People's Spring
61.7K subscribers
68.2K photos
1.18K videos
7 files
2.96K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
44👍11🤮1
ရန်ကုန်တွင်အုပ်ကြီးများ အိမ်​ထောင်စုစာရင်းလိုက်​​ကောက်​နေ

ဇွန်-၈၊၂၀၂၅။ရဲခေါင်/People's Spring

ရန်ကုန်မြို့တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့်အုပ်ချုပ်​ရေး အဖွဲ့ဝင်များက ရပ်ကွက်​နေပြည်သူများ၏ အိမ်ထောင်စုစာရင်းစာရင်းစာရွက်များကို လိုက်လံကောက်ယူနေကြောင်း ဒေသခံအချို့က ပြောသည်။

အသက် ၁၈ နှစ်ပြည့်သူများ ရှိ၊မရှိ စစ်ဆေးရန် နှင့် ၁၈ နှစ်ပြည့်ပါက မှတ်ပုံတင် လုပ်ပေးရန် ဆိုကာစာရင်း ကောက်ယူ​နေခြင်းဖြစ်​ကြောင်း စစ်ကောင်
စီ၏အုပ်ချုပ်ရေးအဖွဲ့ဝင် များက ပြောကြောင်း သိရသည်။

"နေ့ခင်းဘက်ကြီး သုံးယောက်လောက် အိမ်ရှေ့ ရောက်လာတာ။ဘာကိစ္စလဲမေးတော့ ဒီအိမ်မှာ ၁၈ နှစ် ပြည့်ခါစ တွေရှိသလား။မရှိဘူး လို့ပြောတော့ အိမ် ထောင်စုစာရင်းစာရွက်တောင်းတယ်။ပြီးတော့ ဓာတ်ပုံ ရိုက်ပြီး ပြန်သွားတယ်"ဟု ရွှေပြည်သာမြို့နယ် နေသူ တစ်ဦးက ပြောသည်။

အင်းစိန်၊မရမ်းကုန်း၊မြောက်ဒဂုံ အရှေ့ဒဂုံ ၊ကမာရွတ်မြို့နယ်တို့တွင်လည်း အလားတူဖြစ်စဥ်မျိုးရှိနေသည်ဟု ဒေသခံများက ​ပြောသည်။

"အိမ်ထောင်စုစာရင်းတွေ ကောက်ဖို့ မြေပြင် ကွင်းဆင်းကောက်ဖို့ ခိုင်းတာ မနေ့က(ဇွန်လ ၇ ရက်) စ တာလို့ပြောရတယ်။သိရတာတော့ ၁၈ နှစ် စ ပြည့်တဲ့သူတွေနဲ့ ပြည့်ပြီးသူတွေ အချက်အလက်အ
သေးစိတ် စာရင်းလိုချင်လို လို့ ကြားတာပဲ"ဟု ကမာရွတ်မြို့နယ်အုပ်ချုပ်ရေး ရုံးနှင့်နီးစပ်သူက ပြောသည်။

ထိုအခြေအနေသည် မတရားအာဏာသိမ်းထားသည့် စစ်ကောင်စီက ဦးစီးပြုလုပ်မည့်ရွေး ကောက်ပွဲအတွက် စာရင်းပြုစုခြင်း အဓိကဖြစ်နိုင်ကြောင်း ရန်ကုန်မြို့ခံအချို့က မှတ်ချက်ပြုသည်။

"စစ်မှုထမ်းကိစ္စထက် သူတို့လုပ်မယ့် ရွေးကောက်
ပွဲ က ပိုပြီးဖြစ်နိုင်တယ်။စစ်မှုထမ်းကိစ္စဆိုရင် အဲဒီလောက် သူတို့ယဥ်ယဥ်ကျေးကျေးဆင်းမကောက်ဘူး"ဟု မရမ်းကုန်းမြို့နယ်နေသူတစ်ဦးက ၎င်း၏ ထင်မြင်ချက်ကို ပြောသည်။

စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်တွင်လည်းသ​န်းခေါင်းစာရင်း​ကောက်ယူခဲ့​​​သေးသည်။

အာဏာသိမ်းပြီး လေးနှစ်ကျော်အကြာ ယခုနှစ် ဒီဇင်ဘာလနှင့်၂၀၂၆ ဇန်နဝါရီလတွင်ရွေး
ကောက် ပွဲ ပြုလုပ်မည့်ဟု အာဏာသိမ်းစစ်ခေါင်း
ဆောင်မင်းအောင်လှိုင်က ပြောထားသည်။

စစ်ကာင်စီက ပြုလုပ်မည့်ရွေးကောက်ပွဲသည် စစ်အုပ်စုက နိုင်ငံရေးအရ ထွက်​ပေါက်ရှာရန် ဖြစ်ပြီး တရားမဝင်ကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန် ထားသည်။
👎27😡2410😁4🔥2👍1🤬1🖕1
(ရန်ကုန်မြို့လယ် တ​နေရာကို ၂၀၂၅ခုနှစ် နှစ်ဆန်းပိုင်းက​တွေ့ရစဥ်။ဓါတ်ပုံ-People's Spring
30👍13🔥3
ရွှေဘိုမှာ ပျူရွာက ပျူစောထီးတဦး
လက်နက်ခဲယမ်းတွေနဲ့ ပကဖထံ အလင်းဝင်

ဇွန်-၈၊၂၀၂၅။ဇေအောင်/People's Spring

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်ကစစ်ကောင်စီလက်
အောက်ခံ မြင်းချင်း​ပျူကျေးရွာကနေ ပျူစောထီးတဦးဟာ လက်နက်ခဲယမ်းတွေ ယူဆောင်လာပြီး ကာကွယ်ရေးအဖွဲ့ထံ အလင်းဝင်လာခဲ့ပါတယ်။

ဇွန်လ (၆)ရက်နေ့ကစစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊ မြင်းချင်းကျေးရွာက ပျူလက်နက်ကိုင်တစ်ဦးဟာ G3 (၁)လက်၊ကျည်ဘောက်(၃)ခု၊ G3ကျည် (၉၂)
တောင့်တို့ကိုယူဆောင်ပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်
ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

"သူတို့ကကောင်းကောင်းမွန်မွန်နေချင်တယ်။ အ
ကြောက်တရားတွေနဲ့ မရှင်သန်ချင်တော့ဘူးလို့ ပြောပါတယ်။ ကျနော်တို့က အစောကတည်း အ
လင်းဝင်ဖို့ စည်းရုံးလှုံ့ဆော်ခဲ့တာတွေ အများကြီးရှိပါတယ်။"လို့ရွှေဘိုပကဖတာဝန်ရှိသူတဦးက ပြောပါတယ်။

အလင်းဝင်ရောက်လာသူကိုထိုက်သင့်တဲ့ ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့ပြီး သူနဲ့အတူပါလာတဲ့ မိသားစုဝင်တွေကိုပါ လူ့အခွင့်အရေးနှင့်အညီ စောင့်ရှောက်ထားတယ်လို့ ရွှေဘိုပကဖက အသိပေးပါတယ်။

ရွှေဘိုပကဖထံ အလင်းဝင်ထားတဲ့ စစ်သား၊ ရဲနဲ့ပျူ စုစုပေါင်း(၁၀)ဦးထက်မနည်းရှိကြောင်းသိရပါတယ်။

