၂၀၂၄ ခုနှစ် ဇန်နဝါရီမှာယူကရိန်းအစိုးရကစီမံကိန်းတစ်ခုကိုစတင်ခဲ့ပါတယ်။ I Want to Find (ကျွန်ုပ်ရှာဖွေချင်သည်) ဆိုတဲ့ပရောဂျက်ပဲဖြစ်ပါတယ်။
ယူကရိန်းစစ်တပ်ကဖမ်းမိတဲ့ စစ်အကျဉ်းသားတွေအရေးကို ပူးပေါင်းဆောင်ရွက်တဲ့ Coordination Headquarters for The Treatment of Prisoners of War ဌာနကဆောင်ရွက်တာဖြစ်ပါတယ်။
ရည်ရွယ်ချက်ကတော့ရှေ့တန်းမှာပျောက်ဆုံးသွားခဲ့ကြတဲ့ရုရှစစ်သားပေါင်းမြောက်များစွာကိုရှာဖွေ ချင်နေကြတဲ့သူတို့မိသားစုတွေကိုကူညီဖို့ပါပဲ။ ထူးခြားတာကတော့ ကျူးကျော်ခံရတဲ့နိုင်ငံက ကျူးကျော်သူစစ်သားတွေကိုသူတို့မိသားစုတွေနဲ့ပြန်ပေါင်းထုပ်နိုင်ဖို့ကြိုးပမ်းအားထုတ်တာပဲဖြစ်ပါ တယ်။
https://www.ludunwayoo.com/opinion-mm/2025/05/20/121514/

LuduNwayOo
အညတရပျောက်ဆုံးခြင်း
၂၀၂၄ ခုနှစ် ဇန်နဝါရီမှာယူကရိန်းအစိုးရကစီမံကိန်းတစ်ခုကိုစတင်ခဲ့ပါတယ်။ I Want to Find (ကျွန်ုပ်ရှာဖွေချင်သည်) ဆိုတဲ့ပရောဂျက်ပဲဖြစ်ပါတယ်။
👍41❤6😁2🥰1
ဧရာဝတီမြစ်ရေတက်လို့မန္တလေး- မိုးကုတ်ကားတွေ ဇက်ကူးလို့မရတာကြောင့် ပိတ်မိနေ
ဇွန်၈၊၂၀၂၅။မေရီ/People's Spring
ဧရာဝတီမြစ်ရေတက်လို့မန္တလေး- မိုးကုတ်သွားတဲ့ယာဥ်တွေဇက်ကူးလို့မရတာကြောင့်ကားတွေပိတ်မိနေတယ်လို့ ခရီးသွားတွေက ပြောပါတယ်။
မတ္တရာနယ်ကိုဖြတ်သန်းရတဲ့မန္တလေး-မိုးကုတ်လမ်းပိုင်းနဲ့ပြင်ဦးလွင်-မိုးကုတ်လမ်းပိုင်းဟာတိုက်
ပွဲတွေကြောင့် သွားလာလို့အဆင်မပြေတဲ့အတွက် မန္တလေးကနေ မိုးကုတ်သွားမယ်ဆိုရင် စစ်ကိုင်း၊ ရွှေဘိုဘက်ကနေ ဧရာဝတီမြစ်ကို ဇက်သင်္ဘောနဲ့ကူးပြီးမှ စဥ့်ကူးနယ်ကနေတဆင့်မိုးကုတ်ကိုခရီးဆက်နေရတာပါ။
အခုရက်ထဲမှာဧရာဝတီမြစ်ရေမြင့်တက်လာပြီးရေ
ပြင်ကျယ်လာတာကြောင့်ဇွန်လ (၇)ရက်နေ့ကစပြီးဇက်သင်္ဘောတွေနဲ့ဖြတ်သန်းဖို့အဆင်မပြေဖြစ်နေကြောင်းခရီးသွားတွေကပြောပါတယ်။
"မြစ်ရေတိုးလို့ဇက်တွေကကမ်းကပ်မရတဲ့အတွက်
မန်းလေး-မိုးကုတ်သွားမရသေးတာ။"လို့ ခရီးသွားတဦးက ပြောပါတယ်။
ဒါ့ကြောင့်ဧရာဝတီမြစ်တဘက်စီမှာမန္တလေး-မိုးကုတ်သွားလာကြမယ့်ယာဥ်တွေပိတ်မိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။တချို့ယာဥ်တွေက
တော့ မန္တလေး-ပြင်ဦးလွင်လမ်းကနေ သွားလာနေကြပြီးလုံခြုံရေးအရစိတ်မချရဘူးလို့လည်း ဒေသ
ခံတွေက ပြောပါတယ်။
မန္တလေး-မိုးကုတ်လမ်းတလျှောက်မှာ မတ္တရာနယ်မြောက်ခြမ်းကစပြီးစဥ့်ကူး၊ သပိတ်ကျင်း၊မိုးကုတ်
နယ်အထိ မန္တလေး PDF အပါအဝင်တော်လှန်ရေးတပ်တွေကထိန်းချုပ်ထားတာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားမှုတွေလည်း ရှိနေပါတယ်။
