(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဘုရားကျောင်းနှင့် နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
🤬20👍8😢2👎1
လူငယ်များအား စစ်နွှံထဲဆွဲထည့်လာသည့် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ အစီအစဉ်မှရုန်းထွက်ဆန့်ကျင်ရန် KNU အတွင်းရေးမှူး (၂)တိုက်တွန်း
ထားမြတ်/People’s Spring
တရားမဝင်သည့် ဥပဒေများ အတင်းအဓမ္မ ထုတ်ပြန်ပြီးပြည်သူများဒုက္ခရောက်အောင် ၊ လူငယ်များအား စစ်ကျွန်၊စစ်နွံထဲ ဆွဲသွင်းလာသည့် အစီအစဉ်မှ ရုန်းထကြရမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) အထွေထွေအတွင်းရေးမှူး(၂)ပဒိုစောလှထွန်းက တိုက်တွန်းလိုက်ပြီး စစ်ကောင်စီကို ဆန့်ကျင် တွန်းလှန်တိုက်ပွဲဝင်ကြရန် ပြောကြားလိုက်သည်။
စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းမှုနှင့်ပတ်သက်ပြီးပဒိုစောလှထွန်းက ပြည်သူလူထုသို့ ပြောကြားသည့်သတင်းစကားကို KNU ဗဟိုက ဖေဖော်ဝါရီ ၂၁ရက်တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
"ကျနော်တို့လူငယ်တွေကို စစ်နွှံထဲ၊ စစ်ကျွန်ထဲကိုဆွဲထည့်လာတဲ့ စစ်မှုမထမ်းမနေရ ဥပဒေနဲ့ စတင်ကိုင်တွယ်လာတာလည်း ကျနော်တို့ ကြုံတွေ့နေရပြီဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်လည်း ကျနော်တို့ မြန်မာနိုင်ငံအနှံ့မှာရှိနေကြတဲ့ တိုင်းရင်းသားလူငယ်တွေကိုလည်း တိုက်တွန်းအားပေးချင်ပါတယ်။ ကျနော်တို့တတွေဟာ လူငယ်ဖြစ်တဲ့အလျောက်မတရားတဲ့ ဖိနှိပ်မှု ၊ဆိုးသွမ်းလှတဲ့ ဗမာ့တပ်မတော်ကို၊ ဆိုးသွမ်းလှတဲ့စစ်အာဏာရှင်ကိုမချုပ်ငြိမ်းဘဲနဲ့ဒီအတိုင်းပဲနဲ့ဒီအတိုင်းပဲ ဆက်ပြီးခေါင်းငုံ့ခံမယ်ဆိုရင် ရှေ့ဆက်ပြီးကျနော်တို့တွေရဲ့ဘ၀ဟာ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။အဲဒါကြောင့်ကျနော်တို့လူငယ်တွေလည်း ဒီဘက် IT ခေတ်ရဲ့ အသိဉာဏ်ထွန်းကားလှတဲ့ ဒီကာလမှာ ကိုယ်ကိုယ်တိုင် ထိုးဖောက်၊ထိုးထွန်း ကြံဆတဲ့တွန်းလှန်မှုနဲ့အတူ တွန်းလှန်ကြဖို့ လိုပါလိမ့်မယ်"ဟု ပဒိုစောလှထွန်းက ပြောသည်။
ဆိုးသွမ်း၊ညစ်ပတ်စုပ်ပဲ့ပြီး အရိုင်းအစိုင်းဖြစ်နေသည့် စစ်ကောင်စီတပ်၏ စစ်မှုထမ်းတစ်ယောက် သွားလုပ်မည်ဆိုပါက စစ်ကောင်စီ၊ စစ် အာဏာရှင်၏ သက်ဆိုးရှည်မှုကို ပံ့ပိုးကူညီရာ ရောက်စေမည်ဟု ပြောပြသည်။
"အဲဒီအတွက် ဗမာ့တပ်မတော်ရဲ့ သက်ဆိုးရှည်မှုကို ရပ်တန့်ဖို့၊စစ်အာဏာရှင် ချုပ်ငြိမ်းဖို့အတွက် သူတို့ ကိုင်တွယ်လာတဲ့ ပြည်သူ့ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ပြီးတော့ တစ်ဦးချင်းစီသော်လည်းကောင်း သက်ဆိုင်ရာ အစုအဖွဲ့လိုက်သော်လည်းကောင်း ဆိုင်ရာဆိုင်ရာ ကိုယ့်ရဲ့ နေရာဒေသကနေတွန်းလှန်နိုင်သလို လက်ရှိတော်လှန်တိုက်ပွဲဝင်နေတဲ့နွေဦးတော်လှန်ရေးနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင်းမှု၊ ဆက်စပ်မှု၊ အတူတကွ လက်တွဲဆောင်ရွက်မှုတွေကနေ တွန်းလှန်တိုက်ပွဲဝင်သွားနိုင်တဲ့ လမ်းကြောင်းနဲ့ အဖြေလည်းရှိပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ ဒီစစ်အာဏာရှင် မချုပ်ငြိမ်းသရွေ့ ကျနော်တို့တွေက မလွတ်မြောက်နိုင်ဘူး။ စစ်အာဏာရှင် တည်တံ့နေသရွေ့ကျနော်တို့တွေဟာ အမြဲတမ်း ဖိနှိပ်မှု၊ကျွန်ပြုမှု၊ ညှင်းပမ်းနှိပ် စက်မှုတွေ ဆက်ခံနေရမှာဖြစ်ပါတယ်"ဟု ပဒိုစောလှထွန်းက ပြောသည်။
စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ အစီအစဉ် အောက်တွင် ပြည်သူများ စစ်နွံမှလွတ်မြောက် ရေး၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ခိုကိုးရာမဲ့ ပြည်သူများ ဘ၀နှင့် အနာဂတ်လူ့ဘ၀ သာယာလှပ ငြိမ်းချမ်းရေး အတွက်အားလုံးပူးပေါင်းပါဝင်မှု၊ စုပေါင်းဖော်ဆောင်မှု၊ အတူတကွ စည်းလုံးညီညွတ်မှု နှင့်အတူ လုပ်ဆောင်ကြရမည်ဟုလည်း KNUအတွင်းရေးမှူး(၂)က ပြောသည်။
အာဏာရှင်စနစ် ချုပ်ငြိမ်းပြီးအတူတကွ ယှဉ်တွဲနေထိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကို အတူတည်ဆောက်နိုင်ပါစေဟုလည်း ၎င်းက ပြောကြားခဲ့သည်။
စစ်ကောင်စီထုတ်ပြန်သည့် ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး KNUက ဖေဖော်ဝါရီ ၁၉ရက်တွင် သဘောထား ထုတ်ပြန်ခဲ့ရာ ဂုဏ်သိက္ခာရှိသည့်ဆန္ဒအလျောက်ပါဝင်သင့်သောပြည်သူ့စစ်မှုထမ်းဥပဒေကဲ့သို့သော ဥပဒေများကို အသက်ဝင်ကြောင်း အတည်ပြု သတ်မှတ်ထုတ်ပြန်ရန် စစ်ကောင်စီတွင် တရားဝင်မှုမရှိကြောင်းနှင့် စစ်ကောင်စီ၏ လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်ခဲ့သည်။
မျိုးဆက်သစ်လူင်များနှင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက စစ်ကောင်စီ မတရားထုတ်ပြန်သည့် ဥပဒေ အကောင်အထည်ဖော်မှုလုပ်ငန်းတွင် မပါဝင်ခြင်း၊ နိုင်ငံရေးအံတုမှု လုပ်ငန်းများဖြင့် ဆန့်ကျင်ခြင်း၊ တော်လှန်ရေးအဖွဲ့အစည်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်း ၊ အချင်းချင်း အကာအကွယ်ပေးသည့် လုပ်ငန်းများ အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်သော ဆန့်ကျင်တိုက်ဖျက်ရေး လုပ်ငန်းများတွင် ပူးပေါင်းလုပ်ဆောင်ကြရန် KNUက တိုက်တွန်းထားသည်။

👍36👏9❤1🤮1
(စစ်တပ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြနေသောပြည်သူများအား ရန်ကုန်မြို့လှည်းတန်းတံတားပေါ်၌ ၂၀၂၁ဖေဖော်ဝါရီ ၁၇ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - PS)
👍35🔥1👏1
ရန်ကုန်မြို့၌ တစ်ရက်တည်း ရှစ်နေရာ မီးလောင်
သတိုး/People's Spring
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၅ ခုတွင် ယမန်နေ့ တစ်ရက်တည်း၌ မီးလောင်မှု ရှစ်နေရာဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
