People's Spring
68.5K subscribers
38.9K photos
675 videos
2 files
705 links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဘုတ်ပြင်းအနီး ၁၀၂၀ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ် ဝင်တိုက်

▪️မြိတ်ခရိုင်အတွင်း တိုက်ပွဲပြင်ထန်နေ

ကျော်ဇော/People's Spring

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ဘုတ်ပြင်းမြို့အနီးရှိ စစ်ကောင်စီတပ်၏ ၁၀၂၀ အမည်ရစစ်ဆေးရေးဂိတ်ကို KNU/KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်လျှက်ရှိရာ စစ်ကောင်စီက လေကြောင်းပစ်ကူများပါ အသုံးပြုနေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

တနင်္သာရီ-ဘုတ်ပြင်း-ကော့သောင်းလမ်း (ပြည်ထောင်စုလမ်း)မိုင်တိုင် ၁၀၂၀ အနီးစခန်းချဂိတ်ဖွင့်ထားသော စစ်ကောင်စီတပ်ကို KNLA တပ်ရင်း(၁၁)နှင့် ပူးပေါင်းတပ်များက ပြီးခဲ့သည့်နှစ်ရက်(ဧပြီ ၃၀)ကတည်းက စတင်တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီက ယနေ့ (မေ ၂)မွန်းလွဲပိုင်းတွင် လေကြောင်းပစ်ကူများပေးနေခြင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးသတင်းရင်းမြစ်များက ပြောသည်။

"စကစလေယာဥ်ပြန်သွားတာ သိပ်မကြာသေးဘူး။ ဒီနေ့လယ် ၂ နာရီဝန်းကျင်လောက်ဖြစ်မယ်။ ဗုံးသီး ၁၀လုံးထက်မနည်း တဆက်တည်း ပစ်ချသွားတယ်"ဟု ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အဆိုပါ စစ်ကောင်စီ၏ ၁၀၂၀ ဂိတ်သည် ပုံမှန် အားဖြင့် အင်အား ၂၀ ကျော်ခန့်သာရှိသော်လည်း ဘုတ်ပြင်းမြို့အနီးတည်ရှိရာ တပ်ကူများအလွယ်တကူရောက်ရှိလာနိုင်ခြင်း၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင်ရှိခြင်းနှင့် စစ်ဗျူဟာအရ အရေးပါသည့်လမ်းပိုင်းတွင်တည်ရှိခြင်းကြောင့် စစ်ကောင်စီက လေကြောင်းပစ်ကူပေးကာ အပြင်းအထန် ခုခံနေကြောင်း စုံစမ်းသိရသည်။

တိုက်ပွဲအခြေအနေနှင့် မြေပြင်အခြေအနေ အသေးစိပ်ကို ယခုထက်ပို၍သိရှိနိုင်ရန် လူထုနွေဦးက ဆက်လက်စုံစမ်းဆဲ ဖြစ်သည်။

အလားတူ မြိတ်ခရိုင်အတွင် ဧပြီနောက်ဆုံပတ်မှစ၍ ယခုမေလဆန်းအထိ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား နှစ်ဘက်စစ်ရေးပြင်းထန်လျှက်ရှိပြီး စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူများ အကြိမ်ကြိမ်ပြုလုပ်လျှက်ရှိသည်။

မြိတ်ခရိုင်အတွင်းဖြစ်ပွားလျှက်ရှိသော နှစ်ဘက် တိုက်ပွဲများမှာ တနင်္သာရီမြို့နယ်နှင့် မြိတ်မြို့နယ်များတွင် ဖြစ်ပွားနေခြင်းဖြစ်ကာ ဧပြီ ၂၆ ရက်ကတည်းက ယင်းမြို့နယ်များတွင် တကျော့ပြန် တိုက်ပွဲများ ဖြစ်ပွားလာနေခြင်းဖြစ်ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းစစ်ကြောင်း(၂)မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

"တိုက်ပွဲတွေစဖြစ်နေတာက ဧပြီ ၂၆ လောက်ကတည်းကဗျ။ နေ့စဥ်နီးပါးကို ဖြစ်နေတာ။ ကျနော်တို့ မြိတ်ခရိုင်အတွင်းက တနင်္သာရီနဲ့ ဘိတ်(မြိတ်)မြို့နယ်တွေမှာပေါ့။ အဲတုန်းကလည်း စကစဘက်က လေကြောင်းပစ်ကူ အကြိမ်ကြိမ်ပေးခဲ့တယ်"ဟု ၎င်းက ဆက်ပြောသည်။

ထိတွေ့တိုက်ပွဲများအနက် ဧပြီ ၂၈ ရက် နံနက် ၈ နာရီခွဲခန့်က တနင်္သာရီမြို့နယ်၊ သိန္ဓောဘက်ကို ဦးတည်လာသော စစ်ကောင်စီစစ်ကြောင်းကို မြန်မာအင်းတော်ရွာအနီး၌ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)နှင့် တောင်ပိုင်းညီနောင်တပ်ပေါင်းစုတို့မှ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးကာနှစ်ဦး အလင်းဝင်ခဲ့ကြောင်း တနင်္သာရီ(ပကဖ)မှ ယနေ့(မေ ၂)ထုတ်ပြန်သည်။

နောက်တစ်နေ့ ဧပြီ ၂၉ ရက်နံနက် ၅ နာရီခွဲခန့်တွင် ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ (၅၆၁)တပ်ရင်းမှ သိန္ဓောဘက်သို့ စစ်ကူသွားသော အင်အား ၆၀ခန့်ပါ စစ်ကောင်စီစစ် ကြောင်းကို မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)၊ တနင်္သာရီ-ပကဖနှင့်ပူးပေါင်းအဖွဲ့များက ကျွဲထိန်းကုန်းရွာအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့၍ နံနက် ၁၁ နာရီအထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။

"အဲဒီနေ့က သကျက်ကျတို့ ကျွဲထိန်းကုန်းတို့ အဲဒီရွာတွေဘက်ကို လေယာဥ်နဲ့ (ဗုံးသီး) အလုံး ၄၀ လောက်လာချသွားတယ်ဗျ။ တစ်ရက်ထဲ အလုံး ၄၀ လောက်ချတာ"ဟု ပူး ပေါင်းစစ်ကြောင်း(၂)မှ တာဝန်ရှိသူက ပြောသည်။

အထက်ပါ တနင်္သာရီမြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ သိန္ဓောကျေးရွာအနီးနှင့် ကျွဲထိန်းကုန်အပါအဝင် ကျေးရွာအချို့သို့ လေကြောင်းပစ်ခတ်မှုများလုပ်ဆောင်ခဲ့ရာ နေအိမ် ၃၀ခန့် ထိခိုက်ပျက်စီးသည့်အပြင် ပြည်သူ့အချို့ ထိခိုက်ဒဏ်ရာများရခဲ့ကြောင်း ပူးပေါင်းစစ်ကြောင်းများထံမှ သိရသည်။

