စစ်အာဏာရှင်၏ဖိနှိပ်မှု တော်လှန်လိုသူများအား အမြဲကြိုဆိုနေမည်ဟု SSPP ဖိတ်ခေါ်
ဟန်နွေ/People’s Spring
စစ်အာဏာရှင်တို့၏ ဖိနှိပ်မှုကို တော်လှန်လိုသည့် လူမျိုးဘာသာမရွေးအား အမြဲကြိုဆိုနေမည်ဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)က ယနေ့ (ဖေဖော်ဝါရီ ၂၂ရက်)တွင် ပန်ကြားချက် ထုတ်ပြန်သည်။
လူမျိုးပေါင်းစုံ ပြည်သူလူထုအပေါင်းတို့အား ပန်ကြားချက်ကို SSPPက ထုတ်ပြန်ရာ ယခုကဲ့သို့ ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။
"ကျနော်တို့ ထုတ်ပြန်ရတဲ့ အကြောင်းကိစ္စက ယနေ့မှာ ကျနော်တို့ နိုင်ငံမှာ စကစမှာလည်း စုဆောင်းရေး ဥပဒေတွေ ပြဌာန်းတယ်။ ဟိုအဖွဲ့ထုတ်တယ် ဒီအဖွဲ့ထုတ်တယ်ပေါ့။ ကျနော်တို့မှာ ဟိုလို ဒီလို ထမ်းရမယ်ဆိုပြီး အဲဒီလိုမျိုး ထုတ်ပြန်တာမျိုး မလုပ်ဘူး။ ကျနော်တို့က တန်းတူရေး၊ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို လက်ခံတဲ့ တိုင်းရင်းပြည်သူတွေအားများလုံး အတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထုတ်ပြန်တာဖြစ်ပါတယ်။ အဓိက အဲဒီလိုပါပဲ။ ကျနော်တို့က လူမျိုးဘာသာပေါင်းစုံ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ထုတ်ပြန်ထားတာရှိပါတယ်"ဟု SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆုက ပြောသည်။
ယခု လက်ရှိအခြေအနေတွင် အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုများသည် စစ်အာဏာရှင် တို့၏ နည်းလမ်းပေါင်းစုံဖြင့် ပိုမိုဖိနှိပ်လာခြင်းကိုခံနေရသည့်သတင်းများ နေ့စဉ်နားမဆံ့အောင်ပင် ကြားသိနေရကြောင်း၊ ဖိနှိပ်မှုရှိလျင် တော်လှန်မှုရှိသည် ဆိုသည့် တော်လှန်ရေး၏ နိယာမ တရားအတိုင်း အဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူလူထုများ တော်လှန်သော လမ်းအသီးသီးကို ရှာကြံနေကြသည်ကိုလည်း ကြားသိနေရကြောင်း SSPPက ဆိုသည်။
ထို့ကြောင့် SSPP/SSAသည် တော်လှန်သော လမ်းစကို ရှာကြံနေကြသည့် ဘ၀တူ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုများအတွက် SSPP/SSA၏ ဦးတည်ချက် မူဝါဒနှင့် စည်းမျဉ်းစမ်းကမ်းတို့ကို လက်ခံယုံကြည်လိုက်နာမည်ဆိုပါက လူမျိုးဘာသာမရွေး အမြဲပင် လက်ခံကြိုဆိုနေမည်ဖြစ်ကြောင်း ပန်ကြားထားသည်။
SSPP/SSAသည် ရှမ်းပြည်လက်နက်ကိုင်တော်လှန်ရေး၏ တောင်းဆိုတိုက်တွန်းချက် အရ ရှမ်းပြည်လက်နက်ကိုင်တော်လှန်ရေးကို ဦးဆောင်၍ ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူလူထုအား အလုပ်အကျွေးပြုသွားနိုင်ရန် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူလူထု အတွင်းမှ ထွက်ပေါ်လာသည့် ပါတီအဖွဲ့အစည်းနှင့် တပ်မတော် ဖြစ်ကြောင်း ထုတ်ပြန်သည်။
