People's Spring
62.8K subscribers
66.4K photos
1.17K videos
7 files
2.89K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
😢39👍9😡8🤬3🤣1
(စစ်တပ်က ဝါဒဖြန့်ထားသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - စကစ)
😡17👍16😢4🤣1
“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဖေဖော်ဝါရီ ၂၀ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

◾️မံစီမြို့နယ် စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ်သား အလောင်း ၄၀ကျော်တွေ့ဟုဆို

ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စီခမ်းကြီးစစ်ကောင်စီစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က မနေ့ညနေပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၄၀ကျော်တွေ့ရှိခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ အဲဒီတပ်စခန်းကို KIA၊ AA၊ KPDF ပူးပေါင်းတပ်က ဖေဖော်ဝါရီ ၁၇ရက် မနက်ကတည်းက စတင်ထိုးစစ်ဆင်ခဲ့ရာ သုံးရက်အကြာ မနေ့ညနေပိုင်းက သိမ်းပိုက်နိုင်ခဲ့တာပါ။ အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ ပွိုင့်ဖိုက် စက်လက် တစ်လက်အပါအဝင် ၈၁ မမ၊ ၆၀ မမ နဲ့ ကျည်များစွာ သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဒါပေမဲ့ စစ်ကောင်စီက စခန်းမကျဆုံးရေးအတွက် လေကြောင်းပစ်ကူကြိမ်ရေ ၈၀ ခန့်သုံးကာ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူများ သေဆုံးဒဏ်ရာများရရှိခဲ့ပြီး နေအိမ်ပျက်စီးမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

◾️ဆီဆိုင်မြို့သို့ ပစ္စည်းသယ်ဖို့ ပြန်လာတဲ့ ပြည်သူလူထုကားတန်း စစ်ကောင်စီပစ်ခတ် တိုက်ခိုက်လို့ အရပ်သား ခုနစ်ဦးသေဆုံး

ဆီဆိုင်မြို့သို့ ပစ္စည်းများသယ်ဖို့ ပြန်လာတဲ့ ပြည်သူလူထု ကားတန်းကို စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူခုနစ်ဦးသေဆုံးခဲ့ရတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က ဒီနေ့ ထုတ်ပြန်ပါတယ်။ ဆီဆိုင်မြို့တိုက်ပွဲစတင်ချိန် ဇန်နဝါရီလကုန်ပိုင်းကတည်းက လုံခြုံရေးအခြေအနေများအရ မြို့ပေါ်သို့ ပြန်နေထိုင်ခြင်း၊ နေအိမ်ပြန်ကြည်ခြင်းများ မပြုလုပ်ဖို့ PNLAက မေတ္တာရပ်ခံထားတဲ့ အခြေအနေမှာ မနေ့က ပြည်သူအချို့ဟာ ကားဖြင့်ပစ္စည်းပြန်သယ်ဖို့ ပြန်လာစဉ် စစ်ကောင်စီက တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီဟာ အရပ်သားပြည်သူများကိုပါ ရန်သူအဖြစ်သတ်မှတ်ကာ တိုက်ခိုက် သတ်ဖြတ်နေပြီး စစ်ရာဇဝတ်မှု လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေခြင်းဖြစ်တယ်လို့ PNLAက ထုတ်ပြန်ပါတယ်။

◾️စစ်ကောင်စီကို ဦးဆောင်နေသူများနဲ့ စစ်အာဏာရှင်စနစ်မရှိမှသာ မြန်မာပြည်သူများစိတ်သက်သာရာရမည်ဟု ညီနောင်သုံးဖွဲ့ ထုတ်ပြန်

စစ်ကောင်စီကို ဦးဆောင်နေကြသောသူများ၊ စစ်​ကောင်စီတပ်နဲ့ စစ်အာဏာရှင်စနစ်မရှိတော့မှသာ မြန်မာပြည်သူလူထုတို့ စိတ်သက်သာရာရမှာဖြစ်တယ်လို့ မြောက်ပိုင်းမဟာမိတ်ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံအနှံ့အပြားမှာ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်တိုက်ပွဲဝင်လျက်ရှိကြပြီး တော်လှန်ရေးအရှိန်အဟုန်ဟာလည်း မြင့်တက်နေတယ်လို့ ညီ
နောင်မဟာမိတ်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေး (၁၁၆) ရက်မြောက်နေ့ တိုက်ပွဲသတင်းများထုတ်ပြန်ရာမှာ ဖော်ပြပါတယ်။ ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ၎င်းတို့ရဲ့ စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များကို တစ်ဖွဲ့ချင်းစီအလိုက်သော်လည်းကောင်း၊ စုပေါင်း၍ သော်လည်းကောင်းအကောင်အထည် ဖော်နေတယ်လို့ ဆိုပါတယ်။