နေ့လယ် ၁၂ နာရီခွဲ ခန့်တွင် ဒဂုံမြို့သစ်တောင် ပိုင်း မြို့နယ် (၆၆)ရပ်ကွက် ဂျိုးဖြူလမ်း၌ မီးလောင်မှူဖြစ်ခဲ့ရာ ဒဂုံမြို့သစ်တောင်ပိုင်း နှင့် ဒဂုံဆိပ်ကမ်း မြို့နယ်မီးသတ်စခန်းများမှမီးသတ်ယာဉ်များ ထွက်ခွာမီးငြှိမ်းသတ်ခဲ့ရပြီး မိနစ်ပိုင်းအတွင်း မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု မီးသတ်တပ်ဖွဲ့က အသိပေးထားသည်။
နေ့လယ် ၂ နာရီကျော်တွင် ရွှေပြည်သာမြို့နယ်၌ နေရာနှစ်နေရာတွင် မိနစ်ပိုင်းသာခြား၍ မီးလောင်မှု ဖြစ်ခဲ့သည်။
ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်၊ မဟာမြိုင်လမ်းတွင် ကိုင်းတောမီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းမီးလောင်မှုကို ရွှေပြည်သာမြို့နယ်အပါအဝင် နီးစပ်ရာမြို့နယ်များ ၊ ပရဟိတအဖွဲ့များမှ မီးသတ်ယာဉ်နှင့်ရေသယ်ယာဉ် စုစုပေါင်း ၁၄ စီးဖြင့်သွားရောက်မီးငြှိမ်းသတ်ခဲ့သည်။
ယင်းမီးလောင်မှုကို ညနေ ၅ နာရီကျော်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု မီးသတ်တပ်ဖွဲ့ကဆိုသည်။
ယင်းမီးလောင်မှုနှင့် ၁၅ မိနစ်ခန့်ခြား၍ ရွှေပြည်သာမြို့နယ်၊ နဝရတ်လမ်းတွင် မီးလောင်မှုဖြစ်ခဲ့ရာ မီးသတ်ကား နှစ်စီးဖြင့် မိနစ်ပိုင်းအတွင်း မီးငြှိမ်းနိုင်ခဲ့သည်ဟု မီးသတ်က ထုတ်ပြန်ထားသည်။
ထို့အပြင် ကျောက်တန်းမြို့နယ် သမန်ကုန်းထိပ်၊ သီလရှင်ကျောင်းလမ်း တွင်လည်း နေ့လယ် ၂ နာရီခွဲခန့်တွင် မီးလောင်မှုဖြစ်ခဲ့ရာ မီးသတ်ကားလေးစီးသွားရောက်မီးငြှိမ်းသတ်ခဲ့ပြီး မိနစ် ၂၀ခန့်တွင်မီးငြှိမ်းနိုင်ခဲ့သည်ဟု ဆိုသည်။
ညနေ ၄ နာရီခန့်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ် စက်ဆန်းရပ်ကွက် အထက်ပုဇွန်တောင်လမ်း၌ မီးလောင်မှုဖြစ်ခဲ့ရာ Level 1အဆင့် မီးငြှိမ်းသတ်ယာဉ်များထွက်ခွာမီးငြှိမ်းသတ်ခဲ့ပြီး မိနစ်ပိုင်းအတွင်း မီးငြိမ်းသွားသည်ဟု မီးသတ်တပ်ဖွဲ့ကိုထုတ်ပြန်ထားသည်။
ထို့အပြင် ည ၈ နာရီခန့်တွင် ကျောက်တန်းမြိနယ် အနောက်ပိုင်းရပ်ကွက် ရေနံမြေတွင် မီးလောင်မှုဖြစ်ခဲ့ရာ ၁၀မိနစ်ခန့် မီးငြှိမ်းသတ်ခဲ့ရသည်ဟု မီးသတ်တပ်ဖွဲ့ကထုတ်ပြန်ထာသည်။
ည ၉ နာရီခန့်တွင် လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂ ဦးချိန်လမ်းရှိ ဖိနပ်စက်ရုံ၌ မီးလောင်မှုဖြစ်ခဲ့ရာဆယ်မိနစ်ခန့် မီးငြှိမ်းသတ်ခဲ့ရသည်ဟု မီးသတ်က ဆိုသည်။
ည ၉ နာရီခွဲခန့်တွင် နေ့လယ်က မီးလောင်မှုဖြစ်ခဲ့သည့် ရွှေပြည်သာမြို့နယ် ဝါးတစ်ရာစက်မှူဇုန် မဟာမြိုင်လမ်းရှိ ကိုင်းတော ထပ်မံမီးလောင်ခဲ့သောကြောင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်ကထုတ်ပြန်ထားသည်။
