People's Spring
62.9K subscribers
66.3K photos
1.17K videos
7 files
2.88K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
လှိုင်သာယာမြို့နယ်ရှိ စစ်ကောင်စီနှင့်ဆက်နွယ်နေသည့် တရုတ်စားသောက်ဆိုင်ကို မိုင်းခွဲတိုက်ခိုက်

သုည/People's Spring

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ စစ်ကောင်စီနှင့်ဆက်နွယ်နေသည့် Xi Yan တရုတ်စားသောက်ဆိုင်ကို ယမန်နေ့ညတွင် မြို့ပြ‌ပြောက်ကျားတပ်ဖွဲ့ဝင်များက အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့က အသိပေးထုတ်ပြန်သည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၂၁) ည ၈ နာရီ ၅၀မိနစ်တွင် လှိုင်သာယာမြို့နယ် အရှေ့ပိုင်း၊ တပင်ရွှေထီးလမ်း ရွှေညောင်ပင်မှတ်တိုင်အနီးရှိ Xi Yan တရုတ်စားသောက်ဆိုင်ကို Dark Shadow တပ်ဖွဲ့နှင့် မဟာမိတ် GODအဖွဲ့တို့ ပူးပေါင်း၍ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ယင်းစားသောက်ဆိုင်သည် စစ်ကောင်စီဝင်များ စုစည်းရာ နေရာဖြစ်ပြီး ရပ်ကွက်အတွင်းရှိ ပျူစောထီးများနှင့် ပူးပေါင်း၍ တော်လှန်ရေးရဲဘော်များ သတင်းကို စုဆောင်းခြင်း၊ စစ်ကောင်စီကို ဆက်ကြေးပေး ထောက်ပံ့​ခြင်း၊ စစ်ကောင်စီ၏ မတရားထုတ်ပြန်ထားသည့် စစ်မှုထမ်း အမိန့်ကို အသက်သွင်းပုံပေါ်စေရန် ရပ်ကွက်အတွင်းရှိ လူငယ်များကို စောင့်ကြည့်၍ သတင်းပေးခြင်း ဖြစ်သည့်အတွက် ပစ်မှတ်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း Dark Shadow အဖွဲ့က ဆိုသည်။

"ညက ၉ နာရီလောက်က ပေါက်ကွဲသံ တစ်ချက်ကြားလိုက်ရတယ်။ စက်မှုဇုန်ဘက်မှာလည်း အဲ့အချိန်က မီးလောင်နေတာဆိုတော့ အဲ့ဘက်က ပေါက်ကွဲမှု ဖြစ်တာလို့ ထင်နေတာ နောက်မှ တရုတ်ဆိုင်ဘက်က ဗုံးပေါက်တာလို့ သိရတယ်။ အဲ့ဆိုင်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ရဲတွေ မကြာခဏ သွားလေ့ရှိတဲ့ ဆိုင်ပါ"ဟု လှိုင်သာယာမြို့နယ်​နေ ပြ​ည်သူတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီနှင့် ပူးပေါင်းပြီး ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များကို အန္တရာယ်ပေးသည့် မည်သူမဆို အဆုံးထိ ဆက်လက် ချေမှုန်းတိုက်ခိုက်သွားမည် ဖြစ်ကြောင်းလည်း Dark Shadow အဖွဲ့က အသိပေးကြေညာခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်ကလည်း လှိုင်သာယာအနောက်ပိုင်းမြို့နယ်ရှိ (၁၂)ရပ်ကွက်ရုံးနှင့် (၉)ရပ်ကွက်ရုံး အနီးတို့တွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲခဲ့သည်။
👏40👍204🔥1
👍33🔥3
လွိုင်ကော်မြို့ရပ်ကွက်များအတွင်း စစ်ကောင်စီက မီးလောင်ဗုံးကြဲ

ရဲခေါင်/People's Spring

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရပ်ကွက်များအတွင်း စစ်ကောင်စီက မီးလောင်ဗုံးများကြဲချ တိုက်ခိုက်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က အသိပေးထုတ်ပြန်သည်။