◾️စစ်မှုထမ်းဥပ​ဒေရဲ့ သက်ရောက်နိုင်မှုများကို ကုလလူ့အခွင့်အရေးကောင်စီ၊ ILO ညီလာခံတို့မှာ NUG အစီရင်ခံမည်

အာဏာသိမ်းစစ်အုပ်စု အသက်သွင်းပြဌာန်းခဲ့တဲ့ စစ်မှုမထမ်းမနေရဥပဒေ(ပြည်သူ့စစ်မှုထမ်းဥပဒေ)အပေါ် နိုင်ငံတကာအသိုင်းအဝန်းက အာရုံစိုက်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို မေးမြန်းခြင်း၊ တိုင်ပင်ဆွေးနွေးခြင််းများ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အဲဒီဥပဒေကို စစ်မှုထမ်းဥပဒေလို့ စစ်အုပ်စုက သတ်မှတ်ပေမယ့် လက်တွေ့မှာ တရားဝင်ပေါ်တာဆွဲဖို့ ပြဌာန်းလိုက်တဲ့ ဥပဒေဆိုးတစ်ရပ်ဖြစ်ပြီး အဲဒီဥပဒေဆိုးရဲ့ သက်ရောက်နိုင်မှုများကို မကြာမီကျင်းပမယ့် ကုလသဂ္ဂလူ့အခွင့်အရေးကောင်စီ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO)ညီလာခံတို့မှာ တင်ပြသွားမယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။ စစ်အုပ်စုရဲ့ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့ NUG အစိုးရရဲ့ ဝန်ကြီးဌာနအသီးသီး လုပ်နိုင်တဲ့ ကိစ္စများကို လုပ်ဆောင်နေပြီး လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနကလည်း စစ်အုပ်စုအနေဖြင့် ၎င်းတို့ထုတ်ပြန်ခဲ့တဲ့ ဥပဒေကို အသုံးချကာ လူ့အခွင့်အရေးချိုးဖောက်မှုများကို သတင်းပေးပို့ တိုင်ကြားနိုင်ကြောင်း ကြေညာပါတယ်။

◾️မောင်တောမြို့နယ် ပဲရွန်းတောင် စစ်ကောင်စီစခန်းကို AA ထပ်မံသိမ်းပိုက်
👍374🤣1
ရက္ခိုင်ပြည်နယ် မောင်တောမြို့နယ် ပဲရွန်းတောင်(ပဲရမ်းတောင်) စစ်ကောင်စီစခန်းကို မနေ့ ညနေပိုင်းက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(AA)က အသိပေးထုတ်ပြန်ပါတယ်။ ရက္ခိုင်ဒေသအတွင်း လက်နက်ချအညံ့မခံတဲ့ စခန်းများထဲမှ တစ်ခုဖြစ်တဲ့ ပဲရွန်းတောင်(ပဲရမ်းတောင်)ရှိ စစ်ကောင်စီစခန်းကို မနေ့ မနက်ပိုင်းက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ညနေပိုင်းမှာ စခန်းတစ်ခုလုံး သိမ်းနိုင်ခဲ့တာလို့ဖော်ပြပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းမှ ဂျက်တိုက်လေယာဉ်ဖြင့် (၃)ကြိမ်တိုင် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် စခန်းကို ညနေပိုင်းမှာ လက်လွှတ်ခဲ့ရပါတယ်။ အဲဒီစခန်းသိမ်းတိုက်ပွဲမှ ရန်သူ့အလောင်း (၁၀)ကျော်အပါအဝင် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပြီး လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းနေတယ်လို့ အသိပေးပါတယ်။