မီးလောင်မှုများနှင့်ပတ်သက်၍ မီးလောင်ရသည့် အကြောင်းရင်း ၊ ဆုံးရှုံးမှုတန်ဖိုးများကို မီးသတ်တပ်ဖွဲ့ အနေဖြင့် တရားဝင်ထုတ်ပြန်ခြင်းမရှိပေ။

👍40🔥2
ယမန်နေ့က ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၆၆)ရပ်ကွက်၌ မီးလောင်နေမှုအား ငြှိမ်းသတ်နေစဉ်။ ဓာတ်ပုံ - MFSD)
👍35🔥2
စစ်ကျွန်ပြုဥပဒေကို ဆန့်ကျင်ကြရန် NUG ကာကွယ်ရေးဝန်ကြီး တိုက်တွန်း
သရဖူ/People's Spring
စစ်ကောင်စီက ထုတ်ပြန်လိုက်သည့် စစ်ကျွန်ပြုဥပဒေကို ငြင်းပယ်ကြရန်နှင့် ယင်းဥပဒေကြောင့် အကျပ်အတည်း ကြုံလာပါက လွတ်မြောက်နယ်မြေ တစ်ခုခုကို ထွက်ခဲ့ရန်နှင့် ဖြစ်နိုင်သမျှ တော်လှန်ရေးအတွက် အလုပ်အကျွေး ပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကတိုက်တွန်းသည်။
စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ရက်က အတည်ပြုထုတ်ပြန်လိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကျွန်ပြုဥပဒေဟု သုံးနှုန်းကာ ပြည်သူလူထုအား NUGကာကွယ်ရေးဝန်ကြီးက ဖေဖော်ဝါရီလ ၂၁ ရက်တွင်သတိပေးလိုက်ခြင်းလည်းဖြစ်သည်။
"သိပ်အကျပ်အတည်း ကြုံလာရင် လွတ်မြောက်နယ်မြေ တစ်ခုခုကို ထွက်ခဲ့ပါ။ဖြစ်နိုင်သမျှ တော်လှန်ရေးအတွက် အလုပ်အကျွေးပြုပါ။ လွတ်မြောက်နယ်မြေဆိုရာမှာ ညီနောင်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေရှိသလို၊NUG ထိန်းချုပ်နယ်မြေတွေလည်း ရှိမယ်။ နိုင်ငံ့တာဝန်ထမ်းဖို့ တော်လှန်ရေးအကျိုးပြုဖို့ ကျွမ်း
ကျင်ရာ လိမ္မာကြမယ့်သူတွေ အမြောက်အမြား လိုပါတယ်" ဟု၎င်း၏ ဖေစ်ဘွခ်တွင်ရေးသားထားသည်။
လက်ရှိအချိန် လူထူ တော်လှန်ရေး၏ အားသာချက်မှာ နိုင်ငံတနံတလျား၌ လွတ်မြောက်နယ်မြေ အမြောက်အမြား ပေါ်ပေါက်နေခြင်းဟု ဆိုသည်။
"ညီနောင်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကလည်း လိုအပ်ရင် သူတို့ထိန်းချုပ်နယ်မြေတွေဆီကို လာရောက်ဖို့ တံခါးဖွင့်ထားပေးပြီးလည်း ဖြစ်ပါတယ်" ဟု ပြောထားသည်။
လက်ရှိအချိန်တွင် ပြည်သူလူထုအနေဖြင့် NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်ရန်၊ တိုင်း
ရင်းသားလက်နက်ကိုင်အဖွဲ့များ၌ တောင်ထမ်းဆောင်ရန်၊ NUG အစိုးရထံတွင် နိုင်ငံဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရန်နှင့်သင့်တော်ရာ အလုပ်အကိုင် တစ်ခုခုဖြင့် အသက်မွေးဝမ်းကျောင်းရင်း တော်လှန်ရေးကို အလုပ်အကျွေးပြုရန်စသည့်ရွေးချယ်စရာ အလုပ် လေးမျိုးရှိနေကြောင်း ဝန်ကြီးကတိုက်တွန်းထားသည်။
"လွတ်မြောက်နယ်မြေ လာရောက်လိုသူများ NUGအစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ တိုက်တွန်းလိုတယ်။NUGအနေနဲ့ ညီနောင်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ လိုအပ်တဲ့ ချိတ်ဆက်ညှိနှိုင်းစီစဥ်မှုများ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်"ဟု အသိပေးထားသည်။