အလားတူ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာရှိ စစ်ကောင်စီတပ်ဂိတ်စခန်းကို
မြိတ်ခရိုင်ပြည်သူ့ကာကွယ်‌ရေးပူးပေါင်း စစ်ကြောင်း(၂)၊ တနင်္သာရီ-ပကဖ တို့မှ ဧပြီ ၃၀ ရက် နံနက် ၅ နာရီခွဲဝန်းကျင်က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ နှစ်ဦးသေ၊ တစ်ဦးပြင်းထန်ဒဏ်ရာရပြီး တော်လှန်ရေးရဲဘော် တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တနင်္သာရီ (ပကဖ)ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"လတ်တလောမှာ စစ်ရေးက တောက် လျှောက် တင်းမာနေတယ်။ ဒေသခံ ထောင်ကျော်လည်း ဘေးလွတ်ရာပြေးနေကြရတယ်ဗျ။ တိုက်ပွဲတွေလည်း ဆက်ဖြစ်လာနိုင်သေးတယ်"ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူး ပေါင်းစစ်ကြောင်း(၂)မှ တာဝန်ရှိသူတစ်ဦးက လက်ရှိမြိတ်ခရိုင်တွင်းအခြေအနေကို ပြော သည်။
သို့ဖြစ်၍ တနင်္သာရီမြို့နယ်၊ ကျွန်းစုမြို့နယ်နှင့် မြိတ်မြို့နယ်အတွင်း ဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများအရ ဒေသခံမိဘပြည်သူများ၊ ခရီးသွားပြည်သူများအနေဖြင့် သတိရှိစွာသွားလာနေထိုင်ပေးကြပါရန် မိဘပြည်သူများ၏ လုံခြုံရေးကိုရှေးရှု၍ မေတ္တာရပ်ခံအပ်ပါသည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

ထို့အပြင် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၂)တွင် မြိတ်ခရိုင်တပ် ရင်း၂၊ တပ်ခွဲ၂ နှင့် တနင်္သာရီကာကွယ်ရေးပြောက်ကျားအဖွဲ့၊ တနင်္သာရီရိုးမအဖွဲ့၊ တောဗုံးကြီးအဖွဲ့‌၊ တောင်ပံနီအဖွဲ့ (တနင်္သာရီမြို့နယ်ပကဖ)၊ ကျွန်းစုမြို့နယ်(ပကဖ)၊ပုလောမြို့နယ် (ပကဖ)၊ တိုင်း(ပကဖ)လုံခြုံ‌ရေးနှင့် Dragon Squad ဒရုန်းအဖွဲ့ တို့ပါဝင်သည်။
(မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းများတွင်ပါဝင်သော တနင်္သာရီ (ပကဖ)မှ ရဲဘော်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ - တနင်္သာရီ-ပကဖ)
မွေးနေ့ပါတီတွင် စစ်ကောင်စီထုတ်မြန်မာဘီယာ သောက်သည့်ရဲဘော်များအား TNLAပြစ်ဒဏ်ပေး

မောင်မောင်/People’s Spring

မွေးနေ့ပွဲပါတီတစ်ခုတွင် တားမြစ်ကန့်သတ်ထားသော မြန်မာဘီယာကို ‌သောက်သုံးခဲ့သည့် တပ်ဖွဲ့ဝင်ရဲဘော်များအား အပြစ်ပေးအရေးယူခဲ့ကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး( PSLF/TNLA)က ယနေ့ ထုတ်ပြန်သည်။

TNLA တပ်ဖွဲ့မှ အမျိုးသမီးတစ်ဦး၏မွေးနေ့ပါတီ ပွဲတစ်ခုတွင် TNLA အရာရှိများနှင့် တပ်ဖွဲ့ဝင်များက မြန်မာဘီယာသောက်သုံးပျော်ပါးနေကြောင်း လူမှုကွန်ရက်တွင် ဓာတ်ပုံများနှင့်အတူ ဖော်ပြမှုများရှိလာသည့် အခြေအနေတွင် TNLAက ယခုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။

စစ်ကောင်စီ ၏ ဝင်ငွေလမ်းကြောင်းကို အားပေးအားမြှောက်သော ထုတ်ကုန်ပစ္စည်းများကို PSLF/TNLA မှ ထုတ်ပြန်ချက်အတိုင်း အရေးယူဆောင်ရွက်ခဲ့ကြောင်း၊ မေလ ၂ရက်တွင် တားမြစ်ထုတ်ကုန် မြန်မာဘီယာ သောက်သုံးနေသော ရဲဘော်များအား ကြိမ်ဒဏ် (၁၀)ချက်၊ အလုပ်ကြမ်း (၁)လနှင့် လူမှုရေးပြစ်ဒဏ်အဖြစ် အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်း သန့်ရှင်းရေး လုပ်အားပေးစေသည့် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

ပြစ်ဒဏ်ပေးအရေးယူခဲ့သည့် ရဲဘော် အရေအတွက် အသေးစိတ်အခြေနေများကို TNLA က ဖော်ပြထားခြင်းမရှိပေ။ TNLA သတင်းပြန်ကြားရေးဌာနသို့ မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရသေးပေ။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအမြစ်ပြတ်ကျဆုံးရန် စစ်ကောင်စီ၏ အရေးပါသော စီးပွားရေးမဏ္ဏိုင်ပြိုလဲရန်နှင့် စစ်ကောင်စီ ဝင်ငွေလမ်းကြောင်း ပိတ်ပင်ရန် ရည်ရွယ်ပြီး PSLF/TNLAမှ စစ်ကောင်စီ ထုတ်ကုန်များရောင်းဝယ်စားသုံးခြင်း မပြုလုပ်ရန် ထုတ်ကုန်များအား ပိတ်ပင်တားမြစ်ခဲ့ကြောင်း TNLAက ဆိုသည်။

စစ်ကောင်စီထုတ်ကုန်များ ရောင်းဝယ်စားသုံးခြင်းမပြုရန် ၂၀၂၁ ဇွန်လ ၁၅ရက်က စတင် အမိန့်ထုတ်ခဲရာ တားမြစ်ကုန်ထုတ်ပစ္စည်း ရောင်းဝယ်သူများကို တွေ့ရှိပါက အကြိမ်ကြိမ် သတိပေးပြုလုပ်ပြီးမှ ထုတ်ကုန်များကို ရောင်းသူဆိုင်ရှင် အများရှေ့မှောက်တွင်ဖျက်ဆီးခဲ့သည်ဟုလည်း TNLA၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

PSLF/TNLA အုပ်ချုပ်နယ်မြေ မြို့(၇)မြို့ နှင့် စစ်ဒေသတွင် စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းများ ရောင်း‌ဝယ်စားသုံနေသာသူများ တွေ့ရှိပါက ထုတ်ပြန်ချက်ပါ အမိန့်အတိုင်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထပ်လောင်း အသိပေးထားသည်။