မေလကုန်၊ဇွန်လဆန်းမှာ ကချင်ပြည်နယ်အပါအ
ဝင်မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာမိုးသည်း
ထန်စွာရွာသွန်းခဲ့ပြီး မေခ ၊မလိခမြစ်တွေမှာ မြစ်ရေကြီးခဲ့ပါတယ် ။

👍42❤10🔥3😢2🙏2
တောင်ဒဂုံ တရားရုံးကို YAပစ်ခတ်တိုက်ခိုက်
ဇွန်-၈၊၂၀၂၅။သတိုး/People's Spring
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် တရား
ရုံး၌ လုံခြုံရေးယူနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၄၀ မမ ဖြင့်တိုက်ခိုက်ခဲ့ကြောင်း Yangon
Army(YA) အဖွဲ့ တာဝန်ရှိသူကပြောသည်။
"ထိခိုက်မှုရှိနိုင်တယ်။နှစ်လုံးပစ်တာနှစ်လုံးလုံး ရည်မှန်းချက်နေရာထိတယ်။" ဟု ၎င်းကပြော
သည်။
အဆိုပါတိုက်ခိုက်မှုကိုYangon Armyနှင့်အ
နောက်ပိုင်းခရိုင်ပကဖ တို့ ပူးပေါင်း၍ ဇွန် ၇ ရက် ည ၁၀ နာရီခွဲခန့်တွင် 79အဝေးပစ်လောင်ချာဖြင့် ၄၀မမ နှစ်လုံးပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ယင်းတရားရုံး၌ လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် လေး၊ငါးဦးခန့် အမြဲရှိကြောင်းသိရသည်။
Yangon Army အနေဖြင့် စစ်ကောင်စီနှင့်သက်
ဆိုင်သော ပစ်မှတ်များကို ဆက်လက်တိုက်ခိုက်သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။
၎င်းတို့အဖွဲ့အနေဖြင့် ပြီးခဲ့သည့် မေ၂၉ ရက်က မှော်ဘီမြို့နယ် တပ်ကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှုး၏ ဆိုင်ခန်းများကို လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့သည်။

❤52👍23👏2😁2👌2
ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်က
ဘရာဇီးဖိုက်တာကို အလဲထိုးအနိုင်ရ
■UFCတွင်၈ပွဲယှဥ်ပြိုင်ထိုးသတ်ရာ၊၇ပွဲအနိုင်ရထား
ဇွန်-၈၊၂၀၂၅။ သုည/People's Spring
ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်သည် ပြိုင်ဘက် ဘရာဇီးဖိုက်တာကို တတိယအချီတွင် အလဲထိုး အနိုင်ရရှိခဲ့ပြီး UFC MMA ပြိုင်ပွဲတွင် (၇)ပွဲအထိ နိုင်ပွဲရယူနိုင်ခဲ့သည်။
ဇွန်လ ၈ ရက် နံနက်က အမေရိကန်နိုင်ငံတွင် ပြုလုပ်သည့် UFC 316 ပြိုင်ပွဲ Flyweight ဝိတ်တန်းပွဲစဥ်တွင် ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်က ဘရာဇီးဖိုက်တာ ဘရူနိုဆေးလ်ဗားနှင့် ယှဥ်ပြိုင်ထိုးသတ်ခဲ့သည်။
ယင်းပွဲစဥ်တွင် ဂျိုရှုအာဗန်သည် ဘရူနိုဆေးလ်ဗား ဘယ်၊ ညာ လက်သီးချက််များ၊ ထောက်လက်သီးများဖြင့် ၃ ချီစလုံး အသာစီးထိုးသတ်နိုင်ခဲ့သည်။
တတိယအခြိီပွီးဆုံးခါနီး တစ်မိနစ်အလို၌ ဂျိုရှုအာဗန်က ဘရူနိုဆေးလ်ဗားကို အလဲထိုးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။