ထို့ပြင် SSPP/SSA သည် လူမျိုးကြီး ဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒတို့ကို ဆန့်ကျင်ပြီး လူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေသွားနိုင်ရေးအတွက် အာဏာရှင်စနစ် ကျဆုံးရေး၊ တန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အ၀ အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာရေးတို့ကို အစဉ်တစိုက် ဦးတည်ပြီး ရှေရည် လက်နက်ကိုင် တော်လှန်တိုက်ပွဲဝင်ခဲ့သည့် အစဉ်အလာရှိသော ပါတီ အဖွဲ့အစည်းနှင့် တပ်မတော်ဖြစ်ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီက စစ်မှုမထမ်းမနေ့ ပြည်သူ့စစ်မှုထမ်းဥပေဒကို ဖေဖော်ဝါရီ ၁၀ရက်တွင် ပြဌာန်းလိုက်ပြီး ယင်းနောက်ပိုင်း၌ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)ကလည်း ရှမ်းပြည်အတွင်းနေထိုင်သူ အသက် ၁၈နှစ်မှ ၄၅နှစ်အကြားရှိသူအားလုံး စစ်မှုထမ်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ကာ မလိုက်နာပါက အရေးယူမည်ဖြစ်ကြောင်း ခြိမ်းခြောက်ထားသည်။

👍48❤9🤣1
(ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - SSPP Info)
❤25👍18🤣1
NUGနှင့် NMSP ကနဦးတွေ့ဆုံမှု နိုင်ငံရေး၊ စစ်ရေးအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရန် သဘောတူ
မောင်မောင်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မဟာမိတ်ဆက်ဆံရေးကော်မတီအဖွဲ့တာဝန်ခံ ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်
မွန်ပြည်သစ်ပါတီ(NMSP)-စစ်အာဏာရှင်တိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင်များဆွေးနွေးခဲ့ကြောင်း NUGက အသိပေးထုတ်ပြန်သည်။
စစ်ကောင်စီကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည့် NMSP (စစ်အာဏာရှင် တိုက်ဖျက်ရေး)၏ နိုင်ငံရေးစစ်ရေးကော်မတီအဖွဲ့ ခေါင်းဆောင် နိုင်ဇေယျ ဦးဆောင်သည့် အဖွဲ့ဝင်များနှင့် ဒေါ်ဇင်မာတို့သည် တော်လှန်ရေးလုပ်ငန်းစဉ်များအတွင်း လက်တွဲဆောင်ရွက်နိုင်ရေး အွန်လိုင်းမှ ကနဦးတွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဆွေးနွေးပွဲတွင် မွန်ပြည်သစ်ပါတီ(စစ် အာဏာရှင်တိုက်ဖျက်ရေး)မှ အဖွဲ့ခေါင်းဆောင် နိုင်ဇေယျ၊ ဒုခေါင်းဆောင် - ၁ နိုင်ဗညားလယ်၊ ဒုအဖွဲ့ခေါင်း ဆောင် ၂- ဗိုလ်ချုပ် လယိကောင်းနှင့် မဟာမိတ် ဆက်ဆံရေးတာဝန်ခံ နိုင်ဗညားမွန်တို့ တက်ရောက်ခဲ့ပြီး NUGဘက်က ဝန်ကြီးဒေါ်ဇင်မာအောင်နှင့် အဖွဲ့၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်ဟု ဖော်ပြထားသည်။
ထိုသို့ တွေ့ဆုံစဉ် စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်စနစ်များအပြီးတိုင် တိုက်ဖျက်နိုင်ရေးကိစ္စကို ဆွေးနွေးခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် ခိုင်မာသောမဟာ မိတ်အဖြစ် နိုင်ငံရေး၊ စစ်ရေး၊သံတမန်ရေး စသည့်ကဏ္ဍအားလုံးတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် သဘောတူခဲ့ကြောင်း ထုတ်ပြန်သည်။
မဟာမိတ်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအားလုံးအတွက် စဉ်ဆက်မပြတ် ဆွေးနွေးဆောင်ရွက် သွားကြရန်လည်း သဘောတူညီခဲ့ကြောင်း အသိပေးထားသည်။