စစ်အာဏာရှင် အမြစ်ဖြတ်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်နေတာဖြစ်တာကြောင့် စကစတပ်ဖွဲ့ဝင်များ၊ ပျူများအနေဖြင့်လည်း အမြန်ဆုံး အလင်း
ဝင်ရောက်ဖို့ လိုအပ်နေကြောင်း၊အချိန်မရွေး ဆက်
သွယ်ပြီး အလင်းဝင်ရောက်နိုင်ဖို့ ဖိတ်ခေါ်ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်
တွန်းထားပါတယ်။
👍5913🔥2😁2
အလင်းဝင်လာသူပျူစောထီးအား တွေ့ရစဥ်။ ဓာတ်ပုံ-ရွှေဘိုပကဖ
👍769😁2👏1
စစ်ကောင်စီဘက် ရပ်တည်ပေးသည့် တရုတ်အစိုးရကိုဆန့်ကျင်​ကြောင်း အမေရိကန်ရောက် မြန်မာများတရုတ်သံရုံးရှေ့ ဆန္ဒပြ

ဇွန်-၈၊၂၀၂၅။People’s Spring

မြန်မာ့အရေးတွင် တရုတ်အစိုးရ ဝင်ရောက်စွက်
ဖက်မှု ဆန့်ကျင်ကြောင်းနှင့် စစ်​ကောင်စီဘက်မှရပ်တည်​သော တရုတ်အစိုးရကို ဆန့်​ကျင်​ကြောင်းအမေရိကန်နိုင်ငံ နယူးယောက်စီးတီးရှိကုလသ
မဂ္ဂဆိုင်ရာ တရုတ်သံရုံးရှေ့တွင် နယူး​ယောခ်ရှိမြန်မာများစုဖွဲ့ထား​သော NYCBCကဦး​ဆောင်၍ ဆန္ဒပြခဲ့ကြသည်။

ဇွန်လ ၆ရက်က ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တရုတ်အစိုးရက စစ်ကောင်စီဘက် ပေါ်ပေါ်ထင်ထင်ရပ်တည်ပြီး မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်နေခြင်းများ ရပ်တန့်ရန် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများနှင့် NYCBC အဖွဲ့က ဦးဆောင် ဆန္ဒ ပြခဲ့ခြင်းဖြစ်​ကြောင်းဖော်ပြထားသည်။

တရုတ်အစိုးရ အနေဖြင့် စစ်ကောင်စီပြုလုပ်မည့် တရားမျှတမှုမရှိသည့်အတုအယောင် ရွေးကောက်
ပွဲကို မထောက်ခံရန် ၊ စစ်ကောင်စီကိုစစ်လက်နက်များ မထောက်ပံ့ရန် မြန်မာနွယ်ဖွားများက တောင်းဆိုခဲ့ပြီး မြန်မာပြည်သူများကြုံနေရသည့် အခက်
အခဲများကို ထောက်ထားပေးရန် တိုက်တွန်းခဲ့ဟု NYCBCက အသိပေးသည်။

ကလေးငယ်များ၊ သက်ကြီးရွယ်အိုများအပါအဝင် မြန်မာပြည်သူများ အပေါ် တရားဥပဒေမဲ့ အကြမ်း
ဖက် သတ်ဖြတ် မီးရှို့ဗုံးကြဲမှုများ နေ့စဉ်ရက်ဆက်ပြုလုပ်နေသော မင်းအောင်လှိုင် အပါအဝင် စစ်အုပ်စုအားရပ်တည်ထောက်ခံပေးနေသည့် တရုတ်
ကွန်မြူနစ်အစိုးရ၏ မှားယွင်းသော မူဝါဒကို ပြင်း
ထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဆန္ဒထုတ်​ဖော်မှုကိုလည်းတိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။

၂၀၂၁တွင် ဒီမိုကရေစီအစိုးရထံမှ မတရား အာ
ဏာလုယူပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတ ဦးဝင်းမြင့် အပါ
အဝင် အစိုးရ ခေါင်းဆောင်များ၊ လွတ်တော်ကိုယ်
စားလှယ်များအား ဖမ်းဆီးထောင်ခဲ့ကြသည့် အာ
ဏာရှင်များကို ပြည်သူများက မထောက်ခံဘဲ တွန်းလှန်ခဲ့ကြသည်မှာ လေးနှစ်ကျော်ရှိပြီဖြစ်
ကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူ အမျိုးသားတဦးက ပြောကြားခဲ့ပြီး တော်လှန်ရေးကပေါက်ဖွားလာသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)
ကို တခဲနက်ထောက်ခံကြောင်း အသိပေးသည်။