ထို့အပြင် စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်
ပြုခြင်းသည် မြန်မာပြည်သူလူထုနှင့် မြန်မာလူငယ်များအပေါ် စစ်အုပ်စုက ဗြောင်ကျကျ စစ်ကျွန်ပြုမှု နောက်ထပ်ပြယုဂ်တစ်ခုဟု ဆိုထားသည်။
" စစ်မှုထမ်းဥပဒေကို ဘာကြောင့်ထုတ်ပြန်သလဲ-တစ်ခွန်းထဲ ဖြေရရင် အကြမ်းဖက်စစ်တပ်မှာ လူမရှိတော့လို့ပဲ။ သူ့မှာ အမာခံတိုက်ခိုက်ရေးအင်အားက တပ်မ ၁၀ခု၊ စကခ ၂၀ ပေါင်း ၃၀ ၊ အကြမ်းဖျင်း တပ်ရင်း၃၀၀လောက် ရှိတယ်။(နောက် မြို့စောင့်နယ်စောင့် တိုင်းတပ် ဒကစတပ် တပ်ရင်း ၂၀၀ခန့်ရှိဦးမယ်။) အခုဆို အမာခံတိုက်ခိုက်ရေး တပ်မ၊ စကခ ၃၀အနက် သုံးပုံနှစ်ပုံဟာ ချိနဲ့ပျက်ပြုန်းသွားခဲ့ပြီ။တပ်မ စကခမှူးအမြောက်အမြား သေဆုံး/ဖမ်းဆီးခံခဲ့ရပြီး ဖြစ်သလို ရင်းလိုက်ပြုတ်တာကော ဖွဲ့စည်းပုံပျက်သွားတဲ့ တပ်တွေကော မနည်းတော့ဘူး။ သူ စစ်ရှုံးနေပြီ၊ သူ့မှာ အင်အားမရှိတော့ဘူးဆိုတာ သူဝန်မခံချင်ဘူး၊လူသိမခံချင်ဘူး။ အမျိုးမျိုး ဖာထေးတယ်၊ ပျူရွာတွေ ပြည်သူ့စစ်တွေမွေးတယ်၊စစ်မှူထမ်းဟောင်းတွေ ပြန်ခေါ်တယ်၊ ဝန်ထမ်းတွေ သေနတ်ကိုင်ခိုင်းတယ်၊ထောင်သားတွေ ထုတ်သုံးတယ်၊သို့သော် မလုံလောက်ဘူး။ အခုတော့ သူ့မှာ လူမရှိတော့ဘူးဆိုတာ ဝန်မခံလို့ မရတော့ဘူး၊ လူသိမခံလို့ မရတော့ဘူး။အယူတိမ်းလို့ နတ်စိမ်းဖြစ်ခဲ့ရတဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ကြီးအဖို့ သူ့မှာ ကူကယ်ရာ မရှိတော့ဘူး။ဒီလိုနဲ့ နောက်ဆုံးကဒ်ကို ထုတ်သုံး၊ ပြည်သူကို အတိအလင်း ဆန့်ကျင်ပြီး စစ်ကျွန်ပြုရတော့တယ်။သူ့ရဲ့ နောက်ဆုံးကဒ်ကတော့ စစ်မှူထမ်းဥပဒေပဲ ဖြစ်တယ်။ အခုတော့ စစ်မှူထမ်းဥပဒေထုတ်ပြန်ပြီး သူ့မှာ လူမရှိတော့လို့ လုပ်မိလုပ်ရာ လုပ်ရပါတယ်ဆိုတာ လူသိရှင်ကြား ဝန်ခံလိုက်ရတော့တာပဲ" ဟု ကာကွယ်ရေးဝန်ကြီးကပြောကြားထားသည်။
စစ်ကောင်စီကအဆိုပါဥပဒေထုတ်ပြန်ပြီးနောက်ပိုင်းလူ
ငယ်အများအပြားသည် အမျိုးသားညီညွတ်ရရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးရေးအဖွဲ့များထံထောင်သောင်းနှင့်ချီ၍ ဆက်သွယ်လာကြသာ်ဟုလည်း ပြောထားသည်။
"ကျွန်တော်တို့လူငယ်တွေကိုကျွန်တော်တို့ယုံကြည်ပါတယ်။ လူငယ်တွေဟာ ကိုယ်ရွေးချယ်ရမယ့်လမ်းကို ကိုယ်ကောင်းကောင်းသိတယ်။စစ်ကျွန်ပြုဥပဒေကို ပုံစံမျိုးစုံနဲ့ ဆန့်ကျင်ကြမှာပဲ" ဟုကာကွယ်ရေးဝန်ကြီးကဆိုသည်။
ဆက်လက်၌ " ဒီဥပဒေကြောင့် တိုင်းပြည် ဗရုတ်ဗရက် ဖြစ်လိမ့်မယ်ဆိုတာ သူတို့ကောင်းကောင်းသိတယ်။သို့သော် တိုင်းပြည် ဗရုတ်ဗရက်ဖြစ်လေ ဖက်ဆစ်တပ် အသက်ရှူပေါက်ရလေဆိုတဲ့ စဥ်းစားချက်ပဲ။ တိုးတက်တဲ့ မြန်မာလူ

👍49👏2🤮1
ငယ်တွေထဲ စစ်အာဏာရှင်အတွက် အသေခံစစ်တိုက်ပေး