ယမန်နေ့(ဖေဖော်ဝါရီ ၂၁ ရက်) နံနက်ပိုင်းကစ၍ စစ်ကောင်စီက ဒရုန်းဖြင့် မီးလောင်ဗုံးကြဲချခြင်း၊ အဝေးပစ်မီးလောင်ဗုံးများပစ်ခတ်ခဲ့၍ လူထုနေအိမ်များ မီးလောင်ကျွမ်းခဲ့ရသည်ဟု ဆိုသည်။

နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ မီးလောင်ဗုံးများအား တစ်ဖက်သတ် ပစ်ခတ်ခဲ့သောကြောင့် ရွှေတောင် ၊ မင်္ဂလာ ၊ ပိုးဇာခြံစသည့် ရပ်ကွက်များအတွင်း နေရာငါးခု၌ တိုက်ခိုက်ခဲ့၍ လူနေအိမ်များ မီးလောင်ခဲ့ကြောင်း အသိပေးသည်။

"ဒီနေ့လည်း နောင်ယားဘက်မှာ မီးလောင်နေတယ်။ မနေ့ကတော့ ပိုဆိုးတယ်။လွိုင်ကော်မြို့ကိုအကြောင်းမဲ့ ဖျက်ဆီးနေတဲ့ စစ်ကောင်စီ အမြန်ကျရှုံးပါစေ"ဟု လွိုင်ကော်ဒေသခံတစ်ဦးက ပြောသည်။

လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ စဥ်ဆက်မပြတ်ရှိနေကြောင်း KNDFက ဆိုသည်။

စစ်ကောင်စီမှ နေ့စဥ် လက်နက်ကြီးပစ်ခတ်ခြင်း ၊ ဒရုန်း ၊ လေကြောင်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကို နေ့စဥ်ပြုလုပ်နေခြင်းကြောင့် မြို့တွင်း၌ ပြည်သူများနေထိုင်သွားလာရန် မသင့်သောအခြေအနေဟု သတိပေးသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် နေအိမ်ပြန်ခြင်းများမပြုလုပ်ရန် ၊ သက်ဆိုင်ရာတာဝန်ရှိသူများထံမှ မှန်ကန်သည့် သတင်းအချက်လက်များကို ရယူရန် ၊ပစ္စည်းပြန်သယ်ယူခြင်းများကို တတ်နိုင်သမျှ မပြုလုပ်ရန်နှင့် လုံခြုံရေးကို ဦးစားပေး၍ စစ်ရေးသတိရှိရန်လည်း KNDF က တိုက်တွန်းသည်။

နိုဝင်ဘာ ၁၁ ရက်က စတင်ခဲ့သည့် ကရင်နီတပ်ပေါင်းစု၏ '၁၁၁၁ စစ်ဆင်ရေး'တွင် လွိုင်ကော်မြို့၏ သုံးပုံနှစ်ပုံကို တော်လှန်ရေးတပ်ပေါင်းစုက တပ်ဖြန့်ထားနိုင်ကြောင်း KNDFက အသိပေးထားသည်။

လက်ရှိအချိန်ထိ လွိုင်ကော်မြို့တိုက်ပွဲ၌ စစ်ကောင်စီတပ်သား သေဆုံးမှုမှာ ၂၀၀ ထက်မနည်း ရှိနေပြီး လွိုင်ကော်မြို့တွင်း စစ်ကောင်စီတပ်က အခြေစိုက်တပ်ရင်းများ၊ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ) ၊ ရဲစခန်း၊ အစိုးရရုံး၊ ဌာနဆိုင်ရာရုံးတချို့၊ အထပ်မြင့်အဆောက်အအုံ၊ စာသင်ကျောင်း၊ တက္ကသိုလ် နှင့် ဘာသာရေးဘုရားကျောင်းများတွင် တပ်စွဲထားပြီး မြို့တွင်းတိုက်ပွဲများပြင်းထန်​နေသည်။