◾️ဟုမ္မလင်းနဲ့ ရွှေပြည်အေးမြို့ကို စစ်ကောင်စီက ရဟတ်ယာဥ်ဖြင့် နေ့စဉ်​လေ​ကြောင်းမှ ဗုံးကြဲနေ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းနဲ့ ရွှေပြည်အေးမြို့တို့ကို စစ်ကောင်စီနဲ့ ရှမ်းနီတပ်ဖွဲ့(SNA)က စစ်ကြောင်းထိုးဖို့ ကြိုးစားနေပြီး Mi-2 ရဟတ်ယာဥ်ဖြင့် နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်ကောင်စီနဲ့ ရှမ်းနီတပ်ဖွဲ့ (SNA)စုစု​ပေါင်း အင်အား ၅၀၀ ခန့်ဟာ ဟုမ္မလင်းမြို့ပေါ်မှ စစ်ကောင်စီတပ်ရင်းအတွင်း အသင့်အနေထားဖြင့်ရှိနေတယ်လို့ ဒေသခံများကပြောပါတယ်။ ၂၀၂၃ နိုဝင်ဘာလအတွင်း ရွှေပြည်အေးမြို့မှ စစ်ကောင်စီစခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် နိုဝင်ဘာ (၂၂) ရက်မှာ မြို့ကို သိမ်းယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် စစ်ကောင်စီဟာ လက်လွှတ်ခဲ့ရတဲ့ ရွှေပြည်မြို့ ပြန်လည်ရရှိဖို့အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတို့အတွင်း နှစ်ကြိမ် ထိုးစစ်ဆင်ခဲ့ပေမယ့် တပ်လှန် ထပ်မံရှုံးနိမ့်ခဲ့ပါတယ်။

◾️မတ္တရာမှာ စစ်တပ်က PDF ရဲဘော် သုံးဦးနဲ့ အရပ်သားလူငယ် ငါးဦးကို သတ်ဖြတ်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က PDF ရဲဘော်သုံးဦးနဲ့ အရပ်သားလူငယ် ငါးဦးကို သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။ မနေ့ မနက်ပိုင်းက အင်ကြင်းမြိုင်လေကြောင်းကာကွယ်ရေးတပ်မှ အင်အား ၄၅ဦးခန့်ဟာ စကားပင် ကျေးရွာအနီးရှိ ဒေသကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ရဲ့ ကင်းစခန်းကို ဝင်ရောက်စီးနင်းခဲ့ပြီး PDF ရဲဘော် သုံးဦးအပြင် စခန်းအနီးရှိ လူငယ်အမျိုးသား ၅ ဦးကိုပါ စစ်တပ်က ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ မတ္တရာ(ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ သတ်ဖြတ်ခံရတဲ့ လူငယ် ၅ ဦးထဲက သုံးဦးဟာ ၁၈ နှစ်အောက်ဖြစ်ပြီး ၁၄ နှစ်အရွယ် နှစ်ဦးနဲ့ ၁၅ နှစ်အရွယ်တစ်ဦးတို့ဖြစ်တယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ စစ်ကောင်စီဘက်ကမူ ၎င်းတို့ ပစ်ခတ် သတ်ဖြတ်ခဲ့တဲ့ လူငယ် ရှစ်ဦးစလုံးကို PDF ရဲဘော်များဟု စွပ်စွဲကာ ဝါဒဖြန့်နေပါတယ်။