TNLAသည် ကွတ်ခိုင်၊ နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ မိုင်းငေါ့၊ မိုင်းလုံ၊နမ္မတူ၊ စသည့်မြို့များကို ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း သိမ်းပိုက်ရရှိထားပြီး တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် ၂၀၂၄ ဇန်နဝါရီ ဒုတိယပတ်မှစ၍ စစ်ကောင်စီနှင့် အပစ်ရပ်စဲထားသည်။
(မွေးနေ့ပွဲတစ်ခုတွင် မြန်မာဘီယာသောက်ခဲ့သည့် TNLA ရဲဘော်များ။ ဓာတ်ပုံ - TNLA)
ဆီဆိုင်မြို့နယ်ရှိ ချောင်းကူးတံတားကို စစ်ကောင်စီ ဖျက်ဆီး

ထားမြတ်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသ ဆီဆိုင် မြို့နယ်ရှိ ချောင်ကူးတံတားတစ်ခုကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးသည့်အပြင် တံတားကို ဒရုန်းဖြင့် မီးလောင်ဗုံးကြဲဖျက်ဆီးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က သတင်းထုတ်ပြန်သည်။

ဆီဆိုင်မြို့နယ် နောင်စကာကျေးရွာနှင့် ရွှေတဂူဘုရားအနီးရှိသည့် သဘက်ချောင်းတံတားကို မေလ ၂ရက် နံနက်တွင် စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က မိုင်းဖောက်ခွဲခဲ့သည့်အပြင် တံတားကို ဒရုန်းဖြင့် မီးလောင်ဗုံးကြဲပစ်ခတ်ခဲ့၍ တံတားပျက်စီးခဲ့ဟု ဓာတ်ပုံနှင့်အတူ ဖော်ပြသည်။

ထို့ပြင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်သည် ရွှေတဂူဘုရားဝင်းအတွင်းကိုလည်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုရားစေတီပျက်စီးမှု ရှိခဲ့သည်ဟု ထုတ်ပြန်သည်။

ပြည်သူများအသုံးပြုသွားလာနေသည့် တံတားနှင့် ပြည်သူများအထွဋ်အထိပ်ထားရာ ဘာသာရေးအဆောက်အဦးကို လာရောက်ဖျက်ဆီးသည့် စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ် အဖွဲ့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)နှင့် တော်လှန်ရေးအင်အားစုများမှ သွားရောက်ရှင်းလင်းခဲ့ရာ စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် ၈ ဦးထက်မနည်းသေဆုံးပြီး အလောင်း နှစ်လောင်း ကျန်ရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့ပြင် ခဲယမ်းကျည်ဆံအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု အသိပေးထားသည်။

တိုက်ပွဲဖြစ်ပွားသည့် နေရာဒေသ အခြေအနေ အသေးစိတ်ကို ထုတ်ပြန်ချက်၌ ဖော်ပြမထားပေ။

စစ်ကောင်စီနှင့်စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်များသည် ဧပြီ ၂၇ရက်ကလည်း ဆီဆိုင်မြို့နယ် ဝိန်းကောင်ရွာအနီးရှိ သဘက်ချောင်းကူးတံတားကို မိုင်းခွဲဖျက်ဆီးခဲ့သည်။

စစ်ကောင်စီက တံတားများကို ဖျက်ဆီးခြင်းမှာ စစ်ရေးအရ ဖြစ်နိုင်သကဲ့သို့ ပြည်သူများကို အခက်အခဲ ဖြစ်စေရန်လုပ်ဆောင်သည့် သဘောဖြစ်နိုင်ကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ဝိန်းကောင်ရွာအနီး ချောင်းကူးတံတား ဖျက်ဆီးခံရစဉ်က သုံးသပ်သည်။

“အခု တလော ဆီဆိုင်မြို့နယ်မှာ ဆိုရင် အဲဒီ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေ ရမ်းသန်း ပစ်ခတ်တာတွေ တအားလုပ်နေတော့လေ။ အဲဒီလမ်းကြောင်းက ဆီဆိုင်မြို့ကို ပေါက်တဲ့ လမ်းကြောင်းဆိုတော့ သူတို့ကို လာတိုက်မှာစိုးလို့ တံတားဖျက်ဆီးလိုက်တာမျိုးလည်းဖြစ်နိုင်တယ်”ဟု ခွန်ရိန်းယံက ပြောသည်။

စစ်ကောင်စီတပ်သည် ပအိုဝ်းဒေသရှိ ဘာသာရေးအဆောက်အဦများနှင့် လူနေအိမ်များကို တိုက်ခိုက်ဖျက်ဆီးမှုများအကြိမ်ကြိမ်လုပ်ဆောာင်ခဲ့သည်ဟု PNLAက ထုတ်ပြန်ထားသည်။
(စစ်ကောင်စီ ဖျက်ဆီးမှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - PNLA)
စစ်တွေမြို့အနီးရှိ ငါးဂို​​​ထောင်များကို စစ်‌ကောင်စီ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

ယောနသံ/People's Spring

စစ်တွေမြို့အနီးရှိ ငါးကန်ဂိုထောင်များကို စစ်ကောင်စီက အင်အားပြင်းဗုံးများသုံး၍ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ဒေသခံများကပြောသည်။

မြို့အနီးရှိ ငါးကန်ဂိုထောင်များကို ယနေ့(မေလ ၂ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီက ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

"ပြင်းပြင်းထန်ထန်ပေါက်ကွဲတာ။ဒရုန်းနဲ့ ဗုံးချမှန်းကို ပြီးမှသိတာ။ အဲဒီနေရာက အရပ်သားတွေရှိတဲ့နေရာပါ။ ငါးလုပ်ငန်းလုပ်တဲ့နေရာပါ" ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရသေးပေ။ စစ်တွေမြို့တွင် ယခင်ကလည်း စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် ဒေသခံများထိခိုက်သေဆုံးမှုရှိခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့ညကလည်း စစ်တွေမြို့ရှိ
ရဲတပ်ရင်း(၁၂)မှပစ်သော လက်နက်ကြီးသည်စစ်တွေမြို့၊
ကသဲရွာရပ်ကွက်နှင့် အင်ဘာလာရပ်ကွက်ကြား၌ ကျရောက်ပေါက်ကွဲကာ ပြည်သူရှစ် ဦးသေဆုံးပြီး ၁၂ ဦးထက်မနည်းဒဏ်ရာ ရရှိခဲ့သည်။