စစ်တပ်က ​လေ​ကြောင်းနှင့် လက်နက်ကြီးကိုအဓိကအသုံးပြု၍ တိုက်ခိုက်​နေသည်။
😡43👍11🤬11🔥5😢1
🤬26🔥12😢8👍7
စစ်ကောင်စီ၏ မီးလောင်ဗုံးများကြောင့် လွိုင်ကော်မြို့ရှိရပ်ကွက်များ၌ မီးလောင်နေသည်ကိုတွေ့ရစဥ်။ (ဓာတ်ပုံ - KNDF)
😡47👍9🤬5😢4🔥2
ထားဝယ်-ထီးခီးလမ်းတွင် စစ်ကောင်စီတပ်ထောက်ပို့ယာဉ်တန်းကို​တော်လှန်​ရေးအဖွဲ့များ တိုက်ခိုက်၊ ကား၆စီးပျက်စီးစစ်သား ၂၀ ဦးခန့်သေဆုံး

︎​တော်လှန်​ရေးအဖွဲ့များကလက်နက်မျိုးစုံ ၃၀ ​ကျော်သိမ်းဆည်းရရှိ

ခွာညို/People's Spring

ထားဝယ်-ထီးခီးလမ်းတွင် စစ်ကောင်စီထောက်ပို့ယာဉ်တန်းကို ​တော်လှန်​ရေးတပ်ဖွဲ့ များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသေဆုံးခဲ့သည်။

"ထောက်ပို့ယာဉ်တန်းကို တိုက်တာ။ စစ်တပ်ဘက်က သေတာတွေများတယ်။ ကားတွေလည်း ကျန်ခဲ့တယ်။ ERO တွေနဲ့ PDF တိုက်တာ။ မကြာခင် သတင်းထုတ်ပြန်လိမ့်မယ်" ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

စစ်ကောင်စီ ယာဥ်တန်း၌ ကား ၁၇ စီး၊အင်အား သုံးရာခန့်ပါဝင်ပြီး ထားဝယ်-ထီးခီးလမ်းပိုင်း မှ ဝကုန်းရွာနှင့် ကျောက်မဲတောင်ရွာကြားတွင် ​ဖေ​ဖော်ဝါရီ ၂၁ ရက်တနေကုန် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း ၎င်းကပြောသည်။ စစ်ကောင်စီတပ်ကား ၆ စီး ပျက်စီးကာ သေဆုံးသူ ၂၀ဦးထက်မနည်းရှိသည်ဟု ၎င်းကဆက်​ပြောသည်။

လူမှုကွန်ယက်မှာပျံနှံ​နေတဲ့ တိုက်ပွဲဓါတ်များပုံများတွင် ပျက်စီး​နေ​သောကားများနှင့်စစ်သားအ​လောင်း ၂၀ ခန့်လမ်း​ပေါ် ပျံ့ကြဲ​နေသည်ကိုတွေ့ရသည်။ ထိုအပြင် လက်နက်မျိုးစုံ ၃၀ ​ကျော်သိမ်းဆည်းရရှိသည်ကိုလည်း သတင်းဓါတ်ပုံတွင်​တွေ့ရသည်။

တိုက်ပွဲဖြစ်ပွားနေချိန်၌ စစ်ကောင်စီက MI - 2 ရဟတ်
ယာဥ်ဖြင့် ဝကုန်းရွာကို နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်၊ အရပ်သားအချို့ ထိခိုက်မှုရှိကြောင်း သတင်းရရှိသည်။
စစ်ကောင်စီယာဥ်တန်းသာ် ယနေ့ ( ဖေဖော်ဝါရီလ ၂၂ရက်) နံနက်တွင် ထားဝယ်-ထီးခီးလမ်းပိုင်းပေါ်မှ ကျောက်မဲတောင်နယ်မြေရဲစခန်းကိုရောက်ရှိနေသည်ဟုသိရသည်။