◾️အွန်လိုင်းကနေ ဗီဇာရက်ချိန်းရယူနိုင်ပြီလို့ ထိုင်းသံရုံးကြေညာ

ထိုင်းနိုင်ငံကိုလာရောက်လိုသူတွေအနေနဲ့ အွန်လိုင်းကတဆင့် ဗီဇာရက်ချိန်းကို ဒီနေ့က စတင်ပြီး ရယူနိုင်ပြီလို့ ရန်ကုန်မြို့မှာရှိတဲ့ ထိုင်းသံရုံးက ကြေညာပါတယ်။ အွန်လိုင်းကနေ ဗီဇာရက်ချိန်းရယူတာကို https://thaiconsularyangon.com/visa ဝက်ဘ်ဆိုဒ်မှာ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်ကစတင်ပြီး အွန်လိုင်းဗီဇာရက်ချိန်းကို တစ်ရက် တိုကင်နံပါတ်အရေအတွက် ၂၀၀ နှုန်းနဲ့ ရက် ၃၀ စာကြိုတင် ရက်ချိန်ပေးမယ်လို့ ထိုင်းသံရုံးက ဆိုပါတယ်။ အွန်လိုင်းကတဆင့် ဗီဇာရက်ချိန်ရယူထားသူတွေဟာ အီမေးလ်တဆင့်ပေးပို့လာတဲ့ ရက်ချိန်းစာရွက်ကို ဗီဇာလာရောက်လျှောက်ထားမယ့်ရက်မှာ ယူဆောင်လာရမယ်လို့လည်း အသိပေးထားပါတယ်။ အာဏာသိမ်းစစ်ကောင်စီက အရွယ်ရောက်သူတိုင်းစစ်မှုထမ်းရမယ့် ဥပဒေကိုအသက်သွင်းပြီးနောက် ဗီဇာရလွယ်ပြီး မြန်မာနဲ့အနီးဆုံးမှာရှိတဲ့ ထိုင်းနိုင်ငံဆီ တိမ်းရှောင်ဖို့ ပြင်ဆင်ကြသူတွေ များပြားနေတာပါ။
👍33🔥1
👍31😁1🤣1
👍22😢12🤣1
မိုးကုတ်မြို့ အနီးစစ်တပ်ဂိတ်အချို့ကို PDF တိုက်ခိုက်

သရဖူ/People's Spring

မိုးကုတ်မြို့နယ် ကမ္ဘာအေးနှင့် အောင်သစ်လွင် ရပ်ကွက်အတွင်းရှိ စစ်ကောင်စီလုံခြုံရေးစခန်းအချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ နေ့လယ် ၁၂ နာရီခန့်၌ တိုက်ခိုက်ခဲ့ကြောင်းမြို့ခံများကပြောသည်။

"PDF တွေအများကြီးရောက်နေပြီဆိုပြီးသတင်းရပြီး သိပ်မကြာခင် ပစ်ခတ်သံတွေကြားရတော့တာပဲ။ PDF တွေက ပ၁စ်တာ"ဟု မိုးကုတ်မြို့ခံတဦးကပြောသည်။

အဆိုပါ တိုက်ခိုက်မှုသည် ယနေ့(ဖေဖော်ဝါရီလ ၂၀ရက်) နေ့လယ် ၁၂ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အပြန်အလှန်ပစ်ခတ်သံများ ၁၅ မိနစ်ခန့် ဆက်တိုက်ကြားရသည်ဟု ဒေသခံအချို့ကပြောသည်။

" သေနတ်သံတွေဆက်တိုက်ထွက်လာတော့ တိုက်ပွဲခေါ်ပြီးမှတ်တာ။ ချလက်စနဲ့ဆက်ချရမှာ" ဟု မိုးကုတ်မြို့မှလူငယ်တစ်ဦးကပြောသည်။

ကမ္ဘာအေးနှင့် အောင်သစ်လွင်ရပ်ကွက်သည် မိုးကုတ်မြို့၊ ကျပ်ပြင်ကျေးရွာအုပ်စုအတွင်း၌ တည်ရှိသည်။ မိုးကုတ်မြို့ပေါ်နှင့် ရှစ်မိုင်ခန့်ဝေးပြီး မိုးကုတ်- သပိတ်ကျင်း လမ်းပေါ်
၌တည်ရှိသည်။

"မြို့ပေါ်မှာလည်း သေနတ်သံတချက်တချက်ထွက်ထွက်လာတယ်။ ရမ်းပစ်တာလား၊ ခြောက်ပစ်တာလားမသိဘူး" ဟု မြို့ခံတဦးကပြောသည်။

မိုးကုတ်မြို့နယ်တွင် ပြီးခဲ့သည့်ဇန်နဝါရီလ ၂၁ ရက်ကတအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်စစ်ကောင်စီ တိုက်ပွဲဖြစ်ပွားခဲ့သည်။

TNLAတည်ရှိရာ မိုးကုတ်နှင့် မိုးမိတ်ကြား ၈ မိုင်သို့စစ်ကောင်စီတပ်မှ လာရောက်ထိုးစစ်ဆင်ခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက် သုံးလက်သိမ်းဆည်းရရှိခဲ့သည်ဟု TNLAက ထုတ်ပြန်ခဲ့သည်။