အဆိုပါပွဲစဥ်သည် ချင်းတိုင်းရင်းသား ဂျိုရှုအာဗန် အတွက် UFC MMA ပြိုင်ပွဲ (၈) ပွဲမြောက် ပွဲစဥ် ဖြစ်ပြီး (၇)ပွဲအထိ နိုင်ပွဲ ရယူနိုင်ခဲ့ကာ တစ်ပွဲသာ ရှုံးနိမ့်ထားသည်။
ဗန်သည် ချင်းတိုင်းရင်းသားဖြစ်ပြီး ငယ်စဥ်က
တည်းက အမေရိကန်နိုင်ငံသို့ မိသားစုနှင့် ပြောင်းရွေ့ရောက်ရှိခဲ့ကာ နေထိုင်သူဖြစ်သည်။
သိုင်းပေါင်စုံပြိုင်ပွဲများတွင် UFCမှာနာမည်အကြီး
ဆုံး ပြိုင်ပွဲ ဖြစ်ပြီး ဂျိုရှုအာဗန်သည် UFC ပြိုင်ပွဲတွင် ဝင်ပြိုင်သော ပထမဆုံး မြန်မာဖြစ်သည်။
ဗန်သည် ယခုနိုင်ပွဲကြောင့်UFC ဖလိုင်းဝိတ်တန်းတွင်အဆင့်သတ်မှတ်ချက် မြင့်လာမည်ဖြစ်သည်။

❤61👍21👌3🥰1🤮1
စစ်အုပ်စုကို ILOရဲ့ Article 33အရ အရေးယူဖို့ဆုံးဖြတ်ချက်ချနိုင်ရေးပူးပေါင်းဆောင်ရွက်သူတွေကို ကျေးဇူးတင်ကြောင်း NUG ထုတ်ပြန်
■စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး များစွာအကျိုးသက်ရောက်စေတာကြောင့် ပြည်သူတွေရဲ့အောင်ပွဲလို့ ဖော်ပြ
ဇွန် ၈၊ ၂၀၂၅။ကိုဘီဂျီ/People's Spring
စစ်အုပ်စုကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးအဖွဲ့ (ILO)ရဲ့ Article 33အရ ထိရောက်စွာအ
ရေးယူဖို့ဆုံးဖြတ်ချက် ချမှတ်နိုင်ရေးမှာ ပူးပေါင်းဆောင်ရွက်သူတွေကို အထူးကျေးဇူးတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဒီကနေ့
(ဇွန်လ ၈ရက်)မှာ ထုတ်ပြန်ပါတယ်။
Article 33 အရ အရေးယူမှုဆုံးဖြတ်ချက် ချမှတ်နိုင်ဖို့ ဝန်ကြီးဌာနနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သုံးပွင့်ဆိုင်အဖွဲ့ဝင် မြန်မာနိုင်ငံအလုပ် သမားတပ်ပေါင်းစု (Myanmar Labour Alliance – MLA) ၊ မြန်မာနိုင်ငံ အလုပ်ရှင်များအဖွဲ့ (Myanmar Employers Organization – MEO) ၊ မြန်မာ
နိုင်ငံ လုပ်ငန်းရှင်များ အဖွဲ့ချုပ် (Myanmar Employers Federation – MEF) ၊ စစ်အုပ်စုရဲ့ အခွင့်အရေးချိုးဖောက်ကျူးလွန်မှုအထောက်
အထားအချက်အလက်များ ကောက်ယူစုစည်းပေးပို့ရာမှာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးတဲ့ အဝေးရောက် ဧရာဝတီအသင်း (Overseas Irrawaddy Association – OIA)၊ Mondiaal FNV ၊ သုံးပွင့်ဆိုင်ကိုယ်စားလှယ်များ ညီလာခံ တက်ရောက်နိုင်ရေးအပါအဝင် အဘက်ဘက်က ပံ့ပိုးကူညီပေးတဲ့ International Trade Union Confederation - ITUC, International Union of Food, Agricultural, Hotel, Restaurant, Catering, Tobacco and Allied Workers’ Association – IUF ၊ Building and Wood Workers’ International – BWI နဲ့ နိုင်ငံတကာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်များ၊ အလုပ်ရှင်အဖွဲ့အစည်းတွေနဲ့ မဲခွဲဆုံးဖြတ်ရန် မလိုအပ်အောင် မတရားမှုကို တော်လှန်ရာမှာ မြန်မာပြည်သူတွေနဲ့ တသားတည်း ရပ်တည်ပေးခဲ့တဲ့ ILO အဖွဲ့ကြီးနဲ့ အဖွဲ့ဝင်နိုင်ငံတွေကို အမျိုးသားညီညွတ်ရေးအစိုး
