြုလုပ်ခဲ့ပါတယ်။
ကနီမြို့နယ်မှာလည်း သပိတ်အင်အားစုတွေက ဦးဆောင်ကာ ရဲဘော်အောင်ကြီး (၂)နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် လုပ်ဆောင်ခဲ့ပါတယ်။
ယင်းသပိတ်မှာ ခေတ်အဆက်ဆက်နဲ့ မြန်မာ့နွေဦးတော်လှန်ရေး ကာလတလျှောက် ကျဆုံးကြွေလွင့်ခဲ့သော ရဟန်း ရှင်လူ ကျောင်းသားမိဘပြည်သူတွေကို ဦးညွှတ် အလေးပြုရင်း သပိတ်ခေါင်းဆောင်တွေက စစ်အာဏာရှင်ဆန့်ကျင်ရေးတရား ဟောပြောခဲ့ပါတယ်။
တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC) မှ ဦးဆောင်ပြီး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ယင်းလှုပ်ရှားမှုကို လူထုအာဏာ တည်ဆောက်ပြီး လွတ်မြောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ "လူထုအာဏာတည်ဆောက် လွတ်မြောက်ရေးအတွက် ဆက်လျှောက်"ဆိုတဲ့ ခေါင်းစဥ်နဲ့ လုပ်ဆောင်ခဲ့ပါတယ်။
ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ ကနီသပိတ်၊ DDMSC

❤35👍10🥰2🤮2
စစ်မှုထမ်းဥပဒေ အသုံးချ၍ လူ့အခွင့်အရေး ချိုးဖောက်မှုများကို သတင်းပေးတိုင်ကြားရန်NUG ဖိတ်ခေါ်
ခွာညို/People's Spring
စစ်ကောင်စီထုတ်ပြန်ထားသောစစ်မှုထမ်းဥပဒေအသုံးချ၍ လူ့အခွင့်အရေး ချိုးဖောက်မှုများကို သတင်းပေးပို့တိုင်ကြားနိုင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG)လူ့အခွင့်
အရေးဆိုင်ရာဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။
စစ်အုပ်စု၏ စစ်မှုမထမ်းမနေရဥပဒေကို အသုံးပြုလျက်
လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်မှုများကို မှတ်တမ်းတင်၍ စစ်ရာဇဝတ်မှုကျုးလွန်သူများကို ထိရောက်စွာ အရေးယူနိုင်ရန်၊ လိုအပ်သည့် နောက်ဆက်တွဲ ကာကွယ်မှုများ၊ ကူညီ ပံ့ပိုးမှုများပေးအပ်နိုင်ရန် ကြေညာချက်ထုတ်ပြန်ခြင်းဟု ဖော်ပြထားသည်။
အင်တာနက်စာမျက်နှာ https://mohr.nugmyanmar.org/forced-military-service-call/
သို့ "စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာ တိုင်ကြားလွှာပုံစံ " ခေါင်းစဥ်ဖြင့် ပေးပို့ထိုင်ကြားရန်နှင့် ထိုlinkမှတဆင့်တိုင်ကြားရန် အခက်အခဲရှိသော ပြည်သူများအနေဖြင့် စာဖြင့်တိုင်ကြားရန်တိုင်ကြားစာနမူနာကို ပြသထားသည်။
စစ်မှုထမ်းရန်ခြိမ်းခြောက်ခြင်း၊စာရင်းကောက်ခြင်း၊ငွေကောက်ခံခြင်း၊ ဆင့်ခေါ်ခြင်း၊လာရောက်ခေါ်ဆောင်ခြင်း၊လမ်းတွင်ဖမ်းဆီးခံရခြင်း စသည် တို့တွင် စစ်ကောင်စီနှင့်ပူးပေါင်းသူများကို မှတ်သားတိုင်ကြားနိုင်သည်ဟု အသိပေးထားသည်။
စစ်ကောင်စီသည် စစ်မှုမထမ်းမနေရ ဥပဒေကိုဖေဖော်ဝါရီ