ယနေ့ တိုက်ခိုက်မှုနှင့်ပတ်သက်၍ ​တော်လှန်​ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
👍79👏53🔥1
Red Wolf of  မိုးကုတ်မှ PDF တစ်ဦးနှင့် မိုးကုတ်မြို့အဝင်တစ်​နေရာ
👍9410👏3🔥2
ရေး - မော်လမြိုင်လမ်းပိုင်းရှိ ခံသင်းတံတားစစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီးနောက် ဂိတ်ရုပ်သိမ်းသွား

သက်ဝေ/People’s Spring

မွန်ပြည်နယ် ရေး - မော်လမြိုင်လမ်းပိုင်းရှိ ခံသင်းတံတား စစ်ကောင်စီဂိတ်ကို ရေးဘီလူးအဖွဲ့က ယမန်နေ့တွင် တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှုရှိခဲ့သည့် စစ်ကောင်စီတပ်က အဆိုပါဂိတ်ရုတ်သိမ်းသွားကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ယနေ့ ပြောသည်။

ဖေဖော်ဝါရီ ၁၉ရက် နံနက်တွင် ရေးဘီလူးအဖွဲ့က ခံသင်းတံတား ဂိတ်စခန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ လေးဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်း ၎င်းက ပြောပြသည်။

"ဒီတိုက်ပွဲအပြီး ညနေခင်း ၄နာရီလောက်မှာတော့ စခန်းကို သူတို့က အကုန်လုံး ရုတ်သိမ်းလိုက်ပြီးတော့ စခန်းတစ်ခုလုံး သူတို့ကဖျက်ဆီးလိုက်တယ်။ ဖျက်ပြီးတော့ သူတို့ဟာ သူတို့ နေရာပြောင်းရွှေ့သွားတယ်။ အခု စခန်းကမရှိတော့ဘူး အဲဒီမှာ"ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

အဆိုပါ စခန်းပတ်လည်တွင် မိုင်းကွင်းများရှိနေပြီး စခန်းအတွင်းရှိသူအားလုံး မကျသေးသည့် အခြေအနေကြောင့် အထဲသို့ ဝင်ကာ လက်နက်သိမ်းနိုင်ခဲ့ခြင်းမရှိဟု ပြောပြသည်။

"အထဲကလူ တော်တော်များများလည်း ဒဏ်ရာရတယ်။ အဲဒါ ပြီးတော့ ကျနော်တို့ ဆုတ်ခွာခဲ့တယ်။ တိုက်ပွဲဖြစ်ချိန်က နာရီဝက်လောက်တော့ရှိတယ်။ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်တာ ကျနော်တို့ လက်ဦးမှုရတယ်"ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

စစ်ကောင်စီတပ်၏ ရေးအခြေစိုက်တပ်များက လက်နက်ကြီး ပစ်ကူပေး တိုက်ခိုက်မှုများရှိခဲ့သော်လည်း အကောင်းဆုံး ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

ရေးဘီလူးအဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့တစ်ခုဖြစ်ပြီး ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲများ၊ လက်ပါးစေများကို တိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်လျက်ရှိသည်။
👍65🤣7👏3🥰2
86👍22👏6🔥4🥰4
(ရေးဘီလူးအဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ရေးဘီလူးအဖွဲ့)
53👍15🔥4🥰4👏2
တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စစ်မှုထမ်းဥပဒေကို ရှောင်ရှားသင့်ဟု KNU ဥက္ကဋ္ဌပြော

▪️ပြည်သူတစ်ရပ်လုံးကို စစ်သားစုဆောင်းသည့် လုပ်ရပ် စစ်ကောင်စီ ဆက်အာဏာတည်မြဲရန် ဖြစ်သည်ကို ထင်ရှားစွာ သိရှိရန်လိုကြောင်း အသိပေး

"လူငယ်တွေအနေနဲ့ လမ်းတစ်လမ်းသာရှိတယ် အာဏာရှင်စစ်ကောင်စီ စစ်တပ်ရဲ့ ထုတ်ပြန်ထားတဲ့ ဥပဒေအတိုင်း သူတို့ရဲ့ သဘောထားကို လိုက်လျောမလား ဒါမှမဟုတ် အာဏာရှင် စစ်ကောင်စီတပ်ကို ဆန့်ကျင်တော်လှန်မလား"