မယ့် သူမရှိဘူးဆိုတာလည်း သူတို့ကောင်းကောင်းသိတယ်။သို့သော် လူငယ်တွေကို အဓမ္မ ပြန်ပေးဆွဲပြီး စစ်အာဏာသက်ဆိုးရှည်ရေး သူတို့ရှေ့က လူသားဒိုင်းအဖြစ် အသေခံခိုင်းဖို့ အသုံးချဖို့ပဲ ဖြစ်တယ်ဆိုတာ ရှင်းတယ်" ဟု ဝန်ကြီးကပြောကြားထားသည်။
နယ်မြို့တမြို့တွင် ကုမ္ပဏီဝန်ထမ်းအဖြစ်အလုပ်လုပ်နေသူ အသက်၂၀အရွယ် အမျိုးသမီးတစ်ဦးက " စစ်တပ်ထဲ ဝင်ရမယ့်အစား PDF ထဲ ဝင်မှာ" ဟု ဆိုသည်။ NUG ကာကွယ်
ရေးဝန်ကြီး၏ ယမန်နေ့က တိုက်တွန်းချက်က စိတ်ဓာတ်ခွန်အားရစေသည်ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီထုတ်ပြန်ထားသော စစ်မှုထမ်းတရားမဝင်သည့် စစ်ကောင်စီ၏စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရာတွင် ပူးပေါင်းပါဝင်သူများအားအရေးယူမည်ဟု NUG က ထုတ်ပြန်ထားပြီး ယင်းဥပဒေ အသုံးချ၍ လူ့အခွင့်အရေး ချိုးဖောက်မှုများကို သတင်းပေးပို့တိုင်ကြားနိုင်ကြောင်းNUGလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
KNU၊ AA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကလည်း စစ်ကောင်စီ၏စစ်မှုထမ်းဥပဒေကိုရှောင်ရှားလိုသူများ ၎င်းတို့ထံလာရောက်ခိုလှုံကြရန် တိုက်တွန်းချက်များထုတ်ပြန်ထားသည်။

❤37👍26👎1👏1🤮1🤣1
ပုလဲမြို့နယ်တွင် ရှင်ပြုအလှူပွဲ စစ်တပ်က ဝင်ရောက်ပစ်ခတ်၍ အလှူပွဲပျက်
အောင်ဇေယျ/People's Spring
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကြောင်သန်းကျေးရွာတွင် ရှင်ပြုနားသအလှူပွဲပြုလုပ်နေစဥ် စစ်ကောင်စီတပ် ဝင်ရောက်ပစ်ခတ်၍ အလှူပွဲ ပျက်ခဲ့ရကြောင်း သတင်းရရှိသည်။
ယမန်နေ့ (ဖေဖော်ဝါရီ. ၂၁ ရက်)နံနက်ပိုင်းက ပုလဲမြို့နယ်၊ ကြောင်သန်းကျေးရွာ၌ ရှင်ပြုနားသ အလှူမင်္ဂလာပွဲတစ်ခု ပြုလုပ်ခဲ့သည်။
နံနက် ၈နာရီခန့်တွင် စစ်တပ်က အဆိုပါအလှူအား လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း၊ ထို့ကြောင့် အလှူပွဲ ရုတ်ရုတ်သဲသဲဖြစ်ကာ ရှင်လောင်းဆံချ၊ရေစက်ချတရားနာမှုများပင် မပြုလုပ်ရဘဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရ၍ အလှူမင်္ဂလာပွဲ ပျက်စီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
"အလှူမှာ ကျွေးမွေးဧည့်ခံနေတုန်း လက်နက်ကြီး၊လက်နက်ငယ် ပစ်ခတ်ဝင်ရောက်တာ။ ပြည်သူတွေလည်း အများကြီးပိတ်မိတယ်ပြောတယ်။ အညာရဲ့ ဗုဒ္ဓဘာသာရဲ့အထွဋ်အမြတ်ထားတဲ့ သားရှင်ပြုအလှူက ပျက်စီးသွားတယ်။ ထမင်းစားရင်း ဧည့်ခံရင်းတန်းလန်း ထွက်ပြေးလာကြရတာ။"ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ လူသားစာနာတာဝန်ခံက ပြောသည်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့များက နယ်မြေစိုးမိုးမှုများရရှိလာ၍ ယခုနှစ်ပိုင်းအတွင်း အလှူမင်္ဂလာပွဲများ ပြုလုပ်လာခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။