ရ၊ အလုပ်သမားဝန်ကြီး ဌာနအနေအနဲ့ ထူးကျေး
ဇူးတင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
NUG အနေနဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးမှာ နိုင်ငံရေး၊ စစ်ရေး၊ သံတမန် ရေး၊ ဘဏ္ဍာရေး၊ အုပ်ချုပ်ရေး၊ လူထုဆက်ဆံရေးစတဲ့ တော်လှန်စစ်မျက်နှာပေါင်းစုံကနေ တိုက်ပွဲဝင်လျက်ရှိရာအလုပ်သမားဝန်ကြီး
ဌာနအနေနဲ့နိုင်ငံရေးနဲ့ဘဏ္ဍာရေးကဏ္ဍမှာ အပြည်
ပြည်ဆိုင်ရာအလုပ်သမားရေးအဖွဲ့ (ILO) အပါ
အဝင် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိတယ်လို့လည်း ဖော်
ပြထားပါတယ်။
ILOရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းအရ အလုပ်သမားဝန်
ကြီးဌာနဦးဆောင်တဲ့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်
သမား သုံးပွင့်ဆိုင်အဖွဲ့ကို ဖွဲ့စည်းပြီး ILO ယန္တရားကတဆင့် အကြမ်းဖက်စစ်အုပ်စုကို အပြစ်ပေးအရေးယူရေးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အစိုးရအဖြစ် ILOက စတင်အသိအမှတ်
ပြုမှုရရှိဖို့ အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်
လျက်ရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
CDM ဝန်ထမ်းတွေအပါအဝင် အလုပ်သမားထုတစ်ရပ်လုံးအပေါ် အခြေခံအခွင့်အရေးချိုးဖောက်ခံရမှု အထောက်အထားတွေ ပြည့်စုံစွာ ရရှိအောင် ပူးပေါင်းဆောင်ရွက်နိုင်ခြင်းကြောင့် ၂၀၂၃ သြဂုတ်မှာ စစ်အုပ်စုက ချက်ချင်းလိုက်နာဆောင်ရွက်ရမယ့် တိုက်တွန်းချက်များပါဝင်တဲ့ COIရဲ့ အစီ
ရင်ခံစာကို ထုတ်ပြန်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုအနေနဲ့အဲဒီတိုက်တွန်းချက်တွေကိုမလိုက်နာတဲ့အပြင် ပိုမိုဆိုးဝါးတဲ့ ချိုးဖောက်မှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်း သက်သေအ
ထောက်အထားအချက်အလက်တွေ၊ အထူးသဖြင့် စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းမှု၊ အရပ်သားပြည်သူအပေါ် နေ့စဉ် ဗုံးကြဲသတ်ဖြတ်မှု၊ ဖမ်းဆီး သတ်ဖြတ်မှု သက်သေအထောက်အထားတွေကို သုံးပွင့်ဆိုင်အဖွဲ့အနေနဲ့ ILO ထံ စဉ်ဆက်မပြတ် အစီရင်ခံတင်ပြခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
