People's Spring
62.3K subscribers
34.8K photos
616 videos
1 file
553 links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
စစ်​ကောင်စီက ကရင်နီပြည်တွင်
ဧရိယာ ၂၀၀ ခန့်၌ ​မြေမြုပ်မိုင်း ​​ထောင်ထား

︎ယခုနှစ်သုံးလအတွင်း ကရင်နီပြည်တွင် ​မြေမြှပ်မိုင်း​ကြောင့် ၂ ဦး​သေဆုံးပြီး ဒဏ်ရာရသူ ၃၀ ခန့်ရှိ

ရဲခေါင်/People's Spring

ကရင်နီပြည်နယ်၏ ဧရိယာ ၂၀၀ ခန့်တွင် စစ်ကောင်စီက မြေမြှုပ်မိုင်းများ ထောင်ထားကြောင်း Karenni Human Rights Group ဦးဆောင်သူ ဦးဗညားက လူထုနွေဦသို့ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြ​တောင်းဆိုမှုများကို စစ်အုပ်စုကအကြမ်းဖက်ဖြိုခွဲ ခဲ၍ လူငယ်အများစုက လက်နက်ကိုင်ခုခံတော်လှန်ခဲ့ကြရာတွင် ကရင်ပြည်နယ်မှာလည်း ခုခံ​တော်လှန်မှုအား​ကောင်းသည်။ကရင်နီပြည်တိုက်ပွဲများတွင် အထိနာ​သော စစ်ကောင်စီက လူနေရပ်ကွက်များတွင်ပါ မြေမြှုပ်မိုင်းများစွာအသုံးပြုခဲ့သည်ဟုသိရသည်။

"ကရင်နီပြည်နယ်ရဲ့ ဧရိယာ ၂၀၀ လောက်မှာ မြေမြှုပ်မိုင်းတွေအများအပြားရှိတယ် ဆိုတာ တပ်ပိုင်းဆိုင်ရာစာရင်းဇယားရထားတာရှိပါတယ်"ဟုဦးဗညားကပြောသည်။

ထို့အပြင် KHRG ၏ အချက်အလက်များအရ ယခုနှစ်သုံးလပတ်တာကာလအတွင်း မြေမြှုပ်မိုင်းကြောင့် ကရင်နီဒေသခံ ၃၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိပြီး နှစ်ဦးသေဆုံးခဲ့သည်။

"စစ်ကောင်စီကပစ်လို့ မ​ပေါက်ကွဲပဲကျန်ခဲ့တဲ့လက်နက်ကြီး ကျည်ဆံတွေကို ကစားလို့ ပေါက်ကွဲလို့ သေတာ ကလေးသုံးလေးယောက်ရှိသေးတယ်"ဟု ကရင်နီပြည်နယ်တွင်ရင်ဆိုင်နေရသည့် မြေမြှုပ်မိုင်းနှင့် စစ်ကျန်ပစ္စည်း အန္တရာယ်ကို KHRG ဦးဆောင်သူက ရှင်းပြသည်။

ကရင်နီပြည်နယ်ရှိ ရပ်ကွက်၊ကျေးရွာအများစု၌ မြေမြှုပ်မိုင်းများ အပါအဝင် အခြားမပေါက်ကွဲသေးသော ကြွင်း
ကျန် စစ်သုံးပစ္စည်းများ အန္တရာယ်မှာ ကြီးမားနေ ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC က ဧပြီ ၃၀ ရင်နေ့တွင် ထုတ်ပြန်ထားသည်။

မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှုအရ မိုးဗြဲ၊ဖယ်ခုံ အပါအဝင် ကရင်နီပြည်နယ် ဒီးမော့ဆို၊ဖရူဆို၊လွိုင်ကော် အစရှိသည့် တိုက်ပွဲ ဖြစ်ပွားရာ နေရာများတွင် စစ်ကောင်စီကမြေမြှုပ်မိုင်း နှင့် တိုက်မိုင်း များစွာကို လူနေရပ်ကွက်များ၊သာသနာရေးဆိိုင်ရာ အဆောက် အအုံများ၌ အသုံးပြုခဲ့သည်ကိုတွေ့ရသည်။

