(တိုက်ပွဲဖြစ်ပွားရာနေရာ၌ ကျန်ခဲ့သော စစ်အုပ်စု၏ ပစ္စည်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-Danger Force LPDF)
👍33👏7🔥1🥰1
“ညနေခင်းသတင်းလွှာ”
ဒီနေ့ (ဖေဖော်ဝါရီ ၂၂ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။
◾️လွိုင်ကော်မြို့ရပ်ကွက်များအတွင်း စစ်ကောင်စီ မီးလောင်ဗုံးကြဲ
ကရင်နီပြည်နယ် လွိုင်ကော်မြို့ရပ်ကွက်များအတွင်း စစ်ကောင်စီက မီးလောင်ဗုံးများကြဲချ တိုက်ခိုက်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က အသိပေးထုတ်ပြန်ပါတယ်။ မနေ့ မနက်ပိုင်းကစလို့ စစ်ကောင်စီက ဒရုန်းဖြင့် မီးလောင်ဗုံးကြဲချခြင်း၊ အဝေးပစ်မီးလောင်ဗုံးများပစ်ခတ်ခဲ့တာကြောင့် လူထုနေအိမ်များ မီးလောင်ကျွမ်းခဲ့ရတယ်လို့ ဖော်ပြပါတယ်။ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ မီးလောင်ဗုံးများ တစ်ဖက်သတ် ပစ်ခတ်ခဲ့သောကြောင့် ရွှေတောင်၊ မင်္ဂလာ၊ ပိုးဇာခြံစတဲ့ ရပ်ကွက်များအတွင်း နေရာငါးခု တိုက်ခိုက်ခဲ့လို့ လူနေအိမ်များ မီးလောင်ခဲ့ကြောင်း အသိပေးပါတယ်။ စစ်ကောင်စီမှ နေ့စဥ် လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်း၊ လေကြောင်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကို နေ့စဥ်ပြုလုပ်နေခြင်းကြောင့် မြို့တွင်းမှာ ပြည်သူများနေထိုင်သွားလာဖို့ မသင့်ဘူးလို့ သတိပေးထားပါတယ်။
◾️စစ်ကျွန်ပြုဥပဒေကို ဆန့်ကျင်ကြဖို့ NUG ကာကွယ်ရေးဝန်ကြီး တိုက်တွန်း
စစ်ကောင်စီက ထုတ်ပြန်လိုက်တဲ့ စစ်ကျွန်ပြုဥပဒေကို ငြင်းပယ်ကြဖို့၊ အဲဒီဥပဒေကြောင့် အကျပ်အတည်း ကြုံလာပါက လွတ်မြောက်နယ်မြေ တစ်ခုခုကို ထွက်ခဲ့ဖို့နဲ့ ဖြစ်နိုင်သမျှ တော်လှန်ရေးအတွက် အလုပ်အကျွေးပြုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကျွန်ပြုဥပဒေလို့ သုံးနှုန်းကာ ပြည်သူလူထုကို NUG ကာကွယ်ရေးဝန််ကြီးက တိုက်တွန်းလိုက်တာပါ။ နိုင်ငံ့တာဝန်ထမ်းဖို့ ၊ တော်လှန်ရေးအကျိုးပြုဖို့ ကျွမ်းကျင်ရာ လိမ္မာကြမယ့်သူတွေ အမြောက်အမြား လိုပါတယ်လို့ ကာကွယ်ရေးဝန်ကြီိးက ဆိုပါတယ်။ လက်ရှိအချိန် လူထုတော်လှန်ရေးရဲ့ အားသာချက်မှာ နိုင်ငံတနံတလျား လွတ်မြောက်နယ်မြေ အမြောက်အမြား ပေါ်ပေါက်နေတာဖြစ်တယ်လို့လည်း ဝန်ကြီးက ဆက်ပြောပါတယ်။
◾️လူငယ်များ စစ်နွံထဲ ဆွဲထည့်လာတဲ့ စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ အစီအစဉ်မှ ရုန်းထွက်ဆန့်ကျင်ဖို့ KNU အတွင်းရေးမှူး (၂)တိုက်တွန်း