NMSP စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့သည် စစ်ကောင်စီနှင့် နိုင်ငံရေးဆွေးနွေးအဖြေရှာရန် မဖြစ်နိုင်တော့ဟုဆိုကာ စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၄ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

👍56❤8👎1🤮1
NUGနှင့် NMSP မှ တာဝန်ရှိသူများ အွန်လိုင်းမှ တွေ့ဆုံဆွေးနွေးနေစဉ်။(ဓာတ်ပုံ - PVTV)
👍48❤9👏1🤮1
ဖားကန့်မြို့နယ်ပြည်သူများ၏ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်
သုည/People's Spring
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် မှော်လှည့်သပိတ်အင်အားစုနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ယနေ့ (ဖေဖော်ဝါရီ ၂၂) ချီတက်ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြပြည်သူများက "ဘယ်အာဏာရှင်စနစ်မှ အလိုမရှိ" ၊ "စစ်ခွေးထွက်ပြေး ၂၀၂၄ အောင်လံလွှင့်ထူ PDF မူ" ၊ "တော်လှန်မှာလား ကျွန်ခံမှာလား ကြိုက်တဲ့လမ်းကိုရွေး"၊ "လက်တွဲညီညီ ရှေ့သို့ချီ အဆုံးထိနွှဲဒို့အောင်ပွဲ"၊ "နိုင်ငံရေးကစားကွက်ကို ရိုက်ချိုးပြီး ငါတို့ပန်းတိုင် ငါတို့အရောက်လှမ်းမည် ကမ္ဘာမကြေဘူး" စသည့် စာသားများ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဓာတ်ပုံ - ပေးပို့

❤28👍13🥰2🔥1👏1
ရန်ကုန်၊ စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး (၂၂၂၂၂) လူထုသပိတ် လှုပ်ရှားမှုတွေ ပြုလုပ်
သုည/People's Spring
ရန်ကုန်၊ စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး (၂၂၂၂၂) လူထုသပိတ်လှုပ်ရှားမှုတွေ ဒီနေ့ (ဖေဖော်ဝါရီ ၂၂)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။
ရန်ကုန်မြို့ တစ်နေရာမှာ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-မြေပြင်)က ဦးဆောင်ပြီး (၂၂၂၂၂) လူထုလှုပ်ရှားမှု (၃)နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ "နိုင်ငံတော်တွင် သွေးစွန်းနေသည်" စာတန်းချိတ်ဆွဲကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာလည်း ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ်စစ်ကြောင်းက ဦးဆောင်၍ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ဆင်နွှဲခဲ့ပါတယ်။
ကလေးမြို့နယ်မှာလည်း သပိတ်အင်အားစုတွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းကာ (၂)ငါးလုံး လူထုသပိတ်လှုပ်ရှားမှု (၃)နှစ်ပြည့်အဖြစ် "လူထုအာဏာအသက်သွင်းကြ" စာသားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ဆန္ဒပြခဲ့ကြပါတယ်။
ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှာလည်း သပိတ်ဦးဆောင်သူတို့က တော်လှန်ရုပ်ရှင်ပြသပွဲ ပြုလုပ်ခဲ့ပြီး မြို့နယ် ပ.က.ဖ နဲ့ ရပ်ကျေး ပ.က.ဖတို့မှ ပြည်သူလူထုအား တော်လှန်ရေးသပိတ်တရားတွေ ဟောပြောခဲ့ကြပါတယ်။
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း သပိတ်အင်အားစုတွေနဲ့ ပြည်သူတွေ ပူးပေါင်းကာ "အဆုံးသတ်အောင်ပွဲဆီ လူထုလှိုင်းတွေနဲ့ တက်စုံဖွင့် ရွက်ကုန်လွှင့်ချီ" စာသားကိုင်စွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုဟစ်ကြွေးသံတွေနဲ့ ချီတက်ခဲ့ကြပါတယ်။