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

ထို့ကြောင့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကရင်နီပြည် အတွင်း တော်လှန်ရေးတပ်ပေါင်းစုံနှင့် လက်တွဲ၍ ပြည်သူများ နေထိုင်သည့် ရပ်ကွက်၊ကျေးရွာများ အတွင်း မြေမြှုပ်မိုင်းရှင်းလင်းရေးကို ကြိုးစားဆောင်
ရွက်နေကြောင်း အသိပေးသည်။

ထို့ကြောင့် မိုင်းများ နှင့် စစ်သုံးပစ္စည်းအန္တရာယ်မှ ကာကွယ်
ရေး အတွက် သက်ဆိုင်ရာ မြို့နယ်၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များ နှင့် တော် လှန်ရေး တပ်ပေါင်းစုံမှ တာ ဝန်ရှိသူများ၏ အတည်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ ပြည်သူများအနေဖြင့် ရပ် ကွက်၊ ကျေးရွာများတွင် ပြန်လည် နေထိုင်ခြင်း မပြုရန် IEC ကသတိပေးထားသည်။
စစ်​ကောင်စီ​ထောင်ထား​သော​မြေမြှပ်မိုင်းများကို ရှင်းလင်းပြီး ရရှိ​သော​မြေမြှပ်မိုင်းများကို ပြသ​နေ​သော KNDF တပ်ဖွဲ့ဝင်တစ်ဦး ။         ။​ဓါတ်ပုံ-AFP
ဖားကန့်တွင် ကျောက်စိမ်းလုပ်ကွက် နွံကန်ကျိုးပေါက်မှု လူ၂ဦးထက်မနည်း ပျောက်ဆုံးနေ

ဇော်ရမ်း/People's Spring

ဖားကန့်မြို့နယ်၊ဆန်ခါရွာမှ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက် ဟောင်းတစ်ခုတွင် ယနေ့(မေလ ၂ရက်) နံနက် ၆နာရီခန့်က နွံကန်ကျိုး‌ပေါက်ခဲ့ရာ လူနှစ်ဦးထက်မနည်း မျောပါပျောက်ဆုံးနေကြောင်း ဒေသခံများကပြောသည်။

"ညီအကိုနှစ်ယောက်မျောပါသွားလို့ဆယ်နေကြတယ်။ နောက်ပြီး သူတို့အပြင်တခြားသူအချို့ပါသွားတယ်ကြားတယ်။ မိုးလည်းရွာနေတော့ ရှာဖွေကယ်ဆယ်ရေးက
ခက်နေတယ်" ဟု ဒေသခံတစ်ဦးကပြောသည်။

ဖားကန့်မြို့နယ်တွင် ​မေလ ၂ ရက်နံနက်ပိုင်း နေရာကွက်ပြီးမိုးရွာခဲ့ကြောင်းဒေသခံများကပြောသည်။ကျိုးပေါက်သည့် နွံကန်သည် လုပ်ကွက်ဟောင်းအတွင်း စွန့်ပစ်မြေစာပုံမှ ဖြစ်ပေါ်လာသည့်နွံကန်ဖြစ်သည်။ အန္တရာယ်ရှိကြောင်းသတိ
ပေးချက်စိုက်ထူထားခြင်းမရှိဟု ဒေသခံများကပြောသည်။ ပျောက်ဆုံးနေသူ အရေအတွက်ကို အသေးစိတ်မသိရှိရသေးပေ။

ဆန်ခါကျေးရွာတွင် ပြီးခဲ့သည့် ၂၀၂၃ အောက်တိုဘာလကလည်း သုံးရက်အတွင်း မြေစာပုံပြိုကျမှု နှစ်ကြိမ်ဖြစ်ပြီး
ရေမဆေး ကျောက်ရှာဖွေသူနှင့် ကုမ္ပဏီဝန်ထမ်း၂၀ခန့် ပျောက်ဆုံးခဲ့ဖူးသည်။ ထို့အပြင် ပြီးခဲ့သည့်မတ်လ ၁၂ရက်ကလည်း ဖားကန့်မြို့နယ်၊ မန မှော်အနီး နွံ့ကန်ပေါက်ကျမှုဖြစ်ပွားကာကျောက်တူးလုပ်သားများနှင့် ယာဉ်မောင်းများ အပါအဝင်လူ ၂၀ခန့် သေဆုံးခဲ့သည်။