သက်ဝေ/People’s Spring

စစ်ကောင်စီဆက်လက်အာဏာတည်မြဲရန် ပြည်သူတစ်ရပ်လုံးကို စစ်သားစုဆောင်းသည့် လုပ်ရပ်ဖြစ်သော စစ်မှုထမ်းဥပဒေကို ရှောင်ရှားရန် လမ်းစဉ်မှာ တော်လှန်ရေးအင်အားစုများနှင့်အတူ ပူးပေါင်း တော်လှန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

ယနေ့တွင် KNU ဥက္ကဋ္ဌက ပြည်သူလူထုသို့ပြောကြားသည့် မိန့်ခွန်း၌ အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ KNU ဥက္ကဋ္ဌက ကရင်ဘာသာဖြင့် ပြောဆိုချက်ကို ဗမာဘာသာရေးထိုး အသိပေးဖော်ပြထားသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို ထုတ်ပြန်လိုက်ခြင်းက စစ်ကောင်စီ အုပ်စု၏ စိတ်နေစိတ်ထား သဘောထားအမှန်ကို ဖော်ပြလိုက်ခြင်းဖြစ်ကြောင်း KNU ဥက္ကဋ္ဌက ပြောသည်။

စစ်အာဏာရှင်ဟောင်း သန်းရွှေလက်ထက်ကတည်းက ရေးဆွဲထားသည့် ယင်းဥပဒေကို အတည်ပြုလိုက်ခြင်းအား စိစစ်ပါက စစ်ကောင်စီက ပြည်သူလူထုအပေါ် အကြမ်းဖက် သတ်ဖြတ် ဖိနှိပ်မှုများလာ၍ ပြည်သူတစ်ရပ်လုံးက စစ်ကောင်စီအပေါ် ယုံကြည်မှုလုံး၀ မရှိတော့ဘဲ ဆန့်ကျင်တော်လှန်မှုများလာ၍ဖြစ်ကြောင်း ပြောပြသည်။

"သူတို့ရဲ့ စစ်ကောင်စီတပ် အသိုင်းအဝိုင်းတွေကိုလည်း ထိန်းချုပ်ဖို့ မလွယ်ကူတော့ဘဲ သူတို့ရဲ့ စစ်တပ်အင်အားမလုံလောက်တော့တာကြောင့် စစ်အင်အားလည်း လျော့နည်းလာတယ်။ သူ့ကို ဆန့်ကျင်တော်လှန်နေတဲ့ တော်လှန်ရေးအင်အားစုတွေကို ပြန်လည်တွန်းလှန်ဖို့ အင်အားမရှိတဲ့ အခက်အခဲတွေကြောင့် ဒီစစ်မှုထမ်းဥပဒေ တရပ်ကို ထုတ်ပြ်လိုက်ရခြင်းက သူတို့ရဲ့ စစ်ကောင်စီတပ်ရဲ့ ကိုယ်ကျိုးရလဒ်တစ်ခုအတွက်သာဖြစ်တယ်"ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

စစ်ကောင်စီအင်အားအလုံးအလောက်မရှိတော့ခြင်းကြောင့်လည်း စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟုဆိုသည်။

"မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးကို စစ်သားစုဆောင်းရတဲ့ စစ်ကောင်စီရဲ့လုပ်ရပ် အဓိက အကြောင်းအရင်းကတော့ သူ့ရဲ့အာဏာ ဆက်လက်ပြီး တည်တံ့ခိုင်မြဲဖို့အတွက်ဆိုတဲ့ အကြောင်းအရင်းကို ကျနော်တို့တွေ ထင်ထင်ရှားရှား သိရှိဖို့လိုအပ်တယ်။သူတို့ရဲ့ အာဏာတည်တံ့ဖို့ သူတို့ ကိုယ်ကျိုးကို ကာကွယ်ဖို့အတွက် လုပ်နေတဲ့ ဒီစစ်အာဏာရှင်စစ်တပ်ကို အမြစ်ဖြတ် ဆန့်ကျင်တော်လှန်နိုင်ဖို့ ကျနော်တို့ တော်လှန်ရေး အင်အားစုတွေအားလုံး အတူတကွ ဆန့်ကျင်တော်လှန်ရမယ်ဆိုတာ ကျနော်တို့ ဒါကို စဉ်းစားသိရှိထားရမှာ ဖြစ်တယ်"ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