ဧရာဝတီိတိုင်း ကြံခင်းမြို့နယ်မှာလည်း စကြဝတေးမင်းကြီး သပိတ်အဖွဲ့ဝင်တွေက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် "စစ်ကျွန်ပြုမဲ့ စစ်မှုထမ်းဥပဒေကို တာဝန်အရငြင်းပယ်ကြ"စာတန်း (ဗီနိုင်း)အား ကိုင်ဆောင် ကာ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ စကြဝတြေးမင်းကြီးသပိတ်၊ ဗကသများအဖွဲ့ချုပ်

👍34❤12🥰2🔥1
▪︎ဆောင်းပါး
ရှမ်းမြောက်အပစ်ရပ်ချိန် အညာကိုဖိနေတဲ့စစ်ကောင်စီ
-အောင်ဇေယျ/People's Spring
ဆိုင်ကယ်နှင့် ထော်လာဂျီများပေါ်တွင် အထုပ်အပိုးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်များတင်ဆောင်ပြီး အရှိန်ပြင်းစွာဖြင့် မောင်းနှင်နေကြသည်။ တချို့ဆိုင်ကယ်ပေါ်တွင် အဘွားအိုများပါရှိပြီး အဆိုပါအဘွားအိုက အသာအယာထိုင်၍ လိုက်ပါခြင်းမဟုတ်။ အထုပ်ကြီးတစ်ထုပ် ကိုင်ဆောင်ထားရသည်။
ထော်လာဂျီများပေါ်တွင်လည်း ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊အရေးကြီး အထုပ်အပိုးများဖြင့် ပြည့်နှက်စွာတင်ဆောင်ပြီး မောင်းနှင်နေကြပါသည်။
၎င်းတို့မောင်းနှင်နေသည်မှာ နေအိမ်အမြန်ရောက်ရန် အရှိန်ဖြင့်မောင်းနှင်နေခြင်းမဟုတ်။ အညာဒေသတွင် လူသတ်၊မီးရှို့ ၊အကြမ်းဖက်နေသည့် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာ၍ ဘေးလွတ်ရာထွက်ပြေးနေကြရခြင်း ဖြစ်ပါသည်။
ဖေဖော်ဝါရီ ၅ ရက် နံနက်က စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်သို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး သဲကုန်းကြီးကျေးရွာအား မီးရှို့ဖျက်ဆီးသောကြောင့်အနီးအနားရှိ ကျေးရွာ ၁၇ရွာကျော်မှ ဒေသခံပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြသည့် မြင်ကွင်းဖြစ်ပါသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တိုက်ပွဲများ
တွင် အရှုံးကြီး ရှုံးနိမ့်နေသည့် အာဏာသိမ်းစစ်တပ်က မြေပြန့်အညာဒေသ၌ ဒေသကာကွယ်ရေးတပ်များကိုသာမက ပြည်သူများကိုပါ အကြမ်းဖက်သတ်ဖြတ်မှုများ ပိုမို ပြုလုပ်လာနေခြင်းဖြစ်သည်။
အထူးသဖြင့် ရှမ်းမြောက်၌ ၁၀၂၇ စစ်ဆင်ရေးမှာ တရုတ်နိုင်ငံ၏ ကြားဝင်မှုနှင့်အတူ ဟိုက်ဂင်သဘောတူညီချက်ဖြင့် ညီနောင်မဟာမိတ် သုံးဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ အပစ်အခတ်ရပ်စဲခဲ့သည့် ဇန်နဝါရီ ၁၁ ရက် နောက်ပိုင်းတို့တွင် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းတို့ရှိ ဒေသအချို့ကို စစ်ကောင်တပ်က စစ်ကြောင်းထိုးကာ အကြမ်းဖက်မှုများပိုမိုပြုလုပ်လာသည်။ People's Spring စုဆောင်ထားသော အချက်အလက်များအရ စစ်ကောင်စီတပ်က စစ်ကိုင်း၊မန္တလေး၊မကွေးတိုင်းတို့မှ ပြည်သူ ၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပါသည်။
စစ်ကောင်စီတပ်က နေရာစုံတွင် ရှုံးပွဲဆက်ကာ စိတ်ဓါတ်ကျဆင်းနေသောစစ်တပ်နှင့်စစ်တပ်ထောက်ခံသူများ၏ စိတ်ဓါတ်ကို ပြန်မြှင့်နိုင်ရန် ၊NUG ၏ PDF များသိမ်းပိုက်ထားသောမြို့များကို ပြန်သိမ်းပြီးတော်လှန်ရေးအင်အားစုများ၏ စိတ်ဓါတ်ကို ဖြိုခွင်းရန် စစ်ကောင်စီက ကြံစည်ခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသူများကသုံးသပ်သည်။