ဖားကန့်မှကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်များသည် မြေကို စက်ယန္တရားဖြင့်တူးဖော်ရာမှ မြေစာများအားသွားရောက်ပုံထားစဉ် နွံကန်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထိုနွံကန်အတွင်း မိုးတွင်းကာလ ရေဝင်ပြီးနောက် ကြီးမားသည့် ရေကန်ပုံစံဖြစ်လာသည်။ မြေစာများမှာယာယီစွန့်ပစ်ထားခြင်းဖြစ်၍ ကြံ့ခိုင်မှုမကောင်းသောကြောင့် ကျိုးပေါက်ကျခြင်းကို နွံကန်ကျိုး ပေါက်ခြင်းဟုခေါ်သည်။ ဖားကန့်တွင် နွံကန်ကျိုးပေါက်ခြင်းကြောင်း လူသေဆုံးမှုများ နှစ်စဉ်ဖြစ်
ပွား​နေသည်။
ဖားကန့်တွင် ၂၀၂၁ ဒီဇင်ဘာလက သာယာကုန်းရွာနှင့် အောင်သာယာရပ်ကွက် (၂) ကြားရှိ ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုတွင် မြေစာပုံပြိုကျ၍​ပျောက်ဆုံး​နေသူများကို ရှာ​ဖွေကယ်ဆယ်​ရေးပြုလုပ်စဥ်။ ဓါတ်ပုံ-MFSD
မင်းတပ် တိုက်နယ်(၂)ဒေသကို စစ်ကောင်စီလေကြောင်းမှ ထပ်မံတိုက်ခိုက်

ထားမြတ်/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်(၂) ဒေသသို့ စစ်ကောင်စီက ယမန်နေ့ နေ့လယ်နှင့် ညပိုင်း၌ လေကြောင်းတိုက်ခိုက်မှုထပ်မံ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးသည်။

စစ်ကောင်စီတပ်သည် ဧပြီ ၂၅ရက် ညပိုင်းက မင်းတပ် တိုက်နယ်(၂)ရှိ ၀မ္မသူးဆေးရုံအား ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူနာများအပါအဝင် ပြည်သူ ငါးဦးသေဆုံးပြီး ၃၀ဦး ဒဏ်ရာရခဲ့သည်။

အဆိုပါ တိုက်နယ်(၂)ဒေသကို မေလ ၁ရက် ညနေ ၅နာရီတွင် တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ကြဲတိုက်ခိုက်ခဲ့သည်။ ထို့နောက် ယမန်နေ့ ည ၁၁နာရီတွင်လည်း ပေါင် ၅၀၀ ဗုံး ထပ်မံကြဲချ တိုက်ခိုက်ခဲ့ဟု ဒေသခံက အသိပေးသည်။

"ယမန်နေ့ ညနေ ၅ နာရီခန့်က ကြဲချခဲ့သော နေရာကိုထပ်မံ ကြဲတာလို့သိရပါတယ်။ထိခိုက် ပျက်ဆီးမှုအခြေအနေမသိရသေးပါ"ဟု မင်းတပ်ဒေသခံက လူမှုကွန်ရက်မှတဆင့် အသိပေးထားသည်။

စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ ဆေးရုံ တိုက်ခိုက်မှုအပါအဝင် ပြည်သူလူထုအား ပစ်မှတ်ထား တိုက်ခိုက်မှုများပြုလုပ်လေ့ရှိသောကြောင့် စစ်ကောင်စီအား ပိုမိုနာကျည်းကာ စစ်အာဏာရှင်ပြုတ်ကျရေး တော်လှန်မှုကို ပိုမိုအားစိုက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်(CDF)-မင်းတပ် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောကြားသည်။
(ဧပြီ ၂၅ရက် ညပိုင်းက မင်းတပ်တိုက်နယ်(၂)ရှိ ၀မ္မသူးဆေးရုံအား စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ပြီးနောက် မီးလောင်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CDF-မင်းတပ်)
မြင်းခြံတွင် အပူချိန်လွန်ကဲရာမှ မီးလောင်ပြီး နေအိမ် ၁၀လုံးဆုံးရှုံး

ဇော်ရမ်း/People's Spring

မန္တလေးတိုင်း၊မြင်းခြံမြို့တွင် အပူချိန်လွန်ကဲရာမှ မီးကူးစက်လောင်ကျွမ်းခဲ့ရာ နေအိမ် ၁၀လုံး ဆုံးရှုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