တရားမဝင်တဲ့ ဥပဒေများ အတင်းအဓမ္မ ထုတ်ပြန်ပြီး ပြည်သူများဒုက္ခရောက်အောင်၊ လူငယ်များကို စစ်ကျွန်၊ စစ်နွံထဲ ဆွဲသွင်းလာတဲ့ အစီအစဉ်မှ ရုန်းထကြရမှာဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)အထွေထွေအတွင်းရေးမှူး(၂)ပဒိုစောလှထွန်းက တိုက်တွန်းလိုက်ပါတယ်။ စစ်ကောင်စီကို ဆန့်ကျင် တွန်းလှန်တိုက်ပွဲဝင်ကြဖို့လည်း ပြောပါတယ်။ ဆိုးသွမ်း၊ ညစ်ပတ်စုပ်ပဲ့ပြီး အရိုင်းအစိုင်းဖြစ်နေတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်မှုထမ်းတစ်ယောက် သွားလုပ်မည်ဆိုပါက စစ်ကောင်စီ၊ စစ်အာဏာရှင်ရဲ့ သက်ဆိုးရှည်မှုကို ပံ့ပိုးကူညီရာ ရောက်စေမယ်လို့ KNU တာဝန်ရှိသူက ပြောပါတယ်။
◾️ထားဝယ်-ထီးခီးလမ်းမှာ စစ်ကောင်စီတပ်ထောက်ပို့ယာဉ်တန်း တိုက်ခိုက်ခံရ၊ စစ်သား ၂၀ ဦးခန့် သေဆုံး
တနင်္သာရီတိုင်း၊ ထားဝယ်-ထီးခီးလမ်းမျာ စစ်ကောင်စီထောက်ပို့ယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့ များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ပြောပါတယ်။ စစ်ကောင်စီ ယာဥ်တန်းမှာ ကား ၁၇ စီး၊ အင်အား ၃၀၀ခန့်ပါဝင်ပြီး ထားဝယ်-ထီးခီးလမ်းပိုင်းမှ ဝကုန်းရွာနဲ့ ကျောက်မဲတောင်ရွာကြားမှာ မနေ့က တနေကုန် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ကား ၆ စီး ပျက်စီးကာ သေဆုံးသူ ၂၀ဦးထက်မနည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
◾️မင်းပြားမြို့နယ်တိုက်ပွဲ ငါးရက်အတွင်း စစ်ကောင်စီတပ်စွဲရာ စခန်းနေရာ ၄ခုကို AA သိမ်းပိုက်
ရက္ခိုင်ပြည်နယ် မင်းပြားမြို့နယ် ကမ်းနီရွာအနီးရှိ စစ်ကောင်စီရဲ့ အမှတ်(၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင်လျက်ရှိရာ စစ်ကောင်စီ ကာကင်းစခန်း ၃ခုနဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ ၁ ခုတို့ကို သိမ်းယူနိုင်ပြီးဖြစ်တယ်လို့ ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ပါတယ်။ အဲဒီ တိုင်းဗဟို(၉) နေရာကို AAက ဖေဖော်ဝါရီ ၁၇ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ရာတိုက်ပွဲ ၅ရက်မြောက်နေ့ ၂၁ရက်အထိ စစ်ရေးရလဒ်ကို အသိပေးထုတ်ပြန်လာတာပါ။ ဒါ့အပြင် ရက္ခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့များရှိ လက်နက်ချအညံ့မခံတဲ့ စစ်ကောင်စီရဲ့ စစ်စခန်း၊ ဗျူဟာ၊ တပ်ရင်း၊ တပ်မဌာနချုပ်များကိုလည်း AA က ဗျူဟာမြောက်တိုက်ပွဲများကို ဆက်လက်ဆင်နွှဲနေတယ်လို့ အသိပေးပါတယ်။
◾️မုန်းနဲ့ ရွှေကျင်မှာ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး ထပ်မံသေဆုံး

👍33🤮2👎1
ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်က်ကြီး တိုက်ခိုက်မှုများကြောင့် အရပ်သား ပြည်သူများထပ်မံ သေဆုံးထိခိုက်မှု ထပ်မံ ဖြစ်ခဲ့ရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၁၇ရက်မှ ၂၁ရက်အထိ KNU ညောင်လေးပင်ခရိုင် ဆောထိ(ရွှေကျင်)နဲ့ မူး(မုန်း)မြို့နယ်များအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှု၊ အိုးအိမ် ပျက်စီးမှု အခြေအနေကို အသိပေးလာတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်များက ပြည်သူလူထုကို ပစ်မှတ်ထားပြီး ကျူးလွန်ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုများနဲ့ လက်နက်ကြီး ပစ်ခတ်ခိုက်တိုက်ခိုက်မှုများကြောင့် ပြည်သူ တစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
◾️ပုလဲမြို့နယ် ရှင်ပြုအလှူပွဲ စစ်တပ်က ဝင်ရောက်ပစ်ခတ်လို့ အလှူပွဲပျက်
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကြောင်သန်းကျေးရွာမှာ ရှင်ပြုနားသအလှူပွဲပြုလုပ်နေစဥ် စစ်ကောင်စီတပ် ဝင်ရောက်ပစ်ခတ်လို့ အလှူပွဲ ပျက်ခဲ့ရတယ်လို့ ဒေသခံများက ပြောပါတယ်။ မနေ့ မနက်ပိုင်းက ပုလဲမြို့နယ်၊ ကြောင်သန်းကျေးရွာမှာ ရှင်ပြုနားသ အလှူမင်္ဂလာပွဲတစ်ခု ပြုလုပ်နေခဲ့ရာ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ အလှူပွဲ ရုတ်ရုတ်သဲသဲဖြစ်ကာ ရှင်လောင်းဆံချ၊ ရေစက်ချတရားနာမှုများပင် မပြုလုပ်ရဘဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အလှူမင်္ဂလာပွဲ ပျက်စီးသွားခဲ့ရတယ်လို့ ဒေသခံများက ပြောပါတယ်။

👍42🤬5🔥1😢1😡1
၂၀၂၅နှစ်သစ်တွင် လူထုဆန္ဒ အခြေခံသည့် လူထုအုပ်ချုပ်မှုအစိုးရ ပေါ်ပေါက်လာရန် ကြိုးပမ်းမည်ဟု PSLF/TNLA ထုတ်ပြန်
▪️ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံကို အားလုံးစုပေါင်း ရုန်းကန်တည်ဆောက်ရန် အချိန်အခါသင့်နေပြီဟုပြော
ထားမြတ်/People’s Spring
၂၀၂၅ နှစ်သစ်တွင် လူထုဆန္ဒ အခြေခံသည့် လူထုအုပ်ချုပ်မှုအစိုးရ ပေါ်ပေါက်လာရန် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) က ထုတ်ပြန်သည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)၏ နှစ်ပတ်လည် အစည်းအဝေးကို ဖေဖော်ဝါရီ ၁၇ရက်မှ ၂၁ရက်အထိ ကျင်းပခဲ့ရာ အစည်းအဝေးအပြီး ကြေညာချက်၌ ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးက ၁၀၂၇ စစ်ဆင်ရေးတွင် ထိန်းသိမ်းရရှိခဲ့သည့် မြို့ ၇မြို့ အပါအဝင် TNLAအခြေစိုက်ထားသည့် နယ်မြေဒေသများကို လုံခြုံရေး တရားဥပဒေ စိုးမိုးရေး ပညာရေး၊ ကျန်းမာရေးနှင့် လူမှု ဘ၀ ဖွံ့ဖြိုးရေးကိစ္စရပ်များကို ပိုမို တိုးတက်ကောင်းမွန်လာစေရန် ဦးဆောင်စီမံ အုပ်ချုပ်သွားမည်ဖြစ်ပြီး ၂၀၂၅ နှစ်သစ်တွင် လူထုဆန္ဒ အခြေခံသည့် လူထုအုပ်ချုပ်မှု အစိုးရ ပေါ်ပေါက်လာရန် ကြိုးပမ်းဆောင်ရွက်မည်ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ၂၀၂၅ နှစ်သစ်တွင် လူထုအုပ်ချုပ်မှု အစိုးရ ပေါ်ပေါက်လာရန် ကြိုးပမ်းမည်ဆိုခြင်းမှာ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာကို ရည်ရွယ်ခြင်းလား သို့မဟုတ် တအာင်းဒေသ ကို ရည်ရွယ်ခြင်းလား ဆိုသည်ကို TNLA သတင်းပြန်ကြားရေး အရာရှိနှင့် ထိပ်ပိုင်းခေါင်းဆောင် အချို့အား ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