▪︎မန္တလေးတိုင်း
ယခုလပိုင်းအတွင်း စစ်ကောင်စီတပ်အကြမ်းဖက်သတ်ဖြတ်မှု အများဆုံးခံရသောဒေသမှာ မန္တလေးတိုင်း မတ္တရာမြို့နယ် ဖြစ်သည်။ဇန်နဝါရီ ၉ ရက်မှ ၂၈ ရက်အတွင်း စစ်ကြောင်းထိုးရင်း အလည်ကျေးရွာ၊ မှော်နီကုန်းကျေးရွာနှင့် ဆင်ကုန်းကျေးရွာတို့ရှိ ဒေသခံပြည်သူ သုံးဦးကိုလည်း သတ်ဖြတ်သွားသည်။ စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အဘွားအိုတစ်ဦးလည်း လက်နက်ကြီးဆန်ထိမှန်ကာ သေဆုံးခဲ့သည်။ထို့အပြင် ကျေးရွာ၅ ရွာထက်မနည်းကိုလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
စစ်ကောင်စီကို ခုခံတော်လှန်မှုအားကောင်းသော
မတ္တရာမြို့နယ်မှာ ၂၀၂၃ နိုဝင်ဘာလမှ ၂၀၂၄ ဇန်နဝါရီလကုန်ပိုင်းအထိ့ ပြည်သူ ၄၀ ကျော်သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။
"စကစကလည်း အင်အားအလုံးအရင်းနဲ့ကို နယ်မြေရှင်းလင်းရေးပုံစံမျိုး လုပ်နေတာမျိုးရှိတယ်။ ခုနောက်ပိုင်း တော်လှန်ရေးအရှိန်အားကောင်းလာတာနဲ့အမျှ ကျွန်တော်တို့ဘက်ကလည်း စစ်ရေးဖော်ဆောင်လာနိုင်တာတွေရှိတယ်။" မတ္တရာ(ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အလားတူ စစ်ကောင်စီအား တော်လှန်မှုအားကောင်းသော မြင်းခြံမြို့နယ်တွင်လည်း အာဏာသိမ်းစစ်တပ်က ဇန်နဝါရီလကုန်ပိုင်း၌ ၂ ရက်အတွင်း ဒေသခံပြည်သူ ၉ ဦးအား သတ်ဖြတ်ခဲ့သည်။ ဇန်နဝါရီလ ၂၇ ရက် နံနက်ပိုင်းက မြင်းခြံမြို့နယ်၊ မကျီးသမျှားရွာသွားသည့်လမ်းတွင် စစ်ကောင်စီတပ်က အသက်(၂၀)မှ (၂၅)နှစ်အတွင်း
လူငယ်အမျိုးသား ၅ဦးအား သတ်ဖြတ်ကာ ရုပ်အလောင်းများအား စွန့်ပစ်ခဲ့သေးသည်။ တောင်သာမြို့နယ်မှ လေးဦးနှင့် မြင်းခြံမြို့ပေါ်မှ တစ်ဦးပါဝင်သည်။
"ကလေးတွေက မိန်းမသွားခိုးတယ်လည်းပြောတယ်။ KTVကပြန်လာတာလို့လည်းကြားတယ်။ အတိအကျတော့မသိရဘူး။"ဟု ဒေသခံတစ်ဦးက ဆိုသည်။
နောက်တနေ့ ဇန်နဝါရီ ၂၈ ရက် ည ၁၀ နာရီကျော်ခန့်က မြင်းခြံမြို့နယ်၊ တူးရွင်းဘို့ကျေးရွာနေ အသက်၆၀နှစ်အရွယ် ဒေါ်ညွှန့်မေ၊ ၄၃ နှစ်အရွယ် ဒေါ်ခင်ဆွေဝင်း၊ အသက် ၂၈ နှစ်အရွယ် မဇင်မာတင့်၊ အသက်၂၅ နှစ်အရွယ် မအိမေဂျာတို့အား စစ်ကောင်စီတပ်နှင့်ပျူများက ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့သည်။ နောက်တနေ့ နံနက်တွင်မူ ထိုအမျိုးသမီး ၄ ဦး၏ ရုပ်အလောင်းများအား မြင်းခြံ-မန္တလေးလမ်းမပေါ် ဓူဝံကျေးရွာအဝင်လမ်းတွင် စွန့်ပစ်ထားခဲ့သည်။
"၄ ယောက်လုံး ထပ်ရပ်ကလေးတွေ သေဆုံးနေတာကို တွေ့ခဲ့ရတယ်။ အဓိကကတော့ ပျူတွေပေါ့ဗျာ။ ရွာခံပါတယ်။ သူတို့နဲ့သွားခေါ်တယ်။ ခေါ်တဲ့အချိန်မှာ ဒီတိုင်းပဲခေါ်သွားတယ်ထင်တာ။ စစ်လားမေးလားလို့ ထင်ကြတာ။ ဒါပေမယ့် သိပ်မကြာဘူး သေနတ်သံကြားလိုက်ရတယ်ပြောတယ်။ နောက်ရက်မနက်မှာ လမ်းဘေးမှာ အလောင်းလေးလောင်းတွေ့တယ်။"ဟု မြင်းခြံ(ပကဖ)အဖွဲ့ တာဝန်ရှိသူက ပြောသည်။

👍24🤬13👎1😢1