မြင်းခြံမြို့ ရပ်ကွက်(၆)နှင့် ရပ်ကွက်(၅) ဆက်စပ်နေသည့် နေရာ၌ ယနေ့(မေလ ၂ရက်) ‌နေ့လယ် ၁၂နာရီခန့်တွင် မီးလောင်ကျွမ်းခြင်းဖြစ်သည်။

" အပူချိန်မြင့်ပြီး ‌မီးလောင်နေတာ ဆက်တိုက်ဖြစ်နေတာ။ ဒီနေ့လည်း ဆိုင်ကယ်ဆီထည့်ရင် မီးကူးတယ်လို့ ပြောတယ်။အိမ်ဆယ်လုံးပါသွားတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့မီးလောင်ကျွမ်းမှုသည် နာရီဝက်ခန့်ကြာခဲ့ပြီး မီးသတ်ကားများနှင့် ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် မီးငြှိမ်းခဲ့ခြင်းဟု ဒေသခံများကပြောသည်။

မြင်းခြံမြို့တွင် ဧပြီလ ၂၅ရက်မှ ယနေ့ (မေလ ၂ရက်)အထိ တစ်ပတ်အတွင်း နေအိမ်မီးလောင်မှုလေးကြိမ်ဖြစ်ပွားခဲ့သည်။
(မြင်းခြံမြို့၌ ယနေ့ မီးလောင်မှုဖြစ်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
ရခိုင်မြောက်ပိုင်းတွင် သတင်းတု၊ သတင်းမှားနှင့် အမုန်းစကားများ ပြန့်ပွားနေခြင်းအပေါ် ကုလစိုးရိမ်မကင်းဖြစ်

ထားအိ/People’s Spring

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် သတင်းတု၊ သတင်းမှားနှင့် အမုန်းစကားများ ပြန့်ပွားနေခြင်းအပေါ် ကုလသမဂ္ဂမြန်မာရုံးက စိုးရိမ်မကင်းဖြစ်မိကြောင်း ယနေ့(မေလ ၂ရက်)
ထုတ်ပြန်သည်။

မေ ၁ ရက်တွင် ကုလသမဂ္ဂဌာနချုပ်ရှိ ကုလအထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူက မြန်မာ့အရေးနှင့်ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံအတွင်း အရပ်သားများအပေါ် လုပ်ဆောင်သည့် အကြမ်းဖက်မှုအားလုံးကို စဥ်ဆက်မပြတ် ရှုတ်ချကြောင်းပြောသည်။

“စစ်မက်ပြုခြင်း ရပ်တန့်ဖို့နဲ့ လူသားချင်းစာနာမှု လမ်းကြောင်း ကန့်သတ်ခံရမှုများအတွက် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနှင့်အညီ ကူညီရေး လုပ်သားများအပါအဝင် အရပ်သားများကို အကာအကွယ်ပေးဖို့ ကျွန်တော်တို့ ထပ်မံတောင်းဆိုပါတယ်” ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ စတိဗ်ဒူဂျာရစ်က ပြောသည်။

ရခိုင်ပြည်နယ်၌ စနစ်တကျ ခွဲခြားဆက်ဆံခံခြင်းနှင့် ပြစ်ဒဏ်မှ ကင်းလွတ်နေခြင်းများ၏ အခြေခံအကြောင်းတရားများကို ကိုင်တွယ်ဖြေရှင်းခြင်းသည် မြန်မာနိုင်ငံတွင် ရင်ဆိုင်နေရသည့် လက်ရှိ အကျပ်အတည်းမှ လွတ်မြောက်ရန်အတွက် ရေရှည်တည်တံ့ခိုင်မြဲသည့် လမ်းကြောင်းတခု တည်ဆောက်ရာမှာ အရေးပါပြီး ထိုကဲ့သို့ လုပ်ဆောင်ရန် ပျက်ကွက်မှုသည် မြန်မာနိုင်ငံ၏ အကြမ်းဖက်မှု သံသရာလည်ပတ်နေမှုကို ပိုမို ဆိုးရွားလာစေလိမ့်မည်ဟု ကုလသမဂ္ဂမြန်မာရုံးက ထောက်ပြသည်။