ဖေဖော်ဝါရီလ ၂၉ ရက်ကလည်း စစ်တွေမြို့အနီးရှိ စစ်ကောင်စီရေတပ်မှ ကိုးရီးယားဆိပ်ကမ်းမြို့မဈေးအား လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၂ ဦးသေဆုံးသွားပြီး ၈၀ ဦးထက်မနည်းဒဏ်ရာရရှိသွားကြောင်း၊ စစ်ကောင်စီသည် စစ်ရာဇဝတ်မှုကိုပြောင်းပြောင်းတင်းတင်း လက်ရဲဇက်ရဲ ကျူးလွန်နေကြောင်းရက္ခိုင့်တပ်တော်( AA )
က သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီသည် ဧပြီလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခန့်
ကလည်း မင်းပြားမြို့အား ဂျက်ဖိုက်တာဖြင့် ဗုံး ၃ လုံးကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သား ၁၂ ဦးထက်မနည်းဒဏ်ရာရခဲ့ကြောင်း ဒေသခံများကပြောသည်။

ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ ကျောက်ဖြူမြို့အပါအဝင် စစ်ကောင်စီထိန်းချုပ်ရာနယ်မြေများ၌ ပိတ်မိနေသော ပြည်သူများ လွတ်မြောက်နယ်မြေသို့လာရောက်နေထိုင်ကြရန်နှင့်အဆုံးအဖြတ်တိုက်ပွဲအတွက် ပြင်ဆင်ထားကြရန် AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဧပြီလ ၁၀ ရက်နေ့က ကျရောက်သော AA ၁၅ နှစ်မြောက် တပ်တော်နေ့အခမ်းအနားတွင် ပြောကြားထားသည်။ ထိုပြောကြားချက်နောက်ပိုင်း ကျောက်ဖြူနှင့်စစ်တွေမြို့မှဒေသခံများ အခြားမြိုများသို့တိမ်းရှောင်မှုများရှိနေကြောင်းသိရသည်။

လတ်တလောတွင် စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။
စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်သွားမည်ဟု AAက ထုတ်ပြန်ထားသည်။
စစ်​တွေမြို့ကို Google Earth တွင်​တွေ့ရပုံ
စဥ့်ကူးတွင် ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရ

အင်ကြင်း/People's Spring

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (မေလ ၂ ရက်) နေ့လယ် ၂ နာရီခွဲခန့်က စဥ့်ကူးမြို့နယ်၊ ကြို့ပင်ရွာနှင့် မင်းကြီးကုန်းကျေးရွာကြား၌ ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရပြီး
ထိခိုက်သေဆုံးမှုရှိကြောင်း ကင်းထောက်မြေပြင်သတင်းအဖွဲ့(စဥ့်ကူး)၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

"ကြို့ပင်နဲ့ စဥ့်ကူးက တစ်မိုင်ခွဲလောက်ဝေးတယ်။ ငါးကောင်သေတယ်လို့ သတင်းရတယ်။ စဥ့်ကူးမြို့အလယ်က ရွှေကူကြီး ဘုရားပေါ် အထိုင်ချတဲ့ ပျူတွေ ရွာသစ်ကြီးရွာဘက်အသွား ဆော်ခံရတာ။"ဟု အထက်ပါအဖွဲ့ဝင်က ပြောသည်။

စဥ့်ကူးမြို့ပေါ်မှ နာရေးကားများနှင့် ကျေးရွာများမှပျူစောထီးများမှာ တိုက်ခိုက်ခံရသည့်နေရာသို့ သွားရောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (မေလ ၁ ရက်) နံနက် ၉ နာရီခန့်ကလည်း စဥ့်ကူးမြို့နယ်၊ စဥ့်ကူး-ကျောက်မြောင်းလမ်း၌ ဂိတ်ချငွေတောင်းနေသည့် စစ်ကောင်စီတပ်နှင့်ရဲများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရဲအရာရှိတစ်ဦးအပါဝင် လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

ဧပြီ ၂၈ ရက် နံနက်ပိုင်းကလည်း စဉ့်ကူးမြို့နယ်၊ ဝါးပိုးချပ်ကျေးရွာရှိ စစ်ကောင်စီ အထိုင်စခန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ဒုတိယဗိုလ်မှုးကြီး တင်ကို အပါအဝင်၁၁ဦး သေဆုံးခဲ့သည်၊၊ ထို့အပြင် စစ်ကောင်စီတပ်သား ၁၅ ဦး လက်နက်ချ အညံ့ခံခဲ့ပြီး လက်နက်ငယ် ၁၉ လတ် ၊ ၆၀မမ စိန်ပြောင်း တစ်လတ် အပါအဝင် ခဲယမ်းအများအပြားလည်း သိမ်းဆည်းရမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယမန်နေ့ (ဧပြီ၃၀ရက်) တွင် ထုတ်ပြန်ထားသည်။
︎ဘာသာပြန်​ဆောင်းပါး

"သုံးနှစ်ကျော် မြန်မာ့တော်လှန်ရေးနဲ့ ပတ်သက်ပြီး
သိထားသင့်တဲ့ အကြောင်းအရာ ၉ ခု"

-ရဲမျိုးဟိန်း / USIP

စစ်တပ်က အာဏာသိမ်းခဲ့ပြီး ၂ လလောက်အကြာ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တုန်းက ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့နယ်ထဲက တာဟန်းမှာ ဆန္ဒပြရာကနေ အသေးစား လက်နက်ကိုင် တိုက်ပွဲတခု ဖြစ်ပွားခဲ့ပါတယ်။ အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက် ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းတာတွေအတွက် လူထုက လက်နက်ကိုင် တုံ့ပြန်မှုတွေမှာ ဒါဟာ ပထမဆုံး ဖြစ်စဉ်လို့ မှတ်တမ်းဝင်ခဲ့ပါတယ်။

နောက်ထပ် သုံးနှစ်ကျော် ကြာမြင့်လာချိန်မှာတော့ မြန်မာနိုင်ငံရဲ့ ပြည်တွင်း ပဋိပက္ခတွေ အခြေအနေက သိသိသာသာ ပြောင်းလဲလာနေခဲ့ပါပြီ။ အာဏာသိမ်း စစ်ကောင်စီဟာ နိုင်ငံအနှံ့မှာ အတိုင်းအတာ ပမာဏ ကြီးကြီးမားမား တော်လှန် အုံကြွကြတာတွေကို ကြုံတွေ့နေရပါတယ်။ မြန်မာနိုင်ငံကို နိုင်လိုမင်းထက် ကာလရှည်ကြာ အုပ်စိုးခဲ့ဖူးတဲ့ စစ်တပ်ရဲ့ သမိုင်းကြောင်းမှာတော့ အခုလောက် ခါးသီးနာကျည်းတဲ့ လက်နက်ကိုင် တော်လှန်မှုမျိုးတွေ ဘယ်တုန်းကမှ မကြုံခဲ့ဖူးပါဘူး။ နောက်ပြီး စစ်တပ်ဟာ တိုက်ပွဲကြီးတွေမှာ အရေးနိမ့်ပြီး အရေးပါတဲ့ ထိန်းချုပ်နယ်မြေတွေ၊ မဟာဗျူဟာမြောက် စစ်စခန်းတွေကို ဆက်တိုက် လက်လွှတ် ဆုံးရှုံးနေရပါတယ်။ လက်နက် တပ်ဆင်မှု အားကောင်းပြီး စနစ်တကျ စုဖွဲ့နှင့်ပြီးသားဖြစ်တဲ့ တော်လှန်ရေး အင်အားစုတွေဟာ နိုင်ငံအနှံ့မှာ လူထုရဲ့ ကျယ်ကျယ်ပြန့်ပြန့် အားပေး ထောက်ခံမှုနဲ့အတူ စစ်တပ်ကို ချက်ကောင်းထိုးနှက်မယ့် တိုက်ခိုက်မှုတွေကို အရှိန်မြှင့်တင်နေတယ်။ အခြေအနေတိုင်းက စစ်တပ်ဟာ နောက်ကြောင်း ပြန်လှည့်လို့ မရတဲ့ အခြေအနေဆီ ရောက်နေပြီလို့ ညွှန်ပြနေပါတယ်။

