(မံစီမြို့နယ် စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲမြင်ကွင်းမှတ်တမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - Kachin News Group- Shwegu PDF)
👍46👏1🤣1
မံစီမြို့နယ် စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီ အလောင်း ၄၀ကျော်တွေ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်ပြော
▪️ပွိုင့်ဖွိုက် စက်သေနတ်နှင့် လက်နက်ကြီးများ အပါအဝင် လက်နက်များစွာရ
ဆန်အောင်/People’s Spring
ကချင်ပြည်နယ် မံစီမြို့နယ် ရှိ စီခမ်းကြီးစစ်ကောင်စီစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယမန်နေ့ ညနေပိုင်း၌ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၄၀ကျော်တွေ့ရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အဆိုပါ တပ်စခန်းကို KIA၊ AA၊ KPDF ပူးပေါင်းတပ်က ဖေဖော်ဝါရီ ၁၇ရက် နံနက်တွင် စတင်ထိုးစစ်ဆင်ခဲ့ရာ သုံးရက်အကြာ ယမန်နေ့ ညနေပိုင်း၌ သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
"လက်နက်ခဲယမ်းစာရင်း အကုန်မရသေးဘူး။ စကစ တပ်အလောင်း ၄၀ကျော်တွေ့တယ်။ လက်နက်တွေ တော်တော်များတယ်။ ပွိုင့်ဖိုက် စက်လက် ၁လက်ပါတယ်။ ၈၁ မမ၊ ၆၀ မမ တွေနဲ့ ကျည်တွေ အများကြီး"ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
၃ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် စီခမ်းကြီးရွာတစ်ခုလုံး နေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်ဟုဆိုသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းလည်း ပျက်စီးခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။
စီခမ်းကြီး စခန်းသိမ်းပိုက်နိုင်မှုကို KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။
"စီခမ်းကြီး စခန်းကို မနေ့ညနေပိုင်း ၅နာရီ ၄၅မိနစ်ဝန်းကျင်လောက်မှာ အကုန်လုံး အပြီးအပိုင် သိမ်းပိုက်လို့ရတယ်ဆိုတဲ့ သတင်းကိုသက်ဆိုင်ရာဘက်က သတင်းပေးလာတာရှိပါတယ်။အခုထက်ထိကတော့ ပျက်စီးသွားတဲ့ ပြည်သူလူထုရဲ့ အိုးအိမ်စာရင်းဇယား တွေ ၊ နောက် လူတွေ ထိခိုက်ဒဏ်ရာရတဲ့ သေဆုံးသွားတဲ့ စာရင်းဇယားတွေတော့ ဘာမှ မရသေးပါဘူး။ ဒီမနက် အစောကြီးမှာ ကျနော်တို့အဖွဲ့တွေ နယ်မြေရှင်းလင်းရေးတွေ ပြန်လုပ်နေပြီဆိုတဲ့သတင်းကတော့ကြားရပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
စီခမ်းကြီး တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၆ဦးထက်မနည်းသေဆုံးကာ ၃၀ကျော်ဒဏ်ရာရရှိခဲ့ကြောင်း တိုက်ပွဲ ဒုတိယနေ့ ဖေဖော်ဝါရီ ၁၈ရက်တွင် ရရှိခဲ့သည့် သတင်းများအရ သိထားရပြီး ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်မှ ထိခိုက်ကျဆုံးမှုရှိကြောင်း တိုက်ပွဲတွင် ပါဝင်သည့် ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ထားပြီး အသက်ပေးဆပ်စွန်လွှတ်ခဲ့ရသော စစ်သည်တော်များနှင့် ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင်နိုင်ခဲ့သော တပ်ဖွဲ့ဝင်များအားလုံးကို လေးနက်စွာဂုဏ်ပြုကြောင်း ဖော်ပြထားသည်။