လ (၁၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုဥပဒေသည်တရားမဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် တော်လှန်ရေးအင်အားသူများကထုတ်ပြန်ထားသည်။
အဆိုပါဥပဒေကို နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်တိုက်ဖျက်ရာတွင် ပူးပေါင်းပါဝင်ကြရန် ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟိုကလည်း ဖေဖေည်ဝါရီ ၁၉ ရက်တွင်ထုတ်ပြန်သည်။ ထိုဥပဒေဟာ တစ်နိုင်ငံလုံး စစ်နွှံအတွင်း နက်ရှိုင်းစွာ ကျရောက်စေရန် လုပ်သော လုပ်ရပ်ဖြစ်သကဲ့သို့ စစ်အာဏာရှင် သက်ဆိုးရှည်စေမည့် လုပ်ရပ်ဖြစ်သောကြောင့် KNUက ဆန့်ကျင်ကန့်ကွက်ကြောင်း ဖော်ပြသည်။ မျိုးဆက်သစ်လူငယ်များနှင့် တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးက စစ်ကောင်စီက မတရားထုတ်ပြန်ထားသော ဥပဒေ အကောင်အထည်ဖော်မှု လုပ်ငန်းတွင် မပါဝင်ခြင်း၊ နိုင်ငံရေးအံတုမှု လုပ်ငန်းများဖြင့် ဆန့်ကျင်ခြင်း၊ တော်လှန်ရေးအဖွဲ့အစည်းများမှာ ပါဝင်ဆောင်ရွက်ခြင်း၊ အချင်းချင်း အကာအကွယ်ပေးသော လုပ်ငန်းများ အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်သော ဆန့်ကျင်တိုက်ဖျက်ရေး လုပ်ငန်းများမှာ ပူးပေါင်းလုပ်ဆောင်ကြရန် KNUက တိုက်တွန်းထားသည်။
ပြည်သူ့စစ်မှုထမ်း ဥပဒေ စတင်အသက်ဝင်ကြောင်း တရားမဝင်ကြေညာခဲ့ပြီးနောက်တွင် နိုင်ငံအနှံ့အပြားရှိ ပြည်သူများ အကြား စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့သလို လူငယ်များမတရားဖမ်းဆီးခံရမှုဖြစ်စဉ်များ ပိုမိုများပြား လာခဲ့ကြောင်း၊ အဆိုပါကြေညာမှုသည် အရပ်သားပြည်သူများကို အတင်းအဓမ္မလုပ်အားပေးစေခိုင်းရန် အတွက် ပေါ်တာဆွဲသည့်ဖြစ်စဉ်များ တဖြည်းဖြည်းများပြားလာနေသည့်အချိန်တွင် ထုတ်ပြန်ကြေညာ ခဲ့ခြင်းဖြစ်ကြောင်း NUG
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန က ဖေဖော်ဝါရီ ၁၉ ရက်တွင် ထုတ်ပြန်သည်။
ထိုဥပဒေပြဌာန်းပြီးနောက် ဧည့်စာရင်းပိုစစ်လာပြီး ရပ်ကွက်အတွင်းမှာ လူငယ်အချို့ဖမ်းဆီးခံခဲ့ကြောင်း ရန်ကုန်မြို့မှ ပြည်သူ ၂ ဦးကပြောသည်။
သို့သော် ဒေသအချို့တွင် လူငယ်အချို့ကို ဖမ်းဆီး၍ ငွေညှစ်နေကြောင်းလည်းသိရသည်။
"မန္တလေးမြို့ပေါ်တွင် ပေါ်တာအကြောင်းပြကာ ငွေညှစ်မှုများ ဖြစ်ပေါ်နေပါတယ်။ အမှန်တကယ် ပေါ်တာ မဟုတ်ပါခင်ဗျာ။ ရုံးမှာဖမ်းထားကာ မနက်ငွေရလျှင် ပြန်ထုတ်
ပေးနေတာပဲ ဖြစ်ပါတယ်။ပြည်သူကို ထင်ယောင်ထင်မှား
Psywar သတင်း တမင်လွှင့်ထားကာ ငွေညှစ်ခြင်းသာဖြစ်ပါတယ်။"ဟု MDY Revolution အဖွဲ့က ဆိုသည်။
စစ်မှုထမ်းဥပဒေအသက်သွင်းပြီးနောက်တစ်ရက် ဖေဖော်