TNLAသည် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ တပ်စခန်း ၈၀ ကျော်နှင့် နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းလုံ၊ မိုင်းငေါ့ မြို့များကို သိမ်းပိုက်ထားပြီး ယခုနှစ် ဇန်နဝါရီ ၁၁ရက်တွင် တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် အပစ်ရပ်စဲခဲ့သည်။
နှစ်ပတ်လည် အစည်းအဝေးတွင် စစ်အာဏာရှင် စနစ်ဆိုးမှ လွတ်မြောက်ရန် ကြိုးပမ်းနေသည့် လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေများကို သုံးသပ်ခြင်း၊ မြောက်ပိုင်း မဟာမိတ် ၃ဖွဲ့ စတင်ဖော်ဆောင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကို သုံးသပ်ခြင်း၊ အဖွဲ့အစည်း၏ တစ်နှစ်တာ လုပ်ငန်းများ သုံးသပ်ခြင်း နှင့် အဖွဲ့၏ လုပ်ငန်းဌာနများအား အားဖြည့် ပြင်ဆင်ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု အသိပေးသည်။
မြောက်ပိုင်း မဟာမိတ် ၃ဖွဲ့မှ အခြေအနေ ဖိအားပေါင်းစုံကြောင့် အပစ်ရပ်စဲခဲ့သော်လည်း ဒေသတွင်း ပြည်သူလူထုများ စစ်ပွဲ၏ နောက်ဆက်တွဲ ဆိုးကျိုးများကို ဆက်တိုက်ခံစားနေရကြောင်း၊ တိုက်ပွဲများမှာလည်း မြန်မာနိုင်ငံ အနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိကြောင်း TNLAက ထုတ်ပြန်သည်။
မြန်မာပြည်သူလူထု တစ်ရပ်လုံး စစ်အာဏာရှင်စနစ်ဆိုးမှ လွတ်မြောက်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံကို အားလုံးစုပေါင်း ရုန်းကန် တည်ဆောက်ရန် အချိန်အခါသင့်နေပြီဖြစ်သည်ဟုလည်း အစည်းအဝေးက ရှုမြင်သုံးသပ်ခဲ့သည်ဟု အသိပေးသည်။
တအာင်းဒေသတွင်းရှိ အခြားလူမျိုး အဖွဲ့အစည်းများနှ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း၊ အခွန်ကောက်ခံခြင်း၊ လူထုစီမံအုပ်ချုပ်ရေး လုပ်ငန်းများကို ဝင်ရောက်စွက်ဖက်နှောက်ယှက်ခြင်းများ မပြုနိုင်အောင် တအာင်းဒေသရှိ လူမျိုးစုံ ပြည်သူများနှင့်အတူ လက်တွဲ ကာကွယ်ပြီး ပြည်သူလူထုများ၏ နိုင်ငံရေးရည်မှန်းချက် ပန်းတိုင် အမြန်ဆုံး အောင်မြင်ရောက်ရှိစေရန် ဦးဆောင်သွားမည်ဖြစ်ကြောင်းလည်း PSLF/TNLAက ထုတ်ပြန်ခဲ့သည်။
TNLAလှုပ်ရှားရာ နယ်မြေဒေသများ၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) တပ်များအပြင် ညီနောင်မဟာမိတ် သုံးဖွဲ့၌ ပါဝင်သည့် ကိုးကန့်တပ်မတော်(MNDAA)လည်း လှုပ်ရှားမှုရှိသည်။