စစ်ရေးဆက်လက်တင်းမာနိုင်၍ ခရီးသွားပြည်သူများ ယခုရက်ပိုင်း သတိပြုနေထိုင်ကြရန် ​တော်လှန်​ရေးတပ်ဖွဲ့များက သတိပေးထားသည်။
👍70👏126🤣2🥰1💯1
စစ်သားအ​လောင်းနှင့်ပျက်စီး​နေ​သောကားများ/ ​တော်လှန်​ရေးတပ်ဖွဲ့များသိမ်းဆည်းရရှိ​သော လက်နက်များ။
ဓါတ်ပုံ-Facebook Viral
73👍23👏16🤣4🏆3🥰2🤩2👎1
မြို့သိမ်းတိုက်ပွဲများထက် စစ်ကောင်စီ၏ အသဲနှလုံး နေပြည်တော်ထိုးဖောက်နိုင်ရေး လုပ်သွားမည်ဟု KNUအသိပေး

ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) အနေဖြင့်မြို့သိမ်းတိုက်ပွဲများထက် စစ်ကောင်စီ၏ အရှိုက်ဖြစ်သည့် နေပြည်တော်ကို ထိုးဖောက်နိုင်ရေး အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကပြောကြားသည်။

KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ယခု ၂၀၂၄ နှစ်ဆန်းပိုင်းအတွင်း KNU တပ်မဟာ(၁) သထုံခရိုင်၊ တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၊တပ်မဟာ(၆) ဒူးပလာယာခရိုင် ရှေ့တန်းစစ်မြေပြင်များသို့ သွားရောက်ခဲ့မှု ခရီးစဉ်နှင့်ပတ်သက်ပြီး KNU ပြည်သူ့ဆက်ဆံရေးဌာနကမေးမြန်းချက်များကို ယနေ့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပဒိုစောတောနီးအနေဖြင့် မြေပြင်အခြေအနေများ သိရှိနိုင်ရန် မြ၀တီမြို့အနီး လက်ခက်တောင် နေရာအပါအဝင် တပ်မဟာ(၆)ဒေသ၊ နေပြည်တော်နှင့်နီးသည့် တပ်မဟာ(၃)နှင့် တပ်မဟာ(၁)နယ်မြေများသို့ သွားရောက်ခဲ့ရာ တော်လှန်ရေးတပ်များက နယ်မြေစိုးမိုးထားနိုင်ပြီး စစ်ကောင်စီက ခွာစစ်၊ ခံစစ် အနေအထား သာရှိတော့သည်ဟု ပြောပြသည်။

၂၀၂၃ ဇူလိုင်က သိမ်းယူခဲ့သည့် တပ်မဟာ(၆) လက်ခက်တောင်ဒေသ၊ မြ၀တီမြို့မှ ကြိုဆိုပါ၏ ဆိုသည့်ဆိုင်းဘုတ်အထိ ရောက်ရှိခဲ့ကြောင်း၊ အာရှလမ်းမကြီး တစ်ခုလုံးထိန်းချုပ်ထားနိုင်ကြောင်း ၊ တပ်မဟာ(၃) မုန်း၊ ကျောက်ကြီး၊ ရွှေကျင် အပြင် စစ်တောင်းမြစ် အနောက်ဘက်ကမ်းကို ဖြတ်ကူးလာပြီး မဒေါက် ရထားလမ်းနှင့်မနီးမဝေးနေရာအထိ ရောက်ခဲ့ကြောင်း၊ နှစ်ရက်အတွင်း ရွာပေါင်း ၆၀ကျော်ကို သွားရောက်ခဲ့ကြောင်းရှင်းပြသည်။

"နယ်မြေစိုးမိုးမှု အပိုင်းမှာတော့ မြို့ကိုတော့ မလိုအပ်ဘဲနဲ့ ကျနော်တို့ အသေမခံနိုင်ဘူး။ ပြောရမယ်ဆိုရင် ရှေ့ဆက်ရမယ့် ခရီးက အများကြီးရှိသေးတယ်။ အဲဒါကြောင့်မို့လို့ ဒီကာလမှာ နယ်မြေတွေကို ဘယ်လောက်အထိ ထိန်းချုပ်နိုင်လဲဆိုတာ ပြောချင်တာ။” ဟု ပဒိုစောတောနီးက ပြောသည်။