လက်ရှိ လွန်စွာမတည်မငြိမ်ဖြစ်နေသည့် အခြေအနေတွင် ပြန်လည်ပေါ်ပေါက်လာနေသည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ အန္တရာယ်နှင့် တင်းမာမှုများ ပိုမိုတိုးပွားလာနေသည့် အရိပ်အယောင်များရှိလာချိန်တွင် လူမှုသဟဇာတဖြစ်မှု (social cohesion)ကို မြှင့်တင်ရန် နှစ်ဆတိုး ကြိုးပမ်းနေကြပြီး အတူတကွ လက်တွဲလုပ်ဆောင်နေကြသည့် ရခိုင်ပြည်နယ်တွင်းက ရပ်ရွာခေါင်းဆောင်များ၊ အထူးသဖြင့် အမျိုးသမီးများနှင့် လူငယ်များကို ကုလသမဂ္ဂက အပြည့်အဝ ထောက်ခံအားပေးကြောင်း စတိဗ်ဒူဂျာရစ်က ပြောသည်။

ရခိုင်ပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီက ရိုဟင်ဂျာများအား အတင်းအဓမ္မစစ်မှုထမ်းစေခြင်း၊ အာရက္ခတပ်တော်(AA)ကို အလိုမရှိမကြောင်း၊ စစ်ပွဲရပ် စသည့်လုပ်ကြံဆန္ဒပြစေခြင်းတို့ ဖန်တီးလုပ်ဆောင်နေပြီး လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်စေရန် ကြိုးပမ်းနေသည်ကို တွေ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG တာ၀န်ရှိသူများက ပြောဆိုထားသည်။

ထို့အပြင် ရက္ခိုင်အမျိုးသားအဖွဲဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကလည်း ULA/AA အနေဖြင့် ရက္ခိုင်ပြည်ရှိ ရိုဟင်ဂျာ(မူရင်းတွင် ဘင်္ဂလီမူဆလင်ဟုသုံးနှုန်း)အသိုင်းအဝိုင်းနှင့်ပတ်သက်၍ ဖြစ်ပေါ်နေသည့် မမှန်မကန်လုပ်ကြံဖန်တီးမှုများနှင့် စွပ်စွဲမှုများအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဧပြီ ၃၀ ရက်တွင် ထုတ်ပြန်ထားသည်။ ထိုအပြင် ARSA ၊ RSO ၊ ARA စသည့် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များနှင့် စစ်​ကောင်စီကစစ်သင်တန်း​ပေးထား​သော ရိုဟင်ဂျာလူငယ်များက စစ်​ကောင်စီနှင့်အတူ အာရက္ခတပ်​တော်ကို တိုက်လိုက်မှုများရှိလာ​ကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များနှင့် AA က​ပြောသည်။

အာရက္ခတပ်တော်(AA)သည် ရက္ခိုင်ပြည်ရှိ လူမျိုး၊ ဘာသာ အုပ်စုတိုင်းကို အကာအကွယ်ပေးရန် ရပ်တည်ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မည်သည့်အပြစ်မဲ့ မွတ်ဆလင်အရပ်သားကိုမျှ ရည်ရွယ်ချက်ရှိရှိ ဦးတည်သတ်ဖြတ်ခဲ့ခြင်း မရှိကြောင်းနှင့် ယခုနှင့် နောက်နောင်တွင်လည်း မွတ်ဆလင်များအပါအဝင် ရက္ခိုင်ပြည်တွင်း ပြည်သူများအားလုံးကို ထိရောက်စွာ အကာအကွယ်ပေးသွားမည်ဟု AA ပြောရေးဆိုခွင့်ရှိသူက ဧပြီ ၂၃ ရက်တွင် ထုတ်ပြန်အသိပေးသည်။