အဲဒီသက်သေအချက်အလက်တွေဟာ စစ်အုပ်စုကို အရေးယူရေး ဆုံးဖြတ်ချက် ချမှတ်ရာမှာ များစွာအထောက်အကူဖြစ်စေခဲ့တယ်လို့လည်း ဆိုပါတယ်။
ILO ကArticle 33 အရအရေးယူမှုဆုံးဖြတ်ချက်
(Resolution)မှာ အဓိကအနေနဲ့ ILO အဖွဲ့ဝင်နိုင်ငံတွေအနေဖြင့် စစ်ကောင်စီနဲ့ ဆက်ဆံရေး၊ပူးပေါင်း
ဆောင်ရွက်မှုတွေကို ပြန်လည် သုံးသပ်ဖို့၊ ပြည်သူအပေါ် အခြေခံအခွင့်အရေးချိုးဖောက်မှုနဲ့ ဖိနှိပ်အကြမ်းဖက်မှုဖြစ်စေမယ့် စစ်ကောင်စီထံ လေ
ယာဉ်ဆီ၊ စစ်လက်နက်ပစ္စည်း၊ ငွေကြေးစီးဆင်မှုတွေ မပြုလုပ်ဖို့ စတဲ့ စစ်အုပ်စုအပေါ် တိုက်ရိုက်ပစ်မှတ်ထားဒဏ်ခတ်အရေးယူမှုတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံရေးနဲ့ဘဏ္ဍာရေးစစ်မျက်
နှာမှာစစ်အုပ်စုကို များစွာထိခိုက်စေမှာဖြစ်ပြီး တနည်းအားဖြင့် စစ်အာဏာရှင် စနစ်အမြစ်ပြတ်ချေမှုန်းရေးအတွက် များစွာအကျိုးသက်ရောက်စေမှာဖြစ်တာကြောင့် ပြည်သူတွေရဲ့အောင်ပွဲတစ်
ရပ်လို့ ဖော်ပြပါတယ်။

👍65❤29👏3🤮2
စစ်အုပ်စုကို အခြေခံအလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အထူးသဖြင့် ILOရဲ့ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နဲ့ စုရုံးခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် (၈၇)နဲ့ အဓမ္မအလုပ်ခိုင်း စေခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် (၂၉)တွေကို ကျူးလွန်ချိုးဖောက်မှုတွေကြောင့် Article 33အရ အရေးယူဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့တာလို့ NUGရဲ့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
👍69❤19👏4🤮2
အိပ်မက်ဆိုးတွေကကမ္ဘာ့အနှံ့မှာတစ်ကြော့ပြန်
လာနေပါပြီ။တိုင်းပြည်ကနှင်ထုတ်ခံရမှာကို ကြောက်နေရတာတွေ၊ ပြည်ဝင်ခွင့်ဗီဇာကိုရုတ်သိမ်းခံရမှာကြောက်တာတွေ ၊ လမ်းလျှောက်နေတုန်း ရဲ့နဲ့လုံခြုံရေးတွေရဲ့ ကြမ်းကြမ်းတမ်းတမ်းဖမ်းဆီးခံရမှာကိုကြောက်ရတာတွေက အမေရိကန်လို နိုင်ငံမျိုးမှာတောင်လွှမ်းမိုးနေပါပြီ။
မြန်မာနိုင်ငံမှာတော့ ပြောစရာမရှိတော့ပါဘူး။ ဖမ်းဆီးခြင်း၊အိမ် နဲ့ ပိုင်ဆိုင်မှုတွေကိုသိမ်းယူခြင်း၊ နှိပ်စက်ခြင်း နဲ့ သတ်ဖြတ်ခြင်းတွေအောက်ကအိပ်မက်ဆိုးတွေပါ။ ကိုယ်ပေးတဲ့အခွန် နဲ့ ဝယ်တဲ့ လေယာဉ်ကကိုယ့်မိသားစုရဲ့အိမ်ပေါ်ကို ဗုံးကြဲချမှုဟာ ဟစ်တလာတောင်မလုပ်နိုင်ခဲ့တဲ့ရာဇဝတ်မှု ဖြစ်ပါတယ်။
ညအချိန်မှာအိပ်မက်ဆိုးတွေဟာ အိမ်တိုင်းရဲ့ အိပ်ယာတွေကိုလွှမ်းမိုးထာပါတယ်။ အကျဉ်းထောင် တွေထဲမှာ၊ တောနက်တွေထဲမှာ၊ ပြည်ပနိုင်ငံတွေမှာလည်း အိပ်မက်ဆိုးတွေရှိနေမှာပါ။