👍66❤8😁2🤣1
(စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စီခမ်းကြီးရွာစာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
🤬37👍4❤1🔥1😁1😢1
ဟုမ္မလင်းနှင့်ရွှေပြည်အေးမြို့ကို စစ်ကောင်စီက
ရဟတ်ယာဥ်ဖြင့် နေ့စဉ်လေကြောင်းမှဗုံးကြဲနေ
ရွှေပြည်စိုး/People's Spring
ဟုမ္မလင်းနှင့်ရွှေပြည်အေးမြို့ကို စစ်ကောင်စီနှင့် ရှမ်းနီတပ်ဖွဲ့ (SNA)က စစ်ကြောင်းထိုးရန် ကြိုးစားနေပြီး Mi-2 ရဟတ်ယာဥ်ဖြင့် နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။
"ဟုမ္မလင်းကိုရော ရွှေပြည်အေးကိုပါ မြေပြင်စစ်ကြောင်းထိုးဖို့ ပြင်နေတယ်။ လောလောဆယ်မှာတော့ ရဟတ်ယာဉ်နဲ့ ဗုံးကြဲချနေတာ နေ့တိုင်းပါပဲ" ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
စစ်ကောင်စီနှင့် ရှမ်းနီတပ်ဖွဲ့ (SNA)စုစုပေါင်း အင်အား၅၀၀ ခန့်သည် ဟုမ္မလင်းမြို့ပေါ်မှ စစ်ကောင်စီတပ်ရင်းအတွင်း အသင့်အနေထားဖြင့်ရှိနေသည်ဟု ဒေသခံများကပြောသည်။
" ဟုမ္မလင်းမှ ရဟတ်ယာဉ်ကွင်းရှိနေတော့ အဲ့ကနေတက်လိုက်ဆင်းလိုက်နဲ့ ဗုံးကြဲနေတာ။ ဒေသခံတွေကတော့ တိမ်းရှောင်နေကြတယ်။ ရဲဘော်တွေလည်း အထိအခိုက်မရှိပါဘူး။ စစ်ရေးကတော့ သတိထားရမယ့် အခြေအနေရှိပါတယ်" ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။
ရွှေပြည်အေးမြို့သည် စစ်အစိုးရလက်ထက်က စစ်ကိုင်းတိုင်းတိုင်းမှူး ဗိုလ်ချုပ်သာအေး တည်ထောင်ခဲ့ပြီး တမူးနှင့် ဟုမ္မလင်းဆက်စပ်ဒေသများ၌ အချက်အချာကျသည့်မြို့ဖြစ်သည်။ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာလအတွင်း
ရွှေပြည်အေးမြို့မှ စစ်ကောင်စီစခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် နိုဝင်ဘာလ (၂၂) ရက်တွင် မြို့ကို သိမ်းယူနိုင်ခဲ့သည်။
ဒီဇင်ဘာလ ၂၅ရက်မှစကာ စစ်ကောင်စီက လေကြောင်းအကူဖြင့် မြေပြင်စစ်ကြောင်းပြန်ထိုးလာသော်လည်းတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်အထိနာ၍ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ ဇန်နဝါရီလ ၂၃ရက်တွင် စစ်ကောင်စီနှင့် ရှမ်းနီတပ်(SNA)အင်အား ၄၀၀ ခန့်က လေကြောင်းပစ်ကူဖြင့် မြေပြင်စစ်ကြောင်းထပ်မံထိုးခဲ့ရာ ဆယ်ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သေဆုံးသူ ၁၅ဦးနှင့် ဒဏ်ရာရသူ၄၀ဦးခန့်ရှိကြောင်း ခန္တီးခရိုင် အမှတ် ၂ တပ်ရင်းကသတင်းထုတ်ပြန်ခဲ့သည်။
ယခုအခါ စစ်ကောင်စီက တတိယအကြိမ် ထပ်မံစစ်ကြောင်းထိုးရန် ကြိုးစားနေခြင်းဖြစ်သည်။