AA ကချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်တစ်ခုလုံးနှင့် ရခိုင်ပြည်နယ်မှ ​မြောက်ဦး၊​ကျောက်​တော် ၊​မင်းပြား၊ပေါက်​တော ၊​ ​မြေပုံ ၊ပုဏ္ဏကျွန်း ၊ရ​​သေ့​တောင်မြို့နယ်ရှိစစ်တပ်စခန်းများကိုသိမ်းပိုက်၍ အဆိုပါ​ဒေသများကို သိမ်းပိုက်ထိန်းချုပ်ထာယသည်။ ရိုဟင်ဂျာ လူဦး​ရေ များ​​သော ​မောင်​တော ၊ဘူးသီး​တောင် မြို့နယ် များရှိ စစ်​ကောင်စီတပ်စခန်းများ ၊နယ်ခြား​စောင့် စခန်းများကို အာရက္ခတပ်​တော်က ဆက်တိုက်သိမ်းပိုက်လာချိန်တွင် စစ်​ကောင်စီသည် AA နှင့်ရိုဟင်ဂျာပြည်သူများကြား လူမျိုး​ရေး ၊ဘာသာ​ရေး ပြသ၊နာ ဖန်တီး​နေခြင်းဖြစ်သည်။ထိုအပြင် စစ်အုပ်စုနှင့် ယခင်ကတည်းက နီးစပ်​သော ARSA ၊ RSO ၊ စသည့်အဖွဲ့များက စစ်​ကောင်စီဘက်မှ ကူတိုက်ပြီး ပြသာနာကိုပိုကြီးမား​အောင် ဖန်တီး​နေကြခြင်းဖြစ်​ကြောင်း​ဒေသတွင်းသတင်းရင်းမြစ်အချို့က​ပြောသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ စတိဗ်ဒူဂျာရစ် နှင့် ရခိုင်ပြည်နယ်တွင် အာရက္ခတပ်​တော်(AA)သိမ်းပိုက်ထိန်းချုပ်ထား​သော​ဒေသများပြ​မြေပုံ
“ညနေခင်းသတင်းလွှာ”

ဒီနေ့ (မေလ ၂ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

◾️မင်းတပ် တိုက်နယ်(၂)ဒေသကို စစ်ကောင်စီလေကြောင်းမှ ထပ်မံတိုက်ခိုက်

ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်(၂)ဒေသသို့ စစ်ကောင်စီက မနေ့ ညနေပိုင်းနဲ့ ညပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုထပ်မံ ပြုလုပ်ခဲ့တယ်လို့ ဒေသခံက အသိပေးပါတယ်။ စစ်ကောင်စီတပ်ဟာ ဧပြီ ၂၅ရက် ညပိုင်းက မင်းတပ် တိုက်နယ်(၂)ရှိ ၀မ္မသူးဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူနာများအပါအဝင် ပြည်သူ ငါးဦးသေဆုံးပြီး ၃၀ဦး ဒဏ်ရာရခဲ့ပါတယ်။ စစ်ကောင်စီတပ်က မနေ့ တိုက်လေယာဥ်ဖြင့် နှစ်ကြိမ် ပေါင် ၅၀၀ ဗုံးများ ကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရသေးပါဘူး။ စစ်ကောင်စီတပ်ဟာ မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပါတယ်။ ဆေးရုံ တိုက်ခိုက်မှုအပါအဝင် ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်မှုများပြုလုပ်လေ့ရှိတာကြောင့် စစ်ကောင်စီအား ပိုမိုနာကျည်းကာ စစ်အာဏာရှင်ပြုတ်ကျရေး တော်လှန်မှုကို ပိုမိုအားစိုက် လုပ်ဆောင်သွားမယ်လို့ ချင်းကာကွယ်ရေးတပ်(CDF)-မင်းတပ် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောပါတယ်။

◾️ချင်းတပ်ဖွဲ့များအချင်းချင်း စစ်ရေးပဋိပက္ခ မဖြစ်စေရေး ကြိုးပမ်းနေကြောင်း CNF ပြော

ချင်းလက်နက်ကိုင်တပ်ဖွဲ့များ အကြား စစ်ရေးပဋိပက္ခ မဖြစ်စေရေး ကြိုးပမ်းနေတယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF/CNA)ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ ချင်းညီနောင်အဖွဲ့ဝင် များဖြစ်တဲ့ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ(MTC/MDF)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး(ZFU/PDF-Zoland)၊ ချင်းအမျိုးသား အဖွဲ့ချုပ်(CNO/CNDF)၊ ချင်းအမျိုးသားကောင်စီ(မင်းတပ်(CNC/CDF-Mindat)၊ CDF-ကန်ပက်လက်၊ CDF မတူပီ တပ်မဟာ(၁)တို့က မနေ့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ရာ CNF ဦးဆောင်တဲ့ ချင်းပြည်ကောင်စီ အဖွဲ့ဝင်တပ်ဖွဲ့များက စစ်ရေးလှုပ်ရှားမှုဟာ ဒေသတွင်း ပဋိပက္ခကို ပိုမိုကြီးထွားစေပြီး အချင်းချင်း သွေးထွက်သံယိုမှုများကို ဦးတည်စေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အဲဒီအခြေအနေနဲ့ပတ်သက်လို့ CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက တော်လှန်ရေးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ စစ်ရေးဆိုင်ရာ ရာသီဥတု ဖောက်ပြန်မှုဖြစ်ပြီး ချင်းညီနောင်အဖွဲ့များအနေဖြင့် စစ်ဆင်ရေးဖော်ဆောင်ရာမှာ CNF/CNA နှင့်အတူ ပူးပေါင်းပါဝင်စေချင်တယ်လို့ ပြောပါတယ်။