ဝါရီလ ၁၁ ရက်နေ့တွင် မန္တလေးဆင်ခြေဖုန်းရပ်ကွက်တစ်ခုမှ လူငယ်အမျိုးသားတစ်ဦး မန္တလေးမြို့တွင်း၌ အဖမ်းခံခဲ့ရပြီး ငွေဆယ်သိန်းဖြင့် ပြန်ရွေးခဲ့ရကြောင်း နီးစပ်သည့် မြို့ခံများက ပြောသည်။
"ညနေ ၆ နာရီလောက်ရှိသေးတယ် အဖမ်းခံရတာ။ နောက်တစ်ရက်မှာ သူ့မိသားစုကသွားရွေးရတာ။"ဟု မြို့ခံတစ်ဦးက ပြောသည်။
အဆိုပါ ကြေညာချက်နောက်ဆက်တွဲအနေဖြင့် အရပ်သားပြည်သူများကို ပေါ်တာဆွဲရန် ကြိုးပမ်းမှုကို ဥပဒေအရ တရားဝင်သည့်သဖွယ် အကြမ်းဖက်စစ်အုပ်စုက ပုံဖော်လာနိုင်ပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူများအပါအဝင် အရပ်သားပြည်သူများကို အတင်းအဓမ္မအစဖျောက်ခြင်း ပြုလုပ် လာနိုင်ကြောင်းလည်း သတိပေးထားသည်။ ထို့အတူ အတင်းအဓမ္မလုပ်အားပေးခိုင်းစေခြင်း၊ အတင်းအဓမ္မအစဖျောက်ခြင်းနှင့် စစ်မြေပြင်တွင်လူသားဒိုင်းအဖြစ် အသုံးပြုခြင်းတို့ကို ပြုလုပ်ပြီး လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများကို စနစ်တကျ၊ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်လာနိုင်သည့် အန္တရာယ် ရှိသည်ဟုလည်း ဆိုသည်။

👍49🤮3🤣2
စစ်ကောင်စီက ထိုဥပဒေအတွက် နည်းဥပဒေထုတ်ပြန်ပြီး လာမည့် ဧပြီလတွင်မှ စတင် အသက်ဝင်မည်ဖြစ်ကြောင်း၊လူငယ်အားလုံးစစ်မှုထမ်းရမည့်မဟုတ်ဘဲ တစ်နှစ်လျှင် လူ ငယ် ၅၀၀၀ စစ်မှုထမ်းရမည်ဖြစ်ကြောင်းစစ်ကောင်စီက ဝါဒဖြန့်နေသည်။သို့သော် လူငယ်များ၏ စာရင်းကောက်ခံခြင်း ၊စီစစ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်းကို အလောတကြီး ပြုလုပ်နေသည်ကိုတွေ့ရသည်။
နိုင်ငံတစ်ဝန်း တိုက်ပွဲများတွင် စစ်သားသေဆုံးဒဏ်ရာရသူများခြင်း ၊လက်နက်ချသူ ထွက်ပြေးသူများခြင်း၊တိုက်ပွဲများပိုများလာပြီး တပ်သားသစ်စုဆောင်း၍ မရတော့သော်အခါ စစ်ကောင်စီကို ထိုဥပဒေပြဌာန်းလာခြင်းဖြစ်သည်။ထိုကြောင့် ထိုဥပဒေပြဌာန်းခြင်းမှာစစ်ကောင်စီတပ် အင်အားနည်းပါးလာမှု ၊စစ်ရှုံး၍ အထိနာနေမှုကို ညွှန်ပြသောလြပ်ရပ်ဖြစ်ကြောင်း စစ်ရေး၊နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားကြသည်။
ထိုဥပဒေကို အသုံးပြုလျက် လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်မှုများအတွက် ရရှိလာသော အချက်အလက်များကို လေ့လာသုံးသပ်လျက် နိုင်ငံတကာ တရားမျှတမှု နည်းလမ်းများမှတဆင့် တရားမျှတမှု ဖော်ဆောင်ခြင်းအပြင် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ နှင့်ပူးပေါင်း၍ ပြည်သူများ၏ ထိခိုက်နစ်နာမှုများအတွက် ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ကြိုးပမ်းခြင်းတို့ကို ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်းလည်းရှင်းလင်းထား

👏26👍21🤮5