"အလှူကလည်း လုပ်ချင်လွန်းလို့တော့မဟုတ်ဘူး။ ကိုယ့်သားသမီးအရွယ်ရောက်တုန်း လှူဖို့ပြုဖို့ကြိုးစားကြတာ။ လေးနှစ်ရှိသွားပြီလေ။ ကိုဗစ်တစ်နှစ်ရယ်၊ အာဏာသိမ်း သုံးနှစ်ရယ်။ ဒီနှစ်တော့ အညာမှာအလှူတွေ လုပ်လာကြတယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါစစ်ကြောင်း၌ အင်အား ၈၀ကျော်ပါပြီး ဖေဖော်ဝါရီ ၁၈ ရက်မှစတင်ကာ ပုလဲမြို့ပေါ်မှထွက်လာခြင်းဖြစ်သည်။
ယင်းစစ်ကြောင်းကြောင့် ကုက္ကိုကုန်း၊စေတီယျုံ၊ ကြောင်သန်းကျေးရွာများမှ ပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။
ဖေဖော်ဝါရီ ၁၈ ရက်က စစ်ကောင်စီစစ်ကြောင်းသည် ပုလဲမြို့အနောက်ဘက်သို့ စစ်ကြောင်းစထိုးစဥ် ဒေသကာကွယ်ရေးအဖွဲ့များနှင့် ထိတွေ့မှုဖြစ်ပြီး စစ်တပ်က Mi 35တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်တစ်လုံးမီးလောင်ပျက်စီးပြီးဘုန်းကြီးကျောင်း တစ်ကျောင်း ထိခိုက်မှုရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

😢31🤬22👍7🔥3🤣2👏1
ထွက်ပြေးတိမ်းရှောင်လာရသော ပြည်သူများအား တွေ့ရစဥ်။ (ဓာတ်ပုံ - ပုလဲပအဖ)
😢34👍6🤣2🤬1😭1
မြန်မာဖက်ကနေ နျူကလီးယား ဆက်စပ်ပစ္စည်းတွေ မှောင်ခို ရောင်းချဖို့ ကြိုးစားမှုနဲ့ ယာကူဇာ ခေါင်းဆောင် စွဲချက်တင်ခံရ
ဂျပန် ယာကူဇာ ဒုစရိုက် ခေါင်းဆောင် တဦးကို နျူကလီးယားနဲ့ ဆက်စပ် ပစ္စည်းတွေ မှောင်ခိုတင်ပို့ဖို့ ကြိုးစားခဲ့ကြောင်း အမေရိကန်က စွဲချက်တင်လိုက်ပါတယ်။
အသက် ၆၀ အရွယ် တာကီရှီ အီဘီဆာဝါဟာ နျူကလီးယား ဗုံးတလုံး ထုတ်လုပ်ဖို့ လိုအပ်တဲ့ ယူရေနီယမ်နဲ့ ပလူတိုနီယမ် ဓာတ်သတ္တုတွေကို အီရန်ဆီ လွှဲပြောင်းပေးဖို့ စီစဉ်ခဲ့တယ်လို့ စွပ်စွဲပြီး အမေရိကန် အစိုးရ ရှေ့နေတွေက တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
အီဘီဆာဝါနဲ့အတူ ထိုင်းနိုင်ငံသား ကြံရာပါ တဦးတို့ဟာ ၂၀၂၂ ခုနှစ်၊ ဧပြီလတုန်းကလည်း လက်နက်မှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ တရားစွဲဆို ခံထားရပြီးသားပါ။ အခုနောက်ဆုံး စွပ်စွဲချက်တွေ အတွက်သာ ပြစ်မှုထင်ရှားကြောင်း သေချာလာရင် အီဘီဆာဝါဟာ ထောင်ဒဏ် တစ်သက်ထိ ချမှတ် ခံရနိုင်ခြေ ရှိနေပါတယ်။
ဘရွတ်ကလင်းမြို့ အကျဉ်းထောင်မှာ လောလောဆယ် ထိန်းသိမ်း ခံထားရသူ အီဘီဆာဝါဟာ ယာကူဇာလို့ လူသိများတဲ့ ဂျပန် ဒုစရိုက် ကွန်ရက်ကြီးထဲမှာ ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ဦး၊ ခေါင်းဆောင်တစ်ဦးလို့လည်း အမေရိကန် အာဏာပိုင်တွေက ပြောပါတယ်။ ယာကူဇာတွေရဲ့ လက်တံဟာ သီရိလင်္ကာ၊ မြန်မာ၊ ထိုင်းနဲ့ အမေရိကန်ထိ ပျံ့နှံ့နေတယ်လို့ ယုံကြည်ရပါတယ်။
အီဘီဆာဝါနဲ့ အပေါင်းအပါတွေဟာ ထိုင်းနိုင်ငံမှာ အသွင်ယူ လှုပ်ရှားနေတဲ့ အမေရိကန် မူးယစ်မှောင်ခို တိုက်ဖျက်ရေး လျှို့ဝှက် အေးဂျင့် တစ်ဦးနဲ့ တွေ့ဆုံရာမှာ နျူကလီးယား လက်နက် ထုတ်လုပ်နိုင်တဲ့ ဓာတ်သတ္တုပစ္စည်း နမူနာတွေကို ပြသခဲ့တယ်လို့ အမေရိကန် တရားရေး ဝန်ကြီးဌာနက ပြောပါတယ်။