ဇန်နဝါရီ နောက်ဆုံးပတ်တွင် တပ်မဟာ(၁) နယ်မြေ သို့ရောက်ရှိ ခဲ့ပြီး ဘားအံမြို့နယ် ၊ သထုံမြို့နယ်၊ ကျိုက်ထို စသည့် ဒေသများ၌ KNU ဘက်ကနယ်မြေစိုးမိုးမှု အားကောင်းပြီး စစ်ကောင်စီ အနေအထားမှာ စခန်းအပြင် လုံး၀ထွက်မရသည့် အခြေအနေဖြစ်ကြောင်း၊ လမ်းများကို ဖျက်ဆီးပြီးခံစစ်ပြင်ဆင်မှုများလုပ်ဆောင်နေကြောင်း ရှင်းပြသည်။

လက်ရှိတွင် စစ်ကောင်စီအနေဖြင့် ခွာစစ်၊ခံစစ်ကို ပြင်ဆင်နေပြီး နောက်ဆုံးတွင် နေပြည်တော်ကို ခံကတုတ်အဖြစ် ပြင်ဆင်နေသည်ကို မြင်ရကြောင်း ပြောသည်။

စစ်ကောင်စီတပ်များက နေရာများကို စွန့်ခွာသွားပါက အသိသာဆုံး အချက်မှာ နေအိမ်များကို မီးရှို့ခဲ့ကြောင်း၊ မြေမြှုပ်မိုင်းများ လည်းထောင်ထားခဲ့ကြောင်း ပြောပြပြီး မြေမြှုပ်မိုင်းပြဿနာသည် ဖြေရှင်းရမည့် ကိစ္စရပ်တစ်ခုဖြစ်သည်ဟုဆိုသည်။

"ဆိုလိုတာက မစားရတဲ့ အမဲသဲနဲ့ ပတ်တယ်ဆိုတာက နေရာတစ်ခုတည်းမှာမဟုတ်ဘူး နေရာတော်တော်များများမှာ သူတို့က လုပ်သွားခဲ့တယ်။အဲဒါကြောင့် မြို့တွေကို သူတို့က ပြောလည်းပြောခဲ့ပြီးပြီ။ မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ဟာ မင်းတို့ ဘယ်လောက်ပဲ သိမ်းနိုင် သိမ်းနိုင် ငါတို့က မင်းတို့ အုပ်ချုပ်လို့မရအောင် လုပ်ပစ်မှာပဲဆိုတာ သူတို့ ပြောတာ ပြောတဲ့အတိုင်းလည်း လုပ်တယ်လေ။ အဲဒါကြောင့်မို့လို့ ကျနော်တို့ ဒီကနေ့ ဒီကာလမှာမြို့သိမ်းတာ သိပ်ပြီးတော့ အာရုံမလာဘူး။ အာရုံသိပ်ထည့်ထားမယ်ဆိုရင် ရတာနဲ့ လုံး၀မတန်ဘူး။ ဥပမာ မုန်းမှာရော၊ ဇရပ်ကြီးမှာရော"ဟု ပဒိုစောတောနီးက ပြောသည်။

သို့ရာတွင် လိုအပ်ရင် လိုအပ်သလို ဝင်ရောက်တိုက်ခိုက်သွားမည်ဖြစ်ပြီး နေပြည်တော်ကို မည်သို့ ထိုးဖောက်ရမည်ကိုစဉ်းစားရမည်ဖြစ်သည်ဟု ၎င်းကဆိုသည်။