အာဏာသိမ်းပြီးလေးနှစ်ကျော်အတွင်းစစ်ကောင်
စီက သတ်ဖြတ်ခဲ့ရာ ကလေးငယ်များ အပါအဝင် ပြည်သူ များစွာကို သတ်ဖြတ်ခဲ့သည့် စစ်အုပ်စုအား ရပ်တည်ပေးနေမှုကို တရုတ်အစိုးရ အနေ
ဖြင့် ရပ်တန်းက ရပ်ပေးရန်လည်း ၎င်းကတောင်းဆိုခဲ့သည်။

“တရုတ်ရှီကျင်းပင် အစိုးရ အနေနဲ့ ရပ်တန်းက
ရပ်ဖို့ကျနော်တို့ဒီနေရာကတောင်းဆိုပါတယ်။ ပြင်းပြင်းထန်ထန်လည်း ကန့်ကွက်ပါတယ်။” ဟုဆန္ဒပြပွဲ ဦးဆောင်သူက ပြောကြားသည်။

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ပြည်
သူများက ခွင့်မပြုကြောင်း၊ ပြည်သူ့ ဆန္ဒမပါဘဲ ရွေးကောက်ပွဲ လုပ်ခြင်းကို ပြင်းထန်စွာ ကန့်ကွက်ကြောင်းနှင့်ရွေးကောက်ပွဲ လုပ်ဆောင်သူများကို ပြင်းထန်စွာ အပြစ်ပေးမည်ဖြစ်ကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူက ပြောကြားသည်။

တရုတ်ကွန်မြူနစ်အစိုးရ ကျရှုံးပါစေ၊ ရှီကျင်းပင်အစိုးရ ကျရှုံးပါစေ ဟုလည်း ဆန္ဒ ပြသူများက ကြွေးခဲ့ကြပြီးနွေဦးတော်လှန်ရေးအောင်ရမည် အရေးတော်ပုံ အောင်ကိုအောင်ရမည်ဟု ကြွေး
ကြော်ခဲ့သည်။

ထို့ပြင် CHINA Get Out of Burma ၊ China Shame on You စာသားများ ရေးသား ဖော်ပြပြီး တရုတ်သမ္မတ ရှီကျင်းပင်အား အလိုမရှိကြောင်း ဖော်ပြသည့် ပုံကို ကိုင်ဆောင်ဆန္ဒထုတ်ဖော်ပြ
သည်ကိုလည်းတွေ့ရသည်။

"ငါတို့အနာဂတ်ငါတို့ ကိုယ်တိုင်ဆုံးဖြတ်မယ်"ဟုလည်း ဆန္ဒထုတ်ဖော်သူတို့က ဖော်ပြကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြသခဲ့ကြသည်။
👏6330👍2🤮1
ဓါတ်ပုံ-NYCBC
78👍17🤮1
80👍13🤮1
နောင်ချို၊ကံကြီးရွာ​ရောက်စစ်​ကောင်စီတပ်ကို TNLA နှင့်ပူး​ပေါင်းတပ်တိုက်ခိုက်မှု​ကြောင့်​နောက်ပြန်ဆုတ်သွားဟု​ဒေသခံများ​ပြော

ဇွန် ၈၊ ၂၀၂၅။ကိုဘီဂျီ/People's Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အနီးက ကံကြီးကျေးရွာကိုရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ တအာင်းတပ်မတော်(TNLA)ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာသွားရတယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။

ကံကြီးရွာကနေ (၃)မိုင်နီးပါးဝေးတဲ့ ရွှေမုဋ္ဌောကျေးရွာကို တပ်ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။ ကံကြီးရွာနဲ့ ရွှေမုဋ္ဌောကျေးရွာတွေဟာ နောင်ချိုကနေ တောင်းခမ်းရွာသွားတဲ့ လမ်းပိုင်းပေါ်မှာ ရှိနေတာပါ။