လက်နက်ကိုင် ပဋိပက္ခများ တည်နေရာနှင့် ဖြစ်စဉ် အချက်အလက်ပြ ပရောဂျက် (ACLED)ဟာ ကမ္ဘာအနှံ့က စစ်ပွဲတွေနဲ့ စစ်ရေး ပဋိပက္ခတွေကို စောင့်ကြည့်နေခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေဟာ
ပရောဂျက်က စောင့်ကြည့်နေသမျှ နိုင်ငံတကာ ပဋိပက္ခ ၅၀ ထဲမှာ အကြမ်းတမ်း အခက်ထန်ဆုံးလို့ သတ်မှတ်ထားပါတယ်။ ခက်တာက အဲဒီလို ပွဲတွေကြမ်းနေပေမယ့် နိုင်ငံ
တကာ အာရုံစိုက်မှုက အရမ်းနည်းနေတယ် ဆိုတာပါပဲ။ မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးတဲ့ သမိုင်းကြောင်း နောက်ခံတွေကြောင့်လည်း အများစုက အချိန်တန်ရင် စစ်တပ်ပဲ ကြီးစိုးသွားဦးမယ်ဆိုတဲ့ ပုံဖော်မှုတွေကို နားယောင်နေကြပုံ ပေါ်ပါတယ်။ အကျိုးဆက်ကတော့ တချို့သော နိုင်ငံတွေရဲ့ မူဝါဒ ချမှတ်သူတွေက မြန်မာ့အရေးကို ကိုင်တွယ်မယ်ဆိုရင် စစ်အာဏာရှင်ကို မဖြစ်မနေ ထိတွေ့ ဆွေးနွေးရမယ်ဆိုတဲ့ အတွေးမျိုးကို တရားသေ စွဲမှတ်သွားတော့တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ သုံးနှစ်တာ ကာလကို နောက်ကြောင်းပြန်လှည့်ကြည့်ရင် အဲဒီ ခေါက်ရိုးကျိုး အယူအဆက မမှန်တော့ဘူးဆိုတာ ရှင်းရှင်းကြီး မြင်သာလာစေပါတယ်။

︎မူဝါဒ ချမှတ်သူတွေအတွက် လမ်းညွှန်ချက် ၉ ခု

၁။ တော်လှန်ရေး အဖွဲ့တွေရဲ့ စွမ်းဆောင်ရည်ဟာ နိုင်ငံတကာ ကြိုတင် ခန့်မှန်းထားတာထက် သာလွန်နေပေမယ့် တကယ်တမ်းကြတော့ ပြည်တွင်းမှာ ကိုယ်တိုင် လှုပ်ရှားနေတဲ့ အင်အားစုတွေက ဒီရလဒ်မျိုးကို ကြိုတင် တွက်ဆထားပြီးသား ဖြစ်ပါတယ်။ လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ် အစပြုလာချိန်မှာ တချို့သော နိုင်ငံတကာ စောင့်ကြည့်လေ့လာမှု အဖွဲ့အစည်းတွေက အားကောင်းတဲ့ စစ်အာဏာရှင်ကို ပြည်သူတွေက လွယ်လွယ်ပဲ ဒူးထောက် အရှုံးပေးလိုက်ပြီး တော်လှန်ရေး အင်အားစုတွေလည်း အချိန်တိုအတွင်း ခြေကုန် လက်ပန်းကျသွားမယ်လို့ ဟောကိန်းထုတ်ခဲ့ကြတယ်။ လက်တွေ့မှာတော့ လူထုဟာ အံ့မခန်း ကြံ့ကြံ့ခံနိုင်စွမ်းကို ပြသခဲ့တယ်။ စစ်တပ်က ကောက်ကျစ်ရက်စက်တဲ့ နည်းလမ်းတွနဲ့ လူထုကို ဘေးဒုက္ခတွေကြုံအောင်၊ နေရပ်စွန့်ခွာရအောင် ဖိအားပေးပေမယ့် ပြည်သူတွေရဲ့ ဖီဆန်မှုကို ဦးမချိုးနိုင်ခဲ့ဘူး။ တစ်ဖက်မှာတော့ လက်နက်ကိုင် တော်လှန်ရေးဟာ တရိပ်ရိပ် အား
ကောင်းလာခဲ့ပါတယ်။ နိုင်ငံတကာက သံသယတွေ ရှိခဲ့ပေမယ့်လည်း တော်လှန်ရေးမှာ ထဲထဲဝင်ဝင် လှုပ်ရှားနေသူတွေက လူထုရဲ့ စိတ်အားထက်သန်မှု၊ စစ်ကောင်စီကို အလျှော့မပေးလိုမှုတွေကြောင့် ဒီတစ်ကြိမ် ရုန်းကန်မှုဟာ အဓွန့်ရှည် တည်မြဲလိမ့်မယ်မှန်း သဘောပေါက်ထားပြီး ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အခုလို အသံမျိုးတွေကို ပိုပြီး အလေးထား အာရုံစိုက်သင့်ပါတယ်။