"ဒီအချိန်မှာတော့ ဒါတွေ(မြို့သိမ်း)ကို သိပ်စဉ်းစားမှာ မဟုတ်ဘူး။ ဒါပေမယ့် စစ်ရေးအရလိုလာတဲ့ဟာကတော့ ကျနော်တို့ တပ်မှူး တပ်ဗိုလ်တွေက ဒါစဉ်းစားမှာပဲ။ ကိုယ့်အထိအခိုက် နည်းတဲ့အလုပ်ကို ကိုယ်ကိုယ်တိုင်လုပ်မယ်။ နောက်ပြီးတော့ အသဲနှလုံးရှိတဲ့နေရာ အရှိုက်ရှိတဲ့နေရာ သူ့ရဲ့ အကယ့်အညှာ ရှိတဲ့နေရာကိုကျနော်တို့ ဖောက်မှာပဲ"ဟု ပဒိုစောတောနီးက ပြောသည်။

ထိုသို့ ထိုးဖောက်ရာ၌ KNU၏ အားတစ်ခုတည်းသာမက KNU အဖွဲ့ထံ ရောက်လာသည့် လူငယ်များနှင့်အတူ လုပ်ရမည့် အလုပ်များကို သေသေသပ်သပ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောသည်။

လက်ရှိတွင် နယ်မြေများစွာ လက်ထဲရောက်လာ ၍ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ဆောင် ရန် လိုအပ်ချက်များစွာ ရှိနေကြောင်း ပညာရေး၊ ကျန်းမာရေး ပိုင်းဆိုင်ရာများနှင့်ပတ်သက်ပြီး အလေးထား စဉ်းစားလုပ်ကိုင်နေရကြောင်း ပြောသည်။

စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ပါက ဖြစ်ပေါ် လာမည့် စစ်ဘေးရှောင်အရေးကို ရှောင်လွှဲ၍ မရကြောင်း၊ သို့ရာတွင် ပြတ်သားစွာပင် စစ်ကောင်စီကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပဒိုစောတောနီးက ပြောသည်။

"လက်ရှိကာလမှာ နောက်ဆုံးစာရင်း ဇယား ၂၀၂၄ ဇန်နဝါရီ လကုန်အထိ ချုပ်လိုက်တော့ ၇၆၄၀၀၀ ကျော်ဖြစ်သွားပြီ”ဟု ၎င်းက ကရင် ဒေသ တစ်ခုတည်း၏ စစ်ရှောင် အခြေအနေကို ပြောပြသည်။
👍5324👏6🤮1
ထိုသို့ စစ်ရှောင်ဦးရေ များပြားရခြင်းမှာ စစ်ကောင်စီက လက်နက်ကြီးမျာဖြင့် ကျေးရွာများသို့ ပစ်ခတ်နေခြင်းကြောင့် ဖြစ်ကြောင်း၊ တိုက်ပွဲမဖြစ်ဘဲ ပစ်ခတ်နေကြောင်း၊ အရပ်သားသေဆုံးထိခိုက်မှုများ နေ့စဉ်နှင့်အမျှ ရှိနေကြောင်း အသိပေးသည်။
👍4311👏2🤮1
👍4518🥰1👏1💩1
ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ရဲဘော်များအား တွေ့ရစဉ်။ (ဓာတ်ပုံ - EPA)
44👍11🥰2👏1🤮1
ဟိုပုံးတိုက်ပွဲ စစ်ကောင်စီတပ် အလောင်းလေးလောင်း၊ လက်နက် ၅လက်နှင့် ကားတစ်စီး သိမ်းရဟု PNLA အသိပေး

ဟန်နွေ/People’s Spring

ရှမ်းတောင် ပအိုဝ်းဒေသ ဟိုပုံးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီနှင့်ပြည်သူ့စစ်များထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ယနေ့ ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၁ရက်က ဟိုပုံးမြို့နယ် အရှေ့ဘက်ခြမ်းတနေရာတွင် စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ်ပူးတွဲအဖွဲ့သည် ပအိုဝ်းဒေသလုံခြုံရေးဆိုင်ရာလှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) စစ်ကြောင်းကို လာရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ရာသို့ နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီနှင့် ပြည်သူ့ စစ်အလောင်း လေးလောင်းကျန်ခဲ့ကြောင်း PNLAက ဖော်ပြသည်။