တစ်နေ့တော့ မကောင်းဆိုးဝါးတွေကို ဂျာမဏီမှာလို အရေးယူပြီးတဲ့အခါ အိပ်မက်တွေအကြောင်းကို ပြန်ပြောကြတာပေါ့။
https://www.ludunwayoo.com/opinion-mm/2025/05/03/119815/

အိပ်မက်များကိုစုဆောင်းသူ
သင်ညအိပ်တဲ့အခါ အိပ်မက်ဆိုးမက်လေ့ရှိပါသလား။ ခဏခဏမက်လေ့ရှိပါသလား။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီတစ်ရက်နေ့ နောက်ပိုင်းမှာပိုမက်လေ့ရှိပါသလား။အိပ်မက်ထဲမှာကိုယ့်အိမ်ကိုယ်ရှာမတွေ့တော့တာ၊ သေနတ်သံတွေကြားမှာပြေးလွှားနေရတာ၊ ကိုယ့်သားသမီးလေးတွေပျောက်ဆုံးတာ၊ အခန်းတစ်ခန်းထဲမှာ…

❤50👍21🔥2🥰2
■Essay
"အရာရာကို အကောင်းဆုံး ပြန်တုံ့ပြန်နိုင်ဖို့"
◼️မြကေခိုင်
အတွေးတခုဟာ ကျမရဲ့ဦးနှောက်ထဲကို ဘယ်ကမှန်းမသိ ဝင်လာပြီး ပဲ့တင်ထပ်နေပြီဆိုရင် အဲဒီအတွေးထဲမှာပဲ သုံးလေးရက် ဒါမှမဟုတ် ပိုကြာရင် တပတ်ကနေ တလအထိ တွေးနေမိတတ်တဲ့အကျင့် ရှိပါတယ်။ အဲဒီလို ကြုံပြီဆိုရင်လည်း တိုက်ဆိုင်တာတွေကပဲ ပေါ်လာတာလား၊ ကျမကပဲ နစ်ဝင်နေတဲ့ ကျမအတွေးရှုထောင့်ကနေ ကြည့်နေလို့ပဲလား မသိပေမယ့် ဆက်စပ်ပြီးတွေးစရာတွေ ဆက်စပ်တိုင်ဆိုင်မှုတွေဟာ ဆက်တိုက်ဆိုသလို ပေါ်လာတတ်ပါတယ်။
ဒီရက်ပိုင်း အတွေးထဲမှာ ပဲ့တင်ထပ်နေတာကတော့ “အရာရာဟာ ကောင်းဖို့ ဒါမှမဟုတ် ပိုကောင်းဖို့ ဖြစ်လာတာမှ မဟုတ်တာ“ ဆိုတဲ့အတွေးပါ။ ဘဝမှာ ကံကောင်း အကြောင်းလှတဲ့သူတွေထဲမှာ ပါခဲ့ပုံထောက်လို့ ကောင်းအောင် မြင်ပေးနိုင်ခဲ့တာတွေလည်း များပါတယ်။ ဒါပေမယ့်လည်း အရာရာဟာ ကောင်းဖို့ ဖြစ်လာတာမှ မဟုတ်တာ။ ကျမတို့ အရင်ကဆိုရင် ကိစ္စတွေဟာ ကိုယ်စီစဥ်ထားတဲ့အတိုင်း မဖြစ်ဘဲ တခြားသော နည်းလမ်းတခုနဲ့ အဆင်ပြေအောင် လုပ်လိုက်ရရင် ဒါမှမဟုတ် ပိုပြီး အဆင်ပြေတဲ့ နည်းလမ်းနဲ့ ပိုအဆင်ပြေတဲ့ အကျိုးရလဒ်တခု ရလာခဲ့ပြီဆိုရင် “ကောင်းဖို့ဖြစ်လာတာ၊ ပိုကောင်းဖို့ ဖြစ်လာတာ“ ဆိုပြီး တွေးကြရပါတယ်။ ဒါဟာလည်း ကိုယ်လုပ်လိုက်တဲ့ကိစ္စဟာ တနည်းမဟုတ်တနည်းနဲ့ အဆင်ပြေသွားမှ တ' နိုင်ကြတာပါ။
ဘာသာတရားရဲ့ အကူအညီကို ယူရရင်တော့ ကျမတို့ ဗုဒ္ဓဘာသာအရဆို ကံစီမံရာ၊ အခြားဘာသာရေးအရဆို ဘုရားသခင်အလိုအရ၊ ဘုရားသခင်ဟာ အခြားသောနည်းနဲ့ ကူညီစောင့်ရှောက်မှာ ဖြစ်လို့လို့ ယုံကြည်ရပါတယ်။
အဲဒီအတွေးတွေ ခေါင်းထဲမှာ တဝဲလည်လည် ဖြစ်နေတုန်းမှာပဲ ခါတိုင်းလို တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ ကျမအခန်းဖော် ညီမလေးတယောက် သူ့မိသားစုနဲ့ ဖုန်းပြောဖြစ်ကြရင်း ကျမတို့ စကားစပ်မိကြပါတယ်။ အခန်းဖော် ညီမလေးတို့ မိသားစုဟာ ကယားပြည်ကနေ စစ်ရှောင်နေကြတဲ့သူတွေပါ။