၂။ ခြုံငုံကြည့်ရမယ့် အပြောင်းအလဲ ရေစီးကြောင်းဟာ ဖြစ်စဉ် တစ်ခုချင်းစီထက်ပိုပြီး အရေးပါနေပါတယ်။ ကောက်ယူထားတဲ့ အချက်အလက်တွေကို ကြည့်မယ်ဆိုရင် လက်နက်ကိုင် တော်လှန်မှုတွေ စတင်ချိန် ကတည်းက မြန်မာနိုင်ငံရဲ့ မြို့ပေါင်း ၃၃၀ ထဲမှာ ၂၃၃ ခုက တိုက်ပွဲတွေ ဖြစ်ပွားတာမျိုး ကြုံတွေ့ခဲ့ပြီးပါပြီ။ အခုဆိုရင် မြို့ပေါင်း ၄၅ ခုလောက်ဟာ အမျိုးမျိုးသော တော်လှန်ရေး အင်အားစုတွေရဲ့ ထိန်းချုပ်မှုအောက်ကို ကျရောက်နေပါပြီ။ ရှည်လျားလှတဲ့ ပြည်တွင်းစစ် သမိုင်းကြောင်းမျိုး တည်ရှိနေရာ နိုင်ငံမှာ တော်လှန်ရေး
အင်အားစုတွေက လက်ရှိ စစ်ပွဲလိုမျိုး ထိန်း
ချုပ်နယ်မြေတွေ အများအပြားနဲ့ အောင်ပွဲတွေ ကြီးကြီးမားမား ပိုင်ဆိုင်ခဲ့တာမျိုးက မကြုံစဖူး အခြေအနေ ဖြစ်ပါတယ်။ တကယ်တော့ စစ်တပ်က လတ်တလော အရေးမလှ ဖြစ်နေတာတွေဟာ သုံးနှစ်ကျော်ကြာ တော်လှန်ရေး ရေစီးကြောင်းရဲ့ အစိတ်အပိုင်း တစ်ခုသာ ဖြစ်ပါတယ်။ လေ့လာသူ အများစု ရှင်းပြဖို့ ခက်နေတဲ့ အလျဉ်းသင့်သလို ရုတ်တရက် ပေါ်ပေါက်လာတဲ့ ဖြစ်စဉ်မျိုး မဟုတ်ပါဘူး။
‘၁၀၂၇ စစ်ဆင်​ရေး’လိုမျိုး အထင်ကရ ဖြစ်ရပ်တွေဟာ လေ့လာသူတွေနဲ့ မူဝါဒ ဖန်တီးသူတွေ အမြင်မှာ အရေးပါတဲ့ အလှည့်အပြောင်းတွေအသွင် ဆောင်လာပါတယ်။ တကယ်တမ်းကျတော့ အဲဒီ အခြေအနေတွေဟာ ပြည်တွင်းမှာ အချိန်အကြာကြီး တည်မြဲနေခဲ့ပြီးသား တော်လှန်ရေး ရေစီးကြောင်းရဲ့ သက်ရောက်မှုနဲ့ အများကြီး ဆိုင်ပါတယ်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတုန်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (EAO) သုံးဖွဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို ချက်ကောင်း ထိုးနှက်ခဲ့တယ် ဆိုတာဟာ တော်လှန်ရေး ကာလတလျှောက် တော်လှန်ရေး အင်အားစုတွေကြားမှာ ချိတ်ဆက်မှုတွေ ပိုမို အားကောင်းလာခဲ့တယ်ဆိုတဲ့ ရေစီး
ကြောင်းရဲ့ အကျိုးသက်ရောက်မှု တစ်ခုပါ။ မြန်မာနိုင်ငံက လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ပတ်သက်ရင် သမိုင်းကြောင်းရဲ့ အရေးပါမှုကို ထည့်သွင်း တွက်ချက်သင့်တာ မှန်ပေမယ့် အများစုကတော့ လိုတာထက် အများကြီးပိုပြီး ချဲ့တွေးနေကြပါတယ်။ အဲဒီကနေတဆင့် မှားယွင်းတဲ့ နှိုင်းယှဉ်မှုတွေဆီ လမ်းချော်သွားပြန်တယ်။ မြန်မာစစ်တပ်ဟာ အတိတ်တုန်းက စစ်မျက်နှာ တစ်ခုထက်မက ဖွင့်တိုက်ပြီး အောင်ပွဲခံခဲ့သလို အခုတစ်ကြိမ်မှာလည်း အလားတူ စွမ်းဆောင်နိုင်လိမ့်မယ်လို့ တွေးနေကြတာတွေက သမိုင်းကြောင်း ဖြစ်ရပ်တွေကို စေ့စေ့စပ်စပ် နားမလည်ထားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ပြီးတော့ အဲဒီအကြောင်းတွေကို ပြန်တွေးပြီး အနာဂတ် ရလဒ်တွေကို မှန်းဆနေဖို့လည်း မလိုပါဘူး။ ဒီလို အငြင်းပွားစရာတွေက နောက်ဆုံးကျတော့ မူဝါဒ ချမှတ်သူတွေ ခေါင်းထဲမှာ စစ်တပ်ဟာ လက်တွေ့ အရှိတရားထက် ပိုအားကောင်းတဲ့၊ ပိုပြီး အကြမ်းပတမ်း ခံနိုင်တဲ့ အဖွဲ့အစည်းအဖြစ် ပိုပိုသာသာ တွေးမိစေကုန်တော့တာပါပဲ။

၃။ မြန်မာစစ်တပ်ရဲ့ စုဖွဲ့မှု အင်အားဟာ မူလ ခန့်မှန်းထားတာထက် အတော်လေး နည်းပါတယ်။ ဒီအချက်ကလည်း အရေးကြီးပါတယ်။ တော်လှန်ရေးကာလ သုံးနှစ်တာအတွင်း စစ်ကောင်စီဟာ အသေအပျောက်၊အလင်းဝင်မှုနဲ့ လက်နက်
ချမှုတွေကြောင့် ခြေလျင် တိုက်ခိုက်ရေး တပ်ဖွဲ့ဝင်တွေ အများအပြားကို ပြုန်းတီးခံလိုက်ရပါတယ်။ အကျိုးဆက်ကတော့ တိုက်ခိုက်ရေးရော၊ တိုက်ခိုက်ရေး မဟုတ်တဲ့ တပ်တွေ အားလုံးပေါင်း အရေအတွက်ဟာ ၁၃၀၀၀၀ လောက်ထိ လျော့ကျသွားပါတယ်။ ခန့်မှန်းကြည့်မိသလောက်ဆိုရင် အရန်တပ်တွေနဲ့ စစ်တပ်ရဲ့ လက်ကိုင်တုတ် ရဲတပ်ဖွဲ့ရဲ့ အင်အားက စုစုပေါင်း ၇၀၀၀၀ လောက် ရှိပါလိမ့်မယ်။ အရင်တုန်းက မြန်မာစစ်တပ်မှာ အင်အား ၃၀၀,၀၀၀ ထက်မနည်း ရှိမယ်ဆိုတဲ့ အထင်တကြီး ယူဆထားမှုတွေနဲ့ လက်ရှိ အခြေအနေကို ချိန်ထိုးကြည့်လို့ ရပါတယ်။ စစ်ကောင်စီဟာ စစ်မှုမထမ်းမနေရ စနစ်ကို အသက်သွင်းလိုက်တာ အပါ
အဝင် သွေးရူးသွေးတမ်း နည်းလမ်းပေါင်းစုံ အသုံးပြုပြီး ပြုန်းတီးအင်အားကို ပြန်ဖြည့်တင်းဖို့ ကြိုးစားနေပေမယ့် လူအင်အား ဆုတ်ယုတ်လာခြင်းက နယ်မြေတွေကို ဆက်လက် ထိန်းသိမ်းထားဖို့ အခက်ကြုံလာစေပါတယ်။ ဆုံးရှုံးပြီးသား နယ်မြေတွေကို ပြန်သိမ်းယူနိုင်ဖို့ ဆိုတာကတော့ အင်မတန် အိပ်မက်ဆန်သွားပါပြီ။ တခြားတစ်ဖက်မှာတော့ တော်လှန်ရေး ကာလကျမှ စတင်ဖွဲ့စည်းဖြစ်ခဲ့တဲ့ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF)၊ ဒေသအလိုက် ကာကွယ်ရေးတပ် (LDF)နဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့အစည်း (ပကဖ)တွေရဲ့ စုစုပေါင်း အင်အားက ၈၅,၀၀၀ ဝန်းကျင်လောက် ရှိနိုင်ပါတယ်။ စစ်တပ်ကို ဆယ်စုနှစ်တွေနဲ့ချီ တိုက်ခိုက်နေခဲ့တဲ့ EAOတွေ အားလုံးပေါင်း အင်အားက ၁၂၀၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ စစ်ကောင်စီဟာ လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်အားတွေမှာ အသာစီး ရနေဆဲ ဖြစ်ပေမယ့် လက်ရှိ အလှည့်အပြောင်းတွေကို ကြည့်မယ်ဆိုရင် တော်လှန်ရေး အင်အားစုတွေက စိတ်ဓာတ်ပိုင်းမှာ အပြတ်အသတ် အားသာနေတာကို မြင်နိုင်ပါတယ်။ လက်နက်ပိုင်ဆိုင်မှုတွေ ပိုအားကောင်းလာပြီး လူထုကလည်း ထောက်ခံ အားပေးနေတာကြောင့် တော်
လှန်ရေး ဘက်တော်သားတွေဟာ မျှော်လင့်မထားတဲ့ အထင်
ကရ အောင်မြင်မှုတွေ ဆွတ်ယူပြလာနိုင်မယ် ဆိုရင်လည်း အံ့ဩစရာတော့ မဟုတ်ပါဘူး။