ပြီးခဲ့သည့် လပိုင်းများအတွင်း နယ်မြေအတွင်း သွားလာလှုပ်ရှားမှု ၊ ဂိတ်ချထားမှုနှင့်ပတ်သက်ပြီး TNLAနှင့် SSPP အကြားသော်လည်းကောင်း၊ TNLAနှင့် KIA အကြားသော်လည်းကောင်း ပြဿနာ အချို့ရှိခဲ့ပြီး SSPP တပ်နှင့်အပြန်အလှန် ပစ်ခတ်ကာ သေဆုံးထိခိုက်မှုများ ဖြစ်ပေါ်သည်အထိ ပြဿနာဖြစ်ခဲ့သည်။
အဆိုပါ အဖွဲ့အစည်းများသည် ယခင်က မဟာမိတ်များအဖြစ် စစ်ရေးအတူတကွ လှုပ်ရှားဖူးသည့် အဖွဲ့အစည်းများလည်းဖြစ်သည်။
KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လကမှု လက်ရှိ တော်လှန်ရေးကာလအတွင်း နယ်မြေ တစ်ခုတည်း၌ တိုင်းရင်းသားတပ်များ လှုပ်ရှားရာမှ ဖြစ်ပေါ်လာသည့် ပြဿနာများကို စစ်ရေးအရ ဖြေရှင်းရန် ဆန္ဒမရှိဘဲ ဆွေးနွေးညှိနှိုင်းသည့်နည်းဖြင့်ဖြေရှင်းရန်သာ ဆန္ဒရှိကြောင်း အသိပေးပြောကြားထားသည်။

❤32👍23🔥1👏1
(တအာင်းတပ်မတော်(PSLF/TNLA) ထိပ်ပိုင်းခေါင်းဆောင်များ နမ့်ဆန်မြို့နယ် ကုန်းသာရွာသို့ သွားရောက်တွေ့ဆုံခဲ့ပြီး ကျေးရွာများနှင့် စစ်ဘေးသင့် ပြည်သူများအား တွေ့ဆုံနေစဥ်။ ဓာတ်ပုံ - news & information department)
❤29👍12🔥2
ရွှေဘို - စဉ့်ကူးလမ်းပိုင်းရှိ စစ်ဆေးရေးဂိတ် ပါဆယ်မိုင်းဖြင့် တိုက်ခိုက်ခံရ
အင်ကြင်း/People's Spring
မန္တလေးတိုင်း၊ ရွှေဘို-စဥ့်ကူးလမ်းပိုင်းရှိ စစ်ဆေးရေးဂိတ် ပါဆယ်မိုင်းဖြင့် တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။
ယနေ့ (ဖေဖော်ဝါရီ ၂၂ ရက်)နံနက် ၈ နာရီခန့်က စဥ့်ကူးမြို့နယ်၊ ရွှေဘို-ကျောက်မြောင်း-စဥ့်ကူးလမ်းပေါ်ရှိ သီလကျေးရွာထိပ်တွင် ဂိတ်ကြေးကောက်နေသော စစ်ကောင်စီတပ်အား ပါဆယ် မိုင်းဖြင့် တိုက်ခိုက်ရာ တစ်ဦးသေဆုံးပြီး လေးဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့-စဥ့်ကူးက သတင်းထုတ်ပြန်သည်။
တိုက်ခိုက်မှုကြောင့် စဉ့်ကူးမြို့နယ်၌ တာဝန်ကျနေသော ရဲ မြင့်လွင်ဆိုသူ သေဆုံးကြောင်း ကင်းထောက်မြေပြင်သတင်းအဖွဲ့က ပြောသည်။
"တံတားဘက် အသွားဖြစ်တာနေမယ်။ အဲ့ရွာက စဥ့်ကူးမြောက်ဘက်မှာရှိတယ်။ စဥ့်ကူးအမှတ်(၁)ရပ်ကွက်ထဲမှာ စာရင်းပါတယ်။"ဟု
ကင်းထောက်မြေပြင်သတင်းအဖွဲ့ဝင်တစ်ဦးက ပြောသည်။
သို့သော် ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ ဖြစ်စဥ်နှင့်ပတ်သက်၍ စဥ့်ကူး(ပကဖ)အဖွဲ့ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
စဥ့်ကူးမြို့နယ်သည် မန္တလေးတိုင်းအတွင်း တော်လှန်ရေးအင်အားကောင်းသောဒေသတစ်ခုဖြစ်ပြီး တိုင်းအတွင်းရှိ မတ္တရာ၊ သပိတ်ကျင်း၊ မိုးကုတ်မြို့နယ်များ၊ စစ်ကိုင်းတိုင်းရှိ ဝက်လက်၊ရွှေဘိုမြို့နယ်များနှင့် စစ်ရေးအရ ဆက်စပ်မှုရှိသည်။

👍49👏2🔥1