"အဲဒီတိုက်ပွဲမှာလက်နက် ၅လက်သိမ်းမိတာရှိတယ်။ ကားတစ်စီးလည်း ပါတာပေါ့"ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

သိမ်းရသည့် လက်နက်များမှာလက်နက်ငယ် လေးလက်၊ ၆၀ မမ လက်နက်ကြီး တစ်လက် ဖြစ်ပြီး ခဲယမ်းကျည်များလည်းပါဝင်ကြောင်း အသိပေးသည်။

ထို့အပြင် ယမန်နေ့တွင် စစ်ကောင်စီသည် ဆီဆိုင်မြို့နယ်အတွင်းနှင့် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ နှင့် ထမ်းဆန်းဂူဒေသကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထမ်းဆန်းဂူဒေသကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီသည် ထမ်းဆန်းဂူဒေသတွင် လက်နက်ကြီးများအထိုင်ချကာ မဲနယ်တောင်ဒေသကို ဆက်လက်ပစ်ခတ်တိုက်ခိုက်ခြင်း ခရီးသွားပြည်သူများ၏ ကားများအား ပစ်ခတ်ခြင်းများပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုကြောင့် ဒေသခံ ပြည်သူလူထုများ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအိုးအိမ်စည်းစိမ်များ ပျက်စီးခဲ့ရကြောင်း PNLAက ထုတ်ပြန်သည်။

ပအိုဝ်းလူမျိုးများ အထွဋ်အမြတ်ထားသည့် ဘာသာရေးဆိုင်ရာ မြင့်မြတ်သော နေရာများကို စစ်ကောင်စီနှင့်ပြည်သူ့စစ်များသည် ၎င်းတို့၏ အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် အကာအကွယ်ယူခြင်း၊ တိုက်ခိုက်ဖျက်ဆီးခြင်းများ ပြုလုပ်နေလျက်ရှိကြောင်း၊ ထိုလုပ်ရပ်များသည် ပအိုဝ်းလူမျိုးများ၏ ဘာသာရေးလွတ်လပ်ခွင့်ကိုပါ ထိပါးဖျက်ဆီးနေခြင်းဖြစ်ကြောင်း ဖော်ပြသည်။

လက်ရှိအချိန်သည် စစ်အာဏာရှင်စနစ်ကို ပြည်သူလူထုတရပ်လုံးက ဝိုင်းဝန်းတိုက်ဖျက်နေသည့်အချိန်ဖြစ်၍ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များအနေဖြင့် စစ်အာဏာရှင်ကို ကာကွယ်ပေးနေရသည့်လုပ်ရပ်ကို ဦးနှောက်ကြီးကြီးဖြင့် သေချာသုံးသပ်စဉ်းစားပြီး စစ်အာဏာရှင် စနစ်လက်အောက်မှ ရုန်းထွက်ရန်လည်း PNLAက ထပ်လောင်း တိုက်တွန်းသည်။

"ကျနော်တို့ အနေနဲ့က ဒီစစ်ပွဲက စစ်အာဏာရှင် စနစ်ကိုတိုက်ခိုက်တဲ့ တိုက်ဖျက်တဲ့တိုက်ပွဲဖြစ်တယ်။ဒါကြောင့် ပြည်သူ့စစ်တွေအနေနဲ့က ကိုယ့်ရဲ့လုပ်ရပ်ကို ဦးနှောက်ကြီးကြီးနဲ့ ပြန်သေချာသုံးသပ်ပြီးတော့မှ စစ်အာဏာရှင်စနစ်ကိုရှင်သန်စေမယ့် သက်ဆိုးရှည်စေမယ့် လုပ်ရပ်တွေကို စွန့်ခွာပြီးတော့မှ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်ကိုအမြန်ဆုံး ကူးပြောင်းပေးကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ခွန်ရိန်းယံက ပြောသည်။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေဖြင့်နီးစပ်ရာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)တပ်ဖွဲ့များထံသို့ ဆက်သွယ်ကာ လက်နက်နှင့်တကွ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ ကူးပြောင်းလာပါက ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မည်ဟုလည်း အသိပေးသည်။