လက်ရှိ လူငယ်များ၊ အိမ်ထောင်သည်များ၊ မိသားစုဝင်များအပေါ်များစွာ အခက်အခဲကြုံလာရ၍ တော်လှန်ရေးအင်အားစုများနှင့်အတူ ရှိနေပြီး စ်စကောင်စီကို ဆန့်ကျင်တော်လှန်ရန်လိုအပ်ကြောင်း ၎င်းက ဆိုသည်။

"ယခု လက်ရှိ ပြောချင်တာက အသက်ပြည့်ပြီးဖြစ်တဲ့ လူငယ်တွေဟာ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ရှောင်ရှားဖို့ က အခက်အခဲ မျိုးစုံ ဒုက္ခ အမျိုးမျိုး နဲ့ ကြုံတွေ့နေရတယ်။ အဲဒါကြောင့် လူငယ်တွေ အနေနဲ့ လမ်းတစ်လမ်းသာရှိတယ် အာဏာရှင်စစ်ကောင်စီ စစ်တပ်ရဲ့ ထုတ်ပြန်ထားတဲ့ ဥပဒေအတိုင်း သတို့ရဲ့ သဘောထားကို လိုက်လျောမလား ဒါမှမဟုတ် အာဏာရှင် စစ်ကောင်စီ တပ်ကို ဆန့်ကျင်တော်လှန်မလား” ဟုလည်း ပဒိုစောကွယ်ထူးဝင်းက ပြောကြားပြီး လူငယ်များကို အကြံပေးဆွေးနွေးမှု တစ်ရပ်ပြုလုပ်ခဲ့သည်။

"စစ်ကောင်စီရဲ့ ထုတ်ပြန်ထားတဲ့ ဥပဒေအတိုင်းလိုက်နာမယ်ဆိုရင် အာဏာရှင် စစ်ကောင်ဏီတပ်ရဲ့ အာဏာရှင်စနစ် ကို သက်ဆိုးရှည်အောင် ကူညီထောက်ပံ့ပေးသလို ဖြစ်တယ်။ အဲဒီလို မဖြစ်အောင် ပြုလုပ်ရမယ့် လမ်းစဉ်ကတော့ ကျနော်တို့တွေ ပြုလုပ်နေသလို အတူတကွ ဆန့်ကျင်တော်လှန်ဖို့ ယခုလက်ရှိ အာဏာရှင်စစ်တပ်ကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့အတူတကွ ပူးပေါင်းတော် လှန်ဆောင်ရွက်ဖို့လိုပြီး ဒါဟာ စစ်မှုထမ်းဥပဒေကို ရှောင်ရှားဖို့ လမ်းစဉ်တစ်ခုသာ လုပ်ဆောင်ဖြေရှင်းသင့်တယ် လုပ်ဆောင်ရမှာဖြစ်တယ်"ဟု ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

စစ်အစိုးရ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို စဉ်းစားဆင်ခြင် တွေးခေါ်ကြည့်ရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

စစ်ကောင်စီ၏ ဥပဒေစည်းမျဉ်း စည်းကမ်းအတိုင်းသာ ရပ်တည်သွားမည်ဆိုပါက စစ်အာဏာရှင်စနစ်၏ အကြမ်းဖက်မှုအောက်မှ လွတ်မြောက်ခြင်းရှိမည်မဟုတ်ကြောင်း လည်း KNU ဥက္ကဋ္ဌက သတိပေးသည်။

အတူတကွ အဆုံးတိုင်ဆန့်ကျင်သွားမည်ဆိုပါက စစ်အာဏာရှင်၏ အကြမ်းဖက်မှုများ၊ ကျင့်သုံးနေသည့် အာဏာရှင်စနစ်များ အဆုံးသတ်သွားမည်ဖြစ်ပြီး ပြည်သူ လူထုအားလုံး တန်းတူညီမျှမှုများ လူ့အခွင့်အရေးများ ပြန်လည် တည်ဆောက် နိုင်မည်ဖြစ်ကြောင်း KNU ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
37👍27🤮2