စစ်ကိုင်းတိုင်းအတွင်း ကောလင်းမြို့၊ခမ်းပါတ်မြို့၊ ရွှေပြည်အေးမြို့နှင့်မော်လူးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းတပ်များက ၂၀၂၃ ခုနှစ်အတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ကောလင်းမြို့ကို နိုဝင်ဘာလ ၅ရက်တွင် တိုက်ခိုက်သိမ်းယူခဲ့သော်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်မှစ၍ စစ်ကောင်စီတပ် အင်အားအများပြားဖြင့်ပြန်လည်စစ်ကြောင်းထိုးလာပြီး ယခုအခါ မြို့ပေါ်ရပ်ကွက်အချို့အား စစ်ကောင်စီကပြန်လည်ထိန်းချုပ်ထားသည်။ သို့သော် တော်လှန်ရေးတပ်ဖွဲ့များက မြို့ကို ပြန်ဝိုင်း ၍ တိုက်ခိုက်နေသည်။ထို
ကြောင့်ကောလင်းမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။

👍44❤5🤬5🔥2👎1😢1
မတ္တရာတွင် စစ်တပ်က PDF ရဲဘော် သုံးဦးနှင့် အရပ်သားလူငယ် ငါးဦးအား သတ်ဖြတ်
▪️အရပ်သား ငါးဦးတွင် အသက်မပြည့်သေးသည့် ကလေးသုံးဦးပါဝင်နေ
အင်ကြင်း/People's Spring
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က PDF ရဲဘော်သုံးဦးနှင့် အရပ်သားလူငယ် ငါးဦးအား သတ်ဖြတ်သွားကြောင်း သတင်းရရှိသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၁၉ရက်)နံနက် ၆ နာရီခွဲခန့်က အင်ကြင်းမြိုင်လေကြောင်းကာကွယ်ရေးတပ်မှ အင်အား ၄၅ဦးခန့်သည် စကားပင် ကျေးရွာအနီးရှိ ဒေသကာကွယ်ရေးအဖွဲ့တစ်ဖွဲ့၏ ကင်းစခန်းကို ဝင်ရောက်စီးနင်းခဲ့သည်။
ထိုသို့စီးနင်းစဥ် PDF ရဲဘော် သုံးဦးအပြင် စခန်းအနီး၌ရှိသည့် လူငယ်အမျိုးသား ၅ဦးကိုပါ စစ်တပ်က ပစ်ခတ်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း မတ္တရာ(ပကဖ)အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
"တိုက်ပွဲမဖြစ်ဘူး။ စခန်းဝင်စီးခံရတာ။ ကိုယ့်ဘက်က သုံးဦးကျတယ်။ ပြည်သူ ငါးဦးထဲက သုံးဦးဆိုရင် အသက်မပြည့်သေးတဲ့ ကလေးတွေ။ ၁၄ နှစ် နှစ်ယောက်နဲ့ ၁၅ နှစ် တစ်ယောက်ပါ။"ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ကောင်စီဘက်ကမူ ၎င်းတို့ ပစ်ခတ် သတ်ဖြတ်ခဲ့သည့် လူငယ် ရှစ်ဦးလုံးကို PDF ရဲဘော်များဟု စွပ်စွဲကာ ဝါဒဖြန့်နေသည်။
လက်နက်ခဲယမ်းအချို့ သိမ်းဆည်းခံရမှုရှိပြီး မတ္တရာ(ပကဖ)အဖွဲ့က အသိပေးနိုင်ခြင်းမရှိသေးပေ။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်ကလည်း
မတ္တရာမြို့နယ် အောက်တောင်ကိုင်းရွာ၌ စစ်ကြောင်းဝင်ချိန် ပိတ်မိနေသော ပြည်သူများအား ကယ်ထုတ်ရန်လာသည့် PDF ရဲဘော် နှစ်ဦးသတ်ဖြတ်ခံခဲ့ရသေးသည်။
မတ္တရာမြို့နယ်သည် မန္တလေးတိုင်းအတွင်း တော်လှန်ရေးအားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး နေအိမ်အများအပြားအား မီးရှို့ခြင်း၊ ပြည်သူများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းများအား စစ်တပ်က ကျူးလွန်လျက်ရှိသည်။

🤬53👍12😭3😡2🤣1