၂၀၂၄ ခုနှစ် အလယ်လောက်မှာ အိမ်အခွံပဲ ကျန်တော့လောက်အောင် ပျက်စီး ဆုံးရှုံးထားတဲ့ သူတွေပါ။ စစ်ကြီးမဖြစ်ခင်က အိမ်ခြံဝန်းကျယ်ကျယ်ထဲ အလယ်မှာ တိုက်ဖြူဖြူလေးနဲ့ ခြံဝန်းထဲမှာ မြက်ခင်းစိမ်းနုနုလေးတွေ၊ ပန်းပင်လေးတွေ အမျိုးမျိုးနဲ့ ဝေဆာနေခဲ့တဲ့ အိမ်လေးပါ။ အခုတော့ အဲဒီခြံလေးဆီ သူတို့တွေ ပြန်သွားခွင့်ရကြတယ်။ ခြံထဲမှာ လက်နက်ကြီးနဲ့ ကျည်ဆံအခွံပေါင်းစုံ ရှိနေခဲ့ပါတယ်။
ဦးလေးက အဲဒီအခွံတွေကို ရှင်းလင်းပြီး ပုံးလေးတပုံးထဲမှာ ထောင်ပြီး စုထည့်ထားတယ်။ ခြံအတွင်းထဲမှာတော့ ပန်းပင်လေးတွေ အရင်စိုက်နှင့်နေပါပြီ။ ပန်းပင်လေးတွေကတော့ ခရမ်း
ရောင်၊ ပန်းရောင် အရောင်စုံလို့ပါပဲ။ ကျမကတော့ ပန်းပွင့်တွေအကြောင်း သိပ်မသိတာမို့ လှတာပဲ သိလိုက်ပါတယ်။ ခြံအပြင်မှာလည်း 120 MM ကျခဲ့တဲ့ နေရာလေးမှာ စက္ကူပန်းပင်လည်း စိုက်ထားပါသေးတယ်။
ဦးလေးပြောတာက “ န်းပင်လေးတွေစိုက်ပြီး အရာရာကို အကောင်းဆုံး တုံ့ပြန်နေပါတယ်” တဲ့။ ဦးလေးရဲ့ စကားကို ကြားပြီးမှပဲ ကျမ ပိတ်မိနေတဲ့ အတွေးလေးဟာ တခန်းရပ်သွားပါတော့တယ်။ အရာရာဟာ ပိုကောင်းဖို့ ဖြစ်လာတာတော့ မဟုတ်ပေမယ့်လည်း အရာရာကို အကောင်းဆုံး တုံ့ပြန်ကြဖို့ပဲ။ ကျမတို့တွေဟာ အိမ်မှာ ပြန်စိုက်ရမယ့် ပန်းပင်လေးတွေအကြောင်း စဥ်းစားရင်း အရာရာကို အကောင်းဆုံး တုံ့ပြန်ဖို့ ကြိုးစားနေကြပါတယ် ဆိုတာပါပဲ။ ။
(The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းမှာ ‘မြကေခိုင်' ရေးဖွဲ့တဲ့ “အရာရာကို အကောင်းဆုံး ပြန်တုံ့ပြန်နိုင်ဖို့" Essay ကို People's Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)

Facebook
The Call - ခေါ်သံ
The Call - ခေါ်သံ . 54,533 likes · 3,035 talking about this. News & media website
👍37❤12🔥2
AA ထိန်းချုပ်ထားသော သံတွဲမြို့ကို စစ်ကောင်စီက လက်နက်ကြီးဖြင့်မကြာခဏပစ်ပြီး ဗုံးကြဲ
ဇွန်-၈၊၂၀၂၅။ဇော်ရမ်း/People's Spring
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့်သံတွဲမြို့ကို ဇွန်လဆန်းမှစ၍ လက်နက်ကြီးများဖြင့်ပစ်ခတ်နေသည့်စစ်ကောင်စီက ယမန်နေ့
(ဇွန်လ ၇ရက်)ညတွင်လေကြောင်းမှဗုံးကြဲခဲ့သည်။
သံတွဲမြို့၊စစ်သားစုဆောင်းရေးတပ်ကိုဇွန် ၇ ရက် ည ၁၀ နာရီ မိနစ် ၄၀မိနစ်တွင် ဂျက်ဖိုက်တာဖြင့်ဗုံးကြဲခြင်းဖြစ်ကြောင်း ရခိုင်ဒေသခံသတင်းရင်းမြစ်ကပြောသည်။
"လူအထိအခိုက်မရှိခဲ့ဘူးလို့သိရတယ်။ ထူးခြားမှုအနေနဲ့ကတော့ သံတွဲမြို့ကို ဒီရက်ပိုင်းမှာပင်လယ်
ထဲကနေ လက်နက်ကြီးနဲ့လှမ်းလှမ်းပစ်တယ်။သူတို့မထိန်းချုပ်နိုင်တဲ့နေရာကိုအနှောက်အယှက် ပေးနေတဲ့သဘောပဲ"ဟု ၎င်းကပြောသည်။