၄။ တိုင်းရင်းသား ပြည်နယ်တွေမှာ ဆုံးရှုံးလိုက်ရတဲ့ နယ်မြေတွေကို ပြန်လည် သိမ်းယူဖို့ စစ်ကောင်စီမှာ အစွမ်းအစ မရှိတော့ပါဘူး။ အာဏာသိမ်းမှု နောက်ပိုင်း နိုင်ငံရေး အခင်း
အကျင်းမှာ EAOတွေဟာ အဓိကကျတဲ့ ပလေယာတွေအဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။ EAOတော်တော်များများဟာ သူတို့ရဲ့ ပိုင်နက်ထဲမှာ စစ်ကောင်စီရဲ့ ခြေကုပ်ယူမှုတွေကို အမှည့်ချွေ ချွေပစ်နေပြီး အပြီးသတ် တွန်းလှန် တိုက်ထုတ်ဖို့ထိ စိုင်းပြင်းလာခဲ့ကြပါတယ်။ EAOတွေဟာ စစ်ရေးမှာ အားသာချက်တွေ ရှိလာတာနဲ့အမျှ နိုင်ငံရေးမှာလည်း အပေါ်စီး အခြေအနေတွေ ရလာပါတယ်။ စစ်တပ်ဟာ တိုင်းရင်းသား ဒေသတွေမှာ ထိန်းချုပ်နယ်မြေ စုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို လက်လွှတ်ခဲ့ရပြီး ဖြစ်ပါတယ်။ အဲဒီထဲက အများစုဟာ လွန်ခဲ့တဲ့ ၆
လအတွင်းမှာ ကြုံခဲ့တဲ့ ဆုံးရှုံးမှုတွေ ဖြစ်ပါတယ်။ ဒေသအများအပြားမှာ စစ်ရေးအရ ဖိအားပေး ခံနေရတာအပြင် တပ်ဖွဲ့ဝင်ဦးရေ ယုတ်လျော့သွားမှုတွေကြောင့် စစ်တပ်ဟာ တိုင်းရင်းသား ဒေသတွေမှာ လက်ရှိ စွန့်လွှတ်ထားရတဲ့ အခြေစိုက် စခန်းတွေနဲ့ နယ်မြေတွေကို ပြန်သိမ်းယူဖို့ မလွယ်တော့ပါဘူး။ ဥပမာ အနေနဲ့ စစ်ကောင်စီဟာ မြဝတီမြို့ကို လက်မလွှတ်ရစေဖို့အတွက် အရင်းအမြစ်တွေ အများကြီးကို ပုံအောပြီး သုံးနေရတာ တွေ့နိုင်ပါတယ်။ မြဝတီဟာ ထိုင်းနဲ့ နယ်စပ်ကုန်သွယ်ရေးမှာ အချက်အခြာကျတဲ့ မြို့ဖြစ်ပြီး နယ်ခြားစောင့်တပ် (BGF)ရဲ့ အကူအညီနဲ့ စစ်တပ်က ဆက်ထိန်းချုပ်ထားဖို့ ရုန်းကန်နေရပါတယ်။ ဒါပေမဲ့ လက်တွေ့ကျကျ စဉ်းစားကြည့်မယ်ဆိုရင် မြို့ပတ်ပတ်လည်မှာ တော်လှန်ရေး အင်
အားစုတွေက ဝန်းရံထားပြီး ရေရှည် ထိန်းထားဖို့ ဆိုတာက ခက်ခဲလွန်းတဲ့ တောင်းဆိုမှု ဖြစ်နေပါတယ်။

တိုင်းရင်းသား ဒေသတွေမှာ ထိန်းချုပ်နယ်မြေတွေ ဆက်
တိုက် လက်လွှတ်နေရတဲ့နောက် စစ်ကောင်စီဟာ တိုင်းရင်း
သား ဒေသတွေမှာ နောက်ထပ် နယ်မြေတွေ မဆုံးရှုံးရေးအပြင် ဗမာအများစု နေထိုင်ရာ မြန်မာနိုင်ငံ အလယ်ပိုင်း ပြည်ပ ဧရိယာတွေကို ခိုင်ခိုင်မာမာ ချုပ်ကိုင်ဖို့ ပိုပြီး အာရုံ
စိုက်လာပါတယ်။ EAOတွေနဲ့ ယှဉ်ရင် ပြည်မမှာ ဖြန့်ကျက် လှုပ်ရှားနေတဲ့ PDFတွေက ပိုပြီး အားနည်းတာကြောင့်ပါ။ ကနီနဲ့ ကောလင်းတို့ကို လက်လွှတ်ခဲ့ရပေမယ့် စစ်ကောင်စီက အောင်မြင်တဲ့ တန်ပြန်ထိုးစစ်တွေ ဆင်နွှဲနိုင်ခဲ့ခြင်းက မြင်သာတဲ့ သက်သေတွေပါပဲ။ ဒါပေမဲ့လည်း ရေရှည်မှာတော့ စစ်ကောင်စီဟာ လူထုရဲ့ တူးတူးခါးခါး မုန်းတီးမှုဒဏ်နဲ့အတူ လက်ရှိ ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ထားဆဲ ပြည်မဒေသတွေမှာတောင် ရုန်းကန်လာရမယ့် အခြေအနေတွေ ရှိပါတယ်။