"မနေ့ညပိုင်းကဆုတ်သွားတာလို့ TNLAဘက်ကကြားရတယ်။ ဒီဘက်က ပြန်တွယ်တာလို့ပဲ သိရတယ်"လို့ နောင်ချိုဒေသခံတစ်ဦးကပြောပါတယ်။

အခြားနောင်ချိုဒေသခံတစ်ဦးကလည်း"ကျောက်မဲဘက်ကို စစ်ရှောင်သွားတဲ့ အစ်မပို့လာတာက ကံကြီးကနေ ဆုတ်သွားပြီတဲ့"လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဇွန်လ ၇ရက်မှာဘဲ ကံကြီးရွာကို သိမ်းပိုက်ခဲ့ပြီး ညပိုင်းမှာ တပ်ပြန်ဆုတ်သွားရတဲ့ အခြေအနေဖြစ်ပါတယ်။

အဲဒီအခြေအနေနဲ့ပတ်သက်လို့ TNLAဆီ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

မြို့နဲ့ တဖြည်းဖြည်းနီးကပ်လာတာရယ်၊ စစ်တပ်က ကံကြီးရွာနားကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာကြောင့် နောင်ချိုမြို့ခံတွေဟာ ဇွန်လဆန်းစပြီး နီးစပ်ရာမြို့ရွာတွေဆီကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဇွန်လ ၆ရက် ညမှာ စစ်ကောင်စီတပ်က ကံကြီးရွာနားကနေ လက်နက်ကြီးတွေနဲ့ နောင်ချိုမြို့ ပေါ်ကို လှမ်းပစ်ရာ ၁၀လုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ နောင်ချိုဒေသခံတွေက ပြောပါတယ်။ ဇွန်လ ၄ ရက်မှာလည်း စျေးရပ်ကွက်ကို လက်နက်ကြီးနဲ့ လှမ်းပစ်လို့ အမျိုးသမီး ၂ ဦးအပါအဝင် ပြည်သူ ၄ဦး ဗုံးစထိမှန်ဒဏ်ရာရခဲ့ပြီး နေအိမ် ၂လုံးနဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်း ပျက်စီးခဲ့ပါသေးတယ်။

ဒါ့အပြင်ဇွန်လ ၇ရက်ညပိုင်းမှာလည်း နောင်ချို
မြို့ပေါ်ကို လက်နက်ကြီးနှစ်လုံး ပစ်ခတ်ခဲ့သေးတယ်လို့ နောင်ချိုမြို့ခံက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) စတင်ခဲ့တဲ့ ၂၀၂၄ ဇွန်လ ၂၅ရက်နေ့မှာဘဲ တအာင်းတပ်မတော်
(TNLA)နဲ့ PDFပူးပေါင်းတပ်တွေက နောင်ချိုမြို့ကို စတင်သိမ်းပိုက်ခဲ့ပါတယ်။ အခု ၁၀၂၇ အပိုင်း(၂) စတင်ခဲ့တဲ့ နှစ်ပတ်လည် လပိုင်းမှာဘဲ နောင်ချိုမြို့နားကကံကြီးရွာအထိ စစ်ကောင်စီတပ်တွေ ရောက်လာခဲ့တာပါ။

နောင်ချိုမြို့ကို TNLAနဲ့ ပူးပေါင်းတပ်တွေက စစ်
ဆင်ရေးစတင်တဲ့နေ့မှာဘဲ အလွယ်တကူ သိမ်း
ပိုက်နိုင်ခဲ့ပေမယ့် မြို့ရဲ့ တောင်ဘက်က အမြောက်
တပ်ရင်းတွေရှိနေတဲ့ တောင်းခမ်းရွာကို တစ်နှစ်ကြာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် အပြီးသတ်မသိမ်းပိုက်နိုင်ခဲ့ပါဘူး။

နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်မှာရှိတဲ့ တောင်းခမ်းကျေးရွာမှာ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂) နဲ့ သူရဲ့လက်အောက်ခံ အမြောက်တပ်ရင်း သုံးရင်းဖြစ်တဲ့ အမတ(၃၅၄)၊ အမတ (၂၀၆)နဲ့ အမတ
(၄၀၆)တပ်ရင်းတို့ ရှိပါတယ်။

တောင်းခမ်းဒေသကအမြောက်တပ်တွေရှိတဲ့နေရာမှာ တစ်နှစ်နီးပါးကြာ တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်းမှာ နှစ်ဖက်တပ်တွေ ထိခိုက်မှုတွေများခဲ့ပါတယ်။

စစ်ကောင်စီတပ်က ၂၀၂၄ နှစ်ကုန်ပိုင်းလောက်ကစပြီး အင်အားအလုံးအရင်းတိုး၊ တပ်တွေချိန်းပြီး ထိုးဆင်မှုတွေ စတင်လုပ်လာပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းမှာ စစ်ကောင်စီတပ်ဟာ တောင်းခမ်းရွာနားက မဲပုတ်ရွာကို စတင်သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီကနေ တဖြည်းဖြည်း နောင်လင်ရွာကို ထပ်မံသိမ်းပိုက်ပြီးနောက် နောင်ချိုမြို့နားက ကံကြီးရွာအထိ ရောက်လာပါတယ်။

စစ်ကောင်စီဟာ နောင်ချိုမြို့ကို လမ်း​ကြောင်းနှစ်​ခုကနေ စစ်ကြောင်းထိုးနေပါတယ်။ တောင်းခမ်း - ရပ်စောက်လမ်းပိုင်းကနေစစ်ကြောင်းထိုး အင်
အားပို့နေသလို ၊ နောင်ချို - ပြင်ဦးလွင်လမ်းပိုင်းကနေ စစ်ကြောင်းထိုးနေတာပါ။

တောင်းခမ်းက စစ်ကြောင်းဟာ နောင်ချိုမြို့အနီးကို ရောက်လာခဲ့ပေမယ့် ပြင်ဦးလွင်လမ်းပိုင်းက စစ်ကြောင်းကတော့ အရင်အတိုင်းပဲ ရှိနေပြီး သိသိသာသာ ရှေ့တိုးမလာနိုင်သေးပါဘူး။

ပြင်ဦးလွင်မြို့နယ်အစပ် နောင်ချိုမြို့နယ် အုမ္မသီးနှင့် ဂန့်ဂေါရွာနားမှာဘဲ ရှိနေပါသေးတယ်။ အဲဒီကျေးရွာတွေအနီးမှာလည်းတိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။

ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက​တော့ တအာင်းတပ်မတော်(TNLA) နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ်အတွင်းကို ၂၀၂၄ အောက်တိုဘာ ၂၂ရက်ကတည်းကစတင် စစ်‌ကြောင်းထိုးဝင်​ရောက်ဖို့ကြိုးစား​နေတာပါ။ အဲဒီနောက် TNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ ရှိနေတဲ့ ဂန့်ဂေါရွာကို ရောက်ရှိလာပြီး တိုက်ပွဲတွေ စတင်ဖြစ်နေပါတယ်။
70👏13🔥5👍4🥰1
TNLA တပ်ဖွဲ့ဝင်များ / ကံကြီးရွာသို့​ရောက်ရှိတပ်စွဲနိုင်​ကြောင်းစစ်တပ်က ဓါတ်ပုံရိုက်ဝါဒဖြန့်ခဲ့စဥ်/ ကံကြီးရွာနှင့် ​နောင်ချို ၊​တောင်းခမ်းတို့ကို Google Earth တွင်​တွေ့ရပုံ။ဓါတ်ပုံ-TNLA၊ စစ်​ကောင်စီ
48👍24🔥2