အဲဒီ အေးဂျင့်က အီရန် စစ်ဗိုလ်ချုပ် တစ်ဦးနဲ့ အဆက်အသွယ်ရှိတဲ့ မူးယစ်နဲ့ လက်နက်မှောင်ခို ကုန်သည်တစ်ဦးအဖြစ် ဟန်ဆောင် လှုပ်ရှားနေခဲ့တာပါ။ အဲဒီ နျူကလီးယား ဆက်စပ် ဓာတ်သတ္တု ပစ္စည်းတွေကို မြန်မာဖက်ကနေ ယူဆောင်လာတာဖြစ်ပြီး ထိုင်းအာဏာပိုင်တွေက သိမ်းဆည်းရမိခဲ့တဲ့နောက် အမေရိကန်ဆီ လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
ဓာတ်ခွဲစစ်ဆေးမှုတွေအရ အဲဒီ ပစ္စည်းတွေထဲမှာ ယူရေနီယမ် သတ္တုနဲ့ လက်နက် ထုတ်လုပ်နိုင်တဲ့ အဆင့်မျိုး ပလူတိုနီယမ်တွေ ပါဝင်နေတယ်ဆိုတာ အတည်ပြု တွေ့ရှိခဲ့ပါတယ်။ အမေရိကန် အစိုးရ ရှေ့နေတွေက အီဘီဆာဝါဟာ မြန်မာနိုင်ငံထဲက နာမည်ဖော်မပြတဲ့ လက်နက်ကိုင် အဖွဲ့အစည်း တခုအတွက် စစ်သုံးလက်နက်တွေ အမြောက်အမြား ဝယ်ယူနိုင်ရေး အတွက်လည်း စုံစမ်းခဲ့ကြောင်း၊ အဲဒီ လက်နက်တွေထဲမှာ မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်တွေ၊ ချေမှုန်းရေးနဲ့ စနိုက်ပါ ရိုင်ဖယ်တွေ၊ စက်သေနတ်တွေ၊ အရွယ်အစား ကွဲပြားတဲ့ ဒုံးကျည်စနစ်တွေနဲ့ တခြား စစ်အသုံးအဆောင်တွေ ပါဝင်ခဲ့တယ်လို့ အမေရိကန် တရားရေး ဝန်ကြီးဌာနက ပြောပါတယ်။
အဲဒီ အရောင်းအဝယ်သာ တကယ်တမ်း ဖြစ်မြောက်သွားခဲ့မယ်ဆိုရင် ကြုံလာမယ့် အကျိုးဆက်တွေက ကျောချမ်းဖို့ ကောင်းလွန်းနေကြောင်း၊ အမေရိကန်ရဲ့ အမျိုးသား လုံခြုံရေးနဲ့ နိုင်ငံတကာ တည်ငြိမ်မှုတွေကို အကြီးအကျယ် ခြိမ်းခြောက် ခံရမှာဖြစ်ကြောင်း အမေရိကန် လက်ထောက် ရှေ့နေချုပ် မက်သရူး အိုဂိုးလ်ဒန်းက ပြောပါတယ်။ အီဘီဆာဝါဟာ အမေရိကန် လျှို့ဝှက်အေးဂျင့်ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလမှာ နျူကလီးယား ဆက်စပ် သတ္တုတွေ ရောင်းချဖို့ ချိတ်ဆက်ခဲ့တာဖြစ်ပြီး တနည်းအားဖြင့် မြန်မာနိုင်ငံမှာ စစ်တပ် အာဏာမသိမ်းခင် တစ်နှစ်အလိုမှာပါ။ အဲဒီနှစ်မှာပဲ အီဘီဆာဝါဟာ ယူရေနီယမ်နဲ့ သော်ရီယမ် ဓာတ်ငွေ့ တန် ၅၀ ကို ဒေါ်လာ ၆.၈၅ သန်းနဲ့ ရောင်းမယ်လို့ အေးဂျင့်ဆီ ကမ်းလှမ်းခဲ့ပြီး သူ့ရဲ့ အီးမေးလ်မှာတော့ သတ္တုမိုင်းတွင်း ကုမ္ပဏီ တစ်ခုရဲ့ နာမည်ပါ ပါလာခဲ့တယ်လို့ ဆိုပါတယ်။
အီဘီဆာဝါနဲ့ ထိုင်းနိုင်ငံသား ကြံရာပါ ဆွမ်ဟော့ ဆင်ဟာဆီရီတို့ဟာ ၂၀၂၂ ခုနှစ်တုန်းက နယူးယောက်မြို့၊ မက်ဟမ်တန် ရပ်ကွက်ထဲမှာ အဖမ်းခံခဲ့ရတာဖြစ်ပြီး မူးယစ်ဆေးဝါးမှု၊ လက်နက်မှုနဲ့ အခုနောက်ဆုံး နျူကလီးယား ပစ္စည်းတွေ မှောင်ခိုမှု စွဲချက်ပါ တိုးလာတာကြောင့် ပြစ်မှုထင်ရှားရင် ထောင်ထဲမှာပဲ ဘဝဆုံးရမယ့် အခြေအနေ ဖြစ်လာပါတယ်။ သူတို့နှစ်ဦးကို နယူးယောက်မြို့၊ ဖက်ဒရယ် တရားရုံးမှာ ဖေဖော်ဝါရီ ၂၂ ရက်ကျရင် ရုံးထုတ်ဖို့ စီစဉ်ထားပါတယ်။
ကိုးကား: BBC

👍51🥰3😁1