◾️စစ်​ကောင်စီက ကရင်နီပြည်မှာ ဧရိယာ ၂၀၀ ခန့်မှာ ​မြေမြုပ်မိုင်း ​​ထောင်ထား

ကရင်နီပြည်နယ်ရဲ့ ဧရိယာ ၂၀၀ ခန့်မှာ စစ်ကောင်စီက မြေမြှုပ်မိုင်းများ ထောင်ထားတယ်လို့ Karenni Human Rights Group ဦးဆောင်သူ ဦးဗညားက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ကို ခုခံမှုအားကောင်းတဲ့ ကရင်နီပြည်တိုက်ပွဲများမှာ အထိနာ​သော စစ်ကောင်စီက လူနေရပ်ကွက်များမှာပါ မြေမြှုပ်မိုင်းများစွာအသုံးပြုခဲ့တယ်လို့ သိရပါတယ်။ KHRG ရဲ့ အချက်အလက်များအရ ဒီနှစ်သုံးလပတ်ကာလအတွင်း မြေမြှုပ်မိုင်းကြောင့် ကရင်နီဒေသခံ ၃၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိပြီး နှစ်ဦးသေဆုံးခဲ့ပါတယ်။ ကရင်နီပြည်နယ်ရှိ ရပ်ကွက်၊ကျေးရွာအများစုမှာ မြေမြှုပ်မိုင်းများအပါအဝင် အခြားမပေါက်ကွဲသေးတဲ့ ကြွင်းကျန် စစ်သုံးပစ္စည်းများ အန္တရာယ်မှာ ကြီးမားနေတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ထုတ်ပြန်ထားပါတယ်။

◾️ဖားကန့် ကျောက်စိမ်းလုပ်ကွက် နွံကန်ကျိုးပေါက်မှု လူနှစ်ဦးထက်မနည်း ပျောက်ဆုံးနေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆန်ခါရွာမှ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ဟောင်းတစ်ခုမှာ ဒီနေ့ မနက်ပိုင်းက နွံကန်ကျိုး‌ပေါက်ခဲ့ရာ လူနှစ်ဦးထက်မနည်း မျောပါပျောက်ဆုံးနေတယ်လို့ ဒေသခံများကပြောပါတယ်။ မိုးရွာနေချိန်ဖြစ်လို့ ရှာဖွေကယ်ဆယ်ရေးလုပ်ဖို့ ခက်ခဲနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ပျောက်ဆုံးသူအရေအတွက်ကိုလည်း အသေးစိတ်မသိရသေးပါဘူး။

◾️စဉ့်ကူးမြို့နယ်မှာ ဂိတ်ချငွေတောင်းခံနေတဲ့ စစ်ကောင်စီဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်မှာ ဂိတ်ချငွေတောင်းခံနေတဲ့ စစ်ကောင်စီဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံများက ပြောပါတယ်။ မနေ့ မနက်ပိုင်းက စဥ့်ကူးမြို့နယ်၊ စဥ့်ကူး-ကျောက်မြောင်းလမ်း၊ ချမ်းငြိမ်းမွန်ဆီဆိုင်အနီး ဂိတ်ချငွေတောင်းခံနေတဲ့ စစ်ကောင်စီတပ်သားများနဲ့ ရဲများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စဥ့်ကူးမြို့မှ ရဲအရာရှိတစ်ဦးအပါဝင် လေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကင်းထောက်မြေပြင်သတင်းအဖွဲ့(စဥ့်ကူး)တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဝင်များက ခရီးသွား ကား၊ဆိုင်ကယ် ယာဉ်များကို ပိတ်ဆို့စစ်ဆေးမှုများလုပ်ခဲ့တယ်လို့ သိရပါတယ်။