စစ်ကောင်စီသည် ပင်လယ်ကမ်းရိုးတန်းမြို့နယ်များဖြစ်သည့် သံတွဲမြို့နှင့် ဂွမြို့ကို ဇွန်လ၃ရက်နေ့ညမှစ၍ လက်နက်ကြီးများပစ်ခတ်နေခြင်းဖြစ်သည်။ပင်လယ်ပြင်၌ ရှိနေသည့် စစ်ရေယာဉ် ၃ စီးက ပစ်ခတ်ခြင်းဖြစ်ပြီးဒေသခံများသည် ယခုရက်ပိုင်း ပင်လယ်ပြင်၌ငါဖမ်းမထွက်ကြကြောင်း သတင်းရရှိသည်။
သံတွဲမြို့သည် စစ်ကောင်စီ၏ မောင်ရွှေလေးရေ
တပ်စခန်းရှိသည့် မြို့ဖြစ်ပြီး ၂၀၂၄ ခုနှစ် စက်
တင်ဘာလ ၅ရက်၌ AAက အပြီးသတ် သိမ်းပိုက်
ခဲ့သည်။ရခိုင်ပြည်နယ်မှမြို့သိမ်းတိုက်ပွဲများအ
နက်သံတွဲမြို့သိမ်းတိုက်ပွဲသည် အခက်အခဲဆုံးဖြစ်ကြောင်း AAက ထုတ်ပြန်ခဲ့သည်။
မတ်လ၂၈ရက်ကငလျင်ကြောင့်ပြန်လည်ထူ
ထောင်ရေးလုပ်ငန်းများ လုပ်ရန်ဟုဆိုကာ စစ်ကောင်စီကရော AAကပါ အပစ်ရပ်ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီက လေကြောင်း နှင့်လက်နက်ကြီးအသုံးပြု၍ ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်သည်။ စစ်ကောင်စီသည် ၎င်းတို့ထုတ်ပြန်ထားသည့်တစ်ဖက်သတ်အပစ်ရပ်မှုကို မလိုက်နာဘဲ ရပ်သားပြည်သူရှိရာနေရာများကို ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း AAက ထုတ်ပြန်ထားသည်။

🤬62❤10😢5👍3😡2👎1
■ကဗျာ
'အိမ်တက်မင်္ဂလာ’
◼️နေဘုန်းလတ်
ကျောပိုးအိတ်ကိုလွယ်
ဘွတ်ဖိနပ်ကိုစီး
အမေ့ဖုန်းနံပါတ်ကိုအလွတ်ကျက်ပြီး
ဒီခရီးကို စခဲ့ကြ
အချို့ဆို ...
နှုတ်ဆက်ချိန်တောင်မရခဲ့ဘူး။
ပန်းတိုင်လည်းရှိတယ်
လမ်းလည်းသိတယ်
ဒါပေမယ့် ...
ပန်းတိုင်ကို ဘယ်အချိန်ရောက်မှာလဲ
ဒီလမ်းကို ဘယ်လောက်လျှောက်ရမလဲ
သိခြင်းတချို့နဲ့ မသိခြင်းတဝက်
ဒီလိုပဲ ငါတို့ ထွက်ခွာခဲ့ကြတယ်
... ... ...
အမေ့အိမ်ကနေ
မိသားစုတွေဆီကနေ
ပျော်စရာ အခိုက်အတန့်တွေကနေ ...။
ပြန်တွေ့ကြတာပေါ့လို့တွေး
ကိုယ့်အသက်ကိုယ်မွေးကြရင်း
အပြီးအပိုင်ဝေးဝေးသွားကြတဲ့ ကြယ်တွေ
ပြန်ဆုံကြတဲ့အခါ ...
အရင်လို လူစုံကြပါတော့မလား
အဲဒီ့လိုစိုးရိမ်စိတ်တွေနဲ့ပဲ ...။
မပြီးသေးတဲ့ခရီး
ရေမြေအဆုံးစီးဆင်းကြရုံပေါ့
ငါတို့ပြန်လာခဲ့မှာပါ
... ... ... ...
အဲဒီအချိန်အခါဟာ
ငါတို့ရဲ့ အိမ်တက်မင်္ဂလာ
တယောက်အမာရွတ်ကို
တယောက်ကပွတ်သပ်ရင်း
ပြန်မလာနိုင်တော့သူတွေအကြောင်း
နေစောင်းတဲ့အထိ ပြောကြရင်း
ဒဏ်ရာတွေနဲ့ တည်ခင်းမယ့်ညစာ
မင်းလဲ ငါ့ကိုဖိတ်ပါ
ငါလဲ မင်းကိုဖိတ်မှာ ... ။ ။
The Call - ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ ‘နေဘုန်းလတ်' ရေးဖွဲ့တဲ့ "အိမ်တက်မင်္ဂလာ" ကဗျာ ကို People's Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)

❤52👍18🎉2🤮1