၅။ စစ်တပ်ရဲ့နယ်မြေတွေ ထိန်းချုပ်နိုင်စွမ်းနဲ့ လူထုကို စည်း
ရုံးနိုင်စွမ်းတွေဟာ ဆိုးဆိုးရွားရွား ကျဆင်းနှင့်နေပါပြီ။ စစ်ကောင်စီဟာ စစ်အုပ်စုနဲ့အ​ပေါင်းအပါ​တွေ ပြိုမကျမချင်း စိတ်အေးလက်အေး မနေနိုင်ဘူးလို့ စိတ်ရည်သန် ပိုင်းဖြတ်ထားတဲ့ ပြည်သူလူထုနဲ့ ရင်ဆိုင်နေရပါတယ်။ စစ်ကောင်စီရဲ့ ထိန်းချုပ်နိုင်စွမ်းတွေ တအိအိ ပြိုဆင်းနေတာနဲ့အမျှ အာဏာ ဗဟိုချက်ကို ဆက်လက် ချုပ်ကိုင်ထားဖို့လည်း အလားအလာ မရှိတော့ပါဘူး။ ပြုစုထားတဲ့ အချက်အလက်တွေ အရဆိုရင် စစ်ကောင်စီဟာ နိုင်ငံအနှံ့မှာ စစ်စခန်းတွေ၊ ဌာနချုပ်တွေ၊ လုံခြုံရေး အခြေစိုက်စခန်းတွေ အပါအဝင် စုစုပေါင်း အခြေစိုက် ဖြန့်ကျက်ထားတဲ့ နေရာ ၅၂၈၀ ရှိပြီး အဲဒီထဲက ၂၅၀၀ လောက်ကို လက်လွှတ်လိုက်ရပြီး ဖြစ်ပါတယ်။ ဆုံးရှုံးလိုက်ရတဲ့ စစ်အခြေစိုက် စခန်း တော်တော်များများကို တော်လှန်ရေး အင်အားစုတွေက ထိန်းချုပ်ထားလိုက်ပါပြီ။ တချို့သော အခြေအနေတွေမှာတော့ စစ်ကောင်
စီ တပ်တွေဟာ မဟာဗျူဟာကျကျ စနစ်တကျ ဆုတ်ခွာခဲ့တာပါ။ ဒါပေမဲ့ ဖြစ်စဉ် အများစုမှာတော့ စခန်းတွေထဲ လက်နက်တွေ တပြုံကြီး ကျန်နေတာတောင် မသယ်နိုင်ဘဲ ကတိုက်ကရိုက် စွန့်ခွာသွားတာကို ကြည့်မယ်ဆိုရင် အောင်
မြင်စွာ ဆုတ်ခွာမှုတွေ မဟုတ်ခဲ့ဘူးလို့ ယူဆရပါလိမ့်မယ်။ စစ်ကောင်စီဟာ အထွေထွေ အုပ်ချုပ်ရေး ဌာန ၃၃၀ နဲ့ လက်အောက်ခံ BGFတွေကနေတဆင့် ထိန်းချုပ်နယ်မြေတွေရဲ့ စီမံအုပ်ချုပ်မှုကို လည်ပတ်စေပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဟာ အခုအခါ အထွေထွေ အုပ်ချုပ်ရေး ဌာနတွေ တော်တော်များများကို လက်လွှတ်ခဲ့ရပြီးပါပြီ။ တချို့တွေကလည်း တော်လှန်ရေး အင်အားစုတွေနဲ့ တက်တက်ကြွကြွ ပူးပေါင်းသွားကြပါတယ်။ BGFတွေရဲ့ အခြေအနေကို ကြည့်ပြန်တော့လည်း အားရစရာ မရှိလှပါဘူး။ BGF ယူနစ်တစ်ခုက အလင်းဝင်သွားပြီး တစ်ခုက ဖွဲ့စည်းပုံ ပျက်သွားပါပြီ။ နောက်ထပ် BGF ယူနစ်တချို့က စစ်ကောင်စီကို ခြေစုံကန်သွားတာ၊ ဒါမှမဟုတ် စစ်ကောင်စီရဲ့ ထိန်းချုပ်မှုကို မခံတော့တာမျိုး အခြေအနေတွေ တွေ့နိုင်ပါတယ်။ အဲဒီ အုပ်ချုပ်မှု အခြေခံ ယန္တရားဟာ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ စစ်အာဏာရှင် ကြီးစိုးမှု သက်ဆိုးရှည်အောင် အထောက်အပံ့ ပေးခဲ့ပြီး အာဏာသိမ်းမှုတွေ အစပြုဖို့ အတွက်လည်း အကြိမ်ကြိမ် အသုံးချခဲ့ပါတယ်။ စစ်တပ် ခေါင်းဆောင်ပိုင်းဟာ အဲဒီ အထွေထွေ အုပ်ချုပ်ရေး ယန္တရားနဲ့ BGFတွေကို ထိန်းချုပ်ထားနိုင်မယ်ဆိုရင် ပြည်သူလူထုရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး နယ်မြေတွေကို သိမ်းပိုက်နိုင်မယ့်၊ ဒေသခံတွေကို ဖိနှိပ်နိုင်မယ့် အာဏာသိမ်းမှုမျိုး အကောင်အထည် ဖော်နိုင်မယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဒါပေမဲ့ အဲဒီ အစုအဖွဲ့တွေကို လက်လွှတ်လိုက်ရပြီ၊ ဒါမှမဟုတ် စနစ်က ပျက်သုဉ်းသွားပြီ ဆိုရင်တော့ စစ်တပ်အလွန် အရပ်သား အစိုးရ တက်လာရင်လည်း အလားတူ အာဏာသိမ်းမှုတွေ ဖြစ်လာနိုင်ခြေ နည်းသွားပါပြီ။

၆။ မြန်မာစစ်တပ်ဟာ တည်ငြိမ်အေးချမ်းမှုတွေကို ဖျက်ဆီးပစ်နေတဲ့ ပင်မ အကြောင်းတရား ဖြစ်ပါတယ်။ အာဏာမသိမ်းခင် ကတည်းက စစ်တပ်ဟာ လူနည်းစု တိုင်းရင်းသားတွေအပေါ် ဖိနှိပ်တာတွေ၊ ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်တာတွေ ကျူးလွန်ခဲ့တာကြောင့် သန်းနဲ့ချီတဲ့ဒုက္ခသည်တွေ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသလို အိမ်