ပအိုဝ်းဒေသ စစ်ရေးအခြေအနေ အလားအလာနှင့်ပတ်သက်ပြီး မေးမြန်းရာတွင်လည်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက "တစ်နိုင်ငံလံးကလည်း စစ်အာဏာရှင်စနစ်ကို ဝိုင်းဝန်း တိုက်ဖျက်နေတဲ့ အချိန်ဖြစ်တဲ့အတွက်မို့လို့ စစ်အာဏာရှင်စနစ်တွေရှိတဲ့နေရာတိုင်းတော့ တိုက်ပွဲက ဖြစ်ပွားလာနိုင်ပါတယ်"ဟု ပြောသည်။
👍44👏65🔥1🥰1
👍43👏11🥰1😁1🏆1
စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့် ကားအား တွေ့ရစဉ်။ (ဓာတ်ပုံ - PNLA)
👍40👏10🥰2😁1
အရာတော်မြို့နယ်တိုက်ပွဲ နှစ်ဘက်ထိခိုက်မှုရှိ

အောင်ဇေယျ/People's Spring

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် အမှတ် (၃၆၉)အမြှောက်တပ်ရင်းမှ လာသော စစ်ကောင်စီစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ရာ နှစ်ဘက်ထိခိုက်မှုရှိကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၂၁ရက်) နံနက် ၃နာရီကျော်က အမတ(၃၆၉)တပ်မှ အရာတော် မြို့နယ်သို့သွားသော အင်အား (၅၀)ခန့်ပါ ခြေလျင်စစ်ကြောင်းအား တူးကန်ဘုရားကျောင်းအနီးတွင် ဒေသကာကွယ်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲမှာ မိနစ် ၃၀ခန့် ကြာမြင့်ခဲ့ပြီး ရဲတပ်ကြပ် စောမင်းဦးဆိုသူ တိုက်ပွဲအတွင်းသေဆုံးကာ အရာရှိ နှစ်ဦး၊ တပ်သား နှစ်ဦးမှာ အရာတော်​​​ဆေးရုံ​၌ သေဆုံးခဲ့ကြောင်း Danger Force LPDFအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

"စကစဘက်က ထိခိုက်သေဆုံးမှုတွေကတော့ မြို့ခံနဲ့ တခြားတနေရာက သတင်းရတာပါ။ တိုက်ပွဲကတော့ ကိုက်ငါးဆယ်အကွာလောက်ကနေဖြစ်တာပါ။"ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။

ထို့အပြင် တပ်သားခုနစ်ဦးလည်း ပြင်းထန်ဒဏ်ရာများ ရရှိသွားကြောင်း ၎င်းက ဆိုသည်။

သို့သော် စစ်အုပ်စုထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဒေသကာကွယ်ရေးအဖွဲ့များဘက်ကလည်းရဲဘော် နှစ်ဦး ကျည်ထိမှန် ဒဏ်ရာရခဲ့ပြီး ဆေးကုသမှုခံယူနေကြောင်း Danger Force LPDF အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲဖြစ်ပွားရာနေရာသည် (၅၀၀၄)တင့်ကားတပ်၏ အနောက်တောင်ဘက် ( ၁)မိုင်ခန့်အကွာတွင် တည်ရှိပြီး စစ်အုပ်စုက တပ်ကူများထပ်ခေါ်ပြီးနောက် အရာတော်​​​​မြို့ တွင်းသို့ ဝင်သွားကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို Danger Force LPDF၊ Special Revolution Force၊ မိုင်းမင်းသားမြေအောက် ပျောက်ကြားတပ်ဖွဲ့၊ မုံရွာခရိုင်တပ်ရင်း (၂၇)၊ မုံရွာခရိုင်ပကဖ၊ လင်းယုန်တပ်ဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
👍39👏7🔥1😢1